မေလ ၂၈ ကျောက်ယွမ်အမှုက မိသားစုကပ်ဘေးတစ်ခုကို ဖြစ်ပေါ်စေသည်

12.04.2021

အဲန်းဟွီ၊ တရုတ်ပြည်

ကျွန်မသည် သာမန် ကျေးလက်အမျိုးသမီးတစ်ဦးဖြစ်ပြီး ကျွန်မ၏ မိသားစုတာဝန်ဝတ္တရားများ၏ လေးလံသော ဝန်ထုပ်ဝန်ပိုးများက ကျွန်မကို လွန်စွာဖိစီးလေ့ရှိသဖြင့် ကျွန်မမှာ အသက်ရှူဖို့ အနိုင်နိုင်ဖြစ်ခဲ့သည်။ အကျိုးဆက်အနေဖြင့် ကျွန်မသည် အမှန်ပင် စိတ်တိုတတ်လာကာ၊ ကျွန်မအမျိုးသားနှင့် ကျွန်မမှာ တစ်နေဝင် တစ်နေထွက် အငြင်းပွားခဲ့ကြသည်။ ကျွန်မတို့ ထိုအတိုင်း ဆက်၍ အသက်ရှင်ရန် တကယ်မဖြစ်နိုင်ပေ။ ဒုက္ခခံစားသည့် အချိန်တိုင်း ကျွန်မမှာ “ကောင်းကင်ဘုံရေ။ ကျွန်မကို ကယ်ပါ” ဟု အော်ဟစ်တတ်ခဲ့သည်။ ထို့နောက် ၂၀၁၃ ခုနှစ်တွင်၊ နောက်ဆုံးသောကာလ အနန္တတန်ခိုးရှင်ဘုရားသခင်၏ ဧဝံဂေလိတရားက ကျွန်မထံ ရောက်လာခဲ့သည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ရှုခြင်းနှင့် ဝတ်ပြုအစည်းအဝေးများ တက်ရောက်ခြင်းအားဖြင့် အနန္တတန်ခိုးရှင်ဘုရားသခင်သည် ဆင်းရဲဒုက္ခထဲတွင် ကျွန်မ အော်ဟစ်ခေါ်ခဲ့ရသူပင်ဖြစ်ကြောင်း ကျွန်မသေချာလာခဲ့သောကြောင့် နောက်ဆုံးသောကာလ အနန္တတန်ခိုးရှင် ဘုရားသခင်၏အမှုတော်ကို ကျွန်မ ဝမ်းမြောက်ဝမ်းသာ လက်ခံခဲ့သည်။

ဘုရားသခင်ထံမှ ဤနှုတ်ကပတ်တော်များကို ကျွန်မဖတ်ရှုခဲ့သည်- “ကမ္ဘာလောကကို ဖန်ဆင်းခြင်းကတည်းက ငါသည် ဤလူစု၊ အတိအကျဆိုရသော် ယနေ့ သင်တို့ကို၊ စတင် ခွဲခန့်မှတ်သားကာ ရွေးကောက်ပြီး ဖြစ်သည်။ သင်တို့၏ ပင်ကိုစရိုက်၊ အစွမ်းအစ၊ သွင်ပြင်နှင့် ဝိညာဉ်အသက်တာ၊ သင်မွေးဖွားခဲ့သော သင်၏မိသားစု၊ သင်၏ အလုပ်နှင့် သင်၏ အိမ်ထောင်- သင်၏ဆံပင်အရောင်နှင့် အသားအရောင်၊ ပြီးလျှင် သင်မွေးဖွားသည့်အချိန်တို့ပင် အပါအဝင် သင်၏ အလုံးစုံထဲက သင်- အားလုံးကို ငါ၏လက်များဖြင့် စီစဉ်ထားခဲ့ပေသည်။ ယနေ့ သင်တို့ကို ငါ့မျက်မှောက်တော် ထဲသို့ ခေါ်ဆောင်လာခြင်းသည် အမှန်တကယ် ငါ၏ အစီအစဉ်အားဖြင့် ဖြစ်သည်ကို မဆိုထားနှင့်ဦး၊ နေ့ရက်စဉ်တိုင်း သင်တို့လုပ်ဆောင်သော အရာများနှင့် သင်တို့ တွေ့ဆုံသောလူများကိုပင် ငါ၏လက်ဖြင့် စီစဉ်ထားခဲ့ခြင်းဖြစ်သည်။ ကစဉ့်ကလျားဖြစ်ခြင်းထဲသို့ ခြေစုံပစ်မဝင်နှင့်။ တည်ငြိမ်စွာ သင် ရှေ့ဆက်သင့်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ အစအဦး၌ ခရစ်တော်၏ မိန့်မြွက်ချက်များ၊ အခန်း (၇၄)) ဘုရားသခင်၏ ဤနှုတ်ကပတ်တော်များမှတစ်ဆင့် အရာခပ်သိမ်းသည် ဘုရားသခင်၏ လက်တော်ထဲတွင်ရှိကာ၊ ကျွန်မအနေဖြင့် ဘုရားသခင်၏ ရှေ့မှောက်သို့လာဖို့၊ နောက်ဆုံးသောကာလ ဘုရားသခင်၏ ကယ်တင်ခြင်းကို လက်ခံဖို့နှင့် သူ့နှုတ်ကပတ်တော်များ၏ ရေလောင်းခြင်းနှင့် ထောက်ပံ့ပေးခြင်းတို့ကို ရရှိဖို့ အခွင့်အလမ်းကောင်းရှိခြင်းက ကပ်ကမ္ဘာများစွာကတည်းက အားလုံးကြိုတင်ပြဋ္ဌာန်းထားပြီး ဖြစ်သည်ကို နောက်ဆုံးတွင် ကျွန်မနားလည်ခဲ့သည်။ ကျွန်မ မည်သည့် လင်ယောက်ျားနှင့် မိသားစုမျိုး ရှိမည်ဆိုသည်ကလည်း ဘုရားသခင်အားဖြင့် ကြိုတင်ပြဌာန်းခဲ့ခြင်းဖြစ်သည်။ ဘုရားသခင် ဖြစ်ပွားစေပြီး စီစဉ်ထားသည့်အရာကို လက်ခံကာ ကျိုးနွံနာခံသင့်ကြောင်း ကျွန်မသိခဲ့သည်။ ထိုအချိန်မှစ၍ မနှစ်မြို့ဖွယ်ဟု ကျွန်မယူဆသည့် အရာများ ပေါ်လာသည့်အခါတိုင်း ယခင်ကကဲ့သို့ ကျွန်မ မညည်းညူတော့ပါ။ ထို့ထက် ယင်းကို ဘုရားသခင်မှ စီစဉ်ထားခဲ့ခြင်းဖြစ်ကြောင်း ကျွန်မ ယုံကြည်မှုထားခဲ့ပြီးလျှင် ကျွန်မ မိသားစုနှင့် ကျွန်မ စိတ်သဘောထားညီညွှတ်စွာဖြင့် အသက်ရှင်ရန် သင်ယူဖို့ ကိုယ်တော် ကျွန်မကို လမ်းပြပြီး ဦးဆောင်နိုင်ရန်အလို့ငှာ ကျိုးနွံနာခံဖို့ ကျွန်မ ဆန္ဒရှိခဲ့သည်။ အချိန်ကြာလာသောအခါ ကျွန်မသည် ကျွန်မအမျိုးသားနှင့် ခိုက်ရန်ဖြစ်ခြင်းကို ရပ်တန့်နိုင်စွမ်း ရှိလာခဲ့သည်။ ဘုရားသခင်အား ယုံကြည်ကတည်းက ကျွန်မဲတွင် ဖြစ်ခဲ့သည့် အပြောင်းအလဲများကို သူတွေ့သောအခါ၊ ကျွန်မအမျိုးသားသည်လည်း ကျွန်မ၏ယုံကြည်ချက်ကို လွန်စွာ ထောက်ခံလာခဲ့သည်။ ဝတ်ပြုအစည်းအဝေးအတွက် ကျွန်မအိမ်သို့ ညီအစ်ကိုမောင်နှမများ လာရောက်သည့်အခါ သူသည် သူတို့အပေါ် လွန်စွာ ယဉ်ကျေးပျူငှာပြီး တစ်ခါတစ်ရံ စကားစမြည်ပြောဆိုမှုများတွင် ပါဝင်တတ်လေသည်။ ထိုအချိန်က ကျွန်မသည် ဘုရားသခင်၏ နှုတ်ကပတ်တော်ကို နေ့စဉ် ဖတ်ရှုနေခဲ့ပြီး ဝတ်ပြုအစည်းအဝေးများကို မကြာခဏ တက်ရောက်ကာ အခြား ညီအစ်ကိုမောင်နှမများနှင့်အတူ အတွေ့အကြုံများကို ဝေငှနေခဲ့ပါသည်။ ကျွန်မ၏ စိတ်ဝိညာဉ်ထဲတွင် ကြွယ်ဝပြည့်စုံသည်ဟု ကျွန်မခံစားခဲ့ပြီး ယခင်က ကျွန်မလုံးဝမရှိခဲ့ဖူးသော ငြိမ်သက်ခြင်းနှင့် ဝမ်းမြောက်ခြင်း တစ်မျိုးကို ပျော်မွေ့ခံစားခဲ့သည်။ ဘုရားသခင်ကို ယုံကြည်ခြင်းမှာ အမှန်တကယ် အံ့သြဖွယ်အရာတစ်ခုဖြစ်ကြောင်း ကျွန်မခံစားခဲ့ပါသည်။

သို့သော် အခြေအနေကောင်းများအားလုံးသည် အဆုံးသို့ ရောက်လာခဲ့ရပြီး၊ ၂၀၁၄ ခုနှစ် မေလ ၂၈ ရက်နေ့တွင် ဖြစ်ပျက်ခဲ့သည့် ရှန်တုန်ပြည်နယ် ကျောက်ယွမ်အဖြစ်အပျက်နောက်တွင်ကား ကျွန်မတို့ အိမ်ရှိ ထိုသဟဇာတကျပြီး ငြိမ်သက်အေးချမ်းသော နေ့ရက်များ နောက်ထပ်မရှိတော့ပါ။ ဤသည်မှာ မူလက သာမန် ရာဇဝတ်မှုတစ်ခု ဖြစ်သော်လည်း သုံးရက်အကြာတွင် ယင်းက အသွင်တစ်မျိုး ဖြစ်လာခဲ့သည်- တရုတ်ကွန်မြူနစ်ပါတီအစိုးရက ယင်းကို ဘာသာရေးအကြောင်းရင်းများကြောင့် ကျူးလွန်သည့်အရာတစ်ခုအဖြစ် သတ်မှတ်ခဲ့သည်။ ဤမူမမှန်သောအကြောင်းပြမှုတွင် တရုတ်ကွန်မြူနစ်ပါတီအစိုးရက အနန္တတန်ခိုးရှင် ဘုရားသခင်အသင်းတော်ကို ယင်း၏အခရာအဖြစ် ပြုခဲ့သည်။ မမှန်ကန်သော အထောက်အထားကို တမင်တကာ အကွက်ဆင်ရန်၊ မမှန်ကန်သော စွဲချက်များတင်ရန်နှင့် အနန္တတန်ခိုးရှင် ဘုရားသခင်ကို အသရေပျက်စေရန် မီဒီယာကို ၎င်းက အသုံးပြုခဲ့သည်။ ဘာမျှမကြာလိုက်မီတွင် လူတို့သည် အနန္တတန်ခိုးရှင်ဘုရားသခင် အသင်းတော်အကြောင်း စိတ်ကူးနိုင်သမျှ ကောလာဟလမျိုးစုံနှင့် လွှမ်းမိုးသွားခဲ့သည်။ ကျွန်မအမျိုးသားသည် ဤအကြောင်း သတင်းတွင် ကြေညာသည်ကို တွေ့ခဲ့ပြီး တရုတ်ကွန်မြူနစ်ပါတီအစိုးရ၏ ဝါဒဖြန့်မှုအားဖြင့် အယုံသွင်းခံခဲ့ရသည်။ ယင်းမှာ ရုတ်ခြည်း အပြောင်းအလဲတစ်ခုက သူ့အပေါ် ကျရောက်လာခဲ့သလို ဖြစ်သည်။ သူသည် အနန္တတန်ခိုးရှင် ဘုရားသခင်အပေါ် ကျွန်မ၏ယုံကြည်ခြင်းကို ဆန့်ကျင်ဖို့အတွက် သူတတ်နိုင်သမျှ အရာအားလုံးကို စလုပ်ခဲ့တော့သည်။

