စစ်မှန်သည့် ခရစ်တော်နှင့် ခရစ်တော် အယောင်ဆောင်များကို ပိုင်းခြားသိမြင်ခြင်း

24.12.2021

ဒီနေ့ စစ်မှန်တဲ့ ခရစ်တော်နဲ့ ခရစ်တော် အယောင်ဆောင်တွေကို ဘယ်လို ပိုင်းခြားသိမြင်ရမယ်ဆိုတာကို ကျွန်တော်ပြောချင်ပါတယ်။ ဒါက ဘုရားအပေါ် ကျွန်တော်တို့ယုံကြည်ခြင်းနဲ့ ဘယ်လိုသက်ဆိုင်တာလဲလို့ တချို့က မေးကောင်းမေးနိုင်ပါတယ်။ အများကြီးသက်ဆိုင်ပါတယ်။ ခရစ်တော်က ဘယ်သူလဲဆိုတာ လူတိုင်း သိပါသလား။ သင်က ခရစ်တော်ဟာ ကမ္ဘာပေါ်ကို ကြွလာတဲ့ ကယ်တင်ရှင်ဖြစ်တယ်ဆိုတာ သိရင် အခု ကပ်ဘေးတွေ ကျရောက်လာနေပြီး နောက်ဆုံးသောကာလကို ရောက်လာပြီဆိုတော့ ကယ်တင်ရှင်တစ်ဦး လိုအပ်တယ်လို့ သင်ထင်ပါသလား။ ကယ်တင်ရှင်တစ်ဦးလိုအပ်တယ်ဆိုရင် သင့်ကိုကယ်တင်ဖို့ ဘယ်ကယ်တင်ရှင်ကို သင်လိုအပ်သလဲဆိုတာ သိပါသလား။ ကယ်တင်ရှင်ကို ဘယ်လိုကြိုဆိုရမယ်ဆိုတာ သင်သိပါသလား။ ဒါက သင့်အတွက် အရေးကြီးပြီး ပတ်သက်မှုရှိတယ်လို့ ထင်ပါသလား။ ဥပမာအနေနဲ့ လွန်ခဲ့တဲ့ နှစ် ၂၀ဝ၀ က ကျွန်တော်တို့ရဲ့ ကယ်တင်ရှင်ယေရှုက လူသားမျိုးနွယ်ကိုရွေးနှုတ်ဖို့ ကြွလာခဲ့ပြီး သမ္မာတရားများစွာကို ဖော်ပြခဲ့ပါတယ်။ အဲဒီအချိန်တုန်းက ဂျူးတွေဟာ သူ့နှုတ်ကပတ်တော်တွေက သြဇာအာဏာရှိပြီး အစွမ်းထက်တယ်။ အားလုံးက သမ္မာတရားဖြစ်တယ်ဆိုတာ သိခဲ့ကြတယ်။ ဒါပေမဲ့ သူက မေရှိယလို့ အမည်မတွင်တာကြောင့်၊ သူတို့ စိတ်ကူးထားသလို ရောမအုပ်စိုးမှုကနေ သူတို့ကို မကယ်တင်တာကြောင့် သခင်ယေရှုကို ခရစ်တော်အဖြစ် အသိအမှတ်မပြုခဲ့ကြဘူး။ လူတွေကို လှည့်စားတယ်ဆိုပြီး သူ့ကို ရှုတ်ချပြီး စော်ကားကြတယ်။ အဆုံးမှာ ကားတိုင်ပေါ်မှာ အသက်ရှင်ရက် သံနဲ့ ရိုက်ခဲ့ကြတယ်။ အကျိုးဆက်တွေက ဘာတွေဖြစ်ခဲ့လဲ။ လူ့ဇာတိခံဘုရားသခင်က ဂျူးတွေရဲ့ ကားစင်တင်ခြင်းကို ခံရတာက ရိုးရှင်းတဲ့ ကိစ္စတစ်ခုလား။ ဘုရားရဲ့ စီရင်ခြင်းကို သေချာပေါက်ခံခဲ့ရပါတယ်။ နှစ် ၆၀ ကြာပြီးတဲ့နောက်မှာ အစ္စရေးနိုင်ငံဟာ ရောမနိုင်ငံက တိုက်တပ်ရဲ့ ချေမှုန်းပစ်တာကို ခံခဲ့ရမှန်း ကျွန်တော်တို့ သိကြတယ်။ အစ္စရေးက ပျက်စီးသွားတဲ့ နိုင်ငံတစ်ခုဖြစ်တာ ဘယ်လောက်ကြာခဲ့လဲ။ နှစ် ၂၀ဝ၀ နီးနီးရှိပါပြီ။ သူတို့ဟာ ကယ်တင်ရှင်ကို ကားစင်တင်ခဲ့တာကြောင့် ဣသရေလလူမျိုးတွေဟာ အရမ်းကိုကြီးလေးတဲ့ အဖိုးအခပေးဆပ်ခဲ့ရတယ်။ ဒါဆိုရင် ကယ်တင်ရှင်ကို ကြိုဆိုခြင်းက သိပ်အရေးပါသလား။ ကမ္ဘာပေါ်က ကယ်တင်ရှင်ကို ပုန်ကန်ပြစ်မှားဖို့ ဘယ်သူက လုပ်နိုင်သလဲ။ သင်က သူ့ကို မသိဘဲ၊ လက်မခံဘဲနဲ့ ဆန့်ကျင်ရှုတ်ချတာတောင်လုပ်ရင် သွားပြီပဲ။ လုံးဝ သွားပြီ။ ပျက်စီးရဖို့ သေချာတယ်။ သင်ဟာ ကယ်တင်ခြင်းခံရပြီး ကပ်ဘေးတွေကနေ အသက်ရှင်ကျန်ရစ်ချင်ရင် ကယ်တင်ရှင်ကို လက်ခံရမယ်။ အနန္တတန်ခိုးရှင် ဘုရားသခင်က အခု ဒီမှာရောက်နေပါပြီ။ သူဟာ ဆင်းကြွလာတဲ့ ကယ်တင်ရှင်ဖြစ်တယ်။ အပြစ်နဲ့ ကပ်ဘေးတွေကနေ လူသားမျိုးနွယ်ကို ကယ်တင်ဖို့အတွက် သမ္မာတရားတွေကို ဖော်ပြနေပြီး နောက်ဆုံးသောကာလ တရားစီရင်ခြင်းအမှုကို လုပ်ဆောင်နေပါတယ်။ ဒါပေမဲ့ သူ့ကို သင် အသိအမှတ်ပြုမှာလား။ သူ့ကို လက်ခံမှာလား။ အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေက အစွမ်းထက်ပြီး သြဇာအာဏာရှိတယ်ဆိုတာကို တော်တော်များများက အသိအမှတ်ပြုပေမဲ့ သူက မိုးတိမ်စီးကြွမလာဘူး၊ သခင်ယေရှုလို့ မခေါ်ဆိုဘူးဆိုတာကို သူတို့ တွေ့တဲ့အခါ အနန္တတန်ခိုးရှင် ဘုရားသခင်ကို လက်ခံဖို့ ခိုင်ခိုင်မာမာ ငြင်းဆန်ကြတယ်။ သခင် လူ့ဇာတိခံယူတာဟာ ခရစ်တော်အယောင်ဆောင်ဖြစ်မှာပဲ၊ ဒါဟာ လှည့်စားမှုပဲလို့ ပြောပြီးတော့ ဘာသာရေးလောကရဲ့ နောက်ကိုလိုက်ပြီး သူ့ကို ရှုတ်ချ၊ စော်ကားတာတောင် လုပ်ကြတယ်။ ဘာသာရေး အန္တိခရစ် အင်အားစုတွေက ကွန်မြူနစ်ပါတီ မကောင်းဆိုးဝါးတွေနဲ့ အတူတူပဲ။ ခရစ်တော်ကို အရူးအမူး လိုက်ဖမ်းပြီး ဖျက်ဆီးဖို့ ကြိုးစားနေကြတယ်။ ဘုရားရဲ့ နိုင်ငံတော် ဧဝံဂေလိတရား မျှဝေသူတွေကို ဖိနှိပ်ပြီး အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော်ကို လုံးဝ ဖျက်ဆီးပစ်ပြီး ဘုရားကို လူသားမျိုးနွယ်ထဲကနေ နှင်ထုတ်ဖို့ ဆန္ဒပြင်းပြနေကြတယ်။ ဒါဟာ ဘုရားကို နောက်တစ်ခါပြန်ပြီး ကားစင်တင်တဲ့ ကြီးလေးတဲ့ အပြစ်ကို ကျူးလွန်နေတာပါ။ သူတို့ဟာ သေချာပေါက် ဘုရားရဲ့ စီရင်တာ၊ အပြစ်ဒဏ်ပေးတာကို ခံရမှာပါ။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသလိုပဲ။ “ဘုရားသခင်ကို ကားစင်တင်ကြသော သူတို့၌ အမင်္ဂလာ ရှိစေသတည်း။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဆိုးညစ်သောသူများသည် အပြစ်ဒဏ်ပေးခြင်းကို မုချခံကြရလိမ့်မည်)လူ့ဇာတိခံယူခြင်း ပေါ်လာသည့် နေရာတိုင်းသည် ရန်သူ မျိုးဖြုတ်ခံရသည့် နေရာတစ်ခုမှ ဖြစ်သည်။ တရုတ်ပြည်သည် ဦးစွာပထမ အမြစ်ဖြတ်ချေမှုန်းခံရမည် ဖြစ်သည်။ ယင်းသည် ဘုရားသခင်၏ လက်ဖြင့် သုံးမရအောင် ဖျက်ဆီးခြင်းခံရလိမ့်မည်။ ဘုရားသခင်သည် တရုတ်ပြည်အား လုံးဝ သနားညှာတာမည် မဟုတ်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ “စကြဝဠာတစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များ” နှင့်သက်ဆိုင်သော နက်နဲမှုများကို အနက်ဖွင့်ဆိုချက်၊ အခန်း (၁၀)) ဒါကြောင့် ကယ်တင်ရှင်အပေါ် ထားတဲ့ လူတွေရဲ့ သဘောထားက သူတို့တွေ အသက်ရှင် ကျန်ရစ်မလား၊ ချေမှုန်းခံရမလားဆိုတာကို အဆုံးအဖြတ်ပေးတယ်။

