အပြစ်များကို ခွင့်လွှတ်ခံရသည့်သူများသည် ကောင်းကင်နိုင်ငံတော်ကို ဝင်ရောက်ဖို့ အရည်အချင်းပြည့်မီသလား

01.04.2026

သခင့်ကို ယုံကြည်တဲ့ လူအတော်များများက တွေးကြတယ်၊ “သခင်ယေရှုက ငါတို့ရဲ့ အပြစ်တွေကို ခွင့်လွှတ်ပေးခဲ့ပြီဖြစ်ပြီး ငါတို့ဟာ ယုံကြည်တော့ ဖြောင့်မတ်ရာရောက်ပြီလေ။ သခင်က ငါတို့ကို အပြစ်မရှိဘူးလို့ မြင်တဲ့အတွက် ငါတို့ ဘာလို့ ကောင်းကင်နိုင်ငံတော်ဆီ တိုက်ရိုက် ချီယူမခံရမှာလဲ” လို့ပေါ့။ အခု ဒီမေးခွန်းနဲ့ပတ်သက်ပြီး မိတ်သဟာယဖွဲ့ကြရအောင်။ သခင့်ကို ယုံကြည်တော့ လူတွေရဲ့ အပြစ်တွေ ခွင့်လွှတ်ခံရတယ်ဆိုတာ မှန်ပါတယ်၊ ဒါပေမဲ့ သူတို့ရဲ့ အပြစ်တွေ ခွင့်လွှတ်ခံရပြီးနောက်မှာ ဘာဖြစ်လို့ ခဏခဏ အပြစ်လုပ်နေကြသေးတာလဲ။ သခင့်ကို တစ်သက်လုံး ယုံကြည်ရင်တောင်မှ သူတို့ရဲ့ အပြစ်ရှိတဲ့ သဘာဝရဲ့ ချုပ်နှောင်မှုကနေ ဘာဖြစ်လို့ မရုန်းထွက်နိုင်ဘဲ အပြစ်ထဲမှာပဲ ဆက်အသက်ရှင်နေပြီး ကိုယ့်ဘာသာ ရုန်းမထွက်နိုင်ကြတာလဲ။ ဒါ့အပြင် အပြစ်တွေ ခွင့်လွှတ်ခံရပြီးနောက်မှာ လူတွေက ဘုရားသခင်ကို ပြစ်တင်ရှုတ်ချတာ၊ ဘုရားသခင်ကို အတိုက်အခံလုပ်တာနဲ့ ဘုရားသခင်ကို သစ္စာဖောက်တာတွေကို ဘာကြောင့် လုပ်နိုင်သေးတာလဲ။ ဒီမှာ ဘာပြဿနာ ရှိနေတာလဲ။ ဂျူးလူမျိုးတွေဟာ အပြစ်လုပ်ပြီးနောက် မီးရှို့တဲ့ ယဇ်ပူဇော်ခြင်းတွေ ပူဇော်ဆက်ကပ်ခဲ့လို့ သူတို့ရဲ့ အပြစ်တွေ ခွင့်လွှတ်ခံရတယ်။ ဒါဆိုရင် သမ္မာတရားကို ဖော်ပြတဲ့ သခင်ယေရှုကို လက်ဝါးကပ်တိုင်မှာ သူတို့ ဘာဖြစ်လို့ သံမှိုရိုက်နိုင်ခဲ့သေးတာလဲ။ လူတစ်ယောက်ရဲ့ အပြစ်တွေ ခွင့်လွှတ်ခံရတာဟာ သူက အပြစ်ကနေ ရုန်းထွက်လွတ်မြောက်ပြီလို့ ဆိုလိုတာ မဟုတ်ဘူး၊ သန့်ရှင်းစင်ကြယ်ခံရပြီလို့ ဆိုလိုဖို့ဆိုတာ ဝေလာဝေးပဲဆိုတာကို သက်သေပြဖို့ ဒါက လုံလောက်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ လူတစ်ယောက်ရဲ့ အပြစ်တွေ ခွင့်လွှတ်ခံရပြီးနောက်မှာ သူတို့ထဲက အပြစ်ရှိတဲ့ သဘာဝက ရှိနေတုန်းပဲ၊ ဆိုလိုတာက သူတို့ရဲ့ အပြစ်လုပ်တတ်တဲ့ သဘာဝက ရှိနေတုန်းမို့လို့ပါပဲ။ သူတို့ဟာ အပြစ်လုပ်လိုက်၊ ဝန်ခံလိုက်၊ ဝန်ခံလိုက်၊ အပြစ်လုပ်လိုက်နဲ့ အပြစ်ထဲမှာ နေ့တိုင်း အသက်ရှင်နေကြတုန်းပဲ။ သမ္မာကျမ်းစာထဲတွင် ပြောထားသည်မှာ “သန့်ရှင်းခြင်းပါရမီမရှိလျှင်၊ အဘယ်သူမျှ ထာဝရဘုရားကို မဖူးမမြင်ရ။(ဟေဗြဲသြဝါဒစာ ၁၂:၁၄)ငါသည် သန့်ရှင်းသောကြောင့်၊ သင်တို့သည် သန့်ရှင်းခြင်း ရှိရကြမည်။(ဝတ်ပြုရာကျမ်း ၁၁:၄၅-၄၆) ဒါဆို အဲဒီလိုလူတွေဟာ ဘုရားသခင်ရဲ့ ကတိတော်တွေနဲ့ ကောင်းချီးတွေကို ခံစားဖို့ အရည်အချင်းပြည့်မီပါသလား။ ကောင်းကင်နိုင်ငံတော်ဆီ ခေါ်ဆောင်ခံရဖို့ အရည်အချင်းပြည့်မီပါသလား။ လုံးဝ အရည်အချင်း မပြည့်မီပါဘူး။

