အဘယ်ကြောင့် ဘုရားသခင်သည် နောက်ဆုံးသော ကာလတွင် တရားစီရင်ခြင်း အမှုကို ပြုသနည်း

22.12.2021

ယခုအချိန်မှာ ကပ်ရောဂါက ကမ္ဘာအနှံ့ ပျံ့နှံ့နေပြီး ကပ်ဘေးတွေက ပိုဆိုးလာနေပါတယ်။ ငလျင်တွေ၊ အငတ်ဘေးတွေနဲ့ စစ်ပွဲတွေကို ကျွန်တော်တို့ မြင်ကြရပြီးပြီ၊ ပြီးတော့ ယုံကြည်သူအားလုံးက ကယ်တင်ရှင် သခင်ယေရှု ကြွလာမှာ၊ သခင်နဲ့ တွေ့ဆုံဖို့ ကောင်းကင်ကို ချီမခံရမှာနဲ့ ဒီကပ်ဘေးတွေကနေ လွတ်မြောက်မှာကို မျှော်လင့်စောင့်စားနေကြတယ်။ ဒါပေမဲ့ နှစ်အများကြီး စောင့်ပြီးတဲ့နောက်မှာ သခင်နဲ့ တွေ့ဆုံဖို့ ကောင်းကင်ကို တစ်ယောက်ယောက် ချီမခံရတာ မြင်ရဖို့မပြောနဲ့ ကယ်တင်ရှင် သခင်ယေရှု မိုးတိမ်စီး ကြွဆင်းလာတာကိုတောင် သူတို့ မမြင်ရသေးဘူး။ အဲဒါက တော်တော်များများကို စိတ်ပျက်စေခဲ့တယ်။ သခင်မိုးတိမ်စီးတာကို မြင်ရမဲ့အစား သမ္မာတရားကို ဖော်ပြပြီး တရားစီရင်ခြင်း အမှုကို ပြုတဲ့ အနန္တတန်ခိုးရှင် ဘုရားသခင်အဖြစ် သခင်ပြန်ကြွလာပြီလို့ အရှေ့အရပ်မှ လျှပ်ပြက်ခြင်းက ထပ်တလဲလဲ သက်သေခံတာကို မြင်ရတော့ လူတွေအတွက် လုံးဝ အံ့အားသင့်စရာ ဖြစ်သွားတယ်။ ဒီသက်သေခံချက်က သိပ်ကို ထင်းခနဲမြင်သာပြီး ရှင်းလင်းပါတယ်။ ဒါပေမဲ့ စီစီပီရဲ့ ကသုတ်ကရက်နိုင်တဲ့ ဖိနှိပ်မှုနဲ့ ဖမ်းဆီးမှုတွေ၊ ပြီးတော့ ဘာသာရေးလောကထဲက အန္တိခရစ် အင်အားစုတွေရဲ့ ပြင်းထန်တဲ့ ပြစ်မှားစော်ကားမှုနဲ့ အသရေဖျက်မှုတွေကြောင့် လူတွေက မှန်တဲ့လမ်းခရီးကို စုံစမ်းစစ်ဆေးတဲ့ ကိစ္စကို လျစ်လျူရှုပြီး ပယ်ထားကြတယ်။ မမျှော်လင့်ဘဲ နှစ်အနည်းငယ်အတွင်းမှာတင် အရမ်းအထင်သေးခံရတဲ့ လူသားက သမ္မာတရား အများကြီးကို ဖော်ပြခဲ့ပြီး ပိုပိုများတဲ့ လူတွေက ဘုရားအသံတော်ကို ကြားကြရပြီဖြစ်သလို အားလုံးက အနန္တတန်ခိုးရှင် ဘုရားသခင်နောက်ကို ထလိုက်ကြတယ်။ ဒါက ဘာသာရေးလောကတစ်ခုလုံးကိုသာမက ကမ္ဘာတစ်ဝှမ်းလုံးကို လှုပ်ခတ်သွားစေပါပြီ။ နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ က တစ်ကမ္ဘာလုံးကို အလင်းပေးရင်းနဲ့ အရှေ့အရပ်ကနေ အနောက်အရပ်ကို စစ်မှန်တဲ့ အလင်းလို တောက်ပသွားတယ်။ ပြီးတော့ သမ္မာတရားကို ချစ်ပြီး ဘုရားရဲ့ ပေါ်ထွန်းခြင်းကို တမ်းတသူတွေဟာ အလင်းဆီကို လာကြတယ်၊ ဘုရားရဲ့ အသံကို ကြားကြပြီး သိုးသငယ်ရဲ့ မင်္ဂလာဆောင်စားပွဲတော်ကို တက်ကြတယ်။ ဒီအချက်တွေက လူတိုင်းကို အံ့ဩသွားစေခဲ့တယ်။ ဒါဘယ်လိုလူစားမျိုးလဲ။ သူဘယ်ကလာတာလဲ။ သိပ်တန်ခိုးရှိတဲ့ အရာကို သူဘယ်လိုလုပ်ခဲ့တာလဲပေါ့။ လူတော်တော်များများက မေးကြတယ်- အရှေ့ရပ်မှ လျှပ်ပြက်ခြင်းက တကယ်ပဲ ဘုရားရဲ့ သရုပ်သကန်နဲ့ အမှုတော်လား။ အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ စကားတွေက လူသားမျိုးနွယ်ကို စကားပြောနေတဲ့ ဖန်ဆင်းရှင်ရဲ့ အသံများ ဖြစ်နိုင်မလားဆိုပြီးပေါ့။ “မဖြစ်နိုင်ဘူး” လို့ သူတို့ထင်ကြတယ်။ “သခင်ပြန်ကြွလာတဲ့အခါ ပထမဆုံး သူလုပ်မှာက ကောင်းကင်မှာ သူနဲ့ဆုံဖို့ ယုံကြည်သူတွေကို ချီမတာပဲ။ သူ့ယုံကြည်သူတွေကို ကပ်ဘေးထဲ ကျရောက်ဖို့ သူလုံးဝ ခွင့်ပြုမှာမဟုတ်သလို တရားစီရင်ခြင်း အမှုကို ပြုဖို့ စကားပြောမှာ မဟုတ်ဘူး။ မဖြစ်နိုင်တာပဲ” လို့ပေါ့။ ဒီအချိန်မှာ လူတော်တော်များများက အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော်ရဲ့ ရုပ်ရှင်တွေ၊ ဓမ္မသီချင်းတွေနဲ့ သက်သေခံချက် ဗီဒီယိုတွေကို ကြည့်နေကြတယ်။ အရေးကြီးဆုံးအနေနဲ့ အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေကို ဖတ်နေကြတယ်။ အကြောင်းအရာ ထူးကဲဆန်းစုံသလို၊ ခါနာန်ပြည်ထဲက အသက်တာဟာ တကယ်ကို သိပ်ကောင်းတဲ့ အတွေ့အကြုံတစ်ခုပဲ။ ဒီအချက်က သန်ရှင်းသော ဝိညာဉ်တော်ရဲ့ အလုပ်ကပဲ ဒါကို စွမ်းဆောင်နိုင်ပြီး ဘယ်လူကမှ စွမ်းဆောင်နိုင်မှာ မဟုတ်ဘူးလို့ လူတွေကို အတင်းဝန်ခံစေတယ်။ ဘုရားရဲ့ ပေါ်ထွန်းခြင်းနဲ့ အမှုမရှိဘဲ အဲဒီလို ကြီးမားတဲ့ အရာတွေကို ဘယ်သူကမှ ပြီးမြောက်နိုင်မှာ မဟုတ်ဘူး။ ဒါက သခင့်ကို ယုံကြည်သူတွေ အတော်များများကို တွေးစေတယ်- ဘုရားက ဘာလို့ နောက်ဆုံးသော ကာလမှာ တရားစီရင်ခြင်းအမှု ပြုတာလဲ။ ကျွန်တော်တို့က ကိုယ့်အပြစ်တွေအတွက် ခွင့်လွှတ်ခံရပြီးပြီဖြစ်သလို ဘုရားက ဖြောင့်မတ်ရာရောက်စေပြီလေ၊ ဒီတော့ တရားစီရင်ခြင်းနဲ့ ပြစ်တင်ဆုံးမခြင်းကို ဘာလို့ တွေ့ကြုံဖို့ လိုတာလဲ။ နောက်ဆုံးသော ကာလမှာ ဘုရားရဲ့ တရားစီရင်ခြင်းက မယုံကြည်သူတွေကို ရည်ရွယ်ရမှာလေ၊ ဒီတော့ ဘာလို့ တရားစီရင်ခြင်းက ဘုရားအိမ်တော်နဲ့ အစပြုတာလဲ။ ဘာတွေများ ဖြစ်နေတာတုံးလို့ပေါ့။ ဒီအကြောင်းအရာကို ဒီနေ့ အဓိကထားပြီး မိတ်သဟာယပြုသွားပါ့မယ်။

