ဘုရားသခင် နားညောင်းစေဖို့ ဆုတောင်းရန် နည်းလမ်း ပြဿနာ ၃ ခုကို ဖြေရှင်းခြင်းသည် အဓိကသော့ချက်ဖြစ်သည်

18.05.2019

ဂျန်းလျန်း

ခရစ်ယာန်များအနေဖြင့် ဆုတောင်းခြင်းသည် ကျွန်တော်တို့ နေ့စဉ်အသက်တာ၏ မရှိမဖြစ်သော အစိတ်အပိုင်းတစ်ခုဖြစ် ပြီး ဘုရားသခင်ထံ တိုးဝင်နီးကပ်ဖို့ တိုက်ရိုက်အကျဆုံးသော နည်းလမ်းတစ်ခုလည်း ဖြစ်သည်။ ကျွန်တော်တို့ ဆုတောင်းခြင်းများကို သခင်နားညောင်းနိုင်ဖို့ ကျွန်တော်တို့ အားလုံး မျှော်လင့်ကြသော်လည်း၊ ကျွန်တော်တို့က မကြာခဏဆိုသကဲ့သို့ ဘုရားသခင်၏ တုန့်ပြန်မှုကို လက်ခံမရရှိသကဲ့သို့၊ ကိုယ်တော်၏ မျက်မှောက်တော်ကို မခံစားရပဲနှင့် ကျွန်တော်တို့ လမ်းပျောက်ပြီး ကျန်ခဲ့ကြသည်၊ ဤသည်မှာ အဘယ့်ကြောင့်နည်း။ ဘုရားသခင်က ကျွန်တော်တို့ ဆုတောင်းခြင်းများကို အဘယ့်ကြောင့် နားမညောင်းသနည်း။ ဘုရားသခင်၏ အလိုတော်နှင့် ကိုက်ညီသည့် ဆုတောင်းခြင်းအမျိုးအစားများမှာ အဘယ်နည်း။ ယနေ့ ဤအကြောင်းကို မိတ်သဟာယပြုကြပါစို့၊ ပြီးလျှင် ဤပြဿနာ သုံးရပ်ကို ဖြေရှင်းခြင်းအားဖြင့် ကျွန်တော်တို့ ဆုတောင်းခြင်းများကို ဘုရားသခင် နားညောင်းနိုင်ပါသည်။

၁။ ဆုတောင်းခြင်းတွင် သင်သည် ဘုရားသခင်ကို ပွင့်လင်းစွာ စကားပြောပါသလား၊ သင်၏ စစ်မှန်သော အတွေးများကို ကိုယ်တော့်အား ယုံကြည်စွာပြောပြပါသလား

များသောအားဖြင့် ကျွန်တော်တို့က ကျွန်တော်တို့၏ ဆုတောင်းခြင်းများ ရှည်လျားမှု သို့မဟုတ် စကားအသုံးအနှုန်း တို့ကဲ့သို့ အသေးစိတ်များကို အာရုံစိုက်လေ့ရှိကြသည်၊ သို့မဟုတ် သာယာနာပျော်ဖွယ်ကောင်းသည့် စကားလုံးများမှတစ်ဆင့် ဘုရားသခင်ကို ကျွန်တော်တို့၏ ဆုံးဖြတ်ချက်ကို ဖော်ပြရန်ပင် ကြိုးစားကြသည်၊ သို့သော်လည်း ကျွန်တော်တို့သည် ဘုရားသခင်ကို ကျွန်တော်တို့ နှလုံးသားများကို အမှန်တကယ် ဖွင့်ပြခဲလှသည်။ ဥပမာအားဖြင့် ကျွန်တော်တို့က "ဘုရားသခင်၊ ကျွန်တော် ကိုယ်တော်ကို ချစ်ပါ့မယ်၊ ကိုယ်တော့်အတွက် ကိုယ့်ကိုကိုယ် အသုံးခံပါ့မယ်၊ ပြီးတော့ ကျွန်တော် ဘယ်လောက်ပဲကြီးမားတဲ့ အန္တရာယ်တွေ ဒါမှမဟုတ် အခက်အခဲတွေ တွေ့ကြုံရပါစေ၊ ကျွန်တော် အရှုံးပေးမှာမဟုတ်ပါဘူး။ ကျွန်တော့် တစ်သက်တာလုံး ကိုယ်တော့် နောက်လိုက်ပါ့မယ်" သို့မဟုတ် "ဘုရားသခင်၊ ကိုယ်တော့် နှုတ်ကပတ်တော်တွေက ကျွန်တော့်ရှေ့မှာ ရှိတဲ့ မီးအိမ်၊ ကျွန်တော့် လမ်းကြောင်းပေါ်က အလင်းပါပဲ၊ ကျွန်တော်လုပ်သမျှ အရာတိုင်းမှာ ကိုယ်တော့်ရဲ့ နှုတ်ကပတ်တော်ကို လိုက်နာပါ့မယ်၊ ပြီးတော့ ကိုယ်တော့် အလိုတော်ကို ဖြည့်ဆည်းပါ့မယ်"ဟု အများအားဖြင့် ပြောလေ့ရှိ ကြသည်။ သို့သော်လည်း ဘေးဒုက္ခများနှင့် အခက် အခဲများကို တွေ့ရသည့်အခါတွင် သို့မဟုတ် နေအိမ်တွင် အခက်အခဲများ ရုတ်တရက်ပေါ်ပေါက်သည့်အခါတွင်၊ ကျွန်တော်တို့ က မကြာခဏဆိုသကဲ့သို့ ဘုရားသခင်၏ နှုတ်ကပတ်တော်ကို လက်တွေ့လုပ်ဆောင်နိုင်ခြင်း မရှိသည့်အပြင်၊ ကိုယ်တော်၏ အလိုရှိသောအရာများကို ဖြည့်ဆည်းရန်လည်း ဆန္ဒမရှိကြပါ။ ကျွန်တော်တို့သည် ဘုရားသခင်ကို အထင်ပင်လွဲမှားပြီး၊ ဘုရားသခင်အကြောင်း ညဉ်းတွားကာ၊ စေ့ဆော်မှုနည်းပါးလာသည့်အပြင်၊ ကိုယ်တော့်ကို သစ္စာဖောက်ပြီး၊ ကိုယ်တော့်ထံမှပင် ထွက်သွားကြသည်။ လက်တွေ့ကျသည့် အခြေအနေများတွင် ကျွန်တော်တို့ ဤနည်းလမ်းဖြင့် ပြုမူခြင်းသည် ဘုရားသခင်ကို