ဘုရားသခင်၏ နောက်ဆုံးသောကာလ တရားစီရင်ခြင်းအမှုသည် လူသားမျိုးနွယ်ကို မည်သို့သန့်စင်ကယ်တင်ပုံ
ကပ်ဘေးကြီးတွေက ကျွန်တော်တို့အပေါ် ကျရောက်နေပြီဆိုတာ လူတွေက သတိပြုမိလာကြသလို သခင်မိုးတိမ်စီးပြီး ကြွလာတာကို မျှော်လင့်နေသူတွေဟာလည်း အသက်တောင် ရဲရဲမရှူရဲဘဲ စောင့်မျှော်နေကြပါတယ်။ နှစ်ချီစောင့်ပြီးတဲ့နောက်မှာ သခင်ကြွလာတာကို မမြင်ကြရသေးပါဘူး။ အဲဒီအစား အရှေ့အရပ်မှ လျှပ်ပြက်ခြင်းက အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နောက်ဆုံးသောကာလ တရားစီရင်ခြင်းအမှုကို သက်သေခံနေတာပဲ သူတို့မြင်ကြရတယ်။ ဒါက သူတို့အတွက် လုံးဝစိတ်ပျက်စရာကြီးပါ။ သူတို့က သခင်နဲ့တွေ့ရမဲ့နေရာဆီ တိုက်ရိုက်ချီဆောင်ခံရဖို့ မျှော်လင့်နေကြတယ်။ သခင်ပြန်ကြွလာတဲ့အခါမှာ တရားစီရင်ခြင်းအမှုကို ပြုမယ်လို့ လုံးဝ မမျှော်လင့်ကြဘူး။ သူတို့က ဒါကို လက်မခံချင်ကြဘူး။ လူများစွာက ဘာသာရေးလောကရဲ့ အန္တိခရစ်အင်အားစုတွေနောက်ကို လိုက်နေကြတယ်။ ဘုရားသခင်ရဲ့ ပေါ်ထွန်းခြင်းနဲ့ အမှုတော်ကို ဝေဖန်ရှုတ်ချနေကြတယ်။ သူတို့က ထင်ကြတယ်။ “ငါတို့အပြစ်တွေ ခွင့်လွှတ်ခြင်းခံရပြီး ဘုရားသခင်က ငါတို့ကို ဖြောင့်မတ်တယ်လို့ မှတ်ယူပြီးပြီ။ ဒါကြောင့် ဘုရားသခင်ရဲ့ တရားစီရင်ခြင်းကို ငါတို့မလိုအပ်ဘူး။ သခင့်ကောင်းချီးတွေ ခံစားရမဲ့ သူ့ရဲ့နိုင်ငံတော်ထဲကို ချီဆောင်ခံရဖို့ သခင့်ကို ငါတို့စောင့်နေကြတာ” ဆိုပြီးလေ။ သူတို့ဟာ သူတို့အယူအဆတွေကို ဖက်တွယ်ထားပြီး စစ်မှန်တဲ့လမ်းကို ရှာဖွေစူးစမ်းဖို့ မလိုလားကြဘူး။ ဒါကြောင့် သူတို့က သခင့်ကို မကြိုဆိုကြသေးဘဲ ကပ်ဘေးတွေထဲကို ကျရောက်ကြရတာပါ။ ဒါက သခင်ယေရှုရဲ့ နှုတ်ကပတ်တော်တွေကို လုံးဝ ပြည့်စုံစေပါတယ်။ “အကြောင်းမူကား၊ အကြင်သူသည်ရတတ်၏။ ထိုသူ၌ ကြွယ်ဝပြည့်စုံစေခြင်းငှါ ပေးဦးမည်။ အကြင်သူ သည် ဆင်းရဲ၏။ ထိုသူ၌ရှိသမျှကိုပင် နှုတ်လိမ့်မည်။ အသုံးမရသော ထိုငယ်သားကိုငိုကြွေးခြင်း၊ အံသွားခဲကြိတ်ခြင်းရှိရာ၊ ပြင်အရပ်မှောင်မိုက်ထဲသို့ နှင် ထုတ်ချလိုက်ကြဟု စီရင်တော်မူ၏။” (ရှင်မဿဲခရစ်ဝင် ၂၅:၂၉-၃၀) ဒါပေမဲ့ သမ္မာတရားကို ချစ်သူတွေ အများကြီးရှိပြီး သူတို့က အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေကို ဖတ်တဲ့အခါမှာ နှုတ်ကပတ်တော်တွေရဲ့ တန်ခိုးနဲ့ အာဏာကို မြင်ကြတယ်။ အားလုံးက သမ္မာတရားဖြစ်တယ်ဆိုတာ မြင်ကြတယ်။ ဘုရားသခင်ရဲ့ အသံတော်ကို သတိပြုမိကြပြီး သူတို့အယူအဆတွေရဲ့ ဆွဲထားတာကို မခံရတော့ဘဲ စစ်မှန်တဲ့လမ်းကို ဆက်ပြီး လေ့လာစုံစမ်းကြတယ်။ သူတို့ရဲ့ ပထမဆုံးမေးခွန်းတွေက သူတို့အပြစ်တွေ ခွင့်လွှတ်ခံရပြီး ဘုရားက သူတို့ကို ဖြောင့်မတ်တယ်လို့ မှတ်ယူပြီးသွားပြီကို ဘုရားသခင်က ဘာလို့ တရားစီရင်ခြင်းအမှုကို ပြုဖို့လိုသေးတာလဲ ဆိုတာနဲ့ နောက်ဆုံးသောကာလမှာ အဲဒီအမှုကတစ်ဆင့် ဘုရားသခင်က လူသားမျိုးနွယ်ကို ဘယ်လိုသန့်စင်ပြီး ကယ်တင်သလဲဆိုတာပဲ။ ဒါတွေက စစ်မှန်တဲ့လမ်းကို လေ့လာစုံစမ်းနေသူတိုင်း နားလည်ထားရမဲ့ အရေးပါဆုံး၊ အရှုပ်ထွေးဆုံး မေးခွန်းနှစ်ခုပါပဲ။
ဘုရားသခင်က နောက်ဆုံးသောကာလမှာ ဘာကြောင့်တရားစီရင်ခြင်းအမှုကို ပြုဖို့လိုတာလဲကနေ စရအောင်။ ဒါက ဘာသာရေးသမား အများကြီးအတွက် ရှုပ်ထွေးစရာပါပဲ။ သူတို့က ထင်ကြတယ်။ “သခင်က ငါတို့အပြစ်တွေကို ခွင့်လွှတ်ပြီးခဲ့ပြီ။ ဘုရားက ငါတို့ကို အပြစ်ရှိတယ်လို့ မမြင်တော့ဘူး။ ဒါကြောင့် သူ့ရဲ့နိုင်ငံတော်ထဲ ငါတို့ကို တိုက်ရိုက်ခေါ်ဆောင်နိုင်တယ်။ ဘုရားသခင်ရဲ့တရားစီရင်ခြင်းကို ငါတို့မလိုအပ်ဘူး” ဆိုပြီးတော့လေ။ ဒါက သိပ်ကြီးတဲ့အမှားပဲ။ သခင်က လူသားရဲ့အပြစ်တွေကို ခွင့်လွှတ်ပြီးပြီဆိုတာ မှန်ပါတယ်။ ဒါပေမဲ့ အဲဒီခွင့်လွှတ်ခြင်းက ကျွန်တော်တို့ဟာ သန့်စင်ခြင်းခံရပြီးပြီလို့ အဓိပ္ပာယ်ရသလား။ အဲဒါက ကျွန်တော်တို့ဟာ ဘုရားသခင်အပေါ် အမှန်တကယ်နာခံခြင်း ရရှိပြီလို့ အဓိပ္ပာယ်ရသလား။ မရပါဘူး။ ကျွန်တော်တို့အားလုံး ဒီအချက်ကို မြင်ပြီးပြီ။ ကျွန်တော်တို့ အပြစ်တွေ ခွင့်လွှတ်ခြင်းခံရပေမဲ့ ယုံကြည်သူတွေ တစ်ယောက်မကျန်ဟာ အပြစ်ပြုလိုက် ဝန်ချလိုက်ဆိုတဲ့ သံသရာထဲမှာ အသက်ရှင်နေကြတယ်။ နေ့မှာ အပြစ်ပြုပြီး ညမှာ ဝန်ချကြတယ်။ သခင်ယေရှုရဲ့ ပညတ်တော်တွေကို စောင့်ထိန်းဖို့ ကြိုးစားနေပြီး မစောင့်ထိန်းနိုင်ဖြစ်ကြတယ်။ သခင့်ကို ချစ်ပြီး နာခံဖို့ ကြိုးစားရင်းနဲ့ မလုပ်နိုင် ဖြစ်နေကြတယ်။ ကောင်းတာလုပ်ဖို့ စိတ်ပိုင်းဖြတ်ပြီး မရည်ရွယ်ဘဲနဲ့ လိမ်ညာပြီး အပြစ်ပြုနေကြတုန်းပဲ။ ဘယ်လောက်ပဲ ကိုယ့်ကိုယ်ကိုယ် ထိန်းထားချင်ပေမဲ့ မလုပ်နိုင်ကြဘူး။ ဇာတိပကတိက အရမ်းဖောက်ပြန်ပျက်စီးနေတယ်လို့ လူများစွာက ခံစားကြရပြီး အပြစ်ထဲမှာ အသက်ရှင်ရတာက တကယ်ကို နာကျင်ရပါတယ်။ ဒါဆိုရင် ဘာကြောင့် လူတွေက အပြစ်ရဲ့ ချည်နှောင်မှုကနေ သူတို့ကိုယ်သူတို့ မကယ်ထုတ်နိုင်ကြတာလဲ။ ဘာကြောင့် အပြစ်တွေ ထပ်ထပ်ပြီး မလုပ်ဘဲ မနေနိုင်ဖြစ်ကြတာလဲ။ ဒါဟာ လူ့ရဲ့ အပြစ်ရှိတဲ့သဘာဝနဲ့ ဆိုးယုတ်တဲ့ စိတ်သဘောထားကြောင့်ပါ။ ဒါတွေက အပြစ်တရားရဲ့ အမြစ်ဖြစ်ပါတယ်။ အပြစ်ရဲ့ အရင်းအမြစ်ကို မကိုင်တွယ်ဘဲနဲ့ ကျွန်တော်တို့က အပြစ်ကနေ လုံးဝ မလွတ်မြောက်နိုင်ပါဘူး၊ ဘုရားသခင်ကို ဆက်ပြီး အာခံနေမှာပါ။ ဘုရားသခင်ကို ရှုတ်ချပြီး ရန်လိုနေမှာပါ။ မျိုးဆက်နဲ့ချီ ယုံကြည်ခြင်းရှိကြပြီး အပြစ်ဖြေရာယဇ်တွေကို အဆက်မပြတ် ပူဇော်နေခဲ့ကြတဲ့ ဖာရိရှဲတွေကို တွေးကြည့်ပါ။ ယေဟောဝါ ဘုရားသခင်က သခင်ယေရှုအဖြစ် လူ့ဇာတိခံယူပြီး သမ္မာတရားတွေ အများကြီးကို ဖော်ပြတဲ့အခါမှာ သူတို့က သခင်ယေရှုကို ယေဟောဝါ ဘုရားသခင်ပေါ်ထွန်းခြင်းအဖြစ် ဘာကြောင့် အသိအမှတ်မပြုကြဘဲ ဝေဖန်ရှုတ်ချကြတာလဲ။ ကားစင်တောင် တင်ကြတာလဲ။ ပြဿနာက ဘာလဲ။ အခု နောက်ဆုံးသောကာလမှာ အနန္တတန်ခိုးရှင် ဘုရားသခင် ကြွလာပြီး သမ္မာတရားတွေကို ဖော်ပြပါတယ်။ ဒါဆိုရင် ဘာကြောင့် ဘာသာရေးသမား အများကြီးက ဒါကို စူးစမ်းဖို့တောင်မှ ငြင်းဆန်ကြပြီး သူ့ကို အရူးအမူးရှုတ်ချလို့ ပြစ်မှားကြတာလဲ။ ဘုရားသခင်ကို နောက်တစ်ခါ ကားစင်တင်ဖို့ ဘာကြောင့် စိတ်ခိုင်မာနေကြတာလဲ။ ဒါတွေအားလုံးက ဘာအဓိပ္ပာယ်လဲ။ ဒါက လူတွေရဲ့ အပြစ်တွေ ခွင့်လွှတ်ခြင်းခံရပေမဲ့ သူတို့ဟာ ဆိုးယုတ်တဲ့ သူတို့သဘာဝရဲ့ အုပ်စိုးတာကို ခံနေရဆဲဖြစ်ပြီး ဘုရားသခင်ကို အချိန်မရွေး ရှုတ်ချပြီး အာခံနေနိုင်တယ်ဆိုတာ ရှင်းရှင်းလင်းလင်း ပြပါတယ်။ လူသားမျိုးနွယ်ရဲ့ အပြစ်ရှိခြင်းက အပြစ်ရှိတဲ့ လုပ်ဆောင်မှုတွေနဲ့ပတ်သက်တဲ့ ကိစ္စသက်သက်မဟုတ်ပါဘူး။ သူတို့အပြစ်ရှိခြင်းက ကြီးလေးလွန်းလို့ သူတို့ဟာ သမ္မာတရားကို ဖော်ပြတဲ့ ခရစ်တော်ကို ကားစင်တင်ချင်ကြတာပါ။ ဘုရားသခင်ကို ဆန့်ကျင်ရပ်တည်ပြီး သမ္မာတရားကို ဆန့်ကျင်ရင်း၊ ဘုရားကို ဆန့်ကျင်ပြုမူပြီး အလုပ်လုပ်ကြရင်းပေါ့။ ဒီလိုနဲ့ ဘုရားရဲ့ရန်သူတွေ ဖြစ်လာကြတယ်။ ဘုရားကို ဆန့်ကျင်တဲ့ ညစ်ပေပြီး ဖောက်ပြန်ပျက်စီးတဲ့ လူတွေက သူ့ရဲ့နိုင်ငံတော်နဲ့ ဘယ်လိုထိုက်တန်နိုင်မှာလဲ။ ဘုရားသခင်က ဖြောင့်မတ်သန့်ရှင်းတယ်။ သူ့ရဲ့ စိတ်သဘောထားက ပုန်ကန်ပြစ်မှားလို့ မရနိုင်ဘူး။ အပြစ်တွေ ခွင့်လွှတ်ခြင်းခံရတဲ့သူတွေက တရားစီရင်ခြင်းအမှုကတစ်ဆင့် သန့်စင်ခြင်းမခံရဘဲ အပြစ်ဆက်လုပ်နေပြီး ဘုရားကို အာခံနေရင် သူတို့ဟာ ဘုရားသခင်ရဲ့ နိုင်ငံတော်နဲ့ ဘယ်တော့မှ ထိုက်တန်မှာမဟုတ်ဘူး။ ဒါက သံသယရှိစရာ မလိုပါဘူး။ ဒါက သခင်ယေရှုရဲ့ နှုတ်ကပတ်တော်တွေကို ပြည့်စုံစေတယ်။ “သခင်၊ သခင်ဟု ငါ့ကိုလျှောက်သောသူတိုင်း ကောင်းကင်နိုင်ငံတော်သို့ ဝင်ရလိမ့်မည်မဟုတ်။ ကောင်းကင်ဘုံ၌ ရှိတော်မူသော ငါ့ခမည်းတော်၏အလိုကို ဆောင်သောသူသာလျှင် ဝင်ရလိမ့်မည်။” (ရှင်မဿဲခရစ်ဝင် ၇:၂၁) “ငါအမှန်အကန်ဆို သည်ကား၊ ဒုစရိုက်ကို ပြုသမျှသောသူတို့သည် ဒုစရိုက်ကျွန်ဖြစ်၏။ ကျွန်သည်ကား အိမ်၌ အစဉ်အမြဲနေသည်မဟုတ်။ သားမူကား အစဉ်အမြဲနေ၏။” (ရှင်ယောဟန်ခရစ်ဝင် ၈:၃၃-၃၅) ဟေဗြဲသြဝါစာ ၁၂:၁၄ မှာလည်း ရှိတယ်။ “သန့်ရှင်းခြင်းပါရမီမရှိလျှင်၊ အဘယ်သူမျှ ထာဝရဘုရားကို မဖူးမမြင်ရ။” ဒါကြောင့် သခင်ယေရှုက သူနောက်တစ်ဖန်ကြွလာမယ်လို့ သူ့ရဲ့ ရွေးနုတ်ခြင်းအမှုကာလတုန်းက ခဏခဏပြောခဲ့တာပါ။ ဒါဆိုရင် သူဒီကို ဘာလုပ်ဖို့လာတာလဲ။ လူသားမျိုးနွယ်ကို အပြစ်ကနေ၊ စာတန်ရဲ့ အင်အားစုတွေကနေ အပြည့်အဝ ကယ်တင်ဖို့ သမ္မာတရားတွေ ဖော်ပြပြီး သူ့ရဲ့တရားစီရင်ခြင်းအမှုကို ဆောင်ရွက်ဖို့ပါ။ ဒါဟာ ကျွန်တော်တို့တွေ ဘုရားဘက်ကို အပြည့်အဝလှည့်နိုင်ပြီး ဘုရားကို နာခံကိုးကွယ်တဲ့လူတွေ ဖြစ်လာဖို့အတွက်ပေါ့။ အဲဒီနောက်မှာ သူက ကျွန်တော်တို့ကို လှပတဲ့ ပန်းတိုင်တစ်ခုဆီ ခေါ်သွားမယ်။ သခင်ယေရှု ပရောဖက်ပြုထားသလိုပဲ။ “သင်တို့အား ငါပြောစရာ စကားအများ ရှိသော်လည်း၊ သင်တို့သည် ယခုမခံနိုင်ကြ။ သမ္မာတရားနှင့်ပြည့်စုံသော ထိုဝိညာဉ်တော်သည် ရောက်လာသောအခါ၊ သမ္မာတရားကို သင်တို့အား အကြွင်းမဲ့ သွန်သင်ပြလိမ့်မည်။” (ရှင်ယောဟန်ခရစ်ဝင် ၁၆:၁၂-၁၃) “ငါ့စကားကို ကြားသောသူသည် မယုံကြည်ဘဲနေလျှင် ထိုသူကို ငါသည်အပြစ်မစီရင်။ လောကီသား တို့ကို အပြစ်စီရင်အံ့သောငှါ ငါလာသည်မဟုတ်၊ လောကီသား တို့ကို ကယ်တင်အံ့သောငှါငါလာ၏။ ငါ့ကိုပယ်၍ ငါ့စကားကို နာမခံသောသူအား အပြစ်စီရင်သောသူရှိသေး၏။ ငါဟောပြောသော စကား ပင် နောက်ဆုံးသောနေ့၌ ထိုသူအားအပြစ်စီရင်လိမ့်မည်။” (ရှင်ယောဟန်ခရစ်ဝင် ၁၂:၄၇-၄၈) ပြီးတော့ “ဘုရားသခင်၏အိမ်တော်သားတို့ကို ရှေ့ဦးစွာစစ်ကြော စီရင်ရသော အချိန်ရှိပြီ။” (ရှင်ပေတရုသြဝါဒစာပဌမစောင် ၄:၁၇) ဘုရားသခင်က ရှေးကတည်းက နောက်ဆုံးသောကာလ တရားစီရင်ခြင်းအမှုကို ဆောင်ရွက်ဖို့ စီစဉ်ခဲ့တယ်ဆိုတာ ဒီမှာ ကျွန်တော်တို့ မြင်နိုင်တယ်။ ဒါဟာ ဖောက်ပြန်ပျက်စီးတဲ့ လူသားမျိုးနွယ်က အပြည့်အဝကယ်တင်ခြင်းခံရဖို့ လိုအပ်တဲ့အရာ အတိအကျပါပဲ။ နောက်ဆုံးသောကာလမှာ အနန္တတန်ခိုးရှင် ဘုရားသခင်က သမ္မာတရားတွေကို ဖော်ပြနေပြီး ဘုရားအိမ်တော်ကစတဲ့ တရားစီရင်ခြင်းအမှုကို ပြုနေပါတယ်။ သူဟာ ဘုရားသခင်ရွေးချယ်ထားသူတွေကို သမ္မာတရားအားလုံးထဲ ဝင်ရောက်ဖို့ ဦးဆောင်နေတဲ့ လူသားတွေကြားထဲကို ကြွလာတဲ့ သမ္မာတရားရဲ့ ဝိညာဉ်ဖြစ်ပါတယ်။ ဒါက သခင်ယေရှုရဲ့ ပရောဖက်ပြုချက်တွေကို အပြည့်အဝ ပြည့်စုံစေတယ်။ ဘုရားသခင်က နောက်ဆုံးသောကာလမှာ တရားစီရင်ခြင်းအမှုကို ဘာကြောင့် လုပ်ဖို့လိုတယ်ဆိုတဲ့အပေါ် ပိုပြီး ရှင်းလင်းသွားအောင် အခု အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်နည်းနည်းလောက် ဖတ်ရအောင်။
အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ- “ယေရှုသည် လူသားအလယ်တွင် အမှုများစွာ လုပ်ဆောင်ခဲ့သော်လည်း၊ သူသည် လူသားမျိုးနွယ် အားလုံး၏ ရွေးနုတ်ခြင်းကိုသာ ပြီးစီးစေခဲ့ပြီး လူသားတို့၏ အပြစ်ဖြေရာယဇ် ဖြစ်လာခဲ့သည်။ သူသည် လူသားထံမှ သူ၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားအားလုံး ဖယ်ရှားမပေးခဲ့ပေ။ စာတန်၏စွမ်းအားမှ လူသားကို အပြည့်အဝ ကယ်တင်ခြင်းသည် ယေရှုအနေဖြင့် အပြစ်ဖြေရာယဇ် ဖြစ်လာပြီး လူသား၏ အပြစ်များကို သယ်ဆောင်ရန် လိုအပ်သည်သာမက၊ ဘုရားသခင်အနေဖြင့် လူသားထံမှ သူ၏ ဆိုးယုတ်စွာ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားအား လုံးဝဖယ်ရှားပေးရန် သာ၍ပင် ကြီးမားသော အမှုကို လုပ်ဆောင်ရန်လည်း လိုအပ်ပေသည်။ ထို့ကြောင့် လူသားသည် သူ၏အပြစ်များမှ ခွင့်လွှတ်ခံရပြီး ဖြစ်သဖြင့်၊ ဘုရားသခင်သည် လူသားကို ခေတ်သစ်ထဲသို့ ဦးဆောင်ရန် လူ့ဇာတိ ပြန်လည်ခံယူပြီဖြစ်ပြီး၊ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းအမှုကို စတင်ပြီဖြစ်သည်။ ဤအမှုသည် လူသားကို သာ၍မြင့်မားသည့် လောကတစ်ခုထဲသို့ ဆောင်ကြဉ်းပြီးဖြစ်သည်။ သူ၏အုပ်စိုးမှုအောက်တွင် ကျိုးနွံနာခံသူအားလုံးသည် သာ၍မြင့်မားသော သမ္မာတရားကို မွေ့လျော်ပြီး သာ၍ကြီးမြတ်သော ကောင်းချီးမင်္ဂလာများကို ရရှိရပေမည်။ ၎င်းတို့သည် အလင်းတွင် အမှန်တကယ် အသက်ရှင်ကြရမည် ဖြစ်ပြီး သမ္မာတရား၊ လမ်းခရီးနှင့် အသက်တို့ကို ရရှိကြရလိမ့်မည်။” (နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ ကျမ်းဦးစကား)
“လူသည် ရွေးနုတ်ခြင်း မခံရမီတွင်၊ စာတန်၏ အဆိပ်အများအပြားသည် သူ့အတွင်းတွင် အခိုင်အမာ တည်ထားနှင့်ပြီးဖြစ်သကဲ့သို့ စာတန်၏ ဖောက်ပြန်ပျက်စီးစေခြင်းကို နှစ်ထောင်ချီ ခံရပြီးနောက်တွင်၊ လူသည် သူ့အတွင်းတွင် ဘုရားသခင်ကို ဆန့်ကျင်သည့် အခြေခိုင်သည့် သဘာဝ ရှိလေသည်။ သို့ဖြစ်ရာ လူသားသည် ရွေးနုတ်ခံရပြီးသည့်အချိန်တွင်၊ ယင်းသည် လူကို အဖိုးအခကြီးစွာ ပေးဝယ်ထားသည့် ရွေးနုတ်ခြင်း ကိစ္စတစ်ခုထက် ဘာမျှမပိုဘဲ၊ သူ့အတွင်းရှိ အဆိပ်သင့်သော သဘာဝမှာ သုတ်သင်ပယ်ရှင်းခြင်းကို မခံရသေးပေ။ အလွန် ညစ်ညမ်းလှသော လူသည် ဘုရားသခင်ကို အစေခံရန် မထိုက်တန်မီတွင် ပြောင်းလဲခြင်းကို ကြုံရမည် ဖြစ်သည်။ တရားစီရင်ခြင်း၊ ပြစ်တင်ဆုံးမခြင်းနှင့်ဆိုင်သည့် ဤအမှုအားဖြင့်၊ လူသည် သူကိုယ်တိုင်အတွင်းရှိ ညစ်ညူးပြီး ဖောက်ပြန်ပျက်စီးသည့် အနှစ်သာရကို အပြည့်အဝ သိလာလိမ့်မည် ဖြစ်ပြီး၊ သူသည် လုံးဝ ပြောင်းလဲနိုင်လိမ့်မည် ဖြစ်ပြီး သန့်ရှင်းလာလိမ့်မည်။ ဤနည်းဖြင့်သာ လူသည် ဘုရားသခင်၏ ပလ္လင်တော် ရှေ့မှောက်သို့ ပြန်လာရန် ထိုက်တန်နိုင်ပေသည်။...