မိတ်သဟာယကို မစခင်မှာ ပထမဆုံး ရှင်းရှင်းလင်းလင်း သိထားရမှာက တရားစီရင်ခြင်း အမှုကိုပြုဖို့ နောက်ဆုံးသော ကာလမှာ ဘုရားသခင် လူ့ဇာတိခံတယ်ဆိုတဲ့ အချက်က ဟိုးအရင်ကတည်းက ဘုရားစီစဉ်ထားခဲ့တဲ့ အရာတစ်ခုဖြစ်တယ်ဆိုတာပါပဲ။ လူ့အယူအဆတွေက ဘာဖြစ်ပါစေ၊ အတားအဆီးတွေ ဘယ်လောက်ကြီးမားပါစေ နောက်ဆုံးသော ကာလထဲက ဘုရားရဲ့ တရားစီရင်ခြင်း အမှုကို လူ့အလိုအတိုင်း ပြောင်းလို့မရနိုင်သလို ဘယ်နိုင်ငံ၊ ဘယ်အင်အားစုကမှ တားလို့မရဘူး။ ဒါဆို လူတချို့က မေးမယ်၊ နောက်ဆုံးသော ကာလထဲက ဘုရားရဲ့ တရားစီရင်ခြင်း အမှုအတွက် ကျမ်းအခြေပြုချက် ရှိလားလို့ပေါ့။ ကျမ်းအခြေပြုချက် တကယ်ရှိပြီး တော်တော်လေး ခိုင်မာပါတယ်။ သမ္မာကျမ်းတစ်အုပ်လုံးမှာ “တရားစီရင်ခြင်း” ကို ရည်ညွှန်းချက် အနည်းဆုံး နှစ်ရာရှိတယ်၊ သခင်ယေရှုကလည်း သမ္မာတရားကို ဖော်ပြပြီး တရားစီရင်ခြင်း အမှုကို ပြုဖို့ လူ့ဇာတိခံ လူသားအနေနဲ့ နောက်ဆုံးသော ကာလမှာ သူ့ရဲ့ ပြန်ကြွလာခြင်းကို ကိုယ်တိုင်ကိုယ်ကျ ပရောဖက်ပြုခဲ့တယ်။ အခု သခင်ယေရှုရဲ့ ပရောဖက်ပြုချက်ရဲ့ အပိုင်းတချို့ကို ရေတွက်ကြည့်ရအောင်။ “ငါ့စကားကို ကြားသောသူသည် မယုံကြည်ဘဲနေလျှင် ထိုသူကို ငါသည်အပြစ်မစီရင်။ လောကီသား တို့ကို အပြစ်စီရင်အံ့သောငှါ ငါလာသည်မဟုတ်၊ လောကီသား တို့ကို ကယ်တင်အံ့သောငှါငါလာ၏။ ငါ့ကိုပယ်၍ ငါ့စကားကို နာမခံသောသူအား အပြစ်စီရင်သောသူရှိသေး၏။ ငါဟောပြောသော စကား ပင် နောက်ဆုံးသောနေ့၌ ထိုသူအားအပြစ်စီရင်လိမ့်မည်။(ရှင်ယောဟန်ခရစ်ဝင် ၁၂:၄၇-၄၈)ခမည်းတော်သည် အဘယ်သူကိုမျှ တရားစီရင်တော်မမူ။ တရားစီရင်ခြင်းအခွင့်ရှိသမျှကို သားတော်အား အပ်ပေးတော်မူ၏။...သားတော်သည် လူသားဖြစ်သောကြောင့် တရားစီရင်ခြင်းအခွင့်ကိုလည်း အပ်ပေးတော်မူ၏။(ရှင်ယောဟန်ခရစ်ဝင် ၅:၂၃၊ ၂၇)သင်တို့အား ငါပြောစရာ စကားအများ ရှိသော်လည်း၊ သင်တို့သည် ယခုမခံနိုင်ကြ။ သမ္မာတရားနှင့်ပြည့်စုံသော ထိုဝိညာဉ်တော်သည် ရောက်လာသောအခါ၊ သမ္မာတရားကို သင်တို့အား အကြွင်းမဲ့ သွန်သင်ပြလိမ့်မည်။(ရှင်ယောဟန်ခရစ်ဝင် ၁၆:၁၂-၁၃) ရှင်ပေတရု ပထမစောင် ၄:၁၇ လည်း ရှိတယ်။ “ဘုရားသခင်၏အိမ်တော်သားတို့ကို ရှေ့ဦးစွာစစ်ကြော စီရင်ရသော အချိန်ရှိပြီ။” ဒီနှုတ်ကပတ်တော်တွေက သိပ်ရှင်းပါတယ်- “ငါဟောပြောသော စကားပင် နောက်ဆုံးသောနေ့၌ ထိုသူအားအပြစ်စီရင်လိမ့်မည်”၊‌ “တရားစီရင်ခြင်းအခွင့်ရှိသမျှကို သားတော်အား အပ်ပေးတော်မူ၏”၊‌ “ဘုရားသခင်၏အိမ်တော်သားတို့ကို ရှေ့ဦးစွာစစ်ကြောစီရင်” ပြီးတော့ “သမ္မာတရားကို သင်တို့အား အကြွင်းမဲ့ သွန်သင်ပြလိမ့်မည်” တဲ့။ သခင်က သမ္မာတရားကို ဖော်ပြပြီး ဘုရားအိမ်တော်က အစပြုတဲ့ တရားစီရင်ခြင်း အမှုကိုပြုဖို့ နောက်ဆုံးသော ကာလမှာ လူသားအနေနဲ့ ကြွလာမယ်ဆိုတာကို ကျွန်တော်တို့ မြင်လို့ရတယ်။ ဒါကို ငြင်းလို့မရပါဘူး။ ဒီအချိန်မှာ အနန္တတန်ခိုးရှင် ဘုရားသခင်က သမ္မာတရား အများကြီး ဖော်ပြပြီး ဘုရားအိမ်တော်နဲ့ စတဲ့ တရားစီရင်ခြင်းအမှုကို ဆောင်ရွက်နေတယ်။ အဲဒါက ဘုရားပလ္လင်တော်ရှေ့ လာကြသူအားလုံးကို တရားစီရင်ပြီး သန့်စင်ဖို့နဲ့ သမ္မာတရားအားလုံးထဲကို ဘုရားရွေးချယ်ထားသူတွေ ဝင်ရောက်ရာမှာ လမ်းပြဖို့ပေါ့။ ပြီးတော့ ကပ်ဘေးမတိုင်ခင်မှာ အောင်မြင်သူတစ်စုကို ဘုရားဖွဲ့စည်းပြီးပြီ။ ဒါက ဒီပရောဖက်ပြုချက်တွေ လုံးဝ ပြည့်စုံပြီး အဖတ်ဆယ်ထားတယ်ဆိုတာကို မြင်စေတယ်။

ဒါဆို တချို့က မေးမယ်၊ ကျွန်တော်တို့ အပြစ်တွေ ခွင့်လွှတ်ခံရပြီးပြီကို နောက်ဆုံးသော ကာလထဲက ဘုရားရဲ့ တရားစီရင်ခြင်းနဲ့ ပြစ်တင်ဆုံးမခြင်းတွေကို ဘာလို့လက်ခံဖို့ လိုသလဲလို့ပေါ့။ ဒီသမ္မာတရား နက်နဲမှုကို အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေက ထုတ်ဖော်ပြပါတယ်၊ ဒီတော့ အနန္တတန်ခိုးရှင် ဘုရားသခင်က ဘာပြောလဲ တစ်ချက်ကြည့်ရအောင်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ- “လူသည် ရွေးနုတ်ခြင်း မခံရမီတွင်၊ စာတန်၏ အဆိပ်အများအပြားသည် သူ့အတွင်းတွင် အခိုင်အမာ တည်ထားနှင့်ပြီးဖြစ်သကဲ့သို့ စာတန်၏ ဖောက်ပြန်ပျက်စီးစေခြင်းကို နှစ်ထောင်ချီ ခံရပြီးနောက်တွင်၊ လူသည် သူ့အတွင်းတွင် ဘုရားသခင်ကို ဆန့်ကျင်သည့် အခြေခိုင်သည့် သဘာဝ ရှိလေသည်။ သို့ဖြစ်ရာ လူသားသည် ရွေးနုတ်ခံရပြီးသည့်အချိန်တွင်၊ ယင်းသည် လူကို အဖိုးအခကြီးစွာ ပေးဝယ်ထားသည့် ရွေးနုတ်ခြင်း ကိစ္စတစ်ခုထက် ဘာမျှမပိုဘဲ၊ သူ့အတွင်းရှိ အဆိပ်သင့်သော သဘာဝမှာ သုတ်သင်ပယ်ရှင်းခြင်းကို မခံရသေးပေ။ အလွန် ညစ်ညမ်းလှသော လူသည် ဘုရားသခင်ကို အစေခံရန် မထိုက်တန်မီတွင် ပြောင်းလဲခြင်းကို ကြုံရမည် ဖြစ်သည်။ တရားစီရင်ခြင်း၊ ပြစ်တင်ဆုံးမခြင်းနှင့်ဆိုင်သည့် ဤအမှုအားဖြင့်၊ လူသည် သူကိုယ်တိုင်အတွင်းရှိ ညစ်ညူးပြီး ဖောက်ပြန်ပျက်စီးသည့် အနှစ်သာရကို အပြည့်အဝ သိလာလိမ့်မည် ဖြစ်ပြီး၊ သူသည် လုံးဝ ပြောင်းလဲနိုင်လိမ့်မည် ဖြစ်ပြီး သန့်ရှင်းလာလိမ့်မည်။ ဤနည်းဖြင့်သာ လူသည် ဘုရားသခင်၏ ပလ္လင်တော် ရှေ့မှောက်သို့ ပြန်လာရန် ထိုက်တန်နိုင်ပေသည်။...လူသားအားလုံးသည် သူ့အပြစ်များမှ ခွင့်လွှတ်ခြင်းနှင့် ရွေးနုတ်ခြင်းကို ခံရပြီးဖြစ်ကောင်း ဖြစ်နိုင်သည့်အတွက်၊ ဘုရားသခင်သည် လူ၏ ဒုစရိုက်ကျူးလွန်ခြင်းများကို မအောက်မေ့ခြင်းနှင့် လူသားကို သူ၏ ဒုစရိုက်ကျူးလွန်ခြင်းများ နှင့်အညီ မဆက်ဆံခြင်း ဟုသာ မှတ်ယူ၍ ရနိုင်ပေသည်။ သို့ရာတွင် ဇာတိ၏ ခန္ဓာဖြင့် အသက်ရှင်သည့် လူသားသည် အပြစ်မှ လွှတ်မြောက်ခြင်း မခံရသေးသည့်အခါ၊ သူသည် ဖောက်ပြန်ပျက်စီးသည့် ဆိုးယုတ်သော စိတ်သဘောထားကို မပြီးနိုင် မဆုံးနိုင် ထုတ်ဖော်ပြလျက်၊ အပြစ်ကိုသာ ဆက်လုပ်နိုင်သည်။ ဤအရာက အပြစ်ပြုခြင်းနှင့် ခွင့်လွှတ်ခြင်းနှင့်ဆိုင်သည့် အဆုံးမရှိသော သံသရာတစ်ခု ဖြစ်သည့် လူများ အသက်ရှင် နေထိုင်သည့် အသက်တာ ဖြစ်သည်။ လူသားမျိုးနွယ် အများစုသည် ညနေတွင် အပြစ်ဝန်ချရန်သာ နေ့ပိုင်းတွင် အပြစ်လုပ်ကြသည်။ ဤနည်းဖြင့် အပြစ်ဖြေရာယဇ်သည် လူအတွက် အစဉ်အမြဲ ထိရောက်သော်လည်း၊ ယင်းသည် လူကို အပြစ်မှ ကယ်တင်နိုင်လိမ့်မည် မဟုတ်ပေ။ လူသားသည် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား ရှိဆဲဖြစ်သည့်အတွက်၊ ကယ်တင်ခြင်း အမှု၏ ထက်ဝက်သာ ပြီးစီးသေးသည်။...လူသားအတွက် သူ၏ အပြစ်များကို သတိပြုမိလာရန်မှာ မလွယ်ကူချေ။ သူသည် သူကိုယ်တိုင်၏ နက်နက်ရှိုင်းရှိုင်း အမြစ်တွယ်ထားသော သဘာဝကို သတိမပြုမိနိုင်သကဲ့သို့၊ ဤရလဒ်ကို ရရှိဖို့အလို့ငှာ နှုတ်ကပတ်တော်၏ တရားစီရင်ခြင်းအပေါ် သူ မှီခိုရမည်ဖြစ်သည်။ ထို့သို့ဖြင့်သာ လူသည် ဤအချိန်မှစ၍ နောက်ပိုင်းတွင် တဖြည်းဖြည်း ပြောင်းလဲလာနိုင်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ လူ့ဇာတိခံယူခြင်း၏ နက်နဲရာအချက် (၄)) အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေက သိပ်ရှင်းတယ်။ ကျေးဇူးတော်ခေတ်မှာ သခင်ယေရှု လုပ်ခဲ့တာက ရွေးနုတ်ခြင်း အမှုဖြစ်တယ်။ သခင့်ကို ကျွန်တော်တို့ ယုံကြည်ရင်၊ ကိုယ့်အပြစ်တွေကို ဝန်ချပြီး နောင်တရရင် ကျွန်တော်တို့အပြစ်တွေ ခွင့်လွှတ်ခံရတယ်။ ပညတ်တရား ချိုးဖောက်မှုနဲ့ ကျွန်တော်တို့ မရှုတ်ချ၊ မစီရင်ခံရတော့ဘူး။ ပြီးတော့ သခင့်ရဲ့ အလျှံပယ် ကျေးဇူးတော်ကို မွေ့လျော်ခံစားနိုင်တယ်။ ဒါပေမဲ့ အပြစ်ခွင့်လွှတ်ခံရခြင်းက ကျွန်တော်တို့ဟာ အပြစ်ကနေ လွတ်မြောက်ပြီး သန်ရှင်းရာရောက်တယ်လို့ ဆိုလိုသလား။ အပြစ်ခွင့်လွှတ်ခံရခြင်းဆိုတာက ဘုရားကို စစ်မှန်တဲ့ နာခံမှု ရရှိတာကို ဆိုလိုတာလား။ လုံးဝ မဟုတ်ပါဘူး။ ယုံကြည်သူတွေ နေ့မှာ အပြစ်လုပ်ပြီး ညမှာ အပြစ်ဝန်ချတာကို ကျွန်တော်တို့အားလုံး ရှင်းရှင်းလင်းလင်း မြင်တာပဲလေ။ ဒီသံသရာထဲမှာ ကျွန်တော်တို့ ပိတ်မိလျက်သား အသက်ရှင်ကြတယ်။ မကြာခဏ အလိုလို အပြစ်လုပ်မိတယ်၊ ကျွန်တော်တို့အားလုံး ဆုတောင်းပြီး “ကျွန်တော် တကယ်ကို ဒုက္ခခံနေရတယ်၊ အပြစ်ရဲ့ အချုပ်အချယ်တွေကနေ ဘာလို့ အလွတ်မရုန်းနိုင်ရတာလဲ” လို့ ပြောကြတယ်။ အားလုံးက လောကီ အနှောင်အဖွဲ့တွေကို ဖယ်ရှားချင်သလို သခင့်အတွက် အသုံးခံချင်တယ်၊ သခင့်ကို ချစ်ပြီး တခြားလူတွေကို ချစ်ချင်ကြတယ်၊ ဒါပေမဲ့ ကျွန်တော်တို့ တမင်မဟုတ်ဘဲ လုပ်မိတာဖြစ်ပြီး မကြာခဏ လိမ်တတ်တဲ့ ပြဿနာကိုတောင် မဖြေရှင်းနိုင်ကြဘူး။ ဒါဘာကြောင့်လဲ။ ဘာလို့လဲဆိုတော့ လူတွေမှာ အပြစ်နဲ့ပြည့်တဲ့ သဘာဝနဲ့ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားတွေ ရှိကြလို့ပဲ။ ဒါက အပြစ်ရဲ့ အရင်းအမြစ်ပဲ။ အပြစ်ရဲ့ အရင်းအမြစ်ကို မဖြေရှင်းရင် ကိုယ့်ကိုယ်ကိုယ် ချုပ်တည်းဖို့ ကြိုးစားရင်တောင် အလိုလို အပြစ်လုပ်မိဦးမှာပါ။ တချို့လူတွေက သခင့်အတွက် စိတ်ရင်းအတိုင်း အသုံးခံနိုင်ပေမဲ့၊ ဆင်းရဲဒုက္ခခံ၊ အဖိုးအခပေးပြီး စောဒကတက်တာတွေမရှိဘဲ သည်းခံနိုင်ပေမဲ့ သူတို့စိတ်နှလုံး နက်ရှိုင်းရာတွေထဲမှာ ဘုရားကို သူတို့ တကယ်နာခံနိုင်ကြလား။ ဘုရားကို တကယ်ချစ်ကြရဲ့လား။ လူတော်တော်များများက ဒီကိစ္စကို ရှင်းရှင်းလင်းလင်း မမြင်ကြဘူး။ ကောင်းချီးတွေ ရဖို့၊ ကောင်းကင်နိုင်ငံတော်ထဲ ဝင်ပြီး ဆုလာဘ်တွေ ရဖို့ လူတွေက ကောင်းတာတွေ အများကြီး လုပ်နိုင်ပေမဲ့ ဒီလုပ်ဆောင်ချက်ကောင်းတွေက ဘယ်ညစ်ညမ်းမှုတွေနဲ့ ရောနှောနေသလဲ။ အပေးအယူတွေ၊ ဒါမှမဟုတ် ရည်ရွယ်ချက်တွေ တစ်ခုခုနဲ့ ညစ်ညမ်းနေသလား။ ကပ်ဘေးရောက်လာပြီး ကျွန်တော်တို့ မချီမခံရဘဲ အဲဒီကပ်ဘေးထဲကို စွန့်ပစ်ခံရရင် ဘုရားကို စောဒကတက်ကြမှာလား။ ဘုရားကို အပြစ်တင်ပြီး ငြင်းပယ်ကြမှာလား။ ဘုရားရဲ့ အမှုက လူ့အယူအဆတွေနဲ့ ကိုက်တဲ့အခါ ဘုရားကို ကျွန်တော်တို့ ကျေးဇူးတင်ပြီး ချီးမွမ်းကြတယ်၊ ဒါပေမဲ့ ဘုရားရဲ့ အမှုက ကျွန်တော်တို့ အယူအဆတွေနဲ့ မကိုက်သလို ကိုယ်လိုချင်တာ မဟုတ်တဲ့အခါ ဘုရားကို ဝေဖန်ပြီး ရှုတ်ချကြမှာလား။ ဥပမာအနေနဲ့ သခင်ယေရှုက သူ့နာမနဲ့ တရားဟောပြီး နတ်ဆိုးနှင်ထုတ်သူတွေကို ဒီလိုပြောတဲ့အခါ၊ “အဓမ္မအမှုကို ပြုသောသူတို့၊ ငါ့ထံမှ ဖယ်ကြ။(ရှင်မဿဲခရစ်ဝင် ၇:၂၃) အဲဒီလူတွေက အယူအဆတွေ ဖြစ်ပြီး သခင့်ကို အတိုက်အခံလုပ်၊ ရှုတ်ချကြမှာလား။ သခင်ယေရှုက အသင်းတော်တွေမှာ သမ္မာတရား‌ ဖော်ပြဖို့ ဂျူးလူမျိုး လူသားရဲ့ ပုံသဏ္ဌာန်နဲ့ ကြွလာဦးမယ်ဆိုရင် ဘာသာရေး လောကထဲက လူဘယ်လောက်များများက သခင့်ကို ငြင်းပယ်ပြီး စွန့်ခွာကြမလဲဆိုတာ စဉ်းစားကြည့်လိုက်ပါ။ သခင်ယေရှု ဖော်ပြတဲ့ သမ္မာတရားကို လူဘယ်နှစ်ယောက်က လက်ခံပြီး သူက စစ်မှန်တဲ့ တစ်ပါးတည်းသော ဘုရားသခင်ဖြစ်တယ်လို့ ပြောကြမှာလဲ။ သခင်ယေရှုက ဘုရားမဟုတ်ဘူး၊ လူပါလို့ လူဘယ်နှစ်ယောက်က ရှုတ်ချကြမလဲ။ ဒီအချက်တွေကို သုံးသပ်ထိုက်ပါတယ်။ ယုဒဘာသာဝင် ဖာရိရှဲတွေဟာ ဘုရားကို မျိုးဆက်နဲ့ချီ ယုံကြည်ခဲ့ကြသူတွေဖြစ်ပြီး ဘုရားဆီ အပြစ်ဖြေယဇ် မကြာခဏ ပူဇော်ခဲ့ကြသူတွေပါ။ ယေဟောဝါ ဘုရားသခင်က လူ့ဇာတိခံပြီး သခင်ယေရှု ဖြစ်လာတဲ့အခါ သူဟာ ယေဟောဝါ ဘုရားသခင်ရဲ့ ပေါ်ထွန်းခြင်းဖြစ်တယ်ဆိုတာကို ဘာလို့ ဖာရိရှဲတွေက မသိခဲ့ကြတာလဲ။ သမ္မာတရားကို ဖော်ပြတဲ့ သခင်ယေရှုကို ဘာလို့ရှုတ်ချခဲ့ကြတာလဲ။ သခင်ယေရှုက ဘာလို့ကားတိုင်မှာ သံမှိုရိုက်နှက်ခံခဲ့ရတာလဲ။ ဒီမှာ ပြဿနာရဲ့ အဖြစ်အနှစ်က ဘာလဲ။ သူတို့ရဲ့ ဘိုးဘေးတွေက ဘုရားကို မျိုးဆက်နဲ့ချီ ယုံကြည်နေခဲ့ကြပေမဲ့ ဘာလို့ ဖာရိရှဲတွေက ဘုရားရဲ့ ပေါ်ထွန်းခြင်းနဲ့ အမှုတော်ကို မသိခဲ့ကြတာလဲ။ ဘုရားကို ဘာလို့ သူတို့တွေ ရှုတ်ချပြီး အာခံနေဆဲ ဖြစ်ခဲ့တာလဲ။ နောက်ဆုံးသော ကာလမှာ ဘုရားက လူ့ဇာတိခံ လူသားအနေနဲ့ ပေါ်ထွန်းပြီး အမှုပြုသလို သမ္မာတရားအများကြီး ဖော်ပြပြီးပြီဆိုတာကို ကျွန်တော်တို့အားလုံး မျက်စိတပ်အပ် မြင်ကြပြီးပါပြီ။ ဒီတော့ ဘာလို့ ဘာသာရေးလောကထဲက လူအများကြီးက အနန္တတန်ခိုးရှင် ဘုရားသခင်ကို ကသုတ်ကရက် ခုခံ၊ ရှုတ်ချပြီး ပြစ်မှားစော်ကားတာတောင် လုပ်ကြတာလဲ။ သခင်ယေရှု ပြန်ကြွလာခဲ့ပြီးပြီဆိုရင်၊ ဂျူးလူမျိုး လူသား ပုံသဏ္ဌာန်ရှိနေတုန်းဖြစ်ပြီး ဘာသာရေးလောကထဲမှာ သမ္မာတရားကို ဖော်ပြနေတုန်းပဲဆိုရင် အသင်းတော်ကနေ သူနှင်ထုတ်ခံရမလား၊ ဒါမှမဟုတ် စီရင်ချက်တောင် အချခံရပြီး အသေသတ်ခံရမလား။ အားလုံး သိပ်ဖြစ်နိုင်ပါတယ်။ အနန္တတန်ခိုးရှင် ဘုရားသခင်က သခင်ယေရှုလိုပဲ တထေရာတည်း သမ္မာတရားကို ဖော်ပြတယ်၊ နှစ်ပါးလုံးက ပုံမှန်၊ သာမန် လူသားဖြစ်တယ်။ ဘာသာရေးလောကက အနန္တတန်ခိုးရှင် ဘုရားသခင်ကို အရမ်းပဲ ထိတ်ထိတ်ပျာပျာနဲ့ ခုခံတယ်၊ ဒီတော့ လူသား ပုံသဏ္ဌာန်နဲ့ သခင်ယေရှုကို သူတို့ ပိုပြီး လိုလိုလားလား လက်ခံကြမလား။ အနန္တတန်ခိုးရှင် ဘုရားသခင်နောက် လိုက်သူတွေကို ဘုရားအစား လူကို ယုံကြည်သူတွေဆိုပြီး ဘာလို့ဘာသာရေးလောကက ဝေဖန်နေကြသေးတာလဲ။ သခင်ယေရှုရဲ့ အချိန်ကာလမှာ သူတို့မွေးခဲ့ရင် သခင်ယေရှုနောက် လိုက်သူတွေကို ဘုရားအစား လူကို ယုံကြည်သူတွေအဖြစ် သူတို့ဝေဖန်ကြမလား။ ဒီပြဿနာရဲ့ အဖြစ်အနေ အတိအကျက ဘာများလဲ။ ဖောက်ပြန်ပျက်စီးတဲ့ လူသားအားလုံးမှာ ဆိုးယုတ်တဲ့ သဘာဝရှိပြီး ဆိုးယုတ်တဲ့ ကိုယ့်စိတ်သဘောထားတွေနဲ့ ကျွန်တော်တို့အားလုံး အသက်ရှင်ကြလို့ ဒီလိုဖြစ်ရတာပါ။ ဒါကြောင့် ဘုရားကို ကျွန်တော်တို့ ခုခံပြီး ရှုတ်ချတာ လုံးဝမဆန်းပါဘူး။ လူတော်တော်များများက ဒါကို ရှင်းရှင်းလင်းလင်း မမြင်ဘူး။ ကျွန်တော်တို့အပြစ်တွေ ခွင့်လွှတ်ခံရတာနဲ့ ဘုရားက အပြစ်ရှိတယ်လို့ မမြင်တော့ဘူး၊ သန့်ရှင်းလာကြတယ်လို့ သူတို့ထင်ကြတယ်။ ကျွန်တော်တို့အပြစ်တွေ ခွင့်လွှတ်ခံရတာနဲ့ ကောင်းတဲ့ လုပ်ဆောင်ချက်တွေကတစ်ဆင့် ဘုရားရဲ့ လက်ခံမှုကို ရနိုင်တယ်လို့ ထင်ကြတယ်။ ဒီအမြင်တွေက သိပ်မှားပါတယ်။ ဖာရိရှဲတွေက သခင်ယေရှုကို ခုခံပြီး ရှုတ်ချခဲ့တဲ့ အချက်က လူတွေမှာ ဆိုးယုတ်တဲ့ သဘာဝနဲ့ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားတွေ ရှိတယ်ဆိုတာကို ရှင်းရှင်းလင်းလင်း မြင်ဖို့ လုံလောက်ပါတယ်။ ဒီတော့ ဘုရားကို နှစ်ဘယ်လောက်များများ ယုံကြည်ကြပါစေ၊ ကျမ်းစာကို ဘယ်လောက်ပဲ နားလည်ပါစေ၊ ဘယ်ခေတ်မှာ ကျွန်တော်တို့ မွေးပါစေ ကျွန်တော်တို့အားလုံး သမ္မာတရားကို မုန်းနေဆဲ၊ ဘုရားကို ခုခံ၊ ရှုတ်ချပြီး ရန်လိုနေဆဲပါပဲ။ ဒီအကြောင်းရင်း တစ်ခုတည်းကြောင့်ပဲ နောက်ဆုံးသော ကာလထဲက ဘုရားရဲ့ တရားစီရင်ခြင်း အမှုက အရေးပါတာဖြစ်တယ်။ ကျွန်တော်တို့ရဲ့ ဆိုးယုတ်တဲ့ သဘာဝကြောင့် ဖောက်ပြန်ပျက်စီးတဲ့ လူသားမျိုးနွယ်က ဘုရားရဲ့ တရားစီရင်ခြင်းနဲ့ ပြစ်တင်ဆုံးမခြင်းကို လက်ခံသင့်တယ်။ ဒီတရားစီရင်ခြင်းနဲ့ ပြစ်တင်ဆုံးမခြင်း မရှိရင် ကျွန်တော်တို့ ဖောက်ပြန်ပျက်စီးသလောက်ကို အမြဲ အပြစ်လုပ်ပြီး ဘုရားကို ခုခံနေမိမှာပါ။ ဘုရားကို ကျွန်တော်တို့ လုံးဝ တကယ်နာခံမှာ မဟုတ်ဘူး၊ ဘုရားနဲ့ သဟဇာတဖြစ်မှာ မဟုတ်ဘူး။ ပြီးတော့ ဘုရားနိုင်ငံတော်ထဲကို လုံးဝ ဝင်နိုင်မှာ မဟုတ်ဘူး။ ဘုရားရဲ့စိတ်သဘောထားက ဖြောင့်မတ်မှန်း ကျွန်တော်တို့အားလုံး သိပြီး နားလည်ကြပေမဲ့ စာတန်ကြောင့် နက်ရှိုင်းတဲ့ ကိုယ့်ဖောက်ပြန်ပျက်စီးခြင်းရဲ့ ထိတ်လန့်စရာ အခြေအနေအပြင် ဘယ်အတိုင်းအတာထိ ဘုရားကို ခုခံနိုင်ကြတယ်၊ သမ္မာတရားကို ဖော်ပြနိုင်တဲ့ လူသားကို ဘယ်လောက်မုန်းတီးနိုင်ကြတယ်၊ ဆိုလိုတာက သမ္မာတရားကို ကျွန်တော်တို့ စက်ဆုပ်နိုင်တဲ့ အတိုင်းအတာ၊ ဒါတွေကို ဘယ်သူမှ မမြင်နိုင်ကြဘူး။ ဒီအရာတွေထဲက တစ်ခုကိုမှ လူတွေ ရှင်းရှင်းလင်းလင်း မမြင်နိုင်ကြဘူး။ ဒါကြောင့် နောက်ဆုံးသော ကာလထဲက ဘုရားရဲ့ တရားစီရင်ခြင်း အမှုနဲ့ပတ်သက်လို့ အယူအဆနဲ့ သံသယတွေ အများကြီး ရှိကြတာပဲ။ ကိုယ့်အပြစ်တွေ ခွင့်လွှတ်ခံရတာက ကျွန်တော်တို့ကို သန့်ရှင်းစေတယ်လို့ လူတိုင်း ထင်ကြတယ်။ ဘုရားက ကျွန်တော်တို့ကို အပြစ်ရှိတယ်လို့ မမှတ်ယူရင် ကျွန်တော်တို့ သန့်ရှင်းတယ်၊ ဘုရားရဲ့ ကယ်တင်ခြင်း အမှုက ပြီးပြည့်စုံသွားပြီ၊ တရားစီရင်ခြင်း အမှုကို ဘုရားလုပ်ဖို့ မလိုတော့ဘူး။ သခင်ယေရှု ပြန်ကြွလာတဲ့အခါ ကျွန်တော်တို့ကို ကောင်းကင်နိုင်ငံတော်ထဲ ခေါ်ဆောင်သွားမှာဖြစ်ပြီး ကျွန်တော်တို့ ကောင်းကင်ကို ရောက်တာနဲ့ ဘုရားကို နာခံပြီး ထာဝရကိုးကွယ်ဖို့ သေချာတယ်ဆိုပြီးပေါ့။ ဒါပေမဲ့ ဒါက ပေါ်တင် အဓိပ္ပာယ်မရှိတဲ့အရာ မဟုတ်လား။ ကမ္ဘာမြေပေါ်မှာ လူတွေက ဘုရားကို ယုံကြည်ပြီး ဘုရားရဲ့ ကျေးဇူးတော်ကို မွေ့လျော်ကြတယ်။ ဒါတောင် ဘုရားကို ဝေဖန်၊ ရှုတ်ချကြတုန်းပဲ၊ ဒီတော့ ကောင်းကင်မှာ ဘုရားကို သူတို့ ဘယ်လိုနာခံပြီး ကိုးကွယ်နိုင်ကြမှာလဲ။ ဒါလုံးဝ မဖြစ်နိုင်တာပဲ။ ဘုရားနှုတ်ကပတ်တော်က ပြောတယ်၊ “သန့်ရှင်းခြင်းပါရမီမရှိလျှင်၊ အဘယ်သူမျှ ထာဝရဘုရားကို မဖူးမမြင်ရ။(ဟေဗြဲ သြဝါဒစာ ၁၂:၁၄) ဒီစာကြောင်းက သမ္မာတရားဖြစ်ပြီး ကောင်းကင်ဘုံရဲ့ စည်းမျဉ်းပဲ။ နောက်ဆုံးသော ကာလမှာ ဘုရားက တရားစီရင်ခြင်းအမှုကို ဘာကြောင့် လုပ်တယ်ဆိုတာ အခု နားလည်လောက်ပါပြီ။ နောက်ဆုံး ဆန်းစစ်ပြရရင် ဘုရားက လူတွေကို လုံးဝကယ်တင်ဖို့ ကြွလာပြီးပြီ၊ ဆိုလိုတာက ကျွန်တော်တို့ရဲ့ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားတွေကို သန့်စင်၊ ပြောင်းလဲစေဖို့အပြင် အပြစ်နဲ့ စာတန်ရဲ့တန်ခိုးကနေ လုံးဝ ကယ်နုတ်ဖို့ပဲ။ အခုအချိန်မှာ အနန္တတန်ခိုးရှင် ဘုရားသခင်က လူတွေကို သန့်စင်ဖို့ လိုအပ်တဲ့ သမ္မာတရားအားလုံးကို ဖော်ပြပြီး ဘုရားအိမ်တော်က အစပြုတဲ့ တရားစီရင်ခြင်း အမှုကို လုပ်ဆောင်နေတယ်။ ဘုရားရွေးချယ်ထားသူ အတော်များများက ဘုရားရဲ့ တရားစီရင်ခြင်းနဲ့ သန့်စင်စေခြင်းကို တွေ့ကြုံကြရပြီးပြီ၊ အခု သူတို့စိတ်နှလုံးကနေ ဘုရားရဲ့ ဖြောင့်မတ်ခြင်းနဲ့ သန့်ရှင်းခြင်းကို ချီးမွမ်းနေကြတယ်။ စာတန်ကြောင့် လူတွေ ဘယ်လောက် နက်နက်ရှိုင်းရှိုင်း ဖောက်ပြန်ပျက်စီးတယ်၊ သူတို့ ဘာအပြစ်ကို အတိအကျ ကျူးလွန်နိုင်ပြီး ဘုရားကို ဘယ်လောက် ခုခံနိုင်တယ်ဆိုတာကို မြင်ကြပြီ။ ကိုယ့်ကိုယ်ကိုယ် အစစ်အမှန် သိနားလည်မှု ရရှိကြပြီ၊ ဆိုးယုတ်တဲ့ သူတို့ဖောက်ပြန်ပျက်စီးခြင်းရဲ့ အကျည်းတန်မှုကို မြင်ကြပြီ။ ပြီးတော့ ဘုရားရဲ့ တရားစီရင်ခြင်းကို မတွေ့ကြုံဘဲ ဖောက်ပြန်ပျက်စီးခြင်းထဲမှာ အသက်ရှင်ရင် ဘုရားကို ခုခံနေတာ၊ သစ္စာဖောက်နေတာ၊ နတ်ဆိုးတွေလို အသက်ရှင်နေတာ၊ ငရဲထဲကို အပို့ခံရပြီး ဘုရားရဲ့ အပြစ်ပေးတာ ခံရမဲ့အပြင် ဘုရားရှေ့မှာ အသက်မရှင်ထိုက်မှန်း အားလုံးက ခံစားမိကြတယ်။ ဒါကြောင့် နက်ရှိုင်းတဲ့ နောင်တကို ခံစားရတယ်၊ ကိုယ့်ကိုယ်ကိုယ် စက်ဆုပ်မိပြီး စစ်မှန်တဲ့ နောင်တနဲ့ ပြောင်းလဲမှုကို ရရှိကြတယ်။ ဘုရားရဲ့ တရားစီရင်ခြင်းနဲ့ ပြစ်တင်ဆုံးမခြင်းကို တွေ့ကြုံရတဲ့အခါမှပဲ ဘုရားရဲ့ တရားစီရင်ခြင်း အမှုက လူသားမျိုးနွယ်အတွက် သူ့ရဲ့ ကြီးမြတ်တဲ့ ကယ်တင်ခြင်းနဲ့ ချစ်ခြင်းဖြစ်မှန်း ကျွန်တော်တို့ သိကြတာပါ။

