၉၇၄ ခေတ်သစ်၏ ပညတ်တော်များကျူး

ယခုအချိန်သည် ပညတ်တော်ခေတ် မဟုတ်သော်လည်း၊ ပညတ်တော်ခေတ်တွင် ပြောဆိုထားသည့် နှုတ်ကပတ်တော်များကဲ့သို့ အလားတူညီသည့် လိုက်နာစောင့်ထိန်းသင့်သော နှုတ်ကပတ်တော်များစွာ ရှိနေဆဲ ဖြစ်သည်။ ထိုနှုတ်ကပတ်တော်တို့ကို သန့်ရှင်းသော ဝိညာဉ်တော်၏ တို့ထိမှုအပေါ် အမှီပြုရုံမျှဖြင့် ဆောင်ရွက်ထားခြင်းမဟုတ်ဘဲ၊ လူသားအနေဖြင့် လိုက်နာစောင့်ထိန်းသင့်သည့် အရာတစ်ခု ဖြစ်ပါသည်။

၁ လက်တွေ့ကျသော ဘုရားသခင်၏ အမှုအပေါ် သင့်အနေဖြင့် ဝေဖန်အကဲဖြတ်မှု မပြုသင့်ပေ။ ဘုရားသခင်၏ သက်သေပြုခြင်း ခံရသောသူကို သင်သည် မဆန့်ကျင်သင့်ပေ။ ဘုရားသခင်၏ ရှေ့မှောက်တွင်၊ သင်၏ နေရာကို ထိန်းသိမ်း ရမည်ဖြစ်ပြီး၊ သောက်စားပျော်ပါးတွင် မမွေ့လျော်ရ။ စကားပြောရာတွင် သင်သည် သင့်တင့်မျှတရမည်ဖြစ်ပြီး၊ သင်၏ စကားများနှင့် လုပ်ရပ်များက ဘုရားသခင်၏ သက်သေပြုခြင်း ခံရသည့် လူနှင့်ဆိုင်သော အစီအစဉ်များကို လိုက်နာရမည်။ ဘုရားသခင်၏ သက်သေခံချက်ကို သင် ရိုသေလေးမြတ် သင့်သည်။ သင်သည် ဘုရားသခင်၏ အမှုနှင့် သူ၏နှုတ်မှ နှုတ်ကပတ်တော်များကို လျစ်လျူမရှုသင့်ပေ။ သင်သည် ဘုရားသခင်၏ မိန့်မြွက်ချက်များ၏ သဘောသွားနှင့် ရည်မှန်းချက်များကို မတုပရ။ အပြင်ပန်းတွင်၊ သင်သည် ဘုရားသခင်၏ သက်သေပြုခြင်း ခံရသူအား သိသာထင်ရှားစွာ ဆန့်ကျင်သည့် မည်သည့်အရာကိုမဆို မလုပ်ဆောင်ရ။

၂ ယနေ့တွင်၊ အောက်ဖော်ပြပါ အရာများထက် မည်သည့်အရာမျှ လူသားအတွက် လိုက်နာစောင့်ထိန်းရန် သာ၍ အရေးမကြီးပေ- သင်သည် သင့်မျက်စိရှေ့တွင် ရပ်နေသော ဘုရားသခင်အား နားပူနားဆာ လုပ်ဖို့ သို့မဟုတ် သူ့ထံမှ မည်သည့်အရာကိုမျှ ဖုံးကွယ်ဖို့ မကြိုးစားရ။ သင်၏ ရှေ့တွင် ရှိနေသော ဘုရားသခင်၏ ရှေ့မှောက်တွင် ညစ်ညူးမှု သို့မဟုတ် မာနထောင်လွှားသော စကားကို မမြွက်ရ။ သူ၏ ယုံကြည်ကိုးစားမှုကို ရရှိဖို့ ပျားသကာလောင်းသောစကားများနှင့် မျှတသော စကားများဖြင့် သင့်မျက်စိရှေ့ရှိ ဘုရားသခင်ကို မလှည့်စားရ။ ဘုရားသခင်၏ ရှေ့မှောက်တွင် မလေးမခန့် မပြုမူရ။ ဘုရားသခင်၏ နှုတ်မှ ပြောဆိုသောအရာအားလုံးကို သင် နာခံရမည် ဖြစ်ပြီး၊ သူ၏ နှုတ်ကပတ်တော်များကို အတိုက်အခံ မလုပ်ရ၊ မဆန့်ကျင်ရ သို့မဟုတ် ငြင်းခုံခြင်း မပြုရ။ ဘုရားသခင်၏ နှုတ်မှ ပြောဆိုသော စကားများကို သင့်တော်သည်ဟု သင်မှတ်ယူသည့်အတိုင်း အနက်အဓိပ္ပာယ် ပြန်ဆိုခြင်း မပြုရ။ ဆိုးယုတ်သောသူတို့၏ လှည့်ဖြားတတ်သော အကြံအစည်များထဲသို့ သားကောင်ဖြစ်စေခြင်းကို ရှောင်ရှားရန် သင်၏ နှုတ်ကို စောင့်ထိန်းသင့်သည်။ ဘုရားသခင်က သင့်အတွက် ချမှတ်ထားသော နယ်နိမိတ်များကို ကျူးကျော်ခြင်းအား ရှောင်ရှားဖို့ သင်၏ ခြေလှမ်းများကို စောင့်ကြပ်သင့်သည်။ သင်သည် ကျုးကျော်မိပါက၊ ဤအရာက သင့်ကို ဘုရားသခင်၏ နေရာတွင် ရပ်တည်စေလိမ့်မည် ဖြစ်ပြီး၊ စိတ်ကြီးဝင်ပြီး ဟိတ်ဟန်များသော စကားများကို ဆိုစေလိမ့်မည်ဖြစ်ပြီး၊ ထိုသို့ဖြင့် ဘုရားသခင်၏ စက်ဆုပ်ခြင်းကို သင် ခံရလိမ့်မည်။

