အနန္တတန်ခိုးရှင် ဘုရားသခင်ကို ယုံကြည်ခြင်းသည် သခင်ယေရှုကို သစ္စာဖောက်ခြင်းဖြစ်ပါသလား

28.11.2021

၁၉၉၁ ခုနှစ်ကတည်းက အနန္တတန်ခိုးရှင် ဘုရားသခင်ဆိုတဲ့ နောက်ဆုံးသောကာလရဲ့ ခရစ်တော် ပေါ်ထွန်းခဲ့ပြီး စအမှုပြုတဲ့အပြင် သမ္မာတရားတွေကို ဖော်ပြခဲ့တာဟာ နှစ်ပေါင်း ၃၀ ကြာခဲ့ပါပြီ။ သူ့နှုတ်ကပတ်တော် သန်းနဲ့ချီပါဝင်ပြီး အွန်လိုင်းပေါ်မှာ အားလုံး တင်ထားတဲ့ နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ ကို သူဖော်ပြခဲ့တယ်။ အရှေ့ကနေ အနောက်ကို ကြီးမားတဲ့ အလင်းတစ်ခုလို ထွန်းတောက်ရင်း၊ တစ်ကမ္ဘာလုံးကို တုန်လှုပ်စေရင်းနဲ့ပေါ့။ သမ္မာတရားကို ချစ်တဲ့ ဂိုဏ်းဂဏအားလုံးက လူတော်တော်များများက အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေက သမ္မာတရားဖြစ်မှန်း၊ အသင်းတော်တွေကို သန့်ရှင်းသော ဝိညာဉ်တော် စကားပြောနေတာ ဖြစ်မှန်း တွေ့ကြပြီးပြီ။ ဘုရားအသံတော်ကို ကြားပြီး သူတို့က အနန္တတန်ခိုးရှင် ဘုရားသခင်ကို စိတ်ထက်ထက်သန်သန်နဲ့ လက်ခံကြပြီးပါပြီ။ သူတို့က ဘုရားပလ္လင်တော် ရှေ့ကို ချီမတာ ခံရပြီး သိုးသငယ်ရဲ့ မင်္ဂလာဆောင်စားပွဲကို တက်ရောက်နေကြတယ်လေ။ နေ့တိုင်း ဘုရားရဲ့ လက်ရှိနှုတ်ကပတ်တော်တွေကို စားသောက်ရင်း၊ အသက်ရေရဲ့ အာဟာရကို မွေ့လျော်ရင်းနဲ့ပေါ့။ သူတို့စိတ်နှလုံးက ပိုပို ဉာဏ်အလင်းရကြပြီး သမ္မာတရား တော်တော်များများကို သူတို့ သိကြရပြီ။ သူတို့မှာ ဘုရားရဲ့ ကိုယ်တိုင် လမ်းပြမှုနဲ့ ထိန်းကျောင်းမှုရှိတယ်လေ။ သူတို့ရဲ့ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားတွေက ဘုရားရဲ့ တရားစီရင်ခြင်းကတစ်ဆင့် သန့်စင်ခံရပြီး ပြောင်းလဲလျက်ရှိတယ်။ သူတို့မှာ လှပတဲ့ သက်သေခံချက်တွေလည်း ရှိတယ်လေ။ သူတို့က ဘေးဒုက္ခတွေမတိုင်ခင် ဘုရားရဲ့ အောင်မြင်သူတွေအဖြစ် ပြုလုပ်တာကို ခံကြရပြီး အဦးသီးတွေ ဖြစ်လာတယ်။ ဘုရားရဲ့ ထောက်ခံမှုနဲ့ ကောင်းချီးတွေကို ရကြတယ်လေ။ ဒီနေ့ အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော်က ကမ္ဘာအနှံ့နိုင်ငံတွေမှာ တိုးပွားလာတာဟာ နွေဦးမိုးအပြီး ဦးဦးဖျားဖျား ထွက်လာတဲ့ အဖူးအငုံလေးတွေလိုပဲ။ ဘုရားရွေးချယ်ထားတဲ့လူတွေကလည်း ဘုရားရဲ့နိုင်ငံတော် ဧဝံဂေလိတရားကို အစွမ်းကုန် ဖြန့်ဝေကြတယ်။ အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နာမတော်ကို သက်သေခံရင်းနဲ့ပေါ့။ နိုင်ငံတွေ၊ ဒေသတွေနဲ့ ဂိုဏ်းဂဏအားလုံးက ပိုပိုများတဲ့လူတွေက ဘုရားရဲ့ နောက်ဆုံးသောကာလ အမှုကို လက်ခံနေကြတယ်။ ဒီနိုင်ငံတော် ဧဝံဂေလိတရားက ရပ်တန့်လို့မရတဲ့ အင်အား၊ အရှိန်တို့နဲ့ ပျံ့နှံ့တိုးချဲ့နေလိုက်တာဆိုတာ ကျမ်းစာဆိုင်ရာ ပရောဖက်ပြုချက်တွေကို လုံးလုံးပြည့်စုံစေတယ်။ “နောက်ဆုံးသော ကာလတွင် ယေဟောဝါအိမ်တော်၏ တောင်သည် တောင်များ၏ထိပ်တွင် တည်ရလိမ့်မည်ဖြစ်ပြီး တောင်ကုန်းများအထက်တွင် ချီးမြှောက်ခြင်းခံရလိမ့်မည်။ ပြီးလျှင် ခပ်သိမ်း သောလူမျိုးတို့သည် ထိုတောင်သို့ စည်းဝေးကြလိမ့်မည်။(အနာဂတ္တိကျမ်း ၂:၂)လျှပ်စစ်သည် အရှေ့မှပြက်၍အနောက်တိုင်အောင် ထွန်းလင်းသကဲ့သို့၊ လူသားသည် ကြွလာတော် မူလတံ့။(ရှင်မဿဲခရစ်ဝင် ၂၄:၂၇) ဒါပေမဲ့ ယုံကြည်သူတွေ တော်တော်များများက အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေကို ဖတ်ရှု၊ လက်ခံယုံကြည်ပြီး အဲဒါတွေက သမ္မာတရားတွေချည်းပဲဆိုတာကို သိမှတ်ပေမဲ့၊ အနန္တတန်ခိုးရှင် ဘုရားသခင်က ပုံမှန်လူတစ်ယောက်နဲ့တူပြီး သခင်ယေရှု မိုးတိမ်စီးကြွလာတာ မဟုတ်တဲ့အတွက်၊ သူ့ကို သူတို့ လက်မခံရဲကြဘူး။ တချို့က ကျမ်းစာထဲက တိုက်ရိုက်စကားတွေကို ဖက်တွယ်ထားကြတယ်။ သခင်ယေရှုရဲ့နာမက ဘယ်တော့မှ မပြောင်းလဲဘူးလို့ အဓိပ္ပာယ်ကောက်ဖို့ကို “ယေရှုခရစ်သည် မနေ့၊ ယနေ့၊ နောင်ကာလ အစဉ်အမြဲ မပြောင်းမလဲနေတော်မူ၏။” (ဟေဗြဲသြဝါဒစာ ၁၃:၈) ဆိုတဲ့ ကျမ်းပိုဒ်ကို ယူထားကြတယ်လေ။ အနန္တတန်ခိုးရှင် ဘုရားသခင်က ယေရှုလို့ မခေါ်သလို၊ ကျမ်းစာမှာလည်း “အနန္တတန်ခိုးရှင် ဘုရားသခင်” နာမကို လုံးဝမဖော်ပြဖူးတာကို မြင်ပြီး သူတို့က သူ့ကို လက်မခံချင်ကြဘူး။ သူတို့ကပြောတယ်။ သူ့ကို သူတို့ တကယ်လက်ခံခဲ့ပြီး၊ အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေကိုသာ ဖတ်ပြီး ကျမ်းစာမဖတ်တဲ့အပြင်၊ ယေရှုနာမနဲ့ ဆုတောင်းတာကို ရပ်လိုက်ရင်၊ အဲဒါဟာ သခင်ယေရှုကို သိသိသာသာ သစ္စာဖောက်တာပဲဖြစ်မှာ။ သခင့်ကို နှစ်ပေါင်းများစွာ ယုံကြည်ပြီး၊ သူ့ကျေးဇူးတော်တွေ အများကြီးကို မွေ့လျော်ခံစားပြီးတဲ့နောက်မှာ၊ သူတို့ သူ့ကို သစ္စာဖောက်ဖို့ မဖြစ်နိုင်ဘူးလေ။ ဒါကတော့ သူတို့ တွေးခေါ်မြော်မြင်မှုပေါ့။ အနန္တတန်ခိုးရှင် ဘုရားသခင်ကို ယုံကြည်တဲ့သူတွေကိုလည်း သခင်ယေရှုကို သစ္စာဖောက်သူတွေအနေနဲ့၊ သူတို့ ရှုတ်ချလိုက်သေးတယ်။ အယူဝါဒစွန့်သူတွေ ဆိုပြီးတော့ပေါ့။ ဒီအကြောင်းကြောင့် တော်တော်များများက စစ်မှန်တဲ့လမ်းခရီးကို မလေ့လာ မစုံစမ်းကြဘူး။ သူတို့က အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေဟာ သမ္မာတရားနဲ့ ဘုရားအသံတော်ဖြစ်မှန်း အသိအမှတ်ပြုရင် ပြုကြလိမ့်မယ်။ ဒါပေမဲ့ သူ့ကို လက်မခံရဲသေးဘူး။ အကျိုးဆက်အနေနဲ့၊ သူတို့က သူတို့ဘဝထဲက ဘေးဒုက္ခတွေကို မလွန်ဆန်နိုင်ကြဘူး။ ဒါဟာ တကယ်ကို ဝမ်းနည်းစရာ၊ မိုက်မဲပြီး မသိနားမလည်တာပဲ။ ဒါက ကျမ်းစာထဲက တခြားတစ်ခုကိုလည်း ပြည့်စုံစေတယ်လေ။ “မိုက်သောသူတို့က ဉာဏ်မရှိသောကြောင့် သေကြလိမ့် မည်။” (သုတ္တံကျမ်း ၁၀:၂၁)ငါ့လူတို့သည် ပညာနည်းသောကြောင့် ဆုံးရှုံး ကြ၏။(ဟော ၄:၆) ဒီတော့ အနန္တတန်ခိုးရှင် ဘုရားသခင်ကို လက်ခံတာဟာ သခင်ယေရှုကို တကယ် သစ္စာဖောက်တာ ဟုတ်လား၊ မဟုတ်ဘူးလား။ ဒီအကြောင်း နည်းနည်းလောက် မိတ်သဟာယပြုကြစို့။

