ဘုရားသခင်သည် နောက်ဆုံးသောကာလတွင် ဝိညာဉ်တော်အသွင်ကို မယူဘဲ၊ ဘာကြောင့် လူ့ဇာတိခံယူသလဲ

09.11.2021

ကယ်တင်ရှင်ဖြစ်တဲ့ အနန္တတန်ခိုးရှင် ဘုရားသခင်ဟာ နောက်ဆုံးသောကာလ တရားစီရင်ခြင်းအမှုအတွက် သမ္မာတရားတွေကို ဖော်ပြခဲ့တဲ့အချိန်ကစပြီး၊ လူတွေအများအပြားဟာ စစ်မှန်တဲ့လမ်းကို ရှာဖွေစူးစမ်းမိကြပါတယ်။ ပြီးတော့ ကယ်တင်ရှင် ပြန်လာခြင်းကို ကြိုဆိုမိခဲ့ကြတယ်။ အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေဟာ မယုံနိုင်လောက်အောင် သြဇာအာဏာပါတယ်၊ တန်ခိုးနဲ့ပြည့်စုံတယ်၊ တကယ်ကို သမ္မာတရားဖြစ်တယ်ဆိုတာတွေကို သူတို့တွေ မြင်ခဲ့ကြပါပြီ။ ဒါက သန့်ရှင်းသောဝိညာဉ်တော်ရဲ့အသံပဲ၊ ဒီနှုတ်ကပတ်တော်တွေကို သာမန်လူတစ်ယောက်က မပြောဆိုနိုင်ဘူးဆိုတာကိုလည်း အတည်ပြုလိုက်ကြပါပြီ။ သူတို့တွေဟာ ဘုရားရဲ့အသံကို ကြားပြီး၊ အနန္တတန်ခိုးရှင် ဘုရားသခင်ကို လက်ခံသွားကြတယ်။ ဘုရားရဲ့ပလ္လင်တော်ရှေ့ ချီမခံကြရတယ်။ သိုးသငယ်ရဲ့ မင်္ဂလာစားပွဲကိုလည်း တက်ရောက်သွားကြပါတယ်။ ဘုရား ရွေးကောက်ထားတဲ့လူတွေဟာ ဘုရားရဲ့နှုတ်ကပတ်တော်တွေကို နေ့စဉ် စားသောက်ပြီး၊ အရသာခံရတဲ့အတွက်၊ သူတို့ရဲ့စိတ်နှလုံးတွေက ပိုပိုပြီး ကြည်လင်လာကြတယ်။ သူတို့တွေက ဘုရားရဲ့ရှိနေခြင်းကို ဝမ်းမြောက်ကြသလို၊ နှုတ်ကပတ်တော်တွေရဲ့ ဉာဏ်အလင်းပေးမှုကိုလည်း ရကြတော့၊ သမ္မာတရားတွေအများကြီးကို ကြားသိရတယ်၊ အမှုအရာတွေအများကြီးကိုလည်း နားလည်မိကြတယ်။ သမ္မာကျမ်းရဲ့နက်နဲမှုတွေအများကြီးကိုလည်း လေ့လာမိကြတယ်။ တကယ်ကို ဝမ်းမြောက်စရာပါပဲ။ သူတို့တွေမှာ ယုံကြည်ခြင်း ပြည့်လျှံနေတဲ့အပြင်၊ ဘုရားကို သူတို့ရဲ့ချစ်ခင်ခြင်းကလည်း နက်ရှိုင်းပါတယ်။ ဘုရား ရွေးကောက်ထားတဲ့လူတွေ အများအပြားဟာ တရုတ်ကွန်မြူနစ်ပါတီရဲ့ ဖိနှိပ်မှု၊ ဖမ်းဆီးမှုနဲ့ ညှဉ်းပန်းနှိပ်စက်မှုတွေကို ရင်ဆိုင်ရပေမဲ့၊ ရဲရင့်ကြတယ်။ ဘုရားကို သက်သေခံဖို့ ဧဝံဂေလိတရား မျှဝေမယ်ဆိုတဲ့ တာဝန်အသိကြောင့်၊ သူတို့မိသားစုတွေနဲ့ လောကီအနှောင်အဖွဲ့တွေကို ချန်ထားရစ်ကြတယ်။ သူတို့တွေဟာ တရုတ်ကွန်မြူနစ်ပါတီရဲ့ ရက်ရက်စက်စက် ဖမ်းဆီးနှိပ်စက်တာတွေကို ခံရပေမဲ့၊ ရဲရဲဝံ့ဝံ့ မတုန်မလှုပ်နဲ့ ဘုရားနောက်ကို ဆက်လိုက်ကြတယ်၊ ကိုယ်တော့်ကို ဆက်ပြီး သက်သေခံကြတယ်။ သူတို့တွေဟာ မရှုံးနိမ့်ကြသေးပါဘူး။ လုံးဝ မပျောက်ပျက်သွားကြပါဘူး။ ဘုရားသခင်အတွက် ထူးထူးကဲကဲ သက်သေခံထားကြတာပါ။ အခုဆိုရင် အနန္တတန်ခိုးရှင်ဘုရားရဲ့ နိုင်ငံတော်ဧဝံဂေလိတရားဟာ မြေကြီးပေါ်က နိုင်ငံတိုင်းကို ပျံ့နှံ့နေပါပြီ။ အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော်ကိုလည်း အဲဒီနိုင်ငံတွေအများအပြားမှာ တည်ထောင်ပြီးပါပြီ။ ဘုရားရဲ့အသံကို ကြားမိကြတဲ့လူတွေဟာ များသထက်များလာပြီး၊ အနန္တတန်ခိုးရှင်ဘုရားဆီ ဦးလှည့်နေကြပါတယ်။ အနန္တတန်ခိုးရှင်ဘုရားရဲ့အမှုတော်ကို အွန်လိုင်းမှာ စူးစမ်းကြတဲ့လူတွေ အရေအတွက်ဟာ များပြားလာပါတယ်။ ဒါက သခင်ယေရှုရဲ့ပရောဖက်ပြုချက်ကို လုံးဝ ပြည့်စုံစေတာပါ၊ “လျှပ်စစ်သည် အရှေ့မှပြက်၍အနောက်တိုင်အောင် ထွန်းလင်းသကဲ့သို့၊ လူသားသည် ကြွလာတော် မူလတံ့။(ရှင်မဿဲခရစ်ဝင် ၂၄:၂၇) အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့နှုတ်ကပတ်တော်တွေမှာ မိန့်ဆိုသလိုပါပဲ၊ “စကြဝဠာတစ်ခွင်တွင် ငါသည် ငါ၏အမှုကို ဆောင်ရွက်လျက် ရှိပြီး အရှေ့အရပ်တွင် တိုင်းနိုင်ငံ အားလုံးနှင့် ဂိုဏ်းဂဏအားလုံးကို တုန်လှုပ်နေစေလျက်၊ အဆုံးမရှိ မိုးခြိမ်းသံများကို ထုတ်လွှတ်နေသည်။ လူသား အားလုံးကို ပစ္စုပ္ပန်သို့ ဦးဆောင်လမ်းပြခဲ့သည်မှာ ငါ၏အသံ ဖြစ်သည်။ ကြာမြင့်စွာကတည်းက ငါ၏ဘုန်းတော်ကို ကမ္ဘာတစ်ခုလုံးထံမှ ငါပြန်လည်ရယူခဲ့ပြီး အရှေ့အရပ်တွင် အသစ်တစ်ဖန် ထုတ်ပြန်ပြီးဖြစ်သည့်အတွက် ငါ၏ အသံအားဖြင့် လူသားအားလုံးသည် သိမ်းပိုက်ခြင်းခံရစေသည်၊ လူသားအားလုံးကို ဤရေစီးကြောင်းအတွင်း ကျစေပြီး ငါ၏ ရှေ့မှောက် နာခံစေမည်၊ အဘယ်သူသည် ငါ၏ ဘုန်းတော်ကို မြင်ရန် မတောင့်တသနည်း။ အဘယ်သူသည် ငါ၏ပြန်ကြွလာခြင်းကို စိုးရိမ်တကြီး မစောင့်နေသနည်း။ အဘယ်သူသည် ငါတစ်ဖန် ပြန်ပေါ်လာမည်ကို မငတ်မွတ်သနည်း။ အဘယ်သူသည် ငါ၏ ချစ်ခင်နှစ်လိုဖွယ် ကောင်းခြင်းကို အောက်မေ့တမ်းတခြင်း မရှိသနည်း။ အဘယ်သူသည် အလင်းသို့ မလာဘဲ နေမည်နည်း။ အဘယ်သူသည် ခါနာန်ပြည်၏ ကြွယ်ဝမှုကို မမျှော်ကြည့်ဘဲ နေမည်နည်း။ အဘယ်သူသည် ရွေးနုတ်ရှင် ပြန်ကြွလာခြင်းအတွက် မတောင့်တဘဲ နေသနည်း။ တန်ခိုးကြီးမားသည့် သူ့ကို မမြတ်နိုးသူ အဘယ်သူနည်း။ ငါ၏အသံသည် ကမ္ဘာတစ်ဝန်း ပျံ့နှံ့သွားမည်။ ငါရွေးကောက်ထားသူများအား ငါ မျက်နှာချင်းဆိုင်မည် ဖြစ်ပြီး ၎င်းတို့အား နှုတ်ကပတ်တော်ကို ပိုမိုပြောကြားမည်။ တောင်များနှင့် မြစ်များကို တုန်လှုပ်စေသည့် အင်အားကြီးသော မိုးချုန်းသံများကဲ့သို့ စကြဝဠာတစ်ခုလုံးနှင့် လူသားမျိုးနွယ်တို့အား ငါ၏ နှုတ်ကပတ်တော်ကို ငါပြောကြားသည်။ ထို့ကြောင့် ငါ၏နှုတ် အတွင်းရှိ နှုတ်ကပတ်တော်များသည် လူသား၏ ရတနာဖြစ်လာပြီး လူသားအားလုံး ငါ၏ နှုတ်ကပတ်တော်များကို ချစ်ခင် မြတ်နိုးသည်။ အရှေ့အရပ်မှသည် အနောက်အရပ်အထိ တစ်လျှောက်လုံး လျှပ်ပြက်သည်။ လူသားသည် ငါ၏ နှုတ်ကပတ်တော်များကို စွန့်လွှတ်ရန် ရွံမုန်းပြီး တစ်ချိန်တည်းတွင် မတွေးတတ်အောင် နက်နဲသည်ဟု မြင်သော်လည်း၊ နှုတ်ကပတ်တော်များတွင် ပို၍ပင် ပျော်ပိုက်ကြလေသည်။ လူသားအားလုံးသည် နို့စို့ကလေးငယ်တစ်ဦး ခုလေးတင် မွေးဖွားပြီးသည့်အလား၊ ငါ၏ ကြွလာခြင်းကို ဂုဏ်ပြုလျက် ဝမ်းမြောက်ဝမ်းသာဖြစ်ကာ ပျော်ရွှင်ကြလေသည်။ ငါ၏အသံအားဖြင့် ငါသည် လူသားအားလုံးကို ငါ၏ ရှေ့မှောက်သို့ ခေါ်ယူမည်။ ထိုအချိန်မှစ၍ လူသားတို့သည် ငါ့ကိုလာရောက် ဝတ်ပြုရန်အလို့ငှာ ငါသည် လူသားအမျိုးအနွယ်အတွင်းသို့ တရားဝင် ဝင်ရောက်မည်။ တောက်ပလျက်ရှိသော ငါ၏ဘုန်းတော်နှင့် ငါ၏ နှုတ်ထဲရှိ နှုတ်ကပတ်တော်များဖြင့် ငါသည် လူသားအားလုံးကို ငါ၏ ရှေ့မှောက်လာစေပြီး အရှေ့အရပ်မှ လျှပ်ပြက်ခြင်းများကို မြင်စေကာ ငါသည် အရှေ့အရပ်၏ ‘သံလွင်တောင်’ ပေါ်သို့လည်း ဆင်းသက်ပြီးဖြစ်ကြောင်း မြင်စေမည်။ ငါသည် ယုဒ လူမျိုးများ၏ သားအဖြစ် မဟုတ်တော့ဘဲ၊ အရှေ့အရပ်၏ လျှပ်ပြက်ခြင်းကဲ့သို့ ကြာမြင့်သော အချိန်ကတည်းက မြေကြီးပေါ်သို့ ရောက်ရှိပြီးဖြစ်ကြောင်းကို ၎င်းတို့ တွေ့လိမ့်မည်။ အကြောင်းမူကား ငါသည် ကြာမြင့်စွာ ကတည်းက ရှင်ပြန်ထမြောက်ပြီးဖြစ်ပြီး၊ လူသားမျိုးနွယ် အကြားမှ ထွက်ခွာ လာပြီးနောက်၊ ဘုန်းတော်ဖြင့် လူသားတို့ အကြား ပြန်လည် ပေါ်ပေါက်လာခဲ့၏။ ငါသည် ယခုမတိုင်မီ မရေမတွက်နိုင်သော ခေတ်ပေါင်းများစွာက ကိုးကွယ်ခံခဲ့ရသူဖြစ်ပြီး ယခုမတိုင်မီ မရေမတွက်နိုင်သော ခေတ်ပေါင်းများစွာက ဣသရေလအမျိုးတို့ စွန့်ပစ်ခဲ့သည့် မွေးကင်းစလည်း ဖြစ်သည်။ ၎င်းအပြင် ငါသည် မျက်မှောက်ခေတ်၏ အကြွင်းမဲ့ ဘုန်းကြီးသော အနန္တတန်ခိုးရှင် ဘုရားသခင်လည်း ဖြစ်သည်။ ငါ၏ပလ္လင်ရှေ့မှောက် အားလုံးကို လာစေလျက်၊ ဘုန်းကြီးသော ငါ၏ မျက်နှာကို ဖူးမျှော်စေလော့၊ ငါ့အသံကို ကြား၍ ငါ၏လုပ်ဆောင်ချက်တို့ကို ကြည့်စေလော့။ ဤသည်မှာ ငါ၏အလို တစ်ခုလုံးဖြစ်သည်။ ဤသည်မှာ နိုင်ငံတိုင်း ငါ့ကို ဝတ်ပြုစေဖို့၊ ဘာသာစကားတိုင်း ငါ့ကို အသိအမှတ်ပြုစေဖို့၊ လူသားတိုင်း ငါ့ကို ယုံကြည်ပြီး လူမျိုးတိုင်း ငါ့ကို နာခံဖို့အလို့ငှာ၊ ငါ့အစီအစဉ်၏ အဆုံးနှင့် အထွတ်အထိပ်ဖြစ်ပြီး ငါ့စီမံခန့်ခွဲမှု၏ ရည်ရွယ်ချက်လည်း ဖြစ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ကောင်းကင်နိုင်ငံတော်၏ ဧဝံဂေလိတရားသည် စကြဝဠာတစ်ခွင်လုံး ပျံ့နှံ့သွားမည်ဟု ဟောပြောနေသည့် မိုးကြိုးသံ ခုနစ်ချက်မြည်ဟည်းသည်)