ကျေးဇူးတော်ခေတ်မှာ၊ သခင်ယေရှု လုပ်ဆောင်ခဲ့တဲ့ အလုပ်ဟာ ရွေးနုတ်ခြင်း အမှုသက်သက်သာဖြစ်ပြီး လူသားတွေရဲ့ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားတွေကို သန့်စင်ပေးတဲ့ အလုပ် မဟုတ်ဘူး၊ စာတန်ရဲ့ စွမ်းအားကနေ လူသားတွေကို အပြည့်အဝ ကယ်တင်တဲ့အလုပ် မဟုတ်ဘူးဆိုတာကို ဘယ်သူမှ ရှင်းရှင်းလင်းလင်း မမြင်နိုင်ခဲ့ကြဘူး။ သခင်ယေရှုဟာ လူသားတွေရဲ့ အပြစ်ဖြေရာယဇ်အနေနဲ့သာ အမှုဆောင်ခဲ့တာပါ။ သခင်ယေရှုရဲ့ နာမတော်နဲ့ လူတွေက ဆုတောင်း၊ ဝန်ခံပြီး နောင်တရသရွေ့ သူတို့ရဲ့ အပြစ်တွေ ခွင့်လွှတ်ခံရပြီး ပညတ်တရားရဲ့ ပြစ်တင်ရှုတ်ချတာကို မခံရတော့ဘူး။ ဒါဟာ ကျေးဇူးတော်ခေတ်မှာ ကျွန်မတို့ ခဏခဏပြောလေ့ရှိတဲ့ “ကယ်တင်ခြင်း” ရဲ့ စစ်မှန်တဲ့ အဓိပ္ပာယ်ပဲ ဖြစ်တယ်။ ဒီကယ်တင်ခြင်းဟာ သန့်စင်ခံရတာနဲ့ ကောင်းကင်နိုင်ငံတော်ကို ဝင်ရောက်တာနဲ့ ဘာမှမဆိုင်ပါဘူး။ အဲဒါတွေက လုံးဝကို မတူညီတဲ့ ကိစ္စနှစ်ခုလို့ ပြောလို့ရတယ်။ ဒါကြောင့် ရှင်တို့က သခင်ယေရှုရဲ့ ရွေးနုတ်ခြင်း အမှုကို လက်ခံထားရုံနဲ့ အပြည့်အဝ ကယ်တင်ခံရပြီး ကောင်းကင်နိုင်ငံတော်ကို ဝင်ရောက်ရမယ်လို့ မဆိုလိုပါဘူး။ ပြောပါဦး၊ အပြစ်တွေ ခွင့်လွှတ်ခံရတဲ့လူတွေဟာ ကယ်တင်ခံရပြီဖြစ်ပြီး ကောင်းကင်နိုင်ငံတော်ကို ဝင်ရောက်ဖို့ အရည်အချင်းပြည့်မီတယ်လို့ သခင်ယေရှု ဘယ်တုန်းကများ ပြောခဲ့ဖူးလို့လဲ။ သခင်ယေရှုက ဒီလိုစကားမျိုး ဘယ်တုန်းကမှ မပြောခဲ့ဖူးတဲ့အပြင် သန့်ရှင်းသော ဝိညာဉ်တော်ကလည်း မပြောခဲ့ပါဘူး။ ဒါပေမဲ့ သခင်ယေရှုက အရမ်း အရေးကြီးတဲ့ စကားတစ်ခွန်းကို ပြောခဲ့ပါတယ်။ “သင်တို့အား ငါပြောစရာစကားအများရှိသော်လည်း၊ သင်တို့သည် ယခုမခံနိုင်ကြ။ သမ္မာတရားနှင့်ပြည့်စုံသော ထိုဝိညာဉ်တော်သည် ရောက်လာသောအခါ၊ သမ္မာတရားကို သင်တို့အား အကြွင်းမဲ့ သွန်သင်ပြလိမ့်မည်။(ရှင်ယောဟန်ခရစ်ဝင် ၁၆:၁၂-၁၃) ဒီစကားတွေက ဘာကို ဆိုလိုတာလဲ။ သခင့်ကို ကြိုဆိုတဲ့နေရာမှာ အရေးကြီးဆုံးအရာက သမ္မာတရားနဲ့ပြည့်စုံတဲ့ ဝိညာဉ်တော်ကို ကြိုဆိုဖို့ဖြစ်တယ်ဆိုတာကို