အနန္တတန်ခိုးရှင် ဘုရားသခင်ကို လက်ခံတာဟာ သခင့်ကို သစ္စာဖောက်တာပဲလို့ လူတော်တော်များများက ထင်ကြတယ်။ ဒီပြဿနာကို ဖြေရှင်းဖို့ အကောင်းဆုံးနည်းလမ်းက ဘာလဲ။ သူတို့နာမတွေက ကွဲပြားတယ်ဆိုတဲ့ အချက်နဲ့ပဲ သွားလို့မရဘူး။ သူတို့က ဝိညာဉ်တော်တစ်ပါးတည်း ဟုတ်မဟုတ်၊ အဲဒါဟာ တစ်ပါးတည်းသော ဘုရားသခင် အမှုပြုနေတာ ဟုတ်မဟုတ်ကို သိအောင်လုပ်ရမယ်။ ပညတ်တော်ခေတ်မှာ ယေဟောဝါဘုရားသခင်က အမှုပြုတယ်။ ကျေးဇူးတော်ခေတ်ကျတော့ သခင်ယေရှုက အမှုပြုတယ်။ ဘုရားနာမက မပြောင်းခဲ့ဘူးဆိုတာ၊ သူ့ကို ယေဟောဝါလို့ မခေါ်တော့ဘဲ၊ ယေရှုလို့ခေါ်တယ်ဆိုတာကို ကျွန်တော်တို့ ဒီမှာ တွေ့ရတယ်လေ။ ဒါပေမဲ့ သခင်ယေရှုက ယေဟောဝါမဟုတ်တဲ့ တခြားဘုရားတစ်ပါးလို့ ညီအစ်ကိုမောင်နှမတို့ ပြောနိုင်လား။ သခင်ယေရှုကို ယုံကြည်တာက ယေဟောဝါဘုရားသခင်ကို သစ္စာဖောက်နေတာပဲလို့ ပြောလို့ရလား။ လုံးဝ ပြောလို့မရပါဘူး။ ဒါပေမဲ့ ဂျူးဘာသာထဲက လူအများစုက သခင်ယေရှုကို လက်ခံဖို့ ငြင်းပယ်ကြတယ်။ အဲဒါဟာ ယေဟောဝါကို သစ္စာဖောက်တာဖြစ်မယ်လို့ပြောပြီး သူ ကားစင်တင်ခံရအောင်တောင် သူတို့က ကူညီလိုက်သေးတယ်။ အဲဒါ ဘာဖြစ်လို့လဲ။ ဘာဖြစ်လို့လဲဆိုတော့ သခင်ယေရှုဟာ ယေဟောဝါ ဘုရားသခင်ရဲ့ ဝိညာဉ်တော်က လူ့ဇာတိနဲ့ ပေါ်ထွန်းပြီး အမှုပြုနေတာပဲဆိုတာကို သူတို့ သဘောမပေါက်လို့ပေါ့။ သူ့နာမက ကွဲပြားပေမဲ့ သခင်ယေရှုနဲ့ ယေဟောဝါတို့က တစ်ပါးတည်းသော ဝိညာဉ်တော်၊ တစ်ပါးတည်းသော ဘုရားသခင်ပါ။ ကျမ်းစာထဲမှာ အရမ်းကောင်းတဲ့ ဇာတ်ကြောင်းတစ်ခု မှတ်တမ်းတင်ထားတာ ရှိတယ်။ ဖိလိပ္ပုက သခင်ယေရှုကို ပြောတဲ့ အကြောင်းလေ။ “သခင်၊ ခမည်းတော်ကို အကျွန်ုပ်တို့အား ပြတော်မူပါ။ ထိုသို့ပြတော်မူလျှင် အကျွန်ုပ်တို့ အလိုပြည့်စုံပါမည်။” (ရှင်ယောဟန်ခရစ်ဝင် ၁၄:၈) ယေရှုက ဒီလို ပြန်ဖြေတယ်။ “ဖိလိပ္ပု၊ ဤမျှကာလပတ်လုံး ငါသည်သင်တို့နှင့်အတူရှိပြီးမှ သင်သည် ငါ့ကို မသိသေးသလော။ ငါ့ကိုမြင်သောသူသည် ခမည်းတော်ကိုမြင်၏။ သို့ဖြစ်လျှင်၊ ခမည်းတော်ကို အကျွန်ုပ်တို့အား ပြတော်မူပါဟု သင်သည် အဘယ်သို့ဆိုသနည်း။ ငါသည် ခမည်းတော်၌ ရှိသည်ကိုလည်းကောင်း၊ ခမည်းတော်သည် ငါ၌ရှိတော်မူသည်ကိုလည်းကောင်း မယုံသလော။ ငါဟောပြောသောစကားကို ကိုယ်အလိုအလျောက် ငါဟောပြောသည်မဟုတ်။ ငါပြုသောအမှုတို့ကား၊ ငါ၌ တည်နေတော်မူသော ခမည်းတော်သည် ပြုတော်မူ၏။(ရှင်ယောဟန်ခရစ်ဝင် ၁၄:၉-၁၀) သခင်ယေရှုရဲ့ နှုတ်ကပတ်တော်တွေက အရမ်းကို ရှင်းပါတယ်။ သူနဲ့ ယေဟောဝါတို့က တစ်ပါးတည်းသော ဘုရားသခင်ပါပဲ။ သူ့ဝိညာဉ်တော်ကလည်း ယေဟောဝါရဲ့ ဝိညာဉ်တော်ပဲ။ သခင်ယေရှုက ယေဟောဝါ ဘုရားသခင်ရဲ့ ပေါ်ထွန်းခြင်း၊ တစ်ပါးတည်းသော စစ်မှန်တဲ့ ဘုရားသခင်ပေါ့။ ဒါဆိုရင် သခင်ယေရှုကို ယုံကြည်တာက ယေဟောဝါ ဘုရားသခင်ကို သစ္စာဖောက်တာ မဟုတ်ဘဲ၊ ယေဟောဝါကို ကျိုးနွံနာခံတာပဲပေါ့။ အဲဒါက ဘုရားအလိုတော်နဲ့ ကိုက်ညီတယ်လေ။ ညီအစ်ကိုမောင်နှမတို့က ကိုယ့်ယုံကြည်မှုမှာ ဝိညာဉ်တော်နဲ့ သူ့ရဲ့အမှုကို နားမလည်ဘဲနဲ့ နာမတစ်ခုတည်းနဲ့ ကျမ်းစာရဲ့ တိုက်ရိုက်စကားတွေကိုပဲဖက်တွယ်ထားရင်၊ လမ်းလွဲပြီး ဘုရားကို အာခံဖို့ အလားအလာရှိပါတယ်။ အဲဒီနောက်မှာတော့ ဘုရားကို သစ္စာဖောက်တတ်တယ်၊ အဲဒါရဲ့အကျိုးဆက်ကတော့ မတွေးရဲစရာပဲ။ သခင်ပေါ်ထွန်းပြီး အမှုပြုချိန်က ဂျူးဘာသာဝင်တွေက သူ့ကို ငြင်းပယ်ခဲ့ကြတယ်။ အဲဒါဟာ ယေဟောဝါ ဘုရားသခင်ကို သစ္စာဖောက်တာမဟုတ်ဘူးလား။ သူတို့လုပ်ရပ်ရဲ့အနှစ်သာရက သစ္စာဖောက်တာပဲလေ။ အဲဒါကြောင့်လည်း ဣသရေလတွေက ဘုရားရဲ့ ကျိန်ဆဲတာကို ခံခဲ့ကြရတာပေါ့။ အဲဒီအပြင် သခင်ယေရှု ပေါ်ထွန်းခြင်းနဲ့ အမှုမတိုင်ခင် ဟိုးအရင်းတုန်းက၊ သူနဲ့ပတ်သက်တဲ့ ကျမ်းစာ ပရောဖက်ပြုချက် ရှိခဲ့တယ်။ ဒီလိုပြောထားတယ်လေ။ “သတို့သမီးကညာသည်ပဋိသန္ဓေစွဲယူ၍သားယောက်ျားကို ဘွားမြင်လတံ့။ ထိုသားကို ဧမာနွေလအမည်ဖြင့် မှည့်ရကြလတံ့ဟုလာသတည်း။(ရှင်မဿဲခရစ်ဝင် ၁:၂၃) ဒါပေမဲ့ သူတကယ် ကြွလာတော့၊ သူ့ကို ဧမာနွေလလို့ မခေါ်ဘူး။ ယေရှုလို့ ခေါ်တယ်။ ဂျူးဘာသာရဲ့ ဖာရိရှဲတွေက ကျမ်းစာရဲ့တိုက်ရိုက် အဓိပ္ပာယ်ကို အတိအကျကို လိုက်နာကြတာဗျ။ ဘုရားရဲ့ နာမအသစ်က မကိုက်ညီလို့၊ သခင့်ကို သူတို့ အစွမ်းကုန် ငြင်းဆန်ပြီး ရှုတ်ချကြတော့တာပဲ။ သခင်ယေရှုရဲ့ သွန်သင်ချက်တွေက ဩဇာအာဏာနဲ့ တန်ခိုး ဘယ်လောက်ရှိနေပါစေ၊ သူတို့ လက်ခံဖို့ ငြင်းဆန်ကြတယ်။ အဆုံးတော့ သူ့ကို ကားတိုင်မှာ သံမှိုစွဲပြီး အရမ်းယုတ်မာတဲ့ အပြစ်ကို ကျူးလွန်ခဲ့ကြတာ၊ ဘုရားရဲ့ စီရင်ပြီး အပြစ်ပေးတာကို ခံရပါလေရော။ ဒါက တကယ်ကို စဉ်းစားစရာတွေပေးတဲ့ သင်ခန်းစာပါပဲ။ ဒီတော့ သခင့်ကို ကြိုဆိုခြင်းနဲ့ ပတ်သက်လာရင်၊ ကျမ်းစာရဲ့ တိုက်ရိုက်အဓိပ္ပာယ်နဲ့ ယေရှုနာမကိုပဲ ကျွန်တော်တို့ အတိအကျ စောင့်ထိန်းသင့်သလား။ အဲဒါတွေ လုပ်တာက ဘုရားကို အာခံပြီး ရှုတ်ချတာနဲ့အဆုံးသတ်ဖို့ အရမ်းလွယ်သွားစေတယ်။ ဒါဟာ ယုံကြည်သူ တော်တော်များများ ထိုးထွင်းအမြင် မရှိတဲ့ အရာတစ်ခုလည်း ဖြစ်တယ်။ ဒါကြောင့် သူတို့က ကျမ်းစာထဲက တိုက်ရိုက်စကားတွေနဲ့ ယေရှုနာမကို အတင်း ဖက်တွယ်ထားတာပေါ့။ စစ်မှန်တဲ့ လမ်းခရီးကို လေ့လာစုံစမ်းတဲ့အခါမှာ ဒီလိုပဲ အမြဲမေးနေ တာပေါ့။ “အနန္တတန်ခိုးရှင် ဘုရားသခင် နာမတော်အတွက် ကျမ်းစာဆိုင်ရာ အခြေခံ တစ်ခုတလေ ရှိလို့လား။ အနန္တတန်ခိုးရှင် ဘုရားသခင် နာမက ကျမ်းစာထဲမှာ မပါရင်၊ သူ့ကို လက်မခံနိုင်ပါဘူး” တဲ့လေ။ အနန္တတန်ခိုးရှင် ဘုရားသခင် နာမက ကျမ်းစာထဲမှာ မပါခဲ့ရင် သူ့ကို လက်ခံမှာ မဟုတ်ဘူးလို့ ညီအစ်ကိုမောင်နှမတို့က ပြောရင်၊ သခင်ယေရှုကို ဘာလို့ ယုံကြည်နေကြသေးလဲ။ သူ့နာမလည်း ဓမ္မဟောင်းကျမ်းမှာ မပါဘူးလေ။ အဲဒါက ဆန့်ကျင်ကွဲလွဲနေတာ မဟုတ်ဘူးလား။ လူတော်တော်များများက ကျမ်းစာကို တကယ် နားမလည်ကြဘဲ၊ ကျမ်းစာရဲ့ တိုက်ရိုက်အဓိပ္ပာယ်နဲ့ စည်းမျဉ်းတွေကိုတော့ မျက်စိစုံမှိတ် ဖက်တွယ်ထားတာ အသိသာကြီးပဲ။ သူတို့က ဆုမတောင်းဘူး။ ဘုရားနှုတ်ကပတ်တော်တွေက သမ္မာတရား၊ ဒါမှမဟုတ် သန့်ရှင်းသော ဝိညာဉ်တော်ဆီက အတည်ပြုချက်ကို မရှာဘူး။ ဒါနဲ့ပဲ သူတို့ အဆုံးမှာ သေရလိမ့်မယ်။ တကယ်တော့ နောက်ဆုံးသောကာလမှာ အနန္တတန်ခိုးရှင် ဘုရားသခင်လို့ ခေါ်တဲ့ ဘုရား ပေါ်ထွန်းပြီး အမှုပြုတဲ့အကြောင်း ကျမ်းစာပရောဖက်ပြုချက်တွေ ရှိတယ်။ “တပါးအမျိုးသားတို့သည် သင်၏ဖြောင့်မတ်ခြင်း ကို၎င်း၊ ရှင်ဘုရင်အပေါင်းတို့သည် သင်၏ ဘုန်းအသရေ ကို၎င်း မြင်ရကြလိမ့်မည်။ သင့်ကို ယေဟောဝါ၏ နှုတ်တော်မှ မှည့်ခေါ်မည့် အမည်နာမသစ်ဖြင့် ခေါ်ရလိမ့်မည်။(ဟေရှာယ ၆၂:၂)အကြင်သူသည် အောင်မြင်၏။ ထိုသူကို ငါသည်ငါ၏ဘုရား သခင်ဗိမာန်တော်၌ တိုင်ဖြစ်စေမည်။ နောင်တဖန်သူသည်ပြင်သို့ မရွေ့ရ။ ငါ၏ ဘုရားသခင် နာမတော်ကို၎င်း၊ ငါ၏ဘုရားသခင့်အထံတော် မှထွက်၍၊ ကောင်းကင်ဘုံမှ ဆင်းသက်သော ယေရုရှလင် မြို့သစ် တည်းဟူသော၊ ငါ၏ဘုရားသခင် မြို့တော်၏ နာမကို၎င်း၊ ငါ၏နာမသစ်ကို၎င်း၊ ထိုသူအပေါ်၌ ငါသည် အက္ခရာတင်မည်။(ဗျာဒိတ်ကျမ်း ၃:၁၂)ငါသည် အာလဖဖြစ်၏။ ဩမေဃလည်း ဖြစ်၏၊ အနန္တတန်ခိုးနှင့်ပြည့်စုံတော်မူ၍၊ ပစ္စုပ္ပန်၊ အတိတ်၊ အနာဂတ်ကာလအစဉ် ရှိတော်မူ၏။(ဗျာဒိတ်ကျမ်း ၁:၈)အနန္တတန်ခိုးနှင့်ပြည့်စုံ၍၊ ပစ္စုပ္ပန်၊ အတိတ်၊ အနာဂတ်ကာလအစဉ်ရှိတော်မူသော ထာဝရအရှင် ဘုရားသခင်၊ ကိုယ်တော်၏ မဟာတန်ခိုးတော်ကို ယူဆောင်၍ စိုးစံတော်မူသော ကျေးဇူးတော်ကို အကျွန်ုပ် တို့သည် ချီးမွမ်းပါ၏။(ဗျာဒိတ်ကျမ်း ၁၁:၁၇)တဖန်တုံ၊ ဟာလေလုယ၊ အနန္တတန်ခိုးနှင့် ပြည့်စုံတော်မူသော ထာဝရ အရှင်၊ သည် စိုးစံတော်မူ၏ ဟုစည်းဝေးသော သူအများတို့၏ အသံ၊ သမုဒ္ဒရာသံ၊ ပြင်းစွာသော မိုဃ်းကြိုးသံကဲ့သို့ ငါကြား၏။(ဗျာဒိတ်ကျမ်း ၁၉:၆-၇) ဗျာဒိတ်ကျမ်း ၄:၈နဲ့ ၁၆:၇ အပြင် နောက်ထပ် ကျမ်းပိုဒ်တွေလည်း ကြည့်ကြည့်လို့ရတယ်နော်။ ဒီကျမ်းစာပိုဒ်တွေက ဘုရားက နောက်ဆုံးသောကာလမှာ “အနန္တတန်ခိုးရှင်” ဆိုတဲ့ နာမအသစ်ရှိလိမ့်မယ်လို့ ပရောဖက်ပြုထားတယ်။ အဲဒါ အနန္တတန်ခိုးရှင် ဘုရားသခင်ပေါ့။ ဘုရားက အနန္တတန်ခိုးရှင် ဘုရားသခင် နာမနဲ့ နောက်ဆုံးသောကာလမှာ ပေါ်ထွန်းပြီး အမှုပြုတာကို ကျွန်တော်တို့ မြင်လို့ရတယ်။ ဘုရားက ဒါကို ဟိုးအရင်ကတည်းက စီစဉ်ခဲ့တာပါ။ အနန္တတန်ခိုးရှင် ဘုရားသခင်ကို လက်ခံတဲ့သူ အားလုံးက သခင့်အသံတော်ကို ကြားပြီး အနန္တတန်ခိုးရှင် ဘုရားသခင်က ပြန်ကြွလာတဲ့ သခင်ယေရှုမှန်း သတိပြုမိကြတယ်။ သူတို့က သခင့်ကို ကြိုဆိုကြတယ်၊ သူ့ပလ္လင်တော်ရှေ့ကို ခေါ်တာခံရပြီး သိုးသငယ်ရဲ့ မင်္ဂလာဆောင်စားတော်ပွဲကို တက်နေကြတယ်လေ။ သူတို့က စစ်မှန်တဲ့ ယုံကြည်သူတွေပဲ၊ မှန်ကန်တဲ့ ယုံကြည်ခြင်း ရှိသူတွေပေါ့။ သူတို့က နောက်ဆုံးမှာ သခင့်ကို ကြိုဆိုပြီး ရပြီးပြီ။ သခင့်ကို မကြိုဆိုနိုင်တဲ့သူတွေက သူတို့ရဲ့ ယုံကြည်ခြင်း ဆုံးရှုံးပြီး ပျောက်ပျက်သွားတာကို တွေ့လိမ့်မယ်။ သူတို့က သခင့်ကို ဆုံးရှုံးရလိမ့်မယ်။ ယေရှု နာမကို လိုက်နာစောင့်ထိန်းသူတွေကတော့ သူကြွလာတဲ့အခါမှာ သခင့်အသံတော်ကို မမှတ်မိကြဘူး။ အနန္တတန်ခိုးရှင် ဘုရားသခင်က သခင်ယေရှုရဲ့ ဝိညာဉ်တော်အဖြစ် ပေါ်ထွန်းပြီး အမှုပြုနေမှန်း သူတို့ သတိမထားမိဘူး။ သခင်ယေရှု ပြန်ကြွလာခြင်းကို လက်မခံဘဲ၊ သူ့ကို မမှတ်မိဘဲနဲ့ သူတို့က သခင့်ကို ယုံကြည်နေကြတယ်။ အဲဒါက သခင့်ကို အာခံနေတာဖြစ်ပြီး၊ သခင်ယေရှုကို အမှန်တကယ် သစ္စာဖောက်တဲ့သူတွေပဲ။ သခင့်ကို သစ္စာဖောက်တယ်ဆိုတာ ဘာလဲ။ သူ့ကို မမှတ်မိဘဲ ယုံကြည်နေတာပေါ့။ အခုတော့ အားလုံး ပိုရှင်းသွားပြီ၊ ဟုတ်တယ်နော်။