လူအတော်များများက နောက်ဆုံးသော ကာလထဲက ဘုရားရဲ့ တရားစီရင်ခြင်း အမှုရဲ့ ရည်ရွယ်ချက်ကို နားမလည်ကြသလို ရွေးနုတ်ခြင်း အမှု သခင်ယေရှု လုပ်ပြီးသွားတဲ့နောက် လူသားမျိုးနွယ်က လုံးဝကယ်တင်ခံခဲ့ရတယ်၊ လူသားမျိုးနွယ်ကို ဘုရားရဲ့ ကယ်တင်ခြင်း အမှု ပြီးပြည့်စုံသွားခဲ့တယ်လို့ ထင်ကြပေမဲ့ ဒါက ကြီးလေးတဲ့ အမှားတစ်ခုပဲ။ အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေက သိပ်ရှင်းတယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ- “ယေရှုသည် လူသားအလယ်တွင် အမှုများစွာ လုပ်ဆောင်ခဲ့သော်လည်း၊ သူသည် လူသားမျိုးနွယ် အားလုံး၏ ရွေးနုတ်ခြင်းကိုသာ ပြီးစီးစေခဲ့ပြီး လူသားတို့၏ အပြစ်ဖြေရာယဇ် ဖြစ်လာခဲ့သည်။ သူသည် လူသားထံမှ သူ၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားအားလုံး ဖယ်ရှားမပေးခဲ့ပေ။ စာတန်၏စွမ်းအားမှ လူသားကို အပြည့်အဝ ကယ်တင်ခြင်းသည် ယေရှုအနေဖြင့် အပြစ်ဖြေရာယဇ် ဖြစ်လာပြီး လူသား၏ အပြစ်များကို သယ်ဆောင်ရန် လိုအပ်သည်သာမက၊ ဘုရားသခင်အနေဖြင့် လူသားထံမှ သူ၏ ဆိုးယုတ်စွာ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားအား လုံးဝဖယ်ရှားပေးရန် သာ၍ပင် ကြီးမားသော အမှုကို လုပ်ဆောင်ရန်လည်း လိုအပ်ပေသည်။ ထို့ကြောင့် လူသားသည် သူ၏အပြစ်များမှ ခွင့်လွှတ်ခံရပြီး ဖြစ်သဖြင့်၊ ဘုရားသခင်သည် လူသားကို ခေတ်သစ်ထဲသို့ ဦးဆောင်ရန် လူ့ဇာတိ ပြန်လည်ခံယူပြီဖြစ်ပြီး၊ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းအမှုကို စတင်ပြီဖြစ်သည်။ ဤအမှုသည် လူသားကို သာ၍မြင့်မားသည့် လောကတစ်ခုထဲသို့ ဆောင်ကြဉ်းပြီးဖြစ်သည်။ သူ၏အုပ်စိုးမှုအောက်တွင် ကျိုးနွံနာခံသူအားလုံးသည် သာ၍မြင့်မားသော သမ္မာတရားကို မွေ့လျော်ပြီး သာ၍ကြီးမြတ်သော ကောင်းချီးမင်္ဂလာများကို ရရှိရပေမည်။ ၎င်းတို့သည် အလင်းတွင် အမှန်တကယ် အသက်ရှင်ကြရမည် ဖြစ်ပြီး သမ္မာတရား၊ လမ်းခရီးနှင့် အသက်တို့ကို ရရှိကြရလိမ့်မည်။(နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ ကျမ်းဦးစကား)နောက်ဆုံးသောကာလ ခရစ်တော်သည် လူသားကို သွန်သင်ရန်၊ လူသား၏အနှစ်သာရကို ဖော်ထုတ်ရန်နှင့် လူသား၏ အပြုအမူများနှင့် စကားလုံးများကို စိတ်ဖြာလေ့လာရန် အမျိုးမျိုးသော သမ္မာတရားများကို အသုံးပြု၏။ ဤနှုတ်ကပတ်တော်များသည် လူသား၏တာဝန်၊ လူသားသည် ဘုရားသခင်ကို မည်သို့နာခံသင့်ပုံ၊ လူသားသည် ဘုရားသခင်ကို မည်သို့သစ္စာရှိသင့်ပုံ၊ လူသားသည် သာမန်လူ့သဘာဝကို မည်သို့ အသက်ရှင်နေထိုင်သင့်ပုံအပြင်၊ ဘုရားသခင်၏ ဉာဏ်ပညာနှင့် စိတ်သဘောထား စသည်တို့ကဲ့သို့သော အမျိုးမျိုးသော သမ္မာတရားများ ပါဝင်သည်။ ဤနှုတ်ကပတ်တော်များ အားလုံးသည် လူသား၏အနှစ်သာရနှင့် သူ၏ဖောက်ပြန်ပျက်စီးနေသော စိတ်သဘောထားတို့ကို ဦးတည်ထား ပေသည်။ အထူးသဖြင့်၊ ဘုရားသခင်ကို လူသားက မည်သို့ ပစ်ပယ်သည်ကို ဖော်ထုတ်ပြသည့် နှုတ်ကပတ်တော်များမှာ လူသားသည် စာတန်၏ပြယုဂ်နှင့် ဘုရားသခင်ကိုဆန့်ကျင်သည့်ရန်သူအင်အား တစ်ခု မည်သို့ဖြစ်သည်နှင့် စပ်လျဉ်း၍ ပြောဆိုထားပေသည်။ သူ၏တရားစီရင်ခြင်းအမှုကို ဆောင်ရွက်ရာတွင်၊ ဘုရားသခင်သည် လူသား၏သဘာဝကို စကားလုံးအနည်းငယ်မျှဖြင့် ရှင်းလင်းရုံမျှ ရှင်းလင်းစေသည် မဟုတ်။ သူသည် ရေရှည်နှင့်ပတ်သက်၍ ဖော်ထုတ်သည်၊ ကိုင်တွယ်ဖြေရှင်းပြီး၊ ပြုပြင်လေသည်။ ဤကွဲပြားခြားနားသော ဖော်ထုတ်ခြင်း၊ ကိုင်တွယ်ဖြေရှင်းခြင်းနှင့် ပြုပြင်ပေးခြင်း နည်းစနစ်အားလုံးကို သာမန်စကားလုံးများဖြင့် အစားထိုး၍မရနိုင်ဘဲ၊ လူသားတွင် လုံးဝကင်းမဲ့နေသော သမ္မာတရားဖြင့် အစားထိုးနိုင်ပေသည်။ ဤသို့သော နည်းလမ်းများကိုသာ တရားစီရင်မှုဟု ခေါ်ဆိုနိုင်သည်။ ဤတရားစီရင်မှုမျိုးမှတစ်ဆင့်သာ လူသားသည် ချိုးနှိမ်ခံရနိုင်ပြီး၊ ဘုရားသခင်နှင့်ပတ်သက်၍ လုံးလုံးလျားလျား သိမ်းသွင်းစည်းရုံး ခံရနိုင်သည့်အပြင်၊ ဘုရားသခင်နှင့် ပတ်သက်သည့် စစ်မှန်သော အသိပညာကို ရရှိနိုင်ပေသည်။ တရားစီရင်ခြင်းက ဖြစ်ပေါ်စေသည့်အရာမှာ ဘုရားသခင်၏မျက်နှာအစစ်အမှန်နှင့် သူကိုယ်တိုင်၏ ပုန်ကန်မှုနှင့်ပတ်သက်သည့် အမှန်တရားကို လူသားက သိနားလည်ခြင်း ဖြစ်သည်။ တရားစီရင်ခြင်းအမှုသည် ဘုရားသခင်၏ အလို၊ ဘုရားသခင်အမှု၏ ရည်ရွယ်ချက်နှင့် လူသား နားမလည်နိုင်သော နက်နဲမှုများတို့နှင့် ပတ်သက်သည့် များပြားလှသော သိနားလည်မှုကို လူသားအား ရရှိခွင့်ပေးသည်။ ယင်းသည် လူသားကို သူ၏ ဖောက်ပြန်ပျက်စီးသော အနှစ်သာရနှင့် သူ၏ ဖောက်ပြန်ပျက်စီးမှု အရင်းအမြစ်များကို သတိပြုကာ သိရှိခွင့်ပေးသည့်အပြင် လူသား၏ အကျည်းတန်မှုကို သိရခွင့် ပေးလေသည်။ ဤအကျိုးသက်ရောက်မှုအားလုံးတို့ကို တရားစီရင်ခြင်း အမှုက ဖြစ်ပေါ်စေခြင်းဖြစ်သည်၊ အကြောင်းမှာ ဤအမှု၏ အနှစ်သာရသည် ဘုရားသခင်၌ ယုံကြည်ခြင်းရှိသူများ အားလုံးထံသို့ ဘုရားသခင်၏သမ္မာတရား၊ လမ်းခရီးနှင့် အသက်တို့ကို အမှန်တကယ် ဖွင့်ပြပေးသည့် အမှု ဖြစ်သောကြောင့် ဖြစ်သည်။ ဤအမှုသည် ဘုရားသခင် လုပ်ဆောင်သော တရားစီရင်ခြင်းအမှု ဖြစ်၏။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ခရစ်တော်သည် တရားစီရင်ခြင်း အမှုကို သမ္မာတရားဖြင့် ဆောင်ရွက်၏)

