ကယ်တင်ရှင် ပြန်ကြွလာသည့်အခါ၊ သူ့အား ယေရှုဟု ခေါ်ဦးမည်လော

28.11.2021

နောက်ဆုံးသောကာလမှာ ကယ်တင်ရှင် အနန္တတန်ခိုးရှင် ဘုရားသခင်က ကမ္ဘာမြေကို ကြွလာနှင့်ပြီးပြီ။ လူသားမျိုးနွယ်ကို အပြည့်အဝ ကယ်တင်ဖို့ ပေါ်ထွန်းပြီး သမ္မာတရားတွေ ဖော်ပြရင်း၊ အမှုပြုရင်းနဲ့ပေါ့။ ကမ္ဘာကြီးအတွက် နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ ဆိုတဲ့ စာအုပ်ကို အွန်လိုင်းပေါ်မှာ တင်ပြီးပြီဆိုတော့၊ အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့နှုတ်ကပတ်တော်တွေက သမ္မာတရားဖြစ်တယ်ဆိုတာကို နေရာအနှံ့က လူတွေက မြင်ပြီး ဘုရားအသံတော်ကို ကြားပြီးကြပြီ။ အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့မျက်နှာကို သူတို့ မြင်ဖူးချင်မှတော့ မြင်ဖူးလိမ့်မယ်၊ ဒါပေမဲ့ သူ့နှုတ်ကပတ်တော်တွေက လုံးဝ သန့်ရှင်းသော ဝိညာဉ်တော်ရဲ့ နှုတ်ကပတ်တော်တွေ ဖြစ်တယ်ဆိုတာရယ်၊ ဒါဟာ လူသားမျိုးနွယ်ကို ဘုရားသခင်က စကားပြောနေပြီး နှုတ်ကပတ်တော်က လူ့ဇာတိမှာ ပေါ်ထွန်းတာပဲ ဆိုတာရယ်ကို သေချာသိကြတယ်။ လူသားရဲ့ ပေါ်ထွန်းခြင်းနဲ့ အမှုကို သူတို့ နောက်ဆုံးမှာ မျက်မြင်တွေ့ပြီး ဘုရားရဲ့ ခြေရာတော်တွေကို တွေ့ပြီးကြပြီ။ စိတ်တွေလှုပ်ရှားပြီး သူတို့က သတင်းကို အပြေးအလွှား သွားဝေမျှကြတယ်။ အနန္တတန်ခိုးရှင် ဘုရားသခင်ကို ဝမ်းပန်းတသာ လက်ခံကြပြီး ဘုရားပလ္လင်တော် ရှေ့ကို လာကြတယ်လေ။ သူတို့က လက်ရှိ ဘုရားနှုတ်ကပတ်တော်တွေကို နေ့စဉ် စားသောက်တယ်၊ ဖတ်နေရင်းနဲ့ ဉာဏ်အလင်းပေးမှု ပိုရကြတယ်။ ဘုရားနှုတ်ကပတ်တော်တွေရဲ့ ရေလောင်းတာနဲ့ ထိန်းကျောင်းတာကို ပျော်မွေ့ခံစားကြရတယ်။ သမ္မာတရား တော်တော်များများ သင်ယူရသလို၊ သူတို့ရဲ့ယုံကြည်မှုကလည်း ကြီးထွားလာတယ်လေ။ သူတို့က အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့နာမတော်ကို ဖြန့်ဝေဖို့ လောဆော်ကြတယ်။ လူကို ကယ်တင်ဖို့ ကမ္ဘာကို ကယ်တင်ရှင် ကြွလာပြီလို့ သက်သေခံရင်းနဲ့ပေါ့။ သူတို့မှာ ယုံကြည်မှုနဲ့ ခွန်အားတွေ ပြည့်လျှံနေသလို၊ အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့နှုတ်ကပတ်တော်တွေကနေ နှစ်သိမ့်မှု ရှာတွေ့ကြတယ်။ ဘဝမှာ သူတို့ရဲ့လိုက်စားမှုနဲ့ ဦးတည်ချက်တွေမှာ ကောင်းမွန်တဲ့ ပန်းတိုင်ရှိပြီး ဘုရားအတွက် သက်သေခံရင်း၊ အစွမ်းကုန် ပေးဆပ်နေကြတာပဲ။ ကမ္ဘာအနှံ့က ပိုပိုများတဲ့ လူတွေက စစ်မှန်တဲ့ လမ်းခရီးကို လေ့လာစုံစမ်းနေကြတယ်။ အခု ဘေးဒုက္ခမျိုးစုံ စဖြစ်လာတော့၊ လူတိုင်းက စစ်မှန်တဲ့ လမ်းခရီးရယ်၊ သန့်ရှင်းသော ဝိညာဉ်တော်ရဲ့ခြေလှမ်းတွေရယ်၊ ကယ်တင်ရှင်ရဲ့ ပေါ်ထွန်းခြင်းနဲ့ အမှုရယ်ကို မဖြစ်မနေ ရှာရတော့တာပေါ့။ ဒါက ရှောင်လွှဲလို့မရတဲ့ ဦးတည်ရာပဲ။ ကမ္ဘာမှာရှိတဲ့ နိုင်ငံတိုင်းက ဘာသာရေး အသိုင်းအဝိုင်းတွေမှာ နေ့တိုင်းဆိုသလို တော်တော်များများက စစ်မှန်တဲ့ လမ်းခရီးကို လက်ခံပြီး အနန္တတန်ခိုးရှင် ဘုရားသခင်ဆီ ပြန်လှည့်နေကြတယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော်ကို နိုင်ငံတော်တော်များများမှာ တည်ထောင်နေကြတာ။ ဟေရှာယထဲက ဒီကျမ်းချက်ကို လုံးလုံး ပြည့်ဝစေရင်းနဲ့ပေါ့။ “နောက်ဆုံးသော ကာလတွင် ယေဟောဝါအိမ်တော်၏ တောင်သည် တောင်များ၏ထိပ်တွင် တည်ရလိမ့်မည်ဖြစ်ပြီး တောင်ကုန်းများအထက်တွင် ချီးမြှောက်ခြင်းခံရလိမ့်မည်။ ပြီးလျှင် ခပ်သိမ်း သောလူမျိုးတို့သည် ထိုတောင်သို့ စည်းဝေးကြလိမ့်မည်။(ဟေရှာယအနာဂတ္တိကျမ်း ၂:၂) တော်တော်များများက စစ်မှန်တဲ့လမ်းခရီးကို အငမ်းမရ လေ့လာစုံစမ်းနေချိန်မှာ အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေက သမ္မာတရားဖြစ်ပြီး ဩဇာအာဏာနဲ့ တန်ခိုးရှိတယ်ဆိုတာကို အတည်ပြုပြီးတဲ့ သူတချို့ ရှိတယ်။ ဒါပေမဲ့ အနန္တတန်ခိုးရှင် ဘုရားသခင်က သာမန်လူပုံသဏ္ဌာန် ရှိတာရယ် သူက သခင်ယေရှုရဲ့ ဝိညာဉ်ပုံသဏ္ဌာန်နဲ့ မပေါ်ထွန်းသေးသလို၊ နိမိတ်လက္ခဏာနဲ့ အံ့ဖွယ်ရာတွေကိုလည်း မပြသေးတာရယ်ကို မြင်ပြီး အဲဒါကို သူတို့အစွဲထားပြီး သူ့ကို လက်ခံဖို့ ငြင်းဆန်ကြတယ်။ အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေအားလုံးက သမ္မာတရား ဖြစ်မှန်း လူတချို့က သံသယကင်းကင်းနဲ့ မြင်ကြတယ်။ ဒါပေမဲ့ ဒါတွေကို သမ္မာကျမ်းစာမှာ မှတ်တမ်းမတင်ထားတော့ အနန္တတန်ခိုးရှင် ဘုရားသခင်က ပြန်ကြွလာတဲ့ သခင်ယေရှု ဖြစ်တယ်ဆိုတာကို သူတို့ မသေချာနိုင်ကြဘူး။ အဲဒီမှာ သူတို့ အကျပ်ရိုက်ပြီး သူ့ကို လက်ကိုမခံကြတာ။ အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့နှုတ်ကပတ်တော်တွေက သမ္မာတရားဖြစ်ပြီး ဘုရားဆီက လာတယ်ဆိုတာကို သိမှတ်တဲ့ တခြားလူတွေ ရှိသေးတယ်။ ဒါပေမဲ့ သမ္မာကျမ်းစာက ဒီလိုပြောထားတယ်လေ၊ “ယေရှုခရစ်သည် မနေ့၊ ယနေ့၊ နောင်ကာလ အစဉ်အမြဲ မပြောင်းမလဲနေတော်မူ၏။” (ဟေဗြဲသြဝါဒစာ ၁၃:၈) ဒါကို မြင်ကြတော့ သူတို့ ယေရှုနာမက ဘယ်တော့မှ ပြောင်းမှာ မဟုတ်ဘူးလို့ ယုံကြည်ကြတယ်။ အနန္တတန်ခိုးရှင် ဘုရားသခင်က ယေရှုလို့ မခေါ်ဘူး။ ကျမ်းစာကလည်း အနန္တတန်ခိုးရှင် ဘုရားသခင် နာမကို လုံးဝ မဖော်ပြထားဘူး။ ဒီတော့ သူဟာ ကြွဆင်းလာတဲ့ ကယ်တင်ရှင်ဖြစ်တယ်ဆိုတာကို သူတို့က မသိမှတ်ချင်ကြဘူး။ အနန္တတန်ခိုးရှင် ဘုရားသခင်ကို လက်ခံတာဟာ သခင်ယေရှုကို သစ္စာဖောက်တာ ဖြစ်မယ်လို့ သူတို့က တွေးထင်ကြတယ်။ ဒါကြောင့် သူတို့က အဲဒါကို အစွဲထားပြီး သူ့ကို လက်ခံကြမှာ မဟုတ်ဘူး။ ဒီအခြေအနေသုံးခုလုံးက ဖုံးကွယ်နေတဲ့ ပြဿနာတစ်ခုဆီကို ပြန်ရောက်တယ်။ အနန္တတန်ခိုးရှင် ဘုရားသခင်က ပုံမှန်လူတစ်ယောက်လိုပဲ။ သူပြောသမျှက သမ္မာတရားဖြစ်သလို၊ တန်ခိုးရှိပြီး ဩဇာအာဏာရှိတယ်။ ဒါပေမဲ့ သူ့ကို ယေရှုလို့ မခေါ်သလို၊ သူက ယေရှုရဲ့ ဝိညာဉ်ပုံသဏ္ဌာန်အနေနဲ့ ပေါ်ထွန်းလာတာမဟုတ်ဘူး။ ဒါကြောင့် အနန္တတန်ခိုးရှင် ဘုရားသခင်က ပြန်ကြွလာတဲ့ သခင်ယေရှုဆိုတာကို သူတို့က အသိအမှတ်မပြုကြဘူး။ ဒါဟာ လူ့အယူအဆနဲ့ စိတ်ကူးတွေပေါ်မှာ လုံးလုံး အခြေခံပြီး နားလည်လို့ရတယ်ဆိုပေမဲ့၊ ဘုရားရဲ့ ပေါ်ထွန်းခြင်းနဲ့ အမှုတို့မှာ လူသားတွေ နားမလည်နိုင်တဲ့ ကြီးမားတဲ့ နက်နဲမှုတွေ ပါတယ်လေ။ သမ္မာတရားကို မရှာဘဲ အမှုကိစ္စတွေကို ဘုရားရဲ့ နှုတ်ကပတ်တော်တွေနဲ့ သူ့အမှုတော်ရဲ့ အချက်အလက်တွေအတိုင်း မဆုံးဖြတ်ဘဲနဲ့၊ မှန်ကန်တဲ့ အဖြေကို မတွေ့နိုင်ပါဘူး။ ကျမ်းစာရဲ့ တိုက်ရိုက်စာသားနဲ့ သူတို့ရဲ့အယူအဆတွေကို မျက်စိစုံမှိတ် ဖက်တွယ်ထားတာ၊ သမ္မာတရားကို ဖော်ပြတဲ့ ခရစ်တော်ကို လက်ခံဖို့ ငြင်းဆန်တာက တွေးလို့မရနိုင်တဲ့ အကျိုးဆက်တွေ ဖြစ်စေလိမ့်မယ်။ ဒါက သခင်ယေရှုရဲ့ ရွေးနုတ်ခြင်းကို လက်ခံဖို့ ငြင်းပြီး အပြစ်စီရင်တာခံခဲ့ရတဲ့ ဂျူးယုံကြည်မှုထဲက လူတွေအတိုင်းပါပဲ။ ဒီနာကျင်စရာကောင်းတဲ့ သင်ခန်းစာက ကျွန်တော်တို့ရှေ့တင် ရှိနေခဲ့တာ ကြာပါပြီ။ အခု ကယ်တင်ရှင် ပြန်ကြွလာပြီဖြစ်တဲ့အတွက် သမ္မာတရားကို မရှာဖွေနိုင်ခြင်းရဲ့ အကျိုးဆက်တွေက ဘာတွေဖြစ်မယ်ဆိုတာ ကျွန်တော်တို့ စိတ်ကူးလို့ရပါတယ်။ ဒီတော့ သူပြန်ကြွလာတဲ့အခါမှာ ကယ်တင်ရှင်ကို “ယေရှု” လို့ပဲ ‌ခေါ်ဦးမလား။ ဒီအကြောင်းအရာနဲ့ပတ်သက်ပြီး ကျွန်တော့်ကိုယ်ပိုင် နားလည်မှုလေး နည်းနည်း ဝေမျှမယ်နော်။

