သခင့်ကို ကြိုဆိုဖို့ ကိုယ်တော်၏အသံကို ကျွန်ုပ်တို့ အဘယ်ကြောင့် နားစွင့်ရမည်နည်း

01.04.2026

အခုဆိုရင် ဘာသာရေးလောကမှာ သခင့်ကို ယုံကြည်တဲ့ လူအတော်များများက ကိုယ်တော့်ကို ကြိုဆိုဖို့ အလွန် တောင့်တနေကြပြီး မှန်တဲ့ လမ်းခရီးကို စုံစမ်းလေ့လာနေကြတယ်။ သခင်ယေရှု ပြန်ကြွလာပြီဖြစ်ပြီး နောက်ဆုံးသော ကာလမှာ သမ္မာတရားကို ဖော်ပြနေတယ်၊ တရားစီရင်တဲ့ အလုပ်ကို လုပ်ဆောင်နေတယ်လို့ အနန္တတန်ခိုးရှင်ဘုရားသခင် အသင်းတော်က သက်သေခံတာကို သူတို့ ကြားကြတယ်။ သခင် ပြန်ကြွလာတာကို စောင့်မျှော်ရာမှာ အရေးကြီးဆုံးအရာက ကိုယ်တော်ရဲ့ အသံကို ကြားဖို့ ရှာဖွေခြင်းဖြစ်တယ်ပေါ့။ ဒါဟာ သခင့်ရဲ့ နှုတ်ကပတ်တော်တွေနဲ့ ကိုက်ညီတယ်လို့ သူတို့ ခံစားရပေမဲ့ သူတို့ စိတ်ရှုပ်ထွေးနေကြတုန်းပဲ၊ ဒီလို တွေးနေကြတယ်။ “လူတွေက သခင် မိုးတိမ်စီးပြီး ကြွဆင်းလာတာကို မြင်တွေ့ရမှာပဲဆိုတော့ ကိုယ်တော်ရဲ့ အသံကို ကြားဖို့ ဘာကြောင့် လိုသေးတာလဲ” လို့ပေါ့။ ဒီမေးခွန်းနဲ့ပတ်သက်ပြီး မိတ်သဟာယဖွဲ့ကြရအောင်။ သခင် ပြန်ကြွလာမဲ့ နည်းလမ်းနှစ်ခုရှိတယ်လို့ သခင်ယေရှုက ပရောဖက်ပြုခဲ့တယ်။ တစ်ခုက လူသားအနေနဲ့ တိတ်တဆိတ် ကြွဆင်းလာတာဖြစ်ပြီး နောက်တစ်ခုက မိုးတိမ်စီးပြီး လူသိရှင်ကြား ကြွဆင်းလာတာ ဖြစ်တယ်။ နောက်ဆုံးသော ကာလမှာ သခင်က မိုးတိမ်စီးပြီးပဲ ကြွဆင်းလာခဲ့ရင် သခင့်ကို ကြိုဆိုဖို့ ဘုရားသခင်ရဲ့ အသံကို လူတွေ ကြားဖို့ လိုမှာ မဟုတ်ဘူးလေ။ ဘာဖြစ်လို့လဲဆိုတော့ မိုးတိမ်စီးပြီး သခင် လူသိရှင်ကြား ကြွဆင်းလာခြင်းရဲ့ သက်ရောက်မှုက တကယ်ကို ကမ္ဘာမြေကြီး တုန်လှုပ်လောက်အောင် ကြီးကျယ်ခမ်းနားပြီး ဘုန်းအာနုဘော် ကြီးမားမှာဖြစ်လို့ပဲ။ လူတွေက အဲဒါကို တိုက်ရိုက် မြင်တွေ့နိုင်မှာမို့ သခင့်ကို ကြိုဆိုဖို့ ဘုရားသခင်ရဲ့ အသံကို သူတို့ ကြားစရာ လိုမှာ မဟုတ်ဘူး။ ဒါပေမဲ့ ဘာသာရေးလောကထဲက လူအတော်များများဟာ သဘောပေါက်နားလည်နိုင်စွမ်း ကင်းမဲ့ကြတယ်။ သခင် မိုးတိမ်စီးပြီး ကြွဆင်းလာတာကို မြင်ရမယ်ဆိုတဲ့ အယူအဆကိုပဲ သူတို့ စွဲလမ်းနေကြတယ်။ သခင် မိုးတိမ်စီးပြီး ကြွဆင်းလာတာကို ကိုယ့်မျက်စိနဲ့ မြင်ရသရွေ့ ကိုယ်တော့်ကို ကြိုဆိုနိုင်မယ်လို့ သူတို့ တွေးကြတယ်။ ဒါကြောင့် သခင်ဟာ မိုးတိမ်စီးပြီး ကြွဆင်းလာမယ်လို့ ယုံကြည်တဲ့ လူတွေဟာ ဘုရားသခင်ရဲ့ အသံကို ကြားဖို့ အာရုံမစိုက်ကြဘူး။ အခုလက်ရှိ ဘာသာရေးလောက တစ်ခုလုံးရဲ့ အခြေအနေက ဒီအတိုင်းပါပဲ။ သူတို့အားလုံးက သခင် မိုးတိမ်စီးပြီး ကြွဆင်းလာဖို့ကိုပဲ စောင့်မျှော်နေကြပြီး ဘုရားသခင်ရဲ့ အသံကို ကြားဖို့ ဘယ်သူမှ မရှာဖွေကြဘူး။ သခင့်ကို ကြိုဆိုတာနဲ့ပတ်သက်ပြီး ဒီလို စိတ်သဘောထားမျိုးကို စွဲကိုင်ထားခြင်းရဲ့ အကျိုးဆက်တွေကတော့ တွေးတောင် မတွေးဝံ့စရာပဲ။ သမ္မာကျမ်းစာထဲမှာ သခင်ယေရှု ပြန်ကြွလာတာနဲ့ပတ်သက်ပြီး ပရောဖက်ပြုချက် တချို့ ရှိတယ်။ “ကြည့်ရှုလော့ သူခိုးကဲ့သို့ ငါလာ၏။(ဗျာဒိတ်ကျမ်း ၁၆:၁၆)သင်တို့အရှင်သည် အဘယ်အချိန်နာရီ၌ရောက်လာမည်ကို သင်တို့မသိသောကြောင့် စောင့်နေကြ လော့။(ရှင်မဿဲခရစ်ဝင် ၂၄:၄၂)ထိုနေ့ရက်နှင့်နာရီကိုမူကား မည်သူမျှမသိ။ ကောင်းကင်တမန်များ မသိသကဲ့သို့ သားတော်လည်း မသိ။ ငါ၏ ခမည်းတော်တစ်ပါးတည်းသာ သိတော်မူ၏။(ရှင်မဿဲခရစ်ဝင် ၂၄:၃၆) တကယ်ကို သဘောပေါက်နားလည်နိုင်စွမ်းရှိတဲ့ လူတွေက သခင်ယေရှု ပြန်ကြွလာတာနဲ့ပတ်သက်တဲ့ ဒီပရောဖက်ပြုချက်တွေကို မြင်တဲ့အခါ သူတို့ စဉ်းစားဆင်ခြင်ကြလိမ့်မယ်။ သခင်က လူသားအနေနဲ့ သေချာပေါက် ပြန်ကြွလာမှာပဲ၊ ဒါဆို လူသား ကြွလာတဲ့အခါ ကိုယ်တော့်ကို ကျွန်မတို့ ဘယ်လို ကြိုဆိုကြမလဲ။ သခင် ကြွလာပြီဆိုတာကို ကျွန်မတို့ ဘယ်လို သိနိုင်မလဲ ပေါ့။ သခင်ယေရှုက ဒီစကားတွေကို ပြောခဲ့တယ်။ “ငါ့သိုးတို့သည် ငါ့စကားသံကိုနားထောင်၍ ငါ့နောက်သို့လိုက်ကြ၏။ ထိုသိုးတို့ကို ငါသိ၏။(ရှင်ယောဟန်ခရစ်ဝင် ၁၀:၂၇) ဒီလိုဖြစ်တဲ့အတွက်ကြောင့် လူသား ကြွလာတာကို ကြိုဆိုဖို့ ဘုရားသခင်ရဲ့ အသံကို ကြားအောင် ရှင်တို့ ပြင်ဆင်ထားရမယ်။ ဒါဆို ဘုရားသခင်ရဲ့ အသံကို ကြားဖို့ ရှင်တို့ ဘယ်လို ပြင်ဆင်ထားသင့်သလဲ။ အဲဒါက သခင် မိုးတိမ်စီးပြီး ကြွဆင်းလာတာကို မြင်ရတဲ့ ကိစ္စမျိုးဆိုရင် ပြင်ဆင်စရာ လိုသေးလို့လား။ ဘယ်သူမဆို သခင် မိုးတိမ်စီးပြီး ကြွဆင်းလာတာကို မြင်နိုင်တယ်၊ ခံစားသိရှိနိုင်တယ်၊ ပြင်ဆင်ဖို့ မလိုဘူးလေ။ ဒါပေမဲ့ ဘုရားသခင်ရဲ့ အသံကို ကြားဖို့အတွက်တော့ ရှင်တို့ စောင့်ကြည့်ပြီး ပြင်ဆင်ထားရမယ်။ ဘုရားသခင် ဘယ်အချိန်မှာ ကြွလာမယ်ဆိုတာကို ဘယ်သူမှ မသိတဲ့အတွက် ရှင်တို့ စောင့်ကြည့်ပြီး ပြင်ဆင်ထားဖို့ လိုအပ်တယ်။ ဒါ့အပြင် သခင်က လူသားအနေနဲ့ ပြန်ကြွလာတာမို့ လူတွေက သူ့ကို အမြင်နဲ့တင် မှတ်မိနိုင်မှာ မဟုတ်ဘူး။ ဒါကြောင့် သခင် မိုးတိမ်စီးပြီး ကြွဆင်းလာတာကို ကြိုဆိုဖို့ လွယ်ကူပေမဲ့ လူသား ပေါ်ထွန်းခြင်းကို ကြိုဆိုဖို့အတွက် ဘုရားသခင်ရဲ့ အသံကို ကျွန်မတို့ သေချာ နားထောင်ဖို့ လိုအပ်တယ်ဆိုတာ သခင်ယေရှုရဲ့ နှုတ်ကပတ်တော်တွေကနေ ကျွန်မတို့ မြင်တွေ့နိုင်တယ်။ ဒါက အခက်အခဲတစ်ခု ဖြစ်စေတယ်၊ ဒါကြောင့် ကျွန်မတို့ စောင့်ကြည့်ပြီး ပြင်ဆင်ထားရမယ်။ ကျွန်မတို့ ဘာကြောင့် စောင့်ကြည့်ပြီး ပြင်ဆင်ထားရမလဲဆိုတာနဲ့ပတ်သက်ပြီး ဆက်ပြောကြရအောင်။ သခင်ယေရှု ပြောခဲ့သည်မှာ “နောဧလက်ထက်၌ဖြစ်သကဲ့သို့ လူသားလက်ထက်၌ ဖြစ်လိမ့်မည်။ နောဧသည် သင်္ဘောထဲသို့ဝင်၍၊ ရေလွှမ်းမိုးခြင်းဖြစ်သဖြင့် လူခပ်သိမ်းတို့ကို သုတ်သင်ပယ်ရှင်းသည့် နေ့တိုင်အောင် လူများတို့သည် စားသောက်လျက်၊ ထိမ်းမြားစုံဘက်လျက်နေကြ၏။(ရှင်လုကာခရစ်ဝင် ၁၇:၂၆-၂၇) လူသား ကြွဆင်းလာမဲ့ အခြေအနေတွေဟာ နောဧ လက်ထက်က အခြေအနေတွေလိုမျိုးပဲ ဖြစ်လိမ့်မယ်ဆိုတာ မြင်တွေ့နိုင်ပါတယ်။ လူတွေက စားသောက်ကြ၊ အိမ်ထောင်ပြုကြတယ်လေ။ ဒီအခြေအနေတွေဟာ ကပ်ဘေးတွေ မကျရောက်ခင် ရှိနေတဲ့ အခြေအနေတွေ ဖြစ်တယ်ဆိုတာ အသေအချာပါပဲ။ ကပ်ဘေးတွေ မကျရောက်ခင် လူသားတွေက အရမ်းကို ကောက်ကျစ်ဆိုးယုတ်ကြလို့ ကပ်ဘေးမတိုင်ခင် အခြေအနေတွေကို လျစ်လျူရှုမိဖို့ အရမ်းလွယ်ကူတယ်။ အားလုံးက စားသောက်၊ ပျော်ပါး၊ အိမ်ထောင်ပြုတာတွေနဲ့ နောက်အိမ်ထောင်ပြုတာတွေစတဲ့ ဆိုးယုတ်တဲ့ ခေတ်ရေစီးကြောင်းတွေကြားထဲမှာ အသက်ရှင်နေထိုင်ကြတယ်။ ဒါပေမဲ့ ကပ်ဘေးတွေ ကျရောက်နေချိန်မှာရော စားသောက်တာ၊ အိမ်ထောင်ပြုတာနဲ့ နောက်အိမ်ထောင်ပြုတာ စတဲ့ ဒီဆိုးယုတ်တဲ့ ခေတ်ရေစီးကြောင်းတွေ ရှိနေဦးမှာလား။ အဲဒါတွေက ပျောက်ကွယ်သွားတာ ကြာပြီပေါ့။ ကပ်ရောဂါကြီး ကျရောက်လာတဲ့အခါ လူဘယ်လောက်တောင် သေသွားလဲဆိုတာ ဘယ်သူ သိနိုင်မလဲ။ မြို့တွေမှာ လူသူကင်းမဲ့နေပြီး ကျေးလက်ဒေသတွေမှာလဲ လူသူကင်းမဲ့နေတယ်။ စားသောက်တာ၊ အိမ်ထောင်ပြုတာနဲ့ နောက်အိမ်ထောင်ပြုတာ စတဲ့ ခေတ်ရေစီးကြောင်းဟာ ဒီအတိုင်းပဲ ပျောက်ကွယ်သွားတယ်၊ ဒါကြောင့် နောဧ လက်ထက်ကလို နေ့ရက်တွေ ကုန်ဆုံးသွားပြီဆိုတာ ရှင်းနေတာပဲ။ ကပ်ဘေးတွေ မကျရောက်ခင် သခင့်ကို ကြိုဆိုဖို့ ပျက်ကွက်ခဲ့သူတွေအားလုံးဟာ ကပ်ဘေးတွေထဲ ကျရောက်သွားကြတယ်။ ဘုရားသခင်ရဲ့ အသံကို ကြားပြီး ဘုရားသခင်ရဲ့ နောက်ဆုံးသော ကာလ အမှုတော်ကို လက်ခံခဲ့သူတွေသာ ကောင်းကင်နိုင်ငံတော်ရဲ့ စားတော်ပွဲကို တက်ရောက်ဖို့၊ ဘုရားသခင်ရဲ့ တရားစီရင်မှုကို လက်ခံပြီး သန့်စင်ခံရဖို့ ဘုရားသခင့်ရှေ့မှောက်ကို ခေါ်ဆောင်ခံရတယ်။ သူတို့အားလုံးက ဘုရားသခင်ရဲ့ ပေါ်ထွန်းခြင်းနဲ့ အမှုတော်ကို သက်သေခံကြတယ်။ ဒီလူတွေဟာ ကပ်ဘေးတွေ မတိုင်ခင် ဘုရားသခင် ပြုလုပ်ပေးထားတဲ့ အောင်နိုင်သူ တစ်စုပဲ ဖြစ်တယ်။

