သခင် မိုးတိမ်စီး၍ ကြွဆင်းမည်ကိုသာ စောင့်မျှော်နေသူများ အမင်္ဂလာရှိ၏

01.04.2026

သခင့်ကို ယုံကြည်သူတွေအတွက် အကြီးမားဆုံး မျှော်လင့်ချက်ကတော့ ကိုယ်တော် ပြန်ကြွလာတာကို ကြိုဆိုဖို့နဲ့ ကောင်းကင်နိုင်ငံတော်ဆီ ခေါ်ဆောင်ခံရဖို့ပါပဲ။ အခု ကြီးမားတဲ့ ကပ်ဘေးတွေ စတင်နေပြီဆိုတော့ သခင့်ကို ကြိုဆိုဖို့ဆိုတာ အရမ်းကို အရေးကြီးတဲ့ ကိစ္စရပ်တစ်ခု ဖြစ်လာပါပြီ။ ဘာသာရေးလောကက “အိုဂါလိလဲလူတို့၊ အဘယ်ကြောင့်ကောင်းကင်သို့ ကြည့်မျှော်လျက်နေကြသနည်း။ သင်တို့နှင့်ခွါ၍ ကောင်းကင်သို့ဆောင်ယူခြင်းကို ခံတော်မူသောထိုယေရှုသည် သင်တို့မျက်မှောက်၌ ကောင်းကင်သို့ ကြွသွား တော်မူသည်နည်းတူ တဖန်ကြွလာတော်မူလတံ့။” (တမန်တော်ဝတ္ထု ၁:၁၁) ဆိုတဲ့ သမ္မာကျမ်းစာထဲက စကားတွေကို အခြေခံပြီး သခင်ယေရှုဟာ သေခြင်းကနေ ရှင်ပြန်ထမြောက်ပြီးတဲ့နောက် ဝိညာဉ်ခန္ဓာနဲ့ မိုးတိမ်စီးပြီး ကောင်းကင်ဘုံကို တက်ကြွသွားခဲ့တဲ့အတွက် ကိုယ်တော်ဟာ ဝိညာဉ်ခန္ဓာနဲ့ပဲ မိုးတိမ်စီးပြီး ပြန်ကြွလာလိမ့်မယ်လို့ ယုံကြည်ကြတယ်။ သူတို့ကို ကောင်းကင်နိုင်ငံတော်ဆီ ခေါ်ဆောင်သွားဖို့ သခင်ယေရှုရဲ့ ဝိညာဉ်ခန္ဓာ ကောင်းကင်ကနေ မိုးတိမ်စီးပြီး ဆင်းသက်လာမှာကို သူတို့အားလုံးက စောင့်မျှော်နေကြတယ်။ ဒါပေမဲ့ ဒီနည်းနဲ့ သခင့်ကို ကြိုဆိုရာမှာ သူတို့ တကယ်ပဲ အောင်မြင်ပါ့မလား။ယုံကြည်သူတွေက သူတို့ရဲ့ ယုံကြည်မှုနဲ့ သခင့်ကို ကြိုဆိုရေးကို သခင်ယေရှုရဲ့ နှုတ်ကပတ်တော်တွေအပေါ်မှာ အခြေမခံဘဲ ကောင်းကင်တမန်တွေရဲ့ စကားတွေအပေါ်မှာ ဘာလို့ အခြေခံကြတာလဲ။ တကယ်တမ်းကျတော့ သခင်က ဘယ်သူလဲ၊ ပြီးတော့ ဘုရားသခင်က ဘယ်သူလဲ။ သခင့်ရဲ့ ပြန်ကြွလာခြင်းကို ကြိုဆိုရေးဆိုတဲ့ အရေးကြီးတဲ့ကိစ္စနဲ့ပတ်သက်လာရင် သခင့်ရဲ့ နှုတ်ကပတ်တော်တွေကို ယုံကြည်သင့်လား၊ ဒါမှမဟုတ် ကောင်းကင်တမန်တွေရဲ့ စကားတွေကို ယုံကြည်သင့်လား။ ကျွန်တော် အခုလေးတင် ကိုးကားခဲ့တဲ့ စကားတွေက ကောင်းကင်တမန်တွေ ပြောခဲ့တာ ထင်ရှားပါတယ်။ သခင်ယေရှုဟာ သူကြွသွားတဲ့ပုံစံအတိုင်း ပြန်လာလိမ့်မယ်လို့ပဲ သူတို့ ပြောခဲ့တာပါ၊ တခြား ဘာမှမပြောခဲ့ပါဘူး။ ဒီအချက်ကနေ သခင်ဟာ ဝိညာဉ်ခန္ဓာနဲ့ ပြန်လာမယ်ဆိုတာကို ကျွန်တော်တို့ သေချာပြောနိုင်လို့လား။ သခင်ယေရှု