၉၇၁ ဘုရား၏အကွယ်အကာအောက်တွင် လူတို့ကြီးထွားကြ၏ကျူး

၁ စာတန်က လူသားကို ဖျက်ဆီးသည့်အခါတိုင်း သို့မဟုတ် ပြင်းထန်သော အန္တရာယ် ရောက်စေသည့်အခါတိုင်းတွင် ဘုရားသခင်သည် သူရွေးချယ်ထားသော လူတို့ကို ဘေးဖယ်ထားခြင်း သို့မဟုတ် မသိကျိုးကျွန်ပြုခြင်း မရှိပေ။ ယင်းအစား၊ မည်သည့်အာရုံကိုမျှ ဆွဲဆောင်ခြင်းမရှိဘဲလိုအပ်သော အရာတိုင်းကို ဘုရားသခင်သည် ပြုလေသည်။ သူသည် သင့်အတွက် မိသားစုတစ်စုကို ရွေးချယ်သည်။ သင်မွေးဖွားလာမည့် နေ့စွဲကို သူ ရွေးချယ်၏။ ထို့နောက်၊ သင် ငိုယိုမွေးဖွားကာ လောကထဲ ရောက်လာစဉ် ဘုရားသခင်က စောင့်ကြည့်၏။ သင်က ပထမဆုံးသော စကားများ ဟသည်ကို စောင့်ကြည့်၏၊ သင်က မည်သို့ လမ်းလျှောက်ရမည်ကို သင်ယူသည်နှင့်အမျှ ဒယိမ်းဒယိုင်ဖြစ်ကာ တော့တီးတော့တ ဖြစ်သည်ကို သူစောင့်ကြည့်၏။...ကြီးပြင်းခြင်းဖြစ်စဉ်တွင် နာမကျန်း ဖြစ်ခြင်း စိတ်ပျက်ခြင်းများ ကဲ့သို့သော သင် မကြိုက်နှစ်သက်သည့် အရာများစွာ တွေ့ကြုံနိုင်သည်။ သို့သော် ဤလမ်းကို သင် လျှောက်သည်နှင့်အမျှ၊ သင်၏ အသက်တာနှင့် သင်၏အနာဂတ်သည် ဘုရားသခင်၏ ဂရုစိုက်မှုအောက်၌ လုံးဝ ရှိ၏။ သင်သည် ဘုရားသခင်၏ စူးစိုက်ကြည့်ခြင်းအောက်တွင် အသက်ရှင်သည်၊ ကြီးပြင်းကာ အရွယ်ရောက်၏။

၂ ဘုရားသခင် ပြုရမည့် အရေးကြီးဆုံးအရာမှာ သင်၏ဤဘေးကင်းရေးကို အာမခံချက် ပေးရန်၊ သင့်အနေဖြင့် စာတန်၏ ဝါးမျိုခြင်းကို ခံရမည် မဟုတ်ဟူသော အာမခံချက် ပေးရန် ဖြစ်သည်။ လူ့ဘဝ၏ ရှည်လျားသော လမ်းကြောင်းတွင်၊ လူအယောက်စီတိုင်းနီးပါး အန္တရာယ်ရှိသော အခြေအနေများစွာကို ကြုံဖူးသကဲ့သို့ ဖြားယောင်း သွေးဆောင်မှုများစွာကို ရင်ဆိုင်ဖူးကြ၏။ ဤသည်မှာ စာတန်သည် သင်၏အနားတွင် ရပ်နေသောကြောင့်၊ ၎င်း၏မျက်လုံးတို့သည် သင့်အပေါ် စဉ်ဆက်မပြတ် စူးစိုက်ကြည့် နေသောကြောင့် ဖြစ်သည်။ သင့်ကို ဘေးဒုက္ခရိုက်ခတ်သည့်အခါ၊ သင့်အပေါ် ကပ်ဘေးများ ကျရောက်သည့်အခါ၊ ဤအရာ၌ စာတန် အကြိုက်တွေ့ လေသည်။ စာတန်၏ ကွန်ယက်တွင် သင် ငြိတွယ်ခံရသည့်အခါတွင်၊ ဤအရာများမှ ကြီးစွာသော ပျော်ရွှင်မှုကို စာတန်က ရယူလေသည်။ သို့သော် ဘုရားသခင်သည် သင့်အား ကုန်လွန်သည့်အချိန်တိုင်းတွင် ကာကွယ် ပေးလျက်ရှိကာ၊ ကံဆိုးခြင်းတစ်ခုပြီး တစ်ခုမှ လည်းကောင်း၊ ဘေးဒုက္ခတစ်ခုပြီး တစ်ခုမှ လည်းကောင်း သင့်ကို ထိန်းကျောင်းပေးနေ၏။ ထို့ကြောင့် လူသားတွင် ရှိသောအရာ အားလုံးဖြစ်သည့် ငြိမ်းချမ်းမှုနှင့် ပျော်ရွှင်မှု၊ ကောင်းချီးမင်္ဂလာများနှင့် တစ်ကိုယ်ရေဘေးကင်းရေးတို့သည် ဘုရားသခင်၏ ထိန်းချုပ်မှုအောက်တွင် အားလုံး ရှိကြသည်။ သူသည် လူတစ်ဦးစီတိုင်း၏ ကံကြမ္မာကို ဆုံးဖြတ်ပေး၏။