အခုဆိုရင် လူသားက ကပ်ဘေးတွေမတိုင်ခင် တိတ်တဆိတ် ကြွဆင်းလာတယ်၊ ကြီးမားတဲ့ ကပ်ဘေးတွေ ပြီးဆုံးသွားပြီးမှသာ မိုးတိမ်စီးပြီး လူသိရှင်ကြား ကြွဆင်းလာမယ်ဆိုတာကို ကျွန်မတို့အားလုံး ရှင်းရှင်းလင်းလင်း မြင်တွေ့နိုင်ပါပြီ။ လူသား တိတ်တဆိတ် ကြွဆင်းလာတာနဲ့ ကြီးမားတဲ့ ကပ်ဘေးတွေ ပြီးဆုံးပြီးနောက် လူသိရှင်ကြား ကြွဆင်းလာတဲ့ အချိန်ကာလနဲ့ အခြေအနေတွေက မတူညီဘူး။ တစ်ခုက ကပ်ဘေးတွေ မကျရောက်ခင် ဖြစ်ပြီး နောက်တစ်ခုက ကပ်ဘေးတွေ ပြီးဆုံးပြီးနောက် ဖြစ်တာပေါ့။ ကပ်ဘေးတွေ မတိုင်ခင် ကြွဆင်းလာတယ်ဆိုတာ လူသားက သမ္မာတရားကို ဖော်ပြဖို့နဲ့ ဘုရားသခင်ရဲ့ အိမ်တော်ကနေစပြီး တရားစီရင်တဲ့ အလုပ်ကို လုပ်ဆောင်ဖို့ ကြွလာတာ ဖြစ်တယ်။ သခင်ယေရှု ပေါ်ထွန်းပြီး အမှုဆောင်ခဲ့တဲ့ နည်းလမ်းအတိုင်းပဲ ဘုရားသခင်က လူတွေကို ကယ်တင်တဲ့အလုပ်ကို လုပ်ဖို့ လူ့ဇာတိခံတာ ဖြစ်တယ်။ ကြီးမားတဲ့ ကပ်ဘေးတွေ ပြီးဆုံးသွားတဲ့အခါ လူသားက သူ့ရဲ့ ပုံသဏ္ဌာန်ကို ပြောင်းလဲပြီး မိုးတိမ်စီးလို့ လူသိရှင်ကြား ကြွဆင်းလာလိမ့်မယ်။ အဲဒီအချိန်ကျရင် လူသားတွေကို ကယ်တင်တဲ့ ဘုရားသခင်ရဲ့ အလုပ်က ပြီးဆုံးသွားပြီ၊ စာတန်ရဲ့ နိုင်ငံတွေအားလုံး ဖျက်ဆီးခံရပြီး ဘုရားသခင်ကို အတိုက်အခံလုပ်တဲ့ ဘာသာတရား မရှိသူတွေနဲ့ ဘာသာရေးလောကက လူတွေဟာ အခြေခံအားဖြင့် အားလုံး ပျက်စီးသွားပြီးဖြစ်လိမ့်မယ်။ ဒါကြောင့် သခင်က မိုးတိမ်စီးပြီး လူသိရှင်ကြား ကြွဆင်းလာတဲ့အခါ သူက ကောင်းတဲ့သူတွေကို ဆုချပြီး ဆိုးယုတ်တဲ့သူတွေကို အပြစ်ဒဏ်ပေးမယ်။ လူသားရဲ့ ပေါ်ထွန်းခြင်းနဲ့ အမှုတော်ကို လက်မခံတဲ့ လူအနည်းငယ်က သခင် မိုးတိမ်စီးပြီး လူသိရှင်ကြား ကြွဆင်းလာတာကို မြင်ရတဲ့အထိ အသက်ရှင်ကျန်ရစ်ရင်တောင် သူတို့ဟာ အပြစ်ဒဏ်ပေးခံရမဲ့ ပစ်မှတ်တွေ ဖြစ်နေတုန်းပဲ။ အဲဒီအချိန်ရောက်ရင် သူတို့ ငိုကြွေးပြီး အံသွားခဲကြိတ်ကြမယ်၊ ပြီးတော့ ငရဲကို တန်းတန်းမတ်မတ် သွားရမယ်လေ။ အနန္တတန်ခိုးရှင် ဘုရားသခင်က ရှင်းရှင်းလင်းလင်း ပြောထားပါတယ်။ “စကြဝဠာအတွင်းရှိ လူသားများတွင် နတ်ဆိုးများနှင့်ဆိုင်သောသူ အားလုံးတို့သည် ရှင်းလင်းသုတ်သင်ခြင်းကို ခံရလိမ့်မည် ဖြစ်သည်။ စာတန်ကို ကိုးကွယ်သောသူ အားလုံးတို့သည် ငါ၏လောင်မြိုက်သောမီးအလယ်တွင် ပြိုလဲကြလိမ့်မည်။ ဆိုလိုသည်မှာ ယခု ရေစီးကြောင်း အတွင်း၌ရှိသော သူများမှလွဲ၍ ကျန်သောသူ အားလုံးတို့သည် ပြာအဖြစ်သို့ ပြောင်းလဲခြင်း ခံရလိမ့်မည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ စကြဝဠာတစ်ခုလုံးထံ ဘုရားသခင်၏ နှုတ်ကပတ်တော်များ၊ အခန်း (၂၆)) ဒီစကားတွေကို ဘယ်လို နားလည်သင့်သလဲ။ အဲဒါက ရှင်တို့ ကပ်ဘေးတွေထဲကနေ အသက်ရှင်ကျန်ရစ်ချင်ရင် နောက်ဆုံးသော ကာလမှာလုပ်တဲ့ ဘုရားသခင်ရဲ့ တရားစီရင်တဲ့ အလုပ်ကို လက်ခံရမယ်လို့ ဆိုလိုတာပါ။ ဘုရားသခင်ရဲ့ တရားစီရင်တဲ့ အလုပ်ကို လက်မခံတဲ့သူတွေအားလုံး ပျက်စီးသွားမယ်၊ ပြီးတော့ သခင် မိုးတိမ်စီးပြီး ကြွဆင်းလာဖို့ကိုပဲ စောင့်နေတဲ့သူတွေအားလုံးက ဖျက်ဆီးခံရမဲ့ ပစ်မှတ်တွေ ဖြစ်သွားမယ်။ ဒါကြောင့် သခင့်ကို ကြိုဆိုဖို့အတွက် ဘုရားသခင်ရဲ့ ရည်ရွယ်ချက်ကတော့ ရှင်တို့ဟာ လူသားရဲ့ ပေါ်ထွန်းခြင်းကို ကြိုဆိုနိုင်တဲ့ သတိပညာရှိတဲ့ သတို့သမီးတွေ ဖြစ်ဖို့ပါပဲ။ လူသားရဲ့ ပေါ်ထွန်းခြင်းကို ကြိုဆိုသူတွေဟာ ကောင်းချီးခံစားရတယ်၊ ဒါဟာ ဘုရားသခင်က ကြိုတင်ပြဋ္ဌာန်းထားတဲ့ ကောင်းချီးတစ်ခုပဲ။ ဒါပေမဲ့ သခင် မိုးတိမ်စီးပြီး ကြွဆင်းလာတာကို မြင်ရဖို့ပဲ မရမက စောင့်နေပြီးမှ ကိုယ်တော့်ကို ကြိုဆိုတဲ့သူတွေ အားလုံးကတော့ အမိုက်မဲဆုံး သတို့သမီးတွေပါပဲ။ ဘာဖြစ်လို့လဲဆိုတော့ သခင် မိုးတိမ်စီးပြီး ကြွဆင်းလာတာကို သူတို့ မြင်ရတဲ့အခါ ဒါဟာ ဘုရားသခင်ရဲ့ ကောင်းချီး မဟုတ်တော့ဘဲ သူတို့ အပြစ်ဒဏ်ပေးခံရမယ်ဆိုတဲ့ လက္ခဏာတစ်ခု ဖြစ်နေလို့ပဲ။ ဒါကြောင့် ရှင်တို့ သခင့်ကို ကြိုဆိုချင်ရင် အဓိက သော့ချက်က လူသားရဲ့ ပေါ်ထွန်းခြင်းနဲ့ အမှုတော်ကို ကြိုဆိုဖို့ပဲ။ ဒါမှသာ ဘုရားသခင်ရဲ့ ရည်ရွယ်ချက်နဲ့ ကိုက်ညီမှာပေါ့။

