မေးခွန်း (၇)- ဒီနေ့မှာ ကျွန်မတို့က သခင်ယေရှုကို ယုံကြည်ကြတယ်။ ကျန်တာတွေအားလုံးကို စွန့်ပြီး၊ သခင့်နာမတော်ကို ဝေငှဖို့ အနစ်နာခံကြတယ် ကောင်းကင်ဘုံက အဖရဲ့အလိုတော်ကို ဆောင်ရွက်နေတာပဲလေ ဒါက ကျွန်မတို့ဟာ သန့်ရှင်းခြင်းဖြစ်နေပြီလို့ ဆိုလိုတာပဲ သခင် ကြွလာတဲ့အခါ၊ ကျွန်တော်တို့က ကောင်းကင်နိုင်ငံတော်ဆီ ချီဆောင်ခံရမှာ သေချာတယ်။
အဖြေ- ကောင်းကင်နိုင်ငံတော်ကို ဘယ်သူတွေ ဝင်ရောက်နိုင်လဲဆိုတာအတွက်- "သခင်၊ သခင်ဟု ငါ့ကိုလျှောက်သောသူတိုင်း ကောင်းကင်နိုင်ငံတော်သို့ ဝင်ရလိမ့်မည်မဟုတ်။ ကောင်းကင်ဘုံ၌ ရှိတော်မူသော ငါ့ခမည်းတော်၏အလိုကို ဆောင်သောသူသာလျှင် ဝင်ရလိမ့်မည်။" လို့ သခင်ယေရှုက ဆိုခဲ့တယ်။ (ရှင်မဿဲခရစ်ဝင် ၇:၂၁) သခင်ယေရှုက ကောင်းကင်ဘုံက အဖရဲ့အလိုတော်ကို ဆောင်သူတွေသာ ကောင်းကင်နိုင်ငံတော်ဆီ ဝင်ရောက်နိုင်မယ်လို့ ရှင်းရှင်းလင်းလင်း မိန့်ခဲ့တာပါ ညီအစ်ကိုမောင်နှမတို့၊ လူတွေဟာ အရာအားလုံးကို စွန့်ရင်း၊ သခင့်နာမကို ဝေငှဖို့ အနစ်နာခံကြပေမယ့် သူတို့တွေအပြစ်အများကြီးပြုတယ်ဆိုတာကိုလည်း ကျွန်တော်တို့ မငြင်းနိုင်ဘူး။ အပြစ်ပြုတယ်ဆိုတဲ့အချက်က သူတို့ကို စာတန်က ပိုင်တဲ့အပြင်၊ သူတို့ဟာ ညစ်ညမ်းပြီး အကျင့်ပျက်နေတုန်းပဲဆိုတဲ့ အဓိပ္ပာယ်ပဲ ဘုရားသခင်ကိုလည်း ဆန့်ကျင်ပြီး၊ သစ္စာဖောက်နိုင်နေတုန်းပဲ။ ဒါက သူတို့ဟာ အမှန်တကယ် သန့်စင်ခြင်းမခံရသေးဘူးဆိုတဲ့သဘောပါပဲ သူတို့တွေသာ ဘုရင်တွေဖြစ်ခဲ့ရင်လည်း၊ ဘုရားသခင်ကို ဆန့်ကျင်ပြီး ကိုယ်ပိုင်နိုင်ငံတွေ တည်ထောင်ကြမှာပဲ ဒါက သူတို့ဟာ အမှန်တကယ် သန့်စင်ခြင်း၊ သန့်ရှင်းခြင်း မဖြစ်သေးဘူးဆိုတာကို သက်သေပြပါတယ် ဘုရားသခင်ကိုဒီလိုနည်းနဲ့ဆန့်ကျင်တဲ့သူတွေဟာ ကောင်းကင်နိုင်ငံတော်ကို ဝင်ရောက်ဖို့ ဘယ်လိုအရည်အချင်းမီနိုင်ပါ့မလဲ။ သခင့်အတွက် စွန့်လွှတ်အနစ်နာခံတာ၊ ဧဝံဂေလိ ဝေငှတာ၊ အသင်းတော် တည်ထောင်တာ၊ ယုံကြည်သူတွေကို ထောက်ပံ့ပေးတာ စတာတွေက လူသားအားလုံးရဲ့ အမူအကျင့်ကောင်းတွေပဲ။ တကယ်လို့ လူတွေက ဘုရားသခင်ကို ချစ်ခြင်းအတွက် အဲဒီအမူအကျင့်တွေကို ကျင့်သုံးတယ်ဆိုရင်၊ ဘုရားသခင်အတွက် အမှန်တကယ် အနစ်နာခံတယ်ဆိုရင် ဘုရားသခင်ကို အမှန်တကယ် နာခံပြီး ကျေနပ်စေတယ်ဆိုရင်၊ သူတို့ကိုယ်ပိုင်ရည်ရွယ်ချက်တွေကို ဖြည့်ဆည်းဖို့ကြိုးစားတာ ဘုရားသခင်နဲ့အပေးအယူလုပ်တာမျိုးလည်း မရှိဘူးဆိုရင် အဲဒီအမူအကျင့်တွေဟာ စစ်မှန်တဲ့ကောင်းမှုတွေပါပဲ။ ဘုရားသခင်က ဒါတွေကို အသိအမှတ်ပြုပြီး ကောင်းချီးပေးလိမ့်မယ် တကယ်လို့ သူတို့က ဒါတွေကို ဘုရားသခင်နဲ့အပေးအယူလုပ်ဖို့အတွက်ပဲ လုပ်နေတာ သူတို့အလိုဆန္ဒတွေ ပြည့်ဖို့ပဲ ကြိုးစားနေတာ၊ ကောင်းကင်နိုင်ငံတော်ဆီ ဝင်ရောက်ဖို့၊ ဆုလာဘ်ရဖို့အတွက်ပဲ လုပ်နေတာဆိုရင်တော့ အဲဒီအမူအကျင့်တွေဟာ ဘုရားသခင်ကိုလှည့်စားဖို့ ကြိုးစားအားထုတ်မှုတွေသာဖြစ်တယ်၊ ဒီလိုလူတွေဟာ ဘုရားသခင်ကို ဆန့်ကျင်နေတာပဲ။ ဒါကြောင့် လူတွေက ဒီလိုအပြင်ပန်းအမူအကျင့်ကောင်းတွေကို ကျင့်သုံးတယ်ဆိုတဲ့အချက်ဟာ သူတို့အနေနဲ့ ကောင်းကင်ဘုံက အဖရဲ့အလိုကို ဆောင်နေတာပါဆိုတဲ့ သက်သေလား သူတို့တွေ သန့်ရှင်းပါတယ်လို့ ဆိုလိုတာလား လုံးဝမဟုတ်ပါဘူး။ သူတို့ရဲ့အမူအကျင့်ကောင်းတွေကို သူတို့ရဲ့လွဲမှားတဲ့သဘာ၀တွေက လမ်းညွှန်တာဖြစ်ပါတယ် သူတို့က ဒါတွေကိုလုပ်နေတယ်ဆိုတာ၊ ဘုရားသခင်နဲ့ အပေးအယူလုပ်ချင်လို့၊ သူတို့ရဲ့တရားလွန်ဆန္ဒတွေ ပြည့်ချင်လို့ပါပဲ လူတွေရဲ့စိတ်နှလုံးထဲမှာ မသန့်စင်မှုတွေအများကြီး ရှိနေတယ်ဆိုတာကို ဒါကသက်သေပြတယ်။ ဒီလိုလူတွေက ဘုရားသခင်ကို ဘယ်လို စစ်မှန်စွာချစ်မြတ်နိုးပြီး နာခံနိုင်မှာလဲ။ လူတွေဟာ အပြစ်သဘာ၀ရဲ့ ညွှန်ကြားမှုတွေကိုရသလို၊ အဲဒါတွေရဲ့ထိန်းချုပ်မှုကိုလည်း ခံကြရတယ် သူတို့ရဲ့ကိုယ်ပိုင်အယူအဆတွေနဲ့ မကိုက်ညီတာတစ်ခုကို ဘုရားသခင်က