ကျွန်မတို့ကို ပြောပြနေတာပါ။ သမ္မာတရားနဲ့ပြည့်စုံတဲ့ ဝိညာဉ်တော်က ဘယ်သူလဲ။ သူက သမ္မာတရားကို ဖော်ပြဖို့ ကြွလာပြီး ရှင်တို့ကို သမ္မာတရားအားလုံးထဲ လမ်းပြပေးမဲ့ ဘုရားသခင်ပဲ ဖြစ်တယ်။ အခုဆိုရင် ရှင်တို့ဟာ အပြစ်တွေကို ခွင့်လွှတ်ခံရရုံသာ ရှိသေးတယ်၊ ရှင်တို့ သန့်ရှင်းစင်ကြယ်မခံရခင်မှာ ဘုရားသခင်က အလုပ် နောက်တစ်ဆင့်ကို လုပ်ဆောင်ပေးဖို့ လိုအပ်နေသေးတယ်။ သမ္မာတရားကို ဖော်ပြဖို့ ကြွလာမဲ့ ဘုရားသခင်ကို ရှင်တို့ စောင့်ရမယ်။ သူက ဘုရားသခင်ရဲ့ အိမ်တော်ကနေစပြီး တရားစီရင်တဲ့ အလုပ်ကို လုပ်ဆောင်လိမ့်မယ်။ ဒီလူ့ဇာတိခံယူထားတဲ့ ဘုရားသခင် ဖော်ပြတဲ့ နှုတ်ကပတ်တော်တွေကို လက်ခံမှသာ ရှင်တို့ဟာ သမ္မာတရားအားလုံးထဲကို ဝင်ရောက်နိုင်မယ်၊ သန့်စင်ခံရမယ်၊ ပြီးတော့ စာတန်ရဲ့ စွမ်းအားကနေ အပြည့်အဝ ရုန်းထွက်နိုင်မယ်။ ဒါမှသာ ကောင်းကင်နိုင်ငံတော်ကို ဝင်ရောက်ဖို့ ရှင်တို့ အရည်အချင်းပြည့်မီလိမ့်မယ်။ ဒီပရောဖက်ပြုချက်ထဲမှာ သခင်ယေရှုက ဒီလိုပဲ ပြောခဲ့ပါတယ်။ “သမ္မာတရားနှင့်ပြည့်စုံသော ထိုဝိညာဉ်တော်သည် ရောက်လာသောအခါ၊ သမ္မာတရားကို သင်တို့အား အကြွင်းမဲ့ သွန်သင်ပြလိမ့်မည်။” ဒါက ဘာသတင်းစကားကို ပေးနေတာလဲ။ သခင် ပြန်ကြွလာတဲ့အခါ တရားစီရင်တဲ့ အလုပ်ကို လုပ်ဆောင်ဖို့ သမ္မာတရားကို ဖော်ပြမယ်၊ ဆိုလိုတာက ဘုရားသခင်ရဲ့ အိမ်တော်ကနေစပြီး တရားစီရင်တဲ့ အလုပ်ကို လုပ်ဆောင်တာ ဖြစ်တယ်။ ခရစ်တော်ရဲ့ ပလ္လင်တော်ရှေ့မှာ တရားစီရင်မှုကို တွေ့ကြုံခံစားရမှသာ ရှင်တို့ရဲ့ ဖောက်ပြန်ပျက်စီးမှု အမှန်တရားကို အမှန်တကယ် သိနိုင်ပြီး ရှင်တို့ရဲ့ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားတွေကနေ သန့်စင်ခံရနိုင်တယ်။ ဒါမှသာ ဘုရားသခင်ကို စစ်မှန်တဲ့ ကျိုးနွံနာခံခြင်းကို ရရှိနိုင်ပြီး ဘုရားအလိုတော်ကို လိုက်လျှောက်နိုင်မှာ ဖြစ်တယ်။ ဒါဟာ သခင်ယေရှုရဲ့ နှုတ်ကပတ်တော်တွေကို ပြည့်စုံစေတာပါ။ “ကိုယ်တော်၏သမ္မာတရားအားဖြင့် သူတို့ကိုသန့်ရှင်းစေတော်မူပါ။ ကိုယ်တော်၏နှုတ်ကပတ်သည် သမ္မာတရားဖြစ်ပါ၏။(ရှင်ယောဟန်ခရစ်ဝင် ၁၇:၁၇) ဒီစကားတွေက ဘာကို ဆိုလိုတာလဲဆိုတော့ ကျေးဇူးတော်ခေတ်မှာ လူတွေဟာ အပြစ်တွေကို ခွင့်လွှတ်ခံရရုံသာ ရှိခဲ့တယ်ဆိုတာပါပဲ။ သူတို့ဟာ သမ္မာတရားကို မရရှိသေးတဲ့အပြင် သန့်ရှင်းစင်ကြယ်ခြင်းကိုလည်း မရရှိသေးဘူး။ ဒါကြောင့် ဘုရားသခင်က သူတို့ကို သန့်စင်ပေးဖို့အတွက် နောက်ထပ် အလုပ်တစ်ဆင့် လုပ်ဖို့ လိုအပ်နေသေးတယ်။ ကြည့်လိုက်ပါ၊ ဒီနှုတ်ကပတ်တော်တွေက ကောင်းကင်နိုင်ငံတော်ကို ဝင်ရောက်တာနဲ့ပတ်သက်တဲ့ နက်နဲတဲ့အရာကို ဖွင့်ပြနေပါတယ်။ ဘုရားသခင်က လူသားတွေကို အပြည့်အဝ ကယ်တင်ချင်တယ်၊ ဒါဆို သူ ဘယ်လို လုပ်ဆောင်သလဲ။ ဘုရားသခင်ရဲ့ အိမ်တော်ကနေစပြီး တရားစီရင်တဲ့ အလုပ်ကို လုပ်ဆောင်ပြီး ကျွန်မတို့ကို သမ္မာတရားအားလုံးထဲ လမ်းပြပေးတယ်၊ ဒါမှသာ ကျွန်မတို့ဟာ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားတွေကို ဖယ်ရှားနိုင်ပြီး အပြည့်အဝ ကယ်တင်ခြင်းကို ရရှိနိုင်မှာ ဖြစ်တယ်။ ဘုရားသခင်က ကျွန်မတို့ကို သမ္မာတရားအားလုံးထဲ လမ်းမပြရင် အပြည့်အဝ ကယ်တင်ခြင်းကို ကျွန်မတို့ ရရှိနိုင်မှာ မဟုတ်ဘူး၊ ပြီးတော့ ကောင်းကင်နိုင်ငံတော်ကို ဝင်ရောက်ဖို့ ကျွန်မတို့ အရည်အချင်းပြည့်မီမှာ မဟုတ်ဘူး။ ဒါကြောင့် အပြစ်တွေ ခွင့်လွှတ်ခံရတာဟာ ကောင်းကင်နိုင်ငံတော်ကို ဝင်ရောက်ဖို့အတွက် သတ်မှတ်ချက်တစ်ခုလို့ သခင်က ဘယ်တော့မှ မပြောခဲ့ပါဘူး။ အပြစ်တွေ ခွင့်လွှတ်ခံရပြီး သခင့်အတွက် တရားဟောတာ၊ အလုပ်လုပ်တာတွေ၊ ပြီးတော့ အံ့ဖွယ်အမှုတွေ အများကြီး လုပ်နိုင်ရင်တောင်မှ ကောင်းကင်နိုင်ငံတော်ကို ဝင်ရောက်ဖို့ အရည်အချင်းမပြည့်မီသေးပါဘူး။ ဒါတင်မကဘဲ သခင်ယေရှုက ဒီလိုလည်း ပြောဦးမှာဖြစ်တယ်။ “သင်တို့ကို ငါအလျှင်းမသိ၊ အဓမ္မအမှုကို ပြုသောသူတို့၊ ငါ့ထံမှ ဖယ်ကြ...