တစ်ညနေတွင် ကျွန်မအမျိုးသားသည် ဒေါသချောင်းချောင်းထွက်လျက် အိမ်ပြန်လာခဲ့ပြီး ကျွန်မကို ကျယ်လောင်စွာပင်- “မင်းယုံကြည်တဲ့ ဒီဘာသာတရားက တကယ် ဘာကြီးလဲ” ဟု အပြစ်တင်သည်။ ကျွန်မမှာ ဤလိုအူကြောင်ကြောင်နိုင်သော သူ၏သဘောထားကြောင့် လုံးလုံး ခေါင်းခြောက်သွားပြီး ပြန်ဖြေသည့်အနေဖြင့်၊ “ကျွန်မယုံကြည်တာဟာ ကျွန်မတို့က ‘ကောင်းကင်ဘုံ’ လို့ ညွှန်းဆိုလေ့ရှိတဲ့ ပြန်ကြွလာတဲ့ သခင်ယေရှု၊ အနန္တတန်ခိုးရှင် ဘုရားသခင်ပဲ” ဟု ပြောလိုက်သည်။ သူက၊ “မင်းက အနန္တတန်ခိုးရှင် ဘုရားသခင်ကို ယုံကြည်တယ်ပေါ့။ တီဗီပေါ်မှာ သူတို့ ပြောနေကြတဲ့ဟာကို ကြည့်စမ်း” ဟု ပြောသည်။ ဤသို့ဆိုလျက် သူက တီဗီကို ဖွင့်ပြလိုက်ရာ၊ ထိုအခိုက်မှာပင် ရှန်တုန်းပြည်နယ်၊ ကျောက်ယွမ််မြို့ရှိ မေလ ၂၈ လူသတ်မှုက သတင်းတစ်ခုလုံး ပြည့်နေသည်။ သူတို့သည် အနန္တတန်ခိုးရှင်ဘုရားသခင် အသင်းတော်ကို ရှုတ်ချပြစ်တင်သည့် အရာမျိုးစုံကို ပြောနေကြပြီး၊ အနန္တတန်ခိုးရှင်ဘုရားသခင်ကို ယုံကြည်သူများမှာ အများပြည်သူ တည်ငြိမ်အေးချမ်းမှုကို နှောင့်ယှက်သောသူများဖြစ်ပြီး၊ ရှန်တုန်းပြည်နယ်ရှိ အများပြည်သူလုံခြုံရေးဌာနသည် ပြင်းထန်သော တန်ပြန်ထိုးစစ်ဆင်မှုကို စတင်ကာ သူတို့ကို သက်ညှာမှုမရှိ ဝိုင်းရံဖမ်းဆီးရန် ပြင်ဆင်ထားပြီဟု သူတို့ဆက်ပြောကြသည်။ ဤအရာက ကျွန်မကို မတရားမှုအပေါ်မခံမရပ်နိုင်ဖြစ်ခြင်း နှင့် ပြည့်စေပြီး ကျွန်မအမျိုးသားထံ ချက်ချင်းပင်၊ “ဒါက အသရေဖျက်မှုနဲ့ ကောလာဟလကလွဲလို့ ဘာမှမဟုတ်ဘူး။ ဒီလူသတ်သမားက အနန္တတန်ခိုးရှင် ဘုရားသခင်ကို ယုံကြည်သူတစ်ယောက် လုံးဝ မဟုတ်ဘူး။ အနန္တတန်ခိုးရှင်ဘုရားသခင် အသင်းတော်က သူ့ရဲ့ ဧဝံဂေလိလုပ်ငန်းမှာ မူဝါဒတွေရှိတယ်၊ အဲဒါက ဘုရားသခင်ရဲ့ တည်ရှိမှုကို ယုံကြည်ပြီး ကြင်နာစိတ်ရှိတဲ့ လူကောင်းတွေကိုပဲ ဧဝံဂေလိ ဝေငှဖို့ပဲ။ ကျွန်မတို့က ယုတ်မာတဲ့လူတွေကို ဘယ်တော့မှ မဝေငှဘူး။ ကျန်းလီဒေါင်းလို လူဆိုးတွေက ဧဝံဂေလိဝေငှဖို့အတွက် အနန္တတန်ခိုးရှင်ဘုရားသခင် အသင်းတော်ရဲ့ ဒီမူဝါဒတွေနဲ့ လားလားမှ မကိုက်ညီဘူး၊ ဒါကြောင့် သူတို့ဟာ အနန္တတန်ခိုးရှင် ဘုရားသခင်ကို ယုံကြည်သူတွေ မဟုတ်တာ အသေအချာပဲ။ နောက်တစ်ခု၊ ကျန်းလီဒေါင်းက အဲဒီအမျိုးသမီးကို ဖုန်းနံပါတ် တောင်းပြီး သူက ငြင်းတဲ့အချိန်မှာ ကျန်းလီဒေါင်းက ဒေါသူပုန်ထပြီး သူမကို သတ်လိုက်တာက အရှက်ကွဲလို့ဖြစ်တာ။ ကျွန်မတို့ အနန္တတန်ခိုးရှင်ဘုရားသခင် အသင်းတော်က ညီအစ်ကိုမောင်နှမတွေက ဧဝံဂေလိဖြန့်ဝေတဲ့အခါ ဘုရားသခင်ရဲ့ အမှုကို လက်ခံဖို့ လူတွေကို အတင်းအကျပ်လုပ်ဖို့ ဘယ်တော့မှ မကြိုးစားဘူး။ ဘာလို့လဲဆိုတော့ ဘုရားသခင်က ‘နိုင်ငံတော်ခေတ်၌ ဘုရားသခင် ရွေးချယ်ထားသောသူများ လိုက်နာရမည့် စီမံအုပ်ချုပ်ရေးဆိုင်ရာ အမိန့်တော် ဆယ်ရပ်’ ထဲမှာ ‘(သင်၏သားသမီးများ၊ သင်၏ခင်ပွန်း သို့မဟုတ် ဇနီး၊ သင်၏ညီအမများ သို့မဟုတ် မိဘများ စသည်ဖြင့်) ယုံကြည်ခြင်း မရှိသည့် ဆွေမျိုးသားချင်းများကို အသင်းတော်ထဲသို့ အတင်းအကျပ် မသွင်းသင့်ပေ။ ဘုရားသခင်၏အိမ်ထောင်စုသည် အသင်းသားများ နည်းပါးနေခြင်း မရှိသကဲ့သို့၊ အသုံးမဝင်သည့် လူများဖြင့် ယင်း၏ အရေအတွက်ကို ဖန်တီးဖို့မလိုအပ်ပေ။ မယုံကြည်သောသူအားလုံးကို အသင်းတော်ထဲသို့ ဝမ်းမြောက်ဝမ်းသာ ခေါ်မလာရ။ ဤအမိန့်သည် လူခပ်သိမ်းကို ရည်ရွယ်ပေသည်။ ဤကိစ္စရပ်နှင့်ပတ်သက်၍ သင်တို့သည် အချင်းချင်း စစ်ဆေးခြင်း၊ စောင့်ကြည့်ခြင်းနှင့် သတိပေးခြင်းများ ပြုလုပ်သင့်သည်။ မည်သူတစ်ဦးမျှ ယင်းကို ချိုးဖောက်ခွင့်မရှိ။’ လို့ ရှင်းရှင်းလင်းလင်း ဖော်ပြခဲ့လို့ပဲ။ အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော်ရဲ့ ညီအစ်ကိုမောင်နှမများက ဧဝံဂေလိတရား ဖြန့်ဝေတဲ့အခါ သူတို့က တခြားလူတွေကို ဘယ်တော့မှ အကျပ်မကိုင်ဘူး၊ ဒါက ဘယ်သူမှ ချိုးဖောက်လို့မရတဲ့ အရာတစ်ခုပဲ။ ဒီသတင်းက အသရေဖျက်စကား၊ ဖန်တီးစွပ်စွဲမှုသက်သက်ပဲ။ အဲဒါဟာ တရုတ်ကွန်မြူနစ်ပါတီအစိုးရက ကောလာဟလတွေ ဖြန့်ပြီး အနန္တတန်ခိုးရှင် ဘုရားသခင်အသင်းတော်ကို နာမည်ဖျက်တာကလွဲလို့ ဘာမှမဟုတ်ဘူး” ဟု ပြောလိုက်သည်။ သို့သော် မည်သူကြိုတွက်ထားလိမ့်မည်နည်း၊ ဤအရာကိုကြားပြီးနောက် ကျွန်မအမျိုးသားသည် မျက်လုံးများ ပြူးကျယ်ကာ ကျွန်မကို၊ “အဲဒါ မှန်မမှန် အရေးမကြီးဘူး။ တရုတ်ကွန်မြူနစ်ပါတီက အဲဒါကို ဆန့်ကျင်နေသရွေ့ မင်း ဒီထဲမှာ ပါဝင်ပတ်သက်လို့ မရဘူး။ အစိုးရက ဒီမှာ အိမ်ကို ရှာဖွေမှာ ငါ မလိုချင်ဘူး။ ငါတို့သားက အိမ်ထောင်တောင် ပြုရသေးတာ မဟုတ်ဘူးကွ” ဟု ဟိန်းဟောက်တော့သည်။ ကျွန်မအမျိုးသားမှာ မည်သည့်နေရာမှ ဖန်တီးထားမှန်း မသိရသည့် တီဗီပေါ်က ထိုကောလာဟလများနှင့် အလိမ်အညာများ၏ လှည့်ဖျားခြင်းခံရသည်ကို တွေ့ရသဖြင့် ကျွန်မနှလုံးသားမှာ အမုန်းတရားဖြင့် ပြည့်နှက်နေခဲ့သည်- တရုတ်ကွန်မြူနစ်ပါတီအစိုးရသည် ဘာသာရေး ယုံကြည်ချက်ကို ထိုးနှက်တိုက်ခိုက်ရန်အတွက်သက်သက်ဖြင့် အနန္တတန်ခိုးရှင် ဘုရားသခင်အသင်းတော်ကို ဖိနှိပ်ရန်နှင့် ညှင်းပန်းနှိပ်စက်ရန် မည်သည့်အရာကိုမဆို လုပ်မည်ဖြစ်သည်။ ယင်းက အနန္တတန်ခိုးရှင် ဘုရားသခင်အသင်းတော်ကို အမှုဆင်ရန်နှင့် မမှန်မကန် စွဲချက်များတင်ရန် ကျောက်ယွမ်အမှုကို အသုံးပြုနေခြင်းဖြစ်သည်- ထိုမျှ ယုတ်မာသော ပရိယာယ်ပါတကား။