ပထမဆုံးအနေနဲ့ ဒါဟာ ကယ်တင်ရှင် ကြွဆင်းလာတာဖြစ်တဲ့အကြောင်း အတည်ပြုပုံပြုနည်းကို ကျွန်တော်တို့ နားလည်ဖို့ လိုတယ်။ သူ့မှာ သခင်ယေရှုဆိုတဲ့ နာမ ရှိမရှိ၊ သူဟာ သခင်ယေရှုနဲ့တူမတူကို လိုက်ကြည့်နေရုံနဲ့ မရဘူးလေ။ အဓိကအချက်က သမ္မာတရားကို သူဖော်ပြနိုင်ပြီး ဘုရားရဲ့အမှုကို ပြုနိုင်ခြင်း ရှိမရှိဆိုတာရယ်၊ သူက လူသားမျိုးနွယ်ကို သန့်စင်ပြီး ကယ်တင်နိုင်လား မကယ်တင်နိုင်ဘူးလား ဆိုတာရယ်ပဲ။ သူက သမ္မာတရားနဲ့ ဘုရားရဲ့အသံတော်ကို ဖော်ပြနိုင်ပြီး၊ လူသားမျိုးနွယ်ကို ကယ်တင်ခြင်း အမှု ပြုနိုင်သရွေ့၊ သူ့ကို ဘယ်လိုခေါ်တယ်၊ သူဘယ်လို ပေါ်ထွန်းတယ်ဆိုတာက အရေးမကြီးဘူးလေ။ ဒါက ပြန်ကြွလာတဲ့ သခင်ယေရှု၊ လူ့ဇာတိနဲ့ ဘုရားပဲဆိုတာ ကျွန်တော်တို့ သေချာသိနိုင်တယ်။ သူက ကမ္ဘာကို ကြွလာတဲ့ ကယ်တင်ရှင်ပါ။ သူ့နာမ၊ သူ့အပြင်ပန်းသဏ္ဌာန်တွေကိုသာ ကျွန်တော်တို့ လိုက်ကြည့်နေရင်၊ မှားဖို့ သိပ်လွယ်တယ်နော်။ ဘုရားက ပညတ်တော်ခေတ်မှာ ယေဟောဝါ ဆိုတဲ့ နာမကို ခံယူပြီး ကျေးဇူးတော်ခေတ်မှာ ယေရှုဆိုတဲ့ နာမကို ခံယူတယ်ဆိုတာ အားလုံး သိကြပါတယ်။ သူ့ကို ယေဟောဝါလို့ မခေါ်တော့ဘဲ၊ ယေရှုနာမကို ခံယူခဲ့တယ်။ ဒါပေမဲ့ သခင်ယေရှုက လူ့ဇာတိခံ ယေဟောဝါ ဘုရားသခင်ပဲ။ သူက လူသားမျိုးနွယ်ဆီမှာ ပေါ်ထွန်းပြီး အမှုပြုဖို့ ကြွလာတဲ့၊ လူသားအနေနဲ့ လူ့ဇာတိကို ယူတင်ဝတ်ဆင်ခဲ့တဲ့ ယေဟောဝါ ဘုရားသခင်ပဲ။ သခင်ယေရှုနဲ့ ယေဟောဝါ ဘုရားသခင်က ဝိညာဉ်တော် တစ်ပါးတည်းရှိပြီး၊ တစ်ပါးတည်းသော ဘုရားသခင်ပါ။ သခင်ယေရှု ထုတ်ဖော်ပြခဲ့တဲ့ နောင်တလမ်း၊ နိုင်ငံတော်ရဲ့ နက်နဲမှုတွေအပြင်၊ သူ့ရဲ့ရွေးနုတ်ခြင်း အမှုတို့က သူဟာ လူ့ဇာတိနဲ့ ဘုရားသခင်ဖြစ်ကြောင်း တစ်ပါးတည်းသော စစ်မှန်တဲ့ ဘုရားသခင်နဲ့ ကယ်တင်ရှင်ရဲ့ ပေါ်ထွန်းခြင်းဖြစ်ကြောင်း လုံးလုံး သက်သေပြခဲ့တယ်။ ဂျူးဘာသာထဲက လူတွေက အဲဒီတုန်းက မမြင်နိုင်ခဲ့ကြဘူး။ သူတို့ထဲက တော်တော်များများက သခင်ယေရှုရဲ့ လမ်းခရီးက တန်ခိုးကြီးပြီး ဩဇာအာဏာရှိတယ်ဆိုတာကို သတိပြုမိခဲ့ကြပေမဲ့၊ သူ့ကို “မေရှိယ” လို့ မခေါ်သလို၊ ပုံမှန်လူတစ်ယောက်နဲ့လည်း တူလို့၊ သူတို့တွေက သူ့ကို ငြင်းပယ်ပြီး ရှုတ်ချခဲ့ကြတယ်။ သခင်ယေရှုရဲ့ လမ်းခရီးက ဘယ်လောက်မြင့်မြတ်ပါစေ၊ သူတို့က ရှာလည်းမရှာဘူး၊ လေ့လာစုံစမ်းတာမျိုးလည်း မရှိဘူး။ ဒါပေမဲ့ ပြစ်မှားစော်ကားမှုနဲ့ သူ့ကို စွပ်စွဲပြီး ကားစင်တောင် တင်ခဲ့ကြတယ်လေ။ သူတို့က ဘုရားရဲ့ အပြစ်စီရင်ပြီး အပြစ်ဒဏ်ပေးတာကို ခံခဲ့ကြရတယ်။ သူတို့ ဘယ်မှာမှားသွားခဲ့လဲ။ သူတို့က လူ့ဇာတိခံယူခြင်းဆိုတာ ဘာမှန်း မသိခဲ့ကြသလို၊ လူ့ဇာတိခံ ဘုရားရဲ့ ဘုရားသဘာဝဟာ သမ္မာတရားကို ဖော်ပြခြင်းကတစ်ဆင့် ထင်ရှားတယ်ဆိုတာကို မသိခဲ့ကြလို့ လူသားက သမ္မာတရားကို ဘယ်လောက် ဖော်ပြနေပါစေ၊ သူ့အမှုက ဘယ်လောက်ကြီးမြတ်ပါစေ သူတို့က သူ့ကို ဘုရားအဖြစ် အသိအမှတ်ကို မပြုကြဘူး။ လူသားအဖြစ်နဲ့ သူ့ကို သတ်မှတ်ခဲ့ကြတယ်။ သူတို့က ဒါကို လုံးလုံး သေချာပြီး ယုံကြည်ဖို့ ငြင်းဆန်ကြတယ်။ အကျိုးဆက်အနေနဲ့ သူတို့က ဘုရားရဲ့ ကယ်တင်ခြင်းနဲ့ လွဲချော်တဲ့အပြင်၊ အပြစ်စီရင်ပြီး အပြစ်ဒဏ်ပေးခံရတာနဲ့ အဆုံးသတ်ရော။ အဲဒါဟာ လူ့မိုက်မဲမှုနဲ့ မသိနားမလည်မှု မဟုတ်လား။ ပြီးတော့ အခုလည်း ဘာသာရေး လောကထဲက တော်တော်များများက အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေက သမ္မာတရားဖြစ်ပြီး ဘုရားဆီက လာတယ်ဆိုတာကို သတိပြုမိကြပေမဲ့၊ သူတို့က ကျမ်းစာရဲ့ တိုက်ရိုက်အဓိပ္ပာယ်ကို ဖက်တွယ်ထားတုန်းပဲ။ သူတို့ရဲ့အယူအဆတွေနဲ့ စိတ်ကူးတွေနောက် လိုက်နေတုန်းပဲလေ။ ဘုရားက ယေရှုလို့ခေါ်တဲ့အကြောင်း၊ အဲဒါဟာ ဘယ်တော့မှ ပြောင်းလဲမှာ မဟုတ်သလို၊ သူပြန်ကြွလာတဲ့အခါမှာ သူက အဲဒီလိုပဲ ခေါ်မယ့်အကြောင်းတွေကို မလျှော့တမ်း ပြောနေတုန်းပဲ။ အနန္တတန်ခိုးရှင် ဘုရားသခင်ကို ယေရှုလို့ မခေါ်သလို၊ ယေရှုရဲ့ပုံသဏ္ဌာန်အတိုင်း မိုးတိမ်စီး မကြွလာခဲ့တော့၊ သူဟာ ပြန်ကြွလာတဲ့ သခင်ယေရှုပါဆိုတာကို လက်ခံဖို့ လုံးဝကို ငြင်းဆန်နေကြတော့တာပဲ။ သူတို့က ဂျူးတွေလို အမှားမျိုး လုပ်နေကြတာ မဟုတ်လား။ အကျိုးဆက်အနေနဲ့ သူတို့က သခင့်ကို မကြိုဆိုရသေးလို့၊ ရင်ထုမြည်တမ်းပြီး အံသွားခဲကြိတ်ရင်းနဲ့ ဘေးဒုက္ခကြီးတွေထဲကို ကျလိမ့်မယ်။ ဘေးဒုက္ခတွေ မတိုင်ခင် သခင့်ကို ကြိုဆိုပြီး ချီဆောင်ခံရဖို့ဆိုတဲ့ သူတို့ရဲ့ မျှော်လင့်ချက်ကလည်း လုံးလုံး ပြည့်ဝမှာ မဟုတ်ဘူး။ အဲဒါဟာ ဝမ်းနည်းစရာ မကောင်းဘူးလား။ ယေရှုဆိုတဲ့ ဘုရားရဲ့နာမတော်က ဘယ်တော့မှ ပြောင်းမှာမဟုတ်ဘူးဆိုတာ မှန်သလား။ အဲဒါကို ဘုရားနှုတ်ကပတ်တော်ဖြစ်တဲ့ သမ္မာကျမ်းစာက ထောက်ခံထားလား။ တကယ်တော့ သခင်ဟာ နာမအသစ်နဲ့ ကြွလာလိမ့်မယ်လို့ သမ္မာကျမ်းစာက ဟိုးအရင်ကတည်းက ပရောဖက်ပြုထားပြီးသားပါ။ ဟေရှာယက ရှင်းရှင်းလင်းလင်း ပရောဖက်ပြုထားတယ်လေ။ “တပါးအမျိုးသားတို့သည် သင်၏ဖြောင့်မတ်ခြင်း ကို၎င်း၊ ရှင်ဘုရင်အပေါင်းတို့သည် သင်၏ ဘုန်းအသရေ ကို၎င်း မြင်ရကြလိမ့်မည်။ သင့်ကို ယေဟောဝါ၏ နှုတ်တော်မှ မှည့်ခေါ်မည့် အမည်နာမသစ်ဖြင့် ခေါ်ရလိမ့်မည်။(ဟေရှာယ ၆၂:၂) ဗျာဒိတ်ကျမ်းကလည်း ပြောထားတယ်။ “အကြင်သူသည် အောင်မြင်၏။ ထိုသူကို ငါသည်ငါ၏ဘုရား သခင်ဗိမာန်တော်၌ တိုင်ဖြစ်စေမည်။ နောင်တဖန်သူသည်ပြင်သို့ မရွေ့ရ။ ငါ၏ ဘုရားသခင် နာမတော်ကို၎င်း၊ ငါ၏ဘုရားသခင့်အထံတော် မှထွက်၍၊ ကောင်းကင်ဘုံမှ ဆင်းသက်သော ယေရုရှလင် မြို့သစ် တည်းဟူသော၊ ငါ၏ဘုရားသခင် မြို့တော်၏ နာမကို၎င်း၊ ငါ၏နာမသစ်ကို၎င်း၊ ထိုသူအပေါ်၌ ငါသည် အက္ခရာတင်မည်။(ဗျာဒိတ်ကျမ်း ၃:၁၂) ဒီကျမ်းချက်နှစ်ခုလုံးက ဘုရားဟာနာမအသစ်ရှိလိမ့်မယ်လို့ ရှင်းရှင်းလင်းလင်း ပြောထားတယ်လေ။ အဲဒါက နာမအသစ်၊ သူတစ်ခါမှ မရှိဖူးတဲ့ နာမပါဆိုမှတော့၊ သူပြန်ကြွလာတဲ့အခါမှာ၊ ယေရှုလို့ ခေါ်မှာ မဟုတ်တာတော့ ကျိန်းသေတယ်။ ဒါဆိုရင် သူ့နာမအသစ်က ဘာလဲ။ အနန္တတန်ခိုးရှင် ဘုရားသခင်ပါ။ ဒါက ဗျာဒိတ်ကျမ်းရဲ့ ပရောဖက်ပြုချက်နဲ့ လုံးလုံး ကိုက်ညီတယ်လေ။ “ငါသည် အာလဖဖြစ်၏။ ဩမေဃလည်း ဖြစ်၏၊ အနန္တတန်ခိုးနှင့်ပြည့်စုံတော်မူ၍၊ ပစ္စုပ္ပန်၊ အတိတ်၊ အနာဂတ်ကာလအစဉ် ရှိတော်မူ၏။(ဗျာဒိတ်ကျမ်း ၁:၈)ဟာလေလုယ၊ အနန္တတန်ခိုးနှင့် ပြည့်စုံတော်မူသော ထာဝရ အရှင်သည် စိုးစံတော်မူ၏။(ဗျာဒိတ်ကျမ်း ၁၉:၆) ဗျာဒိတ်ကျမ်း ၄:၈၊ ၁၁:၁၇နဲ့ ၁၆:၇ တို့လိုမျိုး တခြားကျမ်းချက်တွေမှာလည်း “အနန္တတန်ခိုးရှင်” ဆိုတဲ့ နာမကို ဖော်ပြထားတယ်လေ။ နောက်ဆုံးသောကာလမှာ သခင် ပြန်ကြွလာတဲ့အခါ၊ သူ့ကို အနန္တတန်ခိုးရှင်၊ အနန္တတန်ခိုးရှင် ဘုရားသခင် လို့ ခေါ်တယ်ဆိုတာ အသိသာကြီးပဲ။ ဒါက သံသယဖြစ်စရာကို မရှိဘူး။ ယေရှုဆိုတဲ့ ဘုရားနာမတော်က ဘယ်တော့မှ ပြောင်းမှာ မဟုတ်ဘူး၊ ကျွန်တော်တို့ရဲ့ နောက်ဆုံးသောကာလ ကယ်တင်ရှင်ကို ယေရှုလို့ ခေါ်လိမ့်မယ်ဆိုတဲ့ ဒီယုံကြည်မှုက လက်တွေ့အရှိတရားနဲ့ နည်းနည်းလေးမှ မကိုက်တဲ့ လူ့အယူအဆ သက်သက်ပါပဲ။