ကျွန်တော်တို့၏ ဆုတောင်းခြင်းများ၌ စိတ်ရင်းအတိုင်းမရှိကြောင်းကို သက်သေထူနေပါသည်၊ ထိုအစား စကားကြီးကြီးမားမားများ ပြောဆိုကာ၊ အနှစ်သာရမဲ့မှုများဖြင့် လေကြောရှည်ရုံသာဖြစ်ပြီး၊ ဘုရားသခင်ကို စိတ်ကျေနပ်စေရန် ကြံစည်အားထုတရာတွင် ကြားကောင်းသည့် စကားလုံးများသာ ဖြစ်ပါသည်။ ယင်းမှာ အခြားသူများက ကျွန်တော်တို့ကို အထင်ကြီးစေရန်လည်း ဖြစ်သည်၊ ဘုရားသခင်နှင့် အခြားသူများက ကျွန်တော်တို့အနေဖြင့် ဘုရားသခင်ကို ချစ်ကြောင်းနှင့် ကိုယ်တော့်ကို သစ္စာရှိကြောင်း မြင်စေရန်လည်း ဖြစ်သည်၊ သို့သော် လက်တွေ့တွင်မူ ကျွန်တော်တို့ ဆုတောင်းခြင်းများသည် သူတော်​ကောင်းဟန်ဆောင်ခြင်း နှင့် လှည့်ဖြားမှုတို့ဖြင့်သာ ပြည့်နှက်နေသည်။ ၎င်းတို့သည် အနှစ်သာရအားဖြင့် ဘုရားသခင်ကို လှည့်စားရန် နှင့် လှည့်ဖြားရန် ကြံစည်အားထုတ်မှု တစ်ရပ်သာ ဖြစ်သည်။ သခင်ယေရှုက ဤပုံဥပမာကို တစ်ချိန်က မိန့်တော်မူခဲ့ပါသည်၊ "လူနှစ်ယောက်တို့သည် ဆုတောင်းပဌနာ ပြုခြင်းငှါ ဗိမာန်တော်ပေါ်သို့ တက်ကြ၏။ တယောက်ကား ဖာရိရှဲဖြစ်၏။ တယောက်ကား အခွန်ခံဖြစ်၏။ ဖာရိရှဲသည် တယောက်တည်း ရပ်လျက်၊ အိုဘုရားသခင်၊ သူတပါးတို့သည် အနိုင် အထက်လုယူခြင်း၊ မတရားသဖြင့်ကျင့်ခြင်း၊ သူ့မယားကို ပြစ်မှား ခြင်းအပြစ်ရှိသကဲ့သို့ အကျွန်ုပ်၌မရှိသည်သာမက၊ ဤအခွန်ခံကဲ့သို့ ပင် မဟုတ်သောကြောင့် ကျေးဇူးတော်ကြီးလှပေ၏။ အကျွန်ုပ်သည် ခုနှစ်ရက်တွင် နှစ်ရက်အစာရှောင်ပါ၏။ ဥစ္စာရှိသမျှတို့ကို ဆယ်ဘို့ တဘို့ လှူပါ၏ဟူ၍ ဆုတောင်းပဌနာပြု၏။ အခွန်ခံမူကား၊ အဝေးကရပ်၍ ကောင်းကင်သို့မမျှော်မကြည့်ဝံ့ဘဲ ရင်ပတ်ကို ခက်လျက်၊ အို ဘုရားသခင်၊ အပြစ်များသော အကျွန်ုပ်ကို သနားခြင်း ကရုဏာစိတ် ရှိတော်မူပါဟုဆုတောင်းလေ၏။ ငါဆိုသည်ကား၊ ထိုသူသည် အပြစ်ပြေလျက် မိမိအိမ်သို့ပြန်သွား၏။ ဖာရိရှဲမူကား အပြစ်မပြေ။ အကြောင်းမူကား၊ ကိုယ်ကိုကိုယ် ချီးမြှောက်သောသူ မည်သည်ကား၊ နှိမ့်ချခြင်းသို့ရောက်လတံ့။ ကိုယ်ကိုကိုယ် နှိမ့်ချသောသူမည်သည်ကား၊ ချီးမြှောက်ခြင်းသို့ရောက်လတံ့" (ရှင်လုကာ ၁၈:၁၀-၁၄) ဖာရိရှဲသည် မိမိကိုယ်ကို ယုံကြည်စိတ်ချသည့် ဟန်ပန်ဖြင့် ဆုတောင်းသွားခဲ့သည်၊ သူ့ကိုယ်ပိုင်အပြစ်ကို သတိမမူမိပဲ၊ သူ၏ အကြောင်းပြသော အပြုအမူကောင်းအောက်တွင် သူ့ကိုယ်သူ ပြစားဝင့်ဝါသည်ကို မြင်ဖို့ မခက်ခဲလှပါ။ သူက ဘုရားသခင်ကို သစ္စာရှိကြောင်း ကိုယ်ဖက် ကိုယ်ယက်သည့် လိပ်လို ကြွားဝါနေခဲ့ပြီး၊ ဘုရားသခင်ကို ကြားကောင်းသည့် အရာများကိုပြောဆိုနေခဲ့ကာ၊ ဘုရားသခင် ရှေ့တွင် သူ့ကိုယ်သူ ထုတ်ဖော်ပြသစဉ် အခွန်ခံ (အခွန်ကောက်ခံသူ) ကို သိမ်ငယ်စေခဲ့ပါသည်။ ထိုသို့ သူတော်ကောင်း ယောင်ဆောင်သော ဆုတောင်းခြင်းမျိုးသည် ဘုရားသခင်၏ ချီးကျူးခြင်းကို လုံးဝမရနိုင်ပါ။ အခွန်ခံ၏ ဆုတောင်းသည် စိတ်ရင်းအတိုင်းရှိပြီး၊ ဘုရားသခင်ကို သူ့အပြစ်များအား ပွင့်ပွင့်လင်းလင်း ဝန်ခံပြီး၊ သူသည် အပြစ်သားတစ်ယောက် ဖြစ်ကြောင်း အသိအမှတ်ပြုကာ နောင်တရကြောင်း ဖော်ပြခဲ့သည်။ သူက ဘုရားသခင်ထံနောင်တရရန် လိုလားမှုကိုလည်း ပြသခဲ့သည်၊ ပြီးလျှင် ဘုရားသခင်၏ သနားကရုဏာကို တောင်းလျှောက်ခဲ့သည်။ ယင်းမှာ ရိုးသားမှုကို မြင်ရင်းဖြင့် သခင်ယေရှုက အခွန်ခံ၏ ဆုတောင်းကို ချီးကျူးခဲ့ပါသည်။