ကယ်တင်ရှင်ကို ကြိုဆိုနိုင်ခြင်းက ယုံကြည်ခြင်းမှာ လူတစ်ယောက်ရဲ့ အောင်မြင်မှု၊ ကျရှုံးမှုနဲ့ ဆက်နွှယ်နေပြီး သူတို့ရဲ့ နောက်ဆုံးရလဒ်နဲ့ ခရီးပန်းတိုင်နဲ့ ဆက်နွှယ်နေတယ်ဆိုတာ အခု အားလုံးသိသွားပြီ။ ဒီတော့ ဆက်ပြောပါမယ်။ နောက်ဆုံးသောကာလမှာ ကယ်တင်ရှင်က ဘယ်လို ပြန်ကြွလာမယ်ဆိုတာကို ပြောရအောင်။ ဘာသာရေးလောကက ကိုင်စွဲထားတဲ့ အစဉ်အလာအယူအဆတွေကို အခြေခံရရင် သခင်က သေချာပေါက် မိုးတိမ်စီးကြွလာပြီး သူနဲ့ တွေ့ဆုံဖို့အတွက် ယုံကြည်သူတွေကို ကောင်းကင်ပေါ်ကို ခေါ်ဆောင်မယ်။ ဒါဟာ လုံးဝ မှားနေပါတယ်။ ဒါဟာ လူသားအယူအဆပဲ ဖြစ်ပြီး သခင့်နှုတ်ကပတ်တော်တွေနဲ့ နည်းနည်းလေးမှ မကိုက်ညီပါဘူး။ သခင်ယေရှုက “လူသားသည် ကြွလာတော် မူလတံ့”၊ “လူသားပေါ်ထွန်းလိမ့်မည်”၊ “လူသားသည် ကြွလာလိမ့်မည်”နှင့်၊ “လူသား သည် မိမိနေ့ရက်၌ ဖြစ်တော်မူလတံ့” ဆိုတာတွေကို ကိုယ်တိုင် ပရောဖက်ပြုခဲ့တယ်။ “လူသား” ဆိုတာကို ထပ်ခါထပ်ခါ အသားပေးပြောခဲ့တယ်။ ဒါဟာ သခင်ပြန်ကြွလာတဲ့အခါ သူက နောက်တစ်ခါ် လူသားအဖြစ် လူ့ဇာတိခံယူတာဖြစ်ပြီး ဒါက လူသားမျိုးနွယ်ဆီ ခရစ်တော်ရဲ့ ပေါ်ထွန်းခြင်းပဲဆိုတာကို ပြပါတယ်။ ဒါနဲ့ပတ်သက်ပြီး နည်းလမ်းနှစ်ခုမရှိဘူး။ တချို့က မေးနိုင်တယ်။ “လူ့ဇာတိခံလူသားဆိုရင် သူက သခင်ယေရှုနဲ့ အတူတူပဲမဟုတ်ဘူးလား။ သူက သာမန်လူတစ်ယောက်နဲ့တူရမယ်။ ပြန်ကြွလာတဲ့ ခရစ်တော်ဖြစ်တယ်လို့ ပြောကြတဲ့လူတွေ တစ်ကမ္ဘာလုံးမှာရှိတယ်။ တချို့က ဒီတစ်ယောက်က ခရစ်တော်ဖြစ်တယ်ပြောပြီး တချို့က တခြားတစ်ယောက်လို့ပြောတယ်။ ဒီတော့ ဘယ်ဟာက အမှန်လဲ။ ဘယ်ဟာက အမှားလဲ။ ကယ်တင်ရှင်ကို ကျွန်တော်တို့ ဘယ်လိုကြိုဆိုနိုင်မလဲ”လို့ပေါ့။ လူတွေက စစ်မှန်တဲ့လမ်းကို စူးစမ်းတဲ့အခါမှာ ဒီနေရာမှာ အများစု ပိတ်မိနေကြတာပဲ။ တကယ်တော့ ဒါက ခက်ခဲတဲ့ မေးခွန်းမဟုတ်ဘူး။ သခင်ယေရှုရဲ့ ပရောဖက်ပြုချက်တွေကို အလေးအနက် တွေးတောသရွေ့ လမ်းကြောင်းကို ရှာတွေ့လိမ့်မယ်။ သခင်ယေရှု ပြောခဲ့သည်မှာ- “သင်တို့အား ငါပြောစရာ စကားအများ ရှိသော်လည်း၊ သင်တို့သည် ယခုမခံနိုင်ကြ။ သမ္မာတရားနှင့်ပြည့်စုံသော ထိုဝိညာဉ်တော်သည် ရောက်လာသောအခါ၊ သမ္မာတရားကို သင်တို့အား အကြွင်းမဲ့ သွန်သင်ပြလိမ့်မည်။(ရှင်ယောဟန်ခရစ်ဝင် ၁၆:၁၂-၁၃)သန်းခေါင်ယံ၌ကြည့်ပါ။ မင်္ဂလာဆောင်လုလင်သည် လာပြီ။ ခရီးဦးကြိုပြုခြင်းငှာ ထွက်သွားကြကုန်ဟု ကြွေးကြော်လျှင်။(ရှင်မဿဲခရစ်ဝင် ၂၅:၆)ငါ့သိုးတို့သည် ငါ့စကားသံကိုနားထောင်၍ ငါ့နောက်သို့လိုက်ကြ၏။ ထိုသိုးတို့ကို ငါသိ၏။(ရှင်ယောဟန်ခရစ်ဝင် ၁၀:၂၇)ကြည့်ရှုလော့၊ ငါသည်တံခါးရှေ့မှာရပ်၍ ခေါက်လျက်နေ၏။ အကြင်သူသည် ငါ၏အသံကို ကြား၍တံခါးကိုဖွင့်အံ့၊ ထိုသူရှိရာသို့ငါဝင်၍ သူနှင့်အတူ စားသောက်မည်။ သူသည်လည်းငါနှင့်အတူ စားသောက်ရလိမ့်မည်။(ဗျာဒိတ်ကျမ်း ၃:၂၀)ထိုအခါ သူတပါးက ဤအရပ်၌ ခရစ်တော်ရှိသည်၊ ထိုအရပ်၌ရှိသည်ဟု ဆိုသော်လည်း မယုံကြနှင့်။ အကြောင်းမူကား၊ ခရစ်တော်၏အယောင်ကိုဆောင်သောသူနှင့် မိစ္ဆာပရောဖက်တို့သည် ပေါ်လာ၍ ရွေးချယ်သောသူတို့ကိုပင် လှည့်ဖြားနိုင်လျှင် လှည့်ဖြားလောက်အောင် ကြီးစွာသောနိမိတ်လက္ခဏာ၊ အံ့ဖွယ်သောအမှုတို့ကို ပြကြလိမ့်မည်။(ရှင်မဿဲခရစ်ဝင် ၂၄:၂၃-၂၄) သခင်က သိပ်ရှင်းရှင်းလင်းလင်း ပြောခဲ့တယ်။ နောက်ဆုံးသောကာလမှာ သခင်ယေရှု ပြန်လာတဲ့အခါ နောက်ထပ် နှုတ်ကပတ်တော်အများကြီး မိန့်မြွက်မယ်။ သမ္မာတရားအားလုံးကို နားလည်ပြီး ဝင်ရောက်ဖို့အတွက် လူကို လမ်းပြလိမ့်မယ်။ ဒါကြောင့် သခင့်ကို ကြိုဆိုခြင်းအတွက် အဓိကအချက်က ဘုရားရဲ့အသံကိုကြားဖို့ဖြစ်တယ်ဆိုတာ လူတွေကို သူ ထပ်ခါထပ်ခါ သတိပေးခဲ့တယ်။ “မင်္ဂလာဆောင်လုလင်သည် လာပြီ” လို့ တစ်ယောက်ယောက်က သက်သေခံတာကို ကျွန်တော်တို့ ကြားရင် ကျွန်တော်တို့ဟာ ပညာရှိသတို့သမီးတွေဖြစ်ပြီး ဘုရားရဲ့ အသံကို ရှာဖွေနားထောင်ရမယ်။ ဒါဟာ သခင့်ကို ကြိုဆိုနှုတ်ဆက်ဖို့ တစ်ခုတည်းသော နည်းလမ်းပဲ။ ဒါဟာ သခင်ပြန်ကြွလာတာကို ကြိုဆိုဖို့ တစ်ခုတည်းသော လမ်းကြောင်းပါပဲ။ ခရစ်တော်က နောက်ဆုံးသောကာလမှာ ကြွလာပါပြီ။ ဒီတော့ သူဟာ လူသားမျိုးနွယ်ရဲ့ ကယ်တင်ခြင်းအတွက် နောက်ထပ် သမ္မာတရားတွေကို ဖော်ပြနေတာပေါ့။ ဒါပေမဲ့ ခရစ်တော်အယောင်ဆောင်တွေကတော့ လူတွေကို လှည့်စားဖို့အတွက် နိမိတ်လက္ခဏာတချို့ကို ပြဖို့ကိုပဲ အားကိုးကြတယ်။ ဒါဟာ ခရစ်တော်အယောင်ဆောင်တွေနဲ့ စစ်မှန်တဲ့ ခရစ်တော်ကို ပိုင်းခြားသိမြင်ဖို့ ကျွန်တော်တို့ကို သခင်ယေရှုပြောခဲ့တဲ့ အဓိက စည်းမျဉ်းတစ်ခုပဲ။ ဒီစည်းမျဉ်းအရ သမ္မာတရားကို ဖော်ပြသလား၊ မဖော်ပြဘူးလားဆိုတဲ့အချက်နဲ့ သူတို့ဟာ ခရစ်တော် အယောင်ဆောင်လား၊ အစစ်အမှန်လားဆိုတာ သိနိုင်တယ်။ ဖော်ပြနိုင်တယ်ဆိုရင် ခရစ်တော်ဖြစ်ရမယ်။ သမ္မာတရားကို မဖော်ပြနိုင်တဲ့သူတွေက ခရစ်တော် အယောင်ဆောင်တွေဖြစ်ရမယ်။ တစ်ယောက်ယောက်က ခရစ်တော်ဖြစ်တယ်လို့ ပြောဆိုပေမဲ့ ဘယ်သမ္မာတရားကိုမှ မဖော်ပြနိုင်ဘဲ အဲဒီအစား နိမိတ်လက္ခဏာနဲ့ အံ့ဖွယ်ရာတွေကို အားကိုးနေရင် ဒါဟာ ဝိညာဉ်ဆိုးတစ်ခုရဲ့ အယောင်ဆောင်မှု၊ လူတွေကို လမ်းလွဲစေဖို့ လာတဲ့ ခရစ်တော် အယောင်ဆောင်ဖြစ်တယ်ဆိုတာ သံသယရှိဖို့မလိုဘူး။ စစ်မှန်တဲ့ ခရစ်တော်နဲ့ အယောင်ဆောင်တွေကို ပိုင်းခြားသိမြင်ဖို့ သခင်ယေရှုရဲ့ နှုတ်ကပတ်တော်အတိုင်း သွားရင် သိပ်ရိုးရှင်းတယ်မဟုတ်လား။ ဒါပေမဲ့ ကံမကောင်းစွာနဲ့ပဲ ဘာသာရေးနောက်လိုက်တွေက သခင့်နှုတ်ကပတ်တော်အတိုင်း သမ္မာတရားကို မရှာဖွေဘူး။ ဘုရားအသံကို မရှာဖွေဘူး။ ဒါကြောင့် ခရစ်တော်အယောင်ဆောင်ရဲ့ လှည့်စားခံရမှာကို ကြောက်ပြီး သခင်ရဲ့ပေါ်ထွန်းခြင်းနဲ့ လုပ်ဆောင်မှုကိုတောင် မရှာဖွေကြတော့ဘူး။ ဒါက ကိုယ့်မျက်နှာကို မုန်းလို့ ကိုယ့်နာခေါင်းဖြတ်ပစ်တာ၊ လိမ္မာပါးနပ်တာက နည်းနည်း၊ မိုက်မဲတာက များများ ဖြစ်နေတာ မဟုတ်လား။ သခင်က မိုးတိမ်စီးပြီးကြွလာမယ်ဆိုတဲ့ ကျမ်းစာကိုပဲ မစဉ်းမစား ဖက်တွယ်ထားပြီး နောက်ဆုံးသောကာလ ခရစ်တော်ရဲ့ အမှုတော်ကို ရှုတ်ချငြင်းပယ်နေကြတယ်။ ရလဒ်အနေနဲ့ ကယ်တင်ရှင်ကို ကြိုဆိုဖို့ သူတို့ အခွင့်အရေးကို ဆုံးရှုံးရပြီး ကပ်ဘေးတွေထဲကို ကျရောက်ကြတယ်။ ဒါဟာ သူတို့ရဲ့ မိုက်မဲမှုနဲ့ မသိနားမလည်မှုရဲ့ ရလဒ်တစ်ခု မဟုတ်ဘူးလား။ ဒါက ဒီကျမ်းပိုဒ်တွေကို ပြည့်စုံစေတယ်။ “မိုက်သောသူတို့က ဉာဏ်မရှိသောကြောင့် သေကြလိမ့် မည်။” (သုတ္တံကျမ်း ၁၀:၂၁)ငါ့လူတို့သည် ပညာနည်းသောကြောင့် ဆုံးရှုံး ကြ၏။(ဟောရှေ အနာဂတ္တိကျမ်း ၄:၆)