ဒါဆိုရင် ဘုရားရဲ့နာမတော်က ဘာလို့ အမြဲပြောင်းနေရတာလဲ။ သူက ခေတ်တစ်ခုချင်းစီအတွက် နာမအသစ်ကို ဘာလို့ ခံယူတာလဲ။ သမ္မာတရားရဲ့ နက်နဲမှုက ဒီထဲမှာ ရှိနေတယ်။ ဒါနဲ့ပတ်သက်ပြီး ရှင်းရှင်းလင်းလင်းဖြစ်ဖို့ အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေကို တစ်ချက်ကြည့်ကြရအောင်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ- “ကမ္ဘာမြေသို့ ဘုရားသခင် ကြွလာသည့်အကြိမ်တိုင်းတွင် သူ၏ နာမ၊ သူ၏ လိင်၊ သူ၏ပုံသဏ္ဌာန်နှင့် သူ၏ အမှုတို့ကို ပြောင်းလဲသည်။ သူသည် သူ၏ အမှုကို ထပ်မလုပ်ပေ။ သူသည် အစဉ်အမြဲ အသစ်ဖြစ်ပြီး မည်သည့်အခါမျှ အိုဟောင်းခြင်းမရှိသော ဘုရားသခင် ဖြစ်သည်။ ယခင်က သူကြွလာခဲ့ချိန်တွင်၊ သူ့ကို ယေရှုဟု ခေါ်ခဲ့သည်။ ဤအကြိမ် သူ တစ်ဖန်ကြွလာသည့်အခါတွင် သူ့ကို ယေရှုဟု ခေါ်နိုင်သေးသလော။ ယခင်က သူကြွလာသောအခါ၊ သူသည် ယောက်ျားဖြစ်သည်။ ဤအကြိမ်တွင်လည်း သူသည် ယောက်ျား တစ်ဖန် ဖြစ်နိုင်ပါသလော။ ကျေးဇူးတော်ခေတ်အတွင်း သူ ကြွလာချိန်တွင် သူ၏ အမှုမှာ လက်ဝါးကားတိုင်တွင် သံမှိုရိုက်နှက်ခံရဖို့ ဖြစ်သည်။ သူ တစ်ဖန်ကြွလာသည့်အခါတွင်၊ လူသားမျိုးနွယ်ကို အပြစ်မှ ရွေးနုတ်ဆဲ ဖြစ်နိုင်သလော။ သူသည် လက်ဝါးကားတိုင်တွင် တစ်ဖန် သံမှိုရိုက်နှက်ခံရနိုင်သလော။ ယင်းသည် သူ၏ အမှုကို ထပ်လုပ်ခြင်း ဖြစ်မည် မဟုတ်လော။ ဘုရားသခင်သည် အစဉ်အမြဲ သစ်လွင်ပြီး မည်သည့်အခါမျှ မအိုဟောင်းသည်ကို သင်မသိသလော။ ဘုရားသခင်သည် မပြောင်းလဲနိုင်ဟု ပြောသူများရှိသည်။ ယင်းမှာ မှန်ပေ၏၊ သို့သော် ယင်းမှာ ဘုရားသခင်၏ စိတ်သဘောထားနှင့် သူ၏ အနှစ်သာရ မပြောင်းလဲနိုင်ခြင်းကို ရည်ညွှန်းပေသည်။ သူ၏ နာမနှင့် အမှုတွင် ပြောင်းလဲခြင်းသည် သူ၏ အနှစ်သာရ ပြောင်းလဲသွားပြီဟု သက်သေမပြပေ။ တစ်နည်းအားဖြင့်၊ ဘုရားသခင်သည် အစဉ်အမြဲ ဘုရားသခင်ဖြစ်လိမ့်မည်ဖြစ်ပြီး၊ ဤသည်မှာ မည်သည့်အခါမှ မပြောင်းလဲလိမ့်မည်မဟုတ်။ အကယ်၍ သင်က ဘုရားသခင်၏ အမှုသည် ပြောင်းလဲခြင်းမရှိဟု ဆိုပါက၊ သူသည် သူ၏ နှစ်ခြောက်ထောင် စီမံခန့်ခွဲမှု အစီအစဉ်ကို အပြီးသတ်နိုင်မည်လော။ ဘုရားသခင်သည် ထာဝရ ပြောင်းလဲခြင်းမရှိကြောင်းကိုသာ သင်သိသော်လည်း၊ ဘုရားသခင်သည် အစဉ်အမြဲ အသစ်ဖြစ်ပြီး မည်သည့်အခါမျှ မအိုဟောင်းသည်ကို သင်သိပါသလော။ ဘုရားသခင်၏ အမှုသည် မပြောင်းလဲပါက၊ သူသည် လူသားမျိုးနွယ်ကို မျက်မှောက်ခေတ်ထိ တစ်လျှောက်လုံး ဦးဆောင်လျှင် ဦးဆောင်နိုင်ခဲ့သည် မဟုတ်လော။ ဘုရားသခင်သည် မပြောင်းလဲနိုင်ပါက၊ သူ ခေတ်နှစ်ခေတ်၏ အမှုကို လုပ်ဆောင်နှင့်ပြီး ဖြစ်သည်မှာ အဘယ်ကြောင့် ဖြစ်သနည်း။...သို့ဖြစ်ရာ ‘ဘုရားသခင်သည် အစဉ်အမြဲ အသစ်ဖြစ်ပြီး မည်သည့်အခါမျှ အိုဟောင်းခြင်းမရှိ။’ ဆိုသည့် စကားများမှာ သူ၏ အမှုကို ရည်ညွှန်းပြီး ‘ဘုရားသခင်သည် ပြောင်းလဲခြင်းမရှိ’ ဆိုသည့်‌ စကားများမှာ ဘုရားသခင်၏ ပင်ကိုအားဖြင့် အရာအားလုံးနှင့် ဖြစ်ခြင်းကို ရည်ညွှန်းပေသည်။ မည်သို့ပင်ဖြစ်စေ၊ သင်သည် နှစ်ခြောက်ထောင်အမှုကို အချက်တစ်ခုပေါ် မတည်နိုင်ပေ သို့မဟုတ် အသက်မဲ့သော စကားလုံးများဖြင့် ယင်းကို ဘောင်မခတ်နိုင်ပေ။ ယင်းမှာ လူ၏ တုံးအမှုဖြစ်သည်။ ဘုရားသခင်သည် လူ စိတ်ကူးသလောက် ရိုးရှင်းခြင်း မရှိသကဲ့သို့၊ သူ၏ အမှုသည် မည်သည့် ခေတ်တစ်ခုတွင်မျှ စွဲကျန်မနေနိုင်ပေ။ ဥပမာအားဖြင့် ယေဟောဝါသည် ဘုရားသခင်၏ နာမအဖြစ် အမြဲ ရပ်တည်မနေနိုင်ပေ။ ဘုရားသခင်သည် ယေရှု နာမအောက်တွင်လည်း သူ၏ အမှုကို လုပ်ဆောင်နိုင်သေး၏။ ဤသည်မှာ ဘုရားသခင်၏ အမှုသည် ရှေ့သို့ ဦးတည်ချက်ဖြင့် အမြဲ တိုးတက်နေသည့် လက္ခဏာတစ်ခု ဖြစ်သည်။

