ယုံကြည်ခြင်းမှရရှိသော ကယ်တင်ခြင်းသည် ဘုရားသခင်၏နိုင်ငံတော်သို့ဝင်သည့်လမ်းကို ပေးပါသလား

28.11.2021

ကပ်ဘေးရောဂါတစ်ခုက မရပ်မနား ပျံ့နှံ့နေပါတယ်။ ပြီးတော့ ငလျင်တွေ၊ ရေလွှမ်းမိုးမှုတွေ၊ အင်းဆက်ပိုးကောင်အုပ်တွေ၊ အစာငတ်မွတ်မှုတွေ စတင်ဖြစ်ပွားနေပါတယ်။ လူများစွာက အဆက်မပြတ်စိတ်ပူပင်နေရတဲ့ အခြေအနေမှာရှိနေတယ်။ ပြီးတော့ ယုံကြည်သူတွေဟာ ကောင်းကင်ကို ဆောင်ယူခံရဖို့၊ ကပ်ဘေးတွေကြောင့် ဒုက္ခခံရတာကနေ လွတ်မြောက်ပြီး သေခြင်းကို ရှောင်ရှားဖို့အတွက် သခင်က မိုးတိမ်စီးပြီးကြွလာတာကို စိုးရိမ်တကြီး စောင့်မျှော်နေကြပါတယ်။ သူတို့ဟာ သခင်နဲ့တွေ့ဖို့အတွက် ဘာကြောင့် ချီဆောင်မခံရသေးတာလဲဆိုတာကို မသိကြသလို၊ ဘာတစ်ခုကိုမှ မမြင်ရဘဲ ကောင်းကင်ကို တစ်နေကုန် စူးစိုက်ကြည့်နေကြတယ်။ လူများစွာက အထူးသဖြင့် အသင်းတော် ဘုန်းတော်ကြီးအဖွဲ့ဝင်တွေရဲ့ အသက်တွေဟာ ကပ်ရောဂါရဲ့ ယူဆောင်ခြင်းကို ခံရတာကို မြင်ပြီး အရမ်းကို စိတ်ဆင်းရဲကြတယ်။ သူတို့ဟာ စိတ်မသက်မသာဖြစ်ကြတယ်။ သခင်ရဲ့ စွန့်ပစ်ခြင်းကို ခံရပြီး ကပ်ဘေးတွေထဲကို ကျရောက်ခဲ့ပြီဖြစ်သလိုသူတို့ရဲ့ ရှင်သန်ရေးက မသေချာဘူးလို့ ခံစားကြရတယ်။ စိတ်ရှုပ်ထွေးပြီး လမ်းပျောက်နေကြတယ်။ ဗျာဒိတ်ကျမ်းမှာ သခင်ယေရှုက ကျွန်မတို့တွေ ကပ်ဘေးထဲ မကျရောက်ဖို့အတွက် ကပ်ဘေးတွေမတိုင်ခင် ကြွလာပြီး ကျွန်မတို့ကို ကောင်းကင်ကို ခေါ်ဆောင်သွားမယ်လို့ ပရောဖက်ပြုထားပါတယ်။ ဒါက ကျွန်မတို့ရဲ့ မျှော်လင့်ချက်ပါ။ ကျွန်မတို့ ယုံကြည်ခြင်းက ကပ်ဘေးကနေ လွတ်မြောက်ပြီး ထာဝရအသက်ရရှိဖို့ဖြစ်ပါတယ်။ ဒါပေမဲ့ ကပ်ဘေးတွေက စပြီး ကျရောက်လာနေပါပြီ။ ဒါဆိုရင် သခင်ဟာ ယုံကြည်သူတွေကို လက်ခံရယူဖို့ ဘာကြောင့် မိုးတိမ်စီးပြီး ကြွမလာသေးတာလဲ။ ကျွန်မတို့ရဲ့ ယုံကြည်ခြင်းကတစ်ဆင့် ကျွန်မတို့အပြစ်တွေ ခွင့်လွှတ်ခြင်းခံရပြီး ဖြောင့်မတ်ရာရောက်ခဲ့ပြီဖြစ်သလို၊ ကယ်တင်ခြင်း ကျေးဇူးခံစားရပြီလေ။ ကျွန်မတို့က ဘာကြောင့် ကောင်းကင်နိုင်ငံတော်ထဲကို မချီဆောင်ခံရတာလဲ။ ကျွန်မတို့ဟာ ကိုယ်၊စိတ်ပြင်းစွာခံစားရင်းနဲ့ သခင့်ကို နှစ်များစွာ စောင့်ခဲ့ကြပြီး အများကြီး ဒုက္ခခံခဲ့ကြတယ်။ သူ ဘာကြောင့် ကျွန်မတို့ဆီကို မလာသေးတာလဲ။ သူနဲ့တွေ့ဆုံပြီး ကပ်ဘေးတွေရဲ့ ဒုက္ခဆင်းရဲကနေ လွတ်မြောက်ဖို့ ဘာကြောင့် ကျွန်မတို့ကို မချီဆောင်သေးတာလဲ။ ကျွန်မတို့ကို သူ တကယ်ကို စွန့်ပစ်ခဲ့ပြီလား။ ဒါတွေက ယုံကြည်သူများစွာမှာရှိတဲ့ မေးခွန်းတွေပါ။ ဒါဆိုရင် ယုံကြည်ခြင်းကရတဲ့ ကယ်တင်ခြင်းက ကျွန်မတို့ကို တကယ်ပဲ နိုင်ငံတော်ကို ဝင်ရောက်စေသလား။ ဒီကိစ္စအပေါ် ကျွန်မ ကိုယ်တိုင်ရဲ့ နားလည်မှုနည်းနည်းကို ဝေမျှပါမယ်။