စစ်မှန်တဲ့ ခရစ်တော်နဲ့ ခရစ်တော် အယောင်ဆောင်တွေကို ဘယ်လိုသိရမယ်ဆိုတာနဲ့ပတ်သက်ပြီး အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေအတိုင်း ဒီအချက်ကို အသေးစိတ် ကြည့်ကြည့်ရအောင်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ- “လူ့ဇာတိခံ ဘုရားသခင်ကို ခရစ်တော်ဟုခေါ်ပြီး ခရစ်တော်သည် ဘုရားသခင်၏ ဝိညာဉ်တော်က ဆင်မြန်းထားသည့် ဇာတိခန္ဓာ ဖြစ်သည်။ ဤဇာတိခန္ဓာသည် အသွေးအသားရှိသည့် မည်သည့် လူနှင့်မျှ မတူညီပေ။ ဤသို့ ကွဲပြားခြားနားရခြင်းမှာ ခရစ်တော်သည် အသွေးအသားနှင့် မဆိုင်သောကြောင့် ဖြစ်သည်။ သူသည် ဝိညာဉ်တော်၏ လူ့ဇာတိခံယူခြင်း ဖြစ်၏။ သူသည် ပုံမှန်လူ့သဘာဝနှင့် ပြီးပြည့်စုံသော ဘုရားသဘောသဘာဝ နှစ်ခုလုံးရှိသည်။ သူ၏ ဘုရားသဘောသဘာဝကို မည်သည့်လူကမျှ မပိုင်ဆိုင်ပေ။ သူ၏ဘုရားသဘောသဘာဝက ဘုရားသခင်ကိုယ်တော်တိုင်၏ အမှုကို ဆောင်ရွက်နေစဉ်တွင်၊ သူ၏ ပုံမှန်လူ့သဘာဝက ဇာတိခန္ဓာထဲက သူ၏ ပုံမှန် လှုပ်ရှားမှု အားလုံးကို အားဖြည့်ပေးလေသည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ခရစ်တော်၏ အနှစ်သာရမှာ ကောင်းကင်ဘုံရှိ ခမည်းတော်၏ အလိုတော်ကို နာခံခြင်းဖြစ်သည်)

လူ့ဇာတိခံယူသော ဘုရားသခင်ကို ခရစ်တော်ဟုခေါ်သည်၊ ထို့ကြောင့် လူတို့ကို သမ္မာတရား ပေးနိုင်သော ခရစ်တော်ကို ဘုရားသခင်ဟု ခေါ်၏။ သူသည် ဘုရားသခင်၏ အနှစ်သာရ ပိုင်ဆိုင်ပြီး၊ သူ၏ အမှုတွင် လူသားက မရရှိနိုင်သည့် ဘုရားသခင်၏ စိတ်သဘောထားနှင့် ဉာဏ်ပညာတို့ ပိုင်ဆိုင်သည့်အတွက်၊ ဤအရာနှင့်ပတ်သက်၍ လွန်ကဲသောအရာတစ်ခုမျှ မရှိပေ။ မိမိတို့ကိုယ်ကိုယ် ခရစ်တော်ဟု ခေါ်သော်လည်း၊ ဘုရားသခင်၏အမှုကို မလုပ်ဆောင်နိုင်သော သူတို့သည် လူလိမ်များ ဖြစ်၏။ ခရစ်တော်သည် ကမ္ဘာမြေကြီးပေါ်ရှိ ဘုရားသခင်၏ သရုပ်သကန်ဖြစ်ရုံသာမက၊ ဘုရားသခင်က လူသားအလယ် သူ၏အမှုကို ဆောင်ရွက်ပြီး၊ ပြည့်စုံစေသည်နှင့်အမျှ သူခံယူသော အထူးလူ့ဇာတိလည်း ဖြစ်၏။ ဤဇာတိခန္ဓာကို မည်သည့်လူသားမဆိုက အစားထိုး၍ မရနိုင်ဘဲ၊ ကမ္ဘာမြေပေါ်တွင် ဘုရားသခင်၏အမှုကို ပြည့်စုံလုံလောက်စွာ တာဝန်ယူ ထမ်းဆောင်နိုင်ပြီး ဘုရားသခင်၏ စိတ်သဘောထားကို ဖော်ပြနိုင်ကာ၊ ဘုရားသခင်ကို ကောင်းစွာ ကိုယ်စားပြုနိုင်သကဲ့သို့၊ လူသားကို အသက်ဖြင့် ထောက်ပံ့ပေးနိုင်သော ဇာတိခန္ဓာ တစ်ခုဖြစ်၏။ ၎င်းတို့သည် ခရစ်တော်ဖြစ်သည်ဟု အခိုင်အမာ ဆိုကြသော်လည်း၊ ခရစ်တော်၏ အနှစ်သာရထဲမှ မည်သည့်အရာမျှ မပိုင်ဆိုင်ကြသည့်အတွက်၊ အနှေးနှင့်အမြန်၊ ခရစ်တော်၏ အယောင်ကိုဆောင်သော သူအားလုံးတို့သည် ကျရှုံးကြလိမ့်မည်။ ထို့ကြောင့် ခရစ်တော်၏ စစ်မှန်မှုကို လူသားက သတ်မှတ်၍ မရနိုင်ဘဲ၊ ဘုရားသခင် ကိုယ်တိုင်က တာဝန်ယူကာ ဆုံးဖြတ်ထားခြင်းဖြစ်သည်ဟု ငါပြောရပေသည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ နောက်ဆုံးသော ကာလ၏ ခရစ်တော်သည်သာ လူသားအား ထာဝရအသက်၏ လမ်းခရီးကို ပေးနိုင်သည်)