အခုဆိုရင် လူတိုင်း နားလည်လောက်ပြီပေါ့။ လူသားကို ကြိုဆိုဖို့အတွက် ဘုရားသခင်ရဲ့ အသံကို ကြားဖို့ အာရုံစိုက်ရမယ်ဆိုတာကို။ ဘာဖြစ်လို့လဲဆိုတော့ အပြင်ပန်းကြည့်ရင် လူသားက သာမန်လူတစ်ယောက် ဖြစ်နေလို့ပဲ၊ သခင်ယေရှုနဲ့ တစ်ပုံစံတည်းပါပဲ။ တစ်ခုတည်းသော ကွာခြားချက်က ကိုယ်တော်ဟာ သမ္မာတရားကို ဖော်ပြနိုင်ပြီး ဘုရားသခင်ရဲ့ အလုပ်ကို လုပ်ဆောင်နိုင်တာပဲ ဖြစ်တယ်။ ရှင်တို့က လူ့ဇာတိခံထားတဲ့ လူသားကို မှတ်မိချင်ရင် ဘုရားသခင်ရဲ့ အသံကို ဘယ်လို နားထောင်ရမလဲဆိုတာ သိထားရမယ်။ ဒါဆို ဘုရားသခင်ရဲ့ အသံကို ကြားနိုင်ဖို့ ရှင်တို့ ဘယ်လို လုပ်နိုင်မလဲ။ အရေးကြီးဆုံးအရာက သမ္မာတရားဆိုတာ ဘာလဲဆိုတာကို ရှင်တို့ သိထားရမယ်။ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေကို ဖတ်တဲ့အခါ သမ္မာတရားကို ရှင်တို့ နားမလည်ရင်တောင်မှ အဲဒါတွေက သမ္မာတရားဖြစ်တယ်လို့ စိတ်နှလုံးထဲမှာ ခံစားနိုင်ပြီး အဲဒါတွေက သမ္မာတရားဖြစ်တယ်ဆိုတာ သေချာနေသရွေ့ လုံလောက်ပါပြီ။ သမ္မာတရားဆိုတာ ဘာလဲဆိုတာ ရှင်တို့ မသိဘဲ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေကို ဖတ်တဲ့အခါ စိတ်နှလုံးထဲမှာ ဘာမှ မခံစားရဘူးဆိုရင်တော့ ရှင်တို့ ဘုရားသခင်ရဲ့ အသံကို ကြားနိုင်မှာ မဟုတ်ဘူး။ အခုဆိုရင် ကမ္ဘာတစ်ဝန်းက လူအများကြီးဟာ အနန္တတန်ခိုးရှင် ဘုရားသခင်ကို လက်ခံခဲ့ကြပြီ။ အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေကို သူတို့ ပထမဆုံး ဖတ်တဲ့အချိန်က သူတို့လည်း သမ္မာတရားကို နားမလည်ခဲ့ကြဘူး၊ ဒါပေမဲ့ အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေမှာ သြဇာအာဏာနဲ့ တန်ခိုးရှိတယ်ဆိုတာ၊ ပြီးတော့ အဲဒါတွေအားလုံးက သမ္မာတရား ဖြစ်တယ်ဆိုတာကို သူတို့အားလုံး ခံစားနိုင်ခဲ့ကြတယ်၊ ဒါကြောင့် သူတို့ အနန္တတန်ခိုးရှင် ဘုရားသခင်ကို လက်ခံခဲ့ကြတာပေါ့။ ဘုရားသခင်ရဲ့ အသံကို ကြားနိုင်တဲ့လူတွေဟာ ကောင်းချီး အများဆုံးခံစားရတဲ့ လူတွေပဲ၊ ဒါဟာ ဘုရားသခင်က သူတို့ကို ပေးသနားထားတဲ့ ကောင်းချီးတစ်ခုပါ။ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေကို မြွက်ဆိုလိုက်တာနဲ့ ဘုရားသခင်ရဲ့ သိုးတွေဟာ သူတို့ရဲ့ စိတ်နှလုံးထဲမှာ ခံစားချက်တစ်ခု ရရှိကြတယ်၊ ဒီနှုတ်ကပတ်တော်တွေမှာ အင်မတန်ကြီးမားတဲ့ သြဇာအာဏာရှိပြီး အဲဒါတွေဟာ သမ္မာတရား ဖြစ်တယ်ဆိုတာကို သူတို့ ခံစားသိရှိနိုင်ကြတယ်။ ဘုရားသခင်ရဲ့ အသံကို ကြားနိုင်ဖို့အတွက် သူတို့က ဘာကို မှီခိုကြတာလဲ။ သူတို့ ဝိညာဉ်ထဲက အလိုလိုသိမြင်မှုအပေါ်မှာ မှီခိုကြတယ်။ သူတို့ဝိညာဉ်ထဲက အလိုလိုသိမြင်မှုဆိုတာ ဒီနှုတ်ကပတ်တော်တွေမှာ အင်မတန်ကြီးမားတဲ့ သြဇာအာဏာရှိတယ်၊ ဒီနှုတ်ကပတ်တော်တွေက အရမ်းကို နက်နဲတယ်၊ ဒီနှုတ်ကပတ်တော်တွေက ဘုရားသခင်ဆီက လာတာဖြစ်ပြီး ဘယ်လူသားမှ အဲဒါတွေကို ပြောနိုင်မှာ မဟုတ်ဘူးဆိုတာကို ခံစားသိရှိနိုင်တာပဲ ဖြစ်တယ်။ ဒါ့အပြင် ဒီနှုတ်ကပတ်တော်တွေကို ဖတ်တဲ့အခါ အဲဒါတွေက သမ္မာတရားဖြစ်တယ်ဆိုတာကို သူတို့ သေချာသိနိုင်ပြီး သမ္မာတရားမှာသာ သြဇာအာဏာနဲ့ တန်ခိုးရှိတယ်လို့ သူတို့ ခံစားရတယ်။ အဲဒီလိုလူတွေဟာ သမ္မာတရားရဲ့ နှုတ်ကပတ်တော်တွေကို ကြားတဲ့အခါ တစ်ခုခုကို ခံစားရတယ်။ ဒါကြောင့် ဘုရားသခင်ရဲ့ အသံကို ကြားနိုင်စွမ်းဆိုတာ ရှင်တို့ရဲ့ ဝိညာဉ်ထဲက ခံစားချက်၊ အလိုလိုသိမြင်မှုအပေါ်မှာ အခြေခံတာ ဖြစ်တယ်။ သခင်ယေရှု ပြောခဲ့သည်မှာ “ငါ့သိုးတို့သည် ငါ့စကားသံကိုနားထောင်၍ ငါ့နောက်သို့လိုက်ကြ၏။ ထိုသိုးတို့ကို ငါသိ၏။(ရှင်ယောဟန်ခရစ်ဝင် ၁၀:၂၇) “ဘုရားသခင်ရဲ့ သိုးတွေက ဘုရားသခင်ရဲ့ အသံကို ကြားတယ်” ဆိုတဲ့ စကားက ဘုရားသခင်ရဲ့ သိုးတွေဟာ ဘုရားသခင်ရဲ့ အသံကို မကြားနိုင်ခင်မှာ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေကို နှစ်အတန်ကြာ တွေ့ကြုံခဲ့ရမယ်၊ အသက်တာ အတွေ့အကြုံရှိရမယ်၊ ပြီးတော့ ဘုရားသခင်နဲ့ပတ်သက်တဲ့ စစ်မှန်တဲ့ သိကျွမ်းမှုတချို့ ရှိရမယ်လို့ ကျွန်မတို့ကို ပြောနေတာ မဟုတ်ပါဘူး။ အဲဒီအစား ဘုရားသခင်ရဲ့ သိုးဖြစ်တဲ့သူတွေက ဘုရားသခင်ရဲ့ အသံကို သဘာဝအလျောက် ကြားမယ်ဆိုတာကို ပြောတာဖြစ်ပါတယ်။ ဒါဟာ ဘုရားသခင်ရဲ့ သိုးတွေ ပိုင်ဆိုင်ထားတဲ့ အလိုအလျောက် သိမြင်နိုင်စွမ်းတစ်ခုပါ။ ဝိညာဉ်ရေးရာ နားလည်သဘောပေါက်မှု ရှိတဲ့လူတွေက ဒီအလိုအလျောက် သိမြင်နိုင်စွမ်းကို ပိုင်ဆိုင်ထားကြတယ်။ ဒီအလိုအလျောက် သိမြင်နိုင်စွမ်း ပိုင်ဆိုင်ထားသူတွေဟာ ဘုရားသခင်ရဲ့ သိုးတွေဖြစ်ပြီး အဲဒါကို မပိုင်ဆိုင်ထားသူတွေကတော့ ဘုရားသခင်ရဲ့ သိုးတွေ မဟုတ်ကြဘူး။ အခုဆိုရင် အနန္တတန်ခိုးရှင် ဘုရားသခင်က သမ္မာတရားတွေ အများကြီးကို ဖော်ပြနေပါပြီ၊ ဒါပေမဲ့ ဘာသာရေးလောကထဲက လူအတော်များများဟာ ကိုယ်တော့်ကို အတိုက်အခံလုပ်ပြီး ပြစ်တင်ရှုတ်ချနေကြတုန်းပဲ။ ဒီလူတွေက ဘုရားသခင်ရဲ့ သိုးတွေ မဟုတ်ကြဘူး။ သူတို့က အမှောင်ထုထဲကို ကျဆင်းသွားပြီးဖြစ်တဲ့ မိုက်မဲတဲ့ သတို့သမီးတွေ ဖြစ်တယ်။ သူတို့က အန္တိခရစ်တွေ၊ နတ်ဆိုးတွေနဲ့ စာတန်တွေ ဖြစ်တယ်။