ပြုလုပ်တဲ့အခါ၊ ပြောဆိုတဲ့အခါမျိုးမှာ ဘုရားသခင်ကို ဝေဖန်ကြတယ်။ ငြင်းဆန်ပြီး ရှုတ်ချကြတယ် ဘုရားသခင်က သူတို့ကို စမ်းသပ်မှုတွေလုပ်တဲ့အခါလည်း၊ ဘုရားသခင်ကို နားလည်မှုလွဲပြီး အပြစ်တင်တယ်၊ သစ္စာဖောက်ကြတယ် ဘုရားသခင်ကို ယုံကြည်နေရင်းနဲ့ပဲ၊ လူသားနောက်ကို လိုက်ပြီး ကိုးကွယ်ကြတယ် ဘုရားသခင်စကားကို နားမထောင်မီ လူသားစကားကိုနားထောင်တယ်။ ဘုရားသခင်ထံမှာ အစေခံရင်းနဲ့ပဲ၊ သူတို့ကိုယ်ပိုင်အယူအဆတွေအတိုင်း လုပ်တတ်ကြသေးတယ် သူတို့ကိုယ်သူတို့ ချီးမွမ်းကြတယ်၊ သက်သေခံကြတယ်။ ဘုရားသခင်ကို သူတို့ရဲ့ရန်သူအဖြစ် ယူဆကြတယ် လူတွေဟာ သူ့တို့ရဲ့အပြစ်ပြုတတ်တဲ့သဘာဝအားဖြင့် ဘောင်ခတ်ထိန်းချုပ်ခံထားရတယ်။ သူတို့တန်ခိုးအာဏာရှိလာတာနဲ့တပြိုင်နက် ဘုရားသခင်ကို ဆန့်ကျင်ပြီး သူတို့ကိုယ်ပိုင်နိုင်ငံတော်ကို စတည်ထောင်လိမ့်မယ်။ ဒါက ဂျူးယဇ်ပုရောဟိတ်တွေ၊ ကျမ်းပြုဆရာတွေနဲ့ ဖာရိရှဲတွေ လုပ်ခဲ့ကြတဲ့အတိုင်းပါပဲ သခင်ယေရှု သူ့ရဲ့အမှုတော်ကိုဆောင်ရွက်ဖို့ကြွလာတဲ့အခါ၊ သူတို့ကိုယ်ပိုင်အဆင့်အတန်းတွေကို ကာကွယ်ဖို့အတွက်၊ သခင်ယေရှုကို တယူသန် ဆန့်ကျင်ပြီး ပြစ်တင်ရှုတ်ချခဲ့ကြတယ် ရလဒ်အဖြစ်၊ သခင်ယေရှုရဲ့ကယ်တင်ခြင်းကို ယုဒလူတို့က လုံး၀ လက်မခံခဲ့ကြဘူး သူတို့က ဘုရားသခင်ကို ဆန့်ကျင်ပြီး၊ ကိုယ်ပိုင်နိုင်ငံတွေကို ထူထောင်ခဲ့ကြတာ မဟုတ်ဘူးလား ဒါကြောင့် အပြင်ပန်းမှာ အလုပ်ကြိုးစားပြီး၊ ကောင်းကောင်းမွန်မွန် ပြုမူတဲ့လူတွေတောင်မှ သူတို့ရဲ့ အပြစ်ပြုတတ်တဲ့သဘာ၀တွေကို မဖြေရှင်းဘဲ ဆိုးယုတ်တဲ့စိတ်သဘောထားတွေလည်း သန့်စင်ခြင်း မခံရသေးဘူးဆိုရင်တော့ သူတို့ဘယ်လောက်ပဲဒုက္ခခံစားရသည်ဖြစ်စေ၊ ဘာအလုပ်တွေပဲလုပ်နေသည်ဖြစ်စေ၊ သူတို့အနေနဲ့ ဘုရားသခင်ရဲ့အလိုတော်ကို ဘယ်လိုလုပ် အမှန်တကယ် လိုက်နာနိုင်မှာလဲ ဘုရားသခင်ကို အကြွင်းမဲ့နာခံသူတွေကသာ သေချာပေါက် ဘုရားသခင်ရဲ့အလိုတော်ကို