ဘုရားသခင်သည် အမြဲ ဘုရားသခင်ဖြစ်ပြီး၊ မည်သည့်အခါမျှ စာတန် ဖြစ်လာလိမ့်မည်မဟုတ်ပေ။ စာတန်သည် အစဉ်အမြဲ စာတန်ဖြစ်ပြီး မည်သည့်အခါမျှ ဘုရားသခင် ဖြစ်လာလိမ့်မည်မဟုတ်။ ဘုရားသခင်၏ ဉာဏ်ပညာ၊ ဘုရားသခင်၏ အံ့ဖွယ်ဖြစ်ခြင်း၊ ဘုရားသခင်၏ ဖြောင့်မတ်ခြင်းနှင့် ဘုရားသခင်၏ ဘုန်းအာနုဘော်သည် မည်သည့်အခါမျှ ပြောင်းလဲမည်မဟုတ်ပေ။ သူ၏ အနှစ်သာရ၊ သူ၏အရာအားလုံးနှင့် ဖြစ်ခြင်းသည် မည်သည့်အခါမျှ ပြောင်းလဲမည်မဟုတ်ပေ။ သို့သော်လည်း သူ၏ အမှုအတွက်မူ၊ သူသည် အစဉ်အမြဲ အသစ်ဖြစ်ပြီး မည်သည့်အခါမျှ အိုဟောင်းခြင်း မရှိသည့်အတွက်၊ ယင်းသည် ရှေ့သို့ ဦးတည်ချက်တစ်ခုဖြင့် အစဉ်အမြဲ တိုးတက်နေသည်၊ အစဉ်အမြဲ ပိုမို နက်ရှိုင်းနေပေသည်။ ခေတ်တိုင်းတွင် ဘုရားသခင်သည် နာမ အသစ်ကို ခံယူသည်၊ ခေတ်တိုင်းတွင် သူသည် အမှုသစ်ကို လုပ်ဆောင်ပြီး၊ ခေတ်တိုင်းတွင် သူသည် သူ၏ ဖန်ဆင်းခြင်းများကို သူ၏ အသစ်သော အလိုနှင့် အသစ်သော စိတ်သဘောထားကို မြင်ခွင့်ပေးလေသည်။ အကယ်၍ ခေတ်သစ်တွင် လူများသည် ဘုရားသခင်၏ စိတ်သဘောထားသစ် ဖော်ပြချက်ကို မမြင်နိုင်ကြပါက၊ ၎င်းတို့သည် သူ့ကို ကားတိုင်တွင် သံမှိုဖြင့် ထာဝရ ရိုက်နှက်မိကြမည် မဟုတ်လော။ ထိုသို့ လုပ်ဆောင်ခြင်းဖြင့်၊ ၎င်းတို့သည် ဘုရားသခင်ကို အဓိပ္ပာယ် သတ်မှတ်လိုက်မည် မဟုတ်လော။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင့်အမှုတော်၏ ရူပါရုံ (၃))

