ဘုရားပြုမူပြောဆိုသမျှသည် သမ္မာတရားဖြစ်၏ကျူး
၁ စာတန်၏ ဆိုးယုတ်သည့် သဘာဝနှင့် လူသား၏ အကျင့်ပျက်သည့် စိတ်သဘောထားနှင့်ပတ်သက်၍ ဘုရားသခင်သည် လူများနှင့် မည်သည့်အခါမျှ ငြင်းခုန်လေ့ သို့မဟုတ် အလဟသ စကားများလေ့မရှိဘဲ၊ လူများက မသိနားမလည်မှုနှင့် ပြုလုပ်သောအခါတွင် သူသည် မည်သည့်အခါမျှ ရေးကြီးခွင်ကျယ် လုပ်လေ့မရှိ။ လူတို့၌ရှိသော အရာဝတ္ထုများအပေါ်တွင် ဘုရားသခင်သည် လူများနှင့် အလားတူ အမြင်မျိုး ကိုင်စွဲထားခြင်း မရှိသည်ကို တွေ့ရလိမ့်မည်ဖြစ်ပြီး ထိုမျှသာမက လူတို့၏ ရှုထောင့်အမြင်များ၊ သူတို့၏ အသိပညာများ၊ သူတို့၏ သိပ္ပံပညာ သို့မဟုတ် သူတို့၏ ဒဿနအမြင် သို့မဟုတ် အမှုအရာများကို ကိုင်တွယ်ရန် လူသားတို့၏ စိတ်ကူးများကို သူအသုံးပြုသည်ကို တွေ့ရလိမ့်မည် မဟုတ်။ ယင်းအစား ဘုရားသခင် လုပ်ဆောင်သမျှ အရာခပ်သိမ်းနှင့် သူထုတ်ဖော်သမျှတို့သည် သမ္မာတရားနှင့် ဆက်စပ်နေသည်။ ဆိုလိုသည်မှာ၊ သူပြောခဲ့သော နှုတ်ကပတ်တော်တိုင်းနှင့် သူလုပ်ဆောင်ခဲ့သော အမှုအရာတိုင်းသည် သမ္မာတရားနှင့် စပ်ဆိုင်သည်။
၂ ဤသမ္မာတရားသည် အခြေမဲ့သော စိတ်ကူးမဟုတ်ဘဲ၊ ဘုရားသခင်၏ အနှစ်သာရနှင့် သူ၏ အသက်တာအတွက်ကြောင့် ဘုရားသခင်သည် ဤသမ္မာတရားနှင့် ဤစကားများကို ထုတ်ဖော်သည်။ အဘယ်ကြောင့်ဆိုသော် ဤနှုတ်ကပတ်တော်များနှင့် ဘုရားသခင် လုပ်ဆောင်ခဲ့သမျှ အရာခပ်သိမ်း၏ အနှစ်သာရသည် သမ္မာတရား ဖြစ်သည်၊ ဘုရားသခင်၏ အနှစ်သာရသည် သန့်ရှင်းသည်ဟု ငါတို့ပြောနိုင်သည်။ တစ်နည်းအားဖြင့်ဆိုသော်၊ ဘုရားသခင် ပြောဆိုလုပ်ကိုင်ခဲ့သမျှ အရာခပ်သိမ်းတို့သည် လူများအတွက် အသက်ရှင်သန်ခြင်းနှင့် အလင်းကို ယူဆောင်လာပေးသည်။ လူများကို ကောင်းသော အရာများနှင့် ထိုကောင်းသောအရာများ၏ စစ်မှန်မှုကို မြင်ခွင့်ပေးပြီး သူတို့သည် လမ်းမှန်ပေါ်တွင် လျှောက်လှမ်းကောင်းလျှောက်လှမ်းရန်အလို့ငှာ ယင်းက လူသားမျိုးနွယ်ကို လမ်းညွှန်ပေးသည်။ ဘုရားသခင်၏ အနှစ်သာရကြောင့် ဤအရာများကို ချမှတ်ထားပေးပြီး ဘုရားသခင်၏သန့်ရှင်းခြင်း အနှစ်သာရအားဖြင့် သူတို့ကို ချမှတ်ပေးထားသည်။
နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၅)” ကို ကောက်နုတ်၍ ဆီလျော်စွာ ပြုပြင်ထားသည်။