ဒါပေမဲ့ ဒီအပေါ်မှာ မိတ်သဟာယမဖွဲ့ခင် အရင်ဦးဆုံး တစ်ခုကို ရှင်းထားရအောင်။ ယုံကြည်ခြင်းကြောင့် ဖြောင့်မတ်ရာရောက်တဲ့ အယူအဆက ဘုရားနှုတ်ကပတ်တော်က လုံးဝ ထောက်ခံထားသလား။ ယုံကြည်ခြင်းကြောင့် ဖြောင့်မတ်ရာရောက်ခြင်းက သူ့ရဲ့နိုင်ငံတော်ကိုဝင်ရောက်ဖို့ ကျွန်မတို့ လိုအပ်သမျှအားလုံးပဲလို့ သခင်ယေရှုက ပြောခဲ့ဖူးလား။ သူ လုံးဝ မပြောခဲ့ပါဘူး။ သန့်ရှင်းသောဝိညာဉ်တော်က ဒါကို သက်သေခံဖူးလား။ မခံဖူးဘူး။ ဒီတော့ ဒီအယူအဆက လုံးဝကို လူသားအယူအဆတစ်ခုဖြစ်ပြီး နိုင်ငံတော်ကို ဝင်ရောက်ဖို့ ဒီအရာအပေါ်အမှီပြုလို့မရဘူးဆိုတာ ကျွန်မတို့ သေချာနိုင်ပါတယ်။ အမှန်တော့ ဘယ်သူက နိုင်ငံတော်ကို ဝင်ရောက်နိုင်တယ်ဆိုတာနဲ့ပတ်သက်ပြီး သခင်ယေရှုပြောတာ အရမ်းကို ရှင်းလင်းခဲ့ပါတယ်။ သခင်ယေရှု ပြောခဲ့သည်မှာ- “သခင်၊ သခင်ဟု ငါ့ကိုလျှောက်သောသူတိုင်း ကောင်းကင်နိုင်ငံတော်သို့ ဝင်ရလိမ့်မည်မဟုတ်။ ကောင်းကင်ဘုံ၌ ရှိတော်မူသော ငါ့ခမည်းတော်၏အလိုကို ဆောင်သောသူသာလျှင် ဝင်ရလိမ့်မည်။ ထိုနေ့၌ကား၊ သခင်၊ သခင်၊ အကျွန်ုပ်တို့သည် ကိုယ်တော်အခွင့်နှင့် ဆုံးမဩဝါဒပေးပါပြီ မဟုတ် လော။ ကိုယ်တော်အခွင့်နှင့် နတ်ဆိုးတို့ကို နှင်ထုတ်ပါပြီ မဟုတ်လော။ ကိုယ်တော်အခွင့်နှင့် များစွာသော တန်ခိုးတို့ကို ပြပါပြီမဟုတ်လောဟု အများသော သူတို့သည် လျှောက်ကြလိမ့်မည်။ ထိုသို့လျှောက်ကြသောအခါ သင်တို့ကို ငါအလျင်းမသိ၊ အဓမ္မအမှုကို ပြုသောသူတို့၊ ငါ့ထံမှ ဖယ်ကြဟု ထိုသူတို့အား အတိအလင်း ငါပြောမည်။(ရှင်မဿဲခရစ်ဝင် ၇:၂၁-၂၃)ငါအမှန်အကန်ဆို သည်ကား၊ ဒုစရိုက်ကို ပြုသမျှသောသူတို့သည် ဒုစရိုက်ကျွန်ဖြစ်၏။ ကျွန်သည်ကား အိမ်၌ အစဉ်အမြဲနေသည်မဟုတ်။ သားမူကား အစဉ်အမြဲနေ၏။(ရှင်ယောဟန်ခရစ်ဝင် ၈:၃၃-၃၅)ငါသည် သန့်ရှင်းသောကြောင့်၊ သင်တို့သည် သန့်ရှင်းခြင်း ရှိရကြမည်။(ဝတ်ပြုရာကျမ်း ၁၁:၄၅-၄၆)သန့်ရှင်းခြင်းပါရမီမရှိလျှင်၊ အဘယ်သူမျှ ထာဝရဘုရားကို မဖူးမမြင်ရ။(ဟေဗြဲ သြဝါဒစာ ၁၂:၁၄) ဘုရားအလိုတော်ကို လုပ်ဆောင်သူတွေသာ ကောင်းကင်နိုင်ငံတော်ကို ဝင်ရောက်နိုင်တယ်၊ အပြစ်ကနေလွတ်မြောက်ပြီး သန့်စင်ခြင်းခံရသူတွေသာ နိုင်ငံတော်မှာ နေရာတစ်နေရာရှိမယ်လို့ သခင်ယေရှုက ကျွန်မတို့ကို ရှင်းရှင်းလင်းလင်း ပြောခဲ့ပါတယ်။ ဒါက ဝင်ရောက်မှုရရှိဖို့အတွက် တစ်ခုတည်းသော စံနှုန်းပါပဲ။ အပြစ်ကနေ ရွေးနှုတ်ခံရပြီး ယုံကြည်ခြင်းကြောင့် ဖြောင့်မတ်ရာရောက်တာဟာ လူတစ်ယောက်က ဘုရားအလိုတော်ကို လုပ်နေတယ်ဆိုတဲ့ သဘောလား။ ဒါက သူတို့တွေက အပြစ်မလုပ်တော့ဘူး၊ ဘုရားကို ပုန်ကန်ပြီး အာမခံတော့ဘူးဆိုတဲ့ သဘောလား။ ဘယ်ဟုတ်မလဲ။ ကျွန်မတို့တွေက ရွေးနှုတ်ခံရပြီး ယုံကြည်ခြင်းကြောင့် ဖြောင့်မတ်ရာရောက်ပေမဲ့ ကျွန်မတို့တွေဟာ အဆက်မပြတ် အပြစ်ပြုနေကြတယ်၊ နေ့မှာ အပြစ်ပြုပြီး ညမှာ ဝန်ချတဲ့ သံသရာထဲမှာ အသက်ရှင်နေကြတယ်ဆိုတဲ့အချက်ကို သခင့်ကို ယုံကြည်သူအားလုံး မြင်နိုင်ပါတယ်။ အပြစ်ကနေ မလွတ်မြောက်နိုင်တဲ့ ဝေဒနာနဲ့ ကျွန်မတို့ အသက်ရှင်ကြပြီး ကိုယ့်ကိုယ်ကိုယ် မထိန်းနိုင်ကြဘူး။ မနာလိုဖြစ်သူ၊ အငြင်းသန်သူ၊ နာမည်နဲ့ အကျိုးအမြတ်အတွက် ကြိုးစားသူ အချင်းချင်း မကောင်းပြောသူတွေ ဂိုဏ်းဂဏအားလုံးမှာ ရှိကြတယ်။ ဒါက သိပ်မဆန်းပါဘူး။ ပြီးတော့ လူအများစုရဲ့ ယုံကြည်ခြင်းက လုံးဝကို ဘုရားကျေးဇူးတော်ကို မက်မောကြလို့ပါ။ ဒါပေမဲ့ ဘုရားပြောသလို သူတို့ မလုပ်ကြဘူး။ ကပ်ဆိုက်တဲ့ကာလကို ရင်ဆိုင်ရတဲ့အခါ ဘုရားကျောင်းကို အပြေးအလွှားသွားကြတယ်။ ဒါပေမဲ့ အေးချမ်းနေတဲ့အချိန်မှာ လောကီရေပန်းစားတဲ့အရာတွေနောက်ကို လိုက်တယ်။ ပြီးတော့ အသင်းတော်တွေက ပါတီတွေ တစ်ခုပြီး တစ်ခုလုပ်နေတာ သက်သက်ပါပဲ။ ဘယ်သူကမှ သမ္မာတရားကို မိတ်သဟာယမဖွဲ့ကြဘူး။ ကိုယ်တိုင်ကိုယ်ကျ သက်သေခံချက်ကို မမျှဝေကြဘူး။ ဘယ်သူက အများဆုံး ကျေးဇူးတော်၊ အကြီးမြတ်ဆုံး ကောင်းချီးတွေကိုရသလဲဆိုတာကိုပဲ ယှဉ်ပြိုင်နေကြတယ်။ ကပ်ဘေးကြီးတွေက ကျရောက်လာနေပြီး သခင်က သူတို့ကို ချီဆောင်ဖို့ မိုးတိမ်စီးပြီး ကြွမလာသေးတာကို တွေ့တော့ လူများစွာရဲ့ ယုံကြည်ခြင်းနဲ့ ချစ်ခြင်းက အေးစက်လာနေပါတယ်။ ဘုရားသခင်ကို စပြီး အပြစ်တင်ဝေဖန်လာကြတယ်။ တချို့က သူ့ကို ငြင်းပယ်ပြီး သစ္စာတောင်ဖောက်ကြတယ်။ အပြစ်တွေ ခွင့်လွှတ်ခံရပြီး ကယ်တင်ခြင်းကျေးဇူးခံရခြင်းက လူတွေကို ပိုပြီး ကောင်းကောင်းပြုမူနိုင်စေပေမဲ့ ဒါက အပြစ်ကနေ လုံးလုံးလျားလျား လွတ်မြောက်ခဲ့ပြီ၊ ဘုရားကို မနာခံတာ မရှိဘူးလို့ အဓိပ္ပာယ်မရဘူး၊ ပြီးတော့ အထူးသဖြင့် သူတို့တွေက သန့်စင်ခံရပြီး နိုင်ငံတော်နဲ့ ထိုက်တန်တယ်ဆိုတဲ့ သဘောမဟုတ်မှန်း၊ အချက်အလက်တွေက ပြနေပါတယ်။ ဒါက ဖြစ်ချင်တဲ့ အတွေးသက်သက်ပါ။ ဒါဆို အခု ဒီအချက်ကို ကျွန်မတို့ မြင်နိုင်ပြီးတော့ တရားဟောပြီး သူ့နာမနဲ့ နတ်ဆိုးနှင်ထုတ်သူတွေဟာ မကောင်းမှုပြုသူတွေဖြစ်ပြီး သူတို့ကို လုံးဝမသိဘူးလို့ သခင်ယေရှုက ဘာကြောင့်ပြောတယ်ဆိုတာကို နားလည်လို့ရပါတယ်။ ဒါဟာ လူတွေက သူတို့အပြစ်တွေ ခွင့်လွှတ်ခြင်းခံရပေမဲ့ အမြဲတမ်း အပြစ်ပြုနေဆဲဖြစ်လို့၊ သခင့်ကို အပြစ်တင်ဝေဖန်ကြလို့ပါ။ သခင်က ကြွမလာသေးတာကို မြင်တော့ ညည်းညူမှုတွေနဲ့ ပြည့်နေကြတယ်။ သူ့ကို စပြီး ငြင်းပယ်၊ သစ္စာဖောက်လာကြတယ်။ တချို့ကဆိုရင် သခင်က သူတို့ကို နိုင်ငံတော်ထဲကို မချီဆောင်ရင် သခင့်ကို ရန်တွေ့မယ်လို့တောင် ပြောကြတယ်။ ဒီလူတွေက သခင်ယေရှုကို ဖိနှိပ်ရှုတ်ချခဲ့တဲ့ ဖာရိရှဲတွေထက် ဘာဆိုဘာမှ ပိုမသာဘူး။ ပိုတောင် ဆိုးချင်ဆိုးလိမ့်မယ်။ သူတို့တွေ ဘယ်လိုပြုမူနေတယ်ဆိုတာ တခြားလူတွေက အရမ်းကို ရှင်းရှင်းလင်းလင်း မြင်လို့ရတယ်။ ဘုရားအမြင်မှာ သူတို့တွေက မကောင်းမှုပြုသူတွေဘဲ။ သံသယရှိစရာမလိုဘူး။ ဘုရားသခင်ဟာ သန့်ရှင်းဖြောင့်မတ်တယ်။ ဒါကြောင့် အဆက်မပြတ် အပြစ်ပြုနေသူတွေ၊ ဘုရားကို ဝေဖန်ပြီး အာခံနေသူတွေကို ဘုရားက နိုင်ငံတော်ထဲကို ဝင်ခွင့်ပြုပါ့မလား။ လုံးဝ ခွင့်မပြုပါဘူး။ ဒါကြောင့် ယုံကြည်ခြင်းကြောင့် ဖြောင့်မတ်ရာရောက်ခြင်းက သူတို့ကို နိုင်ငံတော်ထဲကို ရောက်စေမယ်ဆိုတဲ့ လူတွေရဲ့ ယုံကြည်ချက်က သခင်ကိုယ်တိုင်ရဲ့ နှုတ်ကပတ်တော်တွေ၊ သမ္မာတရားနဲ့ ဆန့်ကျင်နေတဲ့ အယူအဆတစ်ခုပါ။ ဒါက ကျွန်မတို့ရဲ့ လွန်ကဲတဲ့ ဆန္ဒတွေကနေလာတဲ့ လူသားအယူအဆနဲ့ စိတ်ကူးသက်သက်ပါပဲ။