ထို့နောက်တွင် ကျွန်မတို့ နှစ်ယောက်လုံး ည၌ ကောင်းကောင်း မအိပ်စက်နိုင်ခဲ့ပါ။ ကျွန်မအမျိုးသားက ကျွန်မကို ပုန်းရှောင်နေရန်နှင့် ကျွန်မ၏ ဘုရားသခင့်နှုတ်ကပတ်တော်များစာအုပ်ကိုလည်း ဝှက်ထားရန် သို့မဟုတ် တရုတ်ကွန်မြူနစ်ပါတီရဲများ ကျွန်မတို့၏အိမ်ကို ဝင်ရောက်စီးနင်းမည် စိုးရိမ်သဖြင့် ၎င်းကို အသင်းတော်အား ပြန်ပေးရန် တိုက်တွန်းသည်။ ထိုအရာအားလုံး သူပြောသည်ကို ကြားရခြင်းက ကျွန်မကြားခဲ့ပြီးသည့် အဖမ်းခံခဲ့ရသူများ၊ မိမိအိမ် ရှာဖွေစစ်ဆေးခံခဲ့သူများနှင့် ဒဏ်ငွေတပ်ခံခဲ့သူများ သို့မဟုတ် ထောင်ချခံခဲ့ရသော ညီအစ်ကိုမောင်နှမများ၏ အတွေ့အကြုံများကို ကျွန်မ စိတ်ထဲတွင်ပေါ်လာစေသည်။ ကျွန်မသည် ကျွန်မ၏ တစ်ဝမ်းကွဲညီအစ်ကို အကြောင်းကိုလည်း တွေးမိလေသည်။ သူသည် အရပ်သားများကို အနိုင်ကျင့်ကာ လူတွင်ကျယ်လုပ်နေသော လူတစ်ဦးကို သည်းမခံနိုင်ခဲ့သောကြောင့် ဒေသခံ ရဲစခန်းမှူးနှင့် အငြင်းအခုံဖြစ်ပြီး အလုပ်ကြမ်းနှင့် ပညာပေးခြင်းဖြင့် တစ်နှစ်ပြစ်ဒဏ် ချမှတ်ခံခဲ့ရသည်။ ကျွန်မတို့မိသားစုအားလုံးတို့သည်လည်း ကြီးငယ်မရွေး ဒုက္ခခံခဲ့ရသည်။ တရုတ်ကွန်မြူနစ်ပါတီူသည် အကျိုးသင့်အကြောင်းသင့် ပြောပြ၍ မရနိုင်သည့် နတ်ဆိုးတစ်ကောင်ဖြစ်သည်။ ကျွန်မ၏ ယုံကြည်ချက်ကြောင့် ကျွန်မ အဖမ်းခံရပြီး ထောင်အချခံရပါက၊ ထို့ပြင် ကျွန်မတို့အိမ် ဝင်ရောက်စီးနင်းခံရပါက ယင်းသည် ကျွန်မ၏ အမျိုးသားနှင့် သားလေးအတွက် တရားမျှတမှု ရှိပါမည်လော။ ကျွန်မမှာ အိပ်မောမကျနိုင်ဘဲ ဟိုလူးဒီလှိမ့်ဖြစ်ကာ ကျွန်မ ဖမ်းခေါ်ခံရပြီး ကျွန်မ၏ နေအိမ်ကို တရုတ်ကွန်မြူနစ်ပါတီရဲများ ဝင်စီးခံရ၍ ကျွန်မ၏ အမျိုးသားနှင့် ကလေးမှာ အမှုပတ်ခံရသည့် မြင်ကွင်းကို ထပ်ခါထပ်ခါ မြင်ယောင်နေမိလေသည်။...ကျွန်မ၏ နှလုံးသားထဲတွင် ထိတ်လန့်အားငယ်ခြင်းနှင့် ကြောက်ရွံ့ခြင်းတို့ တလိပ်လိပ်မခံစားရဘဲ မနေနိုင်ပေ။ တရုတ်ပြည်တွင် ဘုရားသခင်ကို ယုံကြည်ဖို့၊ လူကောင်းတစ်ဦးဖြစ်ဖို့နှင့် မှန်ကန်သောလမ်းကြောင်း လိုက်လျှောက်ဖို့မှာ မည်မျှခက်ခဲကြောင်းနှင့် ကျွန်မ၏ဘဝက အမြဲတမ်း အန္တရာယ်ရှိနေကြောင်း ကျွန်မခံစားခဲ့ရသည်။ သို့သော် ကျွန်မသည် တရုတ်ကွန်မြူနစ်ပါတီအစိုးရ၏ ညှင်းပန်းနှိပ်စက်မှုကို ကြောက်ရွံ့မှုကြောင့် ဘုရားသခင်ကို သစ္စာဖောက်မည်ဆိုပါက ကျွန်မဘဝတစ်လျှောက်လုံး ကျွန်မ၏ သြတ္တပ္ပစိတ်က ကျွန်မကို အပြစ်တင်နေတော့မည်။ အကယ်၍ ရည်ရွယ်ချက်မဲ့ အသက်ရှင်လျက် လွင့်မျောနေပါက ကျွန်မသည် လမ်းလျှောက်နေသော အလောင်းကောင်သက်သက်သာ ဖြစ်မည်ဖြစ်ပြီး သေလွန်သောအခါ ဘုရားသခင်ကို ကျွန်မ နောက်ထပ်တွေ့ရဲမည်မဟုတ်ပေ။ ကျွန်မသည် ဦးနှောက်ခြောက်ကာ နှလုံးသားထဲတွင် နာကျင်နေခဲ့သည်။ ကျွန်မတွင် လုံးဝ အားအင်မဲ့ကာ အလွန်ပင် အပျက်သဘောဆောင်ပြီး ချိနဲ့သွားခဲ့သည်။

ကျွန်မ၏ ဒုက္ခဆင်းရဲအလယ်တွင် သခင်ယေရှု၏ ဤနှုတ်ထွက်စကားများကို ကျွန်မပြန်အမှတ်ရမိခဲ့သည်- “ကိုယ်ခန္ဓာကိုသာ သတ်၍ စိတ်ဝိညာဉ်ကို မသတ်နိုင်သော သူတို့ကို မကြောက်ကြနှင့်။ ကိုယ်ခန္ဓာနှင့်စိတ်ဝိညာဉ်ကို ငရဲ၌ ဖျက်ဆီးနိုင်သောသူကို သာ၍ ကြောက်ကြလော့။(ရှင်မဿဲခရစ်ဝင် ၁၀:၂၈)အကြင်သူသည် မိမိအသက်ကို ကယ်ဆယ်ခြင်းငှာအလိုရှိ၏။ ထိုသူသည် အသက်ရှုံးလိမ့်မည်။ အကြင်သူသည် ငါ့ကြောင့်အသက်ရှုံး၏၊ ထိုသူသည် အသက်ကို တွေ့လိမ့်မည်။(ရှင်မဿဲခရစ်ဝင် ၁၆:၂၅) သခင်ယေရှု၏ နှုတ်ထွက်စကားများက ကျွန်မကို ယုံကြည်မှုနှင့် အင်အားပေးခဲ့ပြီး ကျွန်မနှလုံးသားထဲက ကြောင့်ကြမှုနှင့် ကြောက်ရွံ့မှုကို လွင့်ပြယ်စေခဲ့သည်။ ကျွန်မသည်- “ဘုရားသခင်ဟာ အရာခပ်သိမ်းနဲ့ သက်ရှိသတ္တဝါအပေါင်းတို့အပေါ် အစိုးရပြီး ငါ့ဘဝနဲ့ မိသားစုကလည်း ဘုရားသခင်ရဲ့ ထိန်းချုပ်မှုအောက်မှာ ရှိနေတာပဲ။ ငါ့မှာရှိရှိသမျှက ဘုရားသခင်ဆီက လာတာဖြစ်ပြီး ငါသူ့ကို ဒီလို အရေးကြီးတဲ့အချိန်မှာ သစ္စာဖောက်လို့ မဖြစ်ဘူး” ဟု တွေးမိသည်။ ထို့နောက် ကျွန်မသည် ယောဘမိသားစု၏ ပိုင်ဆိုင်မှုများ အခိုးခံရပြီး သူ၏သားသမီးများ သူ့ထံမှ ယူဆောင်သွားခြင်းခံရသည့် ခံရသည့်အကြောင်းကို တွေးမိသည်။ သူ့မှာ ဘာမျှမကျန်ခဲ့သော်လည်း ဘုရားသခင်ကို သူ ဆက်လက်ဆည်းကပ်နိုင်ခဲ့သေးသည်။ ယေဟောဝါ ဘုရားသခင်၏ သန့်ရှင်းသောနာမတော်ကို သူချီးမွမ်းပြီး ဘုရားသခင်အဖို့ သက်သေရပ်တည်ခဲ့သည်။ သို့သော်လည်း အဖမ်းအဆီးခံရခြင်း သို့မဟုတ် မိမိအိမ် ရှာဖွေခံရခြင်းတို့မရှိဘဲ၊ စီစီပီ အစိုးရမှ လုပ်ကြံသည့် ကောလာဟလများနှင့် အနှောင့်အယှက်များကိုသာ ရင်ဆိုင်ရလျက် ကျွန်မမှာ အားနည်းပြီး အပျက်သဘောဆောင်လာခဲ့ရသည်။ ကျွန်မ၏ ဝိညာဉ်အသက်တာမှာ အမှန်အားဖြင့် သနားစဖွယ် နိမ့်ကျနေပြီး ကျွန်မမှာ ဘုရားသခင်၌ စစ်မှန်သော ယုံကြည်ခြင်း တစ်စက်လေးမျှ မရှိသည်ကို ကျွန်မ တွေ့ရှိခဲ့သည်။ ဤအတွေးက ဘုရားသခင်ရှေ့၌ ကျွန်မ၏နှလုံးသားကို အရှက်တရားဖြင့် ပြည့်နှက်စေခဲ့ကာ ကျွန်မ တိတ်တဆိတ် ဆုံးဖြတ်ချက်ချခဲ့သည်- မည်သို့ပင်ဖြစ်စေ၊ ကျွန်မသည် ဘုရားသခင်ကို သစ္စာဖောက်မည်မဟုတ်ဘဲ၊ ဆင်းရဲဒုက္ခ သို့မဟုတ် အခက်အခဲ မည်မျှကြုံတွေ့ရစေကာမူ ကျွန်မ၏ ယုံကြည်မှုကို စောင့်ထိန်းမည်။