အနန္တတန်ခိုးရှင်ဘုရားရဲ့မိန့်မြွက်ချက်ဟာ အရှေ့အရပ်ကနေ အနောက်အရပ်ဆီကို ကြီးမားတဲ့အလင်းရောင်တစ်ခုလို ပျံ့နှံ့နေခဲ့ပါပြီ။ တိုင်းနိုင်ငံတိုင်းက ဘုရား ရွေးကောက်ထားတဲ့လူတွေဟာ ဧဝံဂေလိတရားကို ဟောပြောကြတယ်၊ သူ့ကို သက်သေခံကြတယ်၊ စာတန်ကို အနိုင်ယူပြီး ဂုဏ်အသရေအားလုံးကို ရရှိနေပြီဖြစ်တဲ့အတွက် ဘုရားကို ဝမ်းမြောက်ဝမ်းသာ ချီးမွမ်းကြတယ်။ ကယ်တင်ရှင် အနန္တတန်ခိုးရှင်ဘုရားဟာ ကပ်ဘေးတွေမတိုင်ခင် ပေါ်ထွန်းခဲ့ပြီး၊ အမှုတော် စတင်ခဲ့တာပါ။ အောင်မြင်သူများအုပ်စုတစ်ခုကိုလည်း ပြုလုပ်ပြီးပါပြီ။ သူ့ရဲ့နိုင်ငံတော်ဧဝံဂေလိတရားဟာ တိုင်းနိုင်ငံတိုင်းကို ပျံ့နှံ့ခဲ့ပါပြီ၊ ကပ်ဘေးတွေကလည်း လိုက်လျောညီထွေစွာ လိုက်ပါလာခဲ့တာပါ။ ဘုရားအိမ်တော်ကနေ စတင်တဲ့ တရားစီရင်ခြင်းအမှုဟာ ကြီးကြီးမားမား အောင်မြင်ခဲ့ပြီ။ အဲဒီနောက်မှာမှ ဘုရားဟာ ဒီလောကကို တရားစီရင်၊ ပြစ်တင်ဆုံးမဖို့အတွက် ကပ်ဘေးမျိုးစုံကို အသုံးပြုနေခဲ့တာပဲဆိုတာကို ကျွန်တော်တို့ မြင်နိုင်ပါတယ်။ ဒီကပ်ဘေးတွေဟာ နိုင်ငံတော်ဧဝံဂေလိတရားကို ပျံ့နှံ့စေဖို့၊ နောက်ထပ်နောက်ထပ်သောလူတွေကို အပြစ်တရားနဲ့ စာတန်ရဲ့အင်အားတွေကနေ ကယ်တင်ပေးဖို့ အထောက်အပံ့ဖြစ်စေပါတယ်။ ဒီအခြေအနေရဲ့နောက်ထပ်ရှုထောင့်တစ်ခုကတော့၊ ဘုရားဟာ ဒီ ဆိုးဝါးယုတ်ညံ့လှတဲ့ခေတ်ကို ပြစ်တင်ဆုံးမပြီး အဆုံးသတ်ပေးဖို့၊ သူ့ကို ဆန့်ကျင်တဲ့ မိစ္ဆာအင်အားတွေအားလုံးကို ချေမှုန်းပစ်ဖို့အတွက် ကပ်ဘေးတွေကို အသုံးပြုတာပါ။ ဒါက နောက်ဆုံးသောကာလမှာ ဘုရားရဲ့တရားစီရင်ခြင်းအမှုကြောင့် ထွက်ပေါ်လာမယ့် အသီးအပွင့်ပါပဲ။ ကယ်တင်ရှင်ဖြစ်တဲ့ အနန္တတန်ခိုးရှင်ဘုရားဟာ သမ္မာတရားအများအပြားကို ဖော်ပြထားပါတယ်။ အမှုတော်ကြီးကို ပြုလုပ်ပြီးပါပြီ။ ကမ္ဘာလောကကိုလည်း တုန်လှုပ်စေခဲ့ပါပြီ။ ဒါပေမဲ့ ဘာသာရေးလောကထဲက လူတွေတော်တော်များများဟာ အဆင်းနီတဲ့နဂါးကြီးဖြစ်တဲ့ တရုတ်ကွန်မြူနစ်ပါတီရဲ့ လှည့်စားမှုကို ခံနေရတုန်းပါပဲ။ ဘာသာတရားအတွင်းက အန္တိခရစ်အင်အားတွေရဲ့ ချုပ်နှောင်မှုကို ခံနေရတုန်းပါပဲ။ သူတို့တွေက သခင်ဟာ မိုးတိမ်ပေါ်ကနေ ဝိညာဉ်တော်အသွင်နဲ့ ဆင်းကြွလာလိမ့်မယ်၊ လူသားအဖြစ် လူ့ဇာတိခံပြီး ပြန်ကြွလာမယ်ဆိုတာ မဖြစ်နိုင်ဘူးဆိုတဲ့ အယူအဆကို ဖက်တွယ်ကြတယ်။ အဲဒါကြောင့် သူတို့က မိုးတိမ်နဲ့ ကြွမလာဘူးဆိုရင် အတုအယောင်ပဲ၊ ကိုယ်တော်ဟာ လူသားဖြစ်တယ်ဆိုတဲ့ သက်သေခံချက်မှန်သမျှက အတုအယောင်ပဲ၊ အဲဒါက လူသားကို ယုံကြည်ခြင်းပဲဆိုပြီး ကျိန်းသေတွက်ကြတယ်။ သူတို့တွေက အသင်းတော်တွေဆီ သန့်ရှင်းသောဝိညာဉ်တော်ရဲ့ ပြောဆိုမှုတွေကို မရှာဖွေ မစူးစမ်းမိတဲ့အပြင်၊ ဘုရားရဲ့အသံကိုလည်း ရှာဖွေပြီး နားမထောင်ကြဘူး။ ဘာသာရေးလောကရဲ့ အန္တိခရစ်တွေနောက်ကိုပဲ လိုက်ပြီး၊ အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ပေါ်ထွန်းမှုနဲ့ အမှုတော်ကို မလျှော့တမ်း ဝေဖန်ရှုတ်ချနေကြတယ်၊ စော်ကားပြောဆိုနေကြတယ်။ အဲဒါကြောင့် သူတို့တွေက သခင့်ကို မကြိုဆိုမိကြသေးဘူး၊ ကပ်ဘေးတွေထဲ ကျရောက်ပြီး အံကြိတ်ငိုကြွေးနေကြရတယ်။ သူတို့တွေ အသက်ရှင်မလား၊ သေမလားဆိုတာ ဘယ်သူမှ မသိပါဘူး။ လူတော်တော်များများမှာ မေးခွန်းတစ်ခုရှိကြတယ်။ သခင်ယေရှုက ထမြောက်တော်မူပြီးနောက်မှာ ရက်လေးဆယ်တိတိ ဝိညာဉ်ပုံစံနဲ့ ထင်ရှားပြခဲ့တယ်၊ ဒါကြောင့် သူက ဝိညာဉ်ပုံစံနဲ့ပဲ ပြန်ကြွလာလိမ့်မယ်။ အနန္တတန်ခိုးရှင်ဘုရားက ဝိညာဉ်တော်အဖြစ်နဲ့ မဟုတ်ဘဲ၊ လူ့ဇာတိခံ လူသားအဖြစ်နဲ့ ဘာဖြစ်လို့ ပေါ်ထွန်းလာမှာလဲပေါ့။ အဲဒါကြောင့် လူတော်တော်များများက ဒီမေးခွန်းကို မေးကြတယ်၊ အနန္တတန်ခိုးရှင်ဘုရားဟာ ဝိညာဉ်တော်မဟုတ်ဘဲ၊ လူ့ဇာတိခံယူထားတဲ့အတွက် တော်တော်များများက လက်ခံကြမှာမဟုတ်ဘူးပေါ့။ ဝမ်းနည်းစရာပဲဗျာ။ သူတို့တွေက ကယ်တင်ခြင်းအတွက် တစ်ခုတည်းသော အခွင့်အရေးကို လွဲချော်နေကြတာပါ။ အဲဒီအတွက် ထာဝရ နောင်တရကြလိမ့်မယ်။ အခု ဆက်ပြီးတော့ နောက်ဆုံးသောကာလမှာ ဘုရားက ဝိညာဉ်တော်အသွင်နဲ့ မဟုတ်ဘဲ၊ ဘာကြောင့် လူ့ဇာတိနဲ့ ပေါ်ထွန်းသလဲဆိုတဲ့ မေးခွန်းကို ဖြေရှင်းဖို့၊ ကျွန်တော် နည်းနည်း မိတ်သဟာယပြုပါ့မယ်။