ပြောခဲ့သည်မှာ “ထိုအချိန်နာရီကိုကား၊ ခမည်းတော်မှတပါး အဘယ်သူမျှမသိ။ ကောင်းကင်တမန်များမသိ။ သားတော် လည်းမသိ။(ရှင်မာကုခရစ်ဝင် ၁၃:၃၂) သခင် ဘယ်လိုပြန်လာမယ်ဆိုတာကို ကောင်းကင်တမန်တွေက ဘယ်လိုလုပ် သိနိုင်မှာလဲ။ ဒီအချက်ကိုကြည့်ရင် ကောင်းကင်တမန်တွေရဲ့ ပရောဖက်ပြုချက်က တိကျနိုင်ပါ့မလား။ သခင်ယေရှုက ဝိညာဉ်ခန္ဓာနဲ့ ပြန်လာပြီး လူတွေဆီ ပေါ်ထွန်းမယ်လို့ တစ်ခါမှ မပြောခဲ့ပါဘူး။ အဲဒီအစား ကိုယ်တော်က “လူသား” အနေနဲ့၊ ပြီးတော့ “မင်္ဂလာဆောင်လုလင်” အနေနဲ့ ကြွလာမယ်လို့ ထပ်ခါတလဲလဲ ပြောခဲ့ပါတယ်။ ဥပမာအနေနဲ့ “လျှပ်စစ်သည် အရှေ့မှပြက်၍ အနောက်တိုင်အောင် ထွန်းလင်းသကဲ့သို့၊ လူသားသည် ကြွလာတော်မူလတံ့။(ရှင်မဿဲခရစ်ဝင် ၂၄:၂၇)ကောင်းကင်တစ်ဘက်မှ ပြက်သောလျှပ်စစ်သည် ကောင်းကင်အနှံ့အပြား ထွန်းလင်းသကဲ့သို့၊ လူသားသည် မိမိနေ့ရက်၌ ဖြစ်တော်မူလတ္တံ့။ ထိုသို့မဖြစ်မီ သူသည် များစွာသောဆင်းရဲဒုက္ခကိုလည်းကောင်း၊ ယခုလူမျိုး (ဒီမျိုးဆက်) ၏ ငြင်းပယ်ခြင်းကိုလည်းကောင်း ခံရမည်။(ရှင်လုကာခရစ်ဝင် ၁၇:၂၄-၂၅)သန်းခေါင်ယံ၌ကြည့်ပါ။ မင်္ဂလာဆောင်လုလင်သည် လာပြီ။ ခရီးဦးကြိုပြုခြင်းငှာ ထွက်သွားကြကုန်ဟု ကြွေးကြော်လျှင်။(ရှင်မဿဲခရစ်ဝင် ၂၅:၆) သခင်ယေရှုရဲ့ ပရောဖက်ပြုချက်တွေအရ သခင် ပြန်ကြွလာတဲ့အခါ ကိုယ်တော်ဟာ လူသားအနေနဲ့ လူ့ဇာတိခံမယ်၊ ကိုယ်တော်ရဲ့ အမှုတော်ကို ဆောင်ရွက်ဖို့ ပေါ်ထွန်းပြီး သမ္မာတရားကို ဖော်ပြမယ်၊ ပြီးတော့ လူတစ်စုကို ကယ်တင်ပြီး အောင်နိုင်သူတွေ ဖြစ်လာစေဖို့ နောက်ဆုံးသောကာလ တရားစီရင်တဲ့ အလုပ်ကို ဆောင်ရွက်မယ်ဆိုတာ ကျွန်တော်တို့ သေချာပြောနိုင်ပါတယ်။ ဘုရားသခင်ရဲ့ နိုင်ငံတော် ကမ္ဘာမြေပေါ်မှာ အမှန်တကယ် ဖြစ်လာနိုင်ဖို့အတွက် ကိုယ်တော်ဟာ နိုင်ငံတော် ဧဝံဂေလိတရားကို ကမ္ဘာပေါ်က နိုင်ငံအားလုံးဆီ ဖြန့်ဝေပါလိမ့်မယ်။ ဘုရားသခင်ဟာ ကိုယ်တော်ရဲ့ အမှုတော်ကို ဆောင်ရွက်ဖို့ လူ့ဇာတိနဲ့ ပေါ်ထွန်းရင်း စာတန်နဲ့ ရန်သူ့အင်အားစုတွေ အားလုံးကို အနိုင်ယူပြီး ကိုယ်တော်ရဲ့ နိုင်ငံတော်ကို ကမ္ဘာမြေပေါ်မှာ တည်ထောင်ပါတယ်။ ဒါဟာ ဘုရားသခင်ရဲ့ ကြီးမားတဲ့ တန်ခိုးနဲ့ ဉာဏ်ပညာကို အပြည့်အဝ ထုတ်ဖော်ပြသပြီး ဒီနည်းနဲ့ ဘုရားသခင်ဟာ ဘုန်းအသရေကို ရရှိပါတယ်။