ဒါဆို ရှင်တို့ ဘုရားသခင်ရဲ့ အသံကို ဘယ်လို ကြားနိုင်မလဲ။ ရှင်တို့ ရှာဖွေပြီး စူးစမ်းဖို့ လိုအပ်တယ်။ ပထမအနေနဲ့ အရေးကြီးဆုံးက ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေမှာ သြဇာအာဏာနဲ့ တန်ခိုးရှိတယ်ဆိုတာကို ရှင်တို့ အသိအမှတ်ပြုနိုင်ရမယ်။ ဒါ့အပြင် ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေဟာ သမ္မာတရား ဖြစ်တယ်ဆိုတာရယ်၊ ဒီသမ္မာတရားတွေကို ဘယ်လူသားမှ မပိုင်ဆိုင်ထားဘူး၊ ပြီးတော့ ဘုရားသခင်ကို ယုံကြည်တာ ဘယ်လောက်ပဲ နှစ်ကြာကြာ ဘယ်လူသားမှ အဲဒါတွေကို ပြောနိုင်မှာ မဟုတ်ဘူးဆိုတာရယ်ကို ရှင်တို့ အသိအမှတ်ပြုရမယ်။ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေ အားလုံးက သမ္မာတရားဖြစ်တယ်။ သမ္မာတရားဆိုတာ အပြုသဘောဆောင်တဲ့အရာပဲလေ။ သမ္မာတရားဟာ လူသားတွေရဲ့ အယူအဆတွေနဲ့ စိတ်ကူးတွေနဲ့ လုံးဝကို ကွာခြားသလို လူသားတွေရဲ့ အတွေးတွေ၊ သီအိုရီတွေနဲ့လည်း လုံးဝကို ကွာခြားတယ်။ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေက ဘုရားသခင်ရဲ့ ရည်ရွယ်ချက်တွေ၊ ဘုရားသခင်ရဲ့ စိတ်နေသဘောထား၊ ဘုရားသခင်ရဲ့အရာအားလုံးနဲ့ဖြစ်ခြင်းကို ကိုယ်စားပြုပြီး ဘုရားသခင်ကပဲ အဲဒါတွေကို ဖော်ပြနိုင်ပါတယ်။ နောက်တစ်ချက်က ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေဟာ သမ္မာကျမ်းစာထဲက နက်နဲတဲ့အရာတွေကို ဖွင့်ပြနိုင်တယ်၊ ဘုရားသခင်ရဲ့ အမှုတော်နဲ့ဆိုင်တဲ့ နက်နဲတဲ့အရာ အမျိုးမျိုးကိုပါ ဖွင့်ပြနိုင်တယ်။ ဘယ်လူသားမှ ဒီနက်နဲတဲ့အရာတွေကို ဖွင့်ပြနိုင်စွမ်း မရှိတဲ့အပြင် သန့်ရှင်းသော ဝိညာဉ်တော်ကလည်း ဒီနက်နဲတဲ့အရာတွေကို လူသားတွေဆီ ထုတ်ဖော်ပေးမှာ မဟုတ်ပါဘူး၊ ဘုရားသခင်ကပဲ အဲဒါတွေကို ဖွင့်ပြနိုင်တယ်။ ဘုရားသခင်ရဲ့ အသံကို ကြားတဲ့အခါ ဒီအချက်တွေကို ရှင်တို့ အဓိကထား အာရုံစိုက်ရမယ်။ ရှင်တို့က ဘုရားသခင်ရဲ့ အသံကို ကြားနိုင်ပြီး ဒီသမ္မာတရားတွေကို ဖော်ပြနေတဲ့သူက ဘုရားသခင် စေလွှတ်လိုက်တဲ့သူဖြစ်တယ်ဆိုတာကို အနည်းဆုံး သေချာသိနိုင်ရင် ရှင်တို့ဟာ အနည်းဆုံးတော့ ဘုရားသခင်ကို အတိုက်အခံလုပ်ပြီး ပြစ်တင်ရှုတ်ချမှာ မဟုတ်ဘူး။ အဲဒါအပြင် ဒီသမ္မာတရားတွေကို လူ့ဇာတိခံ ဘုရားသခင်ကပဲ ဖော်ပြနိုင်တယ်ဆိုတာကို ရှင်တို့ သေချာသိနိုင်ရင် ပိုတောင် ကောင်းသေးတယ်၊ ပြီးတော့ ရှင်တို့ဟာ သခင့်ကို ကြိုဆိုပြီးသား ဖြစ်သွားမယ်။

