ကောင်းကင်နိုင်ငံတော်ထဲသို့ ဝင်ရောက်ခြင်းအတွက် သတ်မှတ်ချက်များ
  • 1 သခင်ယေရှုဟာ တို့တွေအတွက် ကားတိုင်ထက်မှာ အသေခံခဲ့ပေးပြီးပြီ တို့တွေရဲ့အပြစ်တွေကနေ ရွေးနုတ်ခဲ့ပြီး တို့အပြစ်တွေကိုခွင့်လွှတ်ခဲ့ပြီးပြီ တို့တတွေ ဆက်လက် အပြစ်ပြုကြပြီး သန့်စင်ခံရဖို့ လိုနေကြသေးပေမယ့်လည်း ကိုယ်တော်ဟာ တို့ရဲ့အပြစ်တွေအားလုံးကို ခွင့်လွှတ်ပေးခဲ့ပါပြီ။ သူ့အပေါ်ယုံကြည်ခြင်းကို ထောက်ပြီး တို့တွေကို ဖြောင့်မတ်ရာသို့ရောက်စေခဲ့တယ် တို့တွေ ကိုယ်တော့်အတွက် အရာရာကို စွန့်လွှတ်အနစ်နာခံရင်း ဒုက္ခဝေဒနာတွေ ခံထမ်းပြီး ပေးဆပ်နေသမျှကာလပတ်လုံး တို့ဟာ ကောင်းကင်နိုင်ငံတော်ဝင်ခွင့်ရလိမ့်မယ်လို့ ထင်ခဲ့တယ်၊ ဒါဟာ ကိုယ်တော့်ကတိတော်ပဲလို့ ထင်ခဲ့တယ် ဒါပေမဲ့လည်း ခုချိန်မှာ တချို့ ညီအစ်ကိုမောင်နှမတွေဟာ ဒီယုံကြည်ချက်နဲ့ပတ်သက်ပြီး မေးခွန်းတွေထုတ်လာကြတယ် သူတို့ပြောလာတာက တို့တွေဟာ ကိုယ်တော့်အမှုတော်ကိုဆောင်နေကြပေမဲ့လည်း မကြာခဏ အပြစ်ပြုလိုက်၊ နောင်တရလိုက်ဖြစ်နေကြတယ်၊ ခုထိလည်း ဘာစင်ကြယ်မှုမှမရကြသေးဘူး ကိုယ်တော်ဟာ သန့်ရှင်းတော်မူတာကြောင့် မသန့်ရှင်းတဲ့သူတွေဟာ ကိုယ်တော့်ကို မဖူးတွေ့နိုင်ဘူးဆိုပြီး ပြောလာကြတယ် ကျွန်မ မေးချင်တာက တို့တွေ ကိုယ်တော့်အတွက် အရာရာကို စွန့်လွှတ်ပေးဆပ်ပြီး အမှုတော်ဆောင်ခဲ့တာဟာ တကယ်ပဲ ကောင်းကင်နိုင်ငံတော်ဝင်ခွင့်ကို ရစေနိုင်မှာလား ဒီမေးခွန်းရဲ့အဖြေကို တို့တွေ တကယ်ပဲ သဘောမပေါက်သေးလို့ပါ၊ ဒီအကြောင်းကို ဆွေးနွေးပေးစေချင်တယ်။
  • 2 ကျွန်တော်တို့က သခင့်ကတိတော်ကို ယုံကြည်တယ်။ သူ ပြန်လာတဲ့အခါ ကျွန်တော်တို့ကို ကောင်းကင်နိုင်ငံတော်ဆီ ခေါ်ဆောင်မယ်ဆိုတာလေ ဒီနည်းလမ်းကို ကျင့်သုံးတာက တစ်ခုခုများ မှားနိုင်လို့လား။
  • 3 ကျွန်တော်တို့က အရာအားလုံးကို စွန့်တယ်။ သခင့်ဧဝံဂေလိတရားကို ဖြန့်ဝေတယ်။ အသင်းတော်ကို လမ်းပြတယ် ဒီလိုအားထုတ်တာတွေက ကောင်းကင်ဘုံက အဖရဲ့အလိုတော်ကို ဆောင်ရွက်တာပဲလေ ကျွန်တော်တို့ကျင့်သုံးတဲ့ ဒီလမ်းစဉ်က ဘာများမှားလို့လဲ။
  • 4 ဒီနေ့မှာ ကျွန်မတို့က သခင်ယေရှုကို ယုံကြည်ကြတယ်။ ကျန်တာတွေအားလုံးကို စွန့်ပြီး၊ သခင့်နာမတော်ကို ဝေငှဖို့ အနစ်နာခံကြတယ် ကောင်းကင်ဘုံက အဖရဲ့အလိုတော်ကို ဆောင်ရွက်နေတာပဲလေ ဒါက ကျွန်မတို့ဟာ သန့်ရှင်းခြင်းဖြစ်နေပြီလို့ ဆိုလိုတာပဲ သခင် ကြွလာတဲ့အခါ၊ ကျွန်တော်တို့က ကောင်းကင်နိုင်ငံတော်ဆီ ချီဆောင်ခံရမှာ သေချာတယ်။
  • 5 သခင့်ကို နှစ်များစွာ ယုံကြည်ပြီး မိမိကိုယ်ကိုယ် ထက်သန်စွာ အသုံးတော်ခံကာ မပင်မပန်း အလုပ်လုပ်ခဲ့ကြသူ တို့အနေဖြင့်၊ သခင့်အတွက် ၎င်းတို့ များစွာ ဆင်းရဲဒုက္ခခံကြပြီး ဖြစ်သည်။ အနန္တတန်ခိုးရှင် ဘုရားသခင်၏ နောက်ဆုံးသော ကာလထဲက အမှုတော်ကို လက်မခံခြင်းအားဖြင့်၊ ၎င်းတို့ ကယ်တင်ခံရခြင်းနှင့် ကောင်းကင်နိုင်ငံတော်ထဲသို့ ဝင်ရောက် ခြင်းကို ငြင်းပယ်ခံ ရမည်မှာ ဖြစ်နိုင်ပါသလား။

ဘုရားသခင်၌ မည်သည့်ယုံကြည်မှုမျိုးသည် သူ၏ ချီးမွမ်းခြင်းကို ခံရနိုင်သည်ကို သင်သိပါသလား။ ကျွန်ုပ်တို့သည် ဘုရားသခင်၌ စစ်မှန်သော ယုံကြည်ခြင်းကို မည်သို့ ဖြစ်ပေါ်စေနိုင်သနည်း။ အဖြေများကို ရရှိဖို့ ကျွန်ုပ်တို့ကို ဆက်သွယ်ရန် အားမနာပါနှင့်။
Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။
Viber မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။