လူ့ဇာတိခံ ဘုရားသခင်ဖြစ်သော သူသည် ဘုရားသခင်၏ အနှစ်သာရကို ပိုင်ဆိုင်ရမည်ဖြစ်ပြီး၊ လူ့ဇာတိခံ ဘုရားသခင်ဖြစ်သော သူသည် ဘုရားသခင်၏ ဖော်ပြခြင်းကို ပိုင်ဆိုင်လိမ့်မည် ဖြစ်သည်။ ဘုရားသခင်သည် ဇာတိပကတိ ဖြစ်သွားသည့်အတွက် သူလုပ်ဆောင်ရန် ရည်ရွယ်သည့်အမှုကို သူ လုပ်ဆောင်မည်ဖြစ်ပြီး၊ ဘုရားသခင်သည် ဇာတိပကတိ ဖြစ်သွားသည့် အတွက်၊ သူ၏ဖြစ်ခြင်းကို ဖော်ပြမည်ဖြစ်ကာ လူသားထံ သမ္မာတရားကို ယူဆောင်လာနိုင်မည်၊ သူ့အပေါ် အသက်ကို အပ်နှင်းနိုင်မည်ဖြစ်ပြီး၊ သူ့အတွက် လမ်းခရီးကို ညွှန်ပြနိုင်မည်ဖြစ်သည်။ ဘုရားသခင်၏ အနှစ်သာရ မရှိသည့် ဇာတိပကတိသည် လူ့ဇာတိခံ ဘုရားသခင် တကယ် မဟုတ်ပေ။ ဤအရာနှင့် သက်ဆိုင်၍ သံသယဖြစ်ဖွယ် မရှိချေ။ ယင်းသည် လူ့ဇာတိခံ ဘုရားသခင်၏ ဇာတိပကတိ ဟုတ်မဟုတ် ဆိုသည်ကို လူသားက စုံစမ်းရန် ရည်ရွယ်ပါက၊ သူဖော်ပြသော စိတ်နေသဘောထားနှင့် သူပြောဆိုသော နှုတ်ကပတ်တော်များမှ ဤအရာကို အတည်ပြုရမည်ဖြစ်သည်။ ဆိုလိုသည်မှာ၊ ယင်းသည် လူ့ဇာတိခံ ဘုရားသခင်၏ ဇာတိပကတိ ဟုတ် မဟုတ် ဆိုသည်နှင့် မှန်ကန်သော လမ်းခရီး ဟုတ် မဟုတ် ဆိုသည်ကို အတည်ပြုရန်၊ သူ၏ အနှစ်သာရအရ ခွဲခြားရမည်ဖြစ်သည်။ ထို့ကြောင့် ယင်းသည် လူ့ဇာတိခံ ဘုရားသခင်၏ ဇာတိပကတိ ဟုတ် မဟုတ် ဆိုသည်ကို ဆုံးဖြတ်ရာတွင် သူ၏ အပြင်ပန်းသွင်ပြင်ထက် သူ၏အနှစ်သာရတွင် (သူ၏အမှု၊ သူ၏ မိန့်မြွက်ချက်များ၊ သူ၏စိတ်သဘောထားနှင့် အခြား ရှုထောင့်များစွာ) အဓိကအချက် တည်ရှိပေသည်။ အကယ်၍ လူတို့သည် သူ၏ အပြင်ပန်း သွင်ပြင်ကိုသာ စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးကာ အကျိုးဆက်အနေဖြင့် သူ၏ အနှစ်သာရကို သတိမမူမိပါက၊ ဤအရာက လူသည် မသိနားမလည်သကဲ့သို့ ပညာမဲ့ဖြစ်သည်ကို ပြပေသည်။(နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ ကျမ်းဦးစကား)

ဆိုးညစ်သော ဝိညာဉ်များ၏ ဝင်ပူးခြင်းကို ခံရပြီး ‘ငါသည် ဘုရားဖြစ်သည်’ ဟု အာပေါင်အာရင်းသန်သန် ကြွေးကြော်ကြသူ အချို့ ရှိ၏။ သို့ရာတွင် သူတို့သည် မိမိတို့ကိုယ်စားပြုသည့်အရာတွင် မှားယွင်းကြသည့်အတွက် အဆုံး၌ ထုတ်ဖော်ခြင်းကို ခံကြရသည်။ သူတို့သည် စာတန်ကို ကိုယ်စားပြုပြီး၊ သန့်ရှင်းသော ဝိညာဉ်တော်သည် သူတို့ကို အရေးမထားပေ။ သင်သည် မိမိကိုယ်ကိုယ်မည်မျှပင် မြင့်မားစွာ ချီးမြှောက်သည်ဖြစ်စေ၊ သို့မဟုတ် မည်မျှပင် ပြင်းပြင်းထန်ထန် ဟစ်ကြွေးသည်ဖြစ်စေ၊ သင်သည် ဖန်ဆင်းခံတစ်ဦး ဖြစ်နေဆဲဖြစ်ပြီး၊ စာတန်နှင့် သက်ဆိုင်သောသူ ဖြစ်သည်။...သင်သည် အသစ်သော လမ်းကြောင်းများကို မဆောင်ကြဉ်းနိုင် သို့မဟုတ် ဝိညာဉ်တော်ကို ကိုယ်စားမပြုနိုင်ပေ။ သင်သည် ဝိညာဉ်တော်၏ အလုပ် သို့မဟုတ် သူပြောသည့် နှုတ်ကပတ်တော်များကို သင်မဖော်ပြနိုင်။ ဘုရားသခင် ကိုယ်တော်တိုင်၏အမှုကို သင် မလုပ်ဆောင်နိုင်သကဲ့သို့ ဝိညာဉ်တော်၏ အလုပ်ကို သင်မလုပ်နိုင်ပေ။ ဘုရားသခင်၏ ဉာဏ်ပညာ၊ အံ့ဖွယ်ရာနှင့် ဉာဏ်မမီနိုင်မှုများ၊ ပြီးလျှင် လူသားကို ဘုရားသခင် ပြစ်တင်ဆုံးမသည့် စိတ်သဘောထား အလုံးစုံ- ဤအရာအားလုံးသည် သင်၏ ဖော်ပြနိုင်စွမ်းကို ကျော်လွန်သည်။ သို့ဖြစ်ရာ ဘုရားသခင်ဖြစ်သည်ဟု အခိုင်အမာဆိုရန် ကြိုးစားခြင်းသည် အချည်းနှီး ဖြစ်လိမ့်မည်၊ သင်သည် နာမည်သာရှိပြီး မည်သည့် အနှစ်သာရမျှ ရှိလိမ့်မည်မဟုတ်။ ဘုရားသခင် ကိုယ်တော်တိုင် လာပြီးဖြစ်သော်လည်း၊ မည်သူမျှ သူ့ကိုမမှတ်မိပေ၊ သို့သော် သူသည် သူ၏အလုပ်ကို ဆက်လက်လုပ်ဆောင်ပြီး၊ ဝိညာဉ်တော်ကို ကိုယ်စားပြုခြင်းကိုလည်း ဆက်လက် လုပ်ဆောင်သည်။ သင့်အနေဖြင့် သူ့ကို လူသားဟုခေါ်သည်ဖြစ်စေ ဘုရားသခင်ဟု ခေါ်သည်ဖြစ်စေ၊ သခင်ဟုခေါ်သည်ဖြစ်စေ ခရစ်တော်ဟု ခေါ်သည်ဖြစ်စေ၊ သို့မဟုတ် သူ့ကို အစ်မဟု ခေါ်သည်ဖြစ်စေ၊ အရေးမကြီးပေ။ သို့သော်လည်း သူပြုသည့်အမှုမှာ ဝိညာဉ်တော်၏ အလုပ်ဖြစ်ပြီး၊ ဘုရားသခင် ကိုယ်တော်တိုင်၏ အလုပ်ကို ကိုယ်စားပြုသည်။ လူသားက သူ့ကို ခေါ်ဆိုသည့် အမည်နာမကို သူဂရုမစိုက်ပေ။ ထိုအမည်နာမသည် သူ၏အလုပ်ကို အဆုံးအဖြတ်ပေးနိုင်သလော။ သင်သူ့ကို မည်သို့ခေါ်သည်ဖြစ်စေ၊ ဘုရားသခင်နှင့် ပတ်သက်သရွေ့ သူသည် ဘုရားသခင်၏ဝိညာဉ်တော်၏ လူ့ဇာတိခံ ကိုယ်ခန္ဓာ ဖြစ်သည်။ သူသည် ဝိညာဉ်တော်ကို ကိုယ်စားပြုပြီး ဝိညာဉ်တော်၏ထောက်ခံမှုကို ရသည်။ အကယ်၍ သင်သည် ခေတ်သစ်တစ်ခုအတွက် လမ်းခရီး မဖန်တီးနိုင်ပါက၊ ခေတ်ဟောင်းကို အဆုံးမသတ်နိုင်ပါက၊ ခေတ်သစ်ကို မဖွင့်လှစ်ပေးနိုင်ပါက၊ အသစ်သော အလုပ်ကို မလုပ်ဆောင်နိုင်ပါက၊ သင့်ကို ဘုရားသခင်ဟု ခေါ်၍မရပေ။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ လူ့ဇာတိခံယူခြင်း၏ နက်နဲရာအချက် (၁))