၃ ဘုရားသခင်၏ နှုတ်မှ ပြောဆိုသော စကားများကို လက်လွတ်စပယ် သင် မဖြန့်ဝေဘဲ၊ သူတစ်ပါးတို့အား သင့်ကို မလှောင်ပြောင်စေသင့်သကဲ့သို့ နတ်ဆိုးတို့အား သင့်ကို မလှည့်စားစေသင့်ပေ။ ယနေ့၏ ဘုရားသခင်၏ အမှုအားလုံးကို သင်နာခံရမည်။ ယင်းကို သင်နားမလည်လျှင်ပင် အကဲဖြတ်ဝေဖန်ခြင်း မပြုရ။ သင် လုပ်နိုင်သမျှအားလုံးမှာ ရှာဖွေပြီး မိတ်သဟာယပြုရန် ဖြစ်သည်။ ဘုရားသခင်၏ နဂိုမူလ နေရာကို မည်သူမျှ မကျူးကျော်ရ။ ယနေ့၏ ဘုရားသခင်အား လူ၏နေရာမှ အစေခံခြင်းမှလွဲ၍ အခြား မည်သည့် အရာကိုမျှ သင် လုပ်ဆောင်၍မရ။ ယနေ့၏ ဘုရားသခင်အား လူ၏နေရာမှ သင်သည် သွန်သင်၍ မရ- ထိုသို့လုပ်ဆောင်ဖို့ဆိုသည်မှာ ဆုံးဖြတ်ချက်လွဲမှားပေသည်။ ဘုရားသခင်၏ သက်သေပြုခြင်း ခံရသူ၏ နေရာတွင် မည်သူမျှ ရပ်တည်၍မရစကောင်း။ သင်၏စကားများ၊ လုပ်ရပ်များနှင့် အတွင်းကျကျ အတွေးများတွင် သင်သည် လူ၏ နေရာတွင် ရပ်တည်ပေသည်။ ဤအရာကို လိုက်နာရမည် ဖြစ်သည်၊ ယင်းသည် လူ၏ တာဝန်ဝတ္တရား ဖြစ်ပြီး၊ မည်သူမျှ ပြောင်းလဲ၍ မရနိုင်။ ပြောင်းလဲဖို့ ကြိုးပမ်းခြင်းသည် စီမံအုပ်ချုပ်ရေးဆိုင်ရာ အမိန့်များကို ချိုးဖောက်ရာ ရောက်ပေမည်။ ဤအရာကို အားလုံး သတိရသင့်သည်။

“နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ခေတ်သစ်၏ ပညတ်တော်များ” ကို ကောက်နုတ်၍ ဆီလျော်စွာ ပြုပြင်ထားသည်

အရှေ့သို့- ၉၇၃ ဘုရားပြုမူပြောဆိုသမျှသည် သမ္မာတရားဖြစ်၏ကျူး

နောက်တစ်ခုသို့- ၉၇၅ ခေတ်သစ်၏ ပညတ်တော်များသည် အလွန်နက်နဲလှပေ၏ကျူး

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

၂၁၇ သန့်ရှင်းသောဝိညာဉ်တော်ရဲ့ အမှုတော်သစ်အတိုင်းလိုက်နာ၍ ဘုရားရဲ