ဘာသာရေးလောကက ပြစ်တင်ရှုတ်ချတယ်ဆိုရင်၊ အဲဒါဟာ မှန်သောလမ်းခရီး မဟုတ်တော့ဘူးလား။

03.04.2026

နောက်ဆုံးသော ကာလမှာ လူသားတွေကို ကယ်တင်ဖို့ သမ္မာတရားအားလုံးကို အနန္တတန်ခိုးရှင် ဘုရားသခင်က ဖော်ပြထားပါတယ်။ ဒါတွေကို လူတိုင်း ရှာဖွေပြီး စုံစမ်းနိုင်ဖို့ အွန်လိုင်းပေါ်မှာ တင်ထားတာ ကြာပါပြီ။ ဘုရားသခင် ပေါ်ထွန်းလာမှာကို တောင့်တကြတဲ့ လူအများအပြားက အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေကို ဖတ်ရှုပြီး ဒါဟာ ဘုရားသခင်ရဲ့ အသံတော်ဆိုတာကို သိမှတ်ကြတယ်။ သူတို့အားလုံးက အနန္တတန်ခိုးရှင် ဘုရားသခင်ကို လက်ခံပြီး ဘုရားသခင်ရဲ့ ပလ္လင်တော်ရှေ့ကို ပြန်လာခဲ့ကြတယ်။ ဒါပေမဲ့ ဘာသာရေးလောကထဲက သင်းအုပ်တွေနဲ့ အကြီးအကဲ အများစုကတော့ မစုံစမ်းတဲ့အပြင် အနန္တတန်ခိုးရှင် ဘုရားသခင်ဟာ သာမန်လူတစ်ယောက်ပဲ၊ အမှုတော်လုပ်ဖို့ ပေါ်ထွန်းလာတဲ့ ဘုရားသခင်မဟုတ်ဘူးဆိုပြီးတော့လည်း အရူးအမူး ရှုတ်ချကြတယ်။ ပြီးတော့ ယုံကြည်သူတွေ မှန်တဲ့ လမ်းခရီးကို မစုံစမ်းအောင် အကြောင်းမဲ့ တားဆီးကြတယ်။ ဒီအချက်က သခင့်ကို ယုံကြည်တဲ့ လူအများကြီးကို ဇဝေဇဝါ ဖြစ်စေတယ်။ သင်းအုပ်တွေနဲ့ အကြီးအကဲတွေဟာ အသင်းတော်တွေမှာ သခင့်ကို အစေခံနေပြီး သမ္မာကျမ်းစာကို ခဏခဏ ရှင်းပြ၊ ချီးမြှောက်နေကြတာမို့ သူတို့ဟာ သမ္မာကျမ်းစာကို နားလည်ပြီး ဘုရားသခင်ကို သိကျွမ်းတဲ့သူတွေ ဖြစ်သင့်တယ်လို့ သူတို့က ထင်ကြတယ်။ နောက်ပြီး အနန္တတန်ခိုးရှင် ဘုရားသခင်က ပြန်ကြွလာတဲ့ သခင်ယေရှုသာဆိုရင်၊ သင်းအုပ်တွေနဲ့ အကြီးအကဲတွေက ကိုယ်တော့်ကို မှတ်မိနိုင်ရမှာပေါ့၊ အဲဒါဆို သူတို့က ဘယ်လိုလုပ် အတိုက်အခံလုပ်ပြီး ပြစ်တင်ရှုတ်ချနိုင်မှာလဲလို့ တွေးကြတယ်။ လမ်းခရီးတစ်ခုကို ဘာသာရေးလောကထဲက သင်းအုပ်တွေနဲ့ အကြီးအကဲတွေက ပြစ်တင်ရှုတ်ချတယ်ဆိုရင်၊ အဲဒါက မှန်တဲ့ လမ်းခရီး ဖြစ်နိုင်စရာအကြောင်း မရှိဘူးလို့ သူတို့က ခံစားရတယ်။ ဒီအမြင်က ခိုင်လုံရဲ့လား။ ဒီပြောဆိုချက်အတွက် ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်မှာ ဘယ်လိုအခြေခံရှိလဲ။ သမ္မာကျမ်းစာကို ရှင်းပြနိုင်တဲ့သူတွေဟာ ဘုရားသခင်ကို သိကျွမ်းတဲ့သူတွေပါလို့ သူတို့က ဘယ်အခြေခံနဲ့ ပြောတာလဲ။ ဒီလိုပြောဆိုချက်က လူတွေရဲ့ အယူအဆတွေနဲ့ စိတ်ကူးစိတ်သန်းတွေ သက်သက်ပဲ မဟုတ်ဘူးလား။ ဒါတွေက မိစ္ဆာဒိဋ္ဌိနဲ့ မှားယွင်းတဲ့အယူအဆပဲ မဟုတ်ဘူးလား။ ယုဒဘာသာရဲ့ ယဇ်ပုရောဟိတ်အကြီးအကဲတွေ၊ ကျမ်းပြုဆရာတွေနဲ့ ဖာရိရှဲတွေအားလုံး သမ္မာကျမ်းစာကို ရှင်းပြနိုင်ခဲ့ကြတာပဲ။ ဒါဆို ဘာလို့ သခင်ယေရှုကို ဝေဖန်ပြီး ပြစ်တင်ရှုတ်ချခဲ့ကြသေးတာလဲ၊ ဘာလို့ သူ့ကို လက်ဝါးကပ်တိုင်မှာ သံမှိုရိုက်ခဲ့ကြတာလဲ။ ဒီမှာ ဘာပြဿနာရှိနေတာလဲ။ သခင်ယေရှု ပေါ်ထွန်းပြီး အလုပ်လုပ်တဲ့အခါမှာ၊ သူက အနည်းဆုံး သုံးနှစ် တရားဟောခဲ့ပြီး သူဖော်ပြခဲ့သမျှဟာ သမ္မာတရားချည်းပါပဲ။ ဒါပေမဲ့ သခင်ယေရှုရဲ့ စကားတွေမှာ တန်ခိုးနဲ့ သြဇာအာဏာရှိတယ်ဆိုတာကို ဂျူးတွေက အသိအမှတ်ပြုခဲ့ပေမဲ့လည်း သူတို့က နည်းနည်းလေးတောင် ရှာဖွေတာ၊ စုံစမ်းတာ မလုပ်ခဲ့ကြဘူး။ သခင်ယေရှု ဖော်ပြတဲ့ သမ္မာတရားတွေကိုလည်း လက်မခံခဲ့ကြဘူး။ သူတို့ဟာ သခင်ယေရှုကို ရူးရူးမူးမူး ပြစ်တင်ရှုတ်ချတာ၊ နှိပ်စက်ညှဉ်းပန်းတာနဲ့ ဖမ်းဆီးတာတွေတောင် လုပ်ခဲ့ပြီး သူ့ကို လက်ဝါးကပ်တိုင်မှာ သံမှိုရိုက်ဖို့ချည်းပဲ အတင်းအကြပ် လုပ်ခဲ့ကြတယ်။ ယုဒဘာသာရဲ့ ယဇ်ပုရောဟိတ်အကြီးအကဲတွေ၊ ကျမ်းပြုဆရာတွေနဲ့ ဖာရိရှဲတွေအားလုံးက သမ္မာကျမ်းစာကို ခဏခဏ ရှင်းပြခဲ့ကြတယ်။ တခြားသူတွေရဲ့ အမြင်မှာတော့၊ သူတို့အားလုံးက သမ္မာကျမ်းစာကို နားလည်ပြီး ဘုရားသခင်ကို သိကျွမ်းတယ်ပေါ့။ ဒါဆို အားလုံးထဲမှာမှ သူတို့က သခင်ယေရှုကို ဘာလို့ လက်ဝါးကပ်တိုင်မှာ သံမှိုရိုက်ခဲ့ကြတာလဲ။ ဒီအဖြစ်မှန်ကို အခြေခံပြီး ကျွန်မတို့ ကောက်ချက်တစ်ခု ချနိုင်တယ်။ သမ္မာကျမ်းစာကို ရှင်းပြနိုင်တဲ့သူတွေက ဘုရားသခင်ကို သိကျွမ်းတယ်၊ ဒါမှမဟုတ် ဘုရားသခင်ကို ကျိုးနွံနာခံတယ်လို့ သေချာပေါက်ပြောလို့မရဘူး။ ဘာလို့လဲဆိုတော့ သူတို့က ဘုရားသခင်ကို လက်ဝါးကပ်တိုင်မှာ သံမှိုရိုက်မဲ့ လူစားမျိုး အတိအကျ ဖြစ်နေလို့ပါပဲ။