စောင့်ကြည့်ပြီး ပြင်ဆင်ထားဖို့ ကျွန်မတို့ကို သခင်ယေရှု ပြောခဲ့တဲ့အချိန်က ကိုယ်တော် ဘာကို ဆိုလိုသလဲဆိုတာနဲ့ပတ်သက်ပြီး ဆက်ပြောကြရအောင်။ ကျွန်မတို့ စောင့်ကြည့်ပြီး ပြင်ဆင်ထားရမဲ့ အရာ အနည်းဆုံး သုံးခု ရှိတယ်။ ပထမတစ်ခုကတော့ လူသား ကြွလာတဲ့အခါ သူဟာ လူ့ဇာတိခံ ဘုရားသခင်ဖြစ်တယ်၊ နောက်ဆုံးသော ကာလရဲ့ ခရစ်တော်ဖြစ်တယ်ဆိုတာကို ကျွန်မတို့ ဘယ်လို ဆုံးဖြတ်သတ်မှတ်မလဲ ဆိုတာပဲ ဖြစ်တယ်။ ရှင်တို့ စောင့်ကြည့်ပြီး ပြင်ဆင်မထားဘူးဆိုရင် သခင့်ကို ကြိုဆိုနိုင်မှာ မဟုတ်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ နောက်ဆုံးသော ကာလမှာ လူတွေကို အထင်အမြင်မှားစေဖို့ ခရစ်တော်အယောင်ဆောင်သူတွေ ပေါ်လာလို့ပဲ။ သမ္မာတရား မရှိတဲ့လူတွေက ခရစ်တော်အယောင်ဆောင်သူတွေရဲ့ အထင်အမြင်မှားအောင် လုပ်တာကို ခံရလွယ်လို့ပါပဲ။ သခင်ယေရှု ပြောခဲ့သလိုပဲ။ “ထိုအခါ သူတပါးက ဤအရပ်၌ ခရစ်တော်ရှိသည်၊ ထိုအရပ်၌ရှိသည်ဟု ဆိုသော်လည်း မယုံကြနှင့်။ အကြောင်းမှာ ခရစ်တော်၏ အယောင်ကို ဆောင်သောသူများနှင့် အယောင်ဆောင် ပရောဖက်များသည် ပေါ်လာ၍ ကြီးမားသော နိမိတ်လက္ခဏာများနှင့် အံ့ဖွယ်အမှုများကို ပြကြလိမ့်မည်။ ဤသို့ဖြင့် ၎င်းတို့သည် ရွေးချယ်သောသူတို့ကိုပင် ဖြစ်နိုင်လျှင် အထင်အမြင်မှားစေမည်ဖြစ်သည်။(ရှင်မဿဲခရစ်ဝင် ၂၄:၂၃-၂၄) ရှင်တို့ သမ္မာတရားကို နားမလည်ရင် ခရစ်တော်အယောင်ဆောင်သူတွေရဲ့ အထင်အမြင်မှားအောင် လုပ်တာကို ခံရဖို့ အန္တရာယ်ရှိတယ်။ စောင့်ကြည့်ပြီး ပြင်ဆင်မထားရင် အန္တရာယ်များပါတယ်၊ ရှင်တို့က စစ်မှန်တဲ့ ခရစ်တော်ကို ကြိုဆိုဖို့ ပျက်ကွက်ပြီး ခရစ်တော်အယောင်ဆောင်သူတစ်ဦးရဲ့ အထင်အမြင်မှားအောင် လုပ်တာကို ခံရရင် ရှင်တို့ဟာ အဆုံးမှာ အပြစ်ဒဏ်ပေးခံရလိမ့်မယ်။ ဒါကြောင့် သခင် ပြန်ကြွလာတာကို ကြိုဆိုတဲ့နေရာမှာ ရှင်တို့ စောင့်ကြည့်မနေရင် လမ်းမှားပေါ်ရောက်သွားဖို့နဲ့ ခရစ်တော်အယောင်ဆောင်သူတွေရဲ့ အထင်အမြင်မှားအောင် လုပ်တာကို ခံရဖို့က အရမ်းကို လွယ်ကူပါတယ်။ ဒါဟာ ရှင်တို့ စောင့်ကြည့်နေရမဲ့ ပထမဆုံး အရာဖြစ်တယ်။ ရှင်တို့ စောင့်ကြည့်နေရမဲ့ ဒုတိယအရာကတော့ သမ္မာတရားကို ရှင်တို့ မသိဘူး၊ နားမလည်ဘူးဆိုရင် ဘာသာရေး သင်းအုပ်ဆရာတွေအပြင် ဘာသာရေးလောကရဲ့ မိစ္ဆာဒိဋ္ဌိအယူတွေနဲ့ မှားယွင်းပြီး အဓိပ္ပာယ်မဲ့တာတွေ အမျိုးမျိုးရဲ့ အထင်အမြင်မှားအောင် လုပ်တာကို ခံရဖို့ လွယ်ကူတယ်ဆိုတာပါပဲ။ တချို့လူတွေက အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေကို ကြားတဲ့အခါ အတော်လေး ကောင်းတယ်လို့ ခံစားရတယ်၊ ဒါပေမဲ့ သူတို့ တွေးကြတယ်၊ “မှန်တဲ့ လမ်းခရီးကို စူးစမ်းတဲ့အခါ သင်းအုပ်ဆရာရဲ့ သဘောတူညီချက်ကို ငါ ရဖို့ လိုတယ်။ ဒီလမ်းခရီးက အမှန်လား၊ အမှားလားဆိုတာကို ကြည့်ဖို့ ငါ့သင်းအုပ်ဆရာကို တံခါးစောင့်အနေနဲ့ လုပ်ခိုင်းဖို့ လိုတယ်။ အဲဒါမှ ဘာမှ မှားမသွားမှာ” လို့ပေါ့။ ဒါပေမဲ့ သူတို့ သင်းအုပ်ဆရာကို မေးလိုက်တာနဲ့ သင်းအုပ်ဆရာက မိစ္ဆာဒိဋ္ဌိအယူတွေနဲ့ မှားယွင်းပြီး အဓိပ္ပာယ်မဲ့တာတွေ တတွတ်တွတ် ပြောတဲ့အခါ သူတို့ အထင်အမြင်မှားသွားပြီး အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နှုတ်ကပတ်တော် အားလုံးကို ငြင်းပယ်လိုက်ကြတယ်။ ဒီအခြေအနေမှာ သမ္မာတရားကို နားလည်ပြီး သူတို့နဲ့ သမ္မာတရားကို မိတ်သဟာယဖွဲ့ပေးတဲ့သူတစ်ယောက်နဲ့ ကြုံရလို့ မှန်တဲ့ လမ်းခရီးနဲ့ မှားယွင်းတဲ့ လမ်းခရီးတွေကို ဘယ်လို ပိုင်းခြားသိမြင်ရမလဲဆိုတာ သင်ယူရတယ်၊ ပြီးတော့ နောက်ဆုံးမှာ မှန်တဲ့ လမ်းခရီးကို အသိအမှတ်ပြုတယ်၊ သမ္မာတရားကို လက်ခံတယ်၊ ဘာသာရေးလောကရဲ့ ပြန်လည်ဆွဲဆောင်တာကို မခံရဘူးဆိုရင် သူတို့ဟာ ကောင်းချီးခံစားရတယ်။ ဒါပေမဲ့ သူတို့က ဆိုးယုတ်တဲ့လူတွေ၊ ဒါမှမဟုတ် ဝိညာဉ်ရေးရာ နားလည်သဘောပေါက်မှု ကင်းမဲ့တဲ့ ယုတ္တိမရှိတဲ့ လူစားမျိုးတွေနဲ့ ကြုံရပြီး ဒီလူတွေကလည်း မိစ္ဆာဒိဋ္ဌိအယူတွေနဲ့ မှားယွင်းပြီး အဓိပ္ပာယ်မဲ့တာတွေ တတွတ်တွတ် ပြောရင်တော့ သူတို့ဟာ အထင်အမြင်မှားပြီး လမ်းလွဲသွားလိမ့်မယ်။ ဒါကြောင့် သခင့်ကို ကြိုဆိုတဲ့နေရာမှာ ရှင်တို့ စောင့်ကြည့်မနေရင် အထင်အမြင်မှားအောင် လုပ်ခံရမဲ့ အန္တရာယ် ရှိတယ်။ သမ္မာကျမ်းစာရဲ့ ပရောဖက်ပြုချက်တွေကို ရှင်တို့ နားမလည်ရင်၊ သမ္မာတရားကို ပိုင်းခြားသိမြင်နိုင်စွမ်း မရှိရင်၊ ဒါမှမဟုတ် ရှင်တို့ရဲ့ အစွမ်းအစက ညံ့ဖျင်းနေရင် မရပါဘူး၊ အပျက်သဘောဆောင်တဲ့သူတွေရဲ့ အနှောင့်အယှက်ပေးတာကို အမြဲ ခံနေရရင်တော့ လုံးဝကို မရပါဘူး။ ဒါဟာ ရှင်တို့ စောင့်ကြည့်နေရမဲ့ ဒုတိယမြောက် အရာဖြစ်တယ်။ ရှင်တို့ စောင့်ကြည့်နေရမဲ့ တတိယအရာကတော့ ရှင်တို့မှာ သမ္မာတရား မရှိရင် ခရစ်တော်နဲ့ပတ်သက်ပြီး အယူအဆတွေ ပေါ်လာဖို့ လွယ်ကူတယ်ဆိုတာပါပဲ။ ဥပမာ၊ တချို့လူတွေက ခရစ်တော်မှာ ပုံမှန် လူ့သဘာဝရှိပြီး အပြင်ပန်းအားဖြင့် လုံးဝ သာလွန်ထူးကဲမနေတာကို မြင်တဲ့အခါ အယူအဆတွေ ပေါ်လာကြတယ်။ သူတို့ တွေးကြတယ်၊ “သခင်ယေရှု ကြွလာတုန်းက နိမိတ်လက္ခဏာတွေနဲ့ အံ့ဖွယ်အမှုတွေ လုပ်ခဲ့တယ်။ နောက်ဆုံးသော ကာလရဲ့ အနန္တတန်ခိုးရှင် ဘုရားသခင်က ဘာလို့ နိမိတ်လက္ခဏာတွေနဲ့ အံ့ဖွယ်အမှုတွေ ဘာတစ်ခုမှ မလုပ်တာလဲ။ သူသာ နိမိတ်လက္ခဏာတွေနဲ့ အံ့ဖွယ်အမှုတွေ မလုပ်ရင် သူက တကယ်ရော ဘုရားသခင် ကိုယ်တိုင် ဟုတ်ရဲ့လား” လို့ပေါ့။ နောက်ဆုံးသော ကာလရဲ့ အနန္တတန်ခိုးရှင် ဘုရားသခင်ဟာ တရားစီရင်တဲ့ အလုပ်ကို လုပ်ဆောင်ဖို့ သမ္မာတရားကို ဖော်ပြတယ်၊ ပြီးတော့ အောင်နိုင်သူ တစ်စုကို ပြုလုပ်ပေးခဲ့ပြီဆိုတာကို သူတို့ မသိကြဘူး။ ဒါဟာ အကြီးမားဆုံး နိမိတ်လက္ခဏာနဲ့ အံ့ဖွယ်အမှု ဖြစ်ပြီး အနန္တတန်ခိုးရှင် ဘုရားသခင်ဟာ လူ့ဇာတိခံယူထားတဲ့ ဘုရားသခင်၊ နောက်ဆုံးသော ကာလရဲ့ ခရစ်တော်ဖြစ်တယ်ဆိုတာ သက်သေပြဖို့ လုံလောက်ပါတယ်။ နောက်ဥပမာတစ်ခုကတော့ တချို့လူတွေဟာ သူတို့ဆီ ဘေးအန္တရာယ်တွေ ကျရောက်လာတဲ့အခါ အပျက်သဘောဆောင်လာကြပြီး အနန္တတန်ခိုးရှင် ဘုရားသခင်သာ စစ်မှန်တဲ့ ဘုရားသခင် ဖြစ်ရင် ကိုယ်တော်ဟာ သူတို့ကို စောင့်ရှောက်သင့်တယ်လို့ တွေးကြတယ်။ သူတို့ ဘုရားသခင်ကို သစ္စာဖောက်နိုင်ချေရှိတဲ့အတွက် ဒီအယူအဆကို စွဲကိုင်ထားတာက အန္တရာယ်ရှိတယ်။ ရှင်တို့ မြင်သလား၊ သမ္မာတရားကို နားမလည်တဲ့ လူတွေဟာ ခရစ်တော်နဲ့ပတ်သက်ပြီး အယူအဆတွေ အမြဲပေါ်လာတတ်တယ်။ ဒီလိုလူတွေ အတော်များများ ရှိပါတယ်။ ဒါဟာ ရှင်တို့ စောင့်ကြည့်နေရမဲ့ တတိယမြောက် အရာဖြစ်တယ်။ နောက်ဆုံးသော ကာလရဲ့ ခရစ်တော်ကို ကြိုဆိုဖို့အတွက် ရှင်တို့ စောင့်ကြည့်ပြီး ဆီကို ပြင်ဆင်ထားရမယ်၊ အဓိကအားဖြင့် ဒီအရာသုံးခုကို ရည်ညွှန်းတာပါ။ ဒီအရာသုံးခုကို စောင့်မကြည့်ရင် နောက်ဆုံးသော ကာလရဲ့ ခရစ်တော်ကို ရှင်တို့ လက်ခံရင်တောင်မှ ဘေးအန္တရာယ်တွေ ဒါမှမဟုတ် စုံစမ်းသွေးဆောင်ခြင်း တစ်ခုခုနဲ့ ကြုံရတဲ့အခါ၊ ဒါမှမဟုတ် အပျက်သဘောဆောင်တဲ့ ဝါဒဖြန့်မှုတွေ၊ သင်းအုပ်ဆရာတွေရဲ့ အထင်အမြင်မှားစေတဲ့ စကားတွေကို ကြားရတဲ့အခါ ခိုင်ခိုင်မာမာ ရပ်တည်ဖို့ ခက်ခဲနေတုန်းပဲ ဖြစ်လိမ့်မယ်။