နောက်ဆုံးသော ကာလထဲက အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ တရားစီရင်ခြင်း အမှုတော်က ကျေးဇူးတော်ခေတ်ကို အဆုံးသတ်တယ်။ တစ်ချိန်တည်းမှာပဲ နိုင်ငံတော်ခေတ်ကို အစပြုပေးတယ်။ နောက်ဆုံးသော ကာလထဲက တရားစီရင်ခြင်းရဲ့ ရှုထောင့်တစ်ခုက လူတွေကို လုံးဝ သန့်စင်၊ ကယ်တင်ဖို့၊ အပြစ်နဲ့ စာတန်ရဲ့ တန်ခိုးကနေ ကျွန်တော်တို့ကို လွတ်စေပြီး ဘုရားရဲ့ လုံးဝ ရယူတာ ခံခွင့်ပေးဖို့ပဲ။ နောက်ထပ် ရှုထောင့်တစ်ခုက လူအမျိုးအစား အသီးသီးကို ဖော်ထုတ်ပြီး အမျိုးအစားအလိုက် ခွဲဖို့၊ ဘုရားကို ခုခံတဲ့ ဆိုးယုတ်မှု အင်အားစုတွေအားလုံးကို ဖျက်ဆီးပြီး မှောင်မိုက်၊ ဆိုးယုတ်တဲ့ ဒီခေတ်ဟောင်းကို အဆုံးသတ်ဖို့ပါပဲ။ ဒါဟာ နောက်ဆုံးသော ကာလထဲက ဘုရားရဲ့ တရားစီရင်ခြင်း အမှုရဲ့ ရည်ရွယ်ချက်ဖြစ်တယ်။ အနန္တတန်ခိုးရှင် ဘုရားသခင်ဆီက နောက်ထပ်တစ်ပိုဒ်ကို ဖတ်ရအောင်။ “ခေတ်ကို အဆုံးသတ်ခြင်းနှင့်ဆိုင်သည့် သူ၏ နောက်ဆုံး အမှုတွင်၊ ဘုရားသခင်၏ စိတ်သဘောထားသည် လူအားလုံးကို လူသိရှင်ကြား တရားစီရင်ရန်နှင့် သူ့ကို စစ်မှန်ရိုးသားသည့် စိတ်နှလုံးဖြင့် ချစ်သောသူတို့ကို စုံလင်စေရန်အလို့ငှာ မဖြောင့်မတ်သည့် အရာအားလုံးကို သူ ထုတ်ဖော်ပြသည့် ပြစ်တင်ဆုံးမခြင်း၊ တရားစီရင်ခြင်းနှင့်သက်ဆိုင်သည့် စိတ်သဘောထားတစ်ခု ဖြစ်သည်။ ဤသို့သော စိတ်သဘောထားသည်သာလျှင် ခေတ်ကို အဆုံးသတ်စေနိုင်သည်။ နောက်ဆုံးသော ကာလသည် ရောက်ရှိနှင့်ပြီ ဖြစ်သည်။ ဖန်ဆင်းခြင်းထဲက အရာအားလုံးသည် ၎င်းတို့၏ အမျိုးအစားအလိုက် ခွဲခြားခံရလိမ့်မည်ဖြစ်ပြီး၊ ၎င်းတို့၏ သဘာဝအပေါ် အခြေခံ၍ မတူကွဲပြားသော အမျိုးအစားများအဖြစ် ခွဲခြားခံရလိမ့်မည်။ ဤသည်မှာ ဘုရားသခင်က လူသားမျိုးနွယ်၏ အဆုံးသတ်နှင့် ၎င်းတို့၏ ပန်းတိုင်ကို ထုတ်ဖော်ပြသည့် အချိန် အခိုက်အတန့် ဖြစ်သည်။ အကယ်၍ လူတို့သည် ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းကို မကြုံကြရပါက၊ ၎င်းတို့၏ မနာခံမှုနှင့် မဖြောင့်မတ်မှုကို ဖော်ထုတ်ခြင်း နည်းလမ်းရှိလိမ့်မည် မဟုတ်ပေ။ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းမှတစ်ဆင့်သာ ဖန်ဆင်းခြင်း အားလုံး၏ အဆုံးသတ်သည် ထုတ်ဖော်ပြ ခံရနိုင်ပေသည်။ လူသည် ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်း ခံရသော အခါမှသာ သူ၏စရိုက်အမှန်ကို ပြသသည်။ မကောင်းမှု ပြုသူများကို မကောင်းသောသူများနှင့်အတူ၊ ကောင်းသောသူများကို ကောင်းသောသူများနှင့်အတူ ထားရှိလိမ့်မည်ဖြစ်ပြီး၊ လူသားမျိုးနွယ် အားလုံးသည် ၎င်းတို့၏ အမျိုးအစားအလိုက် ခွဲခြားခံရကြလိမ့်မည်။ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းမှတစ်ဆင့်၊ မကောင်းသော သူများသည် အပြစ်ဒဏ်ပေးခံရပြီး ကောင်းသောသူများသည် ဆုလာဘ်များရရှိကာ လူအားလုံးတို့သည် ဘုရားသခင်၏ အုပ်စိုးခြင်းကို ခံကြရဖို့အလို့ငှာ၊ ဖန်ဆင်းခြင်း အားလုံး၏ အဆုံးသတ်သည် ထုတ်ဖော်ပြခံရလိမ့်မည်။ ဤအမှုအားလုံးကို ဖြောင့်မတ်သော ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းမှတစ်ဆင့် ရရှိရပေမည်။ လူသား၏ ဖောက်ပြန်ပျက်စီးခြင်းသည် အမြင့်ဆုံးသို့ ရောက်ရှိပြီးဖြစ်ကာ သူ၏ မနာခံခြင်းသည် အလွန့်အလွန် ပြင်းထန်လာသောကြောင့်၊ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းတို့ အဓိကအားဖြင့် ပေါင်းစပ်ထားပြီး၊ နောက်ဆုံးသောကာလအတွင်းတွင် ထုတ်ဖော်ပြခံရသည့် ဘုရားသခင်၏ ဖြောင့်မတ်သော စိတ်သဘောထားသည်သာ လူကို အပြည့်အဝ ပြောင်းလဲနိုင်ပြီး ပြည့်စုံစေနိုင်ပေသည်။ ဤစိတ်သဘောထားသည်သာ မကောင်းမှုကို ဖော်ထုတ်နိုင်ပြီး၊ ထိုသို့ဖြင့် မဖြောင့်မတ်သောသူအားလုံးကို ပြင်းထန်စွာ အပြစ်ပေးနိုင်သည်။...နောက်ဆုံးသောကာလအတွင်းတွင် ဖြောင့်မတ်သော တရားစီရင်မှု သည်သာ လူသားကို ၎င်းတို့၏ အမျိုးအစားအလိုက် ခွဲခြားနိုင်ပြီး၊ လူကို နယ်ပယ်သစ်သို့ ဆောင်ယူနိုင်ပေသည်။ ဤနည်းဖြင့် ခေတ်တစ်ခုလုံးသည် ဘုရားသခင်၏ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းတို့နှင့်သက်ဆိုင်သည့် ဖြောင့်မတ်သော စိတ်သဘောထားမှတစ်ဆင့် အဆုံးသို့ ရောက်ရှိပေသည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင့်အမှုတော်၏ ရူပါရုံ (၃)) နောက်ဆုံးသော ကာလမှာ ဘုရားက တရားစီရင်ခြင်းအမှုကို သမ္မာတရားနဲ့ လုပ်တယ်၊ အဲဒါက သမ္မာတရားနဲ့ ဘုရားအပေါ် လူအမျိုးအစားအားလုံးရဲ့ သဘာထားကို ထုတ်ဖော်ပြပါတယ်။ သမ္မာတရားကို ချစ်ပြီး ဘုရားအပေါ် ချစ်ခြင်းကို လိုက်စားသူတွေဟာ ဘုရားကယ်တင်ပြီး စုံလင်စေတာ ခံရမဲ့သူတွေဖြစ်တယ်။ ဘုရားအသံတော်ကို သူတို့ကြားတယ်၊ သူ့ရဲ့ ပလ္လင်တော်ဆီ ပြန်လာကြတယ်၊ ဘုရားရဲ့ နှုတ်ကပတ်တော်တွေကို စားသောက်တယ်၊ ဘုရားရဲ့ တရားစီရင်ခြင်း၊ စစ်ဆေးခြင်းနဲ့ စမ်းသပ်ခြင်းတွေကို တွေ့ကြုံတယ်၊ နောက်ဆုံးမှာ အပြစ်ရဲ့ ကျေးကျွန်ဘဝနဲ့ ထိန်းချုပ်မှုကနေ လွတ်တယ်၊ သူတို့ရဲ့ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားက သန့်စင်သွားတယ်၊ အဲဒီနောက် ဘုရားရဲ့ စုံလင်စေတာ ခံရသလို အဦးသီးသော အသီးတွေဖြစ်တဲ့ အောင်မြင်သောသူတွေ ဖြစ်လာကြတယ်။ ဒါပေမဲ့ သမ္မာတရားကို စက်ဆုပ်ပြီး ဘုရားကို ခုခံသူတွေဟာ ဘုရားဖယ်ရှင်းတာကို ခံရမဲ့သူတွေ ဖြစ်တယ်။ သူတို့က သမ္မာကျမ်း စာသားကို ခေါင်းမာမာ ဖက်တွယ်ကြပြီး အနန္တတန်ခိုးရှင် ဘုရားသခင်ကို ထိတ်ထိတ်ပျာပျာ ခုခံနေရင်း သခင်မိုးတိမ်စီး ကြွာလာဖို့အတွက်ပဲ စောင့်ရုံစောင့်နေတယ်။ အဲဒီလိုလုပ်ရင်းနဲ့ ကပ်ဘေးမတိုင်ခင် ချီမခံရမဲ့ သူတို့ရဲ့ အခွင့်အရေးကို ဆုံးရှုံးကြပြီး ကပ်ဘေးထဲကို ကျဆင်းကြရမှာပါ။ ကောင်းချီးတွေကိုပဲ ရှာပြီး ကပ်ဘေးတွေကို ရှောင်ရှားဖို့ အနန္တတန်ခိုးရှင် ဘုရားသခင်ကို အင်တင်တင်နဲ့ လက်ခံကြတဲ့ တခြားလူတွေရှိတယ်။ သူတို့က အပြောနဲ့ပဲ ယုံကြပြီး သူတို့သဘာဝက သမ္မာတရားကို စက်ဆုပ်တယ်။ သမ္မာတရားကို သူတို့လုံးဝ လက်တွေ့မလုပ်ဆောင်ကြဘူး။ ဘုရားရဲ့ တရားစီရင်ခြင်း၊ ပြုပြင်ခြင်းနဲ့ ကိုင်တွယ်ဖြေရှင်းခြင်းကို လက်ခံ၊ နာခံဖို့ ငြင်းကြပြီး သူတို့ရဲ့ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားတွေက လုံးဝ မပြောင်းလဲဘူး။ အဲဒီလို ဘုရားအိမ်တော်ထဲမှာ ရောနှောနေတဲ့ လူတွေက မယုံကြည်သူတွေနဲ့ မကောင်းမှု ပြုသူတွေ ဖြစ်တယ်။ သူတို့ ဖော်ထုတ်ခံရပြီး ဖယ်ရှင်းခံရကြမှာပါ။ ဒါက နောက်ဆုံးသော ကာလထဲက တရားစီရင်ခြင်း အမှုက လူအမျိုးအစားတိုင်းကို ထုတ်ဖော်ပြနှင့်ပြီဆိုတာကို ပြပါတယ်။ သမ္မာတရားကို ချစ်သူတွေနဲ့ ကိုယ့်ဝမ်းကို အစာနဲ့ ဖြည့်ဖို့ပဲ ရှာဖွေသူတွေ၊ ဂျုံစပါးနဲ့ တောပင်တွေ၊ ပြီးတော့ သိုးနဲ့ ဆိတ်တွေအားလုံးကို သူ့အမျိုးအစားနဲ့သူ ခွဲထားပြီးပါပြီ။ နောက်ဆုံးမှာ ကောင်းတဲ့သူတွေကို ဘုရားဆုချပြီး မကောင်းသူတွေကို အပြစ်ပေးမှာဖြစ်သလို သူတို့လုပ်ခဲ့တဲ့အတိုင်း လူအသီးသီးကို ပြန်ဆပ်ပေးမှာပါ။ ဒါက ဘုရားရဲ့ ဖြောင့်မတ်တဲ့ စိတ်သဘောထားကို အပြည့်အဝ ဖော်ပြပြီး ဗျာဒိတ်ကျမ်းထဲက ဒီပရောဖက်ပြုချက်တွေကိုလည်း ပြည့်စုံစေတယ်။ “မတရားသောသူကသည် မတရားသဖြင့် ပြုစေ ဦး။ ညစ်ညူးသော သူသည် ညစ်ညူးစေဦး။ ဖြောင့်မတ် သောသူသည် ဖြောင့်မတ်စေဦး။ သန့်ရှင်းသောသူသည် သန့်ရှင်းစေဦး။(ဗျာဒိတ်ကျမ်း ၂၂:၁၁)ငါသည်အလျင်အမြန်လာမည်။ ငါသည် အကျိုး အဖြစ်ကို ဆောင်ခဲ့သည်ဖြစ်၍၊ လူအသီးသီးတို့အား မိမိတို့အကျင့်အတိုင်း ဆပ်ပေး မည်။(ဗျာဒိတ်ကျမ်း ၂၂:၁၂)