ပထမဆုံး၊ နောက်ဆုံးသောကာလမှာ သခင်က ဘယ်လိုပေါ်ထွန်းပြီး၊ အမှုတော်ပြုလဲဆိုတာနဲ့ပတ်သက်ရင်၊ သခင်ယေရှုဟာ နောက်ဆုံးသောကာလမှာ သူ့အမှုတော်ကို လုပ်ဆောင်ဖို့အတွက် လူသားအဖြစ်နဲ့ လူ့ဇာတိခံပြီး ကမ္ဘာမြေဆီ ပြန်ကြွပါတယ်ဆိုတာကို ကျွန်တော်တို့ အတည်ပြုနိုင်ပါတယ်။ ဒါက သခင်ယေရှုရဲ့နှုတ်တော်က ထွက်တဲ့ ပရောဖက်ပြုချက်အမျိုးမျိုးကို အခြေပြုထားတာပါ။ လူသားတစ်ယောက်က အဆုံးအဖြတ်ပေးတာမျိုး မဟုတ်ပါဘူး။ သခင်ဟာ တကယ်ပဲ ဝိညာဉ်တော်အဖြစ်နဲ့ ပြန်ကြွသလား၊ လူသားအဖြစ် လူ့ဇာတိပုံစံနဲ့ ပြန်ကြွသလားဆိုတာကို ဘုရားက ရှေးရှေးကတည်းက ကြိုပြီး ပြဋ္ဌာန်းခဲ့တာပါ။ ဒီကိစ္စမှာ လူသားရဲ့ရွေးချယ်မှု မပါပါဘူး။ လူသားတွေဖြစ်တဲ့ ကျွန်တော်တို့ လုပ်နိုင်တာဆိုလို့ နာခံခြင်းပဲရှိတယ်။ ကိုယ့်အယူအဆတွေ၊ စိတ်ကူးတွေကို အခြေခံပြီး အကြောင်းအရာတွေကို ဘောင်ခတ်လို့ မရဘူး။ တကယ်တော့ ပေါ်ထွန်းခြင်းကို ဘုရားရဲ့ ကြိုတင်သတ်မှတ်ထားပုံက လူသားအယူအဆတွေနဲ့ မကိုက်ညီဘူးဆိုရင်တောင်၊ အဲဒါက အကောင်းဆုံးနည်းလမ်းပဲဖြစ်တယ်၊ ကျွန်တော်တို့ကယ်တင်ခြင်းအတွက် အဓိပ္ပာယ်အရှိဆုံး၊ အကျိုးအပြုဆုံးပဲဖြစ်တယ်။ အဲဒါက မမှားယွင်းနိုင်ပါဘူး။ ကျွန်တော်တို့က စိတ်ကူးလို့ရနိုင်တာတွေကို အခြေခံပြီး ချဉ်းကပ်လို့မရဘူး။ ကျွန်တော်တို့က ပညာရှိသတို့သမီးတွေ ဖြစ်ရမယ်၊ မိုက်မဲတဲ့သတို့သမီးတွေ မဖြစ်ရဘူး။ အဲဒါက သခင် ပေါ်ထွန်းခြင်းကို ကြိုဆိုဖို့ တစ်ခုတည်းသောနည်းလမ်းပဲ။ လူတွေအနေနဲ့ ကိုယ်ပိုင် ဘောင်ခတ်ထားတာတွေကိုပဲ မရမက လက်ခံကျင့်သုံးလည်း ရတယ်။ မိုးတိမ်ပေါ်ကနေ သခင် ကြွဆင်းလာမယ်ဆိုတာကလွဲပြီး ဘာကိုမှ လက်မခံဘူး၊ လူ့ဇာတိခံယူတဲ့ လူသားကို ငြင်းပယ်တယ်ပေါ့။ ဒီသဘောထားရဲ့အကျိုးဆက်တွေက ဘာတွေဖြစ်မလဲ။ သူတို့အနေနဲ့ ကပ်ဘေးတွေထဲ သေချာပေါက် ကျရောက်ကြလိမ့်မယ်။ ကိုယ့်ပျက်စီးခြင်းကို ကိုယ်ဖိတ်ခေါ်ရင်း အပြစ်ဒဏ်ပေးခံကြရမှာ။ ကျွန်တော်တို့က ပညာရှိသတို့သမီးတွေ ဖြစ်တယ်ဆိုရင်၊ သခင့်ကို ကြိုဆိုဖို့ ဘုရားရဲ့အသံကို ရှာဖွေနားထောင်ရင်းနဲ့၊ သခင် သတ်မှတ်တဲ့အတိုင်း လုပ်ဆောင်သင့်တယ်။ ဘုရားက ဘယ်လိုအသွင်သဏ္ဌာန်ကိုပဲ ယူယူ၊ သူ့ကို ဝမ်းမြောက်ဝမ်းသာ လက်ခံပြီး နာခံရမယ်။ ကိုယ့်အကြိုက် ကိုယ် ရွေးချယ်ဖို့ မကြိုးစားရဘူး။ အဲဒီလိုမဟုတ်ရင် ကျွန်တော်တို့က မိုက်မဲတဲ့သတို့သမီးတွေ ဖြစ်လာလိမ့်မယ်။ ကပ်ဘေးထဲ ကျရောက်ပြီး အံကြိတ်ငိုကြွေးနေရလိမ့်မယ်။ ဒီတော့ နောက်ဆုံးသောကာလမှာ အမှန်တကယ် ဖြစ်ပျက်တာက ဘာလဲ။ ဘုရားက ဝိညာဉ်အသွင်နဲ့ ပြန်ကြွတာလား၊ လူသားအဖြစ်နဲ့လား။ ပထမဆုံး၊ အပြန်အလှန် ဆက်ဆံရေးမှာ ဘုရားရဲ့ဝိညာဉ်တော်နဲ့ ပိုပြီးလွယ်ကူသလား၊ လူသားနဲ့ ပိုပြီးလွယ်ကူလားဆိုတာကို ဆွေးနွေးရအောင်။ ကျွန်တော်တို့ကို ဝိညာဉ်တော်ကတစ်ဆင့် ပြောဆိုတာနဲ့ လူ့ဇာတိခံပြီး ပြောဆိုတာက ဘယ်ဟာက သူ့အတွက် ပိုလွယ်ကူသလဲ။ ဘယ်လိုပဲဖြစ်ဖြစ် လူသားအဖြစ်နဲ့က ပိုပြီး လွယ်ကူတယ်လို့ပဲ လူတော်တော်များများက အဖြေပေးကြမှာပါ။ အဲဒါက အမှန်ပါပဲ။ ဘုရားက ကျေးဇူးတော်ခေတ်မှာ ပေါ်ထွန်းပြီး အမှုပြုတဲ့အချိန်မှာ လူ့ဇာတိခံယူခဲ့တယ်ဆိုတာ အဲဒါကြောင့်ပါပဲ။ သခင်ယေရှုက လူသားဖြစ်ခဲ့တာပါ။ သူက လူတွေကြားမှာ ရှင်သန်ပြီး၊ ကျွန်တော်တို့နဲ့အတူ စားသောက်နေထိုင်ခဲ့တယ်။ လူတွေအများကြီးက သခင့်နောက်ကို လိုက်ပြီး၊ မိတ်သဟာယပြု ပြောဆိုကြတယ်။ သူနဲ့အတူ အပြန်အလှန်ဆက်ဆံကြတယ်။ ကန့်သတ်ချက်တွေ၊ စည်းတွေ မရှိဘဲ လုံးဝ လွတ်လပ်ပေါ့ပါးခဲ့တယ်။ အဲဒီလူတွေအားလုံးက သခင်ယေရှုရဲ့ ချစ်ခင်ဖွယ်ကောင်းခြင်းကို သက်သေခံခဲ့ကြတယ်။ သခင့်ရဲ့ ရေလောင်း၊ အာဟာရပေး၊ ထောက်ပံ့ပေးမှုကို ရကြတော့၊ လူတွေက သမ္မာတရားတွေအများကြီးကို သင်ယူနိုင်ခဲ့ကြတယ်။ သခင်က သမ္မာတရားတွေအများကြီး ဖော်ပြပြီးတဲ့နောက်မှာ၊ ကားတိုင်မှာ သံမှိုစွဲခံပြီး လူသားရဲ့ အပြစ်ဖြေရာယဇ် ဖြစ်လာခဲ့တယ်။ ဘယ်သူမဆို အနည်းဆုံးတော့ သခင်ယေရှုကို ကယ်တင်ရှင်အဖြစ် လက်ခံပြီး၊ သူ့ဆီမှာ အပြစ်ဝန်ခံ နောင်တရလိုက်ရုံနဲ့၊ အပြစ်တွေကို ခွင့်လွှတ်ပေးခြင်းခံရနိုင်တယ်။ အဲဒီနောက်မှာ သူတို့အပြစ်တွေ ခွင့်လွှတ်ပေးခြင်း ခံရတယ်ဆိုတဲ့ ဝမ်းမြောက်မှု၊ ငြိမ်းချမ်းမှုနဲ့ ဘုရားက ပေးတဲ့ ကျေးဇူးတော်ကို ခံစားနိုင်ခဲ့ကြတယ်။ သခင်က ကားတိုင်တင်ခံ၊ ရှင်ပြန်ထမြောက်ပြီး၊ ကောင်းကင်ဆီ တက်သွားပြီးတဲ့နောက်မှာမှ၊ ယေရှုခရစ်တော်ကို ကယ်တင်ရှင်အဖြစ်၊ ဘုရားရဲ့ပေါ်ထွန်းခြင်းအဖြစ် သက်သေခံကြရင်း၊ သူ့ရဲ့ဧဝံဂေလိတရားကို စပြီး မျှဝေကြတဲ့လူတွေ ပိုပိုပြီး များလာခဲ့တာပါ။ သခင်ယေရှုရဲ့ဧဝံဂေလိတရားဟာ ကမ္ဘာပေါ်က တိုင်းနိုင်ငံတိုင်းကို ရှေးကတည်းက ရောက်ရှိခဲ့တာပါ။ လူတွေကို ရွေးနုတ်ကယ်တင်ဖို့အတွက် ဘုရားက လူသားအဖြစ် လူ့ဇာတိခံယူခြင်းဟာ အထိရောက်ဆုံးပဲဆိုတာကို အဲဒါက သက်သေပြပါတယ်။ လူတွေက ဘုရားရဲ့ဝိညာဉ်တော်ကို မမြင်နိုင် မထိတွေ့နိုင်ဘူး။ လူတွေက ဘုရားကို အဲဒီနည်းလမ်းနဲ့ အပြန်အလှန်ဆက်ဆံလို့မရဘူး။ ကျွန်တော်တို့က ဘုရားရဲ့ဝိညာဉ်တော်နဲ့ ဆက်ဆံလို့ မရဘူးလေ။ ဘုရားရဲ့ဝိညာဉ်တော်က ပြောဆိုပြီဆိုရင်၊ အားလုံးက ကြောက်လန့် တုန်လှုပ်သွားကြတာ။ အဲဒီနည်းလမ်းနဲ့ ဘယ်လိုလုပ် ဆက်သွယ်ကြမလဲ။ အဲဒီ့အပြင် ဘုရားရဲ့ဝိညာဉ်တော်ကို ကားတိုင်တင်နိုင်ဖို့ဆိုတာလည်း လုံးဝ မဖြစ်နိုင်ဘူး။ လူတွေ မမြင်နိုင် မထိတွေ့နိုင်တာမျိုးကို ဘယ်လိုလုပ် ကားတိုင်တင်နိုင်မှာလဲ။ ဘုရားသခင်အနေနဲ့ လူသားအဖြစ် အမှုတော်ပြုဖို့က အကောင်းဆုံးပဲဆိုတာကို ဒါက ပြနေတယ်။ သခင်ယေရှုက လူတွေကို ရွေးနုတ်ဖို့ သူ့အမှုတော်ကို ပြီးစီးတဲ့အချိန်မှာ၊ ဘုရားကို ဘုန်းထင်ရှားစေခဲ့တာပဲလေ။ ဒါကို အားလုံးလည်း ရှင်းရှင်းလင်းလင်း မြင်ကြပါတယ်။ သခင်ယေရှုအမှုတော်ရဲ့ အချက်အလက်တွေကနေ ကျွန်တော်တို့တွေ သေချာသွားတာက၊ လူတွေကို ကယ်တင်တဲ့ ဘုရားရဲ့အမှုတော်မှာ ရွေးနုတ်ခြင်းအမှုပဲဖြစ်ဖြစ်၊ နောက်ဆုံးသောကာလရဲ့ တရားစီရင်ခြင်းအမှုပဲဖြစ်ဖြစ်၊ လူသားအဖြစ် လူ့ဇာတိခံယူခြင်းကသာ အသင့်တော်ဆုံးဖြစ်တယ်ဆိုတာပါပဲ။ အဲဒါက အကောင်းဆုံးရလဒ်တွေ ဖြစ်ထွန်းစေပါတယ်။ ပြီးတော့လည်း နောက်ဆုံးသောကာလမှာ ဘုရားက လူသားအဖြစ် လူ့ဇာတိခံယူတယ်ဆိုတာ သခင်ယေရှုရဲ့ ပရောဖက်ပြုချက်တွေကို လုံးဝ ပြည့်စုံစေတာပါ။ “လူသားသည် ကြွလာတော်မူလတ္တံ့”၊ “လူသားသည် ကြွလာလိမ့်မည်”၊ “လူသားသည် မိမိနေ့ရက်၌ ဖြစ်တော်မူလတ္တံ့” ဆိုတာတွေပေါ့။ ကျမ်းစာကို ကောင်းကောင်း နားလည်တဲ့လူတွေက သခင့်စကားတွေ ပြည့်စုံသွားပြီဆိုတာကို မြင်နိုင်ကြပါတယ်။ ဒါဆို လူသားဟာ ပေါ်ထွန်းပြီး အမှုတော်ပြုနေတယ်ဆိုတဲ့ အယူအဆတွေကို လူတွေအများကြီးက ဘာလို့ ယုံကြည်ကြတာလဲ။ သခင်ဟာ မိုးတိမ်ပေါ်ကနေ ဝိညာဉ်ပုံစံနဲ့ ဆင်းသက်လာမယ်ဆိုတာကိုလည်း လူတွေအများကြီးက ဘာလို့ မလျှော့တမ်းပြောနေကြသေးတာလဲ။ ဒါက တကယ်ကို မိုက်မဲပြီး ပညာမဲ့တာပါ။ ဘုရားသခင်က လူသားအဖြစ် နှိမ့်နှိမ့်ချချ၊ လျှို့ဝှက်စွာနဲ့ ပေါ်ထွန်းပြီး အမှုတော်ပြုပါတယ်။ ဒါက အထိရောက်ဆုံးဖြစ်တယ်ဆိုတဲ့အချက်အပြင်၊ ဘုရားရဲ့စိတ်သဘောထားနဲ့ သူ့ရဲ့နှိမ့်ချမှု၊ လျှို့ဝှက်မှုဟာ ဘယ်လောက် ချစ်ခင်စရာကောင်းတယ်ဆိုတာကိုလည်း ကျွန်တော်တို့ မြင်နိုင်အောင်လို့ပါ။ ဘုရားက လူတွေကို လူသားအဖြစ်နဲ့ တိုက်ရိုက် တွေ့ဆုံပါတယ်၊ ကျွန်တော်တို့နဲ့အတူ မျက်နှာချင်းဆိုင် နေထိုင်စားသောက်နေတာပါ၊ ကျွန်တော်တို့ကို ရေလောင်း၊ လမ်းပြ၊ ကယ်တင်ဖို့အတွက် သမ္မာတရားတွေကို ဖော်ပြနေတာပါ။ ဒါက ဘုရားရဲ့ ကြီးမားတဲ့မေတ္တာပါပဲ။ လူတွေက ဒါကို ဘာလို့ မမြင်နိုင်ကြတာလဲ။ အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေမှာ မိန့်ဆိုတဲ့အတိုင်းပါပဲ၊ “ဘုရားသခင်၏ဝိညာဉ်တော်ကို လူသားက ထိတွေ့နိုင်ခြင်း၊ မြင်နိုင်ခြင်း မရှိသကဲ့သို့၊ လူသားသည် တိုးဝင်ချဉ်းကပ်နိုင်ခြင်းလည်း မရှိသည့်အတွက်၊ ဘုရားသခင်၏ လူကိုကယ်တင်ခြင်းသည် ဝိညာဉ်တော်၏ နည်းစနစ်နှင့် ဝိညာဉ်တော်၏ ပင်ကိုလက္ခဏာတို့ကို တိုက်ရိုက် အသုံးပြု၍ လုပ်ဆောင်ခြင်း မဟုတ်ပေ။ သူ့အနေဖြင့် ဝိညာဉ်တော်၏ ပြုမူပုံကို တိုက်ရိုက် အသုံးပြုလျက် လူသားကို ကယ်တင်ရန် ကြိုးစားခဲ့ပါက၊ လူသားသည် သူ၏ကယ်တင်ခြင်းကို လက်ခံရရှိနိုင်မည် မဟုတ်ပေ။ အကယ်၍ ဘုရားသခင်သည် ဖန်ဆင်းခံ လူသားတစ်ဦး၏ အပြင်ပန်း ပုံသဏ္ဌာန်ကိုသာ မယူတင် မဝတ်ဆင်ခဲ့ပါက၊ လူသားအတွက် ဤကယ်တင်ခြင်းကို ရရှိဖို့ မဖြစ်နိုင်ပေ။ အကြောင်းမှာ မည်သူ တစ်ဦးတစ်ယောက်ကမျှ ယေဟောဝါ၏ တိမ်အနီးသို့ မသွားနိုင်ကြသလောက်၊ လူသည် သူ့ကို ချဉ်းကပ်ခြင်းငှာ မဖြစ်နိုင်သောကြောင့် ဖြစ်သည်။ ဖန်ဆင်းခံ လူသားတစ်ဦး ဖြစ်လာခြင်းအားဖြင့်သာလျှင်၊ ဆိုလိုသည်မှာ သူ၏ နှုတ်ကပတ်တော်များကို သူဖြစ်လာတော့မည့် ဇာတိခန္ဓာအထဲသို့ ထားရှိခြင်းအားဖြင့်သာလျှင်၊ သူ့နောက်လိုက်သော သူအားလုံးထဲသို့ သူသည် နှုတ်ကပတ်တော်ကို ကိုယ်တိုင်ကိုယ်ကျ အမှုပြုစေနိုင်ပေသည်။ ထိုအခါမှသာလျှင် လူသည် သူ၏နှုတ်ကပတ်တော်ကို ကိုယ်တိုင်ကိုယ်ကျ မြင်နိုင်ကာ ကြားနိုင်သည့်အပြင်၊ သူ၏နှုတ်ကပတ်တော် ပိုင်ဆိုင်ခြင်းထဲသို့ ဝင်ရောက်နိုင်ပြီး၊ ဤနည်းဖြင့် အပြည့်အဝ ကယ်တင်ခံရနိုင်ပေသည်။ အကယ်၍ ဘုရားသခင်သည် လူ့ဇာတိကို မခံယူခဲ့ပါက၊ အသွေးအသားရှိသော မည်သူကမျှ ထိုသို့သော ကြီးမြတ်သည့် ကယ်တင်ခြင်းကို ရရှိနိုင်မည် မဟုတ်သကဲ့သို့၊ မည်သည့်လူသားတစ်ဦး တစ်ယောက်ကမျှ ကယ်တင်ခံရမည် မဟုတ်ပေ။ ဘုရားသခင်၏ ဝိညာဉ်တော်သည် လူမျိုးနွယ်အလယ်တွင် တိုက်ရိုက် အလုပ်လုပ်ခဲ့ပါက၊ လူသားမျိုးနွယ်အားလုံးသည် ဒဏ်ခတ်ခံရမည် ဖြစ်သည် သို့မဟုတ်ပါက ဘုရားသခင်နှင့် ထိတွေ့ဆက်ဆံရန် မဖြစ်နိုင်ဘဲလျက်၊ ၎င်းတို့သည် စာတန်၏ လုံးဝ ဖမ်းဆီးခေါ်ဆောင်သွားခြင်း ခံရကြမည် ဖြစ်သည်။...လူ့ဇာတိခံခြင်းအားဖြင့်သာ ဘုရားသခင်သည် လူသားနှင့်အတူ အသက်ရှင်နိုင်သည်၊ ကမ္ဘာလောက၏ ဆင်းရဲဒုက္ခကို တွေ့ကြုံနိုင်ပြီး၊ ပုံမှန်ဇာတိခန္ဓာထဲတွင် အသက်ရှင်နိုင်သည်။ ဤနည်းဖြင့်သာ သူသည် လူတို့ကို ဖန်ဆင်းခံသတ္တဝါများအနေဖြင့် ၎င်းတို့လိုအပ်သည့် လက်တွေ့ကျသော နည်းလမ်းဖြင့် ထောက်ပံ့ပေးနိုင်သည်။ လူသားက ဘုရားသခင်၏ ပြည့်ဝသည့် ကယ်တင်ခြင်းကို ရရှိသည်မှာ ဘုရားသခင်၏ လူ့ဇာတိခံယူခြင်းမှတစ်ဆင့်ဖြစ်ပြီး၊ သူ၏ဆုတောင်းခြင်းများ အဖြေပေးခြင်းဖြင့် ကောင်းကင်ဘုံမှ တိုက်ရိုက် ရရှိခြင်း မဟုတ်ပေ။ အကြောင်းမှာ ဇာတိခန္ဓာရှိသည့် လူသားသည် ဘုရားသခင်၏ ဝိညာဉ်တော်ကို ချဉ်းကပ်ရန်မဆိုထားနှင့် ဘုရားသခင်၏ ဝိညာဉ်တော်ကို မြင်တွေ့ရန်ပင် မဖြစ်နိုင်သောကြောင့် ဖြစ်သည်။ လူသားအနေဖြင့် ထိတွေ့ဆက်ဆံလာနိုင်သည့်အရာ အားလုံးမှာ ဘုရားသခင်၏ လူ့ဇာတိခံ ခန္ဓာကိုယ်သာဖြစ်ပြီး ဤနည်းဖြင့်သာလျှင် လူသားသည် လမ်းခရီးများအားလုံးနှင့် သမ္မာတရားအားလုံးကို သဘောပေါက်နိုင်ကာ ပြည့်ဝသော ကယ်တင်ခြင်းကို ရရှိနိုင်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ လူ့ဇာတိခံယူခြင်း၏ နက်နဲရာအချက် (၄))ဖောက်ပြန်ပျက်စီးသော လူသားအဖို့ အကြီးမားဆုံးသော တန်ဖိုးရှိသည့် အမှုသည် လိုက်စားရန် တိကျမှန်ကန်သော နှုတ်ကပတ်တော်များ၊ ရှင်းလင်းသော ပန်းတိုင်များကို ထောက်ပံ့ပေးသောအမှုဖြစ်ပြီး မြင်၍ရကာ ထိတွေ့၍ရသော အမှုဖြစ်သည်။ လက်တွေ့ကျသောအမှုနှင့် အချိန်မီလမ်းပြမှုတို့သည်သာ လူသား၏အကြိုက်များနှင့် ကိုက်ပြီး၊ စစ်မှန်သော အမှုသည်သာ လူကို သူ၏ ဖောက်ပြန်ပျက်စီးကာ အကျင့်ပျက်ပြားသော စိတ်သဘောထားမှ ကယ်တင်နိုင်သည်။ ဤအရာကို လူ့ဇာတိခံ ဘုရားသခင်အားဖြင့်သာ စွမ်းဆောင် ရရှိနိုင်ပေသည်။ လူ့ဇာတိခံ ဘုရားသခင်သာလျှင် လူသားကို ၎င်း၏ ယခင်က ဖောက်ပြန်ပျက်စီးကာ အကျင့်ပျက်ပြားသော စိတ်သဘောထားမှ ကယ်တင်နိုင်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဖောက်ပြန်ပျက်စီးနေသော လူသားမျိုးနွယ်သည် လူ့ဇာတိခံ ဘုရားသခင်၏ ကယ်တင်ခြင်းကို သာ၍လိုအပ်သည်)