လူသားအားလုံးသည် သူ့အပြစ်များမှ ခွင့်လွှတ်ခြင်းနှင့် ရွေးနုတ်ခြင်းကို ခံရပြီးဖြစ်ကောင်း ဖြစ်နိုင်သည့်အတွက်၊ ဘုရားသခင်သည် လူ၏ ဒုစရိုက်ကျူးလွန်ခြင်းများကို မအောက်မေ့ခြင်းနှင့် လူသားကို သူ၏ ဒုစရိုက်ကျူးလွန်ခြင်းများ နှင့်အညီ မဆက်ဆံခြင်း ဟုသာ မှတ်ယူ၍ ရနိုင်ပေသည်။ သို့ရာတွင် ဇာတိ၏ ခန္ဓာဖြင့် အသက်ရှင်သည့် လူသားသည် အပြစ်မှ လွှတ်မြောက်ခြင်း မခံရသေးသည့်အခါ၊ သူသည် ဖောက်ပြန်ပျက်စီးသည့် ဆိုးယုတ်သော စိတ်သဘောထားကို မပြီးနိုင် မဆုံးနိုင် ထုတ်ဖော်ပြလျက်၊ အပြစ်ကိုသာ ဆက်လုပ်နိုင်သည်။ ဤအရာက အပြစ်ပြုခြင်းနှင့် ခွင့်လွှတ်ခြင်းနှင့်ဆိုင်သည့် အဆုံးမရှိသော သံသရာတစ်ခု ဖြစ်သည့် လူများ အသက်ရှင် နေထိုင်သည့် အသက်တာ ဖြစ်သည်။ လူသားမျိုးနွယ် အများစုသည် ညနေတွင် အပြစ်ဝန်ချရန်သာ နေ့ပိုင်းတွင် အပြစ်လုပ်ကြသည်။ ဤနည်းဖြင့် အပြစ်ဖြေရာယဇ်သည် လူအတွက် အစဉ်အမြဲ ထိရောက်သော်လည်း၊ ယင်းသည် လူကို အပြစ်မှ ကယ်တင်နိုင်လိမ့်မည် မဟုတ်ပေ။ လူသားသည် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား ရှိဆဲဖြစ်သည့်အတွက်၊ ကယ်တင်ခြင်း အမှု၏ ထက်ဝက်သာ ပြီးစီးသေးသည်။...လူသားအတွက် သူ၏ အပြစ်များကို သတိပြုမိလာရန်မှာ မလွယ်ကူချေ။ သူသည် သူကိုယ်တိုင်၏ နက်နက်ရှိုင်းရှိုင်း အမြစ်တွယ်ထားသော သဘာဝကို သတိမပြုမိနိုင်သကဲ့သို့၊ ဤရလဒ်ကို ရရှိဖို့အလို့ငှာ နှုတ်ကပတ်တော်၏ တရားစီရင်ခြင်းအပေါ် သူ မှီခိုရမည်ဖြစ်သည်။ ထို့သို့ဖြင့်သာ လူသည် ဤအချိန်မှစ၍ နောက်ပိုင်းတွင် တဖြည်းဖြည်း ပြောင်းလဲလာနိုင်သည်။” (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ လူ့ဇာတိခံယူခြင်း၏ နက်နဲရာအချက် (၄))
ကျေးဇူးတော်ခေတ်မှာ သခင်ယေရှုကိုယ်တိုင်က ကားစင်တင်ခံခဲ့ပြီး လူသားမျိုးနွယ်ရဲ့ အပြစ်ဖြေရာယဇ်ဖြစ်ခဲ့တယ်။ လူသားမျိုးနွယ်ကို အပြစ်ကနေ ရွေးနုတ်ခဲ့တယ်။ အဲဒီကတည်းက လူသားရဲ့အပြစ်တွေ ခွင့်လွှတ်ခြင်းခံရပြီး ဘုရားသခင်က ကျွန်တော်တို့ကို အပြစ်နဲ့သက်ဆိုင်တယ်လို့ မမြင်တော့ဘူး။ ဒါကြောင့် ကျွန်တော်တို့ဟာ ဘုရားဆီကို တိုက်ရိုက်ဆုတောင်းနိုင်ပြီး ဘုရားရှေ့ကို လာနိုင်တယ်။ ဒါပေမဲ့ ဘုရားသခင်က လူသားကို အပြစ်နဲ့သက်ဆိုင်တယ်လို့ မမြင်တော့တာက သူဟာ ကျွန်တော်တို့ အပြစ်တွေကို ခွင့်လွှတ်ပြီးဖြစ်တယ်လို့ပဲ အဓိပ္ပာယ်ရတာ။ ကျွန်တော်တို့က အပြစ်ကင်းတယ်၊ လုံးဝ သန့်ရှင်းတယ်လို့ အဓိပ္ပာယ်မရပါဘူး။ ကျွန်တော်တို့မှာ အပြစ်ရှိတဲ့သဘာဝနဲ့ ဆိုးယုတ်တဲ့ စိတ်သဘောထားတစ်ခု ရှိနေဆဲပါပဲ။ ကျွန်တော်တို့ ဖောက်ပြန်ပျက်စီးခြင်းက သန့်စင်နိုင်ပြီး အပြည့်အဝကယ်တင်ခံရနိုင်ဖို့အတွက် ဘုရားသခင်ရဲ့ နောက်ဆုံးသောကာလ တရားစီရင်ခြင်းအမှုကို ကျွန်တော်တို့ ကြုံရပါမယ်။ ကျေးဇူးတော်ခေတ်မှာ ဘုရားသခင်ရဲ့ ရွေးနုတ်ခြင်းအမှုက သူ့ရဲ့ နောက်ဆုံးသောကာလ တရားစီရင်ခြင်းအမှုအတွက် လမ်းဖွင့်ပေးခဲ့ပါတယ်။ ဆိုလိုတာကတော့ သူ့ရဲ့ တရားစီရင်ခြင်းအမှုက သခင်ယေရှုပြုတဲ့ ရွေးနုတ်ခြင်းအမှုရဲ့ အခြေခံအုတ်မြစ်ပေါ်မှာ လုပ်ဆောင်တာပါ။ ဘုရားသခင်ရဲ့ ရွေးနုတ်ခြင်းအမှုက သူ့ရဲ့ အပြည့်အဝ ကယ်တင်ခြင်းအမှုရဲ့ တစ်ဝက်ကိုပဲ လုပ်ပြီးတာပါ။ လူသားမျိုးနွယ်ကို အပြည့်အဝသန့်စင်နိုင်ပြီး ကယ်တင်နိုင်တာက အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နောက်ဆုံးသောကာလ တရားစီရင်ခြင်းအမှုဖြစ်ပါတယ်။ ဒါက ဘုရားသခင်ရဲ့ ကယ်တင်ခြင်းအမှုရဲ့ အရေးပါဆုံးအဆင့်ပါ။ ကျွန်တော်တို့ဟာ နောက်ဆုံးသောကာလမှာ ဘုရားသခင်ရဲ့ တရားစီရင်ခြင်းနဲ့ သန့်စင်ခြင်းကို သွားပြီး ကြုံတွေ့ရပါမယ်။ အပြစ်ကနေ အပြည့်အဝ လွတ်မြောက်ပြီး သန့်စင်ရမယ်။ သူ့ရဲ့နိုင်ငံတော်နဲ့ ထိုက်တန်ဖို့အတွက် ဘုရားသခင်ကို အမှန်တကယ် နာခံပြီး ဘုရားအလိုတော်ကို လုပ်ရပါမယ်။
ဒီလောက်ဆိုရင် ဘုရားသခင်က နောက်ဆုံးသောကာလမှာ ဘာကြောင့် သူ့ရဲ့ တရားစီရင်ခြင်းအမှုကို လုပ်နေတယ်ဆိုတာ ပိုနားလည်သွားကြပြီလို့ ကျွန်တော်ထင်ပါတယ်။ တချို့လူတွေက ဒီအမှုဟာ လူသားမျိုးနွယ်ကို ဘယ်လိုသန့်စင်ပြီး ကယ်တင်တာလဲလို့ တွေးကောင်း တွေးနေနိုင်ပါတယ်။ အနန္တတန်ခိုးရှင် ဘုရားသခင်က ဒီအကြောင်း ဘာပြောထားလဲ ကြည့်ရအောင်။ “နောက်ဆုံးသောကာလ ခရစ်တော်သည် လူသားကို သွန်သင်ရန်၊ လူသား၏အနှစ်သာရကို ဖော်ထုတ်ရန်နှင့် လူသား၏ အပြုအမူများနှင့် စကားလုံးများကို စိတ်ဖြာလေ့လာရန် အမျိုးမျိုးသော သမ္မာတရားများကို အသုံးပြု၏။ ဤနှုတ်ကပတ်တော်များသည် လူသား၏တာဝန်၊ လူသားသည် ဘုရားသခင်ကို မည်သို့နာခံသင့်ပုံ၊ လူသားသည် ဘုရားသခင်ကို မည်သို့သစ္စာရှိသင့်ပုံ၊ လူသားသည် သာမန်လူ့သဘာဝကို မည်သို့ အသက်ရှင်နေထိုင်သင့်ပုံအပြင်၊ ဘုရားသခင်၏ ဉာဏ်ပညာနှင့် စိတ်သဘောထား စသည်တို့ကဲ့သို့သော အမျိုးမျိုးသော သမ္မာတရားများ ပါဝင်သည်။ ဤနှုတ်ကပတ်တော်များ အားလုံးသည် လူသား၏အနှစ်သာရနှင့် သူ၏ဖောက်ပြန်ပျက်စီးနေသော စိတ်သဘောထားတို့ကို ဦးတည်ထား ပေသည်။ အထူးသဖြင့်၊ ဘုရားသခင်ကို လူသားက မည်သို့ ပစ်ပယ်သည်ကို ဖော်ထုတ်ပြသည့် နှုတ်ကပတ်တော်များမှာ လူသားသည် စာတန်၏ပြယုဂ်နှင့် ဘုရားသခင်ကိုဆန့်ကျင်သည့်ရန်သူအင်အား တစ်ခု မည်သို့ဖြစ်သည်နှင့် စပ်လျဉ်း၍ ပြောဆိုထားပေသည်။ သူ၏တရားစီရင်ခြင်းအမှုကို ဆောင်ရွက်ရာတွင်၊ ဘုရားသခင်သည် လူသား၏သဘာဝကို စကားလုံးအနည်းငယ်မျှဖြင့် ရှင်းလင်းရုံမျှ ရှင်းလင်းစေသည် မဟုတ်။ သူသည် ရေရှည်နှင့်ပတ်သက်၍ ဖော်ထုတ်သည်၊ ကိုင်တွယ်ဖြေရှင်းပြီး၊ ပြုပြင်လေသည်။ ဤကွဲပြားခြားနားသော ဖော်ထုတ်ခြင်း၊ ကိုင်တွယ်ဖြေရှင်းခြင်းနှင့် ပြုပြင်ပေးခြင်း နည်းစနစ်အားလုံးကို သာမန်စကားလုံးများဖြင့် အစားထိုး၍မရနိုင်ဘဲ၊ လူသားတွင် လုံးဝကင်းမဲ့နေသော သမ္မာတရားဖြင့် အစားထိုးနိုင်ပေသည်။ ဤသို့သော နည်းလမ်းများကိုသာ တရားစီရင်မှုဟု ခေါ်ဆိုနိုင်သည်။ ဤတရားစီရင်မှုမျိုးမှတစ်ဆင့်သာ လူသားသည် ချိုးနှိမ်ခံရနိုင်ပြီး၊ ဘုရားသခင်နှင့်ပတ်သက်၍ လုံးလုံးလျားလျား သိမ်းသွင်းစည်းရုံး ခံရနိုင်သည့်အပြင်၊ ဘုရားသခင်နှင့် ပတ်သက်သည့် စစ်မှန်သော အသိပညာကို ရရှိနိုင်ပေသည်။ တရားစီရင်ခြင်းက ဖြစ်ပေါ်စေသည့်အရာမှာ ဘုရားသခင်၏မျက်နှာအစစ်အမှန်နှင့် သူကိုယ်တိုင်၏ ပုန်ကန်မှုနှင့်ပတ်သက်သည့် အမှန်တရားကို လူသားက သိနားလည်ခြင်း ဖြစ်သည်။ တရားစီရင်ခြင်းအမှုသည် ဘုရားသခင်၏ အလို၊ ဘုရားသခင်အမှု၏ ရည်ရွယ်ချက်နှင့် လူသား နားမလည်နိုင်သော နက်နဲမှုများတို့နှင့် ပတ်သက်သည့် များပြားလှသော သိနားလည်မှုကို လူသားအား ရရှိခွင့်ပေးသည်။ ယင်းသည် လူသားကို သူ၏ ဖောက်ပြန်ပျက်စီးသော အနှစ်သာရနှင့် သူ၏ ဖောက်ပြန်ပျက်စီးမှု အရင်းအမြစ်များကို သတိပြုကာ သိရှိခွင့်ပေးသည့်အပြင် လူသား၏ အကျည်းတန်မှုကို သိရခွင့် ပေးလေသည်။ ဤအကျိုးသက်ရောက်မှုအားလုံးတို့ကို တရားစီရင်ခြင်း အမှုက ဖြစ်ပေါ်စေခြင်းဖြစ်သည်၊ အကြောင်းမှာ ဤအမှု၏ အနှစ်သာရသည် ဘုရားသခင်၌ ယုံကြည်ခြင်းရှိသူများ အားလုံးထံသို့ ဘုရားသခင်၏သမ္မာတရား၊ လမ်းခရီးနှင့် အသက်တို့ကို အမှန်တကယ် ဖွင့်ပြပေးသည့် အမှု ဖြစ်သောကြောင့် ဖြစ်သည်။ ဤအမှုသည် ဘုရားသခင် လုပ်ဆောင်သော တရားစီရင်ခြင်းအမှု ဖြစ်၏။” (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ခရစ်တော်သည် တရားစီရင်ခြင်း အမှုကို သမ္မာတရားဖြင့် ဆောင်ရွက်၏)