နောက်တစ်နေ့တွင် ကျွန်မအမျိုးသားသည် နေ့လည်ခင်းတွင် အိမ်ပြန်လာပြီး သူ့လက်ထဲရှိ သတင်းစာကို ကျွန်မရှေ့တည့်တည့်တွင် ပစ်ချကာ၊ “သေချာကြည့်စမ်း။ ဘယ်သူမဆို အနန္တတန်ခိုးရှင် ဘုရားသခင်ကို ယုံကြည်တယ်လို့ တွေ့ရှိရသရွေ့ သူတို့ အဖမ်းခံရနိုင်တယ်လို့ ဒီမှာပြောထားတယ်။ ထောင်ဆိုတာ မင်းအနေနဲ့ အချိန်ခဏေလးတောင် နေချင်ရမယ့်နေရာ မဟုတ်ဘူး။ လူတွေ အရိုက်ခံရတာမကဘူး၊ လူဒါဇင်နဲ့ချီပြီး အိပ်စင်တစ်ခုပေါ်မှာ ပြည့်သိပ်နေကြတာ။ တစ်ယောက်ယောက်က ညသန်းခေါင် ရေအိမ်သွားတယ်ဆိုရင် ပြန်လာတဲ့အခါ သူတို့မှာ အိပ်ဖို့နေရာ မရှိတော့ဘူး။ တကယ်လို့ မင်းအဖမ်းခံရရင် ငါတို့မိသားစုအနေနဲ့ မင်းကို အာမခံနဲ့ထုတ်ပေးဖို့ တတ်နိုင်မှာမဟုတ်ဘူး။ ဒါကြောင့် သူတို့ မင်းကိုဖမ်းပြီး မင်း နှစ်အတော်ကြာ အမိန့်ချခံရတယ်ဆိုရင် မင်းအနေနဲ့ လိုက်လျောဖို့ ပိုလိုလားလိမ့်မယ်” ဟု ပြောလေသည်။ ကျွန်မအမျိုးသားထံမှ ထိုသို့ အေးစက်စက်နိုင်သော စကားများကို ကြားရသည်က ကျွန်မကို လွန်စွာ နာကျင်စေခဲ့ကာ၊ ကျွန်မသည် မကောင်းဆိုးဝါးဆန်သော တရုတ်ကွန်မြူနစ်ပါတီအစိုးရကို ပို၍ပင် မုန်းတီးမိလေသည်။ ယင်း၏ လှည့်ဖြားခြင်း၊ ကောလာဟလများ၊ ဖိနှိပ်မှုနှင့် ညှင်းပန်းနှိပ်စက်မှုတို့ မရှိပါက ကျွန်မအမျိုးသားက ကျွန်မ၏ယုံကြည်မှုတွင် အားပေးလိမ့်မည်။ သူ့အနေဖြင့် ထိုကဲ့သို့ ကျွန်မကို ဖိအားပေးစရာ အကြောင်းမရှိပါ။ ကူကယ်ရာမဲ့သည့်အခိုက်တွင် ကျွန်မတတ်နိုင်သမျှမှာ ကျွန်မ၏ နှလုံးသားထဲတွင် ဘုရားသခင်ကို အနူးအညွတ်တောင်းလျှောက်ရန်သာဖြစ်သည်- “အနန္တတန်ခိုးရှင် ဘုရားသခင်။ တရုတ်ကွန်မြူနစ်ပါတီအစိုးရက ကောလာဟလတွေ၊ လုပ်ကြံပြောဆိုတာ၊ အသေရဖျက်တာနဲ့ ကိုယ်တော့်ကို ပြစ်မှားစော်ကားတာတွေကို သက်သက်ဖြန့်ဖြူးနေတယ်ဆိုတာ ကျွန်မသိပါတယ်။ တရုတ်ကွန်မြူနစ်ပါတီအစိုးရဟာ စာတန်၊ ကိုယ်တော့်ရဲ့ ရန်သူပဲ ဖြစ်ပါတယ်။ ဒါပေမယ့် အခု ကျွန်မနှလုံးသားထဲမှာ အားနည်းခြင်း အနည်းငယ်ကို ကျွန်မခံစားနေရတဲ့အတွက်၊ ကိုယ်တော် ကျွန်မကို ကွယ်ကာပေးဖို့၊ ဉာဏ်ပညာကို ပေးသနားဖို့နဲ့ စာတန်ရဲ့ လှည့်ကွက်တွေနဲ့ ပါးနပ်မှုကို ထိုးထွင်းသိမြင်ခွင့်ပေးဖို့ ကျွန်မ အလိုရှိပါတယ်၊ ဒါမှသာ ကိုယ့်တော့်ဘက်မှာ ကျွန်မ အခိုင်အမာ ရပ်တည်နိုင်ပြီး တရုတ်ကွန်မြူနစ်ပါတီအစိုးရရဲ့ ဆိုးယုတ်တဲ့စွမ်းအားတွေရဲ့ ခြိမ်းခြောက်တာကို မခံရမှာဖြစ်ပါတယ်။” ဆုတောင်းပြီးနောက် ကျွန်မနှလုံးသားထဲတွင် ဘုရားသခင်ကို မျက်နှာလွဲဖို့ဆန္ဒ လုံးဝ မရှိတော့ဘဲ အနန္တတန်ခိုးရှင် ဘုရားသခင်၏ ဤနှုတ်ကပတ်တော်များက စိတ်ထဲဝင်ရောက်လာခဲ့သည်- “သခင်ယေရှုသည် လာဇရုကို သေခြင်းမှ ပြန်ရှင်စေခြင်း ကဲ့သို့သော အရာတစ်ခုများကို လုပ်ဆောင်ခဲ့ချိန်တွင်၊ သူ၏ ရည်မှန်းချက်မှာ လူသားများအတွက် သက်သေပေးရန်နှင့် စာတန်ကို မြင်စေရန်အတွက်ဖြစ်ပြီး လူသားများနှင့် စာတန်ကို လူသားမျိုးနွယ်နှင့် ပတ်သက်သည့်အရာတိုင်း၊ လူသားမျိုးနွယ်၏ ရှင်ခြင်းနှင့် သေခြင်းတို့ကို ဘုရားသခင် သတ်မှတ်ကြောင်းနှင့် သူသည် လူ့ဇာတိခံယူခဲ့ပြီးဖြစ်သော်လည်း၊ မြင်၍ရနိုင်သည့် ရုပ်ဝတ္ထုလောကအပြင်၊ လူသားများ မမြင်နိုင်သည့် ဝိညာဉ်လောကကိုပါ ကွပ်ကဲအုပ်ချုပ်နေဆဲဖြစ်ကြောင်းကို သိစေရန်ဖြစ်သည်။ ဤသည်မှာ လူသားမျိုးနွယ်နှင့် ပတ်သက်သည့် အရာရာတိုင်းသည် စာတန်၏ ကွပ်ကဲအုပ်ချုပ်မှု အောက်တွင် မရှိသည်ကို လူသားမျိုးနွယ်နှင့် စာတန်က သိကြစေဖို့အလို့ငှာ ဖြစ်ခဲ့သည်။ ဤသည်မှာ ဘုရားသခင်၏ ဩဇာအာဏာနှင့်ဆိုင်သည့် ဖွင့်ပြခြင်းနှင့် ထုတ်ဖော်ပြသခြင်း ဖြစ်ပြီး၊ ယင်းသည် လူသားမျိုးနွယ်၏ ရှင်ခြင်းနှင့် သေခြင်းသည် ဘုရားသခင်၏ လက်ထဲ၌ရှိကြောင်း ကို အရာခပ်သိမ်းထံ သတင်းစကားပေးပို့ရန် ဘုရားသခင်၏ နည်းလမ်းတစ်ခုလည်း ဖြစ်သည်။ သခင်ယေရှု၏ လာဇရုကို သေခြင်းမှ ပြန်လည်ရှင်ပြန်ထမြောက်စေခြင်းသည် လူသားမျိုးနွယ်ကို ဖန်ဆင်းရှင်က သွန်သင်ကာ ညွှန်ကြားသည့် နည်းလမ်းများထဲမှ တစ်ခု ဖြစ်သည်။ ယင်းသည် လူသားမျိုးနွယ်ကို ညွှန်ကြားရန်နှင့် ထောက်ပံ့ရန် သူ၏ တန်ခိုးနှင့် ဩဇာအာဏာကို သူအသုံးပြုသည့် ခိုင်မာသော လုပ်ဆောင်ချက်တစ်ခုဖြစ်ခဲ့သည်။ ယင်းသည် သူသည် အရာအခပ်သိမ်းကို ကွပ်ကဲအုပ်ချုပ်သည်ကို စကားများ အသုံးပြုခြင်းမရှိဘဲ၊ လူသားမျိုးနွယ်အား မြင်ခွင့်ပေးဖို့ ဖန်ဆင်းရှင်အတွက် နည်းလမ်းတစ်ခု ဖြစ်ခဲ့သည်။ ယင်းမှာ သူ့အားဖြင့်မှလွဲ၍ အခြားကယ်တင်ခြင်း မရှိသည်ကို လက်တွေ့ လုပ်ဆောင်ချက်များမှတစ်ဆင့် လူသားမျိုးနွယ်ကို ပြောပြရန် သူ့အတွက် နည်းလမ်းတစ်ခု ဖြစ်သည်။ လူသားမျိုးနွယ်ကို ညွှန်ကြားဖို့ သူ အသုံးပြုသည့် ဤတိတ်ဆိတ်သော နည်းလမ်းသည် လူသား၏စိတ်နှလုံးထံ အံ့သြထိတ်လန့်မှုတစ်ခုနှင့် မည်သည့်အခါမျှ ပျောက်ကွယ် မသွားမည့် အသိဉာဏ်ပွင့်လင်းခြင်းကို ဆောင်ကြဉ်းလျက် ထာဝရတည်တံ့ကာ၊ မပျက်ပြယ်နိုင်ပေ။ လာဇရု၏ သေခြင်းမှ ရှင်ပြန်ထမြောက်ခြင်းက ဘုရားသခင်ကို ဘုန်းထင်ရှား စေခဲ့သည်- ဤအရာသည် ဘုရားသခင်၏ နောက်လိုက် တစ်ဦးချင်းစီတိုင်းအပေါ် နက်ရှိုင်းသော သက်ရောက်မှုတစ်ခု ရှိလေသည်။ ဤဖြစ်ရပ်ကို နက်ရှိုင်းစွာ နားလည်သော လူတိုင်း၌ ဘုရားသခင်သာလျှင် လူသားမျိုးနွယ်၏ ရှင်ခြင်းနှင့် သေခြင်းအား အမိန့်ပေးနိုင်သည် ဟူသည့် သိနားလည်မှု၊ အမြင်ကို သတ်မှတ်ပေးသည်။(နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ ဘုရားသခင်၏ အမှုတော်၊ ဘုရားသခင်၏ စိတ်သဘောထားနှင့် ဘုရားသခင် ကိုယ်တော်တိုင် (၃)) ဘုရားသခင်က လာဇရုကို သေရာမှ ပြန်ထမြောက်စေသည့် ဤအချက်က ကျွန်မကို နက်ရှိုင်းစွာ ခွန်အားပေးခဲ့သည်။ ကျွန်မသည် နှလုံးသားထဲတွင် တစ်ဖန် အားအင်ရှိခဲ့ပြီး အရှုံးမပေးဘဲ ပြန်လည်နှိုးထခဲ့သည်- မှန်သည်။ ဘုရားသခင်က စကြဝဠာထဲက အရာခပ်သိမ်းကို ထိန်းချုပ်ပြီး လူတို့၏ ရှင်ခြင်းနှင့် သေခြင်းတို့မှာ ဘုရားသခင်၏ လက်ခုပ်ထဲတွင် ရှိသည်။ ဤအရာကို မည်သူမျှ မထိန်းချုပ်နိုင်၊ ကျွန်မ အဖမ်းခံရ မခံရ ဟူသည်လည်း ဘုရားသခင်၏ လက်ထဲတွင်ရှိကြောင်း ကျွန်မ သိခဲ့ရသည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များက ကျွန်မကို တစ်ဖန် ကွယ်ကာပေးခဲ့ကာ၊ ဘုရားသခင်၌ ကျွန်မ၏ ယုံကြည်ခြင်းမှာ နှလုံးသားထဲတွင် ပြန်လည်ကြီးထွားလာခဲ့သည်။ ကျွန်မနှလုံးသားထဲက ထိတ်လန့်ခြင်းနှင့် ကြောက်ရွံ့ခြင်းတို့မှလည်း များစွာပင် အေးငြိမ်းသွားခဲ့သည်။