ဒီနေရာမှာ တချို့က ပြောနိုင်တယ်။ ကျေးဇူးတော်အားဖြင့် ယုံကြည်ခြင်းကြောင့် ကယ်တင်ခံရခြင်းက ကျမ်းစာအခြေပြုချက်ရှိတယ် ပေါ့။ “ဖြောင့်မတ်ရာသို့ ရောက်ခြင်းငှာ စိတ်နှလုံးဖြင့် ယုံကြည်ရ၏။ ကယ်တင်ခြင်းသို့ ရောက်ခြင်းငှာ နှုတ်ဖြင့် ဝန်ခံရ၏။” (ရောမဩဝါဒစာ ၁၀:၁၀-၁၁) “ယုံကြည်သောအားဖြင့် ကျေးဇူးတော်ကြောင့် ကယ်တင်ခြင်းသို့ ရောက်ရ၏။ ကိုယ်အလိုအလျောက် ရောက်သည်မဟုတ်။ ဘုရားသခင် သနားတော်မူရာဖြစ်သတည်း။” (ဧဖက် သြဝါဒစာ ၂:၈) ဒါဆို နိုင်ငံတော်ထဲကို ဒီနည်းနဲ့ မရောက်နိုင်ရင် “ကယ်တင်ခံရခြင်း”က တကယ်တမ်း ဘာကိုဆိုလိုတာလဲ။ ဒီသမ္မာတရား နက်နဲမှုနဲ့ပတ်သက်ပြီး အနန္တတန်ခိုးရှင် ဘုရားသခင်က ကျွန်မတို့ကို ပြောထားပါတယ်။ သူ့နှုတ်ကပတ်တော်ထဲမှာ ဘာပြောလဲဆိုတာ ကြည့်ကြရအောင်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ- “ထိုအချိန်က ယေရှု၏ အမှုမှာ လူသားမျိုးနွယ်တစ်ရပ်လုံးကို ရွေးနှုတ်ရန် ဖြစ်သည်။ သူ့ကို ယုံကြည်သူအားလုံးတို့၏ အပြစ်များသည် ခွင့်လွှတ်ခြင်း ခံခဲ့ရသည်၊ သူ့ကို ယုံကြည်နေသရွေ့ သူက သင့်ကို ရွေးနှုတ်မည်၊ သင်သည် သူ့ကို ယုံကြည်ပါက သင်သည် အပြစ်နှင့်မသက်ဆိုင်တော့ဘဲ၊ သင်၏အပြစ်များ အားလုံး ဖြေလွှတ်ခြင်းခံရသည်။ ဤသည်မှာ ကယ်တင်ခံရခြင်းနှင့် ယုံကြည်ခြင်းအားဖြင့် လျော်ကန်စေခြင်းဟူသည့် အဓိပ္ပာယ်ဖြစ်သည်။ သို့သော် ယုံကြည်ခဲ့ကြသည့် သူများအတွင်း၌ ဘုရားသခင်ကို ပုန်ကန်၍ ဆန့်ကျင်သည့်အရာ ကျန်နေသေးပြီး၊ ၎င်းကို တဖြည်းဖြည်းချင်း ဖယ်ရှားပစ်ရန် လိုခဲ့ပါသေးသည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင့်အမှုတော်၏ ရူပါရုံ (၂))လူသည် သူ၏အ...ပြစ်များ ခွင့်လွှတ်ခြင်း ခံခဲ့ရသော်လည်း၊ ၎င်းအတွင်းရှိ ဖောက်ပြန်ပျက်စီးသော ဆိုးယုတ်သော စိတ်သဘောထားများကို မည်သို့ ဖယ်ရှားရမည်ဆိုသည်အတွက်မူ၊ ဤအမှုကို လုပ်ဆောင်ဖို့ ရှိသေး၏။ လူသည် သူ၏ယုံကြည်ခြင်းအတွက် ကယ်တင်ခံရပြီး သူ့အပြစ်များ ခွင့်လွှတ်ခြင်းခံခဲ့ရသော်လည်း၊ လူ၏အပြစ်နှင့်ပြည့်သော သဘာဝသည် ပပျောက်စေခြင်း မရှိခဲ့သကဲ့သို့၊ ၎င်းအတွင်းရှိ ကျန်ရှိနေဆဲ ဖြစ်သည်။...လူသား၏ အပြစ်များ ခွင့်လွှတ်ခံခဲ့ရပြီး ဤသည်မှာ ဘုရားသခင်၏ ကားစင်တင်ခံရခြင်း အမှုကြောင့် ဖြစ်သော်လည်း၊ လူသည် သူ၏ အိုဟောင်းသည့် ဖောက်ပြန် ပျက်စီးသော ဆိုးယုတ်သည့် စိတ်သဘောထား အတွင်းတွင် ဆက်လက် အသက်ရှင်ခဲ့သည်။ ဤသို့ဖြစ်ရာ၊ လူ၏အပြစ်နှင့်ပြည့်သော သဘာဝကို တစ်ဖန် လုံးဝ ထွက်ပေါ်မလာဖို့ လုံးဝ ပပျောက်စေရန်၊ ထိုသို့ဖြင့် လူသား၏ စိတ်သဘောထားကို ပြောင်းလဲနိုင်စေရန်အလို့ငှာ၊ လူကို သူ၏ ဖောက်ပြန်ပျက်စီးသော ဆိုးယုတ်သော စိတ်သဘောထားမှ လုံးဝ ကယ်တင်ရမည် ဖြစ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ လူ့ဇာတိခံယူခြင်း၏ နက်နဲရာအချက် (၄)) သခင်ယေရှုဟာ လူသားမျိုးနွယ်ရဲ့ အပြစ်ဖြေရာယဇ်အဖြစ် ကားစင်တင်ခံခဲ့ပြီး ကျွန်မတို့ကို အပြစ်ကနေ ရွေးနှုတ်ခဲ့တယ်ဆိုတာ ဒီကနေ ကျွန်မတို့ မြင်နိုင်ပါတယ်။ ကျွန်မတို့လုပ်ရမှာက ကျွန်မတို့ အပြစ်တွေ ခွင့်လွှတ်ခြင်းခံရဖို့အတွက် သခင့်ထံ ဝန်ချပြီး နောင်တရဖို့ပဲ။ ကျွန်မတို့က ပညတ်တရားအောက်မှာ စီရင်ခံရပြီး သေခြင်းကို မခံရတော့ဘူး။ သခင်က ကျွန်မတို့ကို အပြစ်သားတွေအဖြစ် မမြင်တော့ဘဲ စာတန်က ကျွန်မတို့ကို မစွပ်စွဲနိုင်တော့ဘူး။ ကျွန်မတို့က သခင့်ရှေ့ကိုလာပြီး ဆုတောင်းခွင့်ရှိတယ်။ သူ့ရဲ့ အလျှံပယ် ကျေးဇူးတော်နဲ့အတူ သူ ချပေးတဲ့ ငြိမ်သက်ဝမ်းမြောက်မှုကို ခံစားခွင့်ရှိတယ်။ ဒါက ဒီနေရာမှာ “ကယ်တင်ခံရခြင်း”က ဆိုလိုတဲ့အရာပဲ။ ယုံကြည်ခြင်းကြောင့် ကယ်တင်ခံရခြင်းဟာ အပြစ် ခွင့်လွှတ်ခြင်းခံရပြီး ပညတ်တရားအောက်မှာ စီရင်ခြင်းမခံရဘူးဆိုတဲ့ သဘောသက်သက်ပဲ။ လူတွေထင်သလို တစ်ခါ ကယ်တင်ခံရပြီးရင် အမြဲတမ်း ကယ်တင်ခြင်းခံရပြီး နိုင်ငံတော်ကို ဝင်ဖို့ ထိုက်တန်မယ်ဆိုတာမျိုး မဟုတ်ပါဘူး။ ကျမ်းစာမှာ ပြောထားတဲ့ “ကယ်တင်ခံရခြင်း”ဆိုတာ ပေါလုက ရှင်းပြတဲ့ ပုံစံပါ။ ဒါပေမဲ့ သခင်ယေရှုရော သန့်ရှင်းသောဝိညာဉ်တော်ရောက အဲဒီလို လုံးဝ မပြောခဲ့ဘူး။ ကျမ်းစာမှာ မှတ်တမ်းတင်ထားတဲ့ လူသားရဲ့ ထွက်ဆိုချက်တွေကို ကျွန်မတို့ရဲ့ အခြေပြုချက်အဖြစ် သုံးလို့မရဘဲ သခင်ယေရှုရဲ့ နှုတ်ကပတ်တော်တွေကိုသာ သုံးလို့ရပါတယ်။ တချို့က မေးနိုင်တယ်။ သခင်က ကျွန်မတို့ အပြစ်တွေကို ခွင့်လွှတ်ပြီးပြီဖြစ်တဲ့အတွက်၊ ဘုရားသခင်က ကျွန်မတို့ကို အပြစ်နဲ့်ဆိုင်တယ်လို့ မမြင်တော့ဘဲ ဖြောင့်မတ်သူလို့ ခေါ်တယ်။ ဒါကြောင့် ကျွန်မတို့က နိုင်ငံတော်ထဲကို ဘာလို့ မချီဆောင်ခံရတာလဲ ပေါ့။ ဘုရားသခင်က ကျွန်မတို့ကို ဖြောင့်မတ်သူလို့ ခေါ်တာ မှန်ပါတယ်။ ဒါပေမဲ့ ကျွန်မတို့အပြစ်တွေ ခွင့်လွှတ်ခံရတာက ကျွန်မတို့ကို နိုင်ငံတော်နဲ့ ထိုက်တန်စေတယ်၊ ကျွန်မတို့က ခွင့်လွှတ်ခြင်းခံရတဲ့အတွက်၊ ဘယ်လိုအပြစ်မဆို ကျူးလွန်နိုင်သေးပြီး သန့်ရှင်းလို့ရသေးတယ်လို့ သူ မပြောခဲ့ပါဘူး။ ဘုရားသခင်ရဲ့ စိတ်သဘောထားက သန့်ရှင်းပြီး ဖြောင့်မတ်တယ်ဆိုတာ ကျွန်မတို့ နားလည်ရမယ်။ ပြီးတော့ သူက အဆက်မပြတ် အပြစ်ပြုနေတဲ့သူကို သန့်ရှင်းသူလို့၊ အပြစ်သားတစ်ယောက်ဖြစ်နေသေးသူကို