ဆောင်ရွက်တဲ့သူတွေဖြစ်တယ်။ သူတို့တွေက ဘုရားသခင်နဲ့ စိတ်ချင်းတူသူတွေပါပဲ သူတို့တွေက ဘုရားသခင်ကို လုံး၀ ဆန့်ကျင်တွန်းလှန်တော့မှာ မဟုတ်ပါဘူး ဒီလိုလူတွေကသာ ကောင်းကင်နိုင်ငံတော်ဆီ ဝင်ရောက်ဖို့၊ ဘုရားသခင်ရဲ့ကတိတော်တွေကို လက်ခံဖို့ အရည်အချင်းပြည့်မီကြတာပါ။
နာကြည်းဖွယ်ရာ အမှတ်တရများ ၏ ရုပ်ရှင် ဇာတ်ညွှန်း မှ
သက်ဆိုင်သည့် အကြောင်းအရာ
-
သမ္မာကျမ်းစာကို ဘုရားသခင်ကမဟုတ်ဘဲ လူကစုစည်းထားခြင်းဖြစ်သည်။ သမ္မာကျမ်းစာသည် ဘုရားသခင်ကို ကိုယ်စားမပြုနိုင်ပါ။
၃) သမ္မာကျမ်းစာကို ဘုရားသခင်ကမဟုတ်ဘဲ လူသားက စုစည်းထားခြင်းဖြစ်သည်၊ သမ္မာကျမ်းစာသည် ဘုရားသခင်ကို ကိုယ်စားမပြုနိုင်ပါ ကိုးကားရန် သမ္မာကျမ်းပိုဒ်များ- “က…
-
မေးခွန်း (၁)- သခင်ယေရှုဟာ တို့တွေအတွက် ကားတိုင်ထက်မှာ အသေခံခဲ့ပေးပြီးပြီ တို့တွေရဲ့အပြစ်တွေကနေ ရွေးနုတ်ခဲ့ပြီး တို့အပြစ်တွေကိုခွင့်လွှတ်ခဲ့ပြီးပြီ တို့တတွေ ဆက်လက် အပြစ်ပြုကြပြီး သန့်စင်ခံရဖို့ လိုနေကြသေးပေမယ့်လည်း ကိုယ်တော်ဟာ တို့ရဲ့အပြစ်တွေအားလုံးကို ခွင့်လွှတ်ပေးခဲ့ပါပြီ။ သူ့အပေါ်ယုံကြည်ခြင်းကို ထောက်ပြီး တို့တွေကို ဖြောင့်မတ်ရာသို့ရောက်စေခဲ့တယ် တို့တွေ ကိုယ်တော့်အတွက် အရာရာကို စွန့်လွှတ်အနစ်နာခံရင်း ဒုက္ခဝေဒနာတွေ ခံထမ်းပြီး ပေးဆပ်နေသမျှကာလပတ်လုံး တို့ဟာ ကောင်းကင်နိုင်ငံတော်ဝင်ခွင့်ရလိမ့်မယ်လို့ ထင်ခဲ့တယ်၊ ဒါဟာ ကိုယ်တော့်ကတိတော်ပဲလို့ ထင်ခဲ့တယ် ဒါပေမဲ့လည်း ခုချိန်မှာ တချို့ ညီအစ်ကိုမောင်နှမတွေဟာ ဒီယုံကြည်ချက်နဲ့ပတ်သက်ပြီး မေးခွန်းတွေထုတ်လာကြတယ် သူတို့ပြောလာတာက တို့တွေဟာ ကိုယ်တော့်အမှုတော်ကိုဆောင်နေကြပေမဲ့လည်း မကြာခဏ အပြစ်ပြုလိုက်၊ နောင်တရလိုက်ဖြစ်နေကြတယ်၊ ခုထိလည်း ဘာစင်ကြယ်မှုမှမရကြသေးဘူး ကိုယ်တော်ဟာ သန့်ရှင်းတော်မူတာကြောင့် မသန့်ရှင်းတဲ့သူတွေဟာ ကိုယ်တော့်ကို