တရုတ်ကွန်မြူနစ်ပါတီအစိုးရ၏ ကောလာဟလများက ကျွန်မတို့မိသားစုတွင် ယခင်ကရှိခဲ့သည့် ငြိမ်သက်ခြင်းနှင့် ပျော်ရွှင်မှုတို့ကို ကွဲကြေစေခဲ့ပြီဖြစ်သည်။ ဝတ်ပြုအစည်းအဝေးများကို တက်ရောက်ခြင်းနှင့် ကျွန်မ၏တာဝန်ကို လုပ်ဆောင်ရာ၌ ကျွန်မ၏ မိသားစုဘဝအတွက် နောက်ထပ် အနှောင့်အယှက်များကို ရှောင်ရှားရန် ကျွန်မ အလွန်သတိထားပြီး ဂရုစိုက်ခဲ့ရသည်။ ဤသည်မှာ ကျွန်မအတွက် အမှန်ပင် စိတ်တင်းကြပ်ခဲ့ရလေသည်။ ထို့နောက်တွင် ကျွန်မ၏ဖခင်က မေလ ၂၈ ရက်နေ့ ကျောက်ယွမ်အဖြစ်အပျက်အကြောင်း ကြားသိသောအခါ သူကလည်း စတင်၍ ကျွန်မအား အဟန့်အတားပြုခဲ့သည်။ သူက၊ “နင် ယုံကြည်ချင်တာ ဘာမဆို နင်ယုံကြည်နိုင်တယ်၊ ဒါပေမယ့် တခြားဘယ်သူ့ကိုမှ ဧဝံဂေလိဝေငှဖို့ ဒါမှမဟုတ် ဝတ်ပြုအစည်းအဝေးတွေ သွားတက်ဖို့ အပြင်ထွက်လို့မရဘူး။ ငါ့အသက်အရွယ်နဲ့ ဘာပြဿနာမှ ငါ ကိုင်တွယ်ဖြေရှင်းနိုင်မှာ မဟုတ်ဘူး။ တစ်မိသားစုလုံး ကြီးငယ်မရွေး နင့်စိတ်ထဲမှာ စဉ်းစားပေးရမယ်လေ။ဘုရားသခင်ကို ယုံကြည်တာက ကောင်းတဲ့အရာပဲ၊ ဒါပေမယ့် နင်က လွတ်လပ်စွာ ကိုးကွယ်ယုံကြည်ခွင့်ရှိတဲ့ တိုင်းပြည်ထဲမှာ မွေးလာတာမဟုတ်ဘူး။ လက်မောင်းက ခြေထောက်ကို နပန်းလုံးလို့ မရဘူး၊ ‘ခြေထောက်’ဖြစ်တဲ့ တရုတ်ကွန်မြူနစ်ပါတီက ဘာသာရေးသမားတွေကို နိုင်ငံရေး အကျဉ်းသားတွေဖြစ်အောင် လုပ်နေတာ။ နင် ဒါတွေအားလုံး သိပါတယ်၊ ဒါကြောင့် နင်ခံစားရတဲ့ ကြောက်ရွံ့မှုမျိုး ငါတို့ကို မခံစားခိုင်းပါနဲ့” ဟု ပြောလေသည်။ ကျွန်မ၏ မိသားစုမှ ဖိအားပေးမှုနှင့် သူတို့၏ နားလည်ပေးမှု ကင်းမဲ့ခြင်းက ကျွန်မကို အမှန်ပင် နှိပ်စက်ခဲ့သည်။ ထိုအချိန်ကာလတစ်လျှောက်တွင် ကျွန်မ နည်းနည်းလေး အမှား ပြုလုပ်မိပါက တရုတ်ကွန်မြူနစ်ပါတီ အစိုးရ၏ ဖမ်းဆီးခြင်းကို ကျွန်မခံရလိမ့်မည်ဆိုသည်နှင့် မိသားစုဆီကို ပြဿနာသယ်ဆောင်မိမည်ဟု ကြောက်ရွံ့လျက်နေထိုင်ရင်း အမြဲသီသီကလေးသာ လိုတော့သကဲ့သို့ ကျွန်မခံစားခဲ့ရသည်။ ထို့ကြောင့် ကျွန်မ အပြင်ထွက်တိုင်း ကျွန်မ၏ ဘုရားသခင်၏နှုတ်ကပတ်တော်စာအုပ်နှင့် ဘုရားသခင်အား ယုံကြည်ခြင်းနှင့်သက်ဆိုင်သော မည်သည့်အရာကိုမဆို ဂရုတစိုက် ဝှက်ထားတတ်သည်။ ဝတ်ပြုစည်းဝေးများသို့ သွားသည့်အခါ ကျွန်မသည် တစ်စုံတစ်ယောက်၏ သတင်းပေးခြင်းခံရမည်နှင့် ကျွန်မမိသားစု ငြိစွန်းလိမ့်မည်ကို ကျွန်မ အလွန်အမင်း ကြောက်ရွံ့ခဲ့သည်၊ ထို့ကြောင့် ကျွန်မမှာ အလွန်ပင် အသင့်အနေအထားနှင့် သတိထားလျက် အမြဲ နေခဲ့ရသည်။ ရဲကားတစ်စီး သို့မဟုတ် အရာရှိတစ်ဦးကို တွေ့တိုင်း ကျွန်မမှာ နေမထိထိုင်မသာ နှလုံးခုန်မြန်ခဲ့ရသည်။ ဤသည်မှာ ပြောမပြနိုင်လောက်သော ဒုက္ခဆင်းရဲဖြစ်ကာ၊ တရုတ်ပြည်တွင် ဘုရားသခင်အား ယုံကြည်ကိုးကွယ်ခြင်းက ဓားသွားပေါ် အသက်ရှင်ရသကဲ့သို့ဖြစ်ကြောင်း ကျွန်မခံစားမိသည်။ ကျွန်မမှာ ဤဆိုးယုတ်သော ဘုရားမဲ့ပါတီအပေါ် ပို၍ပင် ကြီးမားသော မုန်းတီးမှု မခံစားဘဲ မနေနိုင်ခဲ့ပါ- ယုံကြည်ကိုးကွယ်မှုရှိခြင်းနှင့် မှန်ကန်သော လမ်းကြောင်းကို လိုက်လျှောက်ခြင်း၌ မည်သည့်အရာ မှားယွင်းပါသနည်း။ လူတို့အား ဘုရားသခင်ကို ယုံကြည်ရန်သာ သူတို့ အဘယ့်ကြောင့် ခွင့်မပြုနိုင်ရသနည်း။ ဘာသာရေးယုံကြည်မှုရှိသော မည်သူ့ကိုမဆို အဘယ့်ကြောင့် သူတို့ လွန်စွာ အရူးအမူး ဖမ်းဆီးပြီး ညှင်းပန်းနှိပ်စက်ရသနည်း။ ဘုရားသခင်ကို ယုံကြည်သည့်လူတို့ကို အဘယ့်ကြောင့် သူတို့ မုန်းတီးလွန်းရပါသနည်း။ ယင်းမှာ ဆိုးယုတ်လွန်းလှသည်တကား။