ကယ်တင်ရှင် ပြန်ကြွလာသည့်အခါ၊ သူ့အား ယေရှုဟု ခေါ်ဦးမည်လော

ဒီအချိန်မှာ တချို့က မေးနိုင်တယ်။ ဘုရားက ဘာလို့ သူ့နာမကို ပြောင်းမှာလဲ။ ဒါရဲ့နောက်ကွယ်က အဓိပ္ပာယ်က ဘာလဲလို့ပေါ့။ အနန္တတန်ခိုးရှင် ဘုရားသခင်က သမ္မာတရားရဲ့ ဒီနက်နဲမှုတွေအားလုံးကို ထုတ်ဖော်ပြီးပြီ။ ဒါကို ပိုနားလည်သွားအောင် အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့နှုတ်ကပတ်တော်တွေကို တစ်ချက်ကြည့်ကြစို့။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ- “အချို့က ဘုရားသခင်၏ အမည်နာမသည် ပြောင်းလဲခြင်းမရှိဟု ပြော၏။ သို့ဖြစ်လျှင် ယေဟောဝါ၏အမည်သည် အဘယ်သို့ ယေရှုဖြစ်လာခဲ့သနည်း။ မေရှိယ ကြွလာမည်ကို ပရောဖက်ပြုထားခဲ့၏၊ သို့ဖြစ်လျှင် ယေရှုဟူသော အမည်ရှိသည့် လူသားတစ်ဦး အဘယ်ကြောင့် ကြွလာခဲ့သနည်း။ ဘုရားသခင်၏ နာမသည် အဘယ်ကြောင့် ပြောင်းလဲခဲ့သနည်း။ ထိုသို့သော အမှုကို အချိန်ကြာမြင့်စွာက ဆောင်ရွက်ခဲ့သည် မဟုတ်လော။ ယနေ့တွင် ဘုရားသခင်သည် သာ၍သစ်လွင်သောအမှုကို ပြုကောင်း မပြုနိုင်သလော။ ယမန်နေ့၏ အမှုသည် ပြောင်းလဲနိုင်သကဲ့သို့၊ ယေဟောဝါ၏ အမှုမှ ယေရှု၏အမှု လိုက်လာနိုင်ပေသည်။ ထိုသို့ဆိုလျှင် ယေရှု၏အမှုကိုလည်း အခြားအမှုက မဆက်ခံနိုင်သလော။ ယေဟောဝါ၏နာမသည် ယေရှုအဖြစ်သို့ ပြောင်းလဲနိုင်ခဲ့ပါက၊ ယေရှု၏နာမသည်လည်း မပြောင်းလဲနိုင်သလော။ ဤအရာမှ မည်သည့်အရာမျှ မထူးဆန်းပေ။ ယင်းမှာ လူတို့သည် ရိုးအလွန်းကြခြင်းသာ ဖြစ်သည်။ ဘုရားသခင်သည် အစဉ်အမြဲ ဘုရားသခင်ဖြစ်လိမ့်မည်။ သူ၏အမှု မည်သို့ပြောင်းလဲသည်ဖြစ်စေ၊ ပြီးလျှင် သူ၏ အမည်နာမ မည်သို့ ပြောင်းလဲနိုင်သည်ကို ပဓာနမထားဘဲ၊ သူ၏စိတ်သဘောထားနှင့် ဉာဏ်ပညာတို့သည် မည်သည့်အခါတွင်မျှ ပြောင်းလဲလိမ့်မည်မဟုတ်။ ဘုရားသခင်ကို ယေရှု၏နာမဖြင့်သာ ခေါ်ဆိုနိုင်သည်ဟု သင်ယုံကြည်ပါက၊ သင်၏ အသိပညာသည် အလွန် နည်းပါးလွန်းလှပေသည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ မိမိ၏ အယူအဆများထဲ၌ ဘုရားသခင်ကို ဘောင်ခတ်ထားသော လူသားသည် ဘုရားသခင်၏ ဗျာဒိတ်တော်များကို မည်သို့ လက်ခံရရှိနိုင်မည်နည်း)

