၉၇၂ လူ့အသက်တာကို အစဉ်တစိုက် ဘုရားလမ်းပြ၏ကျူး

၁ ဘုရားသခင်သည် လူသားကို ဖန်ဆင်းခဲ့ပြီး၊ ထိုအချိန်ကတည်းက လူသားမျိုးနွယ်၏အသက်တာကို အစဉ်အမြဲ လမ်းပြပြီးဖြစ်သည်။ လူသားမျိုးနွယ်အပေါ် ကောင်းချီးမင်္ဂလာများ အပ်နှင်းရာတွင်ဖြစ်စေ၊ လူများအတွက် ပညတ်တရားများနှင့် ပညတ်ချက်များကို ဖန်တီးရာတွင်ဖြစ်စေ၊ သို့မဟုတ် အသက်တာအတွက် အမျိုးမျိုးသော စည်းမျဉ်းများကို ပြဋ္ဌာန်းရာတွင် ဖြစ်စေ၊ ဘုရားသခင် ပြုသမျှသည် လူသားကို သာမန်ဘဝတစ်ခုအား အသက်ရှင်ခြင်းဆီသို့ ဦးဆောင်ကာ လမ်းပြဖို့ ရည်ရွယ်သည်။ ယင်းက လူသားကို သူ၏စည်းမျဉ်းစည်းကမ်းများအား လိုက်နာစေခြင်း ဖြစ်စေ၊ သို့မဟုတ် သူ၏ပညတ်တရားများကို စောင့်ထိန်းခြင်းဖြစ်စေ၊ လူသားအတွက် ဘုရားသခင်၏ ရည်ရွယ်ချက်မှာ စာတန်ကို ကိုးကွယ်ခြင်းထဲသို့ လူသားကို မကျရောက်စေဖို့နှင့် စာတန်၏ အန္တရာယ်ပေးခြင်းကို မခံရစေရန်ဖြစ်သည်။ ဤသည်မှာ အခြေခံကျဆုံး ဖြစ်ပြီး တကယ့်အစအဦးတွင် လုပ်ဆောင်ခဲ့သည့်အရာ ဖြစ်သည်။ သူသည် လူသားအပေါ် ထားရှိသော အစီအစဉ်များနှင့် ရည်ရွယ်ချက်များ ရှိသော်လည်း ထိုအရာမှ မည်သည့်အရာမျှ သူကိုယ်တိုင်အတွက် မဟုတ်ပေ။ သူလုပ်သမျှ အရာရာသည် လူသားတွေအတွက် သက်သက် လုပ်ဆောင်ခြင်းဖြစ်သည်၊ လူသားမျိုးနွယ်ကို ကာကွယ်ရန်၊ လူသားမျိုးနွယ်ကို လမ်းလွဲသွားခြင်းမှ ထိန်းသိမ်းရန် ဖြစ်သည်။

၂ သမ္မာတရားကို သင်နားမလည်သည့်အခါ ဘုရားသခင်သည် သင့်ကို အလင်းထွန်းလင်းစေပြီး ။ ဤသည်မှာ သမ္မာတရားနှင့် ကိုက်ညီခြင်းမရှိဟု သင့်ကို ရှင်းရှင်းလင်းလင်း ပြောရင်း၊ သင်မည်သည့်အရာ လုပ်သင့်သည်ကို သူပြောလေသည်။ ဘုရားသခင်က သင့်ကို လမ်းပြသည့်အခါ၊ သင့်ကို သူထောက်ပံ့ပေးသည့်အခါ၊ သင့်ကို ကူညီပြီး အားပေးသည့်အခါ၊ ဘုရားသခင် မည်မျှ ဖော်ရွေသည်၊ သူ လှုံ့ဆော်သည့် ကြည်ညိုမှုတို့ကို သင်ခံစားရ၏။ သူမည်မျှ နှစ်လိုဖွယ်ဖြစ်သည်ကို သင် ခံစားရသည်၊ သူ၏ နွေးထွေးမှုကို သင်ခံစားရသည်။ ဘုရားသခင်သည် ဖောက်ပြန်ပျက်စီးခြင်းနှင့်ပတ်သက်၍ သင့်ကို အပြစ်တင်သည့်အခါ၊ သို့မဟုတ် သူ့ကို ဆန့်ကျင်ပုန်ကန်ခြင်းအတွက် သင့်ကို သူတရားစီရင်ပြီး ဆုံးမပဲ့ပြင်သည့်အခါ၊ သူသည် သင့်ကို နှုတ်ကပတ်တော်များဖြင့် အပြစ်တင်သည်။ ပတ်ဝန်းကျင်မှတစ်ဆင့်၊ လူများ၊ ကိစ္စရပ်များနှင့် အမှုအရာများမှတစ်ဆင့် သင့်ကို သူဆုံးမပဲ့ပြင်သည်။ ဘုရားသခင်သည် သိမ်မွေ့သည့်၊ နူးညံ့သည့်၊ ချစ်ခင်ဖွယ်ဖြစ်ပြီး ဂရုတစိုက်ရှိသည့် နည်းလမ်း၊ အထူး ချင့်ချင့်ချိန်ချိန်ရှိပြီး သင့်လျော်သည့် နည်းလမ်းတစ်ခုဖြင့် အမှုပြုပေသည်။ သူ၏ နည်းလမ်းက သင့်အထဲတွင် ပြင်းထန်သော ခံစားချက်ဆိုင်ရာ တုန့်ပြန်မှုများ မဆွပေးပေ။ ဘုရားသခင်သည် သည်းမခံနိုင်လောက်အောင် ဖြစ်စေသည့် ထိုသို့ စိတ်ပိုင်းဆိုင်ရာ သို့မဟုတ် ခံစားချက်ဆိုင်ရာ ပြင်းပြမှုမျိုးကို သင့်အား လုံးဝ မပေးပေ။