အပြစ်ကင်းသူလို့ လုံးဝ ခေါ်မှာမဟုတ်ပါဘူး။ အပြစ်တွေ ခွင့်လွှတ်ခြင်းခံရတဲ့ ယုံကြည်သူတစ်ယောက်တောင်မှ ဘုရားကိုအာခံပြီး ပြစ်မှားစော်ကားရင် စီရင်ခြင်းခံရနိုင်ပါတယ်။ ကျမ်းစာမှာ ပြောထားသလိုပဲ။ “အကြောင်းမူကား၊ သမ္မာတရားကို သိပြီးမှ ကိုယ်အလိုသို့ လိုက်၍ပြစ်မှားပြန်လျှင်၊ နောက်တဖန် အပြစ်ဖြေသောယဇ်ကို ပူဇော်ရာအခွင့် မရှိဘဲ။(ဟေဗြဲ သြဝါဒစာ ၁၀:၂၆) ဖာရိရှဲတွေက သခင်ယေရှုကို ဝေဖန်၊ ရှုတ်ချပြီး အာခံတဲ့အတွက် သူ့ရဲ့ စီရင်ခြင်းကို ခံရတယ်။ ဒါက အမှန်တရားတစ်ခုမဟုတ်ဘူးလား။ ဘုရားသခင်ရဲ့ စိတ်သဘောထားက ဘယ်ပုန်ကန်ပစ်မှားမှုကိုမှ လက်မခံဘူးဆိုတာ ယုံကြည်သူတွေ အားလုံးသိကြတယ်။ ပြီးတော့ သခင်ယေရှုက ပြောခဲ့တယ်။ “ပြစ်မှားသောအပြစ်၊ ဘုရားကို ကဲ့ရဲ့သောအပြစ်အမျိုးမျိုးတို့နှင့် လွတ်စေခြင်းအခွင့်ကို လူတို့သည် ရနိုင်ကြ၏။ ဝိညာဉ်တော်ကို ကဲ့ရဲ့သောအပြစ်နှင့် လွတ်စေခြင်းအခွင့်ကို လူတို့သည် မရနိုင်ကြ။ လူသားကို နှုတ်ဖြင့်ပြစ်မှားသောသူ၏အပြစ်ကိုလည်း လွှတ်နိုင်၏။ သန့်ရှင်းသောဝိညာဉ်တော်ကို နှုတ်ဖြင့် ပြစ်မှားသောသူ၏အပြစ်ကို ယခုဘဝနောင်ဘဝ၌ မလွှတ်နိုင်။(ရှင်မဿဲခရစ်ဝင် ၁၂:၃၁-၃၂) အပြစ်တွေကို ခွင့်လွှတ်ခြင်းက တကယ်ကို ဘုရားရဲ့ ကျေးဇူးတော်ပါပဲ။ ဒါပေမဲ့ လူတွေက ခွင့်လွှတ်ခြင်းခံရပြီးတဲ့နောက်မှာ ဘုရားသခင်ရဲ့ စိတ်သဘောထားကို ဆက်ပြီး ပုန်ကန်ပစ်မှားနေရင် ဘုရားသခင်ရဲ့ စီရင်တာ၊ အပြစ်ဒဏ်ပေးတာကို ခံရနိုင်ပါသေးတယ်။ ကျွန်မတို့က ဘုရားသခင်ကို တစ်ခါပြန်ပြီး ကားစင်တင်ရင် အကျိုးဆက်တွေက ပြင်းထန်လိမ့်မယ်။ ဒါပေမဲ့ ဘုရားသခင်က ချစ်ခြင်း၊ ကရုဏာဖြစ်တယ်။ ဒါကြောင့် သူက ကျွန်မတို့ကို အပြစ်နဲ့ မကောင်းမှုကနေ ကယ်တင်ချင်တယ်။ ကျွန်မတို့တွေ သန့်ရှင်းလာဖို့အတွက်ပေါ့။ ဒါကြောင့် သခင်ယေရှုက သူ့ရဲ့ ရွေးနှုတ်ခြင်းအမှုပြီးတဲ့နောက်မှာ တစ်ခါပြန်လာမယ်လို့ ကတိပေးခဲ့တာပါ။ ဘာကြောင့် သူက ပြန်လာမှာလဲ။ ကျွန်မတို့တွေ ဘုရားဘက်ကို လှည့်နိုင်ပြီး ဘုရားသခင်ရဲ့ ရယူခြင်းကို ခံရအောင် လူသားမျိုးနွယ်ကို အပြစ်နဲ့ စာတန်ရဲ့ အင်အားစုတွေကနေ အပြည့်အဝ ကယ်တင်ဖို့ပေါ့။ သခင်ပြန်ကြွလာတာကို ကြိုဆိုတဲ့ ယုံကြည်သူကသာ ကောင်းကင်နိုင်ငံတော်ကို ဝင်ရဖို့ မျှော်လင့်ချက်တစ်ခုခုရှိပါတယ်။ ဒီနေရာမှာ လူတချို့က တွေးနိုင်တယ်။ ငါတို့ အပြစ်တွေက ခွင့်လွှတ်ခံရပြီးပြီဆိုတော့ ငါတို့က ဘယ်လိုလုပ် အပြစ်ကနေ တကယ် လွတ်မြောက်၊ သန့်ရှင်းပြီးတော့ နိုင်ငံတော်ကို ဝင်ခွင့်ရနိုင်မှာလဲ ပေါ့။ ဒါက အဓိက အချက်ကို ရောက်သွားတယ်။ သခင်ယေရှုရဲ့ ခွင့်လွှတ်ခြင်းကို လက်ခံတာသက်သက်က မလုံလောက်ပါဘူး။ ကျွန်မတို့က အပြစ်ကနေ လွတ်မြောက်ဖို့၊ ဘုရားသခင်ရဲ့ ကယ်တင်ခြင်းကို အပြည့်အဝ ခံရဖို့၊ ဒီလိုနဲ့ နိုင်ငံတော်နဲ့ ထိုက်တန်ဖို့အတွက် သခင့်ရဲ့ကြွလာခြင်းကို ကြိုဆိုပြီး သူ့ရဲ့ အမှုတော်နောက်တစ်ဆင့်ကိုလည်း လက်ခံရပါမယ်။ သခင်ယေရှု ပရောဖက် ပြုခဲ့သလိုပါပဲ။ “သင်တို့အား ငါပြောစရာ စကားအများ ရှိသော်လည်း၊ သင်တို့သည် ယခုမခံနိုင်ကြ။ သမ္မာတရားနှင့်ပြည့်စုံသော ထိုဝိညာဉ်တော်သည် ရောက်လာသောအခါ၊ သမ္မာတရားကို သင်တို့အား အကြွင်းမဲ့ သွန်သင်ပြလိမ့်မည်။(ရှင်ယောဟန်ခရစ်ဝင် ၁၆:၁၂-၁၃)ငါ့စကားကို ကြားသောသူသည် မယုံကြည်ဘဲနေလျှင် ထိုသူကို ငါသည်အပြစ်မစီရင်။ လောကီသား တို့ကို အပြစ်စီရင်အံ့သောငှါ ငါလာသည်မဟုတ်၊ လောကီသား တို့ကို ကယ်တင်အံ့သောငှါငါလာ၏။ ငါ့ကိုပယ်၍ ငါ့စကားကို နာမခံသောသူအား အပြစ်စီရင်သောသူရှိသေး၏။ ငါဟောပြောသော စကား ပင် နောက်ဆုံးသောနေ့၌ ထိုသူအားအပြစ်စီရင်လိမ့်မည်။(ရှင်ယောဟန်ခရစ်ဝင် ၁၂:၄၇-၄၈)ခမည်းတော်သည် အဘယ်သူကိုမျှ တရားစီရင်တော်မမူ။ တရားစီရင်ခြင်းအခွင့်ရှိသမျှကို သားတော်အား အပ်ပေးတော်မူ၏။...သားတော်သည် လူသားဖြစ်သောကြောင့် တရားစီရင်ခြင်းအခွင့်ကိုလည်း အပ်ပေးတော်မူ၏။(ရှင်ယောဟန်ခရစ်ဝင် ၅:၂၃၊ ၂၇) ပြီးတော့၊ “ဘုရားသခင်၏အိမ်တော်သားတို့ကို ရှေ့ဦးစွာစစ်ကြော စီရင်ရသော အချိန်ရှိပြီ။(ရှင်ပေတရုဩဝါဒစာပဌမစောင် ၄:၁၇) ဒါကို ကျွန်မတို့ သေချာ စဉ်းစားကြည့်ရင် သခင်ယေရှုက လူသားအဖြစ်နဲ့ နောက်ဆုံးသောကာလမှာ ပြန်ကြွလာတာ၊ သမ္မာတရားတွေကို ဖော်ပြပြီး တရားစီရင်ခြင်းအမှုကို ပြုနေတာ၊ သမ္မာတရားအားလုံးထဲကို ဝင်ရောက်ဖို့ကျွန်မတို့ကို လမ်းပြနေတာဟာ အပြစ်ကနေ၊ စာတန်ရဲ့ အင်အားစုတွေကနေ ကျွန်မတို့ လုံးဝလွတ်မြောက်ပြီး ပြည့်စုံတဲ့ ကယ်တင်ခြင်းကို ရရှိနိုင်ဖို့ဖြစ်တယ်ဆိုတာ ကျွန်မတို့ မြင်နိုင်ပါတယ်။ ဒါကြောင့် ဘုရားသခင်ရဲ့ နောက်ဆုံးသောကာလ တရားစီရင်ခြင်းကို လက်ခံခြင်းနဲ့ ကျွန်မတို့ရဲ့ ဖောက်ပြန်ပျက်စီးမှု သန့်စင်ခံရခြင်းက ကောင်းကင်နိုင်ငံတော်ထဲကို ဝင်ရောက်ဖို့ ကျွန်မတို့ရဲ့ တစ်ခုတည်းသော လမ်းကြောင်းပါပဲ။ အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်စာပိုဒ် နည်းနည်းလောက် ထပ်ကြည့်ကြည့်ရအောင်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ- “လူသည် ရွေးနုတ်ခြင်း မခံရမီတွင်၊ စာတန်၏ အဆိပ်အများအပြားသည် သူ့အတွင်းတွင် အခိုင်အမာ တည်ထားနှင့်ပြီးဖြစ်သကဲ့သို့ စာတန်၏ ဖောက်ပြန်ပျက်စီးစေခြင်းကို နှစ်ထောင်ချီ ခံရပြီးနောက်တွင်၊ လူသည် သူ့အတွင်းတွင် ဘုရားသခင်ကို ဆန့်ကျင်သည့် အခြေခိုင်သည့် သဘာဝ ရှိလေသည်။ သို့ဖြစ်ရာ လူသားသည် ရွေးနုတ်ခံရပြီးသည့်အချိန်တွင်၊ ယင်းသည် လူကို အဖိုးအခကြီးစွာ ပေးဝယ်ထားသည့် ရွေးနုတ်ခြင်း ကိစ္စတစ်ခုထက် ဘာမျှမပိုဘဲ၊ သူ့အတွင်းရှိ အဆိပ်သင့်သော သဘာဝမှာ သုတ်သင်ပယ်ရှင်းခြင်းကို မခံရသေးပေ။ အလွန် ညစ်ညမ်းလှသော လူသည် ဘုရားသခင်ကို အစေခံရန် မထိုက်တန်မီတွင် ပြောင်းလဲခြင်းကို ကြုံရမည် ဖြစ်သည်။ တရားစီရင်ခြင်း၊ ပြစ်တင်ဆုံးမခြင်းနှင့်ဆိုင်သည့် ဤအမှုအားဖြင့်၊ လူသည် သူကိုယ်တိုင်အတွင်းရှိ ညစ်ညူးပြီး ဖောက်ပြန်ပျက်စီးသည့် အနှစ်သာရကို အပြည့်အဝ သိလာလိမ့်မည် ဖြစ်ပြီး၊ သူသည် လုံးဝ ပြောင်းလဲနိုင်လိမ့်မည် ဖြစ်ပြီး သန့်ရှင်းလာလိမ့်မည်။ ဤနည်းဖြင့်သာ လူသည် ဘုရားသခင်၏ ပလ္လင်တော် ရှေ့မှောက်သို့ ပြန်လာရန် ထိုက်တန်နိုင်ပေသည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ လူ့ဇာတိခံယူခြင်း၏ နက်နဲရာအချက် (၄))ယေရှုသည် လူသားအလယ်တွင် အမှုများစွာ လုပ်ဆောင်ခဲ့သော်လည်း၊ သူသည် လူသားမျိုးနွယ် အားလုံး၏ ရွေးနုတ်ခြင်းကိုသာ ပြီးစီးစေခဲ့ပြီး လူသားတို့၏ အပြစ်ဖြေရာယဇ် ဖြစ်လာခဲ့သည်။ သူသည် လူသားထံမှ သူ၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားအားလုံး ဖယ်ရှားမပေးခဲ့ပေ။ စာတန်၏စွမ်းအားမှ လူသားကို အပြည့်အဝ ကယ်တင်ခြင်းသည် ယေရှုအနေဖြင့် အပြစ်ဖြေရာယဇ် ဖြစ်လာပြီး လူသား၏ အပြစ်များကို သယ်ဆောင်ရန် လိုအပ်သည်သာမက၊ ဘုရားသခင်အနေဖြင့် လူသားထံမှ သူ၏ ဆိုးယုတ်စွာ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားအား လုံးဝဖယ်ရှားပေးရန် သာ၍ပင် ကြီးမားသော အမှုကို လုပ်ဆောင်ရန်လည်း လိုအပ်ပေသည်။ ထို့ကြောင့် လူသားသည် သူ၏အပြစ်များမှ ခွင့်လွှတ်ခံရပြီး ဖြစ်သဖြင့်၊ ဘုရားသခင်သည် လူသားကို ခေတ်သစ်ထဲသို့ ဦးဆောင်ရန် လူ့ဇာတိ ပြန်လည်ခံယူပြီဖြစ်ပြီး၊ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းအမှုကို စတင်ပြီဖြစ်သည်။ ဤအမှုသည် လူသားကို သာ၍မြင့်မားသည့် လောကတစ်ခုထဲသို့ ဆောင်ကြဉ်းပြီးဖြစ်သည်။ သူ၏အုပ်စိုးမှုအောက်တွင် ကျိုးနွံနာခံသူအားလုံးသည် သာ၍မြင့်မားသော သမ္မာတရားကို မွေ့လျော်ပြီး သာ၍ကြီးမြတ်သော ကောင်းချီးမင်္ဂလာများကို ရရှိရပေမည်။ ၎င်းတို့သည် အလင်းတွင် အမှန်တကယ် အသက်ရှင်ကြရမည် ဖြစ်ပြီး သမ္မာတရား၊ လမ်းခရီးနှင့် အသက်တို့ကို ရရှိကြရလိမ့်မည်။(နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ ကျမ်းဦးစကား) အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေက အရာရာကို ရှင်းမသွားစေဘူးလား။ သခင်ယေရှုက ကျေးဇူးတော်ခေတ်မှာ ရွေးနှုတ်ခြင်းအမှုကို ပြုခဲ့ပါတယ်။ အဲဒါက လူသားရဲ့ အပြစ်တွေကို ခွင့်လွှတ်ပြီး အပြစ်တွေကနေ ကျွန်မတို့ကို ရွေးနှုတ်ဖို့ပါ။ အဲဒါက မှန်တယ်။ ဒါပေမဲ့ လူတွေရဲ့ အပြစ်ရှိတဲ့သဘာဝက မပြေလည်သွားဘူး။ ကျွန်မတို့က ဘုရားသခင်ကို ဆက်ပြီး အာခံနေကြတယ်။ ဒါကြောင့် အဲဒါက အပြည့်အဝ ကယ်တင်ခံရခြင်းအဖြစ် မသတ်မှတ်ဘူး။ အနန္တတန်ခိုးရှင် ဘုရားသခင်က နောက်ဆုံးသောကာလမှာ ကြွလာခဲ့ပြီး သမ္မာတရားများစွာကို ဖော်ပြနေပါတယ်။ ပြီးတော့ သခင်ယေရှုရဲ့ ရွေးနှုတ်ခြင်းအမှု အခြေခံအုတ်မြစ်ပေါ်မှာ ဘုရားအိမ်တော်ကအစပြုတဲ့ တရားစီရင်ခြင်းအမှုကို လုပ်ဆောင်နေတယ်။ သူဟာ လူသားမျိုးနွယ်ကို လုံးလုံး သန့်စင်ပြီး ကယ်တင်ဖို့၊ ကျွန်မတို့ကို ဘုရားသခင်ရဲ့ နိုင်ငံတော်ထဲကို ခေါ်ဆောင်ဖို့အတွက် ကြွလာခဲ့ပါပြီ။ ဘုရားသခင်ရဲ့ နောက်ဆုံးသောကာလ တရားစီရင်ခြင်းအမှုက လူသားကို ကယ်တင်ဖို့အတွက် သူ့ရဲ့ အဓိကအကျဆုံး၊ အခြေခံအကျဆုံးအမှုဖြစ်ပြီး ကျွန်မတို့တွေ သန့်စင်ခံရပြီး အပြည့်အဝ ကယ်တင်ခံရဖို့အတွက် တစ်ခုတည်းသော လမ်းကြောင်းဖြစ်တယ်။ ဒါဟာ သိပ်ကောင်းတဲ့ အခွင့်အလမ်းတစ်ခုဖြစ်ပြီး ကောင်းကင်နိုင်ငံတော်ထဲကို ဝင်ရဖို့ ကျွန်မတို့ရဲ့ တစ်ခုတည်းသော အခွင့်အရေးဖြစ်ပါတယ်။ ဘုရားအိမ်တော်က စတဲ့ အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ တရားစီရင်ခြင်းအမှုက ယုံကြည်သူတွေကို ချီဆောင်ခြင်းအမှုဖြစ်တယ်လို့ ပြောလို့ရပါတယ်။ ဘုရားသခင်ရဲ့ တရားစီရင်ခြင်းနဲ့ ပြစ်တင်ဆုံးမခြင်းကတစ်ဆင့် ကျွန်မတို့ရဲ့ဖောက်ပြန်ပျက်စီးမှုက သန့်စင်ခံရနိုင်တယ်။ ဒါဆိုရင် ကပ်ဘေးကြီးတွေတစ်လျှောက် ကျွန်မတို့ ကာကွယ်ပေးခြင်းခံရပြီး ဘုရားနိုင်ငံတော်ထဲကို ဝင်ရောက်လိမ့်မယ်။ ဒါက တကယ် ချီဆောင်ခြင်း ဆိုတဲ့အရာပဲ။ ကျွန်မတို့က ဒီအမှုတော်နောက်ကို အမီမလိုက်ရင် ကျွန်မတို့ ယုံကြည်ခြင်းက ဘယ်လောက်ကြာပါစေ၊ ကျွန်မတို့ ဘယ်လောက် ဒုက္ခခံပြီး အဖိုးအခပေးဆပ်ပါစေ၊ အားလုံး အလဟဿဖြစ်သွားမှာပဲ။ ဒါက လမ်းတစ်ဝက်မှာ လက်လျှော့လိုက်တာဖြစ်ပြီး ကျွန်မတို့ရဲ့ အရင်ကအားထုတ်မှုတွေအားလုံးအချည်းနှီးဖြစ်သွားမှာ။ ကျွန်မတို့က ငိုကြွေးပြီး၊ အံသွားခဲကြိတ်ရင်းနဲ့ ကပ်ဘေးထဲကို ကျရောက်ခြင်းနဲ့ပဲ အဆုံးသတ်မှာ။ ဘုရားသခင်က သူ့ကို ပုန်ကန်နိုင်သေးတဲ့သူတစ်ယောက်ကို သူ့နိုင်ငံတော်ထဲကို လုံးဝ ခေါ်မှာမဟုတ်ဘူး။ ဒါက သူ့ရဲ့ ဖြောင့်မတ်တဲ့ စိတ်သဘောထားနဲ့ သတ်မှတ်ထားတာပဲ။