ဘုရားသခင်သည် ကြွားဝါခြင်း၊ အချည်းနှီးဖြစ်သော စကားများ သို့မဟုတ် ဘုရားသခင် မိမိတို့ကို သဘောတွေ့အောင် သို့မဟုတ် ကိုယ်တော့်ကို လိမ်လည်ရန် နားဝင်ချိုအောင် ပြောသည့် စကားများ တို့ကို ဘုရားသခင်က ရွံမုန်းကြောင်း သခင်ယေရှု၏ ပုံဥပမာက ကျွန်တော်တို့ကို ပြောပြနေပါသည်။ ဘုရားသခင်က ကျွန်တော်တို့၏ နှလုံးသားများ အရှိအတိုင်း ချပြရန် နှင့် ကျွန်တော်တို့၏ တကယ့်အတွေးများကို ပြောဆိုရန်၊ သမ္မာတရားကို ပြောရန်၊ ဘုရားသခင်နှင့် ရိုးသားစွာ ဆက်သွယ်ပြောဆိုရန်တို့ကို လိုလားတော်မူသည်။ သခင်ယေရှုက "ကိုးကွယ်သောသူမှန်သမျှတို့သည် ခမည်းတော်ကို နံဝိညာဉ်နှင့်လည်းကောင်း၊ သစ္စာတရားနှင့်လည်းကောင်း၊ ကိုးကွယ်ရမည့်အချိန်ကာလသည်လာ၍ ယခုပင်ရောက်လျက်ရှိ၏။ အကြောင်းမူကား၊ ထိုသို့ကိုးကွယ်သောသူတို့ကို ခမည်းတော်သည် အလိုရှိတော်မူ၏။ ဘုရားသခင်သည် နံဝိညာဉ်ဖြစ်တော်မူ၏။ ဘုရားသခင်ကို ကိုးကွယ်သောသူတို့သည်၊ နံဝိညာဉ်နှင့်လည်းကောင်း၊ သစ္စာနှင့်လည်းကောင်း ကိုးကွယ်ရမည်" (ယော ၄:၂၃-၂၄) ဟု မိန့်တော်မူခဲ့သည်။ ပြီးလျှင် ဘုရားသခင့် နှုတ်ကပတ်တော်များ၏ နောက်ထပ်ကျမ်းပိုဒ်တစ်ခုမှာ "လူတွေဆီ ကနေ ဘုရား လိုအပ်တဲ့ အနိမ့်ဆုံး စံသတ်မှတ်ချက်က သူတို့ရဲ့ နှလုံးသားကို သူ့ဆီကို ဖွင့်ပြနိုင်ဖို့ ဖြစ်တယ်။ လူက သူရဲ့ စစ်မှန်တဲ့ နှလုံးသားကို ဘုရားကို ပေးပြီး သူ့နှလုံးသားထဲမှာ ရှိတဲ့ အရာတွေကို ဘုရားကိုပြောရင် ဘုရားဟာ သူ့ရဲ့ အသက်တာမှာ အလုပ်လုပ်ဖို့ ဆန္ဒရှိတယ်။ ဘုရားဟာ လူ့ရဲ့ လှည့်ဖြားတတ်တဲ့ နှလုံးသားကို အလိုမရှိဘဲ သန့်စင်ပြီး ရိုးသားဖြောင့်မတ်တဲ့ နှလုံးသားကိုသာ အလိုရှိတယ်။ လူဟာ သူ့နှလုံးသားနဲ့ ဘုရားကို စစ်မှန်စွာ စကားမပြောဘူးဆိုရင် ဘုရားဟာ လူ့နှလုံးသားကို မတို့ထိဘူး သို့မဟုတ် သူ့အတွင်းမှာ အလုပ်မလုပ်ဘူး။ ဒါကြောင့် ဆုတောင်းခြင်းနဲ့ ပတ်သက်တဲ့ အရေးကြီးဆုံးအချက်က သင့်ရဲ့ စစ်မှန်တဲ့ နှလုံးသားထဲက စကားလုံးတွေကို ဘုရားကို ပြောဖို့ ဖြစ်တယ်။ သင့်ရဲ့ အမှားတွေကို သို့မဟုတ် ပုန်ကန်တဲ့ စိတ်သဘောကို ဘုရားကိုပြောခြင်းနဲ့ ဘုရားကို လုံးဝဖွင့်ပြခြင်းတို့ ဖြစ်တယ်။ ဒီလိုမှသာ ဘုရားက သင့်ရဲ့ ဆုတောင်းချက်တွေကို စိတ်ဝင်စားမှာဖြစ်တယ်။ ဒီလိုမဟုတ်ရင် ဘုရားဟာ သူ့မျက်နှာကို သင့်ထံမှ ဖုံးကွယ်ထားမှာပါ။" ("ဆုတောင်းခြင်းအကျင့်နှင့် ပတ်သက်၍") ကျွန်တော်တို့သည် ဘုရားသခင်နှင့် ပတ်သက်ပါက ပွင့်လင်းရိုးသားရမည် ဖြစ်ကြောင်း၊ ကျွန်တော်တို့၏ အတွင်း အကျဆုံးအတွေးများနှင့် အမှန်တရားတို့ကို ကိုယ်တော်ကို ပြောပြရမည် ဖြစ်ကြောင်း၊ ကျွန်တော်တို့၏ စစ်မှန်သည့် အခြေအနေများနှင့် ပြဿနာများကို ဘုရားသခင်ကို ပြောပြရမည် ဖြစ်ကြောင်းနှင့် ဘုရားသခင်၏ လမ်းပြမှုကို ရှာဖွေရမည် ဖြစ်ကြောင်းတို့ကို ဤအချက်မှ ကျွန်တော်တို့ တွေ့နိုင်ပါသည်။ ထို့နောက်မှသာ ဘုရားသခင်က ကျွန်တော်တို့၏ ဆုတောင်းခြင်း များကို နားညောင်းလိမ့်မည်။ ကျွန်တော်တို့ ဆုတောင်းသည့် အချိန်တွင်၊ ကျွန်တော်တို့ အသက်တာများတွင် ကျွန်တော်တို့ ရင်ဆိုင်ရသည့် အခက်အခဲများနှင့် ဆင်းရဲဒုက္ခများကို ဘုရားသခင် ကို ပြောပြနိုင်ပြီး ဘုရားသခင်၏ အလိုတော်ကို ရှာဖွေနိုင်ပါသည်။ သို့မဟုတ် ကျွန်တော်တို့က ဘုရားသခင် ရှေ့တော်မှောက်ကို လာပြီး၊ ကိုယ်တော့်ကို နေ့စဉ်နေ့တိုင်း ကျွန်တော်တို့၏ အပြစ်ကျူးလွန်မှုများ သို့မဟုတ် ကျွန်တော်တို့ ထုတ်ဖော်နေခဲ့သည် မည်သည့်ဖောက်ပြန်ပျက်စီး ခြင်းကိုမဆို ဖွင့်ဟပြောပြနိုင်ပါသည်။ ဤသည်မှာ အရေးကိစ္စ အားလုံးတွင် ဘုရားသခင်နှင့် ရိုးသားသည့် စကားအချီအချ ပြောဆိုခြင်း ဖြစ်သည်။ ကျွန်တော်တို့သည် မကြာခဏ ဆိုသကဲ့သို့ ဤလောကကို အရူးအမူးစွဲလမ်းလာပြီး၊ လူ့အဖွဲ့အစည်း၏ ရေပန်းစားမှုများနောက် လိုက်ရန် တောင့်တကြကာ၊ လောကီဆိုင်ရာ သာယာမှုများကို စွဲလမ်းလာပြီး၊ ဘုရားသခင်ရှေ့တော်မှောက်တွင် ကျွန်တော်တို့၏ စိတ်များ ငြိမ်သက်အောင် မလုပ်နိုင်သည့်အခါတွင် ကျွန်တော်တို့က ဘုရားသခင်ကို၊ "ဘုရားသခင်၊ ကျွန်တော်က သမ္မာတရားကို ကျွန်တော့်နှလုံးသား ထဲက မချစ်ပဲနဲ့ အပြင်က တောက်ပတဲ့ လောကကြီး အကြောင်းကိုသာ အမြဲတမ်း တွေးနေတယ်ဆိုတာကို ကျွန်တော် သိပါတယ်၊ စုဝေးပွဲတွေ၊ ဆုတောင်းခြင်း ဒါမှမဟုတ် ကိုယ်တော့် နှုတ်ကပတ်တော်ကို ဖတ်ရှုခြင်း အချိန်တွေမှာတောင်မှ ကျွန်တော့်စိတ်ကို ကျွန်တော် တည်ငြိမ်အောင် ထားလို့မရပါဘူး။ ကျွန်တော် ဇာတိပကတိကို စွန့်လွှတ်လိုပါတယ်၊ ဒါပေမဲ့ လုပ်ဖို့ကလည်း စွမ်းအား မရှိဘူးဆိုတာ ကိုယ့်ကိုကိုယ် သိခဲ့ရပါတယ်။ ဘုရားသခင်၊ ကိုယ်တော့်ဝိညာဉ်က ကျွန်တော့် ခံစားချက်မဲ့နေတဲ့ နှလုံးသားကို တို့ထိတော်မူပါစေ၊ စာတန်၏ စုံစမ်းသွေးဆောင်ခြင်းကို အောင်မြင်ဖို့ ကျွန်တော့်ကို ယုံကြည်မှုနဲ့ ခွန်အား ပေးသနားတော်မူပါ၊ ပြီးတော့ ကိုယ်တော့် ရှေ့တော်မှောက်မှာ ကျွန်တော့် နှလုံးသားကို ငြိမ်သက်စေပါ" ဟု ဆုတောင်းနိုင်ပါသည်။ ဤကဲ့သို့ ရိုးသားသည့် ဆုတောင်းခြင်းအချို့ နောက်တွင် လူမှုရေးရေပန်းစားမှုများ နောက်လိုက်ခြင်းသည် ကျွန်တော်တို့ကို အပြစ်တွင် အသက်ရှင်နေထိုင်စေမည် ဖြစ်ပြီး၊ ဘုရားသခင်နှင့် ပို၍ပင် ဝေးကွာစေကြောင်း သန့်ရှင်းသော ဝိညာဉ်တော်က ကျွန်တော်တို့ကို လမ်းပြပြီး ဦးဆောင် တော်မူလိမ့်မည်။ သန့်ရှင်းသောဝိညာဉ်တော်က ကျွန်တော်တို့ကို တို့ထိပြီး၊ သမ္မာတရားကို ချစ်သည့် နှလုံးသားတစ်ခုလည်း ပေးလိမ့်မည်။ ထို့နောက် ကျွန်တော်တို့က ဇာတိပကတိကို လက်တွေ့ကျသည့်နည်းလမ်းများဖြင့် စွန့်လွှတ်နိုင်လာမည်ဖြစ်ပြီး၊ စာတန်၏ စုံစမ်းသွေးဆောင်ခြင်းနှင့် ဖြားယောင်းခြင်းတို့ကို အောင်မြင်နိုင်လိမ့်မည်ဖြစ်သည်၊ ဤသည်မှာ ဘုရားသခင်ကို ဆုတောင်းခြင်းတွင် နှလုံးသားမှ စကားပြောခြင်းဖြင့် အောင်မြင်ရရှိနိုင်သည့် အကျိုးပင် ဖြစ်ပါသည်။ သို့သော်လည်း ကျွန်တော်တို့က ဆုတောင်းခြင်းမှာ မိမိတို့နှလုံးသားကို ဘုရားသခင်ထံ မဖွင့်ဟပဲနှင့်၊ ထိုအစား မိမိကိုယ်ကို ဘုရားသခင် သဘောတွေ့လာဖို့နှင့် နားဝင်ချိုသည့် စကားများ အသုံးပြုခြင်းအားဖြင့် ကိုယ်တော်ကို လှည့်စားဖို့ အားထုတ်ပါက၊ ဘုရားသခင်သည် ကျွန်တော်တို့ ဆုတောင်းခြင်းများကို နားညောင်းမည် မဟုတ်သည့်အပြင်၊ ကျွန်တော်တို့ နှလုံးသားများကိုလည်း တို့ထိမည် မဟုတ်ပါ။ ကျွန်တော်တို့က စာတန်၏ စုံစမ်းသွေးဆောင်ခြင်းကို ထိုးထွင်း သိမြင်နိုင်ခြင်း သို့မဟုတ် အောင်မြင်နိုင်ခြင်း ရှိလိမ့်မည်မဟုတ်သည့်အပြင်၊ ဆိုးယုတ်သည့် ရေပန်းစားမှုများနောက် မလွဲဧကန် လိုက်ကာ၊ ဘုရားသခင်ထံမှ ပို၍ဝေးကွာလာပြီး၊ စာတန်၏ အန္တရာယ်ပြုခြင်းကို ခံရလိမ့်မည်။ ထို့ကြောင့် ကျွန်တော်တို့ ဆုတောင်းခြင်းများကို ဘုရားသခင် နားညောင်းစေလိုပါက၊ ကျွန်တော်တို့က ကိုယ်တော်ရှေ့တွင် ပွင့်လင်းပြီး၊ ရိုးသားဖြောင့်မတ် ရမည်။ ဤသည်မှာ ကျွန်တော်တို့လှမ်းရမည့် ပထမခြေလှမ်း ဖြစ်သည်။