“လူတို့သည် မိမိတို့ကိုယ်တိုင်၏ စိတ်သဘောထားများကို မပြောင်းလဲနိုင်ကြပေ။ ၎င်းတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များ၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်း၊ ဆင်းရဲဒုက္ခနှင့် စစ်ဆေးခြင်း၊ သို့မဟုတ် ဘုရားသခင်၏ နှုတ်ကပတ်တော်၏ ကိုင်တွယ်ဖြေရှင်းခြင်း၊ ဆုံးမပဲ့ပြင်ခြင်းနှင့် ပြုပြင်ခြင်းများကို ကြုံရမည်ဖြစ်သည်။ ထို့နောက်မှသာ ၎င်းတို့သည် ဘုရားသခင်ကို နာခံခြင်းနှင့် သစ္စာရှိခြင်းတို့အား ရရှိနိုင်ပြီး၊ သူ့အပေါ် ဝတ်ကျေတမ်းကျေ မဖြစ်နိုင်တော့ပေ။ လူတို့၏ စိတ်သဘောထားများ ပြောင်းလဲသည်မှာ ဘုရား နှုတ်ကပတ်တော်များ၏ စစ်ဆေးခြင်းအောက်တွင် ဖြစ်သည်။ သူ၏ နှုတ်ကပတ်တော်များ၏ ဖော်ထုတ်ခြင်း၊ တရားစီရင်ခြင်း၊ ဆုံးမပဲ့ပြင်ခြင်းနှင့် ကိုင်တွယ်ဖြေရှင်းခြင်းတို့မှ တစ်ဆင့်သာ ၎င်းတို့သည် မဆင်မခြင် မလုပ်ဆောင်ဝံ့တော့ဘဲ၊ ယင်းအစား တည်ငြိမ်ကာ ချုပ်တည်းလာကြမည်ဖြစ်သည်။ အရေးကြီးဆုံးအချက်မှာ ၎င်းတို့သည် ဘုရားသခင်၏ မျက်မှောက်နှုတ်ကပတ်တော်နှင့် သူ၏အမှုကို နာခံနိုင်ကြပြီး ယင်းသည် လူသား၏ အယူအဆများနှင့် မကိုက်ညီလျှင်ပင်၊ ၎င်းတို့သည် ဤအယူအဆများကို ဘေးဖယ်ထားနိုင်ကြကာ လိုလားစွာ နာခံနိုင်ကြခြင်း ဖြစ်သည်။” (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ မိမိတို့၏ စိတ်သဘောထားများ ပြောင်းလဲပြီးဖြစ်သည့် လူများသည် ဘုရားသခင်၏နှုတ်ကပတ်တော်များ၏ စစ်မှန်မှုထဲသို့ ဝင်ရောက်ပြီးသောသူများ ဖြစ်သည်)
“ဘုရားသခင်တွင် လူသားကို စုံလင်စေခြင်းအတွက် လုပ်ဆောင်နည်း အမျိုးမျိုးရှိသည်။ လူသား၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို ကိုင်တွယ်ရန်အတွက် ပတ်ဝန်းကျင်အမျိုးမျိုးကို သူအသုံးချပြီး၊ လူသားကို ဖော်ထုတ်ပြရန်အလို့ငှာ အရာအမျိုးမျိုးကို အသုံးပြုသည်၊ တစ်ဖက်တွင် လူသားကို သူကိုင်တွယ်ပြီး၊ နောက်တစ်ဖက်တွင် လူသားကို ဖော်ထုတ်ပြကာ အခြားတစ်ဖက်တွင် လူသား၏ စိတ်နှလုံးအတွင်း နက်ရှိုင်းရာ၌ရှိသော ‘နက်နဲရာများ’ ကို တူးဆွကာ ဖော်ပြလျက်၊ သူ၏ အခြေအနေများ အများအပြားကို ဖော်ပြခြင်းအားဖြင့် လူသားအား သူ၏သဘောသဘာဝကို သိရှိစေလျက်၊ လူသားကို ဖွင့်ဟပြသည်။ ဘုရားသခင်သည် လက်တွေ့ကျသော ဘုရားဖြစ်သည်ကို လူသားသိစေရန် ဘုရားသခင်သည် ဖော်ပြခြင်း၊ ကိုင်တွယ်ဆုံးမခြင်း၊ စစ်ဆေးခြင်းနှင့် ပြစ်တင်ဆုံးမခြင်း စသည့် နည်းလမ်းအမျိုးမျိုးသုံးကာ လူသားကို စုံလင်အောင်ပြုလုပ်သည်။” (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ လက်တွေ့လုပ်ဆောင်ခြင်းကို အာရုံစိုက်သူများသာ စုံလင်စေခြင်းခံရနိုင်သည်)
ဒါက ဘုရားသခင်ဟာ သူ့ရဲ့ တရားစီရင်ခြင်းအမှုကို ဘယ်လိုလုပ်တယ်ဆိုတဲ့အပေါ် နည်းနည်းအလင်းပွင့်သွားစေတယ်မဟုတ်လား။ ဘုရားသခင်ရဲ့ နောက်ဆုံးသောကာလ တရားစီရင်ခြင်းအမှုမှာ သူက လူသားရဲ့ ဖောက်ပြန်ပျက်စီးတဲ့ အဖြစ်အနေနဲ့ ဆိုးယုတ်တဲ့ စိတ်သဘောထားတွေကို တရားစီရင်ပြီး ဖော်ထုတ်ဖို့အတွက် သမ္မာတရားတွေကို အဓိက ဖော်ပြနေပါတယ်။ ဒါဟာ ကိုယ့်ဖောက်ပြန်ပျက်စီးမှုရဲ့ အမှန်တရားကို ကျွန်တော်တို့မြင်နိုင်ပြီး စိတ်နှလုံးအတွင်းထဲကနေ နောင်တရစေဖို့၊ ကိုယ့်ကိုယ်ကိုယ် မုန်းတီးရွံရှာစေဖို့၊ ဇာတိကပတိကို စွန့်လွှတ်ပြီး ဘုရားသခင်ရဲနှုတ်ကပတ်တော်ကို လက်တွေ့လုပ်ဆောင်ဖို့၊ စစ်မှန်တဲ့နောင်တနဲ့ ပြောင်းလဲခြင်းကို ရဖို့အတွက်ပါ။ အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေက မာနထောင်လွှားမှု၊ လှည့်စားမှု၊ ဆိုးယုတ်မှုလိုမျိုး ဖောက်ပြန်ပျက်စီးတဲ့ လူ့စိတ်သဘောထားတွေရဲ့ သရုပ်သကန်တွေကို အပြည့်အဝ ထုတ်ဖော်ပြပြီး ကျွန်တော်တို့ ယုံကြည်ခြင်းမှာရှိတဲ့ ရည်ရွယ်ချက်တွေနဲ့ မစင်ကြယ်မှုတွေ၊ ကျွန်တော်တို့ရဲ့ အနက်ရှိုင်းဆုံး၊ အလျှို့ဝှက်ဆုံး အတွေးနဲ့ ခံစားချက်တွေကိုတောင် ထုတ်ဖော်ပြပါတယ်။ ဒါတွေအားလုံးကို ပြတ်ပြတ်သားသား ထုတ်ဖော်ပြတယ်။ အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေကို ဖတ်ရတာဟာ ဘုရားသခင်က ရှေ့မှာတင် ကျွန်တော်တို့ကို တည့်တည့် တရားစီရင်နေသလိုပါပဲ။ ကျွန်တော်တို့ကို ပုန်းစရာနေရာမရှိဘဲ အရှက်ရစေရင်း၊ ဘုရားရှေ့မှာ အသက်ရှင်ဖို့ မထိုက်တန်သလို ခံစားရစေရင်း ကျွန်တော်တို့ရဲ့ ညစ်ပေမှု၊ ဖောက်ပြန်ပျက်စီးမှု၊ အကျည်းတန်မှုတွေကို ဘုရားသခင်က နှံ့နှံ့စပ်စပ်ထုတ်ဖော်ပြတာ မြင်ရတယ်။ လူသားကို သူ့နှုတ်ကပတ်တော်တွေနဲ့ တရားစီရင်နေရင်းနဲ့ ဘုရားသခင်ဟာ ကျွန်တော်တို့ကို ဖော်ထုတ်ဖို့အတွက် တကယ့်အခြေအနေတွေကိုလည်း ပြင်ဆင်တယ်။ ပြီးတဲ့အခါ ကျွန်တော်တို့ဟာ အမှန်တရားတွေရဲ့ ပြုပြင်တာ၊ ကိုင်တွယ်ဖြေရှင်းတာနဲ့ စမ်းသပ်တာကို ခံရတယ်။ ဒါဟာ ကျွန်တော်တို့တွေ ကိုယ့်ကိုယ်ကိုယ် ဆင်ခြင်ပြီး သိနိုင်ဖို့ပါ။ လက်တွေ့အရှိတရားရဲ့ ဖော်ထုတ်ခြင်းကို ခံရပြီးနောက်မှာ ဘုရားနှုတ်ကပတ်တော်တွေကတစ်ဆင့် ဆက်ဖော်ထုတ်ခံရပြီး တရားစီရင်ခြင်းခံရတဲ့အခါ ဆိုးယုတ်တဲ့ ကိုယ့်သဘာဝနဲ့ အသက်ရှင်တဲ့ ကျွန်တော်တို့ရဲ့ အကျည်းတန်မှုကို ပိုပြီး ရှင်းရှင်းလင်းလင်းမြင်ရပါတယ်။ ကျွန်တော်တို့ဟာ နောင်တနဲ့ပြည့်နေပြီး ကိုယ့်ကိုယ်ကိုယ် မုန်းတီးကြတယ်။ တဖြည်းဖြည်းချင်းနဲ့ စစ်မှန်တဲ့ နောင်တဖြစ်လာကြတယ်။ အဲဒီနောက်မှာ ကျွန်တော်တို့ရဲ့ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားက သန့်စင်ခံရပြီး ပြောင်းလဲပါတယ်။ နောက်တစ်ခုအနေနဲ့ ဘုရားသခင်က သူ့ရဲ့ တရားစီရင်ခြင်းအမှုကို ဘယ်လိုလုပ်တယ်ဆိုတဲ့အပေါ် ပိုရှင်းရှင်းလင်းလင်း နားလည်ဖို့အတွက် လူသားရဲ့ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားကို ဖော်ထုတ်တဲ့ ဘုရားနှုတ်ကပတ်တော်တချို့ကို နားထောင်ရအောင်။
အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ- “ငါ၏ လုပ်ဆောင်ချက်များသည် ကမ်းခြေများရှိ သဲလုံးများထက် အရေအတွက်သာ၍ များပြားပြီး ငါ၏ဉာဏ်ပညာသည် ရှောလမုန်၏ သားအားလုံးကို သာလွန်သော်လည်း၊ လူသားများသည် ငါ့ကို အရေးမပါသည့် သမားတော်တစ်ပါး အဖြစ်နှင့် လူသား၏ လူမသိသူမသိ ဆရာတစ်ယောက်အဖြစ်မျှသာ ထင်မှတ်ကြသည်။ ၎င်းတို့ကို ငါ အနာငြိမ်းစေနိုင်၍သာ ငါ့ကို များစွာသောသူတို့က ယုံကြည်ကြသည်။ ၎င်းတို့၏ခန္ဓာကိုယ်များမှ မသန့်ရှင်းသော ဝိညာဉ်များကို နှင်ထုတ်ရန် ငါ၏တန်ခိုးများကို အသုံးပြုနိုင်၍သာ ငါ့ကို များစွာသောသူတို့က ယုံကြည်ကြပြီး၊ ငါ့ထံမှ ငြိမ်သက်ခြင်းနှင့် ဝမ်းမြောက်ခြင်းတို့ကို ၎င်းတို့ ရကောင်းရလိမ့်မည် ဖြစ်သောကြောင့်သာ ငါ့ကို များစွာသော သူတို့က ယုံကြည်ကြပေသည်။ သာ၍ကြီးမားသော ရုပ်ဝတ္ထုဆိုင်ရာ ကြွယ်ဝမှုကို ငါ့ထံမှ တောင်းခံရန်သာ များစွာသောသူတို့က ငါ့ကို ယုံကြည်ကြသည်။ ဤဘဝကို အေးအေးချမ်းချမ်း ကုန်ဆုံးပြီး၊ နောင်ဘဝတွင် ဘေးကင်းလုံခြုံမှုရှိဖို့ရန်သာ များစွာသောသူတို့က ငါ့ကို ယုံကြည်ကြသည်။ ငရဲ၏ဒုက္ခဆင်းရဲကို ရှောင်ရှားပြီး၊ ကောင်းကင်၏ကောင်းချီးမင်္ဂလာများ ရရှိရန် များစွာသောသူတို့က ငါ့ကို ယုံကြည်ကြသည်။ များစွာသောသူတို့က ယာယီ ကိုယ်စိတ်ချမ်းသာခြင်းအတွက်သာ ငါ့ကို ယုံကြည်သော်လည်း၊ နောင်ဘဝ၌ မည်သည့်အရာမျှ ရရှိရန် မကြိုးစားကြပေ။ လူသားအပေါ် ငါ၏ အမျက်ဒေါသကို ဆောင်ကြဉ်းခဲ့ပြီး တစ်ချိန်က သူ ပိုင်ဆိုင်ခဲ့သည့် ဝမ်းမြောက်ခြင်းနှင့် ငြိမ်သက်ခြင်းတို့ကို ငါ သိမ်းပိုက်ခဲ့ချိန်တွင်၊ လူသားသည် သံသယရှိလာခဲ့၏။ ငါသည် လူသားကို ငရဲ၏ ဆင်းရဲဒုက္ခကို ပေးပြီး ကောင်းကင်၏ ကောင်းချီးမင်္ဂလာတို့ကို ပြန်လည် သိမ်းယူသည့်အခါ၊ လူသား၏အရှက်သည် ဒေါသအဖြစ်သို့ ပြောင်းသွား၏။ သူ့ကို ရောဂါငြိမ်းစေရန် ငါ့အား သူတောင်းဆိုသည့်အခါ၊ ငါသည် သူ့ကို အလေးဂရုမပြုသကဲ့သို့ သူ့အပေါ် စက်ဆုပ်ရွံ့ရှာမှု ခံစားခဲ့ရသည်။ လူသားသည် အောက်လမ်းဆေးဝါးနှင့် မှော်အတတ်တို့၏ နည်းလမ်းကိုသာ ရှာရန် ငါ့ထံမှ ထွက်ခွာသွားခဲ့သည်။ ငါ့ထံမှ လူသားတောင်းဆိုခဲ့ပြီးသမျှအားလုံးကို ငါသိမ်းယူလိုက်ချိန်တွင်၊ အယောက်တိုင်းက အစအနရှာ၍မရအောင် ပျောက်သွားကြ၏။ ထို့ကြောင့် ငါသည် အလွန်များလှစွာသော ကျေးဇူးတော်ပေးပြီး ရရန် များလွန်းသောကြောင့်၊ လူသားသည် ငါ၌ ယုံကြည်ခြင်း ရှိသည်ဟု ငါဆို၏။” (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ယုံကြည်ခြင်းအကြောင်း သင် မည်သည့်အရာ သိရှိသနည်း)
“ဘုရားသခင်နောက်လိုက်သူများစွာက ကောင်းချီးမင်္ဂလာများ မည်သို့ရရှိမည် သို့မဟုတ် ကပ်ဘေးကို မည်သို့ တွန်းလှန်ပယ်ရှားရမည်ဆိုသည်ကိုသာ စိတ်ဝင်စားကြသည်။ ဘုရားသခင်၏ အမှုနှင့် စီမံခန့်ခွဲမှုတို့ကို ဖော်ပြလိုက်သည်နှင့်၊ ၎င်းတို့သည် နှုတ်ဆိတ် သွားကြပြီး စိတ်ဝင်စားမှုအားလုံး ပျောက်ဆုံးသွားကြသည်။ ထိုသို့သော ငြီးငွေ့ဖွယ်မေးခွန်းများကို နားလည်ခြင်းသည် ၎င်းတို့၏အသက်တာများကို ကြီးထွားဖို့ သို့မဟုတ် အကျိုးကျေးဇူး တစ်ခုတစ်လေ ပေးဖို့ ကူညီလိမ့်မည် မဟုတ်ဟု ထင်ကြလေသည်။ အကျိုးဆက်အနေဖြင့်၊ ၎င်းတို့သည် ဘုရားသခင်၏စီမံခန့်ခွဲမှုအကြောင်း ကြားပြီးကြသော်လည်း၊ မဆိုစလောက် ဂရုပြုကြလေသည်။ ၎င်းတို့က ယင်းကို ၎င်းတို့ အသက်တာများ၏ အစိတ်အပိုင်းအဖြစ် လက်ခံဖို့ မဆိုထားနှင့်၊ လက်ခံရမည့် တန်ဖိုးရှိသော အရာတစ်ခုအဖြစ်ပင် မမြင်ကြချေ။ ထိုသို့သော လူတို့သည် ဘုရားသခင် နောက်လိုက်ရာတွင် ရိုးရှင်းသည့် ရည်မှန်းချက်တစ်ခုသာရှိပြီး၊ ယင်းရည်မှန်းချက်မှာ ကောင်းချီးမင်္ဂလာများ ရရှိရန်ဖြစ်သည်။ ထိုသို့သော လူတို့သည် ဤရည်မှန်းချက် တိုက်ရိုက် မပါဝင်သည့် အခြား မည်သည့်အရာကိုမျှ အလေးဂရုပြုဖို့ အပင်ပန်းမခံနိုင်ကြပေ။ ၎င်းတို့အဖို့ ကောင်းချီးမင်္ဂလာများရရှိရန် ဘုရားသခင်ကို ယုံကြည်ခြင်းထက် သာ၍ သဘာဝကျသည့် ရည်မှန်းချက် မရှိချေ- ယင်းမှာ ၎င်းတို့ယုံကြည်ခြင်း၏ တကယ့်တန်ဖိုး ဖြစ်သည်။ တစ်စုံတစ်ရာသည် ဤရည်မှန်းချက်ကို မပံ့ပိုးပေးပါက၊ ၎င်းတို့သည် ထိုအရာအားဖြင့် လုံးဝ တို့ထိမခံရဘဲရှိမြဲ ရှိကြလေသည်။ ဤသည်မှာ ယနေ့ ဘုရားသခင်၌ ယုံကြည်သူအများစုနှင့် ပတ်သက်သည့် ကိစ္စရပ် ဖြစ်သည်။ ၎င်းတို့အနေဖြင့် ဘုရားသခင်၌ ယုံကြည်သည်နှင့်အမျှ၊ ဘုရားသခင်အတွက်လည်း ၎င်းတို့ အသုံးခံကြသောကြောင့်၊ ဘုရားသခင်ထံ မိမိတို့ကိုယ်ကိုယ် ဆက်ကပ် အပ်နှံကြပြီး ၎င်းတို့တာဝန်ကို ထမ်းဆောင်ကြသောကြောင့်၊ ၎င်းတို့၏ ရည်မှန်းချက်နှင့် ရည်ရွယ်ချက်တို့သည် သဘာဝကျပုံပေါ်လေသည်။ ၎င်းတို့သည် ၎င်းတို့၏ငယ်ရွယ်မှုကို စွန့်လွှတ်ကြသည်၊ မိသားစုနှင့် အသက်မွေးအလုပ်တို့ကို စွန့်ပစ်ပြီး၊ မိမိတို့ကိုယ်ကိုယ် အလုပ်များစေလျက် အိမ်နှင့်ဝေးရာတွင် နှစ်ပေါင်းများစွာပင် ကုန်ဆုံးကြလေသည်။ ၎င်းတို့၏ နောက်ဆုံးရည်မှန်းချက်ပန်းတိုင်အတွက်၊ ၎င်းတို့သည် မိမိတို့၏ ကိုယ်ပိုင်စိတ်ဝင်စားမှုများကို ပြောင်းလဲကြသည်၊ ဘဝအပေါ် ၎င်းတို့၏ အမြင်နှင့် ၎င်းတို့ ရှာဖွေသည့် ဦးတည်ချက်ကိုပင် ပြောင်းလဲကြသည်။ သို့ရာတွင် ဘုရားသခင်၌ ၎င်းတို့ယုံကြည်မှု၏ ရည်မှန်းချက်ကို မပြောင်းလဲနိုင်ကြပေ။ ၎င်းတို့၏ ကိုယ်ပိုင် စံများနှင့်ဆိုင်သည့် စီမံခန့်ခွဲမှုအတွက် ၎င်းတို့ အလုပ်ရှုပ်နေကြသည်။ လမ်းမည်မျှ ဝေးသည်ဖြစ်စေ၊ လမ်းတစ်လျှောက် အခက်အခဲများနှင့် အတားအဆီးများ မည်မျှရှိသည်ဖြစ်စေ၊ ၎င်းတို့သည် မဆုတ်မနစ်ကြိုးပမ်းကြပြီး သေခြင်းကိုမကြောက်ကြချေ။ မည်သည့်တန်ခိုးက ၎င်းတို့ကို ဤနည်းဖြင့် မဖြစ်မနေ ဆက်လက်ဆက်ကပ်စေသနည်း။ ယင်းမှာ ၎င်းတို့၏ အသိစိတ်လော။ ၎င်းတို့၏ ကြီးမြတ်ပြီး မွန်မြတ်သည့် အကျင့်စရိုက်လော။ မကောင်းမှု အင်အားများကို တကယ့်အဆုံးထိ တိုက်ခိုက်ရန်ဖြစ်သည့် ၎င်းတို့၏ စိတ်ပိုင်းဖြတ်ချက်လော။ ယင်းမှာ ဆုလာဘ်ကို မရှာဖွေဘဲ၊ ဘုရားသခင်ကို သက်သေခံရန်ဖြစ်သည့် ၎င်းတို့၏ ယုံကြည်ခြင်းလော။ ယင်းမှာ ဘုရားသခင်၏အလိုကို စွမ်းဆောင်ရရှိရန် အရာရာတိုင်းကို စွန့်လွတ်ဖို့ လိုလားရာတွင် ၎င်းတို့၏ သစ္စာစောင့်သိမှုလော။ သို့မဟုတ် ယင်းသည် လွန်ကဲသည့် ကိုယ်ရေးကိုယ်တာ တောင်းဆိုချက်များကို အမြဲ လက်လွှတ်ဖို့ဖြစ်သည့် ၎င်းတို့၏ ဆက်ကပ်မှု စိတ်ဓာတ်လော။ အတော်အတန် ရိုးရှင်စွာပြောရပါက၊ ဘုရားသခင်၏ စီမံခန့်ခွဲခြင်းအမှုကို မည်သည့်အခါတွင်မျှ နားမလည်ဖူးသူအတွက် ဤမျှပေးဆပ်ဆဲဖြစ်ဖို့မှာ အံ့ဩဖွယ်ရာတစ်ခု ဖြစ်ပေသည်။ အချိန်တစ်ခဏကြာ၊ ဤလူတို့ မည်မျှပေးဆပ်ပြီးဖြစ်သည်ကို မဆွေးနွေးကြပါစို့နှင့်။ သို့ရာတွင် ၎င်းတို့၏အပြုအမူကို ငါတို့ အလွန် စိစစ်ထိုက်ပေသည်။ ၎င်းတို့နှင့် အလွန်အနီးကပ် ဆက်စပ်သည့် အကျိုးကျေးဇူးများမှလွဲ၍၊ ဘုရားသခင်ကို မည်သည့်အခါကမျှ နားမလည်ဖူးသော သူတို့က သူ့အတွက် အလွန်များလှစွာ ပေးဆပ်ရမည့် အခြားအကြောင်းရင်းတစ်ခုတစ်လေ ရှိနိုင်မည်လော။ ဤတွင် ယခင်က