အနန္တတန်ခိုးရှင်ဘုရားရဲ့နှုတ်ကပတ်တော်တွေက သိပ်ပြီး ရှင်းလင်းပါတယ်။ နောက်ဆုံးသောကာလရဲ့ တရားစီရင်ခြင်းအမှုအတွက် လူ့ဇာတိခံယူခြင်းအားဖြင့်သာ ဘုရားသခင်က လူတွေကို အပြည့်အဝ သန့်စင်ကယ်တင်ပေးနိုင်တာပါ၊ ကျွန်တော်တို့ကို လှပတဲ့ပန်းတိုင်တစ်ခုဆီ လမ်းပြပေးနိုင်တာပါ။ ကျွန်တော်တို့နဲ့အတူ ယှဉ်တွဲနေထိုင်ရင်း၊ သမ္မာတရားကို မိတ်သဟာယပြုပေးဖို့၊ လက်တွေ့ကျတဲ့ ပြဿနာတွေကို ဖြေရှင်းပေးဖို့၊ အမြဲအသင့်ရှိနေတဲ့ အနန္တတန်ခိုးရှင်ဘုရားကို ကျွန်တော်တို့တွေကြားမှာ ကိုယ်တိုင်ကိုယ်ကျ မျက်မြင်တွေ့ခဲ့ရပါပြီ။ သူဟာ နှုတ်ကပတ်တော်တွေကို ရေးသားရင်း၊ ကျွန်တော်တို့ကို သမ္မာတရားတွေနဲ့ ထောက်ပံ့ပေးရင်းနဲ့၊ လူတွေရဲ့ဖောက်ပြန်ပျက်စီးမှုကို စောင့်ကြည့်ပါတယ်။ ကျွန်တော်တို့က ဘုရားရဲ့နှုတ်ကပတ်တော်တွေကို အမှန်တကယ် မွေ့လျော်ကြတယ်။ ကျွန်တော်တို့စိတ်တွေလည်း လွတ်မြောက်ကြတယ်။ ဘုရားက ကျွန်တော်တို့ကို သမ္မာတရားနဲ့ မိတ်သဟာယပြုတဲ့အခါ၊ သူ့ကို မေးခွန်းတွေ မေးနိုင်သလို၊ သူကလည်း စိတ်ရှည်စွာနဲ့ အဖြေပေးပါတယ်။ အနန္တတန်ခိုးရှင်ဘုရားဟာ ကျွန်တော်တို့နဲ့အတူ ပြောဆို မိတ်သဟာယပြုရင်း၊ လူတွေကြားမှာပဲ နေထိုင်တာပါ။ ကျွန်တော်တို့ရဲ့စကားတွေ၊ အမူအရာတွေနဲ့ အတွေးတွေမှန်သမျှဟာ ဘုရားရဲ့မျက်စိရှေ့မှာ ရှင်းရှင်းကြီး ပေါ်နေတာပါ။ ဘုရားက ကျွန်တော်တို့ရဲ့ ဆိုးယုတ်တဲ့ စိတ်သဘောထားတွေ၊ သူနဲ့ပတ်သက်တဲ့ ကျွန်တော်တို့ရဲ့အယူအဆတွေ၊ စိတ်ကူးတွေကို ဖော်ထုတ်ပြရင်း၊ ကျွန်တော်တို့ယုံကြည်ခြင်းမှာ မှားနေတာတွေ၊ အားထုတ်မှုမှာ မှားယွင်းနေတဲ့ ရှုထောင့်တွေကိုလည်း ပြင်ပေးရင်းနဲ့၊ ဘယ်အချိန် ဘယ်နေရာမှာမဆို သမ္မာတရားတွေကို ဖော်ပြပေးနိုင်တယ်။ လူ့ဇာတိခံယူတဲ့ဘုရားဟာ ကျွန်တော်တို့ကို မျက်နှာချင်းဆိုင် သွန်သင်ထောက်ပံ့ပေးရင်း၊ ကျွန်တော်တို့ကို ကိုယ်တော်တိုင် ဘယ်လို ရေလောင်း၊ လမ်းပြပေးတယ်ဆိုတာ ဒါပါပဲ။ ကျွန်တော်တို့အတွက် အံ့သြစရာကောင်းတဲ့၊ စိတ်နှလုံးနွေးထွေးစေတဲ့ အတွေ့အကြုံတစ်ခုပါပဲ။ ဘုရားသခင်ဟာ တကယ်ကို ချစ်ခင်စရာကောင်းပြီး ဖော်ရွေလွန်းပါတယ်။ ကျွန်တော်တို့က ဘုရားရဲ့ မရေမတွက်နိုင်တဲ့ ချစ်ခင်စရာ လက္ခဏာသွင်ပြင်တွေကို မြင်ပြီး၊ သူ့ကို စိတ်နှလုံးထဲကနေ လှိုက်လှိုက်လှဲလှဲ ချစ်ခင်မိတယ်။ ခရစ်တော်ဟာ သမ္မာတရားတွေအများကြီးကို ဖော်ပြပြီး၊ အမှုတော်ကြီးကို ပြုနေတာပါ။ ဒါပေမဲ့ သူက နှိမ့်ချပြီး လျှို့ဝှက်လွန်းတယ်။ သူ့ကိုယ်သူ ဘုရားအဖြစ် မော်ကြွားတာမျိုး၊ ဟိတ်ဟန်ထုတ်တာမျိုး လုံးဝ မရှိဘူး။ ကျွန်တော်တို့နဲ့ အပြန်အလှန်ဆက်ဆံမှုတွေမှာ အရမ်းကို ပေါ့ပါး နွေးထွေးပြီး၊ သူ့ကို နာခံဖို့ ဘယ်သူ့ကိုမှ အတင်းအကျပ် မလုပ်ဘူး။ ခရစ်တော်ဆီမှာ မာနထောင်လွှားတာ၊ မောက်မာတာ နည်းနည်းလေးမှ မရှိပါဘူး။ ခရစ်တော်ရဲ့နှုတ်ကပတ်တော်တွေဟာ ယုံကြည်ထိုက်တယ်၊ အလိမ်အညာတွေ၊ ဟန်ဆောင်မှုတွေ၊ လှည့်စားမှုတွေ ကင်းတယ်။ သူက ကျွန်တော်တို့ကို မိသားစုဝင်တွေလို ဆက်ဆံပြီး၊ ရိုးရိုးသားသား ပြောဆိုဆွေးနွေးတယ်။ အဲဒါက ကျွန်တော်တို့အတွက် ကြည်နူးစရာကောင်းလွန်းပါတယ်။ ခရစ်တော်ရဲ့လူ့သဘာဝမှာ ဖောက်ပြန်ပျက်စီးမှု လုံးဝ မရှိမှန်း၊ ကျွန်တော်တို့ မြင်နိုင်ပါတယ်။ သူက သာမန်လူ့သဘာဝကို ပိုင်ဆိုင်တယ်။ ကြင်နာတတ်တဲ့၊ သန့်ရှင်းတဲ့ လူ့သဘာဝပါ။ ခရစ်တော်ဟာ ကျွန်တော်တို့ကို အာဟာရပေး၊ ထောက်ပံ့၊ လမ်းပြဖို့အတွက်၊ သမ္မာတရားကို ဘယ်အချိန် ဘယ်နေရာမှာမဆို ဖော်ပြပေးနိုင်တယ်။ ခရစ်တော်ဟာ သာမန်လူ့သဘာဝကို ပိုင်ဆိုင်ရုံမကဘူး၊ ဘုရားဖြစ်ခြင်း အနှစ်သာရပါရှိတယ်ဆိုတာ၊ ကျွန်တော်တို့ ပိုပြီးတော့ သေချာသွားတယ်။ သူဟာ တကယ်ကို ဘုရားရဲ့ပေါ်ထွန်းခြင်းပဲ၊ လူ့ဇာတိခံယူထားတဲ့ လက်တွေ့ကျတဲ့ ဘုရားသခင်ပဲ။ ခရစ်တော်နောက်ကို အခုအချိန်ထိ လိုက်လျှောက်ရင်းနဲ့၊ ခရစ်တော်ဟာ သမ္မာတရား၊ လမ်းခရီးနဲ့ အသက် ဖြစ်တယ်ဆိုတာ ကျွန်တော်တို့ သိကြတယ်။ ခရစ်တော်ကလွဲရင်၊ ထင်ရှားတဲ့လူတွေ ပုဂ္ဂိုလ်ကျော်တွေပဲဖြစ်ဖြစ် ဘယ်သူမှ သမ္မာတရားကို ဖော်ပြပြီး လူတွေကို မကယ်တင်နိုင်ဘူး။ ကျွန်တော်တို့အနေနဲ့ ဘုရားရဲ့လူ့ဇာတိခံ အသွင်သဏ္ဌာန်ထဲမှာ ဘုရားရဲ့အရာအားလုံးနဲ့ ဖြစ်ခြင်းကို အများကြီး မြင်ကြရတယ်။ ခရစ်တော်ရဲ့ဘုရားဖြစ်ခြင်း အနှစ်သာရကို မြင်ကြတယ်။ ဘုရားရဲ့စိတ်သဘောထားက သန့်ရှင်း၊ ဖြောင့်မတ်တယ်ဆိုတာ မြင်ကြတယ်။ ဘုရားက ဘယ်လောက်နှိမ့်ချပြီး လျှို့ဝှက်တယ်၊ အကြွင်းမဲ့ သနားညှာတာပြီး နှစ်သက်ဖွယ်ကောင်းမှန်းလည်း မြင်မိကြတယ်။ ဒါက ကျွန်တော်တို့ကို ဘုရားနဲ့ ပိုပြီးရင်းနှီးစေပါတယ်။ သူ့ကို နာခံပြီး ချစ်ခင်မိကြတယ်။ လူတွေကို ကယ်တင်ဖို့ လူ့ဇာတိခံယူတဲ့ ဘုရားရဲ့အမှုတော်ဟာ သိပ်ပြီး အဓိပ္ပာယ်ရှိပါတယ်။ အဲဒါက ဘုရားနဲ့ လူသားကြားက ခြားနားချက်ကို ဖြည့်ပေးရုံမကဘူး၊ ဘုရားအပေါ် လက်တွေ့ကျတဲ့ သိနားလည်ခြင်းကိုလည်း ရစေပါတယ်။ ကျွန်တော်တို့က ဘုရားရဲ့လက်တွေ့ကျတဲ့ အမှုတော်ကတစ်ဆင့်၊ ပျက်စီးတဲ့စိတ်သဘောထားတွေဖြစ်တဲ့ မာနထောင်လွှားမှု၊ လိမ်ညာမှုလိုဟာတွေကို ဖယ်ရှားရင်းနဲ့၊ သမ္မာတရားကို တဖြည်းဖြည်း နားလည်ပြီး၊ စစ်မှန်မှုထဲ ဝင်ရောက်ကြတာပါ။ စစ်မှန်တဲ့ လူသားပုံသဏ္ဌာန်တစ်ခုနဲ့ အသက်ရှင်နေထိုင်မိကြပြီး၊ ဘုရားရဲ့ကယ်တင်ခြင်း ကျေးဇူးတော်ကို ရရှိကြတာပါ။ လူ့ဇာတိခံယူတဲ့ ဘုရားရဲ့အမှုတော်ဟာ ဘယ်လောက် လက်တွေ့ကျတယ်၊ စစ်မှန်တယ်ဆိုတာကို၊ အနန္တတန်ခိုးရှင်ဘုရားရဲ့ နောက်ဆုံးသောကာလ အမှုတော်ကတစ်ဆင့် လှိုက်လှိုက်လှဲလှဲ ခံစားမိကြတာပါ။ ဘုရားက လူ့ဇာတိမခံယူခဲ့ဘူးဆိုရင်၊ ကျွန်တော်တို့အနေနဲ့ ဘုရားဆီက အဲဒီလို စစ်မှန်တဲ့ရေလောင်းပေးခြင်းနဲ့ အာဟာရကို ဘယ်တော့မှ ရနိုင်ကြမှာမဟုတ်ဘူး။ သမ္မာတရားကို နားလည်ရရှိဖို့၊ အပြစ်ကို ဖယ်ရှားဖို့၊ ဘုရားရဲ့ အပြည့်အဝ ကယ်တင်ခြင်းကို ခံရဖို့ဆိုတာတွေက ပိုတောင် ဝေးပါသေးတယ်။ ဘုရားက သူ့ရဲ့တရားစီရင်ခြင်းအမှုကို လူ့ဇာတိခံယူပြီး လုပ်ဆောင်မှသာ အဲဒါတွေကို ရရှိနိုင်တာပါ။