(ရှင်မဿဲခရစ်ဝင် ၇:၂၃) ဒီလူတွေဟာ သခင့်နာမတော်နဲ့ တရားဟောပြီး အလုပ်လုပ်တဲ့သူတွေ၊ အနာငြိမ်းတဲ့သူတွေ၊ နတ်ဆိုးနှင်တဲ့သူတွေနဲ့ အံ့ဖွယ်အမှုတွေ အများကြီး လုပ်တဲ့သူတွေချည်းပဲ ဖြစ်တယ်။ သခင်ယေရှုက ဘာဖြစ်လို့ သူတို့ကို “အဓမ္မအမှုကို ပြုသောသူတို့၊ ငါ့ထံမှ ဖယ်ကြ” လို့ ပြောခဲ့တာလဲ။ ဒီစကားတွေက ဘာကို ဆိုလိုတာလဲ။ အဲဒါက သခင် ပြန်ကြွလာတာကို ရှင်တို့ လက်မခံရင်၊ သမ္မာတရားအားလုံးထဲကို ရှင်တို့ကို လမ်းပြပေးတဲ့ သမ္မာတရားနဲ့ပြည့်စုံတဲ့ ဝိညာဉ်တော် လုပ်ဆောင်တဲ့ ဒီအလုပ်ကို လက်မခံရင် ရှင်တို့ဟာ သခင်ယေရှုရဲ့ နာမတော်နဲ့ တရားဟောပြီး အလုပ်လုပ်တာ၊ အနာငြိမ်းတာ၊ နတ်ဆိုးနှင်ထုတ်တာနဲ့ အံ့ဖွယ်အမှုတွေ အများကြီး လုပ်ခဲ့ရင်တောင်မှ သခင့်အမြင်မှာတော့ ဒုစရိုက်ကို ပြုတဲ့သူတွေ ဖြစ်နေတယ်လို့ ဆိုလိုတာပါ။ သခင်က ရှင်တို့ကို ဘယ်တုန်းကမှ မသိခဲ့ဘူး၊ ပြီးတော့ ကောင်းကင်နိုင်ငံတော်ကို ဝင်ရောက်ဖို့ ရှင်တို့ အရည်အချင်းမပြည့်မီဘူးလေ။ အဲဒါက သခင်ယေရှု နှုတ်ကပတ်တော်တွေရဲ့ အဓိပ္ပာယ်ပါပဲ။ သခင့်ကို ယုံကြည်တာ နှစ်ဘယ်လောက်ကြာကြာ ကိစ္စမရှိပါဘူး။ နောက်ဆုံးသော ကာလမှာ ဘုရားသခင် ဖော်ပြတဲ့ သမ္မာတရားအားလုံးကို ရှင်တို့ လက်မခံရင် ဘုရားသခင်ရဲ့ အမြင်မှာ ရှင်တို့ဟာ ဒုစရိုက်ကို ပြုတဲ့သူတွေ ဖြစ်နေပြီ။ ရှင်တို့ဟာ ဖယ်ရှားရှင်းလင်းခံရမယ်၊ ပြီးတော့ ဘေးအန္တရာယ်ထဲကို ကျရောက်ရမယ်။ သခင်ယေရှု ပြောခဲ့သည်မှာ “သို့ရာတွင် ကောင်းကင်ဘုံရှိ ငါ၏ခမည်းတော် အလိုတော်အတိုင်း လိုက်လျှောက်သောသူသာလျှင် ဝင်ရလိမ့်မည်။(ရှင်မဿဲခရစ်ဝင် ၇:၂၁) ဒါက ဘာကို ဆိုလိုတာလဲ။ သခင် ပြန်ကြွလာတာကို ကြိုဆိုနိုင်တဲ့သူတွေ၊ သမ္မာတရားနဲ့ပြည့်စုံတဲ့ ဝိညာဉ်တော်ကို ကြိုဆိုပြီး သမ္မာတရားအားလုံးထဲကို ဝင်ရောက်နိုင်တဲ့သူတွေ၊ ဘုရားသခင်ရဲ့ တရားစီရင်မှုနဲ့ ပြစ်တင်ဆုံးမခြင်းကို လက်ခံပြီး သန့်စင်ခံရတဲ့သူတွေ၊ ပြီးတော့ သူတို့ရဲ့ အထူးတာဝန်ကို ကောင်းကောင်းမွန်မွန် ဖြည့်ဆည်းပြီး ဖန်ဆင်းခံတစ်ယောက်ရဲ့ တာဝန်ကို ကောင်းကောင်းလုပ်နိုင်တဲ့သူတွေသာလျှင် ဘုရားအလိုတော်ကို လိုက်လျှောက်တဲ့သူတွေ ဖြစ်တယ်လို့ ဆိုလိုတာပါ။ ဒီလူတွေသာလျှင် နောက်ဆုံးမှာ ကောင်းကင်နိုင်ငံတော်ကို ဝင်ရောက်နိုင်မှာ ဖြစ်ပါတယ်။

အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ “ယေရှုသည် လူ့လောကထဲသို့ ကြွလာခဲ့သောအချိန်တွင် သူသည် ကျေးဇူးတော်ခေတ်ကို ဆောင်ကြဉ်းပေးခဲ့ပြီး ပညတ်တော်ခေတ်ကို အဆုံးသတ်ခဲ့သည်။ နောက်ဆုံးသော ကာလအတွင်းတွင် ဘုရားသခင်သည် နောက်တစ်ကြိမ် လူ့ဇာတိခံယူခဲ့ပြီး ဤလူ့ဇာတိခံယူခြင်းအားဖြင့် ကျေးဇူးတော်ခေတ်ကို သူ အဆုံးသတ်ကာ နိုင်ငံတော်ခေတ်ကို ဆောင်ကြဉ်းပေးခဲ့သည်။ ဘုရားသခင်၏ ဒုတိယအကြိမ် လူ့ဇာတိခံယူခြင်းကို လက်ခံနိုင်သောသူ အားလုံးသည် နိုင်ငံတော်ခေတ်ထဲသို့ ဦးဆောင်ခြင်းခံရမည် ဖြစ်သည့်အပြင် ဘုရားသခင်၏ လမ်းပြမှုကို ကိုယ်တိုင်ကိုယ်ကျ လက်ခံနိုင်လိမ့်မည်။ ယေရှုသည် လူသားအလယ်သို့ ရောက်လာပြီး အမှုများစွာ လုပ်ဆောင်ခဲ့သော်လည်း သူသည် လူသားမျိုးနွယ်တစ်ရပ်လုံးကို ရွေးနုတ်သောအလုပ်ကိုသာ ပြီးစီးစေခဲ့ပြီး လူသားတို့၏ အပြစ်ဖြေရာယဇ်အဖြစ် အသုံးခံခဲ့၏။ ကိုယ်တော်သည် လူသား၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားအားလုံး ဖယ်ရှားမပေးခဲ့ပေ။ စာတန်၏စွမ်းအားမှ လူသားကို အပြည့်အဝ ကယ်တင်ခြင်းသည် ယေရှုအနေဖြင့် အပြစ်ဖြေရာယဇ် ဖြစ်လာပြီး လူသား၏ အပြစ်များကို သယ်ဆောင်ရန် လိုအပ်သည်သာမက ဘုရားသခင်အနေဖြင့် လူသား၏ စာတန် ဖောက်ပြန်ပျက်စီးထားသော စိတ်သဘောထားအား လုံးဝဖယ်ရှားပေးရန် သာ၍ပင် ကြီးမားသော အလုပ်ကို လုပ်ဆောင်ဖို့လည်း လိုအပ်ပေသည်။ ထို့ကြောင့် လူသားသည် သူ၏အပြစ်များမှ ခွင့်လွှတ်ခံရပြီးနောက် ဘုရားသခင်သည် လူသားကို ခေတ်သစ်ထဲသို့ ဦးဆောင်ရန် လူ့ဇာတိ ပြန်လည်ခံယူခဲ့ပြီး ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်သည့်အလုပ်ကို စတင်ခဲ့သည်။ ဤအမှုသည် လူသားကို သာ၍မြင့်မားသည့် နယ်ပယ်တစ်ခုထဲသို့ ဆောင်ကြဉ်းပြီးဖြစ်သည်။ သူ၏အုပ်စိုးမှုအောက်တွင် ကျိုးနွံနာခံသူအားလုံးသည် သာ၍မြင့်မားသော သမ္မာတရားကို ပျော်မွေ့ခံစားပြီး သာ၍ကြီးမြတ်သော ကောင်းချီးမင်္ဂလာများကို ရရှိရပေမည်။ ၎င်းတို့သည် အလင်းတွင် အမှန်တကယ် အသက်ရှင်ကြရမည် ဖြစ်ပြီး သမ္မာတရား၊ လမ်းခရီးနှင့် အသက်တို့ကို ရရှိကြရလိမ့်မည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ကျမ်းဦးစကား)

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

စစ်မှန်သည့် ခရစ်တော်နှင့် ခရစ်တော် အယောင်ဆောင်များကို ပိုင်းခြားသိမြင်ခြင်း

ဒီနေ့ စစ်မှန်တဲ့ ခရစ်တော်နဲ့ ခရစ်တော် အယောင်ဆောင်တွေကို ဘယ်လို ပိုင်းခြားသိမြင်ရမယ်ဆိုတာကို ကျွန်တော်ပြောချင်ပါတယ်။ ဒါက ဘုရားအပေါ်...

ကယ်တင်ရှင် ပြန်ကြွလာသည့်အခါ၊ သူ့အား ယေရှုဟု ခေါ်ဦးမည်လော

နောက်ဆုံးသောကာလမှာ ကယ်တင်ရှင် အနန္တတန်ခိုးရှင် ဘုရားသခင်က ကမ္ဘာမြေကို ကြွလာနှင့်ပြီးပြီ။ လူသားမျိုးနွယ်ကို အပြည့်အဝ ကယ်တင်ဖို့...

သမ္မာကျမ်းထဲတွင် ဘုရားသခင်၏ အမှုတော်နှင့်နှုတ်ကပတ်တော် များအားလုံး ရှိသည် ဆိုသည်မှာ မှန်ပါသလား

ကယ်တင်ရှင်ဖြစ်တဲ့ အနန္တတန်ခိုးရှင် ဘုရားသခင် ဟာ နောက်ဆုံးသောကာလမှာ ပေါ်ထွန်းလာပြီး အမှုပြုနေတဲ့အပြင် သန်းနဲ့ချီတဲ့နှုတ်ကပတ်တော် တွေကို...

သခင် မိုးတိမ်စီး၍ ကြွဆင်းမည်ကိုသာ စောင့်မျှော်နေသူများ အမင်္ဂလာရှိ၏

သခင့်ကို ယုံကြည်သူတွေအတွက် အကြီးမားဆုံး မျှော်လင့်ချက်ကတော့ ကိုယ်တော် ပြန်ကြွလာတာကို ကြိုဆိုဖို့နဲ့ ကောင်းကင်နိုင်ငံတော်ဆီ...

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။