၂။ သင်က သခင့်နှုတ်ကပတ်တော်များကို လက်တွေ့လုပ်ဆောင်ရန် နှင့် အသက်တာကြီးထွားမှု ရရှိရန် တို့အတွက် ဆုတောင်းနေခြင်းလား

ကျွန်တော်တို့က စာတန်အားဖြင့် ဖောက်ပြန်ဖျက်ဆီးခြင်း ခံရသည်နှင့် တပြိုင်နက်၊ ကျွန်တော်တို့သည် ဆိုးယုတ်သည့် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများဖြင့် ပြည့်နှက်ကြ သည်၊ ကျွန်တော်တို့က အတ္တကြီးသည်၊ လောဘကြီးသည်၊ ကောက်ကျစ်သည်၊ လှည့်ဖြားတတ်ပြီး စိတ်ထဲတွင် ကိုယ့်ကိုယ်ကျိုးအတွက်သာ ရှိသည်။ အရာအားလုံးတွင် အရာအားလုံးထက် ကိုယ်ပိုင် အကျိုးအမြတ်ကိုသာ ရှေ့ထားပြီး ကျွန်တော်တို့ ယုံကြည်ခြင်းတွင်ပင် ကျွန်တော်တို့က ဘုရားသခင်ထံမှ ကျေးဇူးတော်နှင့် ကောင်းကြီးမင်္ဂလာများကို ပို၍ပို၍ လိုချင်ကြသည်။ ညီအစ်ကိုမောင်နှမ အများစုက ကျွန်တော်တို့သည် ဘုရားသခင်ကို ယုံကြည်သည့် အားလျော်စွာ၊ ကိုယ်တော်က ကျွန်တော်တို့ကို ကောင်းကြီးမင်္ဂလာပေးပြီး၊ ကျေးဇူးပြုသင့်ကြောင်း၊ ပြီးလျှင် ကိုယ်တော့်ထံမှ ကျွန်တော်တို့ မည်သည့်အရာကို တောင်းဆိုသည်ဖြစ်စေ ကိုယ်တော်က ပေးသင့်ကြောင်း ယုံကြည်ကြသည်။ ကျွန်တော်တို့က နာမကျန်းဖြစ်ခြင်းမှ နာလန်ထလာခြင်း၊ ကျွန်တော်တို့ကို နေအိမ်တွင် ငြိမ်သက်မှုပေးခြင်း သို့မဟုတ် ကျွန်တော်တို့ သားသမီးများကို အလုပ်ကောင်းရစေခြင်းတို့ကဲ့သို့ ဇာတိပကတိဆိုင်ရာ အကျိုးအမြတ်များအတွက်သာ ဘုရားသခင်ထံ တောင်းလျှောက်ပြီး ဆုတောင်းကြသည်။ ကိုယ်တော်၏ ကျေးဇူးတော်ကို ကျွန်တော်တို့ နှစ်သက်ခံစားရသည့်အခါတွင် ကျွန်တော်တို့သည် ကိုယ်တော်ကို ပျော်ရွှင်စွာ ချီးမွမ်းကြသော်လည်း၊ ကျွန်တော်တို့ ဆုတောင်းခြင်းများကို ကိုယ်တော်က ကျွန်တော်တို့ လိုလားသကဲ့သို့ မဖြေကြားပါက၊ ကျွန်တော်တို့က ကိုယ်တော့် အကြောင်း ညဉ်းတွားကြသည်။ ကျွန်တော်တို့ ဇာတိပကတိဆိုင်ရာ အကျိုးအမြတ်များအတွက် ဘုရားသခင်ထံ အဆက်မပြတ် ဆုတောင်းခြင်းသည် ဘုရားသခင်နှင့် စစ်မှန်သည့် မိတ်သဟာယ ဖွဲ့ခြင်း ဟုတ်မဟုတ်၊ ကိုယ်တော်ကို စစ်မှန်သည့် ဝတ်ပြု ကိုးကွယ်ခြင်း ဟုတ်မဟုတ် သင့်အနေဖြင့် တွေးတောဖူးပါသလား။ အဖြေမှာ မတွေးဖူးပါ။ ဤသို့သော ဆုတောင်းခြင်းမျိုးသည် ဘုရားသခင်ထံမှ ကောင်းကြီးမင်္ဂလာရရှိရန် ်အားထုတ်မှု တစ်ခုသာ ဖြစ်သည်၊ ၎င်းတို့က ဘုရားသခင်ထံမှ အရာများကို တောင်းဆိုခြင်းနှင့် ကိုယ်တော့်ကို ကျွန်တော်တို့ ဆန္ဒများအတိုင်း ဆောင်ရွက်စေရန် ကြိုးစာခြင်းသာ ဖြစ်သည်။ ယင်းမှာ ကိုယ်တော်ကို ဘုရားသခင်အဖြစ် ဆက်ဆံနေခြင်းမဟုတ်ပါ။ ဤသို့သော ဆုတောင်းခြင်းများသည် ဘုရားသခင်၏ အမျက်ဒေါသကိုသာ နှိုးဆွနိုင်ပြီး၊ ကိုယ်တော်က ၎င်းတို့ကို နားမထောင်ပါ။

ခရစ်ယာန်များဖြစ်သည်နှင့်အညီ ကျွန်တော်တို့က ဇာတိပကတိ ဆိုင်ရာ ကောင်းကြီးမင်္ဂလာများကို သို့မဟုတ် ကျွန်တော်တို့အပေါ် ဘုရားသခင်က ကျေးဇူးတော်နှင့် ကောင်းကြီးမင်္ဂလာများ ပို၍ပေးသနားရန်တို့ကိုသာ မရှာဖွေသင့်ပါ။ အကြောင်းမှာ ဤအရာများသည် ကျွန်တော်တို့ကို တစ်ခဏတာ လောကီဆိုင်ရာ ဉစ္စာဓနကောင်းများကိုသာ နှစ်သက်ခံစားစေသော်လည်း ကျွန်တော်တို့ အသက်တာများတွင် ကျွန်တော်တို့ကို နည်းနည်းမျှ မရင့်ကျက်မကြီးထွားစေပါ။ ကျွန်တော်တို့က ဘုရားသခင်ကို စစ်မှန်သည့် နာခံခြင်းနှင့် ကြောက်ရွံ့ခြင်းတို့ ်ရရှိစေရန် မကူညီနိုင်ပါ။ ကျွန်တော်တို့၏ ဆုတောင်းခြင်းများနှင့် တောင်းလျှောက်ခြင်းများက ကျွန်တော်တို့၏ သမ္မာတရားကို နားလည်သဘောပေါက်မှု၊ ဘုရားသခင်၏ နှုတ်ကပတ်တော်ကို လက်တွေ့လုပ်ဆောင်ခြင်း နှင့် ကျွန်တော်တို့အသက်တာများတွင် ကြီးထွားရင့်ကျက်ခြင်းတို့ကို ပို၍ အာရုံစိုက်သင့်သည်။ ဤကဲ့သို့သော ဆုတောင်းခြင်းသာလျှင် ဘုရားသခင်၏ အလိုတော်နှင့် ကိုက်ညီသည်။ သခင်ယေရှုက "ထိုကြောင့် အဘယ်သို့ စားရအံ့နည်း။ အဘယ်သို့ သောက်ရအံ့နည်းဟူ၍ မရှာဖွေကြနှင့်။ သောကမွှေနှောက်ခြင်းလည်း မရှိကြနှင့်။ ထိုအရာများကို လောကီသားအမျိုးမျိုးတို့သည် ရှာဖွေတတ်ကြ၏။ ထိုအရာများကို သင်တို့သည် အသုံးလိုကြောင်းကို သင်တို့အဘ သိတော်မူ၏။ သင်တို့မူကား ဘုရားသခင်၏ နိုင်ငံတော်ကို ရှာကြလော့။ နောက်မှ ထိုအရာများကို ထပ်၍ ပေးတော်မူလတံ့။" (ရှင်လုကာ ၁၂:၂၉-၃၁) "ဝိညာဉ်သာလျှင်အသက်ရှင်စေ၏။ ကိုယ်ကာယသည်အလျှင်မတတ်နိုင်။ ငါပြောသောစကားသည် ဝိညာဉ်ဖြစ်၏။ အသက်လည်းဖြစ်၏။" (ရှင်ယောဟန် ၆:၆၃) ဟု မိန့်တော်မူခဲ့သည်။ ဘုရားသခင်၏ အလိုတော်မှာ ကျွန်တော်တို့က ကိုယ်တော်၏ နှုတ်ကပတ်တော်များကို လက်တွေ့လုပ်ဆောင်ခြင်း နှင့် အသက်ရှင်နေထိုင်ခြင်း ဖြစ်သည်၊ ပြီးလျှင် ကျွန်တော်တို့သည် ဘုရားသခင်နှင့် သဟဇာတဖြစ်ခြင်းကို ရရှိနိုင်ဖို့ နှင့် နောက်ဆုံးတွင် ကိုယ်တော့်နိုင်ငံတော်သို့ ဝင်ရောက်နိုင်ဖို့တို့အတွက် ကိုယ်တော်၏နှုတ်ကပတ်တော်မှတစ်ဆင့် သမ္မာတရားနှင့် အသက်တို့ကို ရရှိရန် ဖြစ်သည်။ ထို့ကြောင့် ကျွန်တော်တို့၏ ဆုတောင်းခြင်းများက ကိုယ်တော့်နှုတ်ကပတ်တော်ကို မည်သို့ လက်တွေ့ လုပ်ဆောင်ရန် နှင့် တွေ့ကြုံခံစားရန်တို့ကို အဓိကထားသင့်သည်၊ ဤနည်းဖြင့် ကိုယ်တော်၏ အမှုတော်ကို ကြုံရရာတွင် ကိုယ်တော်က ကျွန်တော်တို့ကို ဦးဆောင်လိမ့်မည်၊ ကျွန်တော်တို့က သမ္မာတရားကို ပို၍ပို၍ နားလည်သဘောပေါက်ပြီး၊ ဘုရားသခင်၏ နှုတ်ကပတ်တော်ကို အသက်ရှင်နေထိုင်နိုင်မည်။ ကျွန်တော်တို့အားလုံးက မိမိဂုဏ်၊ အဆင့်အတန်း၊ ချမ်းသာကြွယ်ဝမှု သို့မဟုတ် အကျိုးစီးပွားများကို ကာကွယ်ရန် မုသားများကို မကြာခဏ ပြောဆိုပြီး လှည့်ဖြားသည့်အရာများ လုပ်ဆောင်ကြပုံကို တွေးကြည့်ပါ။ ကျွန်တော်တို့အားလုံးက ဤအရာများသည် အပြစ်များဖြစ်ကြောင်း သိသော်လည်း အပြစ်ကျူးလွန်ခြင်းမှ မိမိကိုယ်ကို မရပ်တန့်နိုင်ကြပါ။ ကျွန်တော်တို့၏စကားများဖြင့် ကျွန်တော်တို့ မလိမ်သည့်တိုင်၊ ကျွန်တော်တို့ နှလုံးသားများတွင် မိမိဂုဏ်၊ အကျိုးအမြတ် နှင့် ရာထူးတို့ကို ကာကွယ်ရန် ပြောရမည့်အရာများနှင့် ကျွန်တော်တို့ အကျိုးစီးပွားများ မထိခိုက်စေရန် ကျွန်တော်တို့ လုပ်ဆောင်သင့်သည့်အရာတို့ကို တွက်ချက်နေကြသည်။ ကျွန်တော်တို့ လိမ်လည်လိုဇော၊ သို့မဟုတ် မရိုးသားသည့် အရာတစ်ခုကို လုပ်လိုဇော ရှိသည်ကို သတိပြုမိလာသည့်အချိန်တွင်၊ ကျွန်တော်တို့က ဘုရားသခင် ရှေ့တော်မှောက်သို့ လာရောက်ပြီး၊ "အိုဘုရားသခင်၊ ကျွန်တော်က ကလေးတစ်ယောက်ရဲ့ ရိုးရှင်းမှုနဲ့ ရိုးသားမှုတို့ကို မရနိုင်ပေမဲ့၊ လိမ်ညာခြင်း ဒါမှမဟုတ် လှည့်စားခြင်းက ကိုယ့်ကိုယ်ကို မရပ်တန့်နိုင သေးတာကို ကျွန်တော် မြင်ရပါတယ်။ ဒီလိုသာ ကျွန်တော် ဆက်သွားနေရင်၊ ကိုယ်တော်က ကျွန်တော့်ကို သေချာပေါက် ရွံရှာလိမ့်မယ်။ ဘုရားသခင်၊ ကျွန်တော် ကိုယ်တော့်ကယ်တင်ခြင်းကို အမှန်တကယ် လိုအပ်ပါတယ်။ ရိုးသားတဲ့လူတစ်ယောက် ဖြစ်အောင် ကျွန်တော့်ကို ဦးဆောင်တော်မူပါ၊ ပြီးတော့ ကျွန်တော် ထပ်ပြီး လိမ်ညာ ဒါမှမဟုတ် လှည့်စားခဲ့ရင်၊ ကိုယ်တော် ကျွန်တော့်ကို ဆုံးမပဲ့ပြင်တော်မူပါ"ဟု ဆုတောင်းသင့်သည်၊ ဤကဲ့သို့သော ဆုတောင်းခြင်းမျိုးကို ပူဇော်ဆက်ကပ်ပြီးနောက်၊ ကျွန်တော်တို့က မိမိကိုယ်ပိုင် အကျိုးစီးပွားများအတွက် လိမ်ညာလိုသည့်ဆန္ဒ နောက်ထပ် တစ်ဖန် ရှိလာသည့်အချိန်တွင်၊ ကျွန်တော်တို့ အတွင်း၌ သန့်ရှင်းသော ဝိညာဉ်တော်၏ အပြစ်တင်ခြင်းကို ခံစားရလိမ့်မည်။ ဘုရားသခင်က ကျွန်တော်တို့ကို ရိုးသားသူများဖြစ်စေ လကြောင်း နှင့် ရိုးသားသူများ၌ ကိုယ်တော်က ဝမ်းမြောက်ပြီး၊ ကောင်းကြီးမင်္ဂလာ ပေးကြောင်းတို့ကို ကျွန်တော်တို့ ရှင်းလင်းစွာ နားလည်သဘောပေါက်လိမ့်မည်။ ကျွန်တော်တို့ ကိုယ်ပိုင် အကျိုးစီးပွားများကို ထိန်းသိမ်းထားခြင်းအတွက် လိမ်ခြင်းသည် ဘုရားသခင်အတွက် ရွံရှာခြင်းဖြစ်သည် နှင့်အညီ ကျွန်တော်တို့ လိမ်၍မရနိုင်ပါ။ ဤအရာအားလုံးကို ကျွန်တော်တို့ နားလည်သဘောပေါက်သည်နှင့် တပြိုင်နက် နှလုံးသားမှ ကျွန်တော်တို့၏ ကလိမ်ကကျစ်ကျသော ရည်ရွယ်ချက် များကို စွန့်ပယ်နိုင်ပြီး၊ အချက်အလက်များမှ သမ္မာတရားကို ရှာဖွေနိုင်မည်၊ ပြီးလျှင် အမှန်တရားကို ရိုးရှင်းစွာပြောနိုင်မည်။ ဤနည်းဖြင့် အမြဲတမ်း လက်တွေ့လုပ်ဆောင်ခြင်းအားဖြင့် ကျွန်တော်တို့ မသိလိုက်မီမှာပင် ကျွန်တော်တို့က နည်းသထက်နည်းပြီး လိမ်ညာလာမည်၊ ပြီးလျှင် ကျွန်တော်တို့က ရိုးသားသူတစ်ယောက်ဖြစ်ခြင်းဆိုင်ရာ သမ္မာတရား၏ လက်တွေ့ကျမှုထဲသို့ တစ်လှမ်းချင်း ဝင်ရောက်နိုင်မည်။ ဤသည်မှာ အသက်တာတွင် ကြီးထွားခြင်းအတွက် ဆုတောင်းခြင်း၏ အကျိုးဖြစ်သည်။ သခင်ယေရှုက "တဖန်ငါဆိုသည်ကား၊ တောင်းကြလော့။ တောင်းလျှင်ရမည်။ ရှာကြလော့။ ရှာလျှင်တွေ့မည်။ တံခါး ကိုခေါက်ကြလော့၊ ခေါက်လျှင်ဖွင့်မည်။ တောင်းသောသူမည်သည်ကားရ၏။ ရှာသောသူလည်းတွေ့၏။ ခေါက်သောသူအားလည်း တံခါးကို ဖွင့်၏။" (ရှင်လုကာ ၁၁:၉-၁၀) ဟု မိန့်တော်မူခဲ့သည်။ သမ္မာတရားကို နားလည် သဘောပေါက်ခြင်း နှင့် သခင့်နှုတ်ကပတ်တော်ကို လက်တွေ့ လုပ်ဆောင်ရန် အစွမ်းအစ၊ ပြီးလျှင် သမ္မာတရားထဲ ဝင်ရောက်ခြင်းကို အဆုံးစွန်သော လေးနက်မှုဖြင့် ဆောင်ရွက်ရန် တို့အတွက် ဘုရားသခင်ကို ကျွန်တော်တို့ ဆုတောင်းသမျှ ကာလပတ်လုံး၊ ဘုရားသခင်က ကျွန်တော်တို့ သမ္မာတရားကို နားလည် သဘောပေါက်ရန် နှင့် သမ္မာတရား၏ လက်တွေ့ကျမှုထဲ ဝင်ရောက်ရန် လမ်းပြတော်မူလိမ့်မည်၊ ပြီးလျှင် ကျွန်တော်တို့ ကလည်း မိမိတို့၏ ဝိညာဉ်ရေးရာ အသက်တာများတွင် နည်းနည်းချင်း ကြီးထွားနိုင်လိမ့်မည်။