သခင့်ကို ကြိုဆိုရာမှာ စောင့်ကြည့်ပြီး ပြင်ဆင်ထားဖို့က အရမ်းကို အရေးကြီးပါတယ်။ စောင့်ကြည့်ပြီး ပြင်ဆင်မထားရင် အထင်အမြင်မှားအောင် လုပ်ခံရဖို့ အရမ်းလွယ်ကူပြီး ကယ်တင်ခံရဖို့ အခွင့်အရေးကို လက်လွတ်သွားဖို့ အရမ်းလွယ်ကူပါတယ်။ လူအတော်များများဟာ စောင့်ကြည့်ပြီး ပြင်ဆင်ထားဖို့ ပျက်ကွက်ရုံတင်မကဘဲ နည်းနည်းလေးတောင် ရှာဖွေတာ၊ စူးစမ်းတာ မရှိကြဘူး။ သူတို့က သင်းအုပ်ဆရာတွေကိုပဲ အမြဲ နားထောင်ပြီး သမ္မာကျမ်းစာထဲမှာပဲ အဖြေတွေကို အမြဲ ရှာနေကြတယ်။ အဲဒီလိုလူတွေဟာ သခင့်ကို ကြိုဆိုဖို့ လုံးဝ လမ်းစမရှိပါဘူး။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ “ငါတို့သည် ဘုရားသခင်၏ ခြေလှမ်းများကို ရှာဖွေနေကြသည့်အတွက်၊ ဘုရားသခင်၏ ရည်ရွယ်ချက်များ၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် သူ၏မိန့်မြွက်ချက်များကို ငါတို့ရှာဖွေအပ်သည်၊ ဤသည်မှာ အဘယ်ကြောင့်ဆိုသော် ဘုရားသခင် မိန့်ကြားသည့် အသစ်သော နှုတ်ကပတ်တော်များရှိသော မည်သည့် နေရာ၌မဆို ဘုရားသခင်၏ အသံရှိပြီး၊ ဘုရားသခင်၏ ခြေလှမ်းများ ရှိသော မည်သည့်နေရာ၌မဆိုလည်း ဘုရားသခင်၏ လုပ်ဆောင်မှုများ ရှိသောကြောင့်ဖြစ်သည်။ ဘုရားသခင်၏ ဖော်ပြချက်ရှိသော နေရာတိုင်း၌ ဘုရားသခင်ပေါ်ထွန်းပြီး၊ ဘုရားသခင်ပေါ်ထွန်းသော နေရာတိုင်း၌ လမ်းခရီး၊ သမ္မာတရားနှင့် အသက်တို့ တည်ရှိသည်။ ဘုရားသခင်၏ ခြေလှမ်းများကို ရှာသောအခါ၌ ‘ဘုရားသခင်သည် လမ်းခရီးဖြစ်၏။ သမ္မာတရားလည်းဖြစ်၏။ အသက်လည်းဖြစ်၏။’ ဟူသည့် နှုတ်ကပတ်တော်များကို သင်တို့ လျစ်လျူရှုခဲ့ကြသည်။ ထို့ကြောင့် များစွာသောလူတို့သည် သမ္မာတရားကို ရရှိသောအခါ၌ ပင်လျှင်၊ ဘုရားသခင်၏ ခြေလှမ်းများကို သူတို့ရှာတွေ့ပြီဟု မယုံကြည်ကြသည့်အပြင်၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းကို သာ၍ပင် အသိအမှတ် မပြုကြပေ။ အလွန်ပင် စိုးရိမ်ဖွယ်ကောင်းလှသော အမှားပေတကား။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ နောက်ဆက်တွဲ (၁)- ဘုရားသခင်၏ ပေါ်ထွန်းခြင်းသည် ခေတ်သစ်တစ်ခေတ်ကို အစပြုခဲ့၏)