၃ ဘုရားသခင်သည် လူသားကို အစဉ်မပြတ် ထောက်ပံ့၊ အားပေးရန် သူ၏ နှုတ်ကပတ်တော်များ၊ သူ၏သမ္မာတရားနှင့် သူ၏အသက်ကို အသုံးပြုလေသည်။ သူ၏ လူသားကို ချစ်ခြင်း၊ လူသားကို သူ၏ တန်ဖိုးထားခြင်းနှင့် မြတ်နိုးခြင်းတို့ကို ဝါကျတစ်ကြောင်း နှစ်ကြောင်းမျှဖြင့် ရှင်းရှင်းလင်းလင်း ဖော်ပြ၍ မရနိုင်ပေ။ ယင်းမှာ လူသား၏ ကြွားဝါမှုအားဖြင့် ဖြစ်ပေါ်လာသည့် အရာတစ်ခု မဟုတ်ဘဲ စစ်မှန်သည့် လက်တွေ့လုပ်ဆောင်မှုဖြင့် ဘုရားသခင် ထုတ်ဆောင်သည့် အရာတစ်ခု ဖြစ်သည်။ ယင်းမှာ ဘုရားသခင်၏ အနှစ်သာရနှင့် သက်ဆိုင်သည့် ဖွင့်ပြချက်ဖြစ်သည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များ၊ လူသားအပေါ် ဘုရားသခင်အမှုပြုသည့် မတူကွဲပြားသော နည်းလမ်းများ၊ လူကို ဘုရားသခင် ပြောပြသည့်အရာ၊ လူကို ဘုရားသခင် သတိပေးသည့်အရာ၊ သူအကြံဉာဏ်ပေးပြီး ခွန်အားပေးသည့် အရာအပါအဝင်၊ လူကို ဘုရားသခင် ပေးသည့်အရာအားလုံး- ထိုအရာအားလုံးသည် ဘုရားသခင်၏ သန့်ရှင်းခြင်းတည်းဟူသော အနှစ်သာရ တစ်ခုတည်းမှ ပေါ်ပေါက်ပေသည်။

“နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၄)” ကို ကောက်နုတ်၍ ဆီလျော်စွာ ပြုပြင်ထားသည်

အရှေ့သို့- ၉၇၁ ဘုရား၏အကွယ်အကာအောက်တွင် လူတို့ကြီးထွားကြ၏ကျူး

နောက်တစ်ခုသို့- ၉၇၃ ဘုရားပြုမူပြောဆိုသမျှသည် သမ္မာတရားဖြစ်၏ကျူး

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

၅၀၁ ဇာတိပကတိအား စွန့်လွှတ်ခြင်း

၁ဆင်းရဲဒုက္ခရင်ဆိုင်ဖို့ လိုအပ်တဲ့ အခြေအနေတစ်ခု ဖြစ်လာ ရင်ထိုအချိန် ဘုရား၏အလိုတော်ကို သိရှိ နားလည်ပါကိုယ့်ကိုယ်ကို ကျေနပ်မနေပါနဲ့၊...

၉၃၆ ခပ်သိမ်းသောအရာတို့ တည်ရှိသည့် နိယာမများကို ဘုရားသခင် အုပ်စိုး၏

၁ လူသားတို့က ဘုရားသခင် တည်ရှိသည်ကို ဝန်မခံသကဲ့သို့၊ ဖန်ဆင်းရှင်က အရာအားလုံးကို ပြုလုပ်ပြီး အုပ်စိုးသည်ဆိုသည့်အချက်ကို လက်မခံသော်လည်း၊...

၁၀၁၈ ဘုရားရဲ့ အောင်နိုင်မှုသင်္ကေတများ

၁လူတို့ကို နဂိုပုံစံအတိုင်းပြန်ဖြစ်စေတယ်သူတို့တာဝန် သူတို့ကျေပွန်ပြီး ကိုယ့်နေရာမှာကိုယ်နေဘုရားရဲ့အစီအစဉ်အားလုံးကို နာခံမယ်ဘုရားသည်...

၄၉၆ အသက်တာ တိုးပွားရန် သမ္မာတရားကို ပိုမိုလက်တွေ့လိုက်လျှောက်ပါ

၁လူတို့လိုအပ်နေသော သမ္မာတရားကိုဘုရား၏ နှုတ်ကပတ်တော်၌ တွေ့ရသည်။ထိုသမ္မာတရားသည် လူသားတို့အားအကျိုးကျေးဇူး အများဆုံး ဖြစ်စေသည်။၎င်းသည်...

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ဘုရားသခင်ကို ယုံကြည်သူများ ဝင်ရောက်ရမည့် သမ္မာတရားစစ်မှန်မှုများ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၁ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၃ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၄ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၅ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။