ထို့နောက်တွင် ကျွန်မသည် အနန္တတန်ခိုးရှင် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်သည့်အခါ ဤအကြောင်းအရာ၏ အမှန်တရားကို နောက်ဆုံး ကျွန်မနားလည်လာခဲ့သည်။ ယင်းက- “ဘုရားသခင်သည် သူ၏ အမှုကို ပြုသည်၊ ဘုရားသခင်သည် လူကို ပြုစုစောင့်ရှောက်သည်၊ ဤလူကို အလေးထားပြီး၊ စာတန်သည် တစ်ချိန်လုံး ဘုရားသခင်၏ ခြေလှမ်းတိုင်းကို ထက်ကြပ်မကွာ လိုက်လေသည်။ ဘုရားသခင် မျက်နှာသာပေးသည့်သူ မည်သူမဆိုကို စာတန်သည်လည်း တစ်လျှောက်လုံး နောက်ယောင်ခံရင်း စောင့်ကြည့်နေသည်။ ဤလူကို ဘုရားသခင် အလိုရှိပါက၊ စာတန်သည် အားလုံးကို ၎င်း၏ ကွယ်ဝှက်ထားသည့် ရည်မှန်းချက်များ ရရှိဖို့အလို့ငှာ ဘုရားသခင် လုပ်ဆောင်သည့် အမှုကို သွေးဆောင်ရန်၊ နှောင့်ယှက်ပြီး ဖျက်ဆီးရန် ဆိုးယုတ်သော နည်းလမ်းအမျိုးမျိုးကို အသုံးပြုရင်း၊ ဘုရားသခင်ကို တားဆီးဖို့ မိမိတတ်စွမ်းသမျှ အရာရာကို လုပ်ဆောင်မည် ဖြစ်သည်။ ဤရည်မှန်းချက်မှာ အဘယ်နည်း။ ၎င်းသည် ဘုရားသခင်အား ဘယ်သူ့ကိုမျှ မရစေချင်ပေ။ ဘုရားသခင် လိုချင်သမျှအားလုံးကို ၎င်းက မိမိကိုယ်တိုင်အတွက် လိုချင်သည်၊ ထိုအရာများက ၎င်းကို ကိုးကွယ်ကြဖို့၊ မကောင်းမှုလုပ်ရပ်များ ကျူးလွန်ရာတွင် ၎င်းကို ပူးပေါင်းကြဖို့အလို့ငှာ၊ ၎င်းက ထိုအရာများကို သိမ်းပိုက်ချင်သည်၊ ထိန်းချုပ်ချင်သည်၊ ထိုအရာများကို စီမံကွပ်ကဲချင်လေသည်။ ဤသည်မှာ စာတန်၏ ဘေးပြုတတ်သော စေ့ဆော်ချက် မဟုတ်လော။...ဤကိစ္စသည် စာတန်၏ အကျည်းတန်သည့် မျက်နှာထားနှင့် သူ၏အနှစ်သာရကို အင်မတန် ရှင်းလင်းသွားစေပေသည်။ ဘုရားသခင်နှင့် စစ်ဖြစ်ရင်းနှင့် ဘုရားသခင်နောက်တစ်လျှောက် နောက်ယောင်ခံလိုက်ရင်း၊ စာတန်၏ရည်မှန်းချက်မှာ ဘုရားသခင် ပြုလိုသည့် အမှုမှန်သမျှကို ဖြိုချရန်၊ ဘုရားသခင် ရရှိလိုသော သူများကို သိမ်းပိုက်ရန်နှင့် ထိန်းချုပ်ရန်၊ ဘုရားသခင် ရရှိလိုသောသူများကို လုံးဝ ကွယ်ပျောက်စေရန် ဖြစ်သည်။ အကယ်၍ ၎င်းတို့ မကွယ်ပျောက်ပါက၊ စာတန်၏အသုံးပြုခြင်းကို ခံရရန် စာတန်၏ ပိုင်ဆိုင်မှုများ ဖြစ်လာသည်- ဤသည်မှာ ၎င်း၏ ရည်မှန်းချက် ဖြစ်ပေသည်။” (နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၄)) ဘုရားသခင်၏ နှုတ်ကပတ်တော်များမှတစ်ဆင့် ကျွန်မသည် ရုတ်တရက် အလင်းကို တွေ့ရှိခဲ့သည်- ယင်းကို အပြင်ပန်းမှကြည့်လျှင် ယုံကြည်သူများဖြစ်သော ကျွန်မတို့ကို ဖိနှိပ်ချုပ်ချယ်သည်မှာ တရုတ်ကွန်မြူနစ်ပါတီအစိုးရဖြစ်သော်လည်း မျက်ကွယ်ရာ၌ ဝိညာဉ်ရေးတိုက်ပွဲတစ်ခု ဖြစ်ပျက်နေခြင်းဖြစ်သည်။ လူတို့အတွက် ဘုရားသခင်နှင့် တုပြိုင်နေသည်မှာ စာတန်ဖြစ်သည်။ စာတန်သည် ဘုရားသခင်၏ မဟာရန်သူဖြစ်ပြီး ဘုရားသခင်ကို သစ္စာဖောက်ပြီး ဆန့်ကျင်သည့် နတ်ဆိုးဖြစ်သောကြောင့် လူသားမျိုးနွယ်ကို သူ ဖောက်ပြန်ပျက်စီးစေခဲ့ကတည်းက သူတို့ကို သူ ထိန်းချုပ်လိုခဲ့လေသည်။ သူက လူတို့ကို ဘုရားသခင်အား ကိုးကွယ်ဝတ်ပြုရန် သို့မဟုတ် ဘုရားသခင်ကို သူဖန်ဆင်းခဲ့သည့် လူသားမျိုးနွယ်ကို ရယူရန် အခွင့်မပေးချေ။ ထို့ကြောင့် လူသားမျိုးနွယ်အား ကယ်တင်ရန် ဘုရားသခင်၏ အမှုတော် အစပြုသည်မှ ပစ္စုပ္ပန်အထိ ကာလတစ်လျှောက် စာတန်သည် အနှောင့်အယှက်များကို ဖန်တီးရန်နှင့် ဘုရားသခင်၏အမှုကို ဖြိုဖျက်ရန် အစွမ်းကုန် လုပ်ဆောင်လာနေသည်။ စာတန်က လူတို့ ဘုရားသခင်ထံ လှည့်ပြန်မည့်လမ်းတွင် အဟန့်အတားပြုရန် စက်ဆုပ်ဖွယ်ကောင်းသော နည်းလမ်းဟူသမျှကို အသုံးပြုသည်။ ထို့နောက် ကျွန်မ၏ ယုံကြည်ချက်ကို ပိတ်ပင်တားဆီးရန်အလို့ငှာ စာတန်သည် ကျွန်မ၏မိသားစုအတွင်း သဘောထားကွဲလွဲခြင်းကို စိုက်ပျိုးဖို့ ကောလာဟလများကို အသုံးပြုနေခြင်းဖြစ်သည်။ ယင်းက ကျွန်မကို ခြိမ်းခြောက်ရန်၊ သွေးဆောင်ရန်၊ ခြောက်လှန့်ရန်နှင့် တိုက်ခိုက်ရန် မိသားစုအပေါ် ကျွန်မ၏ စိတ်ခံစားမှုများနှင့် စိတ်ပိုင်းဆိုင်ရာ အချင်းများခြင်း နည်းဗျူဟာများကို အသုံးပြုနေခြင်းပင်ဖြစ်သည်။ ဤအရာမှန်သမျှကို လုပ်ဆောင်ရာတွင် ယင်း၏ ရည်းမှန်းချက်ပန်းတိုင်မှာ ကျွန်မအား ဘုရားသခင်ကို ရှောင်ဖယ်ဖို့၊ ငြင်းပယ်ဖို့နှင့် သစ္စာဖောက်ဖို့ရန်၊ ထို့ပြင် ယင်း၏ လက်တွင်းသို့ ကျွန်မ ရောက်ရှိစေရန် ကြိုးပမ်းဖို့နှင့် ကျွန်မကို သူ၏ကျွန်ဖြစ်စေရန်ပင် ဖြစ်ခဲ့သည်။ သို့မှသာ ယင်းနှင့်အတူ နောက်ဆုံးတွင် ကျွန်မမှာ ဘုရားသခင်၏ ဖျက်ဆီးခြင်းကို ခံရလိမ့်မည်ဖြစ်သည်။ တရုတ်ကွန်မြူနစ် ပါတီအစိုးရ၏ ကြံရွယ်ချက်များမှာ အမှန်တကယ်ပင် ပရိယာယ်မာယာများသည်။ ယင်းက ဘုရားသခင်ကို အရူးအမူး ဆန့်ကျင်ကာ ဘုရားသခင်၏ ရန်သူဖြစ်လေသည်။ ယင်းသည် အမှန်တကယ် လူတို့၏ ဝိညာဉ်များကို ဝါးမျိုသည့် နတ်ဆိုးဖြစ်သည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များထဲတွင် ဤသို့ဆိုထားသည့်အတိုင်းပင်ဖြစ်သည်- “စာတန်သည် လူတို့ကို လှည့်စားခြင်းဖြင့် သူ၏ဂုဏ်သတင်းကို တည်ဆောက်ပြီး သူ့ကိုယ်သူ ဖြောင့်မတ်ခြင်း၏ ဦးစီးခေါင်းဆောင်တစ်ဦးနှင့် စံနမူနာထားရမည့်သူတစ်ဦးအဖြစ် မကြာခဏ သက်သေထူသည်။ ဖြောင့်မတ်ခြင်းကို ကာကွယ်ခြင်းဟူသော ဟန်ဆောင်မှုအောက်၌ စာတန်သည် လူတို့ကို အန္တရာယ်ပြုပြီး သူတို့၏ဝိညာဉ်များကို ဝါးမျိုကာ လူသားကို တွေဝေထိုင်းမှိုင်းစေရန်၊ လှည့်စားရန်နှင့် လှုံ့ဆော်ရန် နည်းလမ်းမျိုးစုံကို အသုံးပြုသည်။ သူ၏ဆိုးယုတ်သည့် အပြုအမူကို လူသားက ထောက်ခံပြီး လိုက်လျောစေရန်၊ ဘုရားသခင်၏သြဇာအာဏာနှင့် အချုပ်အခြာအာဏာကို ဆန့်ကျင်ရာ၌ လူသားကို သူနှင့်ပူးပေါင်းအောင်လုပ်ရန်မှာ သူ၏ပန်းတိုင်ဖြစ်သည်။ သို့သော်လည်း လူတစ်ယောက်က စာတန်၏လျှို့ဝှက်အကြံအစည်များနှင့် အကွက်ချခြင်းများကို ရိပ်စားမိပြီး သူ၏ဆိုးညစ်သည့် အင်္ဂါရပ်များကို ရိပ်စားမိသောအခါ၊ သူ၏နင်းချေခြင်းနှင့် အရူးလုပ်ခြင်းတို့ကို ဆက်မခံချင်တော့သည့်အခါ၊ သို့မဟုတ် သူ့အတွက် ပင်ပန်းကြီးစွာ ဆက်မလုပ်ပေးချင်တော့သည့်အခါ၊ သို့မဟုတ် သူနှင့်အတူ အပြစ်ဒဏ်ခတ်ခြင်းနှင့် ဖျက်ဆီးခြင်းကို မခံချင်သည့်အခါ စာတန်သည် သူ၏ သူတော်စင်နှင့်တူသည့် ယခင်က အင်္ဂါရပ်များကို ပြောင်းပစ်လိုက်သည့်အပြင် ဆိုးယုတ်ပြီး ရက်စက်ကာ အကျည်းတန်၍ ရိုင်းစိုင်းကြမ်းကြုတ်သည့် သူ၏သရုပ်မှန်ကို ထုတ်ဖော်ပြရန်အတွက် သူ၏မျက်နှာဖုံးအတုကို ဆွဲဖြဲလိုက်တော့သည်။ သူ၏ဆိုးယုတ်သည့် စွမ်းအားများကို ဆန့်ကျင်သည့်သူများနှင့် သူ့နောက်လိုက်ဖို့ ငြင်းဆန်သူများအားလုံးကို စာတန်သည် အလွန်ပင် အပြတ်ရှင်းပစ်ချင်သည်။” (နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၂)) ဘုရားသခင်၏ နှုတ်ကပတ်တော်များထဲရှိ ဗျာဒိတ်တော်များက တရုတ်ကွန်မြူနစ် ပါတီအစိုးရ၏ သဘောသဘာဝအမှန်ကို ထိုးထွင်းသိမြင်ရန်၊ ယင်းသည် အကယ်စင်စစ် စာတန်၏ ပြယုဂ်ဖြစ်ကြောင်းနှင့် ယင်းသည် ဘုရားသခင်ကို ဆန့်ကျင့်သည့် အဆိုးယုတ်ဆုံးသော စာတန်ဆန်သည့် အစိုးရဖြစ်ကြောင်းကို တွေ့မြင်ရန် ကျွန်မကို အခွင့်ပေးခဲ့သည်။ ယင်းသည် လူတို့ကို လှည့်ဖြားရန်နှင့် ၎င်းတို့ကို စိတ်ဆိုးဒေါသထွက်စေရန်၊ ထို့ပြင် အကြောင်းအရာ၏ အမှန်တရားကို နားမလည်သောသူတို့ကို ယင်းတို့ဖက်က ရပ်တည်ပြီး ယင်းနှင့်အတူ ဘုရားသခင်ကို ဆန့်ကျင်စေဖို့ သွေးထိုးလှုံ့ဆော်ရန် ကြိုးပမ်းအားထုတ်ရာတွင် ကောလာဟလများကို စတင်ပြီး အနန္တတန်ခိုးရှင်ဘုရားသခင် အသင်းတော်ကို အမှုဆင်ရန် မေလ ၂၈ ကျောက်ယွမ်အမှုကို အသုံးပြုနေခြင်းဖြစ်သည်။ ကျောက်ယွမ်အမှုကို လုပ်ဇာတ်ခင်းပြီး အနန္တတန်ခိုးရှင်ဘုရားသခင် အသင်းတော်အပေါ် အပြစ်လွှဲချရာ၌ တရုတ်ကွန်မြူနစ် ပါတီအစိုးရ၏ ရည်မှန်းချက်မှာ ခရစ်ယာန်များကို ဖမ်းဆီးရန်နှင့် ညှင်းပန်းနှိပ်စက်ရန်အတွက် အခွင့်အလမ်းများနှင့် အကြောင်းပြချက်များကို ရှာဖွေရန်ဖြစ်သည်။ ခရစ်ယာန်များအားလုံးကို တစ်ချီတစ်သုတ်တည်း သိမ်းကျုံးရန်နှင့် သူတို့ကို အရင်းအခက်မကျန် သုတ်သင်ဖယ်ရှင်းရန်၊ ထို့ပြင် အနန္တတန်ခိုးရှင်ဘုရားသခင် အသင်းတော်ကို အကုန်အစင် ပပျောက်သွားစေရန်ဟူသည်မှာ အချည်းနှီးကြိုးပမ်းမှု ဖြစ်လေသည်။ သူတို့သည် တရုတ်ပြည်တွင် ဘုရားမဲ့ဝါဒီနယ်မြေ တည်ထောင်ဖို့ သူတို့၏ ရိုင်းစိုင်းသောရည်မှန်းချက်ကိုပင် အကောင်အထည်ဖော်လိုကြသည်။ တရုတ်ကွန်မြူနစ် ပါတီအစိုးရ၏ အနှစ်သာရမှာ အမှန်ပင် အစွန်းရောက်သော သစ္စာမဲ့မှုနှင့် ဆိုးယုတ်မှုမျိုးပင်။