မျက်မှောက်ခေတ်အတွင်းတွင် နိမိတ်လက္ခဏာများနှင့် အံ့သြဖွယ်အမှုများကို ပြသနိုင်သကဲ့သို့၊ နတ်ဆိုးများကိုလည်း နှင်ထုတ်နိုင်ပြီး၊ မကျန်းမာသူများကိုလည်း အနာငြိမ်းစေနိုင်ကာ နိမိတ်လက္ခဏာများစွာ ဆောင်ရွက်နိုင်သည့် လူတစ်ဦး ထွက်ပေါ်လာပါက၊ ဤလူက ၎င်းသည် ကြွလာပြီဖြစ်သော ယေရှုဖြစ်သည်ဟုဆိုလျှင်၊ ဤသည်မှာ ယေရှုကို အတုခိုးသည့် နတ်ဆိုးများက ဖြစ်ပေါ်စေသည့် အတုတစ်ယောက် ဖြစ်ပေမည်။ ဤအရာကို အမှတ်ရလော့။ ဘုရားသခင်သည် တူညီသော အမှုကို ထပ်မလုပ်ပေ။ ယေရှု၏ အမှုအဆင့်သည် ပြီးစီးနှင့်ပြီးသားဖြစ်ပြီး၊ ဘုရားသခင်သည် အမှု၏ထိုအဆင့်ကို မည်သည့်အခါတွင်မျှ တစ်ဖန် ဆောင်ရွက်မည် မဟုတ်ပေ။ ဘုရားသခင်၏ အမှုသည် လူသား၏ အယူအဆများနှင့် ညှိ၍မရနိုင်ပေ။ ဥပမာအားဖြင့် မေရှိယတစ်ဦး၏ ကြွလာခြင်းကို ဓမ္မဟောင်းကျမ်းက ကြိုတင်ဟောကိန်း ထုတ်ထားပြီး၊ ဤပရောဖက်ပြုချက်၏ အကျိုးဆက်မှာ ယေရှု၏ ကြွလာခြင်းဖြစ်ခဲ့သည်။ ဤအရာဖြစ်ပျက်နှင့်ပြီးဖြစ်လျက်၊ နောက်ထပ် မေရှိယတစ်ဦး ကြွလာရန်မှာ မှားယွင်းပေမည်။ ယေရှုသည် တစ်ကြိမ်ကြွလာနှင့်ပြီး ဖြစ်ကာ ဤအကြိမ်၌ ယေရှုနောက်တစ်ဖန် ကြွလာရန်မှာ မှားယွင်းပေမည်။ ခေတ်တိုင်းအတွက် နာမတစ်ခုရှိပြီး နာမ အသီးသီးသည် ထိုခေတ်၏ ဇာတ်ဆောင်စရိုက်ကို သရုပ်ဖော်ခြင်း ပါရှိလေသည်။ လူသား၏ အယူအဆများတွင်၊ ဘုရားသခင်သည် နိမိတ်လက္ခဏာများနှင့် အံ့သြဖွယ်ရာများကို အမြဲပြသရမည်၊ မကျန်းမာသောသူများကို အမြဲ အနာငြိမ်းစေရမည်ဖြစ်ပြီး နတ်ဆိုးများကို အမြဲ နှင်ထုတ်ရမည်ဖြစ်ကာ၊ ယေရှုကဲ့သို့ အမြဲဖြစ်ရမည် ဖြစ်သည်။ သို့သော်လည်း ဤအကြိမ်တွင်၊ ဘုရားသခင်သည် ထိုသို့ လုံးဝမဟုတ်ပေ။ အကယ်၍ နောက်ဆုံးသော ကာလအတွင်းတွင် ဘုရားသခင်သည် နိမိတ်လက္ခဏာများနှင့် အံ့သြဖွယ်ရာများကို ပြသနေဆဲဖြစ်ခဲ့ပါက၊ နတ်ဆိုးများကို ဆက်လက် မောင်းထုတ်နေဆဲဖြစ်ပြီး၊ မကျန်းမာသောသူများကို အနာငြိမ်းစေဆဲ ဖြစ်ခဲ့ပါက- သူသည် ယေရှုကဲ့သို့နည်းတူ အတိအကျ လုပ်ဆောင်ခဲ့မည်ဆိုပါက- ဘုရားသခင်သည် တူညီသော အလုပ်တစ်ခုကို ထပ်လုပ်နေခြင်း ဖြစ်မည်ဖြစ်သကဲ့သို့၊ ယေရှု ပြုခဲ့သော အမှုသည် မည်သည့်အရေးပါမှု သို့မဟုတ် မည်သည့်တန်ဖိုးမျှ ရှိမည် မဟုတ်ပေ။ ထို့ကြောင့် ဘုရားသခင်သည် ခေတ်တိုင်းတွင် အမှု၏ အဆင့်တစ်ခုကို ဆောင်ရွက်လေသည်။ သူ့အမှု၏ အဆင့်အသီးသီး ပြီးစီးသည်နှင့်တစ်ပြိုင်နက်၊ မကြာမီ နတ်ဆိုးများက ယင်းကို လိုက်တုကြပြီး၊ စာတန်သည် ဘုရားသခင်နောက် ထပ်ကြပ်မကွာ စတင် လိုက်သည့်နောက်တွင်၊ ဘုရားသခင်သည် မတူကွဲပြားသော နည်းစနစ်တစ်ခုကို ပြောင်းလဲလေသည်။ ဘုရားသခင်သည် သူ့အမှု၏ အဆင့်တစ်ဆင့်ကို ပြီးစီးသည်နှင့်တစ်ပြိုင်နက်၊ ယင်းကို နတ်ဆိုးများက လိုက်တုကြလေသည်။ ဤအရာနှင့်ပတ်သက်၍ သင်တို့ ရှင်းရှင်းလင်းလင်း ဖြစ်ရမည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ယနေ့ ဘုရားသခင်၏ အမှုကို သိခြင်း)

ဒါကို ဖတ်ပြီးတဲ့နောက်မှာ ခရစ်တော်က ဘာလဲဆိုတာနဲ့ ၊ စစ်မှန်တဲ့ခရစ်တော်နဲ့ ခရစ်တော် အယောင်ဆောင်တွေကို ဘယ်လိုသိရမယ်ဆိုတဲ့အပေါ် နည်းနည်း ပိုပြီး ရှင်းမသွားဘူးလား။ ခရစ်တော်ဟာ လူ့ဇာတိခံဘုရားသခင်ဖြစ်တယ်။ လူသားအဖြစ် ဇာတိပကတိကို ယူတင်ဝတ်ဆင်ထားတဲ့ ဘုရားရဲ့ ဝိညာဉ်ဖြစ်တယ်။ အပြင်ပန်းမှာ ခရစ်တော်က ပုံမှန်၊ သာမန်လူတစ်ယောက်ပဲ။ ဒါပေမဲ့ သူ့ရဲ့ အနှစ်သာရက သာမန်လူတစ်ယောက်နဲ့ လုံးဝ ကွာခြားတယ်။ ခရစ်တော်က သူ့အတွင်းမှာ ဘုရားရဲ့ ဝိညာဉ်ရှိတယ်။ သူဟာ ဘုရားဝိညာဉ်ရဲ့ ပြယုဂ်ဖြစ်တယ်။ ဒါကြောင့် သူ့မှာ ဘုရားအနှစ်သာရရှိတယ်။ အခြေခံအားဖြင့် ခရစ်တော်ဟာ တစ်ပါးတည်းသော စစ်မှန်တဲ့ဘုရား၊ ဖန်ဆင်းခြင်းအရှင််ဖြစ်တယ်။ ခရစ်တော်ဟာ သမ္မာတရားနဲ့ ဘုရားသခင်ရဲ့ စိတ်သဘောထား၊ ဘုရားသခင်ရဲ့ အရာအားလုံးနဲ့ ဖြစ်ခြင်းကို ဘယ်နေရာ၊ ဘယ်အချိန်မှာမဆို ဖော်ပြနိုင်တယ်။ သူဟာ လူကို ရွေးနုတ်ခြင်းအမှုကို ဆောင်ရွက်နိုင်ပြီး လူကို တရားစီရင်ခြင်းနဲ့ သန့်စင်ခြင်းအမှုကိုပါ ဆောင်ရွက်နိုင်တယ်။ ခရစ်တော်ကလွဲပြီး ဘယ်ဖန်ဆင်းခံလူသား၊ ကောင်းကင်တမန်၊ ဆိုးယုတ်တဲ့ ဝိညာဉ်ဆိုးကမဆို လူသားမျိုးနွယ်ကို ကယ်တင်ဖို့မပြောနဲ့၊ သမ္မာတရားကို မဖော်ပြနိုင်ပါဘူး။ ဒါဟာ သံသယရှိစရာမလိုပါဘူး။ ဒါကြောင့် စစ်မှန်တဲ့ ခရစ်တော်နဲ့ ခရစ်တော် အယောင်ဆောင်တွေကို ပိုင်းခြားသိမြင်ဖို့ အဓိကအချက်က သမ္မာတရားကို သူတို့တွေ ဖော်ပြသလား၊ လူသားကို ကယ်တင်ခြင်းအမှု သူတို့လုပ်နိုင်သလားဆိုတာကို ကြည့်ဖို့ အဓိကပဲ။ ဒါက အရေးပါဆုံး၊ အခြေခံအကျဆုံး စည်းမျဉ်းပဲ။ သခင်ယေရှုက သမ္မာတရားများစွာကို ဖော်ပြပြီး နောင်တလမ်းကို ဟောကြားခဲ့တယ်၊ နိမိတ်လက္ခဏာနဲ့ အံ့ဖွယ်ရာတွေအများကြီး လုပ်ဆောင်ခဲ့ပြီး လူသားမျိုးနွယ်ကို ရွေးနုတ်ခြင်းအမှုကို ပြီးမြောက်ခဲ့တယ်ဆိုတာ ကျွန်တော်တို့ အားလုံးသိပါတယ်။ သူဟာ ကျေးဇူးတော်ခေတ်ကို စတင်ပြီး ပညတ်တော်ခေတ်ကို အဆုံးသတ်ခဲ့တယ်။ သခင့်နှုတ်ကပတ်တော်တွေက တန်ခိုးနဲ့ ဩဇာအာဏာအများကြီး ရှိတယ်။ ဘုရားသခင်ရဲ့ စိတ်သဘောထား၊ ဘုရားသခင်ရဲ့ အရာအားလုံးနဲ့ဖြစ်ခြင်းတွေ ပါဝင်ရောယှက်နေတယ်။ သခင်ယေရှုဟာ ဇာတိခန္ဓာနဲ့ ခရစ်တော်ဖြစ်တယ်၊ ဘုရားရဲ့ ပေါ်ထွန်းခြင်းဖြစ်တယ်ဆိုတာ ကျွန်တော်တို့ စိတ်နှလုံးထဲမှာ သိကြတယ်။ အနန္တတန်ခိုးရှင် ဘုရားသခင်က နောက်ဆုံးသောကာလမှာ ကြွလာခဲ့ပြီ။ သမ္မာတရားရဲ့ နှုတ်ကပတ်တော်တွေကို သန်းနဲ့ချီ ဖော်ပြနေတယ်။ ဘုရားအိမ်တော်ကစတဲ့ တရားစီရင်ခြင်းအမှုကို ပြုနေတယ်။ သူ့စကားတွေက ကျမ်းစာထဲမှာရှိတဲ့ နက်နဲမှုတွေကို ဖွင့်ပြရုံတင်မကဘဲ ဘုရားသခင်ရဲ့ အနှစ် ၆၀ဝ၀ စီမံခန့်ခွဲမှု အစီအစဉ်တွေကိုပါ ဖွင့်ပြတယ်။ ဘုရားသခင်ရဲ့ စီမံခန့်ခွဲမှုအစီအစဉ်ရဲ့ ဦးတည်ချက်တွေ၊ သူ့ရဲ့ အမှုတော် အဆင့်သုံးဆင့်ရဲ့ အတွင်းကျတဲ့ သမ္မာတရား၊ စာတန်က လူသားမျိုးနွယ်ကို ဘယ်လို ဖျက်ဆီးတယ်၊ လူသားမျိုးနွယ်ကို ကယ်တင်ဖို့ ဘုရားက တစ်ဆင့်ချင်း ဘယ်လိုလုပ်ဆောင်တယ်၊ လူ့ဇာတိခံယူခြင်းရဲ့ နက်နဲမှုတွေ၊ ကျမ်းစာရဲ့ အတွင်းကျတဲ့ သမ္မာတရား၊ လူအမျိုးအစားတိုင်းရဲ့ ရလဒ်၊ ခရစ်တော်ရဲ့ နိုင်ငံတော်က ကမ္ဘာပေါ်မှာ ဘယ်လို တကယ်ဖြစ်ပေါ်လာတယ် ဆိုတာနဲ့ တခြားဟာ တွေ ပါဝင်တယ်။ ဒီနက်နဲမှုတွေအားလုံးကို ဖော်ထုတ်လိုက်ပြီ။ အနန္တတန်ခိုးရှင် ဘုရားသခင်က လူသားရဲ့ အပြစ်ရှိတဲ့၊ ဘုရားကို ဆန့်ကျင်တဲ့ သဘာဝနဲ့ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားကို တရားစီရင်ပြီး ဖော်ထုတ်တယ်။ ဖောက်ပြန်ပျက်စီးခြင်းကို စွန့်ပစ်ပြီး သန့်စင်ခံရဖို့ လမ်းကြောင်းကို ပေးတယ် စသဖြင့်ပေါ့။ အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေက အရမ်း ကြွယ်ဝတယ်။ အားလုံးက လူတွေ အရင်က တစ်ခါမှ မကြားဖူးတဲ့ နက်နဲမှုတွေနဲ့ သမ္မာတရားတွေဖြစ်တယ်။ အရမ်း အမြင်ပွင့်စေပြီး စိတ်ကျေနပ်စေတယ်။ ဒါတွေကို ဖတ်တဲ့ ဘယ်သူမဆို တကယ်ပဲ သမ္မာတရားတွေဖြစ်တယ်လို့ ဝန်ခံရတယ်။ ဘုရားသခင် ရွေးချယ်ထားတဲ့လူတွေက သူ့နှုတ်ကပတ်တော်တွေရဲ့ တရားစီရင်မှုကို ကြုံရပြီး သမ္မာတရားအများကြီးကို နားလည်ကြတယ်။ သူတို့ဟာ တဖြည်းဖြည်းချင်း ဖောက်ပြန်ပျက်စီးမှုတွေ သန့်စင်ခံရတယ်။ အပြစ်ကို စွန့်ပစ်ပြီး စာတန်ကို အောင်နိုင်တဲ့ ထူးကဲတဲ့ သက်သေကို ခံကြတယ်။ ဒါက သခင်ယေရှုရဲ့ ပရောဖက်ပြုချက်ကို ပြည့်စုံစေပါတယ်။ “သင်တို့အား ငါပြောစရာ စကားအများ ရှိသော်လည်း၊ သင်တို့သည် ယခုမခံနိုင်ကြ။ သမ္မာတရားနှင့်ပြည့်စုံသော ထိုဝိညာဉ်တော်သည် ရောက်လာသောအခါ၊ သမ္မာတရားကို သင်တို့အား အကြွင်းမဲ့ သွန်သင်ပြလိမ့်မည်။ ထိုဝိညာဉ်တော်သည် ကိုယ်အလိုအလျောက်ဟောပြောမည်မဟုတ်။ ကြားသမျှတို့ကို ဟောပြောလိမ့်မည်။ နောင်လာလတ္တံ့သောအရာတို့ကိုလည်း သင်တို့အား ဖော်ပြလိမ့်မည်။(ရှင်ယောဟန်ခရစ်ဝင် ၁၆:၁၂-၁၃) ဒါက အနန္တတန်ခိုးရှင် ဘုရားသခင်ဟာ “သမ္မာတရားနဲ့ ပြည့်စုံတဲ့ ဝိညာဉ်တော်”ဖြစ်တယ်ဆိုတာ သက်သေပြတယ်။ သူဟာ နောက်ဆုံးသောကာလ ခရစ်တော်ရဲ့ ပေါ်ထွန်းခြင်းဖြစ်ပြီး ကမ္ဘာမြေကိုကြွလာတဲ့ ကယ်တင်ရှင်ဖြစ်ပါတယ်။