မဖူးတွေ့နိုင်ဘူးဆိုပြီး ပြောလာကြတယ် ကျွန်မ မေးချင်တာက တို့တွေ ကိုယ်တော့်အတွက် အရာရာကို စွန့်လွှတ်ပေးဆပ်ပြီး အမှုတော်ဆောင်ခဲ့တာဟာ တကယ်ပဲ ကောင်းကင်နိုင်ငံတော်ဝင်ခွင့်ကို ရစေနိုင်မှာလား ဒီမေးခွန်းရဲ့အဖြေကို တို့တွေ တကယ်ပဲ သဘောမပေါက်သေးလို့ပါ၊ ဒီအကြောင်းကို ဆွေးနွေးပေးစေချင်တယ်။
အဖြေ- ကိုယ်တော့်ကိုယုံကြည်သူတွေအားလုံး ထင်ကြတာက သခင်ယေရှုဟာ တို့ကိုရွေးနှုတ်ကယ်တင်ဖို့ ကားတိုင်ပေါ်မှာ အသေခံခဲ့ပြီ၊ ဒါကြောင့် တို့အပြစ်တွေ အကုန်လွတ်ပြ…
-
ခရစ်တော်သည် သမ္မာတရား၊ လမ်းခရီးနှင့် အသက်ဖြစ်သည်ကို မည်သို့နားလည်ရမည်နည်း။
ကိုးကားရန် သမ္မာကျမ်းပိုဒ်များ- “အစဦး၌ နှုတ်ကပတ်တော်ရှိ၏။ နှုတ်ကပတ်တော်သည် ဘုရားသခင်နှင့်အတူရှိ၏။ နှုတ်ကပတ်တော် သည်လည်း ဘုရားသခင်ဖြစ်တော်မူ၏။ ထိုနှုတ…
-
မေးခွန်း (၁)- သခင်ယေရှုက အခု ပြန်ကြွလာပြီဖြစ်ပြီး သူဟာ အနန္တတန်ခိုးရှင် ဘုရားသခင်ဆိုတဲ့ အမည်နာမအသစ်ရှိပါတယ်။ အနန္တတန်ခိုးရှင် ဘုရားသခင်ဟာ နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲက နှုတ်ကပတ်တော်တွေကို ဖော်ပြခဲ့ပြီး အဲဒါက မင်္ဂလာဆောင်လုလင်ရဲ့ အသံဖြစ်ပါတယ်။ ဒါပေမဲ့ ဒီကနေ့မှာ၊ ညီအစ်ကိုမောင်နှမတော်တော်များများက ဘုရားသခင်ရဲ့အသံကို မခွဲခြားနိုင်ကြသေးပါဘူး။ ဒါကြောင့် ဒီနေ့၊ အနန္တတန်ခိုးရှင်ဘုရားသခင်အသင်းတော်က ညီမရှန့်ကို ဖိတ်ထားပါတယ်။ ဘုရားသခင်ရဲ့အသံကို ဘယ်လိုခွဲခြားသိနိုင်မလဲဆိုတာနဲ့ပတ်သက်ပြီး မိတ်သဟာယပြုဖို့အတွက် သူတို့ကို ဖိတ်ထားတာပါ။ ဒါကြောင့် အနန္တတန်ခိုးရှင်ဘုရားသခင်ဟာ သခင်ယေရှု ပြန်လာခြင်းဖြစ်ကြောင်း ဘယ်လိုအတည်ပြုမလဲဆိုတာကို ကျွန်တော်တို့သိလာလိမ့်မယ်။
အဖြေ- ခုနတင် မေးလိုက်တဲ့မေးခွန်းဟာ အရေးကြီးဆုံးပါပဲ။ ဘုရားသခင်ရဲ့နောက်ဆုံးသောကာလ အမှုတော်ကို လက်ခံဖို့၊ ဘုရားသခင်ရဲ့ပေါ်ထွန်းခြင်းကို မြင်တွေ့ဖို့ဆိုရ…