တချို့က မေးနိုင်တယ်။ အနန္တတန်ခိုးရှင် ဘုရားသခင်က လူသားမျိုးနွယ်ကို သန့်စင်ပြီး ကယ်တင်ဖို့ ဒီတရားစီရင်ခြင်းအမှုကို ဘယ်လိုပြုတာလဲပေါ့။ ဒါနဲ့ပတ်သက်ပြီး သူပြောတာကို ကြည့်ရအောင်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ- “နောက်ဆုံးသောကာလ ခရစ်တော်သည် လူသားကို သွန်သင်ရန်၊ လူသား၏အနှစ်သာရကို ဖော်ထုတ်ရန်နှင့် လူသား၏ အပြုအမူများနှင့် စကားလုံးများကို စိတ်ဖြာလေ့လာရန် အမျိုးမျိုးသော သမ္မာတရားများကို အသုံးပြု၏။ ဤနှုတ်ကပတ်တော်များသည် လူသား၏တာဝန်၊ လူသားသည် ဘုရားသခင်ကို မည်သို့နာခံသင့်ပုံ၊ လူသားသည် ဘုရားသခင်ကို မည်သို့သစ္စာရှိသင့်ပုံ၊ လူသားသည် သာမန်လူ့သဘာဝကို မည်သို့ အသက်ရှင်နေထိုင်သင့်ပုံအပြင်၊ ဘုရားသခင်၏ ဉာဏ်ပညာနှင့် စိတ်သဘောထား စသည်တို့ကဲ့သို့သော အမျိုးမျိုးသော သမ္မာတရားများ ပါဝင်သည်။ ဤနှုတ်ကပတ်တော်များ အားလုံးသည် လူသား၏အနှစ်သာရနှင့် သူ၏ဖောက်ပြန်ပျက်စီးနေသော စိတ်သဘောထားတို့ကို ဦးတည်ထား ပေသည်။ အထူးသဖြင့်၊ ဘုရားသခင်ကို လူသားက မည်သို့ ပစ်ပယ်သည်ကို ဖော်ထုတ်ပြသည့် နှုတ်ကပတ်တော်များမှာ လူသားသည် စာတန်၏ပြယုဂ်နှင့် ဘုရားသခင်ကိုဆန့်ကျင်သည့်ရန်သူအင်အား တစ်ခု မည်သို့ဖြစ်သည်နှင့် စပ်လျဉ်း၍ ပြောဆိုထားပေသည်။ သူ၏တရားစီရင်ခြင်းအမှုကို ဆောင်ရွက်ရာတွင်၊ ဘုရားသခင်သည် လူသား၏သဘာဝကို စကားလုံးအနည်းငယ်မျှဖြင့် ရှင်းလင်းရုံမျှ ရှင်းလင်းစေသည် မဟုတ်။ သူသည် ရေရှည်နှင့်ပတ်သက်၍ ဖော်ထုတ်သည်၊ ကိုင်တွယ်ဖြေရှင်းပြီး၊ ပြုပြင်လေသည်။ ဤကွဲပြားခြားနားသော ဖော်ထုတ်ခြင်း၊ ကိုင်တွယ်ဖြေရှင်းခြင်းနှင့် ပြုပြင်ပေးခြင်း နည်းစနစ်အားလုံးကို သာမန်စကားလုံးများဖြင့် အစားထိုး၍မရနိုင်ဘဲ၊ လူသားတွင် လုံးဝကင်းမဲ့နေသော သမ္မာတရားဖြင့် အစားထိုးနိုင်ပေသည်။ ဤသို့သော နည်းလမ်းများကိုသာ တရားစီရင်မှုဟု ခေါ်ဆိုနိုင်သည်။ ဤတရားစီရင်မှုမျိုးမှတစ်ဆင့်သာ လူသားသည် ချိုးနှိမ်ခံရနိုင်ပြီး၊ ဘုရားသခင်နှင့်ပတ်သက်၍ လုံးလုံးလျားလျား သိမ်းသွင်းစည်းရုံး ခံရနိုင်သည့်အပြင်၊ ဘုရားသခင်နှင့် ပတ်သက်သည့် စစ်မှန်သော အသိပညာကို ရရှိနိုင်ပေသည်။ တရားစီရင်ခြင်းက ဖြစ်ပေါ်စေသည့်အရာမှာ ဘုရားသခင်၏မျက်နှာအစစ်အမှန်နှင့် သူကိုယ်တိုင်၏ ပုန်ကန်မှုနှင့်ပတ်သက်သည့် အမှန်တရားကို လူသားက သိနားလည်ခြင်း ဖြစ်သည်။ တရားစီရင်ခြင်းအမှုသည် ဘုရားသခင်၏ အလို၊ ဘုရားသခင်အမှု၏ ရည်ရွယ်ချက်နှင့် လူသား နားမလည်နိုင်သော နက်နဲမှုများတို့နှင့် ပတ်သက်သည့် များပြားလှသော သိနားလည်မှုကို လူသားအား ရရှိခွင့်ပေးသည်။ ယင်းသည် လူသားကို သူ၏ ဖောက်ပြန်ပျက်စီးသော အနှစ်သာရနှင့် သူ၏ ဖောက်ပြန်ပျက်စီးမှု အရင်းအမြစ်များကို သတိပြုကာ သိရှိခွင့်ပေးသည့်အပြင် လူသား၏ အကျည်းတန်မှုကို သိရခွင့် ပေးလေသည်။ ဤအကျိုးသက်ရောက်မှုအားလုံးတို့ကို တရားစီရင်ခြင်း အမှုက ဖြစ်ပေါ်စေခြင်းဖြစ်သည်၊ အကြောင်းမှာ ဤအမှု၏ အနှစ်သာရသည် ဘုရားသခင်၌ ယုံကြည်ခြင်းရှိသူများ အားလုံးထံသို့ ဘုရားသခင်၏သမ္မာတရား၊ လမ်းခရီးနှင့် အသက်တို့ကို အမှန်တကယ် ဖွင့်ပြပေးသည့် အမှု ဖြစ်သောကြောင့် ဖြစ်သည်။ ဤအမှုသည် ဘုရားသခင် လုပ်ဆောင်သော တရားစီရင်ခြင်းအမှု ဖြစ်၏။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ခရစ်တော်သည် တရားစီရင်ခြင်း အမှုကို သမ္မာတရားဖြင့် ဆောင်ရွက်၏) အနန္တတန်ခိုးရှင် ဘုရားသခင်က ကျွန်မတို့ရဲ့ ဖောက်ပြန်ပျက်စီးမှုကို သန့်စင်ဖို့နဲ့ ကျွန်မတို့ရဲ့ ကယ်တင်ခြင်းအတွက် လိုအပ်တဲ့ သမ္မာတရားတွေအားလုံးကို ပြောရင်းနဲ့ နောက်ဆုံးသောကာလမှာ နှုတ်ကပတ်တော် သန်းပေါင်းများစွာ ဖော်ပြပြီးပါပြီ။ သူဟာ ကျွန်မတို့ရဲ့ အပြစ်ရှိတဲ့၊ ဘုရားကို ဆန့်ကျင်တဲ့ ဆိုးယုတ်တဲ့ သဘာဝနဲ့ ကျွန်မတို့ရဲ့ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထား သွင်ပြင်လက္ခဏာ့်အားလုံးကို တရားစီရင်ပြီး ဖော်ထုတ်တယ်။ ကျွန်မတို့ရဲ့ အနက်ရှိုင်းဆုံး၊ ဖုန်းကွယ်ထားပြီး စက်ဆုယ်စရာအကောင်းဆုံး၊ ရည်ရွယ်ချက်တွေနဲ့ အယူအဆတွေကို သူက ဖော်ထုတ်တယ်။ ဘုရားနှုတ်ကပတ်တော်တွေကို ကျွန်မတို့ ဖတ်လေလေ၊ အဲဒီ တရားစီရင်ခြင်းကို ကျွန်မတို့ ကြုံတွေ့ရလေလေပဲ။ ပြီးတော့ စာတန်က ကျွန်မတို့ကို ဘယ်လောက်အထိ အရမ်းကို နက်နက်ရှိုင်းရှိုင်းဖျက်ဆီးထားသလဲဆိုတာ၊ ကျွန်မတို့တွေက ဘယ်လောက် မာနထောင်လွှားပြီး ခေါင်းမာသလဲဆိုတာ မြင်နိုင်ပါတယ်။ ကျွန်မတို့တွေက အရမ်းဉာဏ်များတယ်။ တစ်ကိုယ်ကောင်းဆန်တယ်။ လောဘကြီးတယ်။ အရာရာမှာ ဆိုးယုတ်တဲ့ အတွေးအခေါ်တွေ၊ နိယာမတွေနဲ့ အသက်ရှင်ကြပြီး ကိုယ်ပိုင် အကျိုးစီးပွားတွေကို အမြဲ ကာကွယ်ကြတယ်။ ကျွန်မတို့ရဲ့ ယုံကြည်ခြင်းနဲ့ အသင်းတော်အတွက် အလုပ်ကတောင်မှ ဆုလာဘ်ရဖို့၊ နိုင်ငံတော်ထဲကို ဝင်ရောက်ရဖို့ပဲ။ ကျွန်မတို့မှာ ဆင်ခြင်တုံတရားနဲ့ အသိစိတ်မရှိကြဘဲ စာတန်ပုံသဏ္ဍန်အတိုင်း လုံးဝ အသက်ရှင်နေထိုင်ကြတယ်။ ဘုရားသခင်ရဲ့ တရားစီရင်ခြင်းနဲ့ ပြစ်တင်ဆုံးမခြင်းကတစ်ဆင့် ဘယ်ပုန်ကန်ပြစ်မှားမှုကိုမှ သည်းမခံတဲ့ သူ့ရဲ့ ဖြောင့်မတ်ခြင်းကို ကျွန်မတို့ နောက်ဆုံးမှာ မြင်နိုင်တယ်။ ဘုရားသခင်က ကျွန်မတို့ရဲ့ နှလုံးသားထဲ၊ စိတ်ထဲကို တကယ်မြင်နိုင်တယ်။ ကျွန်မတို့က မပြောရင်တောင်မှ ကျွန်မတို့ စဉ်းစားနေတာတွေကို၊ ကျွန်မတို့နှလုံးသားထဲမှာ တည်ရှိတဲ့ ဖောက်ပြန်ပျက်စီးခြင်းကို ဘုရားက သိမြင်အောင် ပြပေးလိမ့်မယ်။ ပုန်းစရာနေရာမရှိဘဲ၊ ကျွန်မတို့ အရမ်းရှက်ရွံ့ကြပြီး ဘုရားသခင်ကို တိုးပြီး ကြောက်ရွံ့လာကြတယ်။ ကျွန်မတို့ စိတ်နှလုံးထဲမှာရှိတဲ့အရာနဲ့ပတ်သက်ပြီး ဆုတောင်းနိုင်တယ်။ ကျွန်မတို့ရဲ့လွဲမှားတဲ့ အတွေးတွေနဲ့ စိတ်ကူးတွေအကြောင်းကို ရိုးရိုးသားသား ဖွင့်ပြောပြီး ဆင်ခြင်တုံတရားနဲ့ အသိစိတ်ကို ရရှိနိုင်ပါတယ်။ ကျွန်မတို့က အလိမ်အညာတစ်ခုကို ပြောရင် ချက်ချင်း ဖွင့်ပြောမှာဖြစ်ပြီး ပြင်ဆင်လိမ့်မယ်။ ဘုရားနှုတ်ကပတ်တော်တွေကို ဒီပုံစံနဲ့ တွေ့ကြုံရတော့ ကျွန်မတို့ရဲ့ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားတွေဟာ တဖြည်းဖြည်းနဲ့ သန့်စင်ပြီး ပြောင်းလဲသွားသလို၊ လူသားပုံသဏ္ဍန်အတိုင်း ကျွန်မတို့ အသက်ရှင်နေထိုင်နိုင်ပါတယ်။ အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ တရားစီရင်ခြင်းနဲ့ သန့်စင်ခြင်းကတစ်ဆင့် လူသားကို ကယ်တင်ဖို့ ဘုရားသခင်ရဲ့ အမှုက ဘယ်လောက် လက်တွေ့ကျမှန်း ကျွန်မတို့ နက်နက်ရှိုင်းရှိုင်း ခံစားရပါတယ်။ ဒါမပါဘဲနဲ့ ကျွန်မတို့ရဲ့ တကယ့် ဖောက်ပြန်ပျက်စီးမှုကို ဘယ်တော့မှ မြင်နိုင်မှာ မဟုတ်ဘူး။ ကျွန်မတို့က ဘယ်တော့မှ တကယ်နောင်တရပြီး ပြောင်းလဲမှာမဟုတ်ဘူး။ မကောင်းမှုကနေ လွတ်မြောက်ဖို့က ကျွန်မတို့ကိုယ်တိုင်ရဲ့ ကြိုးစားမှုနဲ့ ကိုယ့်ကိုယ်ကိုယ် ထိန်းချုပ်မှုကတစ်ဆင့် လုပ်လို့မရဘဲ၊ ဘုရားသခင်ရဲ့ တရားစီရင်ခြင်း၊ ပြစ်တင်ဆုံးမခြင်း၊ စမ်းသပ်ခြင်းကို ခံရဖို့ အရေးကြီးတယ်ဆိုတာ ကျွန်မတို့ မြင်နိုင်ပါတယ်။ ကျွန်မတို့ဟာ ပြုပြင်ခြင်း၊ ကိုင်တွယ်ဖြေရှင်းခြင်းနဲ့ ပဲ့ပြင်ဆုံးမခြင်းကိုလည်း ခံရပါမယ်။ ဒါက ကျွန်မတို့ အသက်စိတ်သဘောထားတွေ အမှန်တကယ် ပြောင်းလဲပြီး ကျွန်မတို့တွေ ဘုရားသခင်ကို စစ်မှန်စွာ ကျိုးနွံနာခံကြောက်ရွံ့ဖို့အတွက် တစ်ခုတည်းသော နည်းလမ်းပါ။ ဒါကြောင့် ကျွန်မတို့ ယုံကြည်ခြင်းမှာ သခင်ယေရှုရဲ့ ရွေးနှုတ်ခြင်းပဲရှိရင် ကျွန်မတို့ အပြစ်တွေက ခွင့်လွှတ်ခြင်းခံရပြီး ကျွန်မတို့က ယုံကြည်ခြင်းအားဖြင့် ဖြောင့်မတ်ရာရောက်ပေမဲ့ နိုင်ငံတော်နဲ့ မထိုက်တန်ပါဘူး။ ကျွန်မတို့ရဲ့ ဖောက်ပြန်ပျက်စီးမှုကို စွန့်ပစ်ပြီး ကျွန်မတို့ရဲ့ အပြစ်ရှိတဲ့ သဘာဝကို လုံးဝ ပြေလည်သွားစေဖို့ သခင်ကြွလာခြင်းကို ကြိုဆိုပြီး အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့ တရားစီရင်ခြင်းကို လက်ခံရပါဦးမယ်။ ဒါကြောင့် အနန္တတန်ခိုးရှင် ဘုရားသခင်ဟာ တရားစီရင်ခြင်းအမှုကို ပြုနေတဲ့ ပြန်ကြွလာတဲ့ သခင်ယေရှု ဖြစ်ပါတယ်။ သူဟာ လူသားမျိုးနွယ်ကို အပြည့်အဝ ကယ်တင်ဖို့အတွက် ကိုယ်တိုင်ဆင်းကြွလာတဲ့ ကယ်တင်ရှင်ပါ။ ဂိုဏ်းဂဏအားလုံးက ယုံကြည်သူများစွာဟာ ဘုရားသခင်ရဲ့ အသံကိုကြားပြီး အနန္တတန်ခိုးရှင် ဘုရားသခင်ကို လက်ခံနေကြပါတယ်။ သူတို့တွေက ပညာရှိသတို့သမီးတွေဖြစ်ပြီး သိုးသငယ်ရဲ့ မင်္ဂလာစားပွဲကို တက်ရောက်နေကြတယ်။ ဒါပေမဲ့ အနန္တတန်ခိုးရှင် ဘုရားသခင်ကို ငြင်းပယ်တဲ့ သူတွေဟာ ငိုကြွေးရင်းနဲ့ ကပ်ဘေးတွေထဲကို ကျရောက်မယ့် မိုက်မဲတဲ့ သတို့သမီးတွေဖြစ်လာနေကြတယ်။ ဘာသာရေးလောကက သခင်ယေရှု မိုးတိမ်စီးပြီး ကြွလာတာကို ဘာကြောင့်မမြင်ရသေးသလဲဆိုတာ အခု ကျွန်မတို့ သိသင့်ပါတယ်။ သူတို့တွေက တိုက်ရိုက်ကျမ်းစာကို ခေါင်းမာမာနဲ့ ဖက်တွယ်ထားကြတယ်။ သူတို့ရဲ့ ကိုယ်ပိုင် အယူအဆတွေကို အခြေခံပြီးတော့ သခင်က သူတို့ကို ချီဆောင်ဖို့ မိုးတိမ်စီးပြီး ကြွလာမယ်လို့ သေချာနေကြတယ်။ ဒါပေမဲ့ လက်တွေ့အရှိတရားမှာတော့ သခင်က အလုပ်လုပ်ဖို့အတွက် တိတ်တဆိတ် ကြွလာပြီးပါပြီ။ သူတို့တွေ ရှာဖွေဖို့ ငြင်းဆန်တဲ့ သမ္မာတရားများစွာကို အနန္တတန်ခိုးရှင် ဘုရားသခင်က ဖော်ပြပြီးပါပြီ။ သူတို့တွေက ကြားပေမဲ့ နားမထောင်ဘူး။ မြင်ပေမဲ့ နားမလည်ကြဘူး။ အနန္တတန်ခိုးရှင် ဘုရားသခင်ကို မျက်စိစုံမှိတ်ပြီး အာခံရှုတ်ချကြတယ်။ ကယ်တင်ရှင် ယေရှုက မိုးတိမ်စီးပြီးကြွလာတာကို စောင့်ရင်းနဲ့ ကောင်းကင်ကို စူးစိုက်ကြည့်မြဲ ကြည့်နေကြတယ်။ ဒါက သူတို့ကို ကပ်ဘေးတွေထဲကို ကျရောက်စေမှာပဲ။ ဘယ်သူ့ကို အပြစ်တင်ရမလဲ။