ဒီအချိန်မှာ အနန္တတန်ခိုးရှင် ဘုရားသခင်က ကပ်ဘေးမတိုင်ခင် အောင်မြင်သူတစ်စုကို ဖန်ဆင်းနှင့်ပြီးပြီဖြစ်သလို ဘုရားအိမ်တော်ကအစပြုတဲ့ တရားစီရင်ခြင်း အမှုကလည်း အောင်မြင်မှုကြီးကို ရရှိနေပါပြီ။ အနန္တတန်ခိုးရှင် ဘုရားသခင် ဖော်ပြတဲ့ နှုတ်ကပတ်တော်တွေက ကမ္ဘာမြေပေါ်က တိုင်းနိုင်ငံအားလုံးဆီ ပျံ့နှံ့သွားပြီဖြစ်သလို ကမ္ဘာကြီးကို လှုပ်ခတ်လိုက်ပါပြီ။ ဘုရားက စာတန်ကို အနိုင်ယူပြီး ဘုန်းအသရေရရှိပြီးပြီလို့ သက်သေပြရင်းနဲ့ပေါ့။ ဒီအရာနောက်မှာ ဘုရားက ကပ်ဘေး ကျရောက်စေမှာဖြစ်ပြီး တိုင်းနိုင်ငံနဲ့ လူမျိုးအားလုံးကို စပြီး တရားစီရင်မှာပါ။ ကပ်ဘေးရောက်လာခြင်းက ဒီခေတ်ဆိုးအပေါ် ဘုရားရဲ့ တရားစီရင်ခြင်း ဖြစ်ပြီး လူသားမျိုးနွယ်ကို ကယ်တင်ဖို့လည်း ဖြစ်ပါတယ်။ ဘုရားက လူတွေ စစ်မှန်တဲ့ လမ်းခရီးကို ရှာအောင်၊ ကယ်တင်ရှင်ရဲ့ အမှုကို ရှာတွေ့အောင်၊ ဘုရားဆီလာပြီး သူ့ရဲ့ ကယ်တင်ခြင်းကို လက်ခံအောင် ကပ်ဘေးကို သုံးတာပါ။ တစ်ချိန်တည်းမှာပဲ ဘုရားကို ခုခံတဲ့ ဆိုးယုတ်တဲ့ အင်အားစုတွေနဲ့ ဆိုးညစ်သူအားလုံးကို ဖြေရှင်းဖို့နဲ့ စာတန်က အာဏာစွဲကိုင်ထားတဲ့ ဒီဆိုးယုတ်တဲ့ ခေတ်ကို လုံးဝ အဆုံးသတ်ဖို့လည်း ကပ်ဘေးကို သူအသုံးပြုပါတယ်။ နောက်ဆုံးမှာ ဘုရားရဲ့ တရားစီရင်ခြင်းကို တွေ့ကြုံရပြီး သန့်စင်ခံရပြီးသူအားလုံးဟာ ကပ်ဘေးတွေအလယ်မှာ ဘုရားရဲ့ ကွယ်ကာတာ ခံရမှာဖြစ်ပြီး လှပတဲ့ ခရီးပန်းတိုင်ဆီ ခေါ်ဆောင်ခံရမှာပါ။ ဒါက နောက်ဆုံးသော ကာလမှာ ဘုရားရဲ့ တရားစီရင်ခြင်း အမှု ပြီးပြည့်စုံမဲ့ပုံ ဖြစ်တယ်။ အဲဒီနောက် ကမ္ဘာသစ်ထဲမှာ ခရစ်တော်ရဲ့ နိုင်ငံတော်ဟာ ကမ္ဘာမြေပေါ် အပြည့်အဝ အကောင်အထည်ပေါ်မှာ ဖြစ်တယ်။