အမည်မဖော်နိုင်ခဲ့သည့် ပြဿနာတစ်ရပ်ကို ငါတို့ ရှာဖွေ တွေ့ရှိပေသည်- လူသား၏ ဘုရားသခင်နှင့် ဆက်ဆံရေးမှာ ပကတိ မိမိ၏ကိုယ်ကျိုးစီးပွားတစ်ခုမျှသာ ဖြစ်ပေသည်။ ယင်းသည် ကောင်းချီးမင်္ဂလာများ လက်ခံရရှိသူနှင့် ပေးသူတို့အကြား ဆက်ဆံရေးတစ်ခု ဖြစ်သည်။ ရှင်းရှင်းပြောပါက၊ အလုပ်သမားနှင့် အလုပ်ရှင်တို့အကြား ဆက်ဆံရေးနှင့် ဆင်ဆင်တူပေသည်။ အလုပ်သမားသည် အလုပ်ရှင် ချပေးသော ဆုလာဘ်များကို လက်ခံရရှိရန်သာ အလုပ်လုပ်သည်။ ထိုသို့သော ဆက်ဆံရေးတစ်ရပ်တွင် ချစ်ခင်ခြင်းမရှိပေ၊ အပေးအယူသာ ရှိသည်။ ချစ်ခြင်း သို့မဟုတ် အချစ်ခံရခြင်းမရှိ၊ ပေးကမ်းစွန့်ကြဲခြင်းနှင့် သနားကရုဏာသာ ရှိသည်။ နားလည်မှုမရှိ၊ မျိုသိပ်ထားသော နာကြည်းမှုနှင့် လှည့်ဖြားခြင်းသာ ရှိသည်။ ရင်းနှီးမှုမရှိ၊ ဖြတ်သန်းမရနိုင်သည့် ကွာဟချက်သာ ရှိသည်။ အမှုအရာများက ဤအဆင့်သို့ ရောက်ပြီးဖြစ်သဖြင့်၊ မည်သူသည် ထိုသို့သော လမ်းကြောင်းတစ်ခုကို ပြောင်းပြန် လှည့်နိုင်မည်နည်း။ ဤဆက်ဆံရေးက မည်မျှ ကြောက်မက်ဖွယ်ဖြစ်လာပြီး ဖြစ်သည်ကို လူမည်မျှက အမှန်တကယ် နားလည်နိုင်စွမ်းရှိသနည်း။ လူများသည် ကောင်းချီးမင်္ဂလာခံစားရခြင်း၏ ဝမ်းမြောက်မှုတွင် မိမိတို့ကိုယ်ကိုယ် နှစ်မြုပ်ထားသည့်အခါ၊ ဘုရားသခင်နှင့် ထိုသို့သော ဆက်ဆံရေးက မည်မျှရှက်ဖွယ်ကောင်းပြီး မြင်မကောင်း ရှုမကောင်း ဖြစ်သည်ကို မည်သူမျှ စိတ်မကူးနိုင်ဟု ငါယုံကြည်သည်။” (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ နောက်ဆက်တွဲ (၃)- ဘုရားသခင်၏ စီမံခန့်ခွဲမှုအလယ်၌သာ လူသားသည် ကယ်တင်ခြင်း ခံရနိုင်သည်)
“မိမိကိုယ်ကိုသိခြင်း၏ သမ္မာတရားကို အမှန်တကယ်သိရန် ပို၍ကြိုးစားအားထုတ်လျှင် သင်တို့အတွက် အကောင်းဆုံးဖြစ်မည်။ သင်တို့သည် အဘယ်ကြောင့် ဘုရားသခင်ထံမှ မျက်နှာသာ မရသေးသနည်း။ သင်တို့၏ စိတ်သဘောထားသည် အဘယ်ကြောင့် သူ့အတွက် စက်ဆုပ်ဖွယ်ကောင်းနေသနည်း။ သင်တို့၏ စကားပြောခြင်းသည် အဘယ်ကြောင့် သူ၏ရွံရှာမှုကို နှိုးဆွပေးနေသနည်း။ သင်တို့သည် သစ္စာစောင့်သိမှုအနည်းငယ်ကို ပြသပြီးသည်နှင့် ကိုယ့်ကိုယ်ကိုယ် ချီးမွမ်းပြောဆိုကြပြီး၊ အနည်းငယ် ထည့်ဝင်လှူဒါန်းရခြင်းအတွက် ဆုလာဘ်တောင်းဆိုကြသည်၊ သင်တို့သည် နာခံမှု အသင့်အတင့်ပြနိုင်လျှင် သူတစ်ပါးကို အထင်အမြင်သေးပြီး၊ သေးငယ်သောအမှုတစ်ခုခုကို ပြီးမြောက်လျှင် ဘုရားသခင်ကို ပမာမခန့်ပြုလာကြ၏။ ဘုရားသခင်ကို ကြိုဆိုဧည့်ခံသည့်အတွက် ငွေကြေး၊ လက်ဆောင်များနှင့် ချီးမွမ်းစကားများကို သင်တို့တောင်းဆိုကြ၏။ ငွေတစ်ပြားနှစ်ပြား ပေးလှူသည့်အခါ သင်တို့၏နှလုံးများ နာကျင်၏၊ တစ်ဆယ်ပေးသည့်အခါ ကောင်းချီးမင်္ဂလာများ တောင့်တ၍ ဂုဏ်ထူးအသရေဖြင့် ဆက်ဆံခံလိုကြ၏။ သင်တို့၏ လူ့သဘာဝအကြောင်း ပြောရကြားရသည်မှာ အကယ်ပင် မသတီစရာကောင်း၏။ သင်တို့၏စကားများ၊ အပြုအမူများတွင် ချီးမွမ်းထိုက်သောအရာ ရှိသလော။ မိမိတို့၏တာဝန်ကို ဆောင်ရွက်သူများနှင့် မဆောင်ရွက်သူများ၊ ဦးဆောင်သူများနှင့် နောက်လိုက်သူများ၊ ဘုရားသခင်ကို ကြိုဆိုဧည့်ခံသူများနှင့် ဧည့်မခံသူများ၊ ပေးကမ်းသူများနှင့် မပေးကမ်းသူများ၊ တရားဟောသူများနှင့် နှုတ်ကပတ်တော်ကို လက်ခံသူများ စသည်ဖြင့် ထိုကဲ့သို့သော လူအားလုံးတို့သည် မိမိကိုယ်ကို ချီးမွမ်းကြ၏။ ဤအရာသည် ရယ်ဖွယ်ကောင်းသည်ဟု သင်တို့မထင်ပေသလော။ သင်တို့သည် ဘုရားသခင်ကိုယုံကြည်ကြောင်း အသေအချာ သိသော်ငြားလည်း သင်တို့သည် ဘုရားသခင်နှင့် သဟဇာတ မဖြစ်နိုင်ကြ။ သင်တို့တွင် ကောင်းကျိုး လုံးဝမရှိကြောင်းကို အသေအချာ သိသော်ငြားလည်း သင်တို့သည် မလျှော့တမ်း ဝါကြွားကြ၏။ သင်တို့တွင် မိမိကိုယ်ကိုချုပ်တည်းနိုင်ခြင်း မရှိတော့သည်အထိ သင်တို့၏အသိစိတ်သည် ယိုယွင်းလာခဲ့ပြီကို သင်တို့ မခံစားရပေသလော။ ဤကဲ့သို့သော အသိစိတ်မျိုးနှင့် သင်တို့သည် ဘုရားသခင်နှင့် ပေါင်းသင်းဆက်ဆံရန် မည်သို့ သင့်တော်မည်နည်း။ ဤအခြေအနေမျိုးတွင် သင်တို့သည် ကိုယ့်ကိုယ်ကိုယ်အတွက် မစိုးရိမ်ကြသလော။ သင်တို့သည် ဘုရားသခင်နှင့် သဟဇာတမဖြစ်နိုင်သည်အထိ သင်တို့၏ စိတ်နေသဘောထားသည် ယိုယွင်းခဲ့ပြီ။ ဤသို့ဖြစ်သဖြင့် သင်တို့၏ ယုံကြည်ခြင်းသည် ရယ်ဖွယ်မကောင်းပေသလော။ သင်တို့၏ ယုံကြည်ခြင်းသည် ယုတ္တိကင်းမဲ့မနေသလော။ သင်၏အနာဂတ်ကို သင်မည်သို့ ကိုင်တွယ်ဖြေရှင်းမည်နည်း။ အဘယ်လမ်းကြောင်းအား သွားရမည်ဆိုသည်ကို သင်မည်သို့ ရွေးချယ်တော့မည်နည်း။” (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ခရစ်တော်နှင့် သဟဇာတမဖြစ်သောသူများသည် အကယ်စင်စစ် ဘုရားသခင်၏ ရန်ဘက်များဖြစ်ကြသည်)
“နှစ်ထောင်ပေါင်းများစွာ ဖောက်ပြန်ပျက်စီးခဲ့ပြီးနောက် လူသားသည် ထုံတေပြီး နုံအသည်၊ လူသား၏ ဘုရားသခင်ကို တော်လှန်ပုန်ကန်မှုသည် သမိုင်းစာအုပ်များတွင် မှတ်တမ်းတင်ရပြီး လူသားကိုယ်တိုင်ပင် မိမိ၏ပုန်ကန်သည့် အပြုအမူနှင့် ပတ်သက်သည့် ဖြစ်စဉ်ကို ကုန်စင်အောင် ဖော်ပြနိုင်စွမ်း မရှိသည့်အတိုင်းအတာအထိ ဘုရားသခင်ကို ဆန့်ကျင်သော နတ်ဆိုးဖြစ်လာခဲ့သည်- အဘယ်ကြောင့်ဆိုသော် လူသားသည် စာတန်၏ အကြီးအကျယ် ဖျက်ဆီးခြင်းကို ခံခဲ့ရပြီး စာတန်၏ လမ်းလွဲသွားစေခြင်းကို ခံရပြီးဖြစ်သည်မှာ သူသည် မည်သည့်အရာကို ရှေ့ဆက်လုပ်ရမည်ကို လုံးဝ မသိသောကြောင့် ဖြစ်သည်။ ယနေ့ပင်လျှင် လူသားသည် ဘုရားသခင်ကို သစ္စာဖောက်လျက်ရှိသည်- လူသားသည် ဘုရားသခင်ကို တွေ့မြင်သောအခါ၊ သူ့ကို သစ္စာဖောက်သည်၊ ဘုရားသခင်ကို မမြင်မတွေ့နိုင်သောအခါတွင်လည်း၊ သူ့ကို သစ္စာဖောက်သည်။ ဘုရားသခင်၏ ကျိန်ဆဲခြင်းနှင့် အမျက်တော်ကို မျက်မြင်တွေ့ခဲ့ရပြီးနောက်၊ ဘုရားသခင်ကို သစ္စာဖောက်ဆဲဖြစ်သည့်သူများပင် ရှိသေးသည်။ ထို့ကြောင့် လူ့အသိစိတ်သည် ယင်း၏နဂိုအသုံးဝင်မှု ပျောက်ဆုံးကာ လူ့အသိတရားသည်လည်း နဂိုအသုံးဝင်မှု ပျောက်ဆုံးလေပြီဟု ငါဆိုသည်။ ငါကြည့်မျှော်သော လူသားသည် လူအရေခြုံထားသော သားရဲတစ်ကောင်၊ အဆိပ်ပြင်းသော မြွေတစ်ကောင်ဖြစ်သည်၊ ပြီးလျှင် ငါ့မျက်စိရှေ့တွင် သနားဖွယ်ဖြစ်ပုံပေါက်ဖို့ သူ မည်မျှကြိုးစားသော်လည်း၊ ငါသည် သူ့ကို မည်သည့်အခါမျှ သနားကရုဏာ ထားရှိမည်မဟုတ်၊ အဘယ်ကြောင့်ဆိုသော် လူသားသည် အဖြူနှင့်အမဲကြားရှိ ခြားနားချက်ကို နားလည်ခြင်းမရှိ၊ သမ္မာတရားနှင့် သမ္မာတရား မဟုတ်ခြင်းကြားရှိ ခြားနားချက်ကို နားလည်ခြင်း မရှိသောကြောင့် ဖြစ်သည်။ လူသား၏အသိစိတ်သည် ထုံထိုင်းလှသော်လည်း၊ ကောင်းချီးမင်္ဂလာများကို ရရှိရန် သူ တောင့်တဆဲဖြစ်သည်။ သူ၏ လူ့သဘာဝသည် အလွန်ဂုဏ်အသရေမဲ့သော်လည်း၊ သူသည် ရှင်ဘုရင်၏ အချုပ်အခြာအာဏာကို ပိုင်ဆိုင်ရန် ဆန္ဒရှိဆဲဖြစ်သည်။ ထိုကဲ့သို့သော အသိစိတ်ဖြင့် သူသည် မည်သူတို့၏ ရှင်ဘုရင် ဖြစ်နိုင်မည်နည်း။ ထိုသို့သော လူ့သဘာဝဖြင့် ရာဇပလ္လင်ပေါ်တွင် သူ မည်သို့တက်ထိုင်နိုင်မည်နည်း။ လူသားသည် အကယ်စင်စစ်ပင် အရှက်မရှိပေတကား။ သူသည် စိတ်ကြီးဝင်နေသော အကောင်ယုတ် ဖြစ်ပေသည်။ သင်တို့အထဲတွင် ကောင်းချီးမင်္ဂလာများကို ရယူလိုသူများအတွက် ကြည့်မှန်တစ်ခုကို အရင်ရှာပြီး အကျည်းတန်သော မိမိ၏ ပုံရိပ်ကို ရှုစားကြရန် ငါအကြံပြုသည်။ သင့်တွင် ရှင်ဘုရင်ဖြစ်ရန်အရည်အသွေး ရှိသလော။ ကောင်းချီးမင်္ဂလာများကို ခံစားနိုင်သူ၏မျက်နှာကို ပိုင်ဆိုင်ခြင်း ရှိသလော။ သင်၏ စိတ်သဘောထားထဲ၌ ပြောင်းလဲခြင်း စိုးစဉ်းမျှ မရှိဘဲ၊ သင်သည် မည်သည့် သမ္မာတရားကိုမျှလည်း လက်တွေ့လုပ်ဆောင်ခြင်း မရှိသော်လည်း၊ အံ့မခန်းဖွယ် မနက်ဖြန်ကို တောင့်တနေသေးသည်။ သင်သည် မိမိကိုယ်ကိုယ် လှည့်ဖြားနေ၏။” (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ မပြောင်းလဲသော စိတ်သဘောထား ရှိခြင်းသည် ဘုရားသခင်ကို ရန်ဘက်ပြုခြင်းဖြစ်သည်)
အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေက သိပ်လက်တွေ့ကျပြီး စကားလုံးတိုင်းက သိပ်ကို စစ်မှန်တယ်။ ကျွန်တော်တို့ ယုံကြည်ခြင်းမှာရှိတဲ့ မစင်ကြယ်မှုနဲ့ ယုတ်မာတဲ့ ရည်ရွယ်ချက်တွေအပြင် ကျွန်တော်တို့ရဲ့ ဘုရားကိုအာခံတဲ့ သဘာဝကိုပါ ထုတ်ဖော်ပြတယ်။ ကျွန်တော်တို့က အနစ်နာခံမှုတွေလုပ်နိုင်တယ်၊ ဒုက္ခခံနိုင်ပြီး ဘုရားအတွက် အဖိုးအခပေးဆပ်နိုင်တယ်လို့ အမြဲတမ်း ထင်ခဲ့ကြတယ်။ ဒါတွေက ကျွန်တော်တို့ဟာ ဆက်ကပ်အပ်နှံပြီး နာခံတယ်၊ ဘုရားရဲ့ လက်ခံမှုကို ရနိုင်တယ်လို့ အဓိပ္ပာယ်ရတယ်လေ။ ဒါပေမဲ့ ဘုရားနှုတ်ကပတ်တော်ရဲ့ တရားစီရင်ခြင်းကတစ်ဆင့် ကိုယ့်ကိုယ်ကိုယ် ဆင်ခြင်လို့ သိလာပြီးတော့ ကျွန်တော်တို့ရဲ့ အနစ်နာခံမှုတွေအားလုံးက အရောင်စွန်းထင်းနေတာ၊ ကောင်းချီးရဖို့အတွက်ပဲဖြစ်တာကို မြင်လာတယ်။ ဘုရားသခင်က ကျွန်တော်တို့ကို ငြိမ်းချမ်းတဲ့ အသက်တာတွေနဲ့ ကောင်းချီးပေးတဲ့အခါ ကျွန်တော်တို့က သူ့ကို နာခံပြီး သူ့အတွက် အလုပ်လုပ်ကြတယ်။ ဒါပေမဲ့ နာကျင်မှုနဲ့ ကပ်ဘေးတွေ ကျရောက်လာတော့ ကျွန်တော်တို့ကို မကာကွယ်ဘူးဆိုပြီး ဘုရားကို အထင်လွဲပြီး အပြစ်တင်ကြတယ်။ ဘုရားအတွက် အလုပ်လုပ်တာတောင် ရပ်ပစ်တတ်ကြတယ်။ အဲဒီအခါမှာ ကျွန်တော်တို့ယုံကြည်ခြင်းနဲ့ အနစ်နာခံမှုတွေက လုံးဝကို အပေးအယူသဘောဖြစ်တယ်၊ ဘုရားဆီကနေ ကျေးဇူးတော်နဲ့ ကောင်းချီးတွေကို အတင်းရယူဖို့ဖြစ်တယ်ဆိုတာ သိကြတယ်။ ဒါဟာ ဘုရားကို လိမ်ညာပြီး အသုံးပြုနေတာပါ။ အရမ်းတစ်ကိုယ်ကောင်းဆန်ပြီး ဉာဏ်များပါတယ်။ ကျွန်တော်တို့ဟာ ဆင်ခြင်တုံတရားနဲ့ အသိစိတ် လုံးဝ ကင်းမဲ့နေပြီး လူသားလို့တောင် ခေါ်ဖို့ မထိုက်တန်ပါဘူး။ အရမ်းကို ညစ်ပေပြီး ဖောက်ပြန်ပျက်စီးတော့ ကျွန်တော်တို့မှာ ကောင်းချီးခံစားခွင့်နဲ့ ဘုရားနိုင်ငံတော်ကိုဝင်ခွင့် ရှိသေးတယ်လို့ ထင်ကြတုန်းပဲ။ ဒါဟာ အရှက်မဲ့ရာကျပြီး အသိစိတ်ကင်းမဲ့တာပါ။ ဘုရားနှုတ်ကပတ်တော်ရဲ့ တရားစီရင်ခြင်းနဲ့ ထုတ်ဖော်ပြခြင်းက သူ့ရဲ့ ဖြောင့်မတ်သန့်ရှင်းတဲ့ စိတ်သဘောထားဟာ ပုန်ကန်ပြစ်မှားလို့ မရနိုင်ဘူးဆိုတာအပြင် ကျွန်တော်တို့ကို ဘုရားတောင်းဆိုတာက ကျွန်တော်တို့ရဲ့ စစ်မှန်မှုနဲ့ ဆက်ကပ်အပ်နှံမှုပဲဆိုတာကို ပြပါတယ်။ ဒီလို ရည်ရွယ်ချက်တွေ၊ မသန့်စင်မှုတွေနဲ့ ယုံကြည်ခြင်းရှိပြီး တာဝန်ထမ်းဆောင်တာဟာ ဘုရားကို လိမ်ညာပြီး အာခံနေတာပဲ။ ဒါက ဘုရားအတွက် ရွံရှာဖွယ်၊ မုန်းတီးဖွယ်ဖြစ်ပါတယ်။ ဘုရားသခင်က ဒီလို ယုံကြည်မှုမျိုးကို အသိအမှတ်မပြုပါဘူး။ ဘုရားနှုတ်ကပတ်တော်ရဲ့ တရားစီရင်ခြင်း၊ ကိုင်တွယ်ဖြေရှင်းခံရပြီး အကြိမ်များစွာ စမ်းသပ်ခံရခြင်းတွေကတစ်ဆင့် ကိုယ့်ဖောက်ပြန်ပျက်စီးမှုရဲ့ အမှန်တရားကို နောက်ဆုံးမှာ မြင်နိုင်ကြတယ်။ ကိုယ့်ကိုယ်ကိုယ် အမှန်တကယ်မုန်းတီးပြီး နောင်တရနိုင်ကြတယ်။ ဘုရားရှေ့မှာ နောင်တနဲ့ ပျပ်ဝပ်နိုင်ကြတယ်။ ဘုရားသခင်ရဲ့ ဖြောင့်မတ်ခြင်းကိုလည်း ကျွန်တော်တို့မြင်နိုင်တယ်။ ကျွန်တော်တို့ရဲ့ စိတ်နဲ့ နှလုံးသားထဲကို သူအမှန်တကယ်မြင်တယ်၊ ကျွန်တော်တို့ကို အကုန်အစင်သိတယ်ဆိုတာ မြင်နိုင်ပါတယ်။ ကျွန်တော်တို့ဟာ လုံးလုံး လက်ခံယုံကြည်ပြီး ဘုရားသခင်အပေါ် ကြောက်ရွံ့ခြင်းနှလုံးသားဖြစ်လာကြတယ်။ ယုံကြည်ခြင်းအပေါ် ကျွန်တော်တို့ရဲ့ အမြင်ရှုထောင့်က ပြောင်းလဲတယ်။ ကျွန်တော်တို့တာဝန်ကို လွန်ကဲတဲ့ ဆန္ဒတွေ အများကြီးမရှိဘဲနဲ့ ပိုပြီးသန့်စင်စွာ ချဉ်းကပ်ကြတယ်။ ဘုရားသခင်က ကျွန်တော်တို့ကို ကောင်းချီးပေးသည်ဖြစ်စေ၊ မပေးသည်ဖြစ်စေ၊ နိုင်ငံတော်ရဲ့ ကောင်းချီးတွေကို ရသည်ဖြစ်စေ မရသည်ဖြစ်စေ ကျွန်တော်တို့ဟာ ဘုရားရဲ့အစီအစဉ်တွေကို နာခံပြီး ဖန်ဆင်းခံတစ်ယောက်ရဲ့ တာဝန်ကိုထမ်းဆောင်ဖို့ လိုလိုချင်ချင်ပါပဲ။ ကျွန်တော်တို့ဟာ အမှန်တကယ် ဘာနဲ့လုပ်ထားတယ်ဆိုတာ မြင်ပြီးတာနဲ့ အရင်ကလို မမောက်မာကြတော့ဘူး။ ပြောဆိုပြုမူတဲ့အခါမှာ ကျိုးကြောင်းသင့်လာကြတယ်။ သမ္မာတရားကို ရှာဖွေပြီး နာခံလာကြတယ်။ ဒါဟာ ဘုရားသခင်ရဲ့ တရားစီရင်ခြင်းနဲ့ ပြစ်တင်ဆုံးမခြင်းပဲ။ ဒါက ကျွန်တော်တို့ရဲ့ ဖောက်ပြန်ပျက်စီးမှုကို တဖြည်းဖြည်းချင်း သန့်စင်ပြီး ပြောင်းလဲစေတယ်။ ဘုရားသခင်ရဲ့ အမှုကို ကြုံတွေ့နေရတဲ့ သူတွေက ဘုရားရဲ့ နောက်ဆုံးသောကာလ တရားစီရင်ခြင်းအမှုက ဘယ်လောက်လက်တွေ့ကျတယ်ဆိုတာ၊ လူသားကို ဘယ်လိုအမှန်တကယ်သန့်စင်ပြီး အပြည့်အဝကယ်တင်တယ်ဆိုတာ တကယ့်ကို သိကြတယ်။ ဒီတရားစီရင်ခြင်းနဲ့ ပြုပြင်ခြင်းမပါဘဲ ကျွန်တော်တို့ကိုယ်တိုင်ရဲ့ ဖောက်ပြန်ပျက်စီးမှုကို ဘယ်တော့မှ အမှန်တကယ် မြင်မှာမဟုတ်ဘူး။ ကျွန်တော်တို့အပြစ်တွေ ခွင့်လွှတ်ခံထားရတာကြောင့်၊ ဘုရားရဲ့ လက်ခံမှုကို ရရှိထားတာကြောင့် ဘုရားရဲ့နိုင်ငံတော်ကို ဝင်ရောက်နိုင်တယ်လို့ ထင်နေရင်း အဆုံးမရှိ အပြစ်ပြုလိုက် ဝန်ချလိုက်ဆိုတဲ့ ကျွန်တော်တို့ အသက်တာတွေထဲ ပိတ်မိနေမှာပါ။ ဒါဟာ တကယ်ကို မိုက်မဲပြီး သနားစရာကောင်းပါတယ်။ ဘုရားသခင်ရဲ့ တရားစီရင်ခြင်းကျေးဇူးကြောင့် ကိုယ့်ကိုယ်ကိုယ် အမှန်တကယ် သိနိုင်ကြတယ်။ သမ္မာတရားများစွာကို သင်ယူရပြီး ကျွန်တော်တို့ရဲ့ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားတွေက သန့်စင်ခံရပြီး ပြောင်းလဲသွားတယ်။ ဒါဟာ မယုံနိုင်လောက်အောင် လွတ်လပ်ပါတယ်။ ဘုရားသခင်ရဲ့ တရားစီရင်ခြင်းနဲ့ ပြစ်တင်ဆုံးမခြင်းက ကျွန်တော်တို့ကို အများကြီးပေးပါတယ်။ ဒါတွေက ကျွန်တော်တို့အတွက် ဘုရားသခင်ရဲ့ စစ်မှန်တဲ့ချစ်ခြင်း၊ သူ့ရဲ့ ကြီးမြတ်တဲ့ ကယ်တင်ခြင်းပါပဲ။ အနန္တတန်ခိုးရှင် ဘုရားသခင်က သမ္မာတရားကို စတင်ဖော်ပြပြီး သူ့ရဲ့ တရားစီရင်ခြင်းအမှုကို ပြုနေတာဟာ နှစ် ၃၀ လုံးလုံးရှိပါပြီ။ ပြီးတော့ သူဟာ ကပ်ဘေးတွေမတိုင်ခင်မှာ အောင်မြင်သူတစ်စုကို ပြုလုပ်ပြီးနှင့်ပါပြီ။ ပထမဆုံး အသီးအပွင့်တွေပေါ့။ ဒါက သမ္မာကျမ်းလာ ပရောဖက်ပြုချက်တွေကို လုံးဝ ပြည့်စုံစေပါတယ်။ “သိုးသငယ် သွားလေ ရာရာအရပ်သို့ နောက်တော်၌ လိုက်သောသူဖြစ်ကြ၏။ လူတို့ အထဲကရွေးနှုတ်၍ ဘုရားသခင်နှင့် သိုးသငယ်အဖို့ အဦးသီးသော အသီးဖြစ်ကြ၏။” (ဗျာဒိတ်ကျမ်း ၁၄:၄) ဘုရားသခင် ရွေးချယ်ထားတဲ့သူတွေက သူ့ရဲ့ တရားစီရင်ခြင်း၊ ပြစ်တင်ဆုံးမခြင်း၊ စမ်းသပ်ခြင်း၊ စစ်ဆေးခြင်းတွေကို ကြုံတွေ့ခဲ့ပြီးတော့ သူတို့ရဲ့ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားတွေက သန့်စင်သွားခဲ့တယ်။ နောက်ဆုံးမှာ စာတန်ရဲ့ အင်အားစုတွေကနေ သူတို့လွတ်မြောက်ကြတယ်။ သူတို့ဟာ ဘုရားသခင်ရဲ့ ကြီးမြတ်တဲ့ ကယ်တင်ခြင်းကို လက်ခံရရှိရင်းနဲ့ ဘုရားကို နာခံပြီး ကိုးကွယ်လာခဲ့ကြပါတယ်။ သူတို့အတွေ့အကြုံတွေနဲ့ သက်သေခံချက်တွေကို ရုပ်ရှင်တွေ၊ ဗီဒီယိုတွေအဖြစ် ရိုက်ကူးထားပြီး အားလုံးက အွန်လိုင်းမှာ ရှိပါတယ်။ ဒါတွေက ဘုရားသခင်ရဲ့ နောက်ဆုံးသောကာလ တရားစီရင်ခြင်းအမှုအတွက် လူသားမျိုးနွယ်အားလုံးကို သက်သေခံနေပါတယ်။ ကြည့်ရှုသူတွေရဲ့ စိတ်နှလုံးထဲမှာ သံသယမဖြစ်စေဘူး။ အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နိုင်ငံတော် ဧဝံဂေလိတရားက ကမ္ဘာပေါ်က နေရာတိုင်းကို ပျံ့နှံ့နေပါပြီ။ နေရာတိုင်းမှာရှိတဲ့ ဘုရားသခင်ရွေးချယ်ထားတဲ့လူတွေက အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေကို ဖြန့်ဝေနေပါတယ်။ နိုင်ငံတော်ဧဝံဂေလိတရားရဲ့ ခမ်းနားတဲ့၊ မကြုံစဖူးဖြစ်တဲ့ ပျံ့နှံ့မှုဟာ ကျွန်တော်တို့အပေါ် ကျရောက်နေပါတယ်။ ရှင်းပါတယ်။ ဘုရားအိမ်တော်ကစတဲ့ တရားစီရင်ခြင်းအမှုက အကြီးအကျယ် အောင်မြင်နေပါပြီ။ ဘုရားသခင်ဟာ စာတန်ကို အောင်နိုင်ခဲ့ပြီး ဘုန်းကျက်သရေအားလုံးကို ရရှိပြီးပါပြီ။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသလိုပဲ။ “ဘုရားသခင်သည် သူနှင့်သက်ဆိုင်သည့် အသိပညာကို လူသားက ရရှိကောင်း ရရှိစေနိုင်ဖို့အလို့ငှာ၊ ပြီးလျှင် သူ၏သက်သေခံချက်အတွက် တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းအမှုကို လုပ်ဆောင်သည်။ လူသား၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားနှင့်သက်ဆိုင်သည့် ဘုရားသခင်၏တရားစီရင်မှုမရှိပါက၊ လူသားသည် မည်သည့် ပုန်ကန်ပြစ်မှားမှုကိုမျှ သည်းမခံသည့် ဘုရားသခင်၏ ဖြောင့်မတ်သော စိတ်သဘောထားကို သိကျွမ်းဖို့ ဖြစ်နိုင်မည် မဟုတ်သကဲ့သို့ လူသည် ဘုရားသခင်နှင့် သက်ဆိုင်သည့် သူ၏ အိုဟောင်းသော အသိပညာကို အသစ်တစ်ခုအဖြစ်သို့ ပြောင်းလဲနိုင်မည်လည်း မဟုတ်ပေ။ သူ၏သက်သေခံချက်အတွက်၊ ပြီးလျှင် သူ၏ စီမံခန့်ခွဲမှုအတွက်၊ သူ၏အလုံးစုံကို အများသိရှိအောင် သူပြုလုပ်သည်၊ ထိုသို့ဖြင့် သူ၏လူသိရှင်ကြား ပေါ်ထွန်းခြင်းမှတစ်ဆင့် လူသားကို ဘုရားသခင်နှင့် သက်ဆိုင်သည့် အသိဉာဏ်အား ရရှိနိုင်စေသည်၊ သူ၏စိတ်သဘောထား၌ ပြောင်းလဲနိုင်စေပြီး၊ ဘုရားသခင်အဖို့ ထူးကဲလှသော သက်သေခံချက်ကို သက်သေခံနိုင်စေလေသည်။ လူသား၏ စိတ်သဘောထား ပြောင်းလဲမှုကို များစွာသော ဘုရားသခင်၏ အမှုအမျိုးမျိုးမှတစ်ဆင့် စွမ်းဆောင်ရရှိပေသည်။ သူ၏စိတ်သဘောထား၌ ထိုသို့သော ပြောင်းလဲမှုများ မရှိဘဲနှင့်၊ လူသားသည် ဘုရားသခင်ကို သက်သေခံနိုင်မည် မဟုတ်သကဲ့သို့၊ ဘုရားသခင်၏ စိတ်နှလုံးနှင့် ညီညွတ်နိုင်မည် မဟုတ်ပေ။ လူသား၏စိတ်သဘောထား ပြောင်းလဲမှုက လူသားသည် စာတန်၏ ကျေးကျွန်ဘဝနှင့် အမှောင်၏ လွှမ်းမိုးမှုအောက်မှ မိမိကိုယ်ကိုယ် လွတ်မြောက်စေပြီးဖြစ်သကဲ့သို့၊ ဘုရားသခင်၏ အမှုနှင့် သက်ဆိုင်သည့် စံပုံစံနှင့် နမူနာတစ်ခု၊ ဘုရားသခင်၏သက်သေနှင့်၊ ဘုရားသခင်၏စိတ်နှလုံးနှင့် ညီညွတ်သော သူတစ်ဦး ဧကန်အမှန် ဖြစ်လာသည်ကို ညွှန်ပြပေသည်။ ယနေ့တွင်၊ လူ့ဇာတိခံ ဘုရားသခင်သည် ကမ္ဘာမြေပေါ်တွင် သူ၏အမှုကို လုပ်ဆောင်ရန် ကြွလာပြီးဖြစ်ကာ လူသားအနေဖြင့် သူနှင့်သက်ဆိုင်သည့် အသိပညာ၊ သူ့ကို နာခံခြင်း၊ သူ့ကို သက်သေခံခြင်းတို့ကို ရရှိရန်၊ သူ၏ လက်တွေ့ကျပြီး ပုံမှန်ဖြစ်သော အမှုကိုသိရှိရန်၊ လူသား၏ အယူအဆများနှင့် မကိုက်ညီသော သူ၏နှုတ်ကပတ်တော်များနှင့် အမှုအားလုံးကို နာခံရန်နှင့် လူသားကိုကယ်တင်ရန် သူပြုသော အမှုအားလုံးအပြင် လူသားကိုသိမ်းပိုက်ရန် သူပြီးမြောက်သော လုပ်ဆောင်ချက်များ အားလုံးကို သက်သေခံရန် သူတောင်းဆို လေသည်။ ဘုရားသခင်ကို သက်သေခံသောသူတို့သည် ဘုရားသခင်နှင့် သက်ဆိုင်သော အသိပညာ ရှိရမည်။ ဤသို့သော သက်သေခံချက်မျိုးသည်သာ တိကျပြီး စစ်မှန်ကာ ဤသို့သော သက်သေခံချက်ကသာ စာတန်ကို အရှက်ရစေနိုင်သည်။” (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်ကိုသိသောသူများသာလျှင် ဘုရားသခင်ကို သက်သေခံနိုင်ကြသည်) “နောက်ဆုံးသောကာလအတွင်း ဘုရားသခင်၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်း၏အမှု အတောအတွင်း- ဆိုလိုသည်မှာ သန့်စင်စေခြင်း၏ နောက်ဆုံးသောအမှု အတောအတွင်း- အခိုင်အမာ ရပ်တည်နိုင်သူများသည် ဘုရားသခင်နှင့် အတူ နောက်ဆုံးသော ငြိမ်သက်ခြင်း ချမ်းသာထဲသို့ ဝင်ရောက်ကြမည့် သူများဖြစ်သည်။ ထိုသို့ဖြင့် ငြိမ်သက်ခြင်း ချမ်းသာထဲသို့ ဝင်ရောက်သော သူအားလုံးသည် ဘုရားသခင်၏ နောက်ဆုံး သန့်စင်စေခြင်း အမှုကို ကြုံပြီးနောက်တွင်၊ စာတန်၏ လွှမ်းမိုးခြင်းမှ ချိုးဖောက် လွတ်မြောက်ပြီးဖြစ်လိမ့်မည်ဖြစ်ကာ၊ ဘုရားသခင်၏ ရယူခြင်းကို ခံရပြီး ဖြစ်ကြလိမ့်မည်။ နောက်ဆုံး၌ ဘုရားသခင်၏ ရယူခြင်းကို ခံရပြီးဖြစ်လိမ့်မည် ဖြစ်သော ဤလူသားများသည် နောက်ဆုံးသော ငြိမ်သက်ခြင်း ချမ်းသာထဲသို့ ဝင်ရောက်ကြလိမ့်မည်။ ဘုရားသခင်၏ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်း အမှု၏ ပဓာနကျသော ရည်ရွယ်ချက်မှာ လူသားမျိုးနွယ်ကို သန့်ရှင်းစေရန်နှင့် ၎င်းတို့၏ နောက်ဆုံးသော ငြိမ်သက်ခြင်း ချမ်းသာအတွက် ၎င်းတို့ကို ပြင်ဆင်ရန် ဖြစ်သည်။ ထိုသို့သော သန့်ရှင်းစေခြင်း မရှိဘဲနှင့်၊ လူသားမျိုးနွယ်ထဲမှ တစ်ဦးမျှသည် မတူညီသော အမျိုးအစားအလိုက် ခွဲခြားခံရနိုင်မည် မဟုတ်ပေ၊ သို့မဟုတ် ငြိမ်သက်ခြင်း ချမ်းသာထဲသို့ ဝင်ရောက်နိုင်ကြမည် မဟုတ်ပေ။ ဤအမှုသည် ငြိမ်သက်ခြင်း ချမ်းသာထဲသို့ ဝင်ရောက်ရန် လူသားမျိုးနွယ်၏ တစ်ခုတည်းသော လမ်းကြောင်းဖြစ်သည်။” (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်နှင့် လူသားသည် ငြိမ်သက်ခြင်းချမ်းသာထဲသို့ အတူတကွ ဝင်ရောက်ကြလိမ့်မည်)
မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။