ဒါကြောင့် အခုချိန်မှာ လူတိုင်း ရှင်းရှင်းလင်းလင်း မြင်သင့်ပါပြီ၊ ဘုရားက နောက်ဆုံးသောကာလမှာ လူ့ဇာတိခံယူပြီး၊ သမ္မာတရားကို ဖော်ပြနေတယ်၊ တရားစီရင်ခြင်းအမှုကို ပြုနေတယ်ဆိုတာ လူတွေကို အပြည့်အဝ သန့်စင်ပေးဖို့၊ ကယ်တင်ပေးဖို့အတွက်ပါပဲ။ ဘုရားက ဝိညာဉ်တော်အဖြစ် ပေါ်ထွန်းပြီး အမှုပြုမယ်ဆိုရင်တော့၊ ပျက်စီးနေတဲ့ ကျွန်တော်တို့တွေဟာ သမ္မာတရားကို နားလည်ရရှိဖို့ အခွင့်အရေး ရကြမှာမဟုတ်ဘူး၊ ကျွန်တော်တို့ရဲ့ ဖောက်ပြန်ပျက်စီးမှုကို ဘယ်တော့မှ ဖယ်ရှားနိုင်ကြမှာ မဟုတ်ဘူး။ ဘုရားရဲ့ကယ်တင်ခြင်းကိုလည်း ခံရနိုင်မှာမဟုတ်ဘူး။ အဲဒါက တကယ်ကို အမှန်တကယ်ပါပဲ။ ဒါပေမဲ့ ဘာသာရေးလောကထဲက လူတွေတော်တော်များများက အနန္တတန်ခိုးရှင်ဘုရားဟာ သမ္မာတရားတွေအများအပြားကို ဖော်ပြထားမှန်း မြင်ကြတယ်၊ အနန္တတန်ခိုးရှင်ဘုရားရဲ့နှုတ်ကပတ်တော်တွေမှာ သြဇာအာဏာနဲ့ တန်ခိုး ပါမှန်းလည်း လက်ခံကြတယ်။ ဒါပေမဲ့ သူဟာ ရိုးရိုးတန်းတန်း သာမန်သွင်ပြင်တစ်ခုနဲ့ လူသား ဖြစ်နေတာကြောင့်၊ သူတို့က အနန္တတန်ခိုးရှင်ဘုရားကို လူသားတစ်ယောက်ပဲ၊ ဘုရား မဟုတ်ဘူးဆိုပြီး ဝေဖန်ရှုတ်ချကြတယ်။ အနန္တတန်ခိုးရှင်ဘုရားရဲ့ပေါ်ထွန်းမှုနဲ့ အမှုတော်ကို လွန်လွန်ကြူးကြူး ဆန့်ကျင်ရှုတ်ချတာ၊ စော်ကားတာတောင် လုပ်ကြတယ်။ သခင်ယေရှု အမှုပြုဖို့ကြွလာခဲ့တဲ့ လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀၀၀ ကာလကို ကျွန်တော်တို့ မစဉ်းစားဘဲမနေနိုင်တော့ပါဘူး။ သခင်ယေရှုက သာမန်ပုံပန်းသဏ္ဌာန်ပဲ ရှိခဲ့တာဆိုတော့၊ ဖာရိရှဲတွေက သူ့ကို သာမန်လူတစ်ယောက်အဖြစ်နဲ့ပဲ ဆက်ဆံပြီး၊ “ဒါဟာ နာဇရက်လူ မဟုတ်လား”၊ “ဒါဟာ လက်သမားသား မဟုတ်လား” ဆိုပြီး၊ ဝေဖန်ကဲ့ရဲ့ခဲ့ကြတယ်။ သမ္မာတရားတွေကို ဘယ်လောက်ပဲ ဖော်ပြဖော်ပြ၊ အံ့ဖွယ်အမှုကြီးတွေကို ဘယ်လိုပဲ လုပ်ပြလုပ်ပြ၊ ဖာရိရှဲတွေက လုံးဝ မရှာဖွေခဲ့ကြဘူး။ သူ့ကို လက်မခံခဲ့ကြဘူး။ အဲဒီအစား သခင်ယေရှုကို ဝေဖန်ရှုတ်ချပြီး၊ သူဟာ နတ်ဆိုးမင်းရဲ့အကူအညီနဲ့ နတ်ဆိုးတွေကို နှင်ထုတ်နေတာလို့ ပြောခဲ့ကြတယ်။ နောက်ဆုံး သူ့ကို ကားတိုင်မှာ သံမှိုစွဲမိကြပြီး၊ အဆိုးဝါးဆုံးအပြစ်ကို ကျူးလွန်မိကြတာပဲ။ သူတို့တွေဟာ ဘုရားရဲ့ကျိန်ဆို အပြစ်ဒဏ်ပေးခြင်းကို ခံခဲ့ရတယ်။ အခုဆို ဘုရားသခင်က လူသားအဖြစ် လူ့ဇာတိခံပြီး ပေါ်ထွန်းအမှုတော်ပြုခဲ့တာ နှစ်ကြိမ်မြောက် ဖြစ်ခဲ့ပါပြီ။ ဒါဆို လူတွေက သူ့ကို ဘာကြောင့် အသိအမှတ်မပြုဘဲ၊ ခရစ်တော်ကို ဆန့်ကျင်ရှုတ်ချ ငြင်းပယ်ကြတာလဲ။ သူတို့တွေဟာ ဘယ်နေရာမှာ မှားနေကြတာလဲ။ သူတို့တွေက ခရစ်တော်ဟာ သာမန်လူတစ်ယောက်နဲ့ပဲ တူတယ်ဆိုတဲ့ အပြင်ပန်းကိုပဲ ကြည့်ကြလို့ပါ။ သူတို့က မစူးစမ်းကြဘူး။ ခရစ်တော် ဖော်ပြတဲ့ သမ္မာတရားတွေအားလုံးကိုလည်း အသိအမှတ်မပြုကြဘူး။ ခရစ်တော်ရဲ့ ဘုရားဖြစ်ခြင်းအနှစ်သာရကို မမြင်ကြဘဲနဲ့၊ သူတို့ရဲ့လူသားအယူအဆတွေကြောင့် ခရစ်တော်ကို ဆန့်ကျင်ရှုတ်ချတာပဲ လုပ်ကြတယ်။ အဲဒါကြောင့် သူတို့ဟာ ဒီအတွက် ကျိန်ဆိုအပြစ်ဒဏ်ပေးခြင်း ခံရပါတယ်။ သမ္မာကျမ်းစာထဲတွင် ပြောထားသည်မှာ- “သားတော်ကို ယုံကြည်သောသူသည် ထာဝရအသက်ကိုရ၏။ သားတော်ကို ပယ်သောသူမူကား အသက်ကို မတွေ့ရ။ ထိုသူ၏အပေါ်၌ ဘုရားသခင်၏ အမျက်တော်တည်နေသည်ဟု ယောဟန်ဟောလေ၏။(ယော ၃:၃၅) သမ္မာတရားကို ဖော်ပြတဲ့ လူသားကို ရှုတ်ချခုခံတဲ့ ဘယ်သူမဆိုဟာ သန့်ရှင်းသောဝိညာဉ်တော်အပေါ် ပြစ်မှားစော်ကားခြင်းအပြစ်ကို ကျူးလွန်နေတာပါ။ ဒီကမ္ဘာမှာရော နောက်ကမ္ဘာမှာပါ ခွင့်လွှတ်ခြင်း ခံရနိုင်မှာမဟုတ်ဘူး။ ပညာရှိသတို့သမီးတွေဆိုတာ သမ္မာတရားကို ရှာဖွေဖို့၊ ဘုရားရဲ့အသံကို အလေးထားဖို့ သင်ယူရမယ်။ နောက်ဆုံးသောကာလမှာ သခင် ပြန်ကြွခြင်းဟာ လူသားအဖြစ် ပြောဆို၊ အမှုတော်ပြုနေတာပဲ။ သူ့ကို လက်ခံတဲ့လူတွေဟာ သမ္မာတရားကို ချစ်တဲ့လူတွေပဲ။ လူသားကို ဆန့်ကျင်ငြင်းပယ်၊ ရှုတ်ချတဲ့လူတွေဟာ သမ္မာတရားကို ရွံရှာတဲ့လူတွေပါပဲ။ ဘုရားသခင်က လူသားရဲ့ပေါ်ထွန်းခြင်းနဲ့ အမှုတော်ကတစ်ဆင့် လူတိုင်းကို ဘယ်လိုလူမျိုး ဖြစ်တယ်ဆိုတာ ထုတ်ဖော်ပါတယ်။ ဒါက ဘုရားသခင်ရဲ့ဉာဏ်ပညာပါပဲ။ သူ့ရဲ့အနန္တတန်ခိုးကိုလည်း ထုတ်ဖော်ပြတာပါ။