ဒါပေမဲ့ လူတွေက ဘုရားသခင်ရဲ့ အမှုတော်အကြောင်း လုံးဝ နားမလည်ကြပါဘူး။ သူတို့ရဲ့ ကိုယ်ပိုင် အယူအဆတွေနဲ့ စိတ်ကူးစိတ်သန်းတွေကိုပဲ မှီခိုပြီး သခင်ယေရှု ပြန်ကြွလာမယ့် ပုံစံကို ဘောင်ခတ်ကြတယ်၊ ကိုယ်တော်ဟာ ဝိညာဉ်ခန္ဓာနဲ့ ကြွလာမယ်လို့ ထင်ကြတယ်။ ကိုယ်တော်ရဲ့ ဝိညာဉ်ခန္ဓာ ကောင်းကင်ကနေ မိုးတိမ်စီးပြီး ဆင်းသက်လာတာကို မြင်မှပဲ သူတို့ လက်ခံကြလိမ့်မယ်။ ဒါဟာ သေစေနိုင်လောက်တဲ့ အမှားတစ်ခုပါပဲ။ ကိုယ်တော်ရဲ့ ဝိညာဉ်ခန္ဓာ ရောက်လာတာကို မြင်တဲ့အခါ သခင့်ကို သူတို့ ကြိုဆိုလိုက်နိုင်ပြီလို့ ထင်ကြလိမ့်မယ်၊ ဒါပေမဲ့ တကယ်တမ်းမှာတော့ သူတို့ဟာ အမင်္ဂလာနဲ့ ကြုံရမှာပါ။ သခင့်ရဲ့ ဝိညာဉ်ခန္ဓာ သူ့ဆီ ပေါ်ထွန်းလာတာကို သောမ မြင်လိုက်ရတုန်းကလိုပါပဲ။ အဲဒီကျမှ သူက ယုံကြည်ပြီး “အကျွန်ုပ်၏အရှင်၊ အကျွန်ုပ်၏ ဘုရားသခင်” လို့ ပြောခဲ့တယ်။ သခင်ယေရှုက သူ့ကို အသိအမှတ်မပြုဘဲ ဒီလိုပဲ ပြောခဲ့ပါတယ်။ “သင်သည်ငါ့ကိုမြင်သောကြောင့် ယုံခြင်းရှိ၏။ ငါ့ကိုမမြင်ဘဲ ယုံသောသူတို့သည် မင်္ဂလာရှိကြ၏။(ရှင်ယောဟန်ခရစ်ဝင် ၂၀:၂၉) နောက်ဆုံးသောကာလမှာ သခင်ဟာ လူသားအနေနဲ့ လူ့ဇာတိခံခဲ့ပြီး တရားစီရင်တဲ့ အလုပ်ကို ဆောင်ရွက်ဖို့ သမ္မာတရားကို ဖော်ပြနေပါတယ်။ မိတ်ဆွေက ဒါကို မယုံကြည်ဘဲ၊ လက်မခံဘဲ သခင့်ရဲ့ ဝိညာဉ်ခန္ဓာ မိုးတိမ်စီးပြီး ဆင်းသက်လာတာကို မြင်မှ ယုံကြည်မယ်လို့ ဇွတ်ငြင်းနေမယ်ဆိုရင် နောက်ဆုံးသောကာလမှာ ဘုရားသခင်ရဲ့ ကယ်တင်တာကို ခံရဖို့ အခွင့်အရေး လွဲချော်သွားပါလိမ့်မယ်။ သခင့်ရဲ့ ဝိညာဉ်ခန္ဓာ ဆင်းသက်လာတဲ့အချိန်ဟာ ဘုရားသခင်ရဲ့ တရားစီရင်တဲ့ အလုပ် ပြီးဆုံးပြီး ကောင်းတဲ့သူကို ဆုချတဲ့အပြင် ဆိုးတဲ့သူကို ဒဏ်ခတ်မယ့်အချိန် ဖြစ်ပါလိမ့်မယ်။ အဲဒါက ဗျာဒိတ်ကျမ်းထဲက ပရောဖက်ပြုချက်ကို ပြည့်စုံစေပါလိမ့်မယ်။ “ကြည့်ရှုလော့။ မိုးတိမ်နှင့်တကွ ကြွလာတော်မူသည်ဖြစ်၍၊ ကိုယ်တော်ကို ထိုးဖောက်သော သူတို့နှင့် ရှိသမျှသောသူတို့သည် ကိုယ်တော်ကို ရှုမြင်ရကြလိမ့်မည်။ မြေကြီးသားအမျိုးမျိုးရှိသမျှတို့သည် ကိုယ်တော်ကြောင့် ငိုကြွေးမြည်တမ်းရကြလိမ့်မည်။(ဗျာဒိတ်ကျမ်း ၁:၇) အဲဒီအချိန်ကျရင် နောက်ကျသွားပါပြီ။ အဲဒီအချိန်ဟာ လူတွေ ငိုကြွေးပြီး အံသွားခဲကြိတ်မယ့်အချိန်၊ မျှော်လင့်ချက်မဲ့ပြီး ရင်ဘတ်စည်တီးမယ့်အချိန် ဖြစ်ပါလိမ့်မယ်။ နှုတ်ကပတ်တော်တစ်ပိုဒ်ကို ဖတ်ကြည့်ရအောင်ပါ။ “ငါပြောသည့် အရာကို များစွာသော လူတို့သည် ဂရုမစိုက်ဘဲ နေကောင်းနေနိုင်သည်၊ သို့သော် ယေရှုသည် ဖြူသောမိုးတိမ်စီးကာ ကောင်းကင်ဘုံမှ ဆင်းသက်လာသည်ကို သင်တို့မျက်စိဖြင့်တွေ့သည့်အခါ ဤသည်မှာ ဖြောင့်မတ်ခြင်း၏ နေမင်း လူသိရှင်ကြား ပေါ်ထွက်လာသည့်အချိန် ဖြစ်လိမ့်မည်ဟု သန့်ရှင်းသူဟုဆိုသော ယေရှု၏နောက်သို့ လိုက်သူတိုင်းကို ငါပြောလိုသေး၏။ သင့်အတွက် ထိုအချိန်သည် အလွန်စိတ်လှုပ်ရှားဖွယ် ကောင်းသည့်အချိန်တစ်ခု ဖြစ်ကောင်းဖြစ်နိုင်သည်။ သို့သော် သင်တို့သိသင့်သည်မှာ သင်တို့သည် ယေရှု ကောင်းကင်မှ ဆင်းသက်သည်ကို မြင်တွေ့ရသည့်အချိန်သည် သင်တို့ အပြစ်ဒဏ်ပေးခြင်းခံရရန် ငရဲသို့ ဆင်းသွားရမည့်အချိန်လည်း ဖြစ်မည်ဖြစ်ပြီး ဘုရားသခင်၏ စီမံခန့်ခွဲမှုအစီအစဉ် ပြီးဆုံးကြောင်း ကြေညာပြီးဖြစ်သည့်အချိန်နှင့် ဘုရားသခင်က ကောင်းမြတ်ခြင်းကို ဆုချ၍ ဆိုးယုတ်ခြင်းကို အပြစ်ဒဏ်ပေးတော်မူသည့်အချိန်လည်း ဖြစ်ပေသည်။ အကြောင်းမှာ သမ္မာတရား၏ ဖော်ပြချက်သာရှိသည့် အချိန်တွင် လူသည် နိမိတ်လက္ခဏာများကို မမြင်မီ ဘုရားသခင်၏ တရားစီရင်ခြင်း အမှု ပြီးဆုံးပြီးဖြစ်လိမ့်မည် ဖြစ်သောကြောင့်တည်း။ သမ္မာတရားကိုလက်ခံပြီး နိမိတ်လက္ခဏာများကို မရှာဖွေသည့်အပြင် ထိုသို့ဖြင့် သန့်စင်ခံရပြီးသူများသည် ဘုရားသခင်၏ပလ္လင်ရှေ့သို့ ခေါ်ဆောင်ခြင်းခံရလိမ့်မည် ဖြစ်ကာ ဖန်ဆင်းရှင်၏ ထွေးပိုက်မှုထဲသို့ ဝင်ရောက်ရပြီးဖြစ်လိမ့်မည်။ ‘ဖြူသော မိုးတိမ်မစီးသည့် ယေရှုသည် ခရစ်တော်အယောင်ဆောင်သူ ဖြစ်သည်’ ဟု မလျှော့တမ်း ယုံကြည်ကြသူများသည်သာ ထာဝရအပြစ်ဒဏ်ပေးခြင်း ခံရမည်ဖြစ်သည်၊ အဘယ်ကြောင့်ဆိုသော် ၎င်းတို့သည် နိမိတ်လက္ခဏာများ ပြုလုပ်သော ယေရှု၌သာ ယုံကြည်ကြပြီး ပြင်းထန်သည့် တရားစီရင်မှုကို ဖော်ပြကာ အသက်နှင့် စစ်မှန်သော လမ်းခရီးကို ထုတ်ပြန်သော ယေရှုကို အသိအမှတ် မပြုကြသောကြောင့် ဖြစ်သည်။ ထို့ကြောင့် ယေရှုသည် ဖြူသောမိုးတိမ်စီးကာ လူပုံအလယ်တွင် ပြန်ကြွလာချိန်တွင် ၎င်းတို့ကို ကိုင်တွယ်ဖြေရှင်းခြင်းသာ ဖြစ်ပေမည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ယေရှု၏ဝိညာဉ်ခန္ဓာကို သင်တွေ့မြင်သည့်အချိန်တွင် ဘုရားသခင်သည် ကောင်းကင်နှင့်မြေကြီးကို အသစ်တစ်ဖန် ပြုလုပ်ပြီးဖြစ်လိမ့်မည်) သခင့်ရဲ့ ပေါ်ထွန်းခြင်းရယ်၊ ဇာတိပကတိနဲ့ အမှုတော်ရယ်ကို လက်မခံဘဲ သခင် မိုးတိမ်စီးပြီး ဆင်းသက်လာမှာကိုပဲ စောင့်နေတဲ့သူတိုင်းကို အမင်္ဂလာ စောင့်ကြိုနေတယ်ဆိုတာ ဒီနှုတ်ကပတ်တော်ကနေ ကျွန်တော်တို့ မြင်နိုင်ပါတယ်။

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

ကောင်းကင်နိုင်ငံတော်သည် ကောင်းကင်၌ ရှိသလော၊ သို့မဟုတ် မြေကြီးပေါ်၌ ရှိသလော။

သခင့်ကို ယုံကြည်သူအားလုံးက သခင်ယေရှုရဲ့ ကတိတော်ကို ယုံကြည်ကြတယ်။ “သင်တို့နေစရာအရပ်ကို ပြင်ဆင်ခြင်းငှါ ငါသွားရ၏။ ငါသည်သွား၍...

စစ်မှန်သည့် ခရစ်တော်နှင့် ခရစ်တော် အယောင်ဆောင်များကို ပိုင်းခြားသိမြင်ခြင်း

ဒီနေ့ စစ်မှန်တဲ့ ခရစ်တော်နဲ့ ခရစ်တော် အယောင်ဆောင်တွေကို ဘယ်လို ပိုင်းခြားသိမြင်ရမယ်ဆိုတာကို ကျွန်တော်ပြောချင်ပါတယ်။ ဒါက ဘုရားအပေါ်...

ကယ်တင်ရှင် ပြန်ကြွလာသည့်အခါ၊ သူ့အား ယေရှုဟု ခေါ်ဦးမည်လော

နောက်ဆုံးသောကာလမှာ ကယ်တင်ရှင် အနန္တတန်ခိုးရှင် ဘုရားသခင်က ကမ္ဘာမြေကို ကြွလာနှင့်ပြီးပြီ။ လူသားမျိုးနွယ်ကို အပြည့်အဝ ကယ်တင်ဖို့...

ချီဆောင်ခံရခြင်းဆိုသည်မှာ အမှန်တကယ်တွင် မည်သည့်အရာဖြစ်သနည်း

လွန်ခဲ့တဲ့ နှစ် ၂၀ဝ၀ တုန်းက သခင်ယေရှုဟာ ကားစင်တင်ခံရပြီး သူ့ရဲ့ ရွေးနုတ်ခြင်းအမှုကို လုပ်ပြီးသွားတဲ့နောက် သူပြန်ကြွလာမယ်လို့...

Leave a Reply

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။