၃ သူသည် လူတိုင်းကို လက်ဆွဲခေါ်ကာ ဦးဆောင်ပြီး၊ သင့်အား ကုန်လွန်သွားသည့် အချိန်တိုင်းတွင် စောင့်ရှောက်သကဲ့သို့၊ သင့်အနားမှလည်း တစ်ခါမျှ မခွာခဲ့ချေ။ လူတို့သည် ဤကဲ့သို့သောပတ်ဝန်းကျင်မျိုးနှင့် ဤကဲ့သို့သော နောက်ခံမျိုးတွင် ကြီးပြင်းသည်နှင့်အမျှ၊ လူတို့သည် အမှန်တွင် ဘုရားသခင်၏ လက်ဖဝါးပေါ်တွင် ကြီးပြင်းသည်။ ဘုရားသခင် ပြုသော ဤအရာတို့သည် လူသားထံသို့ ကောင်းချီးများ၊ ငြိမ်သက်ခြင်းနှင့် ဝမ်းမြောက်မှုတို့ကို ဆောင်ကြဉ်း၏။ ထို့နောက် လူတို့သည် ဘုရားသခင်၏ ရှေ့မှောက်တွင် အသက်ရှင်ပြီး ပုံမှန် ဆင်ခြင်တုံတရားနှင့် တွေးခေါ်မှုတို့ဖြင့် ဘုရားသခင်၏ ကယ်တင်ခြင်းကို လက်ခံကြလေသည်။ ဘုရားသခင်သည် သစ္စာနှင့် ပြည့်စုံတော်မူသကဲ့သို့၊ သူ ပြုသောအရာတိုင်း၌ စစ်မှန်၏။ သူသည် လူတို့ အားထားနိုင်သည့် တစ်ဦးတည်းသောသူဖြစ်၏။ သူသည် လူတို့အနေဖြင့် ၎င်းတို့၏အသက်တာများနှင့် ၎င်းတို့ရှိသမျှ အရာတိုင်းကို အပ်နှံနိုင်သည့် တစ်ဦးတည်းသောသူလည်း ဖြစ်သည်။

“နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၆)” ကို ကောက်နုတ်၍ ဆီလျော်စွာ ပြုပြင်ထားသည်

အရှေ့သို့- ၉၇၀ ဘုရား၏ သန့်ရှင်းသော အနှစ်သာရကို နားလည်ရန် အလွန်အရေးကြီး၏ကျူး

နောက်တစ်ခုသို့- ၉၇၂ လူ့အသက်တာကို အစဉ်တစိုက် ဘုရားလမ်းပြ၏ကျူး

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

၂၄၆ နောက်ထပ် လူပေါင်းများစွာ ကယ်တင်ခြင်းရဖို့ ဘုရားသခင် အလိုရှိတယ်

၁ ဘုရားရဲ့နှုတ်ကပတ်တော်နဲ့ အမှုတော်ကို ကြုံရစဉ်အရေးကြီးတဲ့ ထိုနှုတ်ကပတ်တော်ကို ကိုင်းရှိုင်းတဲ့နှလုံးသားနဲ့ တိုးဝင်ကာ၊စေ့စေ့လေ့လာဖို့...

၄၃ အရာအားလုံး ဘုရား၏လက်ထဲမှာ

၁ တစ်ချိန်ကဘုရားသခင် က ဒီလိုပြောခဲ့တယ်ဘုရားသခင်ပြောသမျှသည် အတည်ဖြစ်ပြီး၊ ဖြစ်လာလိမ့်မယ်။ဘယ်သူမှ ပြောင်းလဲလို့မရပါ။ပြောခဲ့တဲ့စကားဖြစ်ဖြစ်...

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။