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

ချီဆောင်ခံရခြင်းဆိုသည်မှာ အမှန်တကယ်တွင် မည်သည့်အရာဖြစ်သနည်း

လွန်ခဲ့တဲ့ နှစ် ၂၀ဝ၀ တုန်းက သခင်ယေရှုဟာ ကားစင်တင်ခံရပြီး သူ့ရဲ့ ရွေးနုတ်ခြင်းအမှုကို လုပ်ပြီးသွားတဲ့နောက် သူပြန်ကြွလာမယ်လို့...

ဘုရားသခင်၏ အသံကို မိတ်ဆွေကြားပြီးပြီလား

မင်္ဂလာပါ၊ ညီအစ်ကိုမောင်နှမတို့၊ ကျွန်မတို့ အတူတကွ စုဝေးရတာ အရမ်းကံကောင်းပါတယ်။ ကျေးဇူးတော်ပါပဲ။ ကျွန်မတို့အားလုံးက ဘုရားနှုတ်ကပတ်တော်ကို...

လူသားမျိုးနွယ်ကို အဘယ်သူ ကယ်တင်ကာ ကျွန်ုပ်တို့၏ကံကြမ္မာကို ပြောင်းလဲပစ်နိုင် သနည်း

ကံကြမ္မာလို့ပြောတဲ့အခါမှာ လူအများစုက ပိုက်ဆံနဲ့ ဂုဏ်ဒြပ်ရှိခြင်းနဲ့ အောင်မြင်ခြင်းတွေကို ကောင်းတဲ့ကံကြမ္မာနဲ့ တန်းတူထားကြပြီး ဆင်းရဲတဲ့သူ၊...

Leave a Reply

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။