အခုအချိန်မှာ အနန္တတန်ခိုးရှင် ဘုရားသခင်ဟာ သူ့ရဲ့ နောက်ဆုံးသောကာလ တရားစီရင်ခြင်းအမှုကတစ်ဆင့် အောင်မြင်သူတစ်စုကို စုံလင်စေပြီးပါပြီ။ ကပ်ဘေးတွေက စတင်လာပြီ။ ဘုရားသခင် ရွေးချယ်ထားသူတွေက အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နိုင်ငံတော် ဧဝံဂေလိတရားကို ဖြန့်ဝေဖို့၊ ဘုရားသခင်ရဲ့ ပေါ်ထွန်းခြင်းနဲ့ အမှုတော်ကို သက်သေခံဖို့ စိတ်နှစ်ပြီး လုပ်ဆောင်နေကြတယ်။ စစ်မှန်တဲ့လမ်းကို ပိုပိုများတဲ့ လူတွေက စုံစမ်းစစ်ဆေးပြီး လက်ခံလာကြတယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော်ကို နိုင်ငံတွေမှာ ပိုပိုပြီး တည်ထောင်လာကြတယ်။ အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေက ကမ္ဘာအနှံ့မှာ ပျံ့နှံ့ပြီး သက်သေခံကြတယ်။ သမ္မာတရားကို ဆာငတ်ပြီး ဘုရားသခင်ရဲ့ ပေါ်ထွန်းခြင်းကို ရှာဖွေသူတွေဟာ သူ့ရဲ့ ပလ္လင်ရှေ့ကို တစ်ယောက်ပြီးတစ်ယောက် လာကြတယ်။ ဒါကို ရပ်တန့်လို့မရပါဘူး။ ဒါက ဒီကျမ်းစာ ပရောဖက်ပြုချက်ကို ပြည့်စုံစေတယ်။ “နောက်ဆုံးသော ကာလတွင် ယေဟောဝါအိမ်တော်၏ တောင်သည် တောင်များ၏ထိပ်တွင် တည်ရလိမ့်မည်ဖြစ်ပြီး တောင်ကုန်းများအထက်တွင် ချီးမြှောက်ခြင်းခံရလိမ့်မည်။ ပြီးလျှင် ခပ်သိမ်း သောလူမျိုးတို့သည် ထိုတောင်သို့ စည်းဝေးကြလိမ့်မည်။(ဟေရှာယအနာဂတ္တိကျမ်း ၂:၂) ဒါပေမဲ့ အနန္တတန်ခိုးရှင် ဘုရားသခင်ကို ဆန့်ကျင်တဲ့ ဘာသာရေးလောကက အန္တိခရစ် အင်အားစုတွေနဲ့ သူတို့တွေရဲ့ လှည့်စားတာ၊ ထိန်းချုပ်တာကို ခံရတဲ့ ယုံကြည်သူဆိုတဲ့ လူတွေက ကပ်ဘေးတွေထဲကို ကျရောက်နှင့်နေကြပြီး ချီဆောင်ခံရဖို့ အခွင့်အရေးကို ဆုံးရှုံးကြရတယ်။ သူတို့တွေဟာ ငိုကြွေးပြီး အံသွားခဲကြိတ်နေကြရတယ်။ တကယ်ကို အဖြစ်ဆိုးပါတယ်။ ဒီနေ့အတွက် အဆုံးသတ်ဖို့ ဘုရားနှုတ်ကပတ်တော်ဖတ်တဲ့ ဗီဒီယိုတစ်ခုကို ကြည့်ရအောင်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ- “နောက်ဆုံးသောကာလ၏ ခရစ်တော်သည် အသက် ယူဆောင်လာပြီး၊ အဓွန့်ရှည်စွာ တည်တံ့ကာ ထာဝရတည်ရှိသော သမ္မာတရား၏ လမ်းခရီးကို ယူဆောင်လာ၏။ ဤသမ္မာတရားသည် လူသားက အသက်ရရှိသည့် လမ်းကြောင်းဖြစ်ပြီး၊ လူသားက ဘုရားသခင်ကို သိမည့် တစ်ခုတည်းသော လမ်းကြောင်းနှင့် ဘုရားသခင်၏ လက်ခံခြင်းခံရမည့် တစ်ခုတည်းသော လမ်းကြောင်းဖြစ်၏။ နောက်ဆုံးသောကာလ၏ ခရစ်တော်ပေးသည့် အသက်၏လမ်းခရီးကို သင်မရှာဖွေပါက၊ သင်သည် သမိုင်း၏ ရုပ်သေးရုပ်ရော အကျဉ်းသားပါ ဖြစ်သည့်အတွက်၊ ယေရှု၏ လက်ခံမှုကို မည်သည့်အခါမျှ သင် ရရှိမည်မဟုတ်သကဲ့သို့၊ ကောင်းကင်နိုင်ငံတော်၏ တံခါးကိုဝင်ရန် မည်သည့်အခါမျှ အရည်အချင်းမီမည် မဟုတ်ပေ။ စည်းမျဉ်းစည်းကမ်းများ၊ ကျမ်းဟောင်းတရားများ၏ ထိန်းချုပ်မှုခံရပြီး၊ သမိုင်း၏ ချုပ်နှောင်မှုခံရသူများသည် မည်သည့်အခါတွင်မျှ အသက်ကို ရရှိနိုင်လိမ့်မည် မဟုတ်သကဲ့သို့၊ အသက်၏ ထာဝရလမ်းခရီးကို ရရှိနိုင်မည် မဟုတ်ပေ။ ဤသည်မှာ အဘယ်ကြောင့်ဆိုသော် ထိုသူတို့အားလုံးသည် ပလ္လင်မှ စီးဆင်းသည့် အသက်ရေ ဖြစ်မည့်အစား နှစ်ပေါင်းထောင်ပေါင်းများစွာ တစ်နေရာတည်းတွင် ရှိနေသော နောက်ကျိသည့် ရေများ ဖြစ်ကြသောကြောင့် ဖြစ်၏။ အသက်ရေဖြင့် ထောက်ပံ့မှု မခံရသောသူတို့သည် လူသေကောင်များ၊ စာတန်၏ ကစားစရာများနှင့် ငရဲ၏သားများအဖြစ် ထာဝရရှိနေကြလိမ့်မည်။ သို့ဖြစ်ပါက ၎င်းတို့သည် ဘုရားသခင်ကို မည်သို့ ရှုမြင်နိုင်မည်နည်း။ သင်သည် အတိတ်ကို ဖက်တွယ်ရန်သာ ကြိုးစားပါက၊ တည်ငြိမ်စွာ ရပ်နေခြင်းဖြင့် အမှုအရာများကို ၎င်းတို့ရှိနေသည့်အတိုင်း ထိန်းသိမ်းရန်သာ ကြိုးစားပြီး၊ ပိုနေမြဲ ကျားနေ‌မြဲ အခြေအနေကို ပြောင်းလဲရန်နှင့် သမိုင်းကို စွန့်ပစ်ရန် မကြိုးစားပါက၊ သင်သည် ဘုရားသခင်ကို အမြဲဆန့်ကျင်နေမည် မဟုတ်လော။ ဘုရားသခင် အမှု၏ အဆင့်များသည်- တလိပ်လိပ်တက်နေသော လှိုင်းတံပိုးများနှင့် မြည်ဟည်းနေသော မိုးချုန်းသံကဲ့သို့- ကြီးမားကျယ်ပြန့်ကာ တန်ခိုးကြီးသော်လည်း၊ သင်သည် ပျက်စီးခြင်းကို မလှုပ်မယှက် စောင့်ဆိုင်းရင်း၊ သင်၏မိုက်မဲမှုကို ဖက်တွယ်ရင်းနှင့် မည်သည့်အရာမျှ မလုပ်ဆောင်ဘဲနေရင်း ထိုင်နေသည်။ ဤနည်းဖြင့်၊ သိုးသငယ်၏ ခြေလှမ်းနောက် လိုက်သူတစ်ဦးအဖြစ် သင့်ကို မည်သို့ယူဆ၍ရနိုင်မည်နည်း။ သင် ဖက်တွယ်ထားသော ဘုရားသခင်သည် အစဉ်အသစ်ဖြစ်ကာ၊ မည်သည့်အခါမျှ အိုဟောင်းခြင်းမရှိသည့် ဘုရားသခင်အဖြစ် သင် မည်သို့ မှန်ကန်ကြောင်းပြနိုင်မည်နည်း။ သင်၏ အဝါရောင် သန်းနေသော စာအုပ်များ၏ စကားလုံးများသည် သင့်ကို ခေတ်သစ်တစ်လျှောက် မည်သို့ သယ်ဆောင်သွားနိုင်မည်နည်း။ ဘုရားသခင့်အမှု၏ အဆင့်များကို ရှာဖွေရန် ယင်းတို့သည် သင့်ကို မည်သို့ဦးဆောင်နိုင်မည်နည်း။ ပြီးလျှင် ၎င်းတို့သည် သင့်ကို ကောင်းကင်သို့ မည်သို့ခေါ်ဆောင်သွားနိုင်မည်နည်း။ သင်၏ လက်ထဲတွင် သင်ကိုင်စွဲသည့်အရာမှာ သင့်ကို ယာယီဖြေသိမ့်မှုသာ ပေးနိုင်သည့် ကျမ်းဟောင်းတရားများသာဖြစ်သည်၊ အသက် ပေးနိုင်စွမ်းရှိသည့် သမ္မာတရားများ မဟုတ်ပေ။ သင်ဖတ်သည့် သမ္မာကျမ်းများမှာ သင်၏နှုတ်ကိုသာ ကြွယ်ဝစေနိုင်ပြီး၊ သင့်ကို စုံလင်စေခြင်းဆီသို့ ဦးဆောင်လမ်းပြပေးနိုင်သော လမ်းကြောင်းများဖြစ်ဖို့ မဆိုထားနှင့်၊ လူ့အသက်တာကို သိရှိရန် သင့်ကို ကူညီနိုင်သည့် အတွေးအမြင်နှင့်ဆိုင်သော စကားများပင် မဟုတ်ပေ။ ဤကွာဟချက်သည် သင့်ကို ပြန်လည်သုံးသပ်ရန် အကြောင်းတရား မပေးပါသလော။ ယင်းသည် အတွင်းတွင် ပါရှိသည့် နက်နဲမှုများကို သင့်အား နားလည်စေပါသလော။ သင်သည် ဘုရားသခင်ကို သင့်ဘာသာ တွေ့ဆုံရန် မိမိကိုယ်ကိုယ် ကောင်းကင်ဘုံသို့ ပို့ဆောင်နိုင်သလော။ ဘုရားသခင်၏ ကြွလာခြင်းမရှိဘဲနှင့်၊ သင်သည် ဘုရားသခင်နှင့် မိသားစုပျော်ရွှင်မှုကို မွေ့လျော်ခံစားရန် သင့်ကိုယ်သင် ကောင်းကင်ဘုံထဲသို့ ခေါ်ဆောင်သွားနိုင်သလော။ သင်သည် ယခု စိတ်ကူးယဉ် နေသေးသလော။ သို့ဆိုပါက စိတ်ကူးယဉ်ခြင်းကို ရပ်တန့်ပြီး၊ ယခု မည်သူအမှုပြုနေသည်ကို ကြည့်ရန်- နောက်ဆုံးသောကာလတွင် လူသားကို ကယ်တင်ခြင်းအမှုအား ယခု မည်သူ ဆောင်ရွက်နေသည်ကို မြင်ရန် ကြည့်ဖို့- ငါအကြံပြု၏။ သင် ထိုသို့မလုပ်ဆောင်ပါက၊ သမ္မာတရားကို မည်သည့်အခါတွင်မျှ သင် ရရှိလိမ့်မည်မဟုတ်သကဲ့သို့၊ အသက်ကို မည်သည့်အခါတွင်မျှ ရရှိလိမ့်မည် မဟုတ်ပေ။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ နောက်ဆုံးသော ကာလ၏ ခရစ်တော်သည်သာ လူသားအား ထာဝရအသက်၏ လမ်းခရီးကို ပေးနိုင်သည်)