နိဂုံးချုပ်ဖို့အတွက်တော့ ဘုရားရဲ့နှုတ်ကပတ်တော်ကျမ်းပိုဒ် တစ်ခုနှစ်ခုလောက်ကို ကြည့်ကြရအောင်။

အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ- “ယခုတစ်ကြိမ်တွင်မူ ဘုရားသခင်သည် ဝိညာဏခန္ဓာကိုယ်အားဖြင့် မဟုတ်ဘဲ အလွန်သာမညကျသော ခန္ဓာကိုယ်အားဖြင့် အမှုပြုရန် ကြွလာသည်။ ထို့ပြင် ယင်းမှာ ဘုရားသခင်၏ ဒုတိယအကြိမ် လူ့ဇာတိခံယူသည့် ခန္ဓာကိုယ်ဖြစ်ရုံသာမက၊ ဇာတိအသွေးအသားသို့ ဘုရားသခင်ပြန်ကြွလာသည့် ခန္ဓာကိုယ်လည်း ဖြစ်သည်။ ယင်းမှာ အလွန်သာမညကျသော ဇာတိခန္ဓာဖြစ်သည်။ သူ့အား အခြားသူတို့အနက် ပေါ်လွင်ထင်ရှားစေသည့် အရာတစ်ခုကိုမျှ သင်မမြင်နိုင်သော်လည်း၊ ယခင်က မကြားသိခဲ့ရသည့် သမ္မာတရားများကို သူ့ထံမှ သင်ရရှိနိုင်သည်။ ဤအရေးမပါသော ဇာတိခန္ဓာသည် ဘုရားသခင်ထံမှ သမ္မာတရား၏ နှုတ်ကပတ်တော်များအားလုံးကို သရုပ်ထင်စေသည့်အရာ၊ နောက်ဆုံးသော ကာလတွင် ဘုရားသခင်၏အမှုကို ထမ်းဆောင်သောအရာနှင့်၊ လူသားက နားလည်ရန်အတွက် ဘုရားသခင်၏ စိတ်သဘောထားတစ်ရပ်လုံးကို ဖော်ပြသောအရာလည်း ဖြစ်သည်။ သင်သည် ကောင်းကင်ဘုံရှိ ဘုရားသခင်ကိုမြင်ရဖို့ ဆန္ဒကြီးစွာ မရှိသလော။ သင်သည် ကောင်းကင်ဘုံရှိ ဘုရားသခင်ကို သိနားလည်ဖို့ ဆန္ဒကြီးစွာ မရှိသလော။ သင်သည် လူသားမျိုးနွယ်၏ ခရီးဆုံးပန်းတိုင်ကို မြင်ရဖို့ ဆန္ဒကြီးစွာ မရှိသလော။ သူသည် မည်သည့်လူသားကမျှ သင့်ကို ပြောပြနိုင်စွမ်းမရှိခဲ့သည့် ဤလျှို့ဝှက်ချက်များ အားလုံးကို သင့်အားပြောပြမည်ဖြစ်ပြီး၊ သင်နားမလည်သည့် သမ္မာတရားများကိုလည်း သင့်အား သူပြောမည်ဖြစ်သည်။ သူသည် နိုင်ငံတော်အတွင်းဝင်ရောက်ရာ သင်၏ တံခါးဝဖြစ်ပြီး ခေတ်သစ်ထဲသို့ ဝင်ရောက်ရာ သင်၏လမ်းပြရှင်ဖြစ်သည်။ ထိုကဲ့သို့သော သာမန်ဇာတိခန္ဓာသည် ဉာဏ်မမီနိုင်သည့် များစွာသော နက်နဲရာများကို ဆုပ်ကိုင်ထားသည်။ သူ၏လုပ်ဆောင်ချက်များမှာ သင့်အတွက် နားမလည်နိုင်စရာ ဖြစ်နိုင်သော်လည်း၊ သူလုပ်ဆောင်သည့် အမှု၏ ပန်းတိုင်တစ်ခုလုံးမှာ သူသည် လူတို့ယုံကြည်သကဲ့သို့ ရိုးရိုးဇာတိခန္ဓာ မဟုတ်သည်ကို သင့်အား မြင်ခွင့်ပေးရန်အတွက် လုံလောက်သည်။ အကြောင်းမှာ သူသည် ဘုရားသခင်၏အလိုတော်နှင့် နောက်ဆုံးသောကာလ၌ လူသားမျိုးနွယ်ထံ ဘုရားသခင်ပြသသည့် ဂရုစိုက်မှုကို ကိုယ်စားပြုလေသည်။ သင်သည် ကောင်းကင်နှင့် မြေကြီးကို တုန်လှုပ်စေပုံရသည့် သူ၏ နှုတ်ကပတ်တော်များကို မကြားနိုင်သကဲ့သို့၊ မီးလျှံတစ်ခုကဲ့သို့ သူ၏မျက်လုံးများကို မမြင်နိုင်သော်လည်း၊ ထို့ပြင် သင်သည် သူ၏သံလှံတံ၏ ဆုံးမပဲ့ပြင်မှုကို မခံရနိုင်သော်ငြားလည်း၊ သင်သည် သူ၏နှုတ်ကပတ်တော်များမှနေ၍ ဘုရားသခင်သည် အမျက်ဒေါသ ထွက်သည်ကို ကြားနိုင်ပြီး ဘုရားသခင်သည် လူသားတို့အပေါ် သနားခြင်းကရုဏာကို ပြနေကြောင်း သိနိုင်သည်။ သင်သည် ဘုရားသခင်၏ ဖြောင့်မတ်သည့် စိတ်သဘောထားနှင့် သူ၏ဉာဏ်ပညာကို မြင်တွေ့နိုင်သည့်အပြင် လူသားမျိုးနွယ် တစ်ရပ်လုံး အတွက် ဘုရားသခင်၏ အရေးတယူရှိမှုကို နားလည်သဘောပေါက် နိုင်သည်။ နောက်ဆုံးသောကာလတွင် ဘုရားသခင်၏အမှုသည် မြေကြီးပေါ်ရှိ လူသားများကြားတွင် နေထိုင်လျက်ရှိသော ကောင်းကင်ဘုံရှိ ဘုရားသခင်ကို လူသားအား မြင်တွေ့ခွင့်ပေးရန်၊ ထို့ပြင် လူသားအနေဖြင့် ဘုရားသခင်အား သိရှိရန်၊ နာခံရန်၊ ကြောက်ရွံ့ရန်နှင့် ချစ်ရန်အတွက် ထောက်ကူပေးဖို့ဖြစ်သည်။ ဤအကြောင်းကြောင့် သူသည် ဒုတိယအကြိမ် လူ့ဇာတိကို ခံယူရန် ပြန်ကြွဆင်းလာခဲ့ခြင်းပင် ဖြစ်သည်။ သည်ကနေ့တွင် လူသားက မြင်ရသည်မှာ လူသားနှင့်တူညီသော ဘုရားသခင်၊ နှာခေါင်းတစ်ခုနှင့် မျက်လုံးနှစ်လုံးပါသည့် ဘုရားသခင်၊ ထို့ပြင် ထူးခြားမှုမရှိသော ဘုရားသခင်ဖြစ်သော်လည်း၊ နောက်ဆုံးတွင် ဤလူသားသာ မတည်ရှိခဲ့လျှင် ကောင်းကင်နှင့် မြေကြီးသည် ကြီးမားသော အပြောင်းအလဲကို ကြုံရမည်ဖြစ်ကြောင်း၊ ဤလူသားသာ မတည်ရှိခဲ့လျှင် ကောင်းကင်သည် မှောင်မည်းလာကာ၊ မြေကြီးသည် ပရမ်းပတာ အခြေအနေထဲ ကျရောက်သွားမည်ဖြစ်ပြီး၊ လူသားမျိုးနွယ် တစ်ရပ်လုံးသည် မွတ်သိပ်ခြင်းနှင့် ကပ်ဆိုးများအလယ်တွင် နေထိုင်ရမည်ဖြစ်ကြောင်း ဘုရားသခင်က သင်တို့ကို ပြသမည်ဖြစ်သည်။ နောက်ဆုံးသောကာလတွင် လူ့ဇာတိခံယူသော ဘုရားသခင်သည် သင်တို့ကို ကယ်တင်ရန် ကြွမလာခဲ့လျှင် ဘုရားသခင်သည် လူသားမျိုးနွယ် တစ်ရပ်လုံးကို လွန်ခဲ့သောအချိန်ကပင် ငရဲပြည်၌ ဖျက်ဆီးခဲ့ပြီးဖြစ်ကြောင်း သင်တို့ကို သူပြသမည်ဖြစ်သည်။ ဤဇာတိခန္ဓာသာ မတည်ရှိခဲ့လျှင်၊ သင်တို့သည် အဓိကအပြစ်သားများ အစဉ်အမြဲ ဖြစ်ကြမည်ဖြစ်ပြီး၊ အလောင်းကောင်များ အမြဲတမ်း ဖြစ်ကြမည်ဖြစ်သည်။ ဤဇာတိခန္ဓာသာ မတည်ရှိခဲ့လျှင်၊ လူသားမျိုးနွယ် တစ်ရပ်လုံးသည် မရှောင်လွှဲနိုင်သော ဘေးဒုက္ခကို ရင်ဆိုင်ရမည်ဖြစ်ပြီး နောက်ဆုံးသောကာလတွင် လူသားမျိုးနွယ်အပေါ် ဘုရားသခင် စီရင်ချမှတ်မည့် ပို၍ပင် ပြင်းထန်သော အပြစ်ဒဏ်ပေးခြင်းမှ လွတ်မြောက်ရန် မဖြစ်နိုင်ကြောင်း တွေ့ရှိရမည်ကို သင်တို့သိသင့်သည်။ ဤသာမန်ဇာတိခန္ဓာသာ မမွေးဖွားခဲ့ပါက၊ သင်တို့အားလုံးသည် အသက်မရှင်နိုင်ဘဲ ရှင်ခြင်းအတွက် တောင်းဆိုပြီး၊ အသက်မသေနိုင်ဘဲ သေခြင်းအတွက် ဆုတောင်းရမည့် အခြေအနေတစ်ခု၌ ရောက်ရှိကြမည်ဖြစ်သည်။ ဤဇာတိခန္ဓာသာ မတည်ရှိလျှင် သင်တို့သည် ယနေ့တွင် သမ္မာတရားကို ရယူနိုင်ကြမည် မဟုတ်သည့်အပြင်၊ ဘုရားသခင်၏ ပလ္လင်တော်ရှေ့ ရောက်လာနိုင်ကြမည် မဟုတ်ဘဲ၊ ထို့ထက် သင်တို့သည် သင်တို့၏ ကြီးလေးသော အပြစ်များကြောင့် ဘုရားသခင်၏ အပြစ်ဒဏ်ပေးခြင်းကို ခံကြရမည်။ သင်တို့သိခဲ့ပါ၏လော၊ ယင်းမှာ ဇာတိခန္ဓာသို့ ဘုရားသခင်၏ပြန်လာခြင်း မရှိခဲ့လျှင်၊ မည်သူ၌မျှ ကယ်တင်ခြင်း၌ မည်သူမျှ အခွင့်အလမ်း ရှိခဲ့မည်မဟုတ်ပေ၊ ထို့ပြင် ဤဇာတိခန္ဓာ၏ ကြွလာခြင်း မရှိခဲ့လျှင်၊ ဘုရားသခင်သည် ခေတ်ဟောင်းကို လွန်ခဲ့သောအချိန်ကပင် အဆုံးသတ်ခဲ့ပြီး ဖြစ်လိမ့်မည်။ သို့ဖြစ်လျှင် သင်တို့သည် ဘုရားသခင်၏ ဒုတိယအကြိမ် လူ့ဇာတိခံယူခြင်းကို ငြင်းပယ်နိုင်သေးသလော။ သင်တို့သည် ဤသာမညလူသားထံမှ အလွန်များပြားသော အကျိုးကျေးဇူးများကို ရရှိနိုင်သည်ဖြစ်ရာ သင်တို့သည် သူ့ကို အဘယ်ကြောင့် ဝမ်းပန်းတသာ လက်မခံကြသနည်း။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ သင်သိခဲ့သလော ဘုရားသခင်သည် လူသားများကြား၌ ကြီးမားသောအမှုကို ပြုခဲ့ပြီးပြီ)