‘ယေဟောဝါ’ ဆိုသည်မှာ ဣသရေလ၌ ငါအမှုပြုသည့် အတောအတွင်း ငါခံယူခဲ့သောနာမ ဖြစ်ပြီး ယင်းမှာ လူသားအပေါ် သနားညှာတာနိုင်သူ၊ လူသားကို ကျိန်ဆဲနိုင်ပြီး၊ လူသား၏ဘဝကို လမ်းပြပေးနိုင်သည့် ဣသရေလလူမျိုးများ (ဘုရားသခင် ရွေးချယ်ထားသောလူမျိုး)၏ ဘုရားသခင်ဟု အဓိပ္ပာယ်ရသည်။ ကြီးမြတ်သော တန်ခိုးကို ပိုင်ဆိုင်ပြီး ဉာဏ်ပညာနှင့် ပြည့်ဝသည့် ဘုရားသခင် ဖြစ်သည်။ ‘ယေရှု’ သည် ဧမာနွေလဖြစ်ပြီး၊ ယင်းက ချစ်ခြင်းမေတ္တာနှင့် ပြည့်ဝသည့်၊ သနားခြင်းကရုဏာဖြင့် ပြည့်ဝသကဲ့သို့ လူသားကို ရွေးနုတ်သည့် အပြစ်ဖြေရာယဇ်ဟု ဆိုလိုသည်။ သူသည် ကျေးဇူးတော်ခေတ်၏ အမှုကို လုပ်ဆောင်ခဲ့ကာ၊ ကျေးဇူးတော်ခေတ်ကို ကိုယ်စားပြုပြီး၊ စီမံခန့်ခွဲခြင်း အစီအစဉ်နှင့်ဆိုင်သော အမှု၏ တစ်စိတ်တစ်ဒေသကိုသာ ကိုယ်စားပြုနိုင်သည်။...ကျေးဇူးတော်ခေတ်၏ လူများကို ပြန်လည် မွေးဖွားစေပြီး ကယ်တင်ခံရခွင့်ပေးရန် ယေရှု၏ အမည်နာမ ဖြစ်တည်လာခဲ့ကာ လူသားမျိုးနွယ် တစ်ရပ်လုံး၏ ရွေးနုတ်ခြင်းအတွက် သီးသန့် နာမတစ်ခုဖြစ်သည်။ ထို့ကြောင့် ယေရှု၏အမည်နာမသည် ရွေးနုတ်ခြင်းကို ကိုယ်စားပြုပြီး ကျေးဇူးတော်ခေတ်ကို ရည်ညွှန်းပေသည်။ ယေဟောဝါဟူသော အမည်နာမသည် ပညတ်တရားအောက်တွင် အသက်ရှင်ခဲ့ကြသည့် ဣသရေလ လူမျိုးတို့အတွက် သီးသန့် အမည်နာမ ဖြစ်သည်။ ခေတ်အသီးသီးနှင့် အမှု၏ အဆင့်အသီးသီးတွင်၊ ငါ၏နာမသည် အခြေအမြစ်ကင်းမဲ့ခြင်း မရှိဘဲ၊ အရေးပါမှုကို ကိုယ်စားပြု ထိန်းသိမ်းပေသည်- အမည်နာမ အသီးသီးက ခေတ်တစ်ခုကို ကိုယ်စားပြုသည်။ ‘ယေဟောဝါ’ သည် ပညတ်တော်ခေတ်ကို ကိုယ်စားပြုပြီး၊ ဣသရေလလူမျိုးများက ၎င်းတို့ ကိုးကွယ်သော ဘုရားသခင်ကို ခေါ်သည့် ချီးမြှောက်သော အမည်နာမ ဖြစ်သည်။ ‘ယေရှု’ သည် ကျေးဇူးတော်ခေတ်ကို ကိုယ်စားပြုပြီး ကျေးဇူးတော်ခေတ် အတွင်း ရွေးနုတ်ခံခဲ့ရသူ အားလုံး၏ ဘုရားသခင်၏နာမ ဖြစ်သည်။ နောက်ဆုံးသော ကာလအတွင်းတွင် ကယ်တင်ရှင်ယေရှု၏ ကြွရောက်ခြင်းကို လူသားက တောင့်တဆဲ ဖြစ်ပြီး၊ ယုဒပြည်တွင် ခံယူခဲ့သော ရုပ်သွင်ဖြင့် ကြွလာရန် သူ့ကို မျှော်လင့်ဆဲ ဖြစ်ပါက၊ အနှစ်ခြောက်ထောင် စီမံခန့်ခွဲမှု အစီအစဉ်တစ်ခုလုံးသည် ရွေးနုတ်ခြင်းခေတ်၌ ရပ်တန့်သွားပြီးဖြစ်မည် ဖြစ်ကာ၊ နောက်ထပ် မည်သို့မျှ တိုးတက်နိုင်မည် မဟုတ်ပေ။ ထို့အပြင် နောက်ဆုံးသော ကာလသည် မည်သည့်အခါမျှ ရောက်ရှိမည် မဟုတ်သကဲ့သို့၊ ခေတ်သည် မည်သည့်အခါမျှ အဆုံးသတ်သို့ ရောက်မည် မဟုတ်ပေ။ ဤသည်မှာ အဘယ်ကြောင့်ဆိုသော် ကယ်တင်ရှင်ယေရှုသည် လူသားမျိုးနွယ်တို့၏ ရွေးနုတ်ခြင်းနှင့် ကယ်တင်ခြင်းအတွက်သာ ဖြစ်သောကြောင့် ဖြစ်သည်။ ကျေးဇူးတော်ခေတ်ရှိ အပြစ်သားအားလုံး အတွက် ယေရှု၏နာမကို ငါခံယူခဲ့ခြင်း ဖြစ်သော်လည်း၊ ယင်းသည် လူသားမျိုးနွယ် တစ်ရပ်လုံးကို အဆုံးသတ်တစ်ခုဆီသို့ ငါဆောင်ကြဉ်းမည့် နာမ မဟုတ်ပေ။ ယေဟောဝါ၊ ယေရှုနှင့် မေရှိယတို့အားလုံးသည် ငါ၏ဝိညာဉ်တော်ကို ကိုယ်စားပြုသော်လည်း၊ ဤအမည်နာမများသည် ငါ၏စီမံခန့်ခွဲခြင်း အစီအစဉ်နှင့်ဆိုင်သော မတူကွဲပြားသည့် ခေတ်များကိုသာ ရည်ညွှန်းပြီး ငါ၏အလုံးစုံ၌ ငါ့ကို ကိုယ်စားမပြုပေ။ ကမ္ဘာမြေပေါ်ရှိ လူတို့က ငါ့အားခေါ်ဝေါ်သော အမည်နာမများသည် ငါ၏အလုံးစုံသော စိတ်သဘောထားနှင့် ငါ၏ဖြစ်ခြင်းအားလုံးကို ရှင်းလင်းစွာ မပြောဆိုနိုင်ပေ။ ၎င်းတို့သည် မတူကွဲပြားသော ခေတ်များအတွင်း ငါ့အားခေါ်ဝေါ်ကြသော မတူညီသည့် အမည်နာမများမျှသာ ဖြစ်ပေသည်။ ထို့ကြောင့် နောက်ဆုံးခေတ်- နောက်ဆုံးသော ကာလ၏ ခေတ်- ရောက်ရှိသည့်အခါ၊ ငါ၏အမည်နာမသည် တစ်ဖန် ပြောင်းလဲလိမ့်မည်။ ငါ့ကို မေရှိယဟု ခေါ်ဖို့ မဆိုထားနှင့်၊ ယေဟောဝါ၊ သို့မဟုတ် ယေရှုဟုပင် ခေါ်မည်မဟုတ်၊ ငါ့ကို တန်ခိုးကြီးသော အနန္တတန်ခိုးရှင် ဘုရားသခင် ကိုယ်တော်တိုင်ဟူ၍ ခေါ်ကြမည် ဖြစ်ပြီး၊ ဤအမည်နာမအောက်တွင် ငါသည် ခေတ်ကာလ တစ်ခုလုံးကို အဆုံးသတ်သို့ ဆောင်ကြဉ်းမည် ဖြစ်သည်။ ငါ့ကို တစ်ချိန်က ယေဟောဝါဟု သိရှိခဲ့ကြသည်။ ငါ့ကို မေရှိယဟုလည်း ခေါ်ခဲ့ကြပြီး၊ လူတို့က ချစ်ခြင်းမေတ္တာနှင့် ရိုသေကြည်ညိုမှုဖြင့် ငါ့ကို ကယ်တင်ရှင်ယေရှုဟု တစ်ချိန်က ခေါ်ခဲ့ကြသည်။ သို့သော်လည်း ယနေ့တွင် ငါသည် လူအများက အတိတ်ကာလများတွင် သိခဲ့ကြသည့် ယေဟောဝါ သို့မဟုတ် ယေရှု မဟုတ်တော့ပေ။ ငါသည် နောက်ဆုံးသောကာလတွင် ပြန်ကြွလာပြီး ဖြစ်သည့် ဘုရားသခင်၊ ခေတ်ကို အဆုံးသတ်မည့် ဘုရားသခင် ဖြစ်ပေသည်။ ငါသည် မြေကြီးစွန်းမှ ထမြောက်တော်မူသော၊ ငါ၏အလုံးစုံသော စိတ်သဘောထားနှင့် ပြည့်ဝသကဲ့သို့၊ သြဇာအာဏာ၊ ဂုဏ်သိက္ခာ၊ ဘုန်းအာနုဘော်တို့နှင့် ပြည့်ဝနေသော ဘုရားသခင် ကိုယ်တော်တိုင် ဖြစ်သည်။ လူတို့သည် ငါနှင့် မည်သည့်အခါမျှ မဆက်ဆံဖူးပေ၊ ငါ့ကို မည်သည့်အခါမျှ မသိကျွမ်းဖူးကြသကဲ့သို့၊ ငါ၏စိတ်သဘောထားကို အမြဲတစေ မသိနားမလည် ဖြစ်ကြသည်။ ကမ္ဘာမြေကြီးကို ဖန်ဆင်းခြင်းမှသည် ယနေ့ထိတိုင်၊ လူတစ်ဦးတစ်ယောက်မျှ ငါ့အား မမြင်ဖူးလေပြီ။ ဤသည်မှာ နောက်ဆုံးသောကာလ၌ လူသားထံ ပေါ်ထွန်းသော်လည်း၊ လူသားအလယ် ကွယ်ဝှက်သည့် ဘုရားသခင် ဖြစ်ပေသည်။ သူသည် လောင်ကျွမ်းနေသော နေမင်းနှင့် တောက်လောင်နေသော မီးလျှံကဲ့သို့၊ တန်ခိုးနှင့်ပြည့်ကာ သြဇာအာဏာဖြင့် ပြည့်လျှမ်းလျက်၊ လူသားအလယ် အမှန်တကယ်နှင့် စစ်မှန်စွာ နေထိုင်လျက် ရှိသည်။ ငါ၏နှုတ်ကပတ်တော်များအားဖြင့် တရားစီရင်ခြင်း မခံရမည့် လူ သို့မဟုတ် အမှုအရာ တစ်ခုမျှ မရှိသကဲ့သို့၊ မီးလျှံ၏ လောင်ကျွမ်းခြင်းမှတစ်ဆင့် သန့်စင်ခြင်း မခံရမည့် လူ သို့မဟုတ် အမှုအရာ တစ်ခုမျှ မရှိပေ။ နောက်ဆုံးတွင် တိုင်းနိုင်ငံအားလုံးသည် ငါ့နှုတ်ကပတ်တော်များကြောင့် ကောင်းချီးပေးခံရမည် ဖြစ်ပြီး ငါ့နှုတ်ကပတ်တော်များကြောင့်လည်း တစ်စစီ ကြေမွပျက်စီး သွားလိမ့်မည် ဖြစ်သည်။ ဤနည်းဖြင့် နောက်ဆုံးသောကာလ အတွင်းရှိ လူအားလုံးက ငါသည် ပြန်ကြွလာသည့် ကယ်တင်ရှင် ဖြစ်ပြီး၊ လူသားမျိုးနွယ်အားလုံးကို သိမ်းပိုက်သော အနန္တတန်ခိုးရှင် ဘုရားသခင် ဖြစ်သည်ကို တွေ့မြင်ကြပေမည်။ ပြီးလျှင် ငါသည် တစ်ချိန်က လူသားအတွက် အပြစ်ဖြေရာယဇ် ဖြစ်ခဲ့သော်လည်း၊ နောက်ဆုံးသောကာလတွင် ခပ်သိမ်းသောအရာတို့ကို မီးရှို့ဖျက်ဆီးသည့် နေမင်း၏ မီးတောက်မီးလျှံများလည်း ဖြစ်လာသည့်အပြင်၊ ခပ်သိမ်းသောအရာတို့ကို ထုတ်ဖော်ပြသည့် ဖြောင့်မတ်ခြင်း၏ နေမင်းလည်း ဖြစ်လာသည်ကို အားလုံး တွေ့မြင်ရလိမ့်မည်။ ဤသည်မှာ နောက်ဆုံးသောကာလ၌ ငါ၏အမှု ဖြစ်သည်။ လူအားလုံးက ငါသည် ဖြောင့်မတ်သော ဘုရားသခင်၊ လောင်ကျွမ်းနေသော နေမင်းနှင့် တောက်လောင်နေသော မီးလျှံဖြစ်သည်ကို တွေ့မြင်နိုင်ရန်အလို့ငှာနှင့် အားလုံးက တစ်ပါးတည်း စစ်မှန်သော ဘုရားသခင် ငါ့ကို ကိုးကွယ်နိုင်ကြဖို့အလို့ငှာ၊ ပြီးလျှင် ၎င်းတို့သည် ငါ၏စစ်မှန်သော မျက်နှာကို တွေ့မြင်နိုင်ကြရန်အလို့ငှာ ဤအမည်နာမကို ငါယူပြီး ဤစိတ်သဘောထားကို ငါပိုင်ဆိုင်ပေသည်- ငါသည် ဣသရေလအမျိုးသားတို့၏ ဘုရားသခင် ဖြစ်သည်သာမက၊ ရွေးနုတ်ရှင်သာ ဖြစ်သည် မဟုတ်ပေ။ ငါသည် ကောင်းကင်၊ မြေကြီးနှင့် ပင်လယ်ပြင် တစ်လျှောက်လုံးရှိ အဖန်ဆင်းခံ သတ္တဝါအားလုံး၏ ဘုရားသခင် ဖြစ်ပေသည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ကယ်တင်ရှင်သည် “ဖြူသောမိုးတိမ်” စီးလျက် ပြန်ကြွလာနှင့်ပြီးဖြစ်သည်)

အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့နှုတ်ကပတ်တော်တွေက ခေတ်တစ်ခုချင်းစီမှာ သူ့အမှုအတွက် ဘုရားအသုံးပြုတဲ့ နာမတွေကိုရော သူ့နာမတွေနဲ့ပတ်သက်တဲ့ သမ္မာတရားရဲ့ နက်နဲမှုတွေကိုရော တော်တော်ကို ရှင်းရှင်းလင်းလင်း ရှင်းပြပေးတယ်။ ဘုရားနာမတော်က ခေတ်နဲ့ သူလုပ်နေတဲ့အမှုအလိုက် ပြောင်းလဲသွားတယ်လေ။ သူ့နာမတစ်ခုချင်းစီက အဲဒီခေတ်မှာ သူပြုနေတဲ့ အမှုရဲ့ ကိုယ်စားပြုပဲ။ ဒါပေမဲ့ ဘုရားနာမ၊ အမှုတို့က ဘယ်လောက်ပဲ ပြောင်းလဲနိုင်ပါစေ၊ သူ့အနှစ်သာရက ဘယ်တော့မှ မပြောင်းလဲဘူး။ ဘုရားက အမြဲတမ်း ဘုရားပါပဲ။ ဘုရားက ပညတ်တော်ခေတ်မှာ ယေဟောဝါနာမနဲ့ အမှုပြုခဲ့တယ်။ ပညတ်ချက်တွေကို ထုတ်ပြန်ရင်း၊ ကမ္ဘာပေါ်က လူသားမျိုးနွယ်ရဲ့ အသက်တာတွေကို ဦးဆောင်ရင်း၊ အပြစ်က ဘာဆိုတာရယ်၊ ယေဟောဝါ ဘုရားသခင်ကို ဘယ်လို ကိုးကွယ်ရတယ်ဆိုတာရယ်ကို လူတွေကို သွန်သင်ပေးရင်းနဲ့ပေါ့။ ကျေးဇူးတော်ခေတ်မှာ ဘုရားဝိညာဉ်တော်က လူသားအဖြစ် လူ့ဇာတိကို ယူတင်ဝတ်ဆင်ခဲ့တယ်။ သူက သမ္မာတရားတွေကို ဖော်ပြပြီး ယေရှုရဲ့နာမအောက်မှာ ရွေးနုတ်ခြင်း အမှုပြုခဲ့တယ်။ အဆုံးမှာ သူက ကားစင်တင်ခံရပြီး လူသားမျိုးနွယ်ရဲ့ အပြစ်ဖြေရာယဇ် ဖြစ်လာခဲ့တယ်။ ကျွန်တော်တို့ရဲ့ အပြစ်တွေကို ရွေးနုတ်ရင်းနဲ့ပေါ့။ အခု နောက်ဆုံးသောကာလမှာ ဘုရားက နောက်တစ်ခါ လူ့ဇာတိခံယူပြီးပြီ။ အနန္တတန်ခိုးရှင် ဘုရားသခင် နာမအောက်မှာ နောက်ဆုံးသောကာလရဲ့ တရားစီရင်ခြင်း အမှုကို ပြုနေတယ်။ လူသားမျိုးနွယ်ကို တရားစီရင်ဖို့နဲ့ သန့်စင်စေဖို့ သမ္မာတရားတွေကို ဖော်ပြရင်း၊ ကျွန်တော်တို့ကို အပြစ်ကနေ၊ စာတန်ရဲ့အင်အားစုတွေကနေ အပြည့်အဝ ကယ်တင်ရင်း၊ ဒီမှောင်မိုက် ဆိုးယုတ်တဲ့ လောကဟောင်းကြီးကို အဆုံးသတ်ရင်းနဲ့ပေါ့။ သူက လူသားကို လှပတဲ့ ခရီးပန်းတိုင်ထဲကို ဦးဆောင်လိမ့်မယ်။ ဒါက လူသားမျိုးနွယ်ကို ကယ်တင်ဖို့ ဘုရားရဲ့အနှစ် ၆၀၀၀ စီမံခန့်ခွဲမှု အစီအစဉ် လုံးလုံး ပြီးပြည့်စုံတဲ့ပုံစံပဲ။ ယေဟောဝါ၊ ယေရှုနဲ့ အနန္တတန်ခိုးရှင် ဘုရားသခင် ဆိုတဲ့ နာမသုံးခုက လူသားမျိုးနွယ်ကို ကယ်တင်ဖို့ ဘုရားအမှုရဲ့ မတူညီတဲ့ အဆင့်သုံးဆင့်ကို တစ်ခုချင်းစီ ကိုယ်စားပြုတယ် ဆိုတာကို ဘုရားအမှုရဲ့ အမှန်တရားတွေက ကျွန်တော်တို့ကို ပြတယ်။ အပြင်ပန်းမှာ ဘုရားနာမတော်နဲ့ သူ့အမှုတို့က ပြောင်းလဲနေတဲ့ပုံပေါ်ပေမဲ့၊ ဘုရားရဲ့အနှစ်သာရက မပြောင်းလဲဘူး။ ဘုရားရဲ့စိတ်သဘောထားနဲ့ သူ့ရဲ့အရာအားလုံးနဲ့ဖြစ်ခြင်းတို့က ဘယ်တော့မှ မပြောင်းလဲဘူး။ သူက တစ်ပါးတည်းသော ဘုရားသခင် အဖြစ်ရှိနေတယ်။ လူသားမျိုးနွယ်ကို ဦးဆောင်ရင်း၊ ရွေးနုတ်ရင်းနဲ့ လုံးလုံး သန့်စင်စေပြီး ကယ်တင်ရင်းနဲ့ပေါ့။ ပညတ်တော်ခေတ် ဓမ္မဟောင်းကျမ်းမှာ ယေဟောဝါ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေ၊ ကျေးဇူးတော်ခေတ်က သခင်ယေရှုရဲ့ နှုတ်ကပတ်တော်တွေ၊ အခု နိုင်ငံတော်ခေတ်က အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေကို ကြည့်တဲ့အခါမှာ၊ ဒီသမ္မာတရားတွေက ဝိညာဉ်တော် တစ်ပါးတည်းကနေ လုံးလုံး လာပြီး တစ်ပါးတည်းသော ဝိညာဉ်တော်ရဲ့ မိန့်မြွက်ချက်တွေပဲဆိုတာကို ကျွန်တော်တို့ တွေ့ရတယ်။ ခေတ်အမျိုးမျိုးက ဘုရားမိန့်မြွက်ချက်အားလုံးမှာ သူ့မေတ္တာနဲ့ သူ့ရဲ့ ဖြောင့်မတ်တဲ့ စိတ်သဘောထားတွေ ပါဝင်နေလို့ပဲ။ ဘုရားရဲ့ အရာအားလုံးနဲ့ ဖြစ်ခြင်းက အဲဒီထဲမှာ ရှိနေတယ်။ ဘုရားရဲ့မေတ္တာ၊ စိတ်သဘောထားနဲ့ သူ့ရဲ့ အရာအားလုံးနဲ့ ဖြစ်ခြင်းတို့အားလုံးက တစ်ပါးတည်းသော စစ်မှန်တဲ့ ဘုရားရဲ့ အနှစ်သာရ၊ ပိုင်ဆိုင်မှုတွေနဲ့ ဖြစ်ခြင်းတို့ကို ဖွဲ့စည်းထားတယ်။ ကျေးဇူးတော်ခေတ်မှာ သခင်ယေရှု စကားပြောတာကို ကြားတာဟာ ယေဟောဝါ ဘုရားသခင်ရဲ့ အသံတော်ကို ကြားနေရသလိုပဲ။ အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေကို ကျွန်တော်တို့ နားထောင်တဲ့အခါမှာ၊ သခင်ယေရှုက ကျွန်တော်တို့ကို ကိုယ်တိုင် စကားပြောနေပြီး၊ ယေဟောဝါ ဘုရားသခင်က ကျွန်တော်တို့ကို စကားပြောနေသလိုပဲ။ ဒါက ဘုရားရဲ့ အမှုအဆင့်သုံးဆင့်ကို တစ်ပါးတည်းသော ဘုရားသခင်က ဆောင်ရွက်တယ်ဆိုတာကို လုံးလုံး သက်သေပြတယ်။ ဘုရားရဲ့နာမက ပြောင်းလဲပေမဲ့၊ သူ့အနှစ်သာရ၊ သူ့ရဲ့အရာအားလုံးနဲ့ ဖြစ်ခြင်း၊ သူဖော်တဲ့ ဖြောင့်မတ်တဲ့ စိတ်သဘောထားတို့က တစ်စက်မှ မပြောင်းလဲဘဲ အရင်အတိုင်းပဲဖြစ်ပါတယ်။ ဒီနေ့ခေတ် အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ အမှုအားလုံးက သခင်ယေရှုရဲ့အမှုကနေ ဖြစ်လာတာပါ။ အဲဒါက ရွေးနုတ်ခြင်းအမှုရဲ့ အခြေခံအုတ်မြစ်ပေါ်က ပိုနက်ရှိုင်းပြီး ပိုမြင့်မားတဲ့ အမှုအဆင့်တစ်ခုပါပဲ။ လူသားမျိုးနွယ်ကို အပြည့်အဝ သန့်စင်ပြီး ကယ်တင်ဖို့ဆိုတဲ့ အမှုပေါ့။ အနန္တတန်ခိုးရှင် ဘုရားသခင်က သမ္မာတရားတွေကို အလျှံပယ် ဖော်ပြပြီးပြီ၊ သမ္မာကျမ်းစာရဲ့ နက်နဲမှုတွေကို ထုတ်ဖော်ပြရုံတင်မဟုတ်ဘဲ၊ လူသားမျိုးနွယ်ကို ကယ်တင်ဖို့ ဘုရားရဲ့ နှစ် ၆၀၀၀ စီမံခန့်ခွဲခြင်း အစီအစဉ်ရဲ့ နက်နဲမှုတွေ အားလုံးကိုလည်း ဖွင့်ပြနေတယ်။ ဘုရားရဲ့ စီမံခန့်ခွဲခြင်းအမှုထဲက သူ့ရဲ့ ရည်မှန်းချက်တွေ၊ လူကို ကယ်တင်ဖို့ ဘုရားရဲ့အမှုအဆင့်သုံးဆင့်ကို ဘုရား အသုံးပြုပုံ၊ လူ့ဇာတိခံယူခြင်းတွေရဲ့ နက်နဲမှုတွေ၊ လူသားမျိုးနွယ်ကို ဘုရားသခင် တရားစီရင်၊ သန့်စင်ပြီး အပြည့်အဝ ကယ်တင်ပုံ၊ လူအမျိုးအစားတိုင်းရဲ့ အဆုံးသတ်နဲ့ ပန်းတိုင်တွေကို သတ်မှတ်ထားပုံ၊ ခရစ်တော်ရဲ့နိုင်ငံတော်က ကမ္ဘာပေါ်မှာ တကယ် အကောင်အထည် ဖော်လာပုံနဲ့ နောက်ထပ် အကြောင်းအရာတွေပေါ့။ စာတန်ကြောင့်ဖြစ်ရတဲ့ လူ့ရဲ့ ဖောက်ပြန်ပျက်စီးခြင်းနဲ့ဆိုင်တဲ့ သမ္မာတရားကိုလည်း ဘုရားက ထုတ်ဖော်ပြတယ်။ လူရဲ့ဆိုးယုတ်တဲ့၊ ဘုရားကိုဆန့်ကျင်တဲ့ သဘာဝကို ဘုရားက တရားစီရင်ပြီး ထုတ်ဖော်တယ်။ လူသားမျိုးနွယ် လက်တွေ့လုပ်ဆောင်သင့်တဲ့ သမ္မာတရားရဲ့ သွင်ပြင်လက္ခဏာတိုင်းကိုလည်း ရှင်းပြတယ်။ ကျွန်တော်တို့ရဲ့ ဖောက်ပြန်ပျက်စီးမှုကို စွန့်ပစ်ပြီး၊ ကျွန်တော်တို့ရဲ့ စိတ်သဘောထားတွေကို ပြောင်းလဲဖို့ လက်တွေ့ကျတဲ့ လမ်းကြောင်းတွေကို ပေးရင်းနဲ့ပေါ့။ အနန္တတန်ခိုးရှင် ဘုရားသခင် ဖော်ပြတဲ့ သမ္မာတရား အားလုံးက လူသားအနေနဲ့ သန့်စင်ခံရဖို့နဲ့ ပြည့်ဝတဲ့ ကယ်တင်ခြင်းရဖို့ လိုအပ်တဲ့ သမ္မာတရားတွေပဲဖြစ်ပြီး သခင်ယေရှုရဲ့ ပရောဖက်ပြုချက်ကို လုံးလုံး ပြည့်စုံစေတယ်။ “သင်တို့အား ငါပြောစရာ စကားအများ ရှိသော်လည်း၊ သင်တို့သည် ယခုမခံနိုင်ကြ။ သမ္မာတရားနှင့်ပြည့်စုံသော ထိုဝိညာဉ်တော်သည် ရောက်လာသောအခါ၊ သမ္မာတရားကို သင်တို့အား အကြွင်းမဲ့ သွန်သင်ပြလိမ့်မည်။(ရှင်ယောဟန်ခရစ်ဝင် ၁၆:၁၂-၁၃) နောက်ဆုံးသောကာလမှာ အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ တရားစီရင်ခြင်း အမှုက လူသားမျိုးနွယ်ကို အပြည့်အဝ သန့်စင်ပြီး ကယ်တင်တယ်။ ပြီးတော့ ဘုရားက ကယ်တင်ဖို့ ကြိုတင်သတ်မှတ်ထားတဲ့လူအားလုံးကို သူ့ရှေ့ကို ဆောင်ကြဉ်းပေးတယ်။ တရားစီရင်ခြင်းနဲ့ ပြစ်တင်ဆုံးမခြင်းကတစ်ဆင့် သန့်စင်ခံရဖို့ပေါ့။ သူက ဘေးဒုက္ခတွေ မတိုင်ခင်မှာ အောင်မြင်သူတစ်စုကို စုံလင်စေနှင့်ပြီးပြီ။ အခု ကြီးမားတဲ့ ဘေးဒုက္ခတွေ စတင်ပြီဖြစ်သလို၊ ဘုရားက ကောင်းမြတ်သူတွေကို စဆုချီးမြှင့်ပြီး ဆိုးယုတ်သူတွေကို အပြစ်ပေးပြီလေ။ စာတန်နဲ့ဆိုင်တဲ့သူတွေ၊ ဘုရားကို အာခံသူအားလုံးက ဖျက်ဆီးခံရမှာဖြစ်ပေမဲ့၊ ဘုရားရဲ့ တရားစီရင်ခြင်းကတစ်ဆင့် သန့်စင်ခံရတဲ့သူတွေက ဘေးဒုက္ခတွေတစ်လျှောက်မှာ ဘုရားရဲ့ ကွယ်ကာပြီး ထိန်းသိမ်းတာ ခံရမယ်။ ဘေးဒုက္ခတွေပြီးတဲ့နောက်မှာ၊ ခရစ်တော်ရဲ့ နိုင်ငံတော်က ကမ္ဘာမြေပေါ် ပေါ်ထွန်းမယ်။ ဗျာဒိတ်ကျမ်းထဲက ဒီပရောဖက်ပြုချက်အားလုံးကို အကောင်အထည်ဖော်ရင်းနဲ့ပေါ့။ “လောကီနိုင်ငံသည် ငါတို့အရှင်၏ နိုင်ငံဖြစ်လေပြီ။ ထိုအရှင်၏ ခရစ်တော်နိုင်ငံဖြစ်လေပြီ။ သူသည်လည်း ကမ္ဘာအဆက်ဆက် စိုးစံတော်မူမည်။(ဗျာဒိတ်ကျမ်း ၁၁:၁၅)ဟာလေလုယ၊ အနန္တတန်ခိုးနှင့် ပြည့်စုံတော်မူသော ထာဝရ အရှင်သည် စိုးစံတော်မူ၏။(ဗျာဒိတ်ကျမ်း ၁၉:၆)ဘုရား သခင်၏ တဲတော် သည် လူတို့တွင်ရှိ၏။ လူတို့နှင့်အတူ ကျိန်းဝပ်တော်မူမည်။ သူတို့သည် ကိုယ်တော်၏လူ ဖြစ်ကြလိမ့်မည်။ ဘုရားသခင်သည် ကိုယ်တော်တိုင် သူတို့နှင့်အတူရှိနေ၍ သူတို့၏ ဘုရားသခင် ဖြစ်တော်မူ မည်။ ဘုရားသခင်သည် သူတို့၏ မျက်စိ၌ မျက်ရည် ရှိသမျှတို့ကို သုတ်တော်မူမည်။ နောက်တဖန် သေဘေး မရှိရ။ စိတ်မသာ ညည်းတွားခြင်း၊ အော်ဟစ်ခြင်း၊ ပင်ပန်းခြင်းလည်း မရှိရ။ အကြောင်းမူကား၊ ရှေးဖြစ် ဘူးသောအရာတို့သည် ရွေ့သွားကြပြီ။(ဗျာဒိတ်ကျမ်း ၂၁:၃-၄) အနန္တတန်ခိုးရှင် ဘုရားသခင်က သမ္မာတရား အများကြီးဖော်ပြပြီးပြီ ဖြစ်သလို၊ အရမ်း ကြီးမားတဲ့ အမှုကို စွမ်းဆောင်ရရှိပြီးပြီ။ ဒါကသူဟာ လူသားအနေနဲ့ အမှုပြုဖို့ ပေါ်ထွန်းတဲ့၊ လူ့ဇာတိနဲ့ ဘုရားရဲ့ဝိညာဉ်တော် ဖြစ်တယ်ဆိုတာ သက်သေပြတယ်။ သူ့ကို သခင်ယေရှုလို့ မခေါ်သလို၊ ဂျူးလူမျိုး သခင်ယေရှုရဲ့ ပုံသဏ္ဌာန်နဲ့ မဟုတ်ဘူး။ ဒါပေမဲ့ အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ ဝိညာဉ်တော်က သခင်ယေရှုရဲ့ ဝိညာဉ်တော်ပဲ။ သူက ပြန်ကြွလာတဲ့ သခင်ယေရှုပါပဲ။ အနန္တတန်ခိုးရှင် ဘုရားသခင်၊ သခင်ယေရှုနဲ့ ယေဟောဝါတို့အားလုံးက တစ်ပါးတည်းသော ဘုရားသခင်ပဲ။ ဒါကို ကောင်းကောင်း နားလည်ပြီဆိုတာနဲ့၊ အနန္တတန်ခိုးရှင် ဘုရားသခင်ကို ယုံကြည်တာက သခင်ယေရှုကို သစ္စာဖောက်တာပါလို့ အခိုင်အမာ ပြောလို့မရပါဘူး။ ဘာလို့လဲဆိုတော့ အနန္တတန်ခိုးရှင် ဘုရားသခင်ကို ကြိုဆိုတာက သခင့်ကို ကြိုဆိုတာ၊ သိုးသငယ်ရဲ့ ခြေရာတွေနောက်လိုက်တာ၊ ဘုရားရှေ့ကို ချီမခံရတာပဲလေ။ ဘာသာရေးလောကက တော်တော်များများက ကျမ်းစာရဲ့ တိုက်ရိုက် အဓိပ္ပာယ်နဲ့ သခင်ယေရှုရဲ့ နာမတို့ကို ဖက်တွယ်ထားတုန်းပဲ။ သူ မိုးတိမ်စီးကြွလာတာကို စောင့်ဆိုင်းရင်း၊ အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နောက်ဆုံးသောကာလ အမှုတော်ကို ရှာဖွေဖို့နဲ့ လေ့လာစုံစမ်းဖို့ ငြင်းပယ်ရင်းနဲ့ပေါ့။ သမ္မာတရားကို ဘယ်လောက်များများ သူဖော်ပြပါစေ၊ ဒါက ဘုရားရဲ့ဝိညာဉ်တော်ဆီက လာတယ်၊ သခင်ယေရှုရဲ့ ဝိညာဉ်တော် ပေါ်ထွန်းပြီး အမှုပြုတယ်ဆိုတာကို သူတို့က အသိအမှတ်ပြုဖို့ ငြင်းပယ်ကြတယ်။ ကျွန်တော်တို့ကို သမ္မာတရား ဆောင်ကြဉ်းပေးတဲ့ အနန္တတန်ခိုးရှင် ဘုရားသခင်ကိုတောင် သူတို့က ရှုတ်ချပြီး ငြင်းပယ်တာဗျာ။ သူတို့က ဖာရိရှဲတွေလုပ်ခဲ့သလို အမှားမျိုး လုပ်နေတာ မဟုတ်ဘူးလား။ ဒါက သခင်ယေရှုကို ဆက်ကပ်အပ်နှံတာလို့ သူတို့က ထင်ကြတယ်။ ဒါပေမဲ့ သခင်က သူတို့ကို မကောင်းမှုပြုသူတွေအနေနဲ့ ရှုတ်ချခဲ့တယ်။ သခင်ယေရှု ပြောခဲ့သည်မှာ- “ထိုနေ့၌ကား၊ သခင်၊ သခင်၊ အကျွန်ုပ်တို့သည် ကိုယ်တော်အခွင့်နှင့် ဆုံးမဩဝါဒပေးပါပြီ မဟုတ် လော။ ကိုယ်တော်အခွင့်နှင့် နတ်ဆိုးတို့ကို နှင်ထုတ်ပါပြီ မဟုတ်လော။ ကိုယ်တော်အခွင့်နှင့် များစွာသော တန်ခိုးတို့ကို ပြပါပြီမဟုတ်လောဟု အများသော သူတို့သည် လျှောက်ကြလိမ့်မည်။ ထိုသို့လျှောက်ကြသောအခါ သင်တို့ကို ငါအလျင်းမသိ၊ အဓမ္မအမှုကို ပြုသောသူတို့၊ ငါ့ထံမှ ဖယ်ကြဟု ထိုသူတို့အား အတိအလင်း ငါပြောမည်။(ရှင်မဿဲခရစ်ဝင် ၇:၂၂-၂၃) ဒီတော့ သခင်က သူတို့ကို ဖယ်ရှင်းသုတ်သင်မှာပဲ။