ဝိညာဉ်တိုက်ပွဲ၏ လက်တွေ့အရှိတရားနှင့် တရုတ်ကွန်မြူနစ် ပါတီအစိုးရ၏ ဆိုးယုတ်သော အနှစ်သာရကို ကျွန်မ သတိပြုမိသောအခါ အခြားမေးခွန်းတစ်ခုက ကျွန်မစိတ်ထဲ ပေါ်လာခဲ့သည်- ဘုရားသခင်သည် အရာခပ်သိမ်းကို တတ်နိုင်စွမ်းသလော။ ကျွန်မတို့ကို ညှင်းပန်းနှိပ်စက်ရန် တရုတ်ကွန်မြူနစ် ပါတီအစိုးရကို ဘုရားသခင် အဘယ့်ကြောင့် ခွင့်ပြုရသနည်း။ ကျွန်မစိတ်အတွင်းထဲက ဤရှုပ်ထွေးမှုကို မဖြေရှင်းနိုင်သဖြင့် အနန္တတန်ခိုးရှင် ဘုရားသခင်၏ ဤနှုတ်ကပတ်တော်များကို ကျွန်မဖတ်ရှုခဲ့သည်- “စာတန်၏အကြံအစည်များပေါ် အခြေခံပြီး ငါ၏ဉာဏ်ပညာကို ကျင့်သုံးသည်ဟု တစ်ချိန်က ငါဆိုခဲ့၏။ အဘယ်ကြောင့် ထိုသို့ ငါဆိုသနည်း။ ယင်းက ယခု ငါပြောနေ၊ လုပ်နေသောအရာ၏ နောက်ကွယ်က သမ္မာတရား မဟုတ်လော။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ သိမ်းပိုက်ခြင်းအလုပ်၏ အတွင်းသမ္မာတရား (၁)) “ဘုရားသခင်သည် လူသားမျိုးနွယ်အပေါင်းတို့က ၎င်းတို့၏ ‘ဘိုးဘေးများ’ကို အမှန်တကယ် သိရှိနိုင်ကြဖို့အလို့ငှာ၊ ဤလူတို့အား နတ်ဆိုးများ၏ ဒုစရိုက်များကို လုံးဝ ရိပ်စားမိနိုင်စေရင်း၊ လူသားမျိုးနွယ်၏ တစ်စိတ်တစ်ပိုင်းကို စုံလင်စေရန် ဝိညာဉ်ဆိုးများ၏ အလုပ် တစ်စိတ်တစ်ပိုင်းကို အသုံးပြုဖို့ ဘုရားသခင် ရည်ရွယ်၏။ ဤနည်းဖြင့်သာ လူသားများသည် နတ်ဆိုးတို့၏ နောင်လာနောက်သားတို့ကိုသာမက၊ နတ်ဆိုးတို့၏ ဘိုးဘေးများကိုပင် စွန့်ပစ်ရင်း၊ လုံးဝ ရုန်းထွက်လွတ်မြောက် နိုင်ကြပေသည်။ ဤသည်မှာ လူသားမျိုးနွယ်အပေါင်းတို့က အဆင်းနီသောနဂါးကြီး၏ စစ်မှန်သော ပုံသဏ္ဌာန်ကို သိကြဖို့အလို့ငှာ၊ ၎င်း၏ မျက်နှာဖုံးကို အပြည့်အဝ ဆွဲချွတ်ဖို့ရန်နှင့် ၎င်း၏စစ်မှန်သော ပုံသဏ္ဌာန်ကို မြင်စေရန်အလို့ငှာ၊ အဆင်းနီသောနဂါးကြီးကို လုံးဝ အနိုင်ယူရာတွင် ဘုရားသခင်၏ စစ်မှန်သော ရည်ရွယ်ချက်ဖြစ်သည်။ ဤသည်မှာ ဘုရားသခင် စွမ်းဆောင်ရရှိလိုသည့်အရာဖြစ်သည်၊ ယင်းသည် ကမ္ဘာမြေပေါ် သူ လုပ်ဆောင်ပြီးသမျှ အမှုအားလုံး၏ နောက်ဆုံး ရည်မှန်းချက်ပန်းတိုင်ဖြစ်ပြီး၊ ယင်းမှာ လူသားမျိုးနွယ်အပေါင်းတို့၌ ပြီးမြောက်ဖို့ သူ ရည်မှန်းသည့်အရာ ဖြစ်သည်။ ဤအရာကို ဘုရားသခင်၏ရည်ရွယ်ချက်အား အသုံးတော်ခံရန် အရာခပ်သိမ်းကို ဆော်ဩစည်းရုံးခြင်းအဖြစ် သိရပေသည်။” (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ “စကြဝဠာတစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များ” နှင့်သက်ဆိုင်သော နက်နဲမှုများကို အနက်ဖွင့်ဆိုချက်၊ အခန်း (၁)) သူသည် သူရွေးထားသော လူတို့အား စုံလင်စေခြင်းအတွက် ကူညီထောက်မမှုပြုရန် တရုတ်ကွန်မြူနစ် ပါတီအစိုးရ၏ ဆိုးယုတ်သောစွမ်းအား၏ ဖိနှိပ်ချုပ်ချယ်ခြင်းကို အသုံးချနေခြင်းဖြစ်ကြောင်း ဘုရားသခင်၏ နှုတ်ကပတ်တော်များမှ ကျွန်မနားလည်ရသည်။ အနန္တတန်ခိုးရှင်ဘုရားသခင် အသင်းတော်၏ နာမည်ကို ညစ်စွန်းစေရန် တရုတ်ကွန်မြူနစ် ပါတီအစိုးရ၏ ဆန့်ကျင်မှု၊ ဝေဖန်ရှုတ်ချမှုနှင့် ကောလာဟလလှုံ့ဆော်ခြင်းအပြင် ခရစ်ယာန်များအပေါ် ယင်း၏ ဖိနှိပ်ချုပ်ချယ်မှုနှင့် ဖမ်းဆီးမှုများတို့မှတစ်ဆင့် ဘုရားသခင်သည် တရုတ်ကွန်မြူနစ် ပါတီ အစိုးရ၏ ဆိုးယုတ်သော၊ ဘီလူးသရဲစီးသော အနှစ်သာရကို သမ္မာတရားအား မုန်းတီးပြီး ဘုရားသခင်အား မုန်းတီးသောအရာ တစ်ခုအဖြစ် ဘုရားသခင်က ကျွန်မတို့ကို သေချာသိမြင်ခွင့် ပေးခဲ့ပြီဖြစ်သည်။ ဤအရာက စစ်မှန်သော သဘောပေါက်နားလည်မှုကို ရရှိရန်၊ ယင်းကို ငြင်းပယ်ရန်နှင့် ယင်း၏ အယုံသွင်းခြင်းကို နောက်ထပ် မည်သည့်အခါမှ မခံရရန် ကျွန်မတို့ကို အခွင့်ပေးခဲ့ပြီ ဖြစ်သည်။ ယင်းအစား၊ စာတန်၏ အုပ်စိုးမှုမှ ကျွန်မတို့ ထွက်လာပြီး ဘုရားသခင်၏ မျက်မှောက်သို့ လှည့်ပြန်နိုင်ကြသည်။ ထိုအရာအပြင် ဘုရားသခင်သည် လူတို့ကို သူတို့ မည်သို့သောသူများဖြစ်သည်ကို ဖော်ထုတ်ရန်၊ လူတို့ကို သူတို့၏ အမျိုးအစားအလိုက် ခွဲခြားရန် တရုတ်ကွန်မြူနစ် ပါတီနတ်ဆိုးများ၏ ဖမ်းဆီးမှုများနှင့် ညှင်းပန်းနှိပ်စက်မှုကို အသုံးချခြင်းဖြစ်သည်။ သူရဲဘောကြောင်သောသူများ၊ မိမိတို့၏ယုံကြည်မှု၌ မစစ်မှန်သောသူများ သို့မဟုတ် ယုဒများမှာ တရုတ်ကွန်မြူနစ် ပါတီအစိုးရ၏ ကြမ်းကြုတ်ရက်စက်သော ညှင်းပန်းနှိပ်စက်မှုမှတဆင့် ဖော်ထုတ်ခံရပြီး သုတ်သင်ဖယ်ရှင်းခြင်း ခံရကြသည်။ သို့သော်လည်း ဘုရားသခင်ကို အမှန်တကယ် ယုံကြည်ကာ သမ္မာတရားကို လိုက်လျှောက်သောသူများနှင့် ဘုရားသခင်ကို ဆက်ကပ်သောသူများမှာ တရုတ်ကွန်မြူနစ် ပါတီီအစိုးရ၏ သွေးရူးသွေးတမ်း ညှင်းပန်းနှိပ်စက်မှုအောက်တွင် ဘုရားသခင်ကို သက်သေရပ်တည်နိုင်ကြကာ ဘုရားသခင် ခန့်အပ်ထားသည့် အောင်မြင်သူများ ဖြစ်လာကြသည်။ ဤအရာအားလုံးကို ကျွန်မ နားလည်သည်နှင့်တစ်ပြိုင်နက် ဘုရားသခင်နှင့်ပတ်သက်၍ ကျွန်မ၏ နားလည်မှုလွဲမှားခြင်းများ၊ မကျေနပ်ချက်များနှင့် ရှုပ်ထွေးမှုတို့မှာ အားလုံးပြေလည်သွားခဲ့သည်။ ထို့ပြင် ဘုရားသခင်သည် အဘယ်မျှ ဉာဏ်ပညာရှိပြီး အနန္တတန်ခိုးရှိကြောင်းနှင့် ဘုရားသခင်၏ ဉာဏ်ပညာကို အမှန်တကယ်ပင် စာတန်၏အကြံအစည်များအပေါ် မူတည်၍ ကျင့်သုံးကြောင်း ကျွန်မ တွေ့မြင်ခဲ့ရသည်။