နောက်ဆုံးအနေနဲ့ ဘုရားနှုတ်ကပတ်တော် ဖတ်ရွတ်ခြင်း ဗီဒီယိုတစ်ခု ကြည့်ရအောင်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ- “မည်သည့်အရာက တရားစီရင်မှု ဖြစ်ပြီး မည်သည့်အရာက သမ္မာတရား ဖြစ်သည်ကို ယခု သင်နားလည်သလော။ သင်နားလည်ပါက၊ တရားစီရင်ခံရခြင်းအဖြစ်ကို ကျိုးနွံစွာ နာခံဖို့ သင့်ကို ငါ တိုက်တွန်း၏၊ သို့မဟုတ်ပါက သင်သည် ဘုရားသခင်၏ ချီးကျူးခံရမည့် သို့မဟုတ် သူ၏နိုင်ငံတော်ထဲသို့ သူ၏ ခေါ်ဆောင်ခြင်းကို ခံရမည့် အခွင့်အရေးကို မည်သည့်အခါတွင်မျှ ရလိမ့်မည် မဟုတ်ပေ။ တရားစီရင်ခြင်းကိုသာ လက်ခံသော်လည်း၊ မည်သည့်အခါမျှ သန့်စင်မခံရနိုင်သော သူတို့သည်၊ ဆိုလိုသည်မှာ တရားစီရင်ခြင်းအမှု အလယ်၌ ထွက်ပြေးသောသူများသည် ဘုရားသခင်၏ စက်ဆုပ်မှုနှင့် ငြင်းပယ်မှုကို ထာဝရ ခံကြရလိမ့်မည်။ ၎င်းတို့သည် ဘုရားသခင်ကို သစ္စာဖောက်ခဲ့ပြီးဖြစ်ကာ ပုန်ကန်ခဲ့ကြပြီးဖြစ်သည့်အတွက်၊ ၎င်းတို့၏ အပြစ်များသည် ဖာရိရှဲတို့၏ပြစ်များထက် သာလွန်များပြားကာ၊ သာ၍ ဆိုးရွားလေသည်။ အစေခံခြင်းကို လုပ်ဆောင်ရန်ပင် မထိုက်တန်သည့် ထိုသို့သောလူများသည် သာ၍ ပြင်းထန်သော အပြစ်ဒဏ်၊ ထို့အပြင် ထာဝရတည်တံ့သည့် အပြစ်ဒဏ်တစ်ခုကို ရရှိမည်ဖြစ်သည်။ ဘုရားသခင်သည် သူ့ကို တစ်ချိန်က စကားဖြင့် သစ္စာစောင့်သိမှု ပြခဲ့ကြသော်လည်း၊ ထို့နောက် သစ္စာဖောက်သွားသော မည်သည့်သစ္စာဖောက်ကိုမျှ ချမ်းသာပေးလိမ့်မည် မဟုတ်ပေ။ ဤကဲ့သို့သော လူတို့သည် စိတ်၊ ဝိညာဉ်နှင့် ကိုယ်ခန္ဓာတို့၏ အပြစ်ဒဏ်ပေးခြင်းမှတစ်ဆင့် ဒဏ်ခတ်မှုကို ရရှိကြလိမ့်မည်။ ဤသည်မှာ ဘုရားသခင်၏ ဖြောင့်မတ်သော စိတ်နေသဘောထား၏ တိကျစွာ ဖွင့်ပြခြင်းတစ်ခု ဖြစ်သည် မဟုတ်လော။ ဤသည်မှာ လူသားကို တရားစီရင်ခြင်းနှင့် ထုတ်ဖော်ခြင်းတို့တွင် ဘုရားသခင်၏ ရည်ရွယ်ချက် ဖြစ်သည် မဟုတ်လော။ ဘုရားသခင်သည် တရားစီရင်ရာ အချိန်ကာလအတောအတွင်းတွင် ဆိုးယုတ်သော လုပ်ဆောင်ချက်မျိုးစုံကို ဆောင်ရွက်သူအားလုံးကို ဆိုးယုတ်သော ဝိညာဉ်များ သောင်းကျန်းသည့် နေရာတစ်ခုဆီသို့ လွှဲအပ်ပြီး၊ ဤဆိုးယုတ်သော ဝိညာဉ်များကို ၎င်းတို့၏ အသွေးအသားခန္ဓာအား စိတ်ကြိုက်ဖျက်ဆီးခွင့် ပေးကာ၊ ထိုလူတို့၏ ခန္ဓာကိုယ်များသည် အလောင်းကောင်အပုပ်နံ့ ထုတ်လွှတ်လေသည်။ ယင်းမှာ ၎င်းတို့နှင့် သင့်တော်သော ဒဏ်ခတ်ခြင်း ဖြစ်သည်။ ဘုရားသခင်သည် သစ္စာမရှိသော အယောင်ဆောင်ယုံကြည်သူများ၊ အယောင်ဆောင် တမန်တော်များနှင့် အယောင်ဆောင် အမှုတော်ဆောင်များ အယောက်စီ၏ အပြစ်များ တစ်ခုစီတိုင်းကို ၎င်းတို့၏ မှတ်တမ်းစာအုပ်များထဲတွင် ရေးမှတ်၏။ ထို့နောက် အချိန်ကျသောအခါတွင်၊ ၎င်းတို့အနေဖြင့် မည်သည့်အခါတွင်မျှ လူမဝင်စားနိုင်ဖို့နှင့် မည်သည့်အခါတွင်မျှ အလင်းကို တစ်ဖန် မမြင်နိုင်ကြဖို့အလို့ငှာ၊ သူသည် ညစ်ညမ်းသော ဝိညာဉ်များအား ၎င်းတို့၏ ခန္ဓာတစ်ခုလုံးကို စိတ်ကြိုက် ဖျက်ဆီးရမ်းကားစေခွင့် ပြုလျက်၊ ၎င်းတို့ကို ဤညစ်ညမ်းသော ဝိညာဉ်များအလယ်သို့ ပစ်လိုက်သည်။ ၎င်းတို့အားလုံးသည် ယုတ်မာသူတို့နှင့် တစ်ကျိတ်တည်းတစ်ဉာဏ်တည်း ဖြစ်ပြီး ၎င်းတို့၏ ဖရိုဖရဲ ဖြစ်နေသော ဝရုန်းသုန်းကား လူအုပ်တွင် ပါဝင်ဖို့အလို့ငှာ၊ အချိန်တစ်ခုကြာ အစေခံခြင်း ပြုကြသော်လည်း၊ အဆုံးတိုင် သစ္စာစောင့်သိနေနိုင်စွမ်း မရှိကြသည့် သူတော်ကောင်းအယောင်ဆောင်များကို ဘုရားသခင်သည် ယုတ်မာသူတို့ အထဲတွင် ထည့်တွက်၏။ နောက်ဆုံးတွင် ဘုရားသခင်သည် ၎င်းတို့ကို အမြစ်ဖြတ် ချေမှုန်းလိမ့်မည်။ ခရစ်တော်ကို မည်သည့်အခါတွင်မျှ သစ္စာမစောင့်သိခဲ့သည့် သို့မဟုတ် မိမိတို့၏ခွန်အားဖြင့် မည်သည့်အခါတွင်မျှ ကူညီပံ့ပိုးခြင်းမရှိသော သူတို့ကို ဘုရားသခင်သည် ဖယ်ထုတ်၍ ဂရုပြုခြင်းမရှိဘဲ၊ ခေတ်အပြောင်းအလဲတွင် ၎င်းတို့အားလုံးကို အမြစ်ဖြတ် ချေမှုန်းလိမ့်မည်။ ၎င်းတို့သည် ဘုရားသခင်၏ နိုင်ငံတော်ထဲသို့ ဝင်ရာလမ်းကိုရရှိရန် မဆိုထားနှင့်၊ ကမ္ဘာမြေပေါ်တွင်ပင် တည်ရှိတော့မည် မဟုတ်ပေ။ ဘုရားသခင်အပေါ် မည်သည့်အခါတွင်မျှ စိတ်ရင်းမမှန်ခဲ့ကြဘဲ၊ သူ့ကို ဝတ်ကျေတမ်းကျေ ဆက်ဆံရန် အခြေအနေဖြင့် တွန်းအားပေးခြင်းခံရသူတို့သည် ဘုရားသခင်၏လူတို့အတွက် အစေခံသောသူတို့အထဲတွင် ထည့်တွက်ခြင်းခံရကြ၏။ ထိုသို့သော လူများထဲမှ အရေအတွက် အနည်းငယ်သာ ရှင်ကျန်ရစ်မည် ဖြစ်သော်လည်း၊ အများစုသည် စံနှုန်းမပြည့်မီသော အစေခံမှု ပေးသည့် သူများနှင့်အတူ ပျက်စီးကြရလိမ့်မည်။ နောက်ဆုံးတွင်၊ ဘုရားသခင်နှင့် စိတ်သဘောတူညီသူများ၊ ဘုရားသခင်၏ လူများနှင့်သားများ၊ ပြီးလျှင် ယဇ်ပရောဟိတ်များအဖြစ် ဘုရားသခင်က ကြိုတင်ခွဲခန့် မှတ်သားထားသော သူများအားလုံးကို ဘုရားသခင်သည် သူ၏နိုင်ငံတော်ထဲသို့ ဆောင်ကြဉ်းလိမ့်မည်။ ၎င်းတို့သည် ဘုရားသခင်၏အမှု၏ အကျိုးရလဒ် ဖြစ်လိမ့်မည်။ ဘုရားသခင် ချမှတ်ထားသော အမျိုးအစားတစ်ခုတစ်လေထဲတွင် သတ်မှတ်ခြင်း မခံရနိုင်သောသူများကိုမူ မယုံကြည်သူများအထဲတွင် ထည့်တွက်ခြင်း ခံရလိမ့်မည်- ပြီးလျှင် ၎င်းတို့၏ရလဒ် အဘယ်အရာ ဖြစ်မည်ကို သင်တို့အနေဖြင့် ဧကန်မုချ စိတ်ကူးကြည့်နိုင်သည်။ ငါပြောသင့်သည့် အရာအားလုံးကို သင်တို့အား ငါပြောနှင့်ပြီး ဖြစ်သည်။ သင်တို့ရွေးချယ်သောလမ်းမှာ သင်တို့၏ ရွေးချယ်မှု ချည်းသက်သက်သာ ဖြစ်သည်။ သင်တို့နားလည်သင့်သည့်အရာမှာ ဤသို့ဖြစ်၏- ဘုရားသခင်၏အမှုသည် သူ့ကို မီအောင် မလိုက်နိုင်သောသူ မည်သူမဆိုကို လုံးဝ မစောင့်ဆိုင်းသကဲ့သို့၊ ဘုရားသခင်၏ ဖြောင့်မတ်သော စိတ်သဘောထားသည် မည်သည့် လူသားကိုမျှ သနားညှာတာမှု မပြပေ။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ခရစ်တော်သည် တရားစီရင်ခြင်း အမှုကို သမ္မာတရားဖြင့် ဆောင်ရွက်၏)