ဒီနေ့ခေတ်မှာ ဘာသာရေးလောကထဲက ဒီသင်းအုပ်တွေနဲ့ အကြီးအကဲတွေဆိုရင်လည်း သမ္မာကျမ်းစာကို ရှင်းပြနိုင်ကြပေမဲ့ သူတို့က ဘုရားသခင်ကို တကယ်သိကျွမ်းရဲ့လား။ သူတို့ဟာ ဘုရားသခင်ကို ကျိုးနွံနာခံသလား၊ ဒါမှမဟုတ် အတိုက်အခံလုပ်သလား။ ဒါကို ကျွန်မတို့ ဘယ်လို ပိုင်းခြားသိမြင်ရမလဲ။ ပထမဆုံးအနေနဲ့၊ အနန္တတန်ခိုးရှင် ဘုရားသခင်က သမ္မာတရားတွေ အများကြီးကို ဖော်ပြခဲ့ပြီး အဲဒါတွေကို အွန်လိုင်းမှာ လူတိုင်း ဖတ်လို့ရတယ်ဆိုတာ ကျွန်မတို့ မြင်ရမယ်။ ဘာသာရေးလောကရဲ့ သင်းအုပ်တွေနဲ့ အကြီးအကဲတွေက အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေကို အတိအကျ ဘယ်လို သဘောထားကြသလဲ။ သူတို့ထဲက ဘယ်နှယောက်က မှန်တဲ့ လမ်းခရီးကို စုံစမ်းကြသလဲ။ ဘယ်နှယောက်က ပြစ်တင်ရှုတ်ချပြီး ဆန့်ကျင်နေတုန်းလဲ။ ဘယ်နှယောက်က လက်လည်း လက်မခံ၊ အတိုက်အခံလည်းမလုပ်ဘဲ ဘေးကနေရပ်ကြည့်သူတွေလို လုပ်နေကြလဲ။ ဘုရားသခင်က သမ္မာတရားကို ဖော်ပြတာဟာ လူတွေကို တော်တော်လေး ထုတ်ဖော်လိုက်တာပဲ။ သမ္မာတရားရှေ့မှာ လူတိုင်းဟာ ကိုယ့်အမျိုးအစားနဲ့ကိုယ် ခွဲခြားသတ်မှတ်ခံရတယ်။ တကယ်တော့ အနန္တတန်ခိုးရှင် ဘုရားသခင် ဖော်ပြတဲ့ သမ္မာတရားတွေနဲ့ ကြုံတွေ့ရတဲ့အခါမှာ မှန်တဲ့လမ်းခရီးကို စုံစမ်းတဲ့သူ သိပ်မရှိဘူး။ ပြီးတော့ အနန္တတန်ခိုးရှင် ဘုရားသခင်ကို အတိုက်အခံလုပ်ပြီး ပြစ်တင်ရှုတ်ချတဲ့သူတွေက အများကြီးပါပဲ။ ဒါဟာ ကျွန်မတို့အားလုံး မြင်နိုင်တဲ့ အဖြစ်မှန်တစ်ခုပါပဲ။ သင်းအုပ်တွေနဲ့ အကြီးအကဲတွေဟာ မှန်တဲ့ လမ်းခရီးကို သူတို့ကိုယ်တိုင် စုံစမ်းတာ၊ လက်ခံတာ မလုပ်ကြတဲ့အပြင် ယုံကြည်သူတွေ စုံစမ်းပြီး လက်ခံတာကိုပါ တားဆီးကြတယ်။ ယုံကြည်သူတွေကို လွတ်လွတ်လပ်လပ် ယုံကြည်ခွင့် မပေးဘဲ၊ သူတို့ကို ထောင်ချောက်ဆင်ပြီး ထိန်းချုပ်ဖို့ အစွမ်းကုန် လုပ်ကြတယ်။ အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေကို ဖတ်ရှုတာ၊ အနန္တတန်ခိုးရှင် ဘုရားသခင်အတွက် သက်သေခံတဲ့သူတွေကို ဧည့်ခံတာ၊ ပြီးတော့ မှန်တဲ့ လမ်းခရီးကို စုံစမ်းတာတွေကနေ ယုံကြည်သူတွေကို အတင်းအကျပ် တားမြစ်ကြတယ်။ ဘာသာရေးလောကရဲ့ ဒီခေါင်းဆောင်တွေဟာ ဆင်ခြင်တုံတရား တစ်စက်မှ မရှိဘဲ ပြုမူကြတယ်။ အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ ပေါ်ထွန်းခြင်းနဲ့ သူ့အမှုတော်ကို ပြစ်တင်ရှုတ်ချဖို့ သူတို့ အစွမ်းကုန် လုပ်ကြတယ်။ ဒါက ဘုရားသခင်ကို အတိုက်အခံလုပ်တာ မဟုတ်ဘူးလား။ သူတို့က သန့်ရှင်းသော ဝိညာဉ်တော်ကို စော်ကားတဲ့ အပြစ်ကို ကျူးလွန်ခဲ့ကြတာ မဟုတ်ဘူးလား။ ဘာသာရေးလောကရဲ့ သင်းအုပ်တွေနဲ့ အကြီးအကဲတွေက ယုံကြည်သူတွေ မှန်တဲ့ လမ်းခရီးကို မစုံစမ်းအောင် တားဆီးရုံမက၊ ယုံကြည်သူတွေကို အထင်အမြင်မှားစေဖို့၊ ထောင်ချောက်ဆင်ဖို့နဲ့ ထိန်းချုပ်ဖို့အတွက် သမ္မာကျမ်းစာကိုတောင် တလွဲ အနက်ဖွင့်ကြတယ်ဆိုတဲ့ အဖြစ်မှန်ကို အခြေခံပြီး ကြည့်ရင်၊ သူတို့ဟာ သမ္မာကျမ်းစာရဲ့ စကားလုံးတွေနဲ့ အယူဝါဒတချို့ကို နားလည်ပေမဲ့ ဘုရားသခင်ကို လုံးဝ မသိကျွမ်းဘူးဆိုတာ ကျွန်မတို့ မြင်တွေ့နိုင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ရဲ့ လုပ်ရပ်တွေ၊ အပြုအမူတွေဟာ သမ္မာကျမ်းစာနဲ့ ပြင်းပြင်းထန်ထန် ဆန့်ကျင်နေပြီး၊ သမ္မာတရားနဲ့ ပိုလို့တောင် ဆန့်ကျင်နေလို့ပဲ။ ဆိုတော့ သူတို့က ကောင်းတဲ့ အစေခံတွေလား၊ ဒါမှမဟုတ် ဆိုးယုတ်တဲ့ အစေခံတွေလား။ ဘယ်သူတွေ ဘာပဲပြောပြော သူတို့ဟာ ဘုရားသခင်ကို လုံးဝ မသိကျွမ်းကြဘူး။ သူတို့က ဘုရားသခင်ကို အတိုက်အခံလုပ်ပြီး ကိုယ်တော့်ကို လက်ဝါးကပ်တိုင်မှာ နောက်တစ်ကြိမ် သံမှို ထပ်ရိုက်ကြမှာပါ။ ဒါကြောင့် ဘာသာရေး သင်းအုပ်တွေအားလုံးဟာ သိုးထိန်းတုတွေနဲ့ ဆိုးယုတ်တဲ့ အစေခံတွေဖြစ်ပြီး ဘုရားသခင်ရဲ့ အသိအမှတ်ပြုတာကို လုံးဝ မခံရပါဘူး။ ဒီလိုပြောရတဲ့အတွက် ကျွန်မတို့မှာ ကျမ်းစာအခြေခံရှိပါတယ်။ နောက်ပြီး သက်သေအနေနဲ့ သခင်ယေရှုရဲ့ နှုတ်ကပတ်တော်တွေ ရှိပါတယ်။ သခင်ယေရှု ပြောခဲ့သည်မှာ “ထိုနေ့၌ကား၊ သခင်၊ သခင်၊ အကျွန်ုပ်တို့သည် ကိုယ်တော်အခွင့်နှင့် ဆုံးမဩဝါဒပေးပါပြီ မဟုတ် လော။ ကိုယ်တော်အခွင့်နှင့် နတ်ဆိုးတို့ကို နှင်ထုတ်ပါပြီ မဟုတ်လော။ ကိုယ်တော်အခွင့်နှင့် များစွာသော တန်ခိုးတို့ကို ပြပါပြီမဟုတ်လောဟု အများသော သူတို့သည် လျှောက်ကြလိမ့်မည်။ ထိုသို့လျှောက်ကြသောအခါ သင်တို့ကို ငါအလျှင်းမသိ၊ အဓမ္မအမှုကို ပြုသောသူတို့၊ ငါ့ထံမှ ဖယ်ကြဟု ထိုသူတို့အား အတိအလင်း ငါပြောမည်။(ရှင်မဿဲခရစ်ဝင် ၇:၂၂-၂၃)လျှို့ဝှက်သောကျမ်းပြုဆရာ၊ ဖာရိရှဲတို့၊ သင်တို့သည် အမင်္ဂလာရှိကြ၏။ အကြောင်းမူကား၊ ကောင်းကင်နိုင်ငံတော်၏ တံခါးကိုလူတို့ရှေ့မှာပိတ်ထား၍ မိမိတို့လည်းမဝင်၊ ဝင်လိုသောသူတို့ကိုလည်း ဆီးတားကြ၏။(ရှင်မဿဲခရစ်ဝင် ၂၃:၁၃)လျှို့ဝှက်သောကျမ်းပြုဆရာ၊ ဖာရိရှဲတို့၊ သင်တို့သည် အမင်္ဂလာရှိကြ၏။ အကြောင်းမူကား၊ လူတစ်ယောက်ကိုပင် ဘာသာသွင်းခြင်းငှါ ကုန်းကြောင်း ရေကြောင်းပတ်လည်လှည့်၍ ဘာသာသွင်းပြီးသောသူ ကိုလည်း၊ မိမိတို့ထက် နှစ်ဆသောငရဲသားဖြစ်စေကြ၏။(ရှင်မဿဲခရစ်ဝင် ၂၃:၁၅) သခင်ယေရှုရဲ့ နှုတ်ကပတ်တော်တွေကနေ ကျွန်မတို့ ရှင်းရှင်းလင်းလင်း မြင်နိုင်တာက၊ ဘာသာရေးလောကရဲ့ သင်းအုပ်တွေနဲ့ အကြီးအကဲတွေဟာ တရားဟောပြီး အလုပ်လုပ်နိုင်ပေမဲ့လို့ သခင်က သူတို့ကို အသိအမှတ်မပြုဘဲ အဲဒီအစား မကောင်းမှုပြုသူတွေဆိုပြီး ပြစ်တင်ရှုတ်ချခဲ့တယ်။ ဘာဖြစ်လို့ ဒီလိုဖြစ်ရတာလဲ။ ဘာလို့လဲဆိုတော့ သူတို့ဟာ မကောင်းမှုတွေကို အများကြီး လုပ်ခဲ့လို့ပဲ။ သူတို့က ယုံကြည်သူတွေကို ဘေးသင့်စေပြီး ဖျက်ဆီးခဲ့လို့ လူအများအပြားကို သူတို့အသင်းတော်ကို ဝင်ပြီးတဲ့နောက်မှာ ငရဲသားတွေ ဖြစ်စေခဲ့တယ်။ ဒီပြောဆိုချက်ကို ဘယ်လို ရှင်းပြသင့်လဲ။ သူတို့က ဘာလို့ အသင်းတော်ထဲ ဝင်ပြီးတဲ့နောက်မှာ ငရဲသားတွေ ဖြစ်သွားကြတာလဲ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ ဘာသာရေးမှာ သခင့်ကို ယုံကြည်ပေမဲ့၊ သခင် ပြန်ကြွလာတဲ့အခါမှာ သင်းအုပ်တွေ၊ အကြီးအကဲတွေရဲ့ အထင်အမြင်မှားအောင်လုပ်တာ၊ ဘောင်ခတ်တာနဲ့ ချည်နှောင်တာတွေကို ခံရလို့ပဲ။ သူတို့က ဘာသာရေးမှာ သခင့်ကို ယုံကြည်ဖို့ပဲ ဖက်တွယ်ထားပြီး သခင်ရဲ့ ပြန်ကြွလာခြင်း၊ ဒါမှမဟုတ် နောက်ဆုံးသော ကာလမှာ ကိုယ်တော်လုပ်တဲ့ တရားစီရင်တဲ့ အမှုတော်ကို လက်မခံကြဘူးလေ။ အဲဒီအခါကျတော့ သူတို့က ဘုရားသခင်ကို ငြင်းပယ်ပြီး အတိုက်အခံလုပ်တဲ့သူတွေ ဖြစ်လာတယ်၊ ဘုရားသခင် ဖယ်ရှားရှင်းလင်းတာကို သူတို့ ခံလိုက်ရတယ်။ အဲဒါက သူတို့ကို ငရဲသားတွေ ဖြစ်မသွားစေဘူးလား။ ဒီလူတွေဟာ သင်းအုပ်တွေနဲ့ အကြီးအကဲတွေရဲ့ ဘေးသင့်စေပြီး ဖျက်ဆီးတာကို ခံခဲ့ရတာပါ။ ဒါဟာ သခင်ယေရှုရဲ့ နှုတ်ကပတ်တော်တွေကို အတိအကျ ပြည့်စုံစေပါတယ်။ “သူတို့သည်လူကန်းတို့အား လမ်းပြသောလူကန်းဖြစ်၏။ လူကန်းချင်းတဦးကို တဦးလမ်းပြလျှင်၊ နှစ်ဦးတို့သည် တွင်းထဲသို့ကျကြလိမ့်မည်။(ရှင်မဿဲခရစ်ဝင် ၁၅:၁၄) ဒါကြောင့်၊ ဘာသာရေးလောကရဲ့ သင်းအုပ်တွေနဲ့ အကြီးအကဲတွေက လူတွေကို မှန်တဲ့ လမ်းခရီးကို စုံစမ်းခွင့်မပြုဘဲ၊ အဲဒီအစား လူတွေကို အထင်အမြင်မှားအောင်လုပ်ပြီး ထောင်ချောက်ဆင်မယ်၊ ပြီးတော့ အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော်အကြောင်း ကောလာဟလတွေ လွှင့်မယ်၊ အသရေဖျက်ပြီး ပြစ်တင်ရှုတ်ချတာတွေကိုတောင် လုပ်မယ်ဆိုရင်၊ အဲဒီအခါမှာ သူတို့က ကြီးလေးတဲ့ အပြစ်သားတွေပါပဲ။ သူတို့က ဘုရားသခင်ရဲ့ ရန်သူတွေဖြစ်ပြီး သူတို့ရဲ့ နောက်ဆုံး အဆုံးသတ်ဟာ သေချာပေါက် ပျက်စီးခြင်းပဲ ဖြစ်မှာပါ။ အနန္တတန်ခိုးရှင် ဘုရားသခင် မိန့်ဆိုထားတဲ့အတိုင်းပါပဲ၊ “ခမ်းနားသည့် ဘုရားကျောင်းများထဲတွင် သမ္မာကျမ်းစာကို ဖတ်ရှုပြီး တစ်နေ့လုံး အာဂုံဆောင်သောသူများ ရှိသည့်တိုင် ၎င်းတို့ထဲတွင် တစ်ဦးမျှ ဘုရားသခင်၏ အမှု၏ ရည်ရွယ်ချက်ကို နားမလည်ပေ။ ၎င်းတို့ထဲတွင် တစ်ဦးမျှ ဘုရားသခင်ကို မသိနိုင်ကြပေ။ ၎င်းတို့ထဲမှ တစ်ဦးတစ်ယောက်မျှ ဘုရားသခင်၏ ရည်ရွယ်ချက်များနှင့် သာ၍ပင် ကိုက်ညီနိုင်ခြင်းမရှိပေ။ ၎င်းတို့အားလုံးသည် အသုံးမကျသော လူယုတ်မာများ ဖြစ်ကြပြီး ‘ဘုရားသခင်’ကို ဩဝါဒခြွေရန် အမြင့်တွင် အသီးသီး ရပ်နေကြသူများ ဖြစ်ကြသည်။ ၎င်းတို့သည် ဘုရားသခင်၏ အလံကို လွှင့်ထူထားသည့်တိုင် ဘုရားသခင်ကို တမင်တကာ အတိုက်အခံလုပ်သောသူများ၊ ဘုရားသခင်ကို ယုံကြည်သည့် အမှတ်တံဆိပ်ကို ချိတ်ဆွဲထားရင်း လူ၏ အသားကိုစားပြီး လူ၏အသွေးကိုသောက်သောသူများ ဖြစ်ကြသည်။ ထိုသို့သောလူအားလုံးသည် လူသား၏ ဝိညာဉ်ကို ဝါးမျိုသည့် ဆိုးယုတ်သော နတ်ဆိုးများ၊ မှန်ကန်သောလမ်းကြောင်းပေါ်သို့ လူတို့ တက်ရောက်ခြင်းကို တမင်သက်သက် နှောင့်ယှက်သော မကောင်းဆိုးဝါးများ၏ ဦးသျှောင်ဖြစ်ပြီး ဘုရားသခင်ကို လူတို့၏ ရှာဖွေခြင်းအား ပိတ်ဆို့သော ခလုတ်တံသင်းများဖြစ်ကြ၏။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်ကို မသိသောသူ အားလုံးသည် ဘုရားသခင်ကို အတိုက်အခံလုပ်သောသူများ ဖြစ်ကြသည်) လူတွေဟာ ဘာသာရေးလောကက သင်းအုပ်တွေနဲ့ အကြီးအကဲတွေကို ပိုင်းခြားသိမြင်ဖို့ ဘယ်တော့မှ မသင်ယူဘူး၊ သူတို့ပြောတာကို အမြဲယုံကြည်ပြီး သူတို့ရဲ့ ဘောင်ခတ်တာ၊ ချည်နှောင်တာကို အမြဲခံနေရမယ်ဆိုရင်၊ အဲဒီအခါ သူတို့က အမိုက်မဲဆုံး အပျိုကညာတွေပါပဲ။ ကယ်တင်ခြင်းရဖို့ သူတို့ရဲ့ အခွင့်အရေးတွေကို သင်းအုပ်တွေ၊ အကြီးအကဲတွေက လုံးဝဖျက်ဆီးမှာဖြစ်ပြီး ငိုကြွေးရင်း၊ အံကြိတ်ရင်း အမှောင်ထုထဲကို သူတို့ ကျဆင်းသွားမှာပါ။ ကဲ ပြောပါဦး၊ ဘာသာရေးလောကရဲ့ သင်းအုပ်တွေနဲ့ အကြီးအကဲတွေက သခင့်ကို ကြိုဆိုနိုင်မှာလား။ သခင်ကြွလာတဲ့အခါ သူတို့ကို အရင်ဆုံး ဗျာဒိတ်တော် ပေးပါ့မလား။ လုံးဝ ပေးမှာ မဟုတ်ပါဘူး။ ဘာသာရေးလောကရဲ့ သင်းအုပ်တွေနဲ့ အကြီးအကဲတွေက ဘုရားသခင်ကို အတိုက်အခံလုပ်တဲ့ အန္တိခရစ်တွေဖြစ်ပြီး၊ မှန်တဲ့ လမ်းခရီးကို လူတွေ မစုံစမ်းအောင် တားဆီးနေတဲ့ နတ်ဆိုးတွေဖြစ်တယ်ဆိုတာကို ရှင်တို့ တကယ် သဘောပေါက်ပြီဆိုရင်၊ “လမ်းခရီးတစ်ခုကို ဘာသာရေးလောကက ပြစ်တင်ရှုတ်ချတယ်ဆိုရင်၊ အဲဒါက မှန်တဲ့လမ်းခရီး မဟုတ်ဘူး” ဆိုတဲ့ နတ်ဆိုးဆန်တဲ့ စကားတွေကို အဲဒီအခါမှာ ရှင်တို့ ယုံကြည်နိုင်ဦးမလား။ ဘာသာရေးလောကက သင်းအုပ်တွေနဲ့ အကြီးအကဲတွေက လူတွေကို ကောင်းကင်နိုင်ငံတော်ထဲ ခေါ်ဆောင်သွားနိုင်တယ်လို့ ရှင်တို့ ဆက်ပြီး ခိုင်ခိုင်မာမာ ယုံကြည်နေဦးမယ်၊ သူတို့စကားကို အကြွင်းမဲ့ နားထောင်ပြီး သူတို့ကို ကျိုးနွံနာခံမယ်၊ ပြီးတော့ နောက်ဆုံးမှာ မှန်တဲ့ လမ်းခရီးကို ငြင်းပယ်ပြီး သခင်ယေရှု ပြန်ကြွလာတာကို ငြင်းပယ်မယ်ဆိုရင်၊ ရှင်တို့က အမိုက်မဲဆုံး လူမိုက်တွေ မဟုတ်ဘူးလား။ ဒီမေးခွန်းက ဆင်ခြင်သုံးသပ်ထိုက်တဲ့ မေးခွန်းပါပဲ။

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

စစ်မှန်သည့် ခရစ်တော်နှင့် ခရစ်တော်အယောင်ဆောင်သူများကို ခွဲခြားသိမြင်ပုံ

သခင်ယေရှုက တစ်ခါတုန်းက ပြောခဲ့ဖူးတယ်။ “ထိုအခါ သူတပါးက ဤအရပ်၌ ခရစ်တော်ရှိသည်၊ ထိုအရပ်၌ရှိသည်ဟု ဆိုသော်လည်း မယုံကြနှင့်။ အကြောင်းမှာ...

စစ်မှန်သည့် ခရစ်တော်နှင့် ခရစ်တော် အယောင်ဆောင်များကို ပိုင်းခြားသိမြင်ခြင်း

ဒီနေ့ စစ်မှန်တဲ့ ခရစ်တော်နဲ့ ခရစ်တော် အယောင်ဆောင်တွေကို ဘယ်လို ပိုင်းခြားသိမြင်ရမယ်ဆိုတာကို ကျွန်တော်ပြောချင်ပါတယ်။ ဒါက ဘုရားအပေါ်...

သခင့်ကို ကြိုဆိုဖို့ ကိုယ်တော်၏အသံကို ကျွန်ုပ်တို့ အဘယ်ကြောင့် နားစွင့်ရမည်နည်း

အခုဆိုရင် ဘာသာရေးလောကမှာ သခင့်ကို ယုံကြည်တဲ့ လူအတော်များများက ကိုယ်တော့်ကို ကြိုဆိုဖို့ အလွန် တောင့်တနေကြပြီး မှန်တဲ့ လမ်းခရီးကို...

သခင်သည် မိုးတိမ်စီး၍ အမှန်တကယ် ပြန်ကြွလာမည်လော။

ကြီးမားတဲ့ ကပ်ဘေးတွေ ပိုပိုပြီး နီးကပ်လာတဲ့အချိန်မှာ ယုံကြည်သူအတော်များများက ဘေးအန္တရာယ်တွေကနေ လွတ်မြောက်ပြီး ကောင်းကင်နိုင်ငံတော်ကို...

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။