အပြီးသတ်ဖို့ အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နောက်ထပ် နှုတ်ကပတ်တော်တွေကို တစ်ချက် ကြည့်ကြရအောင်။ “နောက်ဆုံးသောကာလ၏ ခရစ်တော်သည် အသက် ယူဆောင်လာပြီး၊ အဓွန့်ရှည်စွာ တည်တံ့ကာ ထာဝရတည်ရှိသော သမ္မာတရား၏ လမ်းခရီးကို ယူဆောင်လာ၏။ ဤသမ္မာတရားသည် လူသားက အသက်ရရှိသည့် လမ်းကြောင်းဖြစ်ပြီး၊ လူသားက ဘုရားသခင်ကို သိမည့် တစ်ခုတည်းသော လမ်းကြောင်းနှင့် ဘုရားသခင်၏ လက်ခံခြင်းခံရမည့် တစ်ခုတည်းသော လမ်းကြောင်းဖြစ်၏။ နောက်ဆုံးသောကာလ၏ ခရစ်တော်ပေးသည့် အသက်၏လမ်းခရီးကို သင်မရှာဖွေပါက၊ သင်သည် သမိုင်း၏ ရုပ်သေးရုပ်ရော အကျဉ်းသားပါ ဖြစ်သည့်အတွက်၊ ယေရှု၏ လက်ခံမှုကို မည်သည့်အခါမျှ သင် ရရှိမည်မဟုတ်သကဲ့သို့၊ ကောင်းကင်နိုင်ငံတော်၏ တံခါးကိုဝင်ရန် မည်သည့်အခါမျှ အရည်အချင်းမီမည် မဟုတ်ပေ။ စည်းမျဉ်းစည်းကမ်းများ၊ ကျမ်းဟောင်းတရားများ၏ ထိန်းချုပ်မှုခံရပြီး၊ သမိုင်း၏ ချုပ်နှောင်မှုခံရသူများသည် မည်သည့်အခါတွင်မျှ အသက်ကို ရရှိနိုင်လိမ့်မည် မဟုတ်သကဲ့သို့၊ အသက်၏ ထာဝရလမ်းခရီးကို ရရှိနိုင်မည် မဟုတ်ပေ။ ဤသည်မှာ အဘယ်ကြောင့်ဆိုသော် ထိုသူတို့အားလုံးသည် ပလ္လင်မှ စီးဆင်းသည့် အသက်ရေ ဖြစ်မည့်အစား နှစ်ပေါင်းထောင်ပေါင်းများစွာ တစ်နေရာတည်းတွင် ရှိနေသော နောက်ကျိသည့် ရေများ ဖြစ်ကြသောကြောင့် ဖြစ်၏။ အသက်ရေဖြင့် ထောက်ပံ့မှု မခံရသောသူတို့သည် လူသေကောင်များ၊ စာတန်၏ ကစားစရာများနှင့် ငရဲ၏သားများအဖြစ် ထာဝရရှိနေကြလိမ့်မည်။ သို့ဖြစ်ပါက ၎င်းတို့သည် ဘုရားသခင်ကို မည်သို့ ရှုမြင်နိုင်မည်နည်း။ သင်သည် အတိတ်ကို ဖက်တွယ်ရန်သာ ကြိုးစားပါက၊ တည်ငြိမ်စွာ ရပ်နေခြင်းဖြင့် အမှုအရာများကို ၎င်းတို့ရှိနေသည့်အတိုင်း ထိန်းသိမ်းရန်သာ ကြိုးစားပြီး၊ ပိုနေမြဲ ကျားနေ‌မြဲ အခြေအနေကို ပြောင်းလဲရန်နှင့် သမိုင်းကို စွန့်ပစ်ရန် မကြိုးစားပါက၊ သင်သည် ဘုရားသခင်ကို အမြဲဆန့်ကျင်နေမည် မဟုတ်လော။ ဘုရားသခင် အမှု၏ အဆင့်များသည်- တလိပ်လိပ်တက်နေသော လှိုင်းတံပိုးများနှင့် မြည်ဟည်းနေသော မိုးချုန်းသံကဲ့သို့- ကြီးမားကျယ်ပြန့်ကာ တန်ခိုးကြီးသော်လည်း၊ သင်သည် ပျက်စီးခြင်းကို မလှုပ်မယှက် စောင့်ဆိုင်းရင်း၊ သင်၏မိုက်မဲမှုကို ဖက်တွယ်ရင်းနှင့် မည်သည့်အရာမျှ မလုပ်ဆောင်ဘဲနေရင်း ထိုင်နေသည်။ ဤနည်းဖြင့်၊ သိုးသငယ်၏ ခြေလှမ်းနောက် လိုက်သူတစ်ဦးအဖြစ် သင့်ကို မည်သို့ယူဆ၍ရနိုင်မည်နည်း။ သင် ဖက်တွယ်ထားသော ဘုရားသခင်သည် အစဉ်အသစ်ဖြစ်ကာ၊ မည်သည့်အခါမျှ အိုဟောင်းခြင်းမရှိသည့် ဘုရားသခင်အဖြစ် သင် မည်သို့ မှန်ကန်ကြောင်းပြနိုင်မည်နည်း။ သင်၏ အဝါရောင် သန်းနေသော စာအုပ်များ၏ စကားလုံးများသည် သင့်ကို ခေတ်သစ်တစ်လျှောက် မည်သို့ သယ်ဆောင်သွားနိုင်မည်နည်း။ ဘုရားသခင့်အမှု၏ အဆင့်များကို ရှာဖွေရန် ယင်းတို့သည် သင့်ကို မည်သို့ဦးဆောင်နိုင်မည်နည်း။ ပြီးလျှင် ၎င်းတို့သည် သင့်ကို ကောင်းကင်သို့ မည်သို့ခေါ်ဆောင်သွားနိုင်မည်နည်း။ သင်၏ လက်ထဲတွင် သင်ကိုင်စွဲသည့်အရာမှာ သင့်ကို ယာယီဖြေသိမ့်မှုသာ ပေးနိုင်သည့် ကျမ်းဟောင်းတရားများသာဖြစ်သည်၊ အသက် ပေးနိုင်စွမ်းရှိသည့် သမ္မာတရားများ မဟုတ်ပေ။ သင်ဖတ်သည့် သမ္မာကျမ်းများမှာ သင်၏နှုတ်ကိုသာ ကြွယ်ဝစေနိုင်ပြီး၊ သင့်ကို စုံလင်စေခြင်းဆီသို့ ဦးဆောင်လမ်းပြပေးနိုင်သော လမ်းကြောင်းများဖြစ်ဖို့ မဆိုထားနှင့်၊ လူ့အသက်တာကို သိရှိရန် သင့်ကို ကူညီနိုင်သည့် အတွေးအမြင်နှင့်ဆိုင်သော စကားများပင် မဟုတ်ပေ။ ဤကွာဟချက်သည် သင့်ကို ပြန်လည်သုံးသပ်ရန် အကြောင်းတရား မပေးပါသလော။ ယင်းသည် အတွင်းတွင် ပါရှိသည့် နက်နဲမှုများကို သင့်အား နားလည်စေပါသလော။ သင်သည် ဘုရားသခင်ကို သင့်ဘာသာ တွေ့ဆုံရန် မိမိကိုယ်ကိုယ် ကောင်းကင်ဘုံသို့ ပို့ဆောင်နိုင်သလော။ ဘုရားသခင်၏ ကြွလာခြင်းမရှိဘဲနှင့်၊ သင်သည် ဘုရားသခင်နှင့် မိသားစုပျော်ရွှင်မှုကို မွေ့လျော်ခံစားရန် သင့်ကိုယ်သင် ကောင်းကင်ဘုံထဲသို့ ခေါ်ဆောင်သွားနိုင်သလော။ သင်သည် ယခု စိတ်ကူးယဉ် နေသေးသလော။ သို့ဆိုပါက စိတ်ကူးယဉ်ခြင်းကို ရပ်တန့်ပြီး၊ ယခု မည်သူအမှုပြုနေသည်ကို ကြည့်ရန်- နောက်ဆုံးသောကာလတွင် လူသားကို ကယ်တင်ခြင်းအမှုအား ယခု မည်သူ ဆောင်ရွက်နေသည်ကို မြင်ရန် ကြည့်ဖို့- ငါအကြံပြု၏။ သင် ထိုသို့မလုပ်ဆောင်ပါက၊ သမ္မာတရားကို မည်သည့်အခါတွင်မျှ သင် ရရှိလိမ့်မည်မဟုတ်သကဲ့သို့၊ အသက်ကို မည်သည့်အခါတွင်မျှ ရရှိလိမ့်မည် မဟုတ်ပေ။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ နောက်ဆုံးသော ကာလ၏ ခရစ်တော်သည်သာ လူသားအား ထာဝရအသက်၏ လမ်းခရီးကို ပေးနိုင်သည်)