နောက်ဆုံးသောကာလအတွင်း ဘုရားသခင်၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်း၏အမှု အတောအတွင်း- ဆိုလိုသည်မှာ သန့်စင်စေခြင်း၏ နောက်ဆုံးသောအမှု အတောအတွင်း- အခိုင်အမာ ရပ်တည်နိုင်သူများသည် ဘုရားသခင်နှင့် အတူ နောက်ဆုံးသော ငြိမ်သက်ခြင်း ချမ်းသာထဲသို့ ဝင်ရောက်ကြမည့် သူများဖြစ်သည်။ ထိုသို့ဖြင့် ငြိမ်သက်ခြင်း ချမ်းသာထဲသို့ ဝင်ရောက်သော သူအားလုံးသည် ဘုရားသခင်၏ နောက်ဆုံး သန့်စင်စေခြင်း အမှုကို ကြုံပြီးနောက်တွင်၊ စာတန်၏ လွှမ်းမိုးခြင်းမှ ချိုးဖောက် လွတ်မြောက်ပြီးဖြစ်လိမ့်မည်ဖြစ်ကာ၊ ဘုရားသခင်၏ ရယူခြင်းကို ခံရပြီး ဖြစ်ကြလိမ့်မည်။ နောက်ဆုံး၌ ဘုရားသခင်၏ ရယူခြင်းကို ခံရပြီးဖြစ်လိမ့်မည် ဖြစ်သော ဤလူသားများသည် နောက်ဆုံးသော ငြိမ်သက်ခြင်း ချမ်းသာထဲသို့ ဝင်ရောက်ကြလိမ့်မည်။ ဘုရားသခင်၏ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်း အမှု၏ ပဓာနကျသော ရည်ရွယ်ချက်မှာ လူသားမျိုးနွယ်ကို သန့်ရှင်းစေရန်နှင့် ၎င်းတို့၏ နောက်ဆုံးသော ငြိမ်သက်ခြင်း ချမ်းသာအတွက် ၎င်းတို့ကို ပြင်ဆင်ရန် ဖြစ်သည်။ ထိုသို့သော သန့်ရှင်းစေခြင်း မရှိဘဲနှင့်၊ လူသားမျိုးနွယ်ထဲမှ တစ်ဦးမျှသည် မတူညီသော အမျိုးအစားအလိုက် ခွဲခြားခံရနိုင်မည် မဟုတ်ပေ၊ သို့မဟုတ် ငြိမ်သက်ခြင်း ချမ်းသာထဲသို့ ဝင်ရောက်နိုင်ကြမည် မဟုတ်ပေ။ ဤအမှုသည် ငြိမ်သက်ခြင်း ချမ်းသာထဲသို့ ဝင်ရောက်ရန် လူသားမျိုးနွယ်၏ တစ်ခုတည်းသော လမ်းကြောင်းဖြစ်သည်။ ဘုရားသခင်၏ သန့်စင်စေခြင်းအမှုသည်သာ လူသားများကို ၎င်းတို့၏ မဖြောင့်မတ်ခြင်းမှ သန့်စင်စေလိမ့်မည်ဖြစ်ပြီး သူ၏ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်း အမှုသည်သာလျှင် လူသားမျိုးနွယ်ထဲမှ မနာခံသော ထိုလူစုများကို ဖော်ထုတ်လိမ့်မည်၊ ထိုသို့ဖြင့် ကယ်တင်ခံရနိုင်သူတို့ကို ကယ်တင်မခံရနိုင်သူတို့မှ ခွဲခြားပြီး ကျန်ရှိမည့်သူများကို မကျန်ရှိမည့်သူများမှ ခွဲခြားထားလိမ့်မည်ဖြစ်သည်။ ဤအမှု အဆုံးသတ်သောအခါတွင်၊ ကျန်ရှိခွင့် ပေးထားသောလူများ အားလုံး သန့်စင်စေခြင်း ခံရလိမ့်မည်ဖြစ်ပြီး၊ ကမ္ဘာမြေပေါ်တွင် သာ၍ နှစ်သက်ဖွယ်ဖြစ်သော ဒုတိယ လူ့ဘဝကို ၎င်းတို့ မွေ့လျော်မည့် သာ၍ မြင့်မားသော လူ့သဘာဝ၏ အခြေအနေထဲသို့ ဝင်ရောက်ကြလိမ့်မည်။ တစ်နည်းအားဖြင့် ၎င်းတို့သည် ၎င်းတို့၏ လူသား အနားယူရာနေ့ကို စတင်ကြလိမ့်မည် ဖြစ်ပြီး၊ ဘုရားသခင်နှင့်အတူ ယှဉ်တွဲနေထိုင်ကြလိမ့်မည်။ ကျန်ရှိခွင့် မရကြသူတို့ ပြစ်တင်ဆုံးမခံရကာ တရားစီရင်ခံကြရ ပြီးနောက်တွင်၊ ၎င်းတို့၏ စရိုက်အမှန်သည် လုံးဝ ဖော်ထုတ်ခံရလိမ့်မည်၊ ယင်းနောက်တွင် ၎င်းတို့အားလုံးသည် စာတန်ကဲ့သို့ ဖျက်ဆီးခြင်းကိုခံကြရမည်ဖြစ်ပြီး ကမ္ဘာမြေကြီးပေါ်တွင် ရှင်သန်ခွင့်ရှိတော့မည် မဟုတ်ပေ။ အနာဂတ် လူသားမျိုးနွယ်တွင် ဤလူစားမျိုးထဲမှ မည်သူမျှ ပါဝင်တော့မည် မဟုတ်ပေ။ ထိုသို့သော လူများသည် အဆုံးစွန် ငြိမ်သက်ခြင်း ချမ်းသာခြင်းနှင့်ဆိုင်သည့် ပြည်ထဲသို့ ဝင်ရောက်ရန် မသင့်တော်ကြသကဲ့သို့၊ ၎င်းတို့သည် အပြစ်ပေးခြင်းနှင့်ဆိုင်သည့် ပစ်မှတ်များ ဖြစ်ကြပြီး ဆိုးယုတ်ကာ၊ မဖြောင့်မတ်သောလူများ ဖြစ်ကြသည့်အတွက်၊ ဘုရားသခင်နှင့် လူသားမျိုးနွယ်တို့ မျှဝေခံစားကြမည့် အနားယူရာ နေ့ရက်၌ အတူပါဝင်ရန်လည်း မသင့်တော်ကြပေ။ ၎င်းတို့သည် တစ်ကြိမ် ရွေးနုတ်ခြင်း ခံခဲ့ရပြီး၊ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းကိုလည်း ခံခဲ့ကြရသည်။ ၎င်းတို့သည် ဘုရားသခင်ထံလည်း တစ်ချိန်က အစေခံခဲ့ကြသည်။ သို့သော် နောက်ဆုံးနေ့ရက် ရောက်လာသောအခါ၊ ၎င်းတို့၏ ဆိုးယုတ်မှုကြောင့်နှင့်၊ ၎င်းတို့၏ မနာခံခြင်းနှင့် ရွေးနုတ်ခံရရန် မတတ်စွမ်းနိုင်ခြင်း၏ အကျိုးအဆက်အနေဖြင့်၊ ဖယ်ရှားခံရကာ ဖျက်ဆီးခံရလိမ့်ဦးမည် ဖြစ်သည်။ ၎င်းတို့သည် အနာဂတ် ကမ္ဘာလောကတွင် မည်သည့်အခါတွင်မျှ တစ်ဖန် ဖြစ်တည်လာလိမ့်မည် မဟုတ်သကဲ့သို့၊ အနာဂတ် လူသားမျိုးနွယ်စု အလယ်တွင် အသက်ရှင်ကြတော့မည် မဟုတ်ပေ။...မကောင်းသောသူများကို အပြစ်ဒဏ်ပေးခြင်းနှင့် ကောင်းသောသူများကို ဆုလာဘ်ပေးခြင်းဟူသည့် ဘုရားသခင်၏ အဆုံးစွန် အမှုနောက်ကွယ်က ရည်ရွယ်ချက် တစ်ခုလုံးမှာ သူသည် သန့်ရှင်းသော လူသားမျိုးနွယ် သက်သက်ကို ထာဝရ ငြိမ်သက်ခြင်း ချမ်းသာထဲသို့ ဆောင်ယူသွားနိုင်ဖို့အလို့ငှာ လူသားများ အားလုံးကို လုံးလုံးလျားလျား သန့်စင်စေရန် ဖြစ်သည်။ သူ့အမှု၏ ဤအဆင့်သည် အရေးကြီးဆုံး ဖြစ်သည်။ ယင်းသည် သူ၏ စီမံခန့်ခွဲခြင်း အမှုတစ်ခုလုံး၏ နောက်ဆုံးအဆင့် ဖြစ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်နှင့် လူသားသည် ငြိမ်သက်ခြင်းချမ်းသာထဲသို့ အတူတကွ ဝင်ရောက်ကြလိမ့်မည်)

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

ကယ်တင်ရှင်သည် သူ ကြွလာချိန်တွင် လူသားမျိုးနွယ်ကို မည်သို့ကယ်တင်သနည်း

ကယ်တင်ရှင်အကြောင်း ဆွေးနွေးတဲ့အခါ နောက်ဆုံးသော ကာလမှာ လူသားမျိုးနွယ်ကို ကယ်တင်ဖို့ ကမ္ဘာမြေကို သူ ကြွလာဖို့ သေချာတယ်လို့ ယုံကြည်သူအားလုံးက...

ဘုရားသခင်၏ အသံကို မိတ်ဆွေကြားပြီးပြီလား

မင်္ဂလာပါ၊ ညီအစ်ကိုမောင်နှမတို့၊ ကျွန်မတို့ အတူတကွ စုဝေးရတာ အရမ်းကံကောင်းပါတယ်။ ကျေးဇူးတော်ပါပဲ။ ကျွန်မတို့အားလုံးက ဘုရားနှုတ်ကပတ်တော်ကို...

နောက်ဆုံးသောကာလ လူ့ဇာတိခံဘုရားသခင်သည် အဘယ်ကြောင့် အမျိုးသမီးဖြစ်သနည်း

နောက်ဆုံးသောကာလမှာ လူ့ဇာတိခံ အနန္တတန်ခိုးရှင်ဘုရားသခင်ဟာ အမှုတော်ဆောင်ပြီး သမ္မာတရားများစွာကို ဖော်ပြဖို့အတွက် ပေါ်ထွန်းခဲ့ပါတယ်။...

သမ္မာကျမ်းထဲတွင် ဘုရားသခင်၏ အမှုတော်နှင့်နှုတ်ကပတ်တော် များအားလုံး ရှိသည် ဆိုသည်မှာ မှန်ပါသလား

ကယ်တင်ရှင်ဖြစ်တဲ့ အနန္တတန်ခိုးရှင် ဘုရားသခင် ဟာ နောက်ဆုံးသောကာလမှာ ပေါ်ထွန်းလာပြီး အမှုပြုနေတဲ့အပြင် သန်းနဲ့ချီတဲ့နှုတ်ကပတ်တော် တွေကို...

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။