၃။ ဘုရားသခင်၏ အလိုတော်ကို နားလည်သဘောပေါက်ခြင်း ကို ရှာဖွေရန်နှင့် ကိုယ်တော့်အတွက် သက်သေခံရန် သင်ဆုတောင်းပါသလား

တစ်ခါတစ်ရံတွင် ကျွန်တော်တို့ အသက်တာများတွင် အလုပ်တွင်ဖြစ်စေ နေအိမ်တွင်ဖြစ်စေ ရှိသည့် ပြဿနာများကဲ့သို့ ကျွန်တော်တို့ အယူအဆများနှင့် မကိုက်ညီသည့် ပြဿနာများကို ကြုံတွေ့ရသည်၊ သို့မဟုတ် ရုတ်တရက်ဖြစ်ပွားသည့်ကပ်ဘေးမျိုး အချို့နှင့်ပင် ကျွန်တော်တို့ ရင်ဆိုင်ရနိုင်သည်။ ဤအရေးကိစ္စများ ဖြစ်ပေါ်သည့်အချိန်တွင် ကျွန်တော်တို့ အများစု ဘုရားသခင်ကို ဤဆိုးရွားသည့် ပတ်ဝန်းကျင်များကို ဖယ်ရှားပေးရန် နှင့် ကျွန်တော်တို့ကို ငြိမ်သက်ခြင်းနှင့် ပျော်ရွှင်မှုတို့ ပေးပါရန် တောင်းလျှောက်ကြသည်။ ကျွန်တော်တို့က ဘုရားသခင်ကို အစေခံဖို့ အလုပ်ကြိုးစားသည့်တိုင် သို့မဟုတ် ကျွန်တော်တို့ ပေါင်းသင်းဆက်ဆံရေးများ နှင့် ကျွန်တော်တို့ အလုပ်များကို စွန့်လွှတ်သည့်တိုင်၊ ကျွန်တော်တို့က ကြီးမားသောနာမကျန်းဖြစ်မှုမျိုးကဲ့သို့ တစ်စုံတစ်ခုကို ကြုံတွေ့ရသည့်အချိန်တွင်၊ မိမိကိုယ်ကို တည်ငြိမ်အောင် လုပ်ပြီး၊ ဘုရားသခင်၏ အလိုတော်ကို မရှာဖွေနိုင်သည့်အပြင်၊ ဘုရားသခင်ကို သက်သေရပ်တည်နိုင်ရန် နှင့် စိတ်ကျေနပ်စေနိုင်ရန် ဆုမတောင်းနိုင်ကြပါ။ ထိုအစား ကျွန်တော်တို့က နာမကျန်းမှု၏ ညှင်းပန်းနှိပ်စက်ခြင်းမှ ဖြစ်နိုင်သမျှ စောစော လွတ်မြောက်နိုင်ရန် ကျွန်တော်တို့ နာမကျန်းမှုကို ပျောက်ကင်းစေဖို့ ကိုယ်တော့်ကို တောင်းလျှောက်ရင်း ဘုရားသခင်ကို ဆုတောင်းသည်၊ ဘုရားသခင်က ကျွန်တော်တို့၏ တောင်းဆိုမှုများကို လိုက်လျောသည့်အချိန်တွင်၊ ကျွန်တော်တို့က ဘုရားသခင်ကို ကျေးဇူးတင်ပြီး ချီးမွမ်းကြသော်လည်း၊ ကိုယ်တော်က ကျွန်တော်တို့ ကောင်းမွန်လာစေခြင်းမရှိသည့်အချိန်တွင်၊ ကျွန်တော်တို့က စိတ်ပျက်အားလျော့ကြပြီး၊ ဘုရားသခင်ကို စိတ်ပျက်ကြသည်၊ ကျွန်တော်တို့သည် အပျက်သဘောဆောင်ခြင်းအတွင်း အသက်ရှင်နေထိုင်ကြသည်၊ ကိုယ်တော့်အကြောင်း ညဉ်းတွားပြီး၊ ကိုယ်တော့်အတွက် ကြိုးပမ်းအားထုတ်မှုကိုပင် စွန့်လွှတ်လိုက်နိုင်သည်။ ကျွန်တော်တို့က မိမိတို့၏ ကိုယ်ပိုင် ဇာတိပကတိဆိုင်ရာ အကျိုးစီးပွားကို အလွန်နှစ်သက်ကြောင်း၊ ကျွန်တော်တို့နှလုံးသားများတွင် ဘုရားသခင်ကို မချစ်သလို၊ ဘုရားသခင်စိတ်ကျေနပ်စေဖို့လည်း ဆန္ဒမရှိကြောင်း ဤအချက်မှ ကျွန်တော်တို့မြင်တွေ့နိုင်ပါသည်။ ကျွန်တော်တို့၏ ဆုတောင်းခြင်းများတွင် ကျွန်တော်တို့က မကြာခဏဆိုသကဲ့သို့ ယုတ္တိမတန်သည့် တောင်းဆိုမှုများပြုကြသည်၊ ကျွန်တော်တို့ လိုချင်သည့် အရာများအတိုင်း ကိုယ်တော် လုပ်ဆောင်စေဖို့ တစ်ကိုယ်ကောင်းဆန်ပြီး၊ စက်ဆုပ်ရွံရှာဖွယ်ကောင်းသည့် နည်းလမ်းများဖြင့် ကိုယ်တော့်ကို တောင်းဆိုကြသည်။ ကျွန်တော်တို့က ဖန်ဆင်းခံသတ္တဝါများ၏ သင့်တော်သော အနေအထားမှ ဖန်ဆင်းရှင်ကို လုံးဝ ဝတ်ပြုကိုးကွယ်ခြင်းမပြုပါ။ ဘုရားသခင်က ထိုသို့သော ဆုတောင်းခြင်းမျိုးကို အဘယ့်ကြောင့် အရေးစိုက်ရမည်နည်း။ သို့ဆိုလျှင် ကျွန်တော်တို့သည် ဘုရားသခင်၏ အလိုတော်နှင့် ညီအောင် မည်သို့ ဆုတောင်းသင့်သနည်း။ ကိုယ်တော့်နှုတ်ကပတ်တော်များက ကျွန်မတို့အား ထိုလမ်းကြောင်းပေါ်သို့ လမ်းညွှန်နေပါသည်၊ "သင်က အခက်အခဲတွေကို ကြုံရသည့်အခါ အလျင်အမြန်ပင် ဘုရားသခင်ကို ဆုတောင်းပါ။ 'အိုး ဘုရားသခင် ကျွန်ပ် ကိုယ်တော်ကို ကျေနပ်စေချင်ပါတယ်။ ကိုယ်တော်ရဲ့ နှလုံးသားကို ဖြည့်ဆည်းပေးဖို့ နောက်ဆုံးသော အခက်အခဲကို တောင့်ခံချင်ပါတယ်။ ကျွန်တော် တွေ့ကြုံရမယ့် အခက်အခဲ အနှောင့်အယှက်တွေ ဘယ်လောက်ကြီးမားပါစေ ကျွန်တော်ဟာ ကိုယ်တော့်ကို ဖြည့်ဆည်းပေးရပါမယ်။ ကျွန်တော့်ရဲ့ ဘဝတစ်ခုလုံးကို လက်လွတ် ဆုံးရှုံးရမယ်ဆိုရင်တောင် ကျွန်တော်ဟာ ကိုယ်တော်ကို ဖြည့်ဆည်းပေးရပါမယ်။' ဤကဲ့သို့ ဆက်ကပ် အပ်နှံမှုနှင့်အတူ သင်ဆုတောင်းသည့်အခါ သင်၏ သက်သေခံချက်မှာ ခိုင်မြဲစွာ ရပ်တည်နိုင်မည်ဖြစ်သည်။" ("ဘုရားသခင်ကို ချစ်ခြင်းသည်သာလျှင် ဘုရားသခင်ကို အမှန်တကယ် ယုံကြည်ခြင်းဖြစ်သည်") "သင်သည် အတွင်းပိုင်းကို နာကျင်စေပြီး သင်၏ နာကျင်ခံစားမူသည် အတိုင်းအတာတစ်ခုထိ ရောက်ခဲ့သော်လည်း ဘုရားသခင်၏ ရှေ့မှောက်ကို လာရန် ဆန္ဒရှိဆဲဖြစ်ပြီး အိုး ဘုရားသခင် ကျွန်ုပ်သည် ကိုယ်တော်ကို မစွန့်ပစ်နိုင်ပါ။ ကျွန်ုပ်အထဲတွင် မှောင်မိုက် ခြင်းရှိသော်လည်း ကိုယ်တော်ကို ကျေနပ်စေရန် ဆန္ဒရှိပါသည်။ ကိုယ်တော်သည် ကျွနုပ်၏ နှလုံးသားကို သိပါသည်။ ကိုယ်တော်သည် ကိုယ်တော်၏ ချစ်ခြင်းမေတ္တာကို ကျွန်ုပ်အထဲတွင် ပို၍မြှုပ်နှံလိမ့်မည်ဟု ဆုတောင်းသည်။" ("စစ်ဆေးခြင်းကိုကြုံတွေ့မှသာလျှင် လူသားများသည် ဘုရားသခင်ကို အမှန်တကယ်ချစ်နိုင်")