ခေတ်တစ်ခုစီတွင်၊ ဘုရားသခင်သည် အမှုသစ်ကို လုပ်ဆောင်ပြီး နာမသစ်ဖြင့် ခေါ်ဆိုခံရသည်။ မတူသောခေတ်များတွင် သူသည် တူညီသော အမှုကို မည်သို့ လုပ်ဆောင်နိုင်မည်နည်း။ သူသည် မည်သို့ အဟောင်းကို ဖက်တွယ်ထားနိုင်မည်နည်း။ ယေရှုနာမကို ရွေးနုတ်ခြင်းအမှုအတွက် ခံယူထားခြင်းဖြစ်သည်၊ ထို့ကြောင့် နောက်ဆုံးသောကာလတွင် သူပြန်ကြွလာသောအခါ ထိုနာမဖြင့်ပင် သူ အခေါ်ခံရဆဲဖြစ်မည်လော။ သူသည် ရွေးနုတ်ခြင်းအမှုကို လုပ်ဆောင်ဦးမည်လော။ ယေဟောဝါနှင့် ယေရှုသည် တစ်လုံးတစ်ဝတည်းဖြစ်သော်လည်း၊ မတူညီသော ခေတ်များတွင် မတူညီသော နာမများဖြင့် ခေါ်ဆိုခံရသည်မှာ အဘယ်ကြောင့်နည်း။ ယင်းသို့ ခေါ်ဆိုခံရခြင်းမှာ ၎င်းတို့၏ အမှုနှင့်သက်ဆိုင်သည့် ခေတ်များက မတူညီသောကြောင့် ဖြစ်သည် မဟုတ်လော။ နာမတစ်ခုတည်းက ဘုရားသခင်ကို သူ၏ အလုံးစုံတွင် ကိုယ်စားပြုနိုင်မည်လော။ ထိုသို့ဖြစ်သောကြောင့် ဘုရားသခင်ကို မတူညီသော ခေတ်တစ်ခေတ်တွင် မတူသော နာမတစ်ခုဖြင့် ခေါ်ဆိုရမည်ဖြစ်ပြီး၊ သူသည် ခေတ်ကို ပြောင်းလဲရန်နှင့် ကိုယ်စားပြုရန် နာမကို အသုံးပြုရပေမည်။ အကြောင်းမှာ မည်သည့်နာမ တစ်ခုကမျှ ဘုရားသခင်ကိုယ်တိုင်ကို အပြည့်အဝ ကိုယ်စားမပြုနိုင်သောကြောင့် ဖြစ်ပြီး နာမတစ်ခုချင်းသည် သက်ဆိုင်ရာခေတ်တွင် ဘုရားသခင် စိတ်သဘောထား၏ ယာယီရှုထောင့်ကိုသာ ကိုယ်စားပြုနိုင်သောကြောင့် ဖြစ်သည်။ ယင်းနာမ လုပ်ရန် လိုအပ်သည့်အလုပ်ဟူသမျှအားလုံးမှာ သူ၏အမှုကို ကိုယ်စားပြုရန် ဖြစ်သည်။ သို့ဖြစ်ရာ၊ ဘုရားသခင်သည် ခေတ်တစ်ခုလုံးကို ကိုယ်စားပြုရန် သူ၏စိတ်သဘောထားနှင့် သင့်လျော်သည့် မည်သည့် နာမကိုမဆို ရွေးချယ်နိုင်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင့်အမှုတော်၏ ရူပါရုံ (၃))

‘ယေဟောဝါ’ ဆိုသည်မှာ ဣသရေလ၌ ငါအမှုပြုသည့် အတောအတွင်း ငါခံယူခဲ့သောနာမ ဖြစ်ပြီး ယင်းမှာ လူသားအပေါ် သနားညှာတာနိုင်သူ၊ လူသားကို ကျိန်ဆဲနိုင်ပြီး၊ လူသား၏ဘဝကို လမ်းပြပေးနိုင်သည့် ဣသရေလလူမျိုးများ (ဘုရားသခင် ရွေးချယ်ထားသောလူမျိုး)၏ ဘုရားသခင်ဟု အဓိပ္ပာယ်ရသည်။ ကြီးမြတ်သော တန်ခိုးကို ပိုင်ဆိုင်ပြီး ဉာဏ်ပညာနှင့် ပြည့်ဝသည့် ဘုရားသခင် ဖြစ်သည်။ ‘ယေရှု’ သည် ဧမာနွေလဖြစ်ပြီး၊ ယင်းက ချစ်ခြင်းမေတ္တာနှင့် ပြည့်ဝသည့်၊ သနားခြင်းကရုဏာဖြင့် ပြည့်ဝသကဲ့သို့ လူသားကို ရွေးနုတ်သည့် အပြစ်ဖြေရာယဇ်ဟု ဆိုလိုသည်။ သူသည် ကျေးဇူးတော်ခေတ်၏ အမှုကို လုပ်ဆောင်ခဲ့ကာ၊ ကျေးဇူးတော်ခေတ်ကို ကိုယ်စားပြုပြီး၊ စီမံခန့်ခွဲခြင်း အစီအစဉ်နှင့်ဆိုင်သော အမှု၏ တစ်စိတ်တစ်ဒေသကိုသာ ကိုယ်စားပြုနိုင်သည်။...ယေရှုသည်သာ လူသားမျိုးနွယ်တို့၏ ရွေးနုတ်ရှင် ဖြစ်ပြီး၊ သူသည် လူသားမျိုးနွယ်ကို အပြစ်မှရွေးနုတ်ခဲ့သည့် အပြစ်ဖြေရာယဇ် ဖြစ်သည်။ ယင်းမှာ ယေရှု၏ အမည်နာမသည် ကျေးဇူးတော်ခေတ်မှလာပြီး ကျေးဇူးတော်ခေတ်၌ ပြုခဲ့သော ရွေးနုတ်ခြင်း အမှုကြောင့် ဖြစ်တည်လာခဲ့သည်ဟု ဆိုရပေမည်။ ကျေးဇူးတော်ခေတ်၏ လူများကို ပြန်လည် မွေးဖွားစေပြီး ကယ်တင်ခံရခွင့်ပေးရန် ယေရှု၏ အမည်နာမ ဖြစ်တည်လာခဲ့ကာ လူသားမျိုးနွယ် တစ်ရပ်လုံး၏ ရွေးနုတ်ခြင်းအတွက် သီးသန့် နာမတစ်ခုဖြစ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ကယ်တင်ရှင်သည် “ဖြူသောမိုးတိမ်” စီးလျက် ပြန်ကြွလာနှင့်ပြီးဖြစ်သည်)

နောက်ဆုံးသော ကာလအတွင်းတွင် ကယ်တင်ရှင်ယေရှု၏ ကြွရောက်ခြင်းကို လူသားက တောင့်တဆဲ ဖြစ်ပြီး၊ ယုဒပြည်တွင် ခံယူခဲ့သော ရုပ်သွင်ဖြင့် ကြွလာရန် သူ့ကို မျှော်လင့်ဆဲ ဖြစ်ပါက၊ အနှစ်ခြောက်ထောင် စီမံခန့်ခွဲမှု အစီအစဉ်တစ်ခုလုံးသည် ရွေးနုတ်ခြင်းခေတ်၌ ရပ်တန့်သွားပြီးဖြစ်မည် ဖြစ်ကာ၊ နောက်ထပ် မည်သို့မျှ တိုးတက်နိုင်မည် မဟုတ်ပေ။ ထို့အပြင် နောက်ဆုံးသော ကာလသည် မည်သည့်အခါမျှ ရောက်ရှိမည် မဟုတ်သကဲ့သို့၊ ခေတ်သည် မည်သည့်အခါမျှ အဆုံးသတ်သို့ ရောက်မည် မဟုတ်ပေ။ ဤသည်မှာ အဘယ်ကြောင့်ဆိုသော် ကယ်တင်ရှင်ယေရှုသည် လူသားမျိုးနွယ်တို့၏ ရွေးနုတ်ခြင်းနှင့် ကယ်တင်ခြင်းအတွက်သာ ဖြစ်သောကြောင့် ဖြစ်သည်။ ကျေးဇူးတော်ခေတ်ရှိ အပြစ်သားအားလုံး အတွက် ယေရှု၏နာမကို ငါခံယူခဲ့ခြင်း ဖြစ်သော်လည်း၊ ယင်းသည် လူသားမျိုးနွယ် တစ်ရပ်လုံးကို အဆုံးသတ်တစ်ခုဆီသို့ ငါဆောင်ကြဉ်းမည့် နာမ မဟုတ်ပေ။ ယေဟောဝါ၊ ယေရှုနှင့် မေရှိယတို့အားလုံးသည် ငါ၏ဝိညာဉ်တော်ကို ကိုယ်စားပြုသော်လည်း၊ ဤအမည်နာမများသည် ငါ၏စီမံခန့်ခွဲခြင်း အစီအစဉ်နှင့်ဆိုင်သော မတူကွဲပြားသည့် ခေတ်များကိုသာ ရည်ညွှန်းပြီး ငါ၏အလုံးစုံ၌ ငါ့ကို ကိုယ်စားမပြုပေ။ ကမ္ဘာမြေပေါ်ရှိ လူတို့က ငါ့အားခေါ်ဝေါ်သော အမည်နာမများသည် ငါ၏အလုံးစုံသော စိတ်သဘောထားနှင့် ငါ၏ဖြစ်ခြင်းအားလုံးကို ရှင်းလင်းစွာ မပြောဆိုနိုင်ပေ။ ၎င်းတို့သည် မတူကွဲပြားသော ခေတ်များအတွင်း ငါ့အားခေါ်ဝေါ်ကြသော မတူညီသည့် အမည်နာမများမျှသာ ဖြစ်ပေသည်။ ထို့ကြောင့် နောက်ဆုံးခေတ်- နောက်ဆုံးသော ကာလ၏ ခေတ်- ရောက်ရှိသည့်အခါ၊ ငါ၏အမည်နာမသည် တစ်ဖန် ပြောင်းလဲလိမ့်မည်။ ငါ့ကို မေရှိယဟု ခေါ်ဖို့ မဆိုထားနှင့်၊ ယေဟောဝါ၊ သို့မဟုတ် ယေရှုဟုပင် ခေါ်မည်မဟုတ်၊ ငါ့ကို တန်ခိုးကြီးသော အနန္တတန်ခိုးရှင် ဘုရားသခင် ကိုယ်တော်တိုင်ဟူ၍ ခေါ်ကြမည် ဖြစ်ပြီး၊ ဤအမည်နာမအောက်တွင် ငါသည် ခေတ်ကာလ တစ်ခုလုံးကို အဆုံးသတ်သို့ ဆောင်ကြဉ်းမည် ဖြစ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ကယ်တင်ရှင်သည် “ဖြူသောမိုးတိမ်” စီးလျက် ပြန်ကြွလာနှင့်ပြီးဖြစ်သည်)