နောက်ဆုံးသောကာလရှိ ဘုရားသခင်၏ အမှုအားလုံးကို ဤသာမညလူသားအားဖြင့် လုပ်ဆောင်လျက်ရှိသည်။ သူသည် အရာခပ်သိမ်းကို သင့်အပေါ် အပ်နှင်းမည်ဖြစ်ပြီး၊ ထို့ထက်ပို၍ သင်နှင့်ပတ်သက်သော အရာခပ်သိမ်းကို သူက ဆုံးဖြတ်နိုင်မည်ဖြစ်သည်။ ထိုကဲ့သို့သောလူသားသည် ထုတ်ဖော်ရန် မထိုက်တန်လောက်အောင် အလွန်ရိုးစင်းသည့် လူသားဖြစ်သည်ဟု သင်တို့သူ့ကို ယုံကြည်သည့်အတိုင်း ဖြစ်နိုင်သလော။ သူ၏သမ္မာတရားက သင်တို့ကို အကြွင်းမဲ့ လက်ခံယုံကြည်စေဖို့အတွက် မလုံလောက်သလော။ သူ၏လုပ်ဆောင်ချက်များကို မျက်မြင်တွေ့ရခြင်းက သင့်တို့ကို အကြွင်းမဲ့ လက်ခံယုံကြည်စေဖို့ မလုံလောက်သလော။ သို့မဟုတ် သင်တို့ကို သူဆောင်ကြဉ်းသွားသည့် လမ်းကြောင်းကို သင်တို့အနေနှင့် လိုက်လျှောက်ရန် မထိုက်တန်သလော။ အဆုံးစွန်အနေဖြင့် သင်တို့အား သူ့ကို စက်ဆုပ်ရွံမုန်းပြီး သူ့ကို ဖယ်ထုတ်ကာ ရှောင်ဖယ်စေသည်မှာ မည်သည့်အရာနည်း။ သမ္မာတရားကို ဖော်ပြသည်မှာ ဤသူပင်ဖြစ်သည်၊ သမ္မာတရားကို ထောက်ပံ့ပေးသည်မှာ ဤသူပင်ဖြစ်သည်၊ ထို့ပြင် သင်တို့လိုက်လျှောက်ရန် လမ်းကြောင်းတစ်ခု ပေးသည်မှာ ဤသူပင် ဖြစ်သည်။ သင်တို့သည် ဤသမ္မာတရားများထဲ၌ ဘုရားသခင့်အမှု၏ သဲလွန်စများကို ရှာမတွေ့နိုင်သေးသည်မှာ ဖြစ်နိုင်သလော။ ယေရှု၏အမှု မပါရှိလျှင်၊ လူသားမျိုးနွယ်သည် လက်ဝါးကပ်တိုင်မှ ဆင်းလာနိုင်ခဲ့မည်မဟုတ်၊ မည်သို့ဆိုစေ မျက်မှောက်ကာလ၏ လူ့ဇာတိခံယူမှု မရှိလျှင်လည်း၊ လက်ဝါးကပ်တိုင်မှ ဆင်းလာသူတို့က ဘုရားသခင်၏ သဘောကျနှစ်သက်မှုကို မည်သည့်အခါမျှ ရရှိနိုင်မည် မဟုတ်သကဲ့သို့၊ ခေတ်သစ်ထဲသို့လည်း ဝင်ရောက်နိုင်မည် မဟုတ်ပေ။ ဤသာမညလူသား၏ ကြွဆင်းလာခြင်း မရှိလျှင်၊ သင်တို့တွင် ဘုရားသခင်၏ မျက်နှာတော်အစစ်အမှန်ကို မြင်တွေ့ရန် မည်သည့်အခါမျှ အခွင့်အလမ်းရရှိမည် မဟုတ်သကဲ့သို့၊ မြင်တွေ့ဖို့လည်း အရည်အချင်း ပြည့်မီမည် မဟုတ်ပေ၊ အကြောင်းမှာ သင်တို့အားလုံးသည် လွန်ခဲ့သော အချိန်ကပင် ဖျက်ဆီးခြင်းခံသင့်ခဲ့သည့် အရာများပင် ဖြစ်ကြပေသည်။ ဘုရားသခင်၏ ဒုတိယအကြိမ် လူ့ဇာတိခံယူမှု၏ ကြွလာခြင်းကြောင့်သာ ဘုရားသခင်သည် သင်တို့ကို ခွင့်လွှတ်ခဲ့ပြီဖြစ်ကာ သနားကရုဏာကို ပြသခဲ့ပြီဖြစ်သည်။ မည်သို့ပင်ဖြစ်စေ အဆုံး၌ သင်တို့အား ငါချန်ထား ပေးရမည့် စကားမှာ ဤအရာသာလျှင်ဖြစ်သည်- လူ့ဇာတိခံယူသော ဘုရားသခင်ဖြစ်သည့် ဤသာမညလူသားမှာ သင်တို့အတွက် မရှိမဖြစ် အရေးပါသူပင် ဖြစ်သည်။ ဤသည်မှာ လူသားများကြား၌ ဘုရားသခင် ပြုခဲ့ပြီးဖြစ်သည့် ကြီးမားသောအမှုပင် ဖြစ်ပေ၏။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ သင်သိခဲ့သလော ဘုရားသခင်သည် လူသားများကြား၌ ကြီးမားသောအမှုကို ပြုခဲ့ပြီးပြီ)

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

လူသားမျိုးနွယ်ကို ကယ်တင်ဖို့ ဘုရားသခင်သည် အဘယ်ကြောင့် အမှုတော် အဆင့်သုံးဆင့် လိုအပ်သနည်း

လွန်ခဲ့တဲ့ အနှစ် ၂၀၀၀တုန်းက လူသားမျိုးနွယ်ကို ကယ်တင်ဖို့ သခင်ယေရှု ပေါ်ထွန်းခဲ့ပြီး ယုဒပြည်မှာ အမှုပြုခဲ့သလို၊ “နောင်တရကြလော့။...

ချီဆောင်ခံရခြင်းဆိုသည်မှာ အမှန်တကယ်တွင် မည်သည့်အရာဖြစ်သနည်း

လွန်ခဲ့တဲ့ နှစ် ၂၀ဝ၀ တုန်းက သခင်ယေရှုဟာ ကားစင်တင်ခံရပြီး သူ့ရဲ့ ရွေးနုတ်ခြင်းအမှုကို လုပ်ပြီးသွားတဲ့နောက် သူပြန်ကြွလာမယ်လို့...

သမ္မာကျမ်းထဲတွင် ဘုရားသခင်၏ အမှုတော်နှင့်နှုတ်ကပတ်တော် များအားလုံး ရှိသည် ဆိုသည်မှာ မှန်ပါသလား

ကယ်တင်ရှင်ဖြစ်တဲ့ အနန္တတန်ခိုးရှင် ဘုရားသခင် ဟာ နောက်ဆုံးသောကာလမှာ ပေါ်ထွန်းလာပြီး အမှုပြုနေတဲ့အပြင် သန်းနဲ့ချီတဲ့နှုတ်ကပတ်တော် တွေကို...

ကယ်တင်ရှင်သည် သူ ကြွလာချိန်တွင် လူသားမျိုးနွယ်ကို မည်သို့ကယ်တင်သနည်း

ကယ်တင်ရှင်အကြောင်း ဆွေးနွေးတဲ့အခါ နောက်ဆုံးသော ကာလမှာ လူသားမျိုးနွယ်ကို ကယ်တင်ဖို့ ကမ္ဘာမြေကို သူ ကြွလာဖို့ သေချာတယ်လို့ ယုံကြည်သူအားလုံးက...

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။