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

ဘာသာရေးခေါင်းဆောင်များနောက်သို့ လိုက်ခြင်းသည် ဘုရားသခင်နောက်သို့ လိုက်ခြင်းဖြစ်ပါသလား

လွန်ခဲ့တဲ့ နှစ်နှစ်ထောင်တုန်းက ကျွန်တော်တို့ရဲ့ ကယ်တင်ရှင် သခင်ယေရှုဟာ ရွေးနုတ်ခြင်းအမှုကို ပြုဖို့အတွက် ကြွလာခဲ့ပြီး ဂျူးဘာသာရဲ့...

စစ်မှန်သည့် ခရစ်တော်နှင့် ခရစ်တော် အယောင်ဆောင်များကို ပိုင်းခြားသိမြင်ခြင်း

ဒီနေ့ စစ်မှန်တဲ့ ခရစ်တော်နဲ့ ခရစ်တော် အယောင်ဆောင်တွေကို ဘယ်လို ပိုင်းခြားသိမြင်ရမယ်ဆိုတာကို ကျွန်တော်ပြောချင်ပါတယ်။ ဒါက ဘုရားအပေါ်...

“အမှုပြီးပြီ”ဟု ဆိုခဲ့ချိန်တွင် သခင်ယေရှုက အမှန်တကယ် မည်သည့်အရာကို ဆိုလိုခဲ့သနည်း

ခရစ်ယာန်တွေ ယုံကြည်တာက ကားတိုင်မှာ “အမှုပြီးပြီ။”လို့ သခင်ယေရှု ပြောတဲ့အချိန်မှာ၊ လူသားမျိုးနွယ်ကို ကယ်တင်တဲ့ ဘုရားရဲ့ အမှုတော်...

ကယ်တင်ရှင်သည် သူ ကြွလာချိန်တွင် လူသားမျိုးနွယ်ကို မည်သို့ကယ်တင်သနည်း

ကယ်တင်ရှင်အကြောင်း ဆွေးနွေးတဲ့အခါ နောက်ဆုံးသော ကာလမှာ လူသားမျိုးနွယ်ကို ကယ်တင်ဖို့ ကမ္ဘာမြေကို သူ ကြွလာဖို့ သေချာတယ်လို့ ယုံကြည်သူအားလုံးက...

Leave a Reply

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။