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

နောက်ဆုံးသောကာလ လူ့ဇာတိခံဘုရားသခင်သည် အဘယ်ကြောင့် အမျိုးသမီးဖြစ်သနည်း

နောက်ဆုံးသောကာလမှာ လူ့ဇာတိခံ အနန္တတန်ခိုးရှင်ဘုရားသခင်ဟာ အမှုတော်ဆောင်ပြီး သမ္မာတရားများစွာကို ဖော်ပြဖို့အတွက် ပေါ်ထွန်းခဲ့ပါတယ်။...

ဘုရားသခင်သည် နောက်ဆုံးသောကာလတွင် ဝိညာဉ်တော်အသွင်ကို မယူဘဲ၊ ဘာကြောင့် လူ့ဇာတိခံယူသလဲ

ကယ်တင်ရှင်ဖြစ်တဲ့ အနန္တတန်ခိုးရှင် ဘုရားသခင်ဟာ နောက်ဆုံးသောကာလ တရားစီရင်ခြင်းအမှုအတွက် သမ္မာတရားတွေကို ဖော်ပြခဲ့တဲ့အချိန်ကစပြီး၊...

သခင်သည် အမှန်တကယ် မိုးတိမ်စီးလျက် ပြန်လာမည်လော

ကျွန်မတို့ဟာ ကပ်ဘေးတွေ တစ်ခုပြီးတစ်ခု တွေ့နေရပြီး ကပ်ရောဂါတွေကလည်း ကမ္ဘာအနှံ့ ဖြစ်ပွားနေပါတယ်။ မိုးတိမ်စီးလို့ သခင်ပြန်ကြွလာပြီး သူတို့ကို...

အမှုတော်၏ အဆင့်သုံးဆင့်အား ဘုရားတစ်ပါးတည်းက လုပ်ဆောင်ပုံကို အသိအမှတ်ပြုခြင်း

ဒီနေ့၊ ကျွန်မတို့ မိတ်သဟာယရဲ့ အကြောင်းအရာက အမှုတော်၏ အဆင့်သုံးဆင့်အား ဘုရားတစ်ပါးတည်းက လုပ်ဆောင်ပုံကို အသိအမှတ်ပြုခြင်း ဖြစ်ပါတယ်။...

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။