ဘုရားက သူ့နာမကို ပြောင်းလဲခြင်းရဲ့ အရေးပါမှုကို အခုကျွန်တော်တို့ မြင်နိုင်ပြီလို့ ထင်ပါတယ်။ ဘုရားက အမြဲ အသစ်ဖြစ်တယ်၊ ဘယ်တော့မှ မဟောင်းဘူး၊ ပြီးတော့ သူ့အမှုက အမြဲ ရှေ့ဆက်နေတာလေ။ ခေတ်ပြောင်းတာနဲ့အမျှ၊ သူ့အမှုပြောင်းတာနဲ့အမျှ၊ သူ့နာမက ဆက်ပြောင်းနေတယ်။ သူ့အမှုရဲ့အဆင့်တိုင်း၊ ခေတ်သစ်တိုင်းနဲ့အတူ အဲဒီခေတ်အတွက် သူပြုနေတဲ့အမှုနဲ့ သူဖော်ပြနေတဲ့ စိတ်သဘောထားကို ကိုယ်စားပြုဖို့ သီးခြားအဓိပ္ပာယ်ရှိတဲ့ နာမတစ်ခုကို ဘုရားက ခံယူတယ်။ ဒါကိုမြင်တော့၊ ကျွန်တော်တို့လည်း ယေဟောဝါနဲ့ ယေရှုဆိုတဲ့ နာမနှစ်ခုထဲမှာပဲ ဘုရားကို ဘောင်ခတ်တော့မှာ မဟုတ်ဘူးပေါ့။ ကျွန်တော်တို့ကိုယ်ပိုင် အယူအဆတွေ၊ စိတ်ကူးတွေထဲမှာ ဘုရားကို ဘောင်ခတ်တော့မှာ မဟုတ်ဘူး။ ဘုရားရဲ့အရာအားလုံးနဲ့ဖြစ်ခြင်းက အရာခပ်သိမ်းကို လွှမ်းခြုံတယ်ဆိုတာ ကျွန်တော်တို့အားလုံး သိကြပါတယ်။ သူက လုံးဝ ဉာဏ်ပညာရှိပြီး အနန္တတန်ခိုးရှိတယ်။ ဒါကို ဘယ်လူ့ဘာသာစကားကမှ မဖော်ပြနိုင်ဘူး။ ဒီတော့ နာမတစ်ခု၊ နှစ်ခုက ဘယ်လိုလုပ် ဖော်ပြနိုင်မှာလဲ။ ဘယ်နာမအရေအတွက်ကမှ ဘုရားရဲ့အရာအားလုံးနဲ့ ဖြစ်ခြင်းကို အပြည့်အဝ ကိုယ်စားမပြုနိုင်ဘူး။ ဒါကြောင့် ဘုရားက ခေတ်တစ်ခုချင်းစီအတွက် မတူတဲ့နာမတွေကို ခံယူတာပေါ့။ ပညတ်တော်ခေတ်မှာ ဘုရားကို ယေဟောဝါလို့ ခေါ်တယ်။ သူက အဲဒီနာမအောက်မှာပဲ ပညတ်တရားနဲ့ ပညတ်ချက်တွေကို ထုတ်ပြန်ခဲ့တယ်။ ကမ္ဘာပေါ်က လူသားမျိုးနွယ်ရဲ့ ဘဝကို သူလမ်းပြခဲ့တယ်။ အပြစ်က ဘာလဲဆိုတာရယ်၊ သူတို့ အသက်ရှင်နေထိုင်သင့်တဲ့ပုံစံ၊ ယေဟောဝါ ဘုရားသခင်ကို ကိုးကွယ်သင့်တဲ့ပုံစံရယ်ကို သိခွင့်ပေးခဲ့တယ်။ ယေဟောဝါက ပညတ်တော်ခေတ်အတွက် ဘုရား သတ်မှတ်ခဲ့တဲ့ နာမတော်ပဲ။ အဲဒီနာမတော်က အဲဒီခေတ်က သူ့အမှုနဲ့၊ အဲဒီအချိန်က သူဖော်ပြခဲ့တဲ့ သူ့စိတ်သဘောထားတွေဖြစ်တဲ့ သနားကရုဏာ၊ ဘုန်းအာနုဘော်နဲ့ အမျက်ဒေါသတို့ကိုပဲ ကိုယ်စားပြုခဲ့တယ်။ ပညတ်တော်ခေတ်အကုန်မှာ၊ လူတွေက စာတန်ကြောင့် ပိုဖောက်ပြန်ပျက်စီးလာပြီး ပိုအပြစ်ရှိလာကြတယ်။ ဘယ်သူကမှ ပညတ်တရားကို မနာခံနိုင်ခဲ့ကြဘူး။ အဲဒီလိုသာ ဆက်ဖြစ်နေရင်၊ သူတို့အားလုံးက ပညတ်တရားအောက်မှာ စီရင်ခံရ်ပြီး သေဒဏ်ပေးခံခဲ့ရမှာပဲ။ လူသားမျိုးနွယ်ကို ရွေးနုတ်ဖို့ ဘုရားက အမှုပြုဖို့ဆိုပြီး လူသားအနေနဲ့ ကိုယ်တိုင် လူ့ဇာတိခံယူခဲ့တာလေ။ ယေရှုဆိုတဲ့ နာမတော်အောက်မှာ ရွေးနုတ်ခြင်းအမှုကို ပြုရင်းနဲ့ပေါ့ဗျာ။ သူက ကျေးဇူးတော်ခေတ်ကို စပြီး ပညတ်တော်ခေတ်ကို အဆုံးသတ်ခဲ့တယ်။ သခင်ယေရှုက လူသားမျိုးနွယ်ဆီကို နောင်တတရားလမ်းကို ဆောင်ကြဉ်းပေးပြီး ကျွန်တော်တို့အပြစ်တွေကို ခွင့်လွှတ်ပေးခဲ့တာ။ ကျွန်တော်တို့အပေါ် ငြိမ်သက်ခြင်း၊ ဝမ်းမြောက်ခြင်းနဲ့ မယုံနိုင်စရာ ကျေးဇူးတော်တို့ကို ပေးအပ်ရင်းနဲ့ပေါ့။ နောက်ဆုံးတော့ သူက လူသားမျိုးနွယ်တစ်ခုလုံးကို ရွေးနုတ်ရင်း ကားစင်တင်ခံခဲ့ရတယ်။ ယေရှုဆိုတာဟာ ကျေးဇူးတော်ခေတ်အတွက် ဘုရား သတ်မှတ်တဲ့ နာမတော်ပါပဲ။ အဲဒါက အဲဒီခေတ်အတွက် သူ့ရဲ့ ရွေးနုတ်ခြင်းအမှုအပြင်၊ သူ့ရဲ့စိတ်သဘောထားတွေဖြစ်တဲ့ မေတ္တာနဲ့ သနားကရုဏာတို့ကိုလည်း ကိုယ်စားပြုတယ်။ ဘုရားအမှုရဲ့ ဒီအဆင့်နှစ်ခုကနေ သူ့နာမတစ်ခုချင်းစီက ထူးခြားတဲ့ အရေးပါမှုရှိတာကို ကျွန်တော်တို့ တွေ့ရပါတယ်။ အဲဒီနာမတွေက အဲဒီသီးခြား ခေတ်တစ်ခုအတွက် ဘုရားရဲ့ အမှုနဲ့ စိတ်သဘောထားတို့ကို ကိုယ်စားပြုတယ်။ တွေးကြည့်ကြရအောင်။ သခင်ယေရှုက ကျေးဇူးတော်ခေတ်မှာ ယေဟောဝါနာမကို ဆက်သုံးခဲ့မယ်ဆိုရင်၊ ဘုရားအမှုက ပညတ်တော်ခေတ်မှာတည်းက ရပ်ခဲ့ပြီးဖြစ်မှာပဲ။ အဲဒါဆိုရင် ဖောက်ပြန်ပျက်စီးတဲ့ လူသားမျိုးနွယ်လည်း လုံးဝ ရွေးနုတ်ခံခဲ့ရမှာ မဟုတ်ဘူး။ ကျွန်တော်တို့အားလုံးလည်း ကျွန်တော်တို့ အပြစ်တွေအတွက် ပညတ်တရားအောက်မှာ စီရင်ခံရပြီး သေဒဏ်ပေးခံခဲ့ရမှာ။ ကျွန်တော်တို့ ဒီနေ့အထိ လုံးဝ အသက်ရှင်မှာ မဟုတ်ဘူး။ နောက်ဆုံးသောကာလမှာလည်း ဒီလိုပဲ။ သခင်ယေရှုက ယေရှုဆိုတဲ့ နာမနဲ့ ပြန်လာခဲ့မယ်ဆိုရင်၊ ဘုရားရဲ့အမှုက ရွေးနုတ်ခြင်းအဆင့်မှာပဲရှိနေမှာဖြစ်ပြီး လူတွေက သခင်ယေရှုရဲ့ ရွေးနုတ်ခြင်းနဲ့ အပြစ်ခွင့်လွှတ်ခြင်းကိုပဲ ရနိုင်ခဲ့မှာလေ။ ကျွန်တော်တို့အားလုံး ပိုင်ဆိုင်တဲ့ အပြစ်နဲ့ပြည့်တဲ့ သဘာဝက ပြေလည်နိုင်မှာ မဟုတ်ဘူး။ ကျွန်တော်တို့က အပြစ်က လွတ်မြောက်ပြီး သန့်စင်ခံရဖို့ဆိုတာ မဖြစ်နိုင်သလို၊ ကောင်းကင်နိုင်ငံတော်နဲ့ ဘယ်တော့မှ ထိုက်တန်လာမှာ မဟုတ်ဘူး။ သခင်ယေရှုက နောက်ဆုံးသောကာလမှာ သူ့ရဲ့ ပြန်ကြွခြင်းအကြောင်းကို အကြိမ်အများကြီး ပရောဖက်ပြုခဲ့တယ်။ သူက သမ္မာတရားကို ဖော်ပြပြီး၊ လူသားမျိုးနွယ်ကို သန့်စင်ဖို့ တရားစီရင်ခြင်း အမှုကို ပြုမယ်၊ လူသားမျိုးနွယ်ကို အပြစ်ကနေ အပြည့်အဝ ကယ်တင်ပြီး ကျွန်တော်တို့ကို ဘုရားရဲ့နိုင်ငံတော်ထဲကို ခေါ်ဆောင်မယ်လို့ပေါ့။ သခင်ယေရှု ပြောခဲ့သလိုပေါ့။ “ငါ့စကားကို ကြားသောသူသည် မယုံကြည်ဘဲနေလျှင် ထိုသူကို ငါသည်အပြစ်မစီရင်။ လောကီသား တို့ကို အပြစ်စီရင်အံ့သောငှါ ငါလာသည်မဟုတ်၊ လောကီသား တို့ကို ကယ်တင်အံ့သောငှါငါလာ၏။ ငါ့ကိုပယ်၍ ငါ့စကားကို နာမခံသောသူအား အပြစ်စီရင်သောသူရှိသေး၏။ ငါဟောပြောသော စကား ပင် နောက်ဆုံးသောနေ့၌ ထိုသူအားအပြစ်စီရင်လိမ့်မည်။(ရှင်ယောဟန်ခရစ်ဝင် ၁၂:၄၇-၄၈)သင်တို့အား ငါပြောစရာ စကားအများ ရှိသော်လည်း၊ သင်တို့သည် ယခုမခံနိုင်ကြ။ သမ္မာတရားနှင့်ပြည့်စုံသော ထိုဝိညာဉ်တော်သည် ရောက်လာသောအခါ၊ သမ္မာတရားကို သင်တို့အား အကြွင်းမဲ့ သွန်သင်ပြလိမ့်မည်။(ရှင်ယောဟန်ခရစ်ဝင် ၁၆:၁၂-၁၃) ဒီတော့ နောက်ဆုံးသောကာလမှာ ဘုရားက ခေတ်သစ်နဲ့ သူ့အမှုသစ်ကို အစပြုတဲ့အခါမှာ သူ့ကို တကယ်ပဲ ယေရှုလို့ ခေါ်ဦးမလား။ လုံးဝ မဟုတ်ဘူးနော်။ သခင်ယေရှုက အနန္တတန်ခိုးရှင် ဘုရားသခင် အနေနဲ့ အမှုပြုဖို့ နောက်ဆုံးသောကာလမှာ ပြန်ကြွလာပြီ။ နိုင်ငံတော်ခေတ်ကို စပြီး ကျေးဇူးတော်ခေတ်ကို အဆုံးသတ်ရင်းနဲ့ပေါ့။ သူက ဘုရားအိမ်တော်က စတဲ့ တရားစီရင်ခြင်း အမှုပြုဖို့ သမ္မာတရားတွေကို ဖော်ပြတယ်။ လူသားမျိုးနွယ်ကို အပြစ်နဲ့ စာတန်ရဲ့ အင်အားစုတွေကနေ အပြည့်အဝကယ်တင်ဖို့၊ အောင်မြင်သူတစ်စုကို စုံလင်စေဖို့ပေါ့။ အဲဒီနောက်တော့ သူက မှောင်မိုက် ဆိုးရွားတဲ့ခေတ်ဟောင်းကို ချေဖျက်ရင်းနဲ့ ဆိုးယုတ်သူတွေ အပြစ်ပေးပြီး ကောင်းမြတ်သူတွေကို ဆုပေးဖို့ ဘေးဒုက္ခကြီးတွေ ကျရောက်စေလိမ့်မယ်။ အဲဒါပြီးရင် ခရစ်တော်ရဲ့နိုင်ငံတော်က ကမ္ဘာပေါ်မှာ ဖြစ်ပေါ်လာမယ်လေ။ ဒါက ဗျာဒိတ်ကျမ်းရဲ့ ပရောဖက်ပြုချက်တွေကို လုံးဝ ပြည့်စုံစေတာပေါ့။ “ငါသည် အာလဖဖြစ်၏။ ဩမေဃလည်း ဖြစ်၏၊ အနန္တတန်ခိုးနှင့်ပြည့်စုံတော်မူ၍၊ ပစ္စုပ္ပန်၊ အတိတ်၊ အနာဂတ်ကာလအစဉ် ရှိတော်မူ၏။(ဗျာဒိတ်ကျမ်း ၁:၈)ဟာလေလုယ၊ အနန္တတန်ခိုးနှင့် ပြည့်စုံတော်မူသော ထာဝရ အရှင်သည် စိုးစံတော်မူ၏။(ဗျာဒိတ်ကျမ်း ၁၉:၆)

အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ- “ငါ့ကို တစ်ချိန်က ယေဟောဝါဟု သိရှိခဲ့ကြသည်။ ငါ့ကို မေရှိယဟုလည်း ခေါ်ခဲ့ကြပြီး၊ လူတို့က ချစ်ခြင်းမေတ္တာနှင့် ရိုသေကြည်ညိုမှုဖြင့် ငါ့ကို ကယ်တင်ရှင်ယေရှုဟု တစ်ချိန်က ခေါ်ခဲ့ကြသည်။ သို့သော်လည်း ယနေ့တွင် ငါသည် လူအများက အတိတ်ကာလများတွင် သိခဲ့ကြသည့် ယေဟောဝါ သို့မဟုတ် ယေရှု မဟုတ်တော့ပေ။ ငါသည် နောက်ဆုံးသောကာလတွင် ပြန်ကြွလာပြီး ဖြစ်သည့် ဘုရားသခင်၊ ခေတ်ကို အဆုံးသတ်မည့် ဘုရားသခင် ဖြစ်ပေသည်။ ငါသည် မြေကြီးစွန်းမှ ထမြောက်တော်မူသော၊ ငါ၏အလုံးစုံသော စိတ်သဘောထားနှင့် ပြည့်ဝသကဲ့သို့၊ သြဇာအာဏာ၊ ဂုဏ်သိက္ခာ၊ ဘုန်းအာနုဘော်တို့နှင့် ပြည့်ဝနေသော ဘုရားသခင် ကိုယ်တော်တိုင် ဖြစ်သည်။ လူတို့သည် ငါနှင့် မည်သည့်အခါမျှ မဆက်ဆံဖူးပေ၊ ငါ့ကို မည်သည့်အခါမျှ မသိကျွမ်းဖူးကြသကဲ့သို့၊ ငါ၏စိတ်သဘောထားကို အမြဲတစေ မသိနားမလည် ဖြစ်ကြသည်။ ကမ္ဘာမြေကြီးကို ဖန်ဆင်းခြင်းမှသည် ယနေ့ထိတိုင်၊ လူတစ်ဦးတစ်ယောက်မျှ ငါ့အား မမြင်ဖူးလေပြီ။ ဤသည်မှာ နောက်ဆုံးသောကာလ၌ လူသားထံ ပေါ်ထွန်းသော်လည်း၊ လူသားအလယ် ကွယ်ဝှက်သည့် ဘုရားသခင် ဖြစ်ပေသည်။ သူသည် လောင်ကျွမ်းနေသော နေမင်းနှင့် တောက်လောင်နေသော မီးလျှံကဲ့သို့၊ တန်ခိုးနှင့်ပြည့်ကာ သြဇာအာဏာဖြင့် ပြည့်လျှမ်းလျက်၊ လူသားအလယ် အမှန်တကယ်နှင့် စစ်မှန်စွာ နေထိုင်လျက် ရှိသည်။ ငါ၏နှုတ်ကပတ်တော်များအားဖြင့် တရားစီရင်ခြင်း မခံရမည့် လူ သို့မဟုတ် အမှုအရာ တစ်ခုမျှ မရှိသကဲ့သို့၊ မီးလျှံ၏ လောင်ကျွမ်းခြင်းမှတစ်ဆင့် သန့်စင်ခြင်း မခံရမည့် လူ သို့မဟုတ် အမှုအရာ တစ်ခုမျှ မရှိပေ။ နောက်ဆုံးတွင် တိုင်းနိုင်ငံအားလုံးသည် ငါ့နှုတ်ကပတ်တော်များကြောင့် ကောင်းချီးပေးခံရမည် ဖြစ်ပြီး ငါ့နှုတ်ကပတ်တော်များကြောင့်လည်း တစ်စစီ ကြေမွပျက်စီး သွားလိမ့်မည် ဖြစ်သည်။ ဤနည်းဖြင့် နောက်ဆုံးသောကာလ အတွင်းရှိ လူအားလုံးက ငါသည် ပြန်ကြွလာသည့် ကယ်တင်ရှင် ဖြစ်ပြီး၊ လူသားမျိုးနွယ်အားလုံးကို သိမ်းပိုက်သော အနန္တတန်ခိုးရှင် ဘုရားသခင် ဖြစ်သည်ကို တွေ့မြင်ကြပေမည်။ ပြီးလျှင် ငါသည် တစ်ချိန်က လူသားအတွက် အပြစ်ဖြေရာယဇ် ဖြစ်ခဲ့သော်လည်း၊ နောက်ဆုံးသောကာလတွင် ခပ်သိမ်းသောအရာတို့ကို မီးရှို့ဖျက်ဆီးသည့် နေမင်း၏ မီးတောက်မီးလျှံများလည်း ဖြစ်လာသည့်အပြင်၊ ခပ်သိမ်းသောအရာတို့ကို ထုတ်ဖော်ပြသည့် ဖြောင့်မတ်ခြင်း၏ နေမင်းလည်း ဖြစ်လာသည်ကို အားလုံး တွေ့မြင်ရလိမ့်မည်။ ဤသည်မှာ နောက်ဆုံးသောကာလ၌ ငါ၏အမှု ဖြစ်သည်။ လူအားလုံးက ငါသည် ဖြောင့်မတ်သော ဘုရားသခင်၊ လောင်ကျွမ်းနေသော နေမင်းနှင့် တောက်လောင်နေသော မီးလျှံဖြစ်သည်ကို တွေ့မြင်နိုင်ရန်အလို့ငှာနှင့် အားလုံးက တစ်ပါးတည်း စစ်မှန်သော ဘုရားသခင် ငါ့ကို ကိုးကွယ်နိုင်ကြဖို့အလို့ငှာ၊ ပြီးလျှင် ၎င်းတို့သည် ငါ၏စစ်မှန်သော မျက်နှာကို တွေ့မြင်နိုင်ကြရန်အလို့ငှာ ဤအမည်နာမကို ငါယူပြီး ဤစိတ်သဘောထားကို ငါပိုင်ဆိုင်ပေသည်- ငါသည် ဣသရေလအမျိုးသားတို့၏ ဘုရားသခင် ဖြစ်သည်သာမက၊ ရွေးနုတ်ရှင်သာ ဖြစ်သည် မဟုတ်ပေ။ ငါသည် ကောင်းကင်၊ မြေကြီးနှင့် ပင်လယ်ပြင် တစ်လျှောက်လုံးရှိ အဖန်ဆင်းခံ သတ္တဝါအားလုံး၏ ဘုရားသခင် ဖြစ်ပေသည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ကယ်တင်ရှင်သည် “ဖြူသောမိုးတိမ်” စီးလျက် ပြန်ကြွလာနှင့်ပြီးဖြစ်သည်)

အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့နှုတ်ကပတ်တော်တွေက အရမ်းရှင်းလင်းတာပဲ။ ယေဟောဝါ၊ ယေရှုနဲ့ အနန္တတန်ခိုးရှင် ဘုရားသခင်တို့က တစ်ပါးတည်းသော စစ်မှန်တဲ့ ဘုရားသခင်ရဲ့ နာမတော်တွေပါ။ သူက ပညတ်တော်ခေတ်၊ ကျေးဇူးတော်ခေတ်နဲ့ နိုင်ငံတော်ခေတ်တို့အတွက် မတူတဲ့ နာမတော်တွေကို ခံယူတယ်။ သူ့အမှုနဲ့ သူ့နာမက ခေတ်အလိုက်ပြောင်းလဲပြီး နည်းအမျိုးမျိုးနဲ့ သူပေါ်ထွန်းပေမဲ့လည်း၊ သူ့အနှစ်သာရနဲ့ စိတ်သဘောထားတွေက လုံးဝ မပြောင်းလဲသလို၊ သူ့ရဲ့ အရာအားလုံးနဲ့ ဖြစ်ခြင်းက ဘယ်တော့မှ ပြောင်းမှာ မဟုတ်ဘူး။ သူက လူသားမျိုးနွယ်ကို ဦးဆောင်ဖို့၊ ရွေးနုတ်ဖို့နဲ့ အပြည့်အဝ ကယ်တင်ဖို့ အမှုပြုနေတဲ့ ထာဝရ တစ်ပါးတည်းသော ဘုရား၊ တစ်ပါးတည်းသော ဝိညာဉ်တော်ပါပဲ။ နောက်ဆုံးသောကာလမှာ သူက အနန္တတန်ခိုးရှင် ဘုရားသခင်အနေနဲ့ လူ့ဇာတိခံယူပြီး သူ့ကို ယေရှုလို့ မခေါ်သလို၊ သူက ပုံမှန်လူတစ်ယောက်နဲ့တူပေမဲ့၊ လူသားမျိုးနွယ်ကို သန့်စင်ပြီး ကယ်တင်တဲ့ သမ္မာတရားအားလုံးကို ဖော်ပြပြီးပြီ။ ဘုရားအိမ်တော်ကစတဲ့ တရားစီရင်ခြင်းအမှုကို ပြုရင်းနဲ့ပေါ့။ သူက လူတွေကို သူ့နှုတ်ကပတ်တော်တွေနဲ့ တရားစီရင်ပြီး ဖော်ထုတ်တယ်။ စာတန်ကြောင့်ဖြစ်တဲ့ ကျွန်တော်တို့ရဲ့ နက်နဲတဲ့ ဖောက်ပြန်ပျက်စီးခြင်းနဲ့ ဆိုးယုတ်တဲ့ သဘာဝတွေကို ထုတ်‌ဖော်ပြရင်းနဲ့ ကျွန်တော်တို့ သန်စင်ခံရပြီး ကယ်တင်ခံရဖို့ လိုအပ်တဲ့ သမ္မာတရားရဲ့ သွင်ပြင်လက္ခဏာ အားလုံးကို ပြတယ်။ သူရွေးချယ်ထားတဲ့လူတွေက သူ့နှုတ်ကပတ်တော်တွေကို နေ့တိုင်း စားသောက်ကြတယ်။ သူ့နှုတ်ကပတ်တော်တွေရဲ့ တရားစီရင်ခြင်း၊ ပြစ်တင်ဆုံးမခြင်း၊ ကိုင်တွယ်ဖြေရှင်းခြင်း၊ စမ်းသပ်ခြင်းနဲ့ စစ်ဆေးခြင်းတို့ကို လက်ခံပြီး သူတို့ရဲ့ ဖောက်ပြန်ပျက်စီးခြင်းက တဖြည်းဖြည်းသန့်စင်ခံရသလို၊ ပြောင်းလဲလာတယ်။ သူတို့က ဆိုးယုတ်ခြင်းနဲ့ စာတန်ရဲ့အင်အားစုတွေကနေ တဖြည်းဖြည်း လွတ်မြောက်ပြီး ဘုရားရဲ့ အပြည့်အဝ ကယ်တင်တာကို ခံရတယ်လေ။ အနန္တတန်ခိုးရှင် ဘုရားသခင်က ဘေးဒုက္ခတွေ မတိုင်ခင်မှာ ‌အောင်မြင်သူတစ်စုကို စုံလင်စေနှင့်ပြီးပါပြီ။ ဘုရားရဲ့ ဉာဏ်ပညာနဲ့ အနန္တတန်ခိုးကို အပြည့်အဝ ပြရင်းနဲ့ပေါ့။ အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ အမှု ကာလအတွင်းမှာ ကွန်မြူနစ်ပါတီရဲ့ ဆိုးယုတ်တဲ့ အင်အားစုတွေရဲ့ ရက်စက်တဲ့ မရပ်မနား ညှဉ်းပန်းမှုနဲ့ ဖမ်းဆီးမှုတွေအပြင် ဘာသာရေးလောကရဲ့ အန္တိခရစ် အင်အားစုတွေရဲ့ အရူးအမူး ရှုတ်ချခြင်းနှင့် ပြစ်မှားစော်ကားခြင်းတွေ ရှိပေမယ့်လည်း၊ အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နိုင်ငံတော် ဧဝံဂေလိတရားက တစ်ကမ္ဘာလုံးကို ကူးသန်းရင်းနဲ့ အရှေ့ကနေ အနောက်ကို ပျံ့နှံ့သွားပြီ။ ဒါဟာ ဘုရားရဲ့ ကြီးမားတဲ့အမှုက ပြီးစီးနေပြီဖြစ်ကြောင်း၊ အနန္တတန်ခိုးရှင် ဘုရားသခင်က စာတန်အပေါ် လုံးလုံး အောင်မြင်ပြီး ဘုန်းအသရေ အားလုံးကို ရနေကြောင်း ပြနေပါတယ်။ ကြီးမားတဲ့ ဘေးဒုက္ခတွေက စတင်နှင့်ပြီဖြစ်သလို၊ ဘာသာရေးလောကဟာ ကစဉ့်ကလျားဖြစ်ပြီးပေမဲ့၊ သူတို့ထဲက တော်တော်များများက သခင်ယေရှုမိုးတိမ်စီးကြွလာဖို့ကို စောင့်မျှော်ရင်းနဲ့၊ သခင်ယေရှုဆိုတဲ့ နာမကို ခေါင်းမာမာနဲ့ ဖက်တွယ်ထားကြတုန်းပါပဲ။ အနန္တတန်ခိုးရှင် ဘုရားသခင်က သမ္မာတရား ဘယ်လောက်ကို ဖော်ပြပါစေ၊ သူ့အမှုက ဘယ်လောက်ကြီးမားပါစေ သူတို့က အဲဒါကို အသိအမှတ်ပြုဖို့နဲ့ လက်ခံဖို့ ငြင်းဆန်ကြတယ်လေ။ သူ့ပေါ်ထွန်းခြင်းနဲ့ အမှုတို့ကိုတောင် အရူးအမူး ရှုတ်ချပြီး ပုန်ကန်ကြတယ်။ သူတို့က မေရှိယဆိုတဲ့ နာမကို ဖက်တွယ်ပြီး သခင်ယေရှုကို အရူးအမူး အာခံနေခဲ့ကြတဲ့ အဲဒီဖာရိရှဲတွေနဲ့ ဘာများ ကွာခြားကြလို့လဲ။ သူတို့အားလုံးက အခြေခံအားဖြင့်တော့ ဘုရားကို ကားတိုင်မှာ သံမှိုစွဲနှက်တဲ့ လူတွေပဲ မဟုတ်ဘူးလား။ သူတို့က သခင်ယေရှုဆိုတဲ့ နာမကို အချည်းနှီး ဖက်တွယ်ထားကြပေမဲ့၊ အနန္တတန်ခိုးရှင် ဘုရားသခင်ကိုတော့ အရူးအမူး အာခံပြီး ရှုတ်ချကြတယ်။ အဆုံးမှာ သူတို့အတွက် ဘယ်အရာက စောင့်နေမယ် ထင်သလဲ။