ဘုရားသခင်၏ ဤနှုတ်ကပတ်တော်များကိုလည်း ကျွန်မ ဖတ်ရှုခဲ့သည်- “ဘုရားသခင် ရယူရန် အလိုရှိသည့်အရာကို မည်သည့်နိုင်ငံ သို့မဟုတ် မည်သည့် တန်ခိုးအာဏာကမျှ မတားဆီးနိုင်သည်ကို ငါတို့ယုံကြည်သည်။ ဘုရားသခင်၏ အမှုကို နှောင့်ယှက်သူများ၊ ဘုရားသခင်၏ နှုတ်ကပတ်တော်ကို ဆန့်ကျင်ကာ ဘုရားသခင်၏ အကြံအစည်ကို နှောင့်ယှက်ပြီး ထိခိုက်စေသူများသည် နောက်ဆုံးတွင် ဘုရားသခင်၏ အပြစ်ဒဏ်ပေးခြင်းကို ခံရကြလိမ့်မည်။ ဘုရားသခင်၏ အမှုကို အာခံဖီဆန်သူသည် ငရဲသို့ ပို့ခံရလိမ့်မည်။ ဘုရားသခင်၏ အမှုကို အာခံဖီဆန်သော မည်သည့်နိုင်ငံမဆိုသည် ဖျက်ဆီးခြင်းကိုခံရလိမ့်မည်။ ဘုရားသခင်၏ အမှုကို ဆန့်ကျင်ရန် ထကြွသည့် မည်သည့် လူမျိုးမဆိုသည် ဤကမ္ဘာမြေမှ ဖယ်ရှားခံရလိမ့်မည်ဖြစ်ပြီး အပြီးတိုင် ကွယ်ပျောက်သွားလိမ့်မည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ နောက်ဆက်တွဲ (၂)- လူသားမျိုးနွယ်တစ်ရပ်လုံး၏ ကံကြမ္မာအပေါ် ဘုရားသခင် တာဝန်ယူဦးဆောင်သည်) ဘုရားသခင်၏ နှုတ်ကပတ်တော်များက သူ၏ ဖြောင့်မတ်ပြီး ခံ့ညားထည်ဝါသော စိတ်သဘောထားကို ကျွန်မအား ပြခဲ့ကာ၊ မည်သည့်စွမ်းအားကမျှ ဘုရားသခင်၏ အနန္တတန်ခိုးနှင့် အခွင့်အာဏာကို မသာလွန်နိုင်ကြောင်း ကျွန်မ တွေ့ရှိခဲ့သည်။ တရုတ်ကွန်မြူနစ်ပါတီ အစိုးရသည် ဘုရားသခင်ကို အမြဲတမ်း ထိတ်ထိတ်ပျာပျာ ဆန့်ကျင်ကာ၊ ယင်းသည် ဘုရားသခင် ရွေးချယ်ထားသော လူတို့ကို ဖိနှိပ်၊ ဖမ်းဆီးပြီး ညှင်းပန်းသည့်အပြင် လူတို့ကို အထင်မြင်မှားစေရန်နှင့် သူတို့ကို ဘုရားသခင်ထံ ပြန်လှည့်ခြင်းမှ တားဆီးရန်အတွက် ကောလာဟလမျိုးစုံကို လုပ်ဇာတ်ခင်းစေကာမူ၊ ဘုရားသခင်၏အမှုတော်မှာ တရုတ်ပြည်တစ်ခုလုံး၌ ပျံ့နှံ့ဆဲပင်ဖြစ်ပေသည်။ ထို့ပြင် အောင်မြင်သူများအုပ်စုတစ်ခုကို တရုတ်ပြည်တွင် ပေါ်ပေါက်စေပြီဖြစ်ကာ ဘုရားသခင်၏နိုင်ငံတော်နှင့်ယှဉ်သော ဧဝံဂေလိတရားမှာ လက်ရှိတွင် ကမ္ဘာတစ်ဝှမ်းလုံး၌ ကျယ်ပြန့်လာနေပါသည်။ ဘုရားသခင်၏အမှုတော်ကို မည်သူမျှ ပိတ်ပင်တားဆီး၍ မရနိုင်ပေ။ ဘုရားသခင်ကို ဆန့်ကျင်သူများ၊ ဘုရားသခင်၏အမှုတော်ကို တားဆီးပြီး လျော့ပါးစေသူများကို သူ၏ ဖြောင့်မတ်သော အပြစ်ဒဏ်ပေးခြင်းကို ခံစားရရန်နှင့် အမြစ်ဖြတ်သုတ်သင်ခြင်းခံရရန် ကြိုတင်စီရင်ထားပြီးဖြစ်သည်။ ဤသည်ကို ဘုရားသခင်၏ ဖြောင့်မတ်သော စိတ်နေသဘောထားက ချမှတ်ထားခြင်း ဖြစ်သည်။ အနန္တတန်ခိုးရှင် ဘုရားသခင်၏ နှုတ်ကပတ်တော်များက ကျွန်မကို ထိုးထွင်းသိမြင်မှုနှင့်ဆိုင်သော ရုတ်ခြည်းအလင်းတစ်ခုကို ပေးခဲ့ပြီး တစ်ခဏချင်းတွင် ကျွန်မ အသိဉာဏ်ပွင့်လင်းခဲ့သည်။ ကျွန်မ၏ နှလုံးသားထဲတွင် အံ့သြမင်သက်ပြီး ဘုရားသခင်၏ အံ့ဖွယ်အမှုကို မချီးမွမ်းဘဲ မနေနိုင်ခဲ့ပါ။ ဘုရားသခင်၏ ဉာဏ်ပညာသည် အမှန်ပင် ကောင်းကင်ထက် ပို၍မြင့်မားသည်။ ဘုရားသခင်သည် တရုတ်ကွန်မြူနစ်ပါတီ အစိုးရကို အစေခံမှုလုပ်ဆောင်ရန် အသုံးပြုခြင်းမှာ အလွန်တရာပင် ပညာရှိပေသည်။ လူသားမျိုးနွယ်အား ဘုရားသခင်၏ ကယ်တင်ခြင်းမှာ အလွန် လက်တွေ့ကျပေသည်၊ ကျွန်မမှာ လုံးလုံးလျားလျား ယုံကြည်လက်ခံလာမိခဲ့ပြီး ကိုယ်တော်အား ချီးမွမ်းခြင်းကို မရပ်တန့်နိုင်ပါ။ ဘုရားသခင်ထံ နှလုံးသားထဲမှ ကျွန်မ တိတ်တဆိတ် ဆုတောင်းခဲ့သည်၊ “ဘုရားသခင်။ ကျွန်မဟာ တလင်းမြေကနေ ကိုယ်တော်ပစ်ပယ်တဲ့ ဖွဲကြမ်း မဖြစ်ချင်ပါဘူး၊ ဒါ့အပြင် ကျွန်မဟာ တရုတ်ကွန်မြူနစ်ပါတီ အစိုးရရဲ့ ဆိုးယုတ်တဲ့လေလုံးအားဖြင့် အဝေးကို လွင့်ပါမသွားချင်ပါဘူး။ ကျွန်မ ကိုယ်တော်ရိတ်သိမ်းတဲ့ စပါးပင် ဖြစ်ချင်ပါတယ်။ ဘုရားသခင်။ ကျွန်မ ကိုယ်တော့်ကို ဘယ်တော့မှ အလိုမပြည့်စေခဲ့ပါဘူး၊ ဒါပေမယ့် တရုတ်ကွန်မြူနစ်ပါတီ အစိုးရရဲ့ ပြင်းထန်တဲ့ ဖိနှိပ်မှုကြားကနေ ကျွန်မရဲ့ ရိုးဖြောင့်မှုကို ပြနိုင်မယ်လို့၊ သမ္မာတရားကို အမှန်တကယ် လိုက်စားပြီး စီစီပီအစိုးရရဲ့ ဆိုးယုတ်တဲ့စွမ်းအားတွေနဲ့ ရင်ဆိုင်ရာမှာ အညံ့ခံခြင်းမဖြစ်နိုင်ဘူးလို့ ကျွန်မမျှော်လင့်ပါတယ်။ ကိုယ်တော်သည် ဘုန်းသအရေကို ရရှိပါမည့်အကြောင်း ကိုယ်တော့်အတွက် သက်သေရပ်တည်ဖို့ရာ တရားမျှတမှုကို ဆာငတ်ပြီး အလင်းတရားကို တောင့်တတဲ့လူတစ်ဦးဖြစ်ရန် ကျွန်မမျှော်လင့်ပါတယ်။...”

ဤသိနားလည်ခြင်းနှင့် ပြင်ဆင်လျက်၊ ကျွန်မ၏ နှလုံးသားထဲတွင် ကြံ့ခိုင်လာခဲ့သည်။ ကျွန်မမိသားစုဝင်များ၏ နားလည်မှုလွဲမှားခြင်းများနှင့် ပိတ်ပင်တားဆီးမှုများကို ကျွန်မ ရင်ဆိုင်ရသည့်အခါ ဤသည်မှာ အားလုံးက ဘုရားသခင်၏ ခွင့်ပြုချက်သာလျှင် ဖြစ်ကြောင်းနှင့် ကျွန်မ၏ ယုံကြည်မှု၊ ဆက်ကပ်မှုနှင့် နာခံမှုကို စုံလင်စေရန် ဤအရာအားလုံးကို ခရေစေ့တွင်းကျ စီစဉ်သူမှာ ဘုရားသခင်ဖြစ်ကြောင်း ကျွန်မနားလည်ခဲ့ရသည်။ ကျွန်မ၏ အနီးအနားက ပတ်ဝန်းကျင်နှင့်ပတ်သက်၍ ကျွန်မ မညည်းညူတော့သည့်အပြင် ပတ်ဝန်းကျင် အခြေအနေ၏ ဘောင်ခတ်ခြင်းကိုလည်း ကျွန်မ မခံခဲ့ရတော့ပေ။ ထို့ထက် ဘုရားသခင်ကို ကျွန်မ ကျေးဇူးတင်တတ်လာခဲ့ကာ၊ ဘုရားသခင် ကျွန်မအတွက် မည်သည့် ပတ်ဝန်းကျင်မျိုးကို စီစဉ်သည်ဖြစ်စေ ကျွန်မသည် သူ့အတွက် အစဉ် သက်သေရပ်တည်ပြီး ကျွန်မ၏တာဝန်ကို သစ္စာရှိစွာ ထမ်းဆောင်ရမည်ဟု တိတ်တဆိတ် သန္နိဋ္ဌာန်ချခဲ့သည်။ ကျွန်မသည် ဘုရားသခင်ကို လုံးဝ သစ္စာဖောက်မည်မဟုတ်ပေ။ နောက်ပိုင်းတွင် ဘုရားသခင်၏ အမှုများကို ကျွန်မတွေ့ရှိခဲ့သည်၊ ကျွန်မအမျိုးသားသည် ကျွန်မကို နောက်ထပ် မဆန့်ကျင်တော့၊ သို့မဟုတ် သူပြုခဲ့ပြီးသကဲ့သို့ မဖိနှိပ်မချုပ်ချယ်တော့ပေ။ ထို့ထက် သူက- “ငါ နင့်ကို ယုံကြည်ကိုးကွယ်မှု မရှိစေချင်တာ မဟုတ်ပါဘူး။ နင် ဘုရားသခင်ကို စယုံကြည်ခဲ့ကတည်းက နင်ပြောင်းလဲသွားတာ ငါဝန်ခံပါတယ်။ ရှေ့လျှောက် နင် ဂရုစိုက်ဖို့၊ ဝတ်ပြုအစည်းအဝေးတွေ တက်ဖို့ နင်အပြင်သွားတဲ့အခါ သတိထားဖို့ပါပဲ” ဟု ပြောလေသည်။ သူ ဤအရာ ပြောသည်ကို ကြားရခြင်း်က ကျွန်မကို မျက်ရည်များ ကျစေခဲ့သည်။ ဘုရားသခင်ကို သူ၏ လုပ်ဆောင်မှုများအတွက် ကျွန်မ နှလုံးသားထဲမှ ကျေးဇူးတင်ပြီး ချီးမွမ်းခဲ့သည်၊ အဘယ့်ကြောင့်ဆိုသော် သမ္မာတရားနှင့် တရားမျှတမှုက မှောင်မိုက်ဆိုးယုတ်သည့် အရာအားလုံးကို ထိန်းချုပ်နိုင်စွမ်းရှိကြောင်း ကျွန်မတွေ့မြင်ခဲ့သည်။ စာတန်၏ ဆိုးယုတ်သောစွမ်းအားများမှာ နောက်ဆုံးတွင် ဘုရားသခင်၏ အမှုမှတဆင့် ချေဖျက်ခြင်းခံရပေလိမ့်မည်။ ဤအတွေ့အကြုံမှတဆင့် စစ်ဆေးခြင်းခံရသည့် အခက်အခဲတစ်ချို့ကို ကျွန်မ ခံစားခဲ့ရသော်လည်း ဘုရားသခင်၏ ဉာဏ်ပညာရှိသော အမှုတော်အား သိနားလည်မှု အနည်းငယ်ကို ကျွန်မ ရရှိခဲ့သည်။ အပြုသဘောဆောင်သော အရာများနှင့် အပျက်သဘောဆောင်သော အရာများအကြား ခွဲခြားသိမြင်နိုင်စွမ်း အနည်းငယ်ကိုလည်း ရရှိခဲ့သည်၊ ဤအရာအားလုံးမှာ သမ္မာတရားကို လိုက်စားပြီး အလင်းတရားအတွက် ဆန္ဒပြင်းပြရန် ကျွန်မ၏ သန္နိဋ္ဌာန်နှင့် ယုံကြည်မှုကို နှိုးဆွပေးလိုက်သည့် ကျွန်မအသက်တာထဲက ကြွယ်ဝမှုတစ်မျိုးပင် ဖြစ်သည်။

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

ကျွန်ုပ်၏ သင်းအုပ်ဆရာ၏ စရိုက်မှန်ကို ကျွန်ုပ် မြင်ရပြီ

နိုရာ ဖိလစ်ပိုင်နိုင်ငံ ကျွန်တော် ခရစ်ယာန် ဖြစ်စတုန်းက သင်းအုပ် ချင်နဲ့ သူ့မိန်းမက ကျွန်တော့်ကို အရမ်းအထင်ကြီးခဲ့တာ မှတ်မိသေးတယ်။...

ဘုရားသခင်၏ နှုတ်ကပတ်တော်သည် ကျွန်ုပ်၏ ခွန်အားဖြစ်သည်

ဂျင်းနီယန် ကနေဒါနိုင်ငံကျွန်မသည် ကျွန်မမိသားစု၏ သခင်၌ ယုံကြည်မှုကို ကလေး အရွယ်ကတည်းက လိုက်လျှောက်ခဲ့ပြီး၊ မကြာခဏ ဆိုသကဲ့သို့...

ဆူးချုံရိုင်းအလယ်တွင် ပေါက်ခဲ့သည့် မြက်ပင်လေးတစ်ခု

ရီရှင်း၊ စင်္ကာပူနိုင်ငံ၂၀၁၆ ခုနှစ် နိုဝင်ဘာလတွင် ကျွန်မက ဖေ့ဘွတ်စ်မှတစ်ဆင့် အနန္တတန်ခိုးတန်ခိုးရှင် ဘုရားသခင် အသင်းတော်မှ အစ်ကိုလင်းနှင့်...

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။