အနန္တတန်ခိုးရှင် ဘုရားသခင်က ကယ်တင်ရှင် ခရစ်တော်ဖြစ်တယ်ဆိုတာ အခု လူတိုင်း ရှင်းလင်းသင့်ပြီလို့ ထင်ပါတယ်။ ဒါက စကားသက်သက်တင်မဟုတ်ပါဘူး။ သူဖော်ပြတဲ့ သမ္မာတရားနဲ့ သူလုပ်ဆောင်တဲ့အလုပ်ကို အခြေခံပြီး သက်သေပြထားပါတယ်။ ခရစ်တော် အယောင်ဆောင်တွေကရော ဘယ်လိုလဲ။ သူတို့က “ငါက ခရစ်တော်”ဖြစ်တယ်လို့ အဆက်မပြတ် အော်နေကြတယ်။ သူတို့ကို မေးကြည့်နိုင်တယ်။ “သမ္မာတရားကို ဖော်ပြနိုင်လား။ လူသားရဲ့ ဖောက်ပြန်ပျက်စီးခြင်း သမ္မာတရားကို ဖွင့်ပြနိုင်လား။ လူသားမျိုးနွယ်ကို အပြစ်ကနေ ကယ်တင်နိုင်လား” ဆိုပြီးတော့။ တစ်ခုကိုမှ သူတို့မလုပ်နိုင်ဘူး။ ဒီမေးခွန်းတွေကို ရင်ဆိုင်ရတော့ ကြက်သေသေနေကြတယ်။ ခရစ်တော် အယောင်ဆောင်တွေက စာတန်နဲ့ ဝိညာဉ်ဆိုးတွေရဲ့ အတုအယောင်တွေကလွဲပြီး တခြားမဟုတ်ပါဘူး။ ဘုရားရဲ့ အသက်နဲ့ အနှစ်သာရ လုံးဝ ကင်းမဲ့ကြတယ်။ ဒါကြောင့် သမ္မာတရားကို သူတို့ တစ်ခါမှ မဖော်ပြနိုင်ဘူး။ လူသားမျိုးနွယ်ကို သန့်စင်ပြီး ကယ်တင်တဲ့အမှုကို မဆောင်ရွက်နိုင်ဘူး။ သူတို့လုပ်နိုင်တာက လူတွေကို အရူးလုပ်ဖို့အတွက် မှန််ပုံရတဲ့ အယူဝါဒမှားတွေကို ဖြန့်တာ၊ နိမိတ်လက္ခဏာနဲ့ အံ့ဖွယ်ရာတချို့ကိုပြတာတွေပဲ။ တချို့ ခရစ်တော် အယောင်ဆောင်တွေက ပါရမီ နည်းနည်းရှိပြီး ကိုယ်ပိုင်စာအုပ်တွေ ရေးနိုင်တယ်။ လေးနက်တဲ့ ကျမ်းစာအသိပညာကို အသေးစိတ်ရှင်းပြနိုင်တယ်။ ဒါပေမဲ့ သူတို့ ဝေမျှတဲ့ အရာတွေအားလုံးက လူသားအယူအဆနဲ့ သီအိုရီတွေပဲ။ အဲဒါတွေက လူတွေအတွက် ဘယ်လောက်ကောင်းတယ်ထင်ရပါစေ သမ္မာတရားမဟုတ်ကြဘူး။ အဲဒါတွေက လူရဲ့ အသက်တာအတွက် အာဟာရကို ဘယ်တော့မှ မပေးနိုင်ဘူး။ လူတွေကို ဘုရားနဲ့ သမ္မာတရားကိုသိအောင် ကူညီမပေးနိုင်ဘူး။ အထူးသဖြင့် ကျွန်တော်တို့တွေ သန့်စင်ခံရနိုင်အောင် အပြစ်ကနေ ကယ်တင်မပေးနိုင်ဘူး။ ဒါက သိသာတဲ့ အချက်တစ်ခုပဲ။ ခရစ်တော်အယောင်ဆောင်တစ်ယောက်က လုံးဝ သမ္မာတရား ကင်းမဲ့တယ်။ ဒါပေမဲ့ သူတို့ဟာ ရည်မှန်းချက် အများကြီးရှိပြီး၊ လူတွေကို သူတို့ကို ဘုရားလို ကိုးကွယ်စေချင်ကြတယ်။ ဒီတော့ သူတို့က ဘာလုပ်ကြလဲ။ ဘုရားသခင်ရဲ့ အရင်က လုပ်ဆောင်မှုတွေကို အတုခိုးတယ်။ ခရစ်တော်အဖြစ် ဟန်ဆောင်ဖို့ နိမိတ်လက္ခဏာနဲ့ အံ့ဖွယ်ရာတချို့ပြကြတယ်။ တခြားလူတွေကို အကူအညီနည်းနည်းပေးပြီး လှည့်စားကြတယ်။ ယုံကြည်သူတစ်ယောက်က သမ္မာတရားကို မချစ်ဘဲ ဗိုက်ဝအောင်စားပြီး ကျေးဇူးတော်တွေထဲမှာပဲ မွေ့လျော်ခံစားချင်ရင်၊ နိမိတ်လက္ခဏာနဲ့ အံ့ဖွယ်ရာတွေကို ပြတာက လူတစ်ယောက်ဟာ ဘုရားဟုတ်မဟုတ် အကဲဖြတ်ဖို့ သူတို့ရဲ့ တစ်ခုတည်းသော စံနှုန်းဖြစ်တယ်ဆိုရင် သူတို့တွေ လှည့်စားခံရဖို့က လွယ်ကူပါတယ်။ တကယ်တော့ ခရစ်တော် အယောင်ဆောင်တွေရဲ့ လှည့်ကွက်တွေက လူနုံ၊ လူအတွေကိုပဲ အရူးလုပ်နိုင်တယ်။ ဘုရားရဲ့ သိုးတွေ၊ ပညာရှိ သတို့သမီးတွေက ခရစ်တော် အယောင်ဆောင်တစ်ယောက်ရဲ့ အယုံသွင်းတာကို ဘယ်တော့မှ ခံရမှာမဟုတ်ဘူး။ ဘာကြောင့်လဲဆိုရင် သူတို့ဟာ သမ္မာတရားကို ချစ်ပြီး ဘုရားအသံကို နားထောင်ကြလို့ပဲ။ ဘုရားရဲ့အသံကို သူတို့ကြားတဲ့အခါမှာ လက်ခံပြီး လိုက်လျှောက်ကြတယ်။ ဘုရားသခင်က ဒါကို ဟိုးအရင်ကတည်းက သတ်မှတ်ခဲ့တာပါ။ သခင်ယေရှု ပြောခဲ့သလိုပါပဲ။ “ငါ့သိုးတို့သည် ငါ့စကားသံကိုနားထောင်၍ ငါ့နောက်သို့လိုက်ကြ၏။ ထိုသိုးတို့ကို ငါသိ၏။(ရှင်ယောဟန်ခရစ်ဝင် ၁၀:၂၇)ထိုသိုးတို့ကို ငါ့၌အပ်ပေးတော်မူသော ငါ့ခမည်းတော်သည် ခပ်သိမ်းသောသူတို့ထက် ကြီးမြတ်တော်မူ သည်ဖြစ်၍၊ အဘယ်သူမျှထိုသိုးတို့ကို ငါ့ခမည်းတော်၏ လက်မှမနှုတ်မယူနိုင်ရာ။(ရှင်ယောဟန်ခရစ်ဝင် ၁၀:၂၉)