နိဂုံးချုပ်အနေနဲ့ အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နှုတ်ကပတ်တော် ဗီဒီယိုတစ်ခုကို ကြည့်ကြရအောင်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ- “ဖာရိရှဲတို့က ယေရှုကို ဆန့်ကျင်ခဲ့သည့် အကြောင်းရင်း၏ အရင်းအမြစ်ကို သင်တို့ သိလိုပါသလော။ ဖာရိရှဲတို့၏ အနှစ်သာရကို သင်တို့သိရှိရန် ဆန္ဒရှိသလော။ ၎င်းတို့သည် မေရှိယနှင့် ပတ်သက်သည့် စိတ်ကူးယဉ်မှုများနှင့် ပြည့်နှက်ခဲ့ကြသည်။ ထို့အပြင်၊ မေရှိယလာမည်ဟုသာ ၎င်းတို့ယုံကြည်ခဲ့ကြသော်လည်း၊ အသက် သမ္မာတရားကို မလိုက်စားခဲ့ကြချေ။ ထို့ကြောင့် ၎င်းတို့သည် အသက်၏လမ်းခရီးနှင့် သက်ဆိုင်သည့် အသိမရှိသကဲ့သို့၊ သမ္မာတရား၏လမ်းခရီးက မည်သည့်အရာဖြစ်သည်ကို မသိကြသည့်အတွက်၊ ယနေ့တွင်ပင် ၎င်းတို့သည် မေရှိယကို စောင့်ဆိုင်းဆဲဖြစ်၏။ ထိုသို့ မိုက်မဲသည့်၊ ခေါင်းမာပြီး မသိနားမလည်သော သူတို့သည် ဘုရားသခင်၏ ကောင်းချီး မင်္ဂလာကို ရရှိနိုင်မည်ဟု သင်တို့ မည်သို့ဆိုနိုင်မည်နည်း။ မေရှိယကို ၎င်းတို့ မည်သို့ ရှုမြင်နိုင်မည်နည်း။ ၎င်းတို့သည် သန့်ရှင်းသော ဝိညာဉ်တော်၏ အမှု ဦးတည်ရာကို မသိကြသောကြောင့်၊ ယေရှုပြောသည့် သမ္မာတရား၏လမ်းခရီးကို မသိကြသောကြောင့်၊ ထို့အပြင် မေရှိယကို ၎င်းတို့ နားမလည်ခဲ့ကြသောကြောင့် ယေရှုကို ဆန့်ကျင်ခဲ့ကြခြင်း ဖြစ်သည်။ ၎င်းတို့သည် မေရှိယကို လုံးဝ မမြင်ဖူးကြသကဲ့သို့၊ မေရှိယနှင့် အဖော်ပြုခြင်း လုံးဝမရှိကြသည့်အတွက်၊ မေရှိယ၏ အနှစ်သာရကို ဖြစ်နိုင်သမျှ မည်သည့်နည်းနှင့်မဆို ဆန့်ကျင်နေစဉ်တွင် မေရှိယ၏ နာမမျှကိုသာ ဖက်တွယ်နေခြင်းတည်းဟူသော အမှားကို ပြုမိခဲ့ကြ၏။ ဤဖာရိရှဲတို့သည် အနှစ်သာရအားဖြင့် ခေါင်းမာကြသည်၊ မာနထောင်လွှားပြီး၊ သမ္မာတရားကို မနာခံခဲ့ကြချေ။ ၎င်းတို့၏ ဘုရားသခင်ကို ယုံကြည်ခြင်း အခြေခံသဘောတရားမှာ- သင်၏ဟောပြောမှု မည်မျှ နက်နဲသည်‌ဖြစ်စေ၊ သင်၏ သြဇာအာဏာ မည်မျှ မြင့်မားသည်ဖြစ်စေ၊ မေရှိယဟု အခေါ်မခံရပါက သင်သည် ခရစ်တော်မဟုတ်ဟူ၍ ဖြစ်သည်။ ဤယုံကြည်မှုသည် မဖြစ်နိုင်သကဲ့သို့ ရယ်ဖွယ်ကောင်းသည် မဟုတ်လော။ သင်တို့ကို နောက်ထပ် ငါ မေးမည်- ယေရှုနှင့်သက်ဆိုင်သည့် သိနားလည်မှု အနည်းငယ်မျှ မရှိသည်ကို ထောက်ဆလျှင်၊ အစောဆုံးကျသည့် ဖာရိရှဲတို့၏ အမှားများကို သင်တို့ ကျူးလွန်ရန် အလွန့်အလွန် လွယ်ကူသည် မဟုတ်လော။ သင်သည် သမ္မာတရား၏ လမ်းခရီးကို ထိုးထွင်းသိမြင်နိုင်သလော။ သင်သည် ခရစ်တော်ကို ဆန့်ကျင်မည်မဟုတ်ဟု အမှန်တကယ် အာမခံနိုင်သလော။ သင်သည် သန့်ရှင်းသောဝိညာဉ်တော်၏ လုပ်ဆောင်ချက်နောက် လိုက်နိုင်ပါသလော။ သင်သည် ခရစ်တော်ကို ဆန့်ကျင်မည်၊ မဆန့်ကျင်မည်ကို မသိပါက၊ သင်သည် သေခြင်း၏ချောက်ကမ်းစွန်းတွင် အသက်ရှင်နေနှင့်ပြီးဖြစ်သည်ဟု ငါဆိုသည်။ မေရှိယကို မသိခဲ့သောသူအားလုံးသည် ယေရှုကိုဆန့်ကျင်နိုင်စွမ်းရှိကြသည်၊ ယေရှုကိုငြင်းပယ်နိုင်စွမ်းရှိကြသည်၊ သူ့ကို အသရေဖျက်နိုင်စွမ်းရှိကြလေသည်။ ယေရှုကို နားမလည်သောလူ အားလုံးသည် သူ့ကို ငြင်းပယ်နိုင်စွမ်းရှိကြပြီး သူ့ကို ဝေဖန်ပုတ်ခတ်နိုင်စွမ်း ရှိသည်။ ထို့အပြင်၊ ၎င်းတို့သည် ယေရှု၏ ပြန်ကြွလာခြင်းကို စာတန်၏ လှည့်ဖြားမှုအဖြစ် မြင်နိုင်စွမ်းရှိကြပြီး ယေရှု လူ့ဇာတိ ပြန်လည်ခံယူသည်ကို သာ၍ များသော လူတို့က ရှုတ်ချကြလိမ့်မည်။ ဤအရာအားလုံးက သင်တို့ကို စိုးရွံ့စေသည် မဟုတ်လော။ သင် ရင်ဆိုင်သည့်အရာမှာ သန့်ရှင်းသောဝိညာဉ်တော်ကို ပြစ်မှားစော်ကားခြင်း၊ သန့်ရှင်းသောဝိညာဉ်တော်က အသင်းတော်များထံ မြွက်ဆိုသော နှုတ်ကပတ်တော်များအား ယိုယွင်းပျက်စီးစေခြင်းနှင့် ယေရှု ဖော်ပြခဲ့သည့် အရာအားလုံးကို ပစ်ပယ်ခြင်းတို့ ဖြစ်လိမ့်မည်။ သင်တို့သည် အလွန် စိတ်ရှုပ်ထွေးပါက၊ ယေရှုထံမှ မည်သည့်အရာကို ရရှိနိုင်မည်နည်း။ သင်တို့၏အမှားများကို နားလည်ဖို့ ခေါင်းမာစွာ ငြင်းဆိုပါက၊ ယေရှုသည် ဖြူသောမိုးတိမ်စီးကာ လူ့ဇာတိ ပြန်လည်ခံယူချိန်တွင် သူ၏ အမှုကို သင်တို့ မည်ကဲ့သို့ နားလည်နိုင်ကြမည်နည်း။ ဤအရာကို သင်တို့အား ငါ ပြော၏- သမ္မာတရားကို လက်မခံသော်လည်း၊ ယေရှု ဖြူသောမိုးတိမ်စီးကာ ကြွရောက်ခြင်းကို ကြောင်းကျိုးမမြင်ဘဲ စောင့်ဆိုင်းသည့် လူတို့သည် သန့်ရှင်းသောဝိညာဉ်တော်ကို ဧကန်မုချ ပြစ်မှားစော်ကားမိမည်ဖြစ်ပြီး၊ ၎င်းတို့သည် ဖျက်ဆီးခံရမည့် အမျိုးအစားဖြစ်ပေသည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ယေရှု၏ဝိညာဉ်ခန္ဓာကို သင်တွေ့မြင်သည့်အချိန်တွင် ဘုရားသခင်သည် ကောင်းကင်နှင့်မြေကြီးကို အသစ်တစ်ဖန် ပြုလုပ်ပြီးဖြစ်လိမ့်မည်)

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

စစ်မှန်သည့် ခရစ်တော်နှင့် ခရစ်တော် အယောင်ဆောင်များကို ပိုင်းခြားသိမြင်ခြင်း

ဒီနေ့ စစ်မှန်တဲ့ ခရစ်တော်နဲ့ ခရစ်တော် အယောင်ဆောင်တွေကို ဘယ်လို ပိုင်းခြားသိမြင်ရမယ်ဆိုတာကို ကျွန်တော်ပြောချင်ပါတယ်။ ဒါက ဘုရားအပေါ်...

သမ္မာကျမ်းထဲတွင် ဘုရားသခင်၏ အမှုတော်နှင့်နှုတ်ကပတ်တော် များအားလုံး ရှိသည် ဆိုသည်မှာ မှန်ပါသလား

ကယ်တင်ရှင်ဖြစ်တဲ့ အနန္တတန်ခိုးရှင် ဘုရားသခင် ဟာ နောက်ဆုံးသောကာလမှာ ပေါ်ထွန်းလာပြီး အမှုပြုနေတဲ့အပြင် သန်းနဲ့ချီတဲ့နှုတ်ကပတ်တော် တွေကို...

သခင်သည် အမှန်တကယ် မိုးတိမ်စီးလျက် ပြန်လာမည်လော

ကျွန်မတို့ဟာ ကပ်ဘေးတွေ တစ်ခုပြီးတစ်ခု တွေ့နေရပြီး ကပ်ရောဂါတွေကလည်း ကမ္ဘာအနှံ့ ဖြစ်ပွားနေပါတယ်။ မိုးတိမ်စီးလို့ သခင်ပြန်ကြွလာပြီး သူတို့ကို...

နောက်ဆုံးသောကာလ လူ့ဇာတိခံဘုရားသခင်သည် အဘယ်ကြောင့် အမျိုးသမီးဖြစ်သနည်း

နောက်ဆုံးသောကာလမှာ လူ့ဇာတိခံ အနန္တတန်ခိုးရှင်ဘုရားသခင်ဟာ အမှုတော်ဆောင်ပြီး သမ္မာတရားများစွာကို ဖော်ပြဖို့အတွက် ပေါ်ထွန်းခဲ့ပါတယ်။...

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။