ကျွန်တော်တို့ပေါ် ဆင်းရဲဒုက္ခကျရောက်လာသည့်အခါ၊ ကျွန်တော်တို့က ဘုရားသခင်၏ အလိုတော်ကို ရှာဖွေပြီး၊ ဘုရားသခင်ကို သက်သေရပ်တည်ကာ စိတ်ကျေနပ်စေနိုင်ဖို့အတွက် ဆုတောင်းရမည်။ ကျွန်တော်တို့က ဘုရားသခင်ကို ချစ်ရန် နှင့် စိတ်ကျေနပ်စေရန်လည်း စိတ်ပိုင်းဖြတ်ရမည်၊ ပြီးလျှင် ကျွန်တော်တို့ အကျိုးစီးပွားအတွက် ဆုတောင်းခြင်းထက် ဘုရားသခင်အတွက် သက်သေရပ်တည်ရမည်ဆိုလျှင် ရုပ်ပိုင်းဆိုင်ရာ ဆင်းရဲဒုက္ခခံစားခြင်းကိုပင် သည်းခံဖို့ လိုလားရမည်။ ဤသို့သော ဆုတောင်းခြင်းသာလျှင် ဘုရားသခင်၏ အလိုတော်နှင့် ကိုက်ညီသည်၊ ပြီးလျှင် ဤသည်မှာ ကျွန်တော်တို့ ဖန်ဆင်းခံသတ္တဝါများအနေဖြင့် ပိုင်ဆိုင်သင့်သည့် အသိစိတ်နှင့် ဆင်ခြင်တုံတရားမျိုး ရှိခြင်းလည်း ဖြစ်သည်။ ဥပမာအားဖြင့် ယောဘသည် သူ့ပိုင်ဆိုင်မှုများအားလုံးနှင့် သူ့သားသမီးများကို သူ၏စမ်းသပ်မှုများမှတစ်ဆင့် ဆုံးရှုံးခဲ့ပြီး သူကိုယ်တိုင်လည်း ခေါင်းမှ ခြေဖျားအထိ အနာစိမ်းများ ကူးစက်ဖြစ်ပွားခဲ့သည်၊ သူသည် အလွန်ကြီးမားသည့် စိတ်ပိုင်းဆိုင်ရာနှင့် ရုပ်ပိုင်းဆိုင်ရာ နာကျင်မှုကို ခံစားခဲ့ရသည်။ သို့သော်လည်း သူက ဘုရားသခင်က ဤအရာများအားလုံးကို သူ့အား အဘယ့်ကြောင့် ခံစားစေရကြောင်း ဘုရားသခင်ထံ မညဉ်းတွားခဲ့သကဲ့သို့ သူ့ဆင်းရဲဒုက္ခခံစားခြင်းများကို ယူသွားဖို့ ဘုရားသခင်ကို မတောင်းဆိုခဲ့ပါ။ ထိုအစား သူက ပထမဦးစွာ ဘုရားသခင်၏ အလိုတော်ကို ရှာဖွေဖို့ ဆက်ကပ်အပ်နှံပြီး၊ ဆုတောင်းခဲ့သည်။ သူပိုင်ဆိုင်သမျှသည် သူ၏ ကြိုးစားမှုကြောင့် ရခဲ့ခြင်းမဟုတ်ပဲနှင့် ဘုရားသခင်က အပ်နှင်းခဲ့ခြင်းဖြစ်ကြောင်း သူ အသိအမှတ်ပြုခဲ့သည်။ ဘုရားသခင်က ပေးသည်ဖြစ်စေ၊ ပြန်ယူသည်ဖြစ်စေ၊ ဖန်ဆင်းခံသတ္တဝါများအနေဖြင့် ကျွန်တော်တို့က ဘုရားသခင်၏ အုပ်စိုးမှု နှင့် စီစဉ်မှုများကို အလိုအလျောက် ဆက်ကပ်အပ်နှံသင့်ပါသည်။ ကျွန်တော်တို့က ဘုရားသခင်ထံမှ လိုအပ်ချက်များ သို့မဟုတ် မည်သည့် ညဉ်းတွားခြင်း တစ်စုံတစ်ရာမျှ မရှိသင့်ပါ။ ဤသည်မှာ လူသားများအနေဖြင့် ကျွန်တော်တို့ ပိုင်ဆိုင်သင့်သည့် အသိစိတ်ဖြစ်သည်။ ယောဘက "ငါသည် အမိဝမ်းထဲက အဝတ်အချည်းစည်း ထွက်လာရ၏၊ အဝတ်အချည်းစည်းဖြင့်ပင် ငါပြန်သွားရမည်။ ယေဟောဝါသည် ပေးတော်မူ၏၊ ပြီးလျှင် ယေဟောဝါသည် ပြန်နူတ်သိမ်းတော်မူ၏၊ ယေဟောဝါ၏ နာမတော်သည် မင်္ဂလာရှိပါစေဟု ဆိုလေ၏။" (ယောဘ ၁:၂၀-၂၁) ဟု ပြောခဲ့သည်။ ယောဘက ဘုရားသခင်အတွက် သူ၏ ကြောက်ရွံ့ရိုသေမှု၊ နာခံမှု နှင့် ယုံကြည်ခြင်းတို့ကို မှီခိုခြင်းအားဖြင့် ဘုရားသခင်အတွက် ထူးကဲသည့် သက်သေခံခြင်းဖြင့် အဆုံးသတ်ခဲ့သည်။ ကျွန်တော်တို့က ယောဘ၏ စံနမူနာမှ သင်ယူသင့်ပြီး၊ ကျွန်တော်တို့ အယူအဆများနှင့် မကိုက်ညီသည့် အရာတစ်စုံတစ်ခုကို ကြုံရသည့်အချိန်တွင်၊ ကျွန်တော်တို့က ဘုရားသခင် ရှေ့တော်မှောက်တွင် ပထမဦးစွာ မိမိကိုယ်ကို ဆိတ်ငြိမ်စေပြီး၊ ဘုရားသခင်၏ အလိုတော်ကို ရှာဖွေရန် ကမန်းကတန်း ဆုတောင်းရမည်၊ ပြီးလျှင် ကျွန်တော်တို့ ဘုရားသခင်ကို သက်သေရပ်တည်နိုင်ရန် နှင့် စိတ်ကျေနပ်စေရန် ဆုတောင်းရမည်။ ဤသည်မှာ ကျွန်တော်တို့ လက်တွေ့လုပ်ဆောင်ခြင်း၏ အရေးအကြီးဆုံးသော ရှုထောင့်ဖြစ်သည်။ ဤနည်းအားဖြင့် ဘုရားသခင်က ကျွန်တော်တို့ကို ဦးဆောင်လမ်းပြနိုင်သည်။ ကျွန်တော်တို့သည် စမ်းသပ်မှုများမှတစ်ဆင့် ကျွန်တော်တို့၏ သက်သေခံချက်တွင် ခိုင်မာစွာ ရပ်တည်နိုင်ရန် ကိုယ်တော်က ကျွန်တော်တို့ ရင်ဆိုင်ရနိုင်သည့် အဟန့်အတားများမှ ကူညီကျော်ဖြတ်ပေးဖို့ ယုံကြည်မှုနှင့် ခွန်အားတို့ကို ကျွန်တော်တို့ကို ပေးနိုင်ပါသည်။

ဤသည်တို့မှာ ကျွန်တော်တို့ ဆုတောင်းခြင်းတွင် ဖြေရှင်းရမည့် ပြဿနာသုံးရပ်ဖြစ်ပါသည်။ ကျွန်တော်တို့၏ နေ့စဉ်အသက်တာများတွင် ဤအခြေခံသဘောတရားများအတိုင်း လက်တွေ့လုပ်ဆောင်ပြီး၊ ဝင်ရောက်သမျှကာလပတ်လုံး၊ ညီအစ်ကိုမောင်နှမများ၊ ကျွန်တော်တို့အားလုံး တစ်ခါမှ အိပ်မက်မမက်ဖူးသည့် ဆုလာဘ်များကို ရိတ်သိမ်းလိမ့်မည်ဖြစ်ကြောင်း ကျွန်တော် စိတ်ချလက်ချယုံကြည်ပါသည်။

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

ရှင်မဿဲခရစ်ဝင်ကျမ်း အခန်းကြီး (၂၅) ၏ အဓိပ္ပာယ်ဖွင့်ဆိုချက်- သခင့်ကိုကြိုဆိုရန် ပညာသတိရှိသော သတို့သမီးများဖြစ်လာနည်း

မကြာခဏဖြစ်ပွားတတ်သည့် ကပ်ဘေးများနှင့် သွေးရောင်လွှမ်းသောလ ပေါ်ထွန်းခြင်းတို့နှင့်အတူ သခင်၏ ပြန်ကြွလာခြင်းဆိုင်ရာ နိမိတ်လက္ခဏာများမှာ ယခုတွင် သိသာထင်ရှားလာနေသည်။ ဤအရေးကြီးသော အခါသမယတွင် ကျွန်ုပ်တို့သည် မည်သို့အားဖြင့် ပညာသတိရှိသော သတို့သမီးများဖြစ်ပြီး သခင့်ကို လက်ခံကြိုဆိုနိုင်မည်နည်း။ အဖြေများကို ဤဆောင်းပါးထဲတွင် သင်တွေ့နိုင်သည်။

ကမ္ဘာကြီးသည် ကပ်ဘေးဖြင့် ပတ်ချာဝိုင်းနေသည်- ချီဆောင်ခြင်း မည်သည့်အချိန်တွင် ဖြစ်ပေါ်မည်နည်း

ဘက်ကီ၊ အမေရိကန် ယနေ့ခေတ်တွင် ကမ္ဘာတစ်ဝှမ်းမှ ကပ်ဘေးများသည် ယခင်ကထက် ပို၍ ပြင်းထန်လာခဲ့သည်။ သတင်းများသည် ပလိပ်များ၊ ငလျင်များ၊...

ရှင်မဿဲခရစ်ဝင်ကျမ်း ၂၄:၃၆- “ထိုအချိန်နာရီကိုကား အဘယ်သူမျှမသိ။”၏ နောက်ကွယ်မှ နက်နဲမှု

ရှင်းဂျီ အနီရောင် လကြတ်ခြင်းလေးခု ပေါ်ထွန်းခဲ့ပြီး၊ ငလျင်များ၊ အစာငတ်မွတ်ခြင်းနှင့် ကူးစက်ရောဂါများ တို့ကဲ့သို့ ဘေးဒုက္ခများသည် တိုး၍...

အပြစ်ဆိုသည်မှာ အဘယ်နည်း။ ခရစ်ယာန်များသည် အပြစ်ကို မည်သို့ဖယ်ရှားနိုင်သနည်း

သခင်ယေရှု ပြောခဲ့သည်မှာ- “ငါအမှန်အကန်ဆို သည်ကား၊ ဒုစရိုက်ကို ပြုသမျှသောသူတို့သည် ဒုစရိုက်ကျွန်ဖြစ်၏။ ကျွန်သည်ကား အိမ်၌ အစဉ်အမြဲနေသည်မဟုတ်။...

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။