စစ်မှန်တဲ့ ခရစ်တော်နဲ့ ခရစ်တော် အယောင်ဆောင်တွေကို ဘယ်လို ပိုင်းခြားသိမြင်ရမယ်ဆိုတာ အခု ကျွန်တော်တို့ အားလုံးရှင်းသွားပြီလို့ ထင်ပါတယ်။ ခရစ်တော်က လူ့ဇာတိခံဘုရားသခင်၊ သမ္မာတရား၊ လမ်းခရီးနဲ့ အသက်ဖြစ်ပါတယ်။ ခရစ်တော်ရဲ့ ဘုရားအနှစ်သာရက သမ္မာတရားကို ဖော်ပြပြီး ဘုရားရဲ့အလုပ်ကိုလုပ်တဲ့ သူ့ရဲ့ အရည်အချင်းမှာ အဓိက ထင်ရှားပါတယ်။ သူဟာ ဘယ်လောက်ပဲ မထူးခြားတဲ့ပုံစံပေါ်ပါစေ၊ သူ့မှာ တန်ခိုးအာဏာနဲ့ အဆင့်အတန်း ဘယ်လောက်ကင်းမဲ့ပါစေ လူသားတွေရဲ့ ထောက်ခံတာ၊ ငြင်းပယ်တာကို ခံရပါစေ၊ သူက သမ္မာတရား၊ ဘုရားရဲ့ စိတ်သဘောထားနဲ့ ဘုရားသခင်ရဲ့ အရာအားလုံးနဲ့ ဖြစ်ခြင်းကို ဖော်ပြနိုင်သရွေ့၊ ကယ်တင်ခြင်းအမှုကို လုပ်ဆောင်နိုင်သရွေ့ သူဟာ ဘုရားသခင် ပေါ်ထွန်းခြင်းပဲ။ ဒါကို သံသယရှိစရာမလိုပါဘူး။ အနန္တတန်ခိုးရှင် ဘုရားသခင် ဖော်ပြတဲ့ သမ္မာတရားတွေ၊ လူသားမျိုးနွယ်ကို တရားစီရင်၊ သန့်စင်ဖို့ဖြစ်တဲ့ သူ့ရဲ့ အမှုတော်က သူဟာ လူ့ဇာတိနဲ့ ဘုရားဖြစ်တယ်၊ ခရစ်တော် ပေါ်ထွန်းခြင်းဖြစ်တယ်ဆိုတာ လုံးဝ သက်သေပြတယ်။ ကျွန်တော်တို့ဟာ သမ္မာတရားကို ရဖို့၊ အပြည့်အဝ ကယ်တင်ခံရဖို့နဲ့ ဘုရားရဲ့ နိုင်ငံတော်ကို ဝင်ရဖို့ အနန္တတန်ခိုးရှင် ဘုရားသခင်၊ နောက်ဆုံးသောကာလ ခရစ်တော်ကို လက်ခံပြီး နာခံရမယ်။ ဒါပေမဲ့ အခု ဘာသာရေး သင်းအုပ်ဆရာတွေနဲ့ ခေါင်းဆောင်တွေ၊ ကွန်မြူနစ်ပါတီရဲ့ ဆိုးယုတ်တဲ့ အစိုးရတွေက အနန္တတန်ခိုးရှင် ဘုရားသခင်ကို အရူးအမူး ဆန့်ကျင်ပြီး ရှုတ်ချနေတာကို လူတွေအများကြီးက မြင်ကြတော့ အနန္တတန်ခိုးရှင် ဘုရားသခင်က စစ်မှန်တဲ့လမ်းမဟုတ်ဘူးလို့ ထင်ကြတယ်။ သူတို့ အကြောင်းပြချက်က ဒါက ဘုရားရဲ့ အမှုတော်ဆိုရင် အားလုံးက ချောမွေ့နေရမယ်။ လူတိုင်းက လုံးဝ လက်ခံယုံကြည်ကြ့်မယ် ပေါ့။ ဒီလိုပုံစံနဲ့ ကြည့်တာက အရမ်းကို မိုက်မဲပါတယ်။ ဒါက လူသားဟာ ဘုရားရဲ့ ရန်သူဖြစ်လာပြီး ဘုရားအတွက် နေရာမရှိတဲ့အထိ အရမ်းကို ဖောက်ပြန်ပျက်စီးပြီးပြီဆိုတာကို မမြင်နိုင်တာပဲ။ သခင်ယေရှု ကြွလာတုန်းက လူတွေက သူ့ကို ကြိုဆိုခဲ့သလား။ ဂျူးတွေက သူ့ကို ကားစင်တင်ဖို့အတွက် ရောမအစိုးရရဲ့ အင်အားစုတွေနဲ့ မဆက်သွယ်ခဲ့ဘူးလား။ သခင်ယေရှုရဲ့ အမှုက စစ်မှန်တဲ့လမ်းမဟုတ်ဘူးလို့ ပြောမလား။ အခု အနန္တတန်ခိုးရှင် ဘုရားသခင်က နောက်ဆုံးသောကာလမှာ ကြွလာတော့ လူတွေက သူ့ကို ဘယ်လို ဆက်ဆံနေကြလဲ။ ဘာသာရေးလောကရဲ့ အန္တိခရစ် အင်အားစုတွေက သူ့ကို အာခံရှုတ်ချဖို့အတွက် အစွမ်းကုန် လုပ်ဆောင်နေကြတယ်။ စီစီပီရဲ့ ဆိုးယုတ်တဲ့ အစိုးရက သူ့ကို အရူးအမူး လိုက်ဖမ်းနေတယ်။ ဘုရားရဲ့ ပေါ်ထွန်းခြင်းနဲ့ အမှုတော်ကို ချေမှုန်းပစ်ဖို့ နည်းဗျူဟာတိုင်းကို အသုံးပြုနေတယ်။ ဒါက သခင်ယေရှု ပရောဖက်ပြုထားတာကို ပြည့်စုံစေတယ်။ “ကောင်းကင်တစ်ဘက်မှ ပြက်သောလျှပ်စစ်သည် ကောင်းကင်အနှံ့အပြား ထွန်းလင်းသကဲ့သို့၊ လူသားသည် မိမိနေ့ရက်၌ ဖြစ်တော်မူလတ္တံ့။ ထိုသို့မဖြစ်မီ သူသည် များစွာသောဆင်းရဲဒုက္ခကို၎င်း၊ ယခုလူမျိုး၏ ငြင်းပယ်ခြင်းကို၎င်း ခံရမည်။(ရှင်လုကာခရစ်ဝင် ၁၇:၂၄-၂၅) ဒါက ဘာကိုဆိုလိုတာလဲ။ စစ်မှန်တဲ့လမ်းဟာ အမြဲတမ်း ဖိနှိပ်ခံခဲ့ရတာပါ။ ခရစ်တော်ဟာ လူသားကို ကယ်တင်ဖို့အတွက် သမ္မာတရားကို ဖော်ပြတယ်။ ဒါကြောင့် သူဟာ ဖိနှိပ်၊ ရှုပ်ချခံရပြီး စာတန်ရဲ့ ဆိုးယုတ်တဲ့ အင်အားစုတွေရဲ့ လိုက်လံဖမ်းဆီးတာကို ခံရမယ်ဆိုတာ မရှောင်လွှဲနိုင်ဘူး။ တစ်ယောက်ယောက်က ခရစ်တော်ဖြစ်တယ်လို့ ပြောပေမဲ့၊ သမ္မာတရားကို မဖော်ပြသလို ဒီမျိုးဆက်ရဲ့ ငြင်းပယ်တာကို မခံရဘူးဆိုရင် စာတန်ရဲ့ အင်အားစုတွေရဲ့ အရူးအမူးရှုပ်ချတာ၊ တိုက်ခိုက်တာကို မခံရဘူးဆိုရင် ခရစ်တော်မဟုတ်ဘူးဆိုတာ သက်သေပြပါတယ်။ စာတန်ဟာ အရာရာထက်ပိုပြီးတော့ ဘုရားရဲ့ ပေါ်ထွန်းခြင်းနဲ့ အမှုတော်ကို မုန်းတီးတယ်။ ကယ်တင်ရှင်ကြွလာတာကို မုန်းတီးတယ်။ ကယ်တင်ရှင်ကြွလာတဲ့အခါမှာ လူတွေဟာ ကယ်တင်ခံရဖို့၊ သမ္မာတရားကို နားလည်ပြီး စာတန်ရဲ့ လှည့်ကွက်တွေကို ရိပ်စားမိဖို့ အခွင့်အလမ်းရှိတယ်ဆိုတာ စာတန်က သိတယ်။ ဒါဆိုရင် လူတွေက သိမြင်မှုတွေရလာပြီး သူ့ကို ငြင်းပယ်နိုင်တယ်။ ဘုရားဘက်ကို လုံးဝ ခြေဦးလှည့်ပြီး ဘုရားရဲ့ ရယူခြင်းကို ခံရနိုင်တယ်။ ဒါဆိုရင် စာတန်က လုံးဝ ကျဆုံးပြီး သူ့ရဲ့ နောက်ဆုံးနေ့ရက်က သူ့ရှေ့ရောက်လာတယ်။ စာတန်က ဒါကို ဒီအတိုင်း လက်ခံမယ်လို့ ထင်လား။ ဒါကို နားမလည်ဘဲ ကိုယ်ပိုင်အယူအဆတွေကိုပဲ ဖက်တွယ်ထားပြီး အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ အမှုကို စူးစမ်းလေ့လာဖို့ ပျက်ကွက်တာ၊ ဘာသာရေးလောကရဲ့ အန္တိခရစ်အင်အားစုတွေနောက်ကိုတောင် လိုက်ပြီး အနန္တတန်ခိုးရှင် ဘုရားသခင်ကို ရှုတ်ချအာခံတာတွေဟာ ဆိုးဝါးတဲ့ အကျိုးဆက်တွေ ရှိလိမ့်မယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောတာကို ကြည့်ရအောင်။ “ခရစ်တော်ပြောဆိုခဲ့သည့် သမ္မာတရားကို အားကိုးခြင်းမရှိဘဲ အသက်ရရှိလိုသူတို့သည် ကမ္ဘာမြေပေါ်တွင် အဓိပ္ပာယ်မရှိဆုံးသော လူများဖြစ်ပြီး၊ ခရစ်တော်ယူဆောင်လာသည့် အသက်၏လမ်းခရီးကို လက်မခံသောသူတို့သည် စိတ်ကူးယဉ်အိပ်မက်ထဲတွင် ပျောက်ဆုံးကြပေသည်။ ထို့ကြောင့် နောက်ဆုံးသောကာလ ခရစ်တော်ကို လက်မခံသူများသည် ဘုရားသခင်၏ စက်ဆုပ်ရွံရှာမှုကို ထာဝရခံရမည်ဟု ငါဆို၏။ ခရစ်တော်သည် နောက်ဆုံးသော ကာလအတွင်းတွင် နိုင်ငံတော်သို့ လူသားဝင်ရောက်ရန် တံခါးပေါက်ဖြစ်ပြီး၊ သူ့ကို ရှောင်ကွင်းသွားနိုင်သူ မည်သူမျှမရှိပေ။ ခရစ်တော်ကို အမှီမပြုလျှင် မည်သူမျှ ဘုရားသခင်၏ စုံလင်စေခြင်းကို မခံရနိုင်ပေ။ သင်သည် ဘုရားသခင်ကို ယုံကြည်သောကြောင့်၊ သူ၏နှုတ်ကပတ်တော်များကို လက်ခံရမည်ဖြစ်ပြီး သူ၏လမ်းခရီးကို နာခံရမည်ဖြစ်သည်။ သမ္မာတရားကို လက်ခံနိုင်စွမ်းမရှိဘဲနှင့် အသက်၏ထောက်ပံ့မှုကို လက်ခံနိုင်စွမ်းမရှိဘဲ၊ ကောင်းချီးမင်္ဂလာ ရရှိရေးကိုသာ သင် စဉ်းစား၍မရပေ။ သူ့ကို စစ်မှန်စွာ ယုံကြည်သူအားလုံးသည် အသက်ဖြင့် ထောက်ပံ့ခံရဖို့အလို့ငှာ၊ ခရစ်တော်သည် နောက်ဆုံးသောကာလအတွင်း ကြွလာခြင်း ဖြစ်သည်။ သူ၏အမှုသည် ခေတ်အဟောင်းကို အဆုံးသတ်ခြင်းနှင့် ခေတ်သစ်တစ်ခုထဲသို့ ဝင်ရောက်ခြင်းအတွက် ဖြစ်ပြီး၊ သူ၏ အမှုသည် ခေတ်အသစ်ထဲသို့ ဝင်ရောက်မည့်သူအားလုံး လျှောက်ရမည့် လမ်းကြောင်းဖြစ်၏။ သင်သည် သူ့ကို အသိအမှတ်ပြုနိုင်စွမ်း မရှိဘဲ၊ ယင်းအစား သူ့ကို ပြစ်တင်ရှုတ်ချပါက၊ ပြစ်မှားစော်ကားပါက၊ သို့မဟုတ် ညှဉ်းပန်းနှိပ်စက်ခြင်းပင် ပြုပါက၊ သင်သည် ထာဝရလောင်ကျွမ်းခံရဖို့ သေချာပြီး၊ ဘုရားသခင်၏ နိုင်ငံတော်ထဲသို့ မည်သည့်အခါမျှ ဝင်ရောက်ရလိမ့်မည် မဟုတ်ပေ။ အကြောင်းမှာ ဤခရစ်တော်ကိုယ်တော်တိုင်သည် သန့်ရှင်းသော ဝိညာဉ်တော်၏ ဖော်ပြချက်၊ ဘုရားသခင်၏ ဖော်ပြချက်၊ ဘုရားသခင်က ကမ္ဘာမြေကြီးတွင် သူ၏အမှုကို ဆောင်ရွက်ရန် တာဝန်ပေး စေခိုင်းထားသူ ဖြစ်သောကြောင့် ဖြစ်သည်။ ထို့ကြောင့် နောက်ဆုံးသောကာလ ခရစ်တော် လုပ်ဆောင်ခဲ့သည့် အရာအားလုံးကို သင်လက်မခံနိုင်ပါက၊ သင်သည် သန့်ရှင်းသော ဝိညာဉ်တော်ကို ပြစ်မှားစော်ကားသည်ဟု ငါပြောရပေသည်။ သန့်ရှင်းသော ဝိညာဉ်တော်ကို ပြစ်မှားစော်ကားသူတို့ ခံရမည့် ပြစ်ဒဏ်ခတ်ခြင်းမှာ အားလုံးအဖို့ ပကတိအတိုင်း ရှင်းနေပြီးဖြစ်သည်။ သင်သည် နောက်ဆုံးသောကာလ ခရစ်တော်ကို ဆန့်ကျင်ပါက၊ နောက်ဆုံးသော ကာလ ခရစ်တော်ကို သင် ပစ်ပယ်ပါက၊ သင်၏ ကိုယ်စား အကျိုးဆက်များကို ခံစားပေးမည့်သူ တစ်ဦးမျှရှိလိမ့်မည်မဟုတ်ဟုလည်း ငါသင့်ကို ပြော၏။ ထို့အပြင် ယနေ့မှစ၍ သင်သည် ဘုရားသခင်၏ လက်ခံမှုကိုရရှိရန် နောက်ထပ်အခွင့်အရေး ရှိမည် မဟုတ်ပေ။ သင်သည် မိမိကိုယ်ကိုယ် ရွေးနုတ်ရန် ကြိုးစားလျှင်ပင်၊ ဘုရားသခင်၏မျက်နှာကို မည်သည့်အခါတွင်မျှ တစ်ဖန် မြင်ရလိမ့်မည် မဟုတ်။ အဘယ်ကြောင့်ဆိုသော် သင်ဆန့်ကျင်သည်မှာ လူသားတစ်ဦးမဟုတ်၊ သင် ပစ်ပယ်သည်မှာ မဆိုစလောက်သတ္တဝါတစ်ဦးဦး မဟုတ်ဘဲ ခရစ်တော်ဖြစ်သောကြောင့် ဖြစ်၏။ ဤအရာ၏ အကျိုးဆက်များသည် မည်သည်တို့ ဖြစ်လိမ့်မည်ကို သင်သိပါသလော။ သင်သည် သေးငယ်သည့် အမှားတစ်ခု ပြုမိပြီးဖြစ်လိမ့်မည်မဟုတ်ဘဲ၊ အလွန်စက်ဆုပ်ရွံရှာ ဖွယ်ကောင်းသော ပြစ်မှုတစ်ရပ် ကျူးလွန်မိပြီး ဖြစ်ပေလိမ့်မည်။ ထို့ကြောင့် သမ္မာတရားသည်သာ သင့်ကို အသက် ဆောင်ကြဉ်းပေးနိုင်ပြီး၊ သမ္မာတရားမှလွဲ၍ မည်သည့်အရာကမျှ သင့်ကို ပြန်လည်မွေးဖွားမပေးနိုင်သကဲ့သို့၊ ဘုရားသခင်၏မျက်နှာကို တစ်ဖန် ရှုမြင်ခွင့် မပေးနိုင်သည့်အတွက်၊ သမ္မာတရား ရှေ့မှောက်တွင် ကြမ်းကြုတ်သည့် တုန့်ပြန်မှုများမပြုရန် သို့မဟုတ် အရေးမထားသည့် ဝေဖန်မှုများ မလုပ်ရန် အယောက်တိုင်းကို ငါအကြံပြု၏။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ နောက်ဆုံးသော ကာလ၏ ခရစ်တော်သည်သာ လူသားအား ထာဝရအသက်၏ လမ်းခရီးကို ပေးနိုင်သည်)

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

ဘုရားသခင်၏ အသံကို မိတ်ဆွေကြားပြီးပြီလား

မင်္ဂလာပါ၊ ညီအစ်ကိုမောင်နှမတို့၊ ကျွန်မတို့ အတူတကွ စုဝေးရတာ အရမ်းကံကောင်းပါတယ်။ ကျေးဇူးတော်ပါပဲ။ ကျွန်မတို့အားလုံးက ဘုရားနှုတ်ကပတ်တော်ကို...

အနန္တတန်ခိုးရှင် ဘုရားသခင်ကို ယုံကြည်ခြင်းသည် သခင်ယေရှုကို သစ္စာဖောက်ခြင်းဖြစ်ပါသလား

၁၉၉၁ ခုနှစ်ကတည်းက အနန္တတန်ခိုးရှင် ဘုရားသခင်ဆိုတဲ့ နောက်ဆုံးသောကာလရဲ့ ခရစ်တော် ပေါ်ထွန်းခဲ့ပြီး စအမှုပြုတဲ့အပြင် သမ္မာတရားတွေကို...

အဘယ်ကြောင့်ဘုရားသခင်၏အသံတော်ကို နားထောင်ခြင်းအားဖြင့်သာ သခင့်ကို ကျွန်ုပ်တို့ ကြိုဆိုနိုင်သနည်း

အခုအချိန်မှာ ယုံကြည်သူတွေအားလုံးက သခင်ယေရှု မိုးတိမ်စီးကြွလာတာကို တောင့်တနေကြတယ်။ အကြောင်းကတော့ ဘေးဒုက္ခတွေက ပို ပြင်းထန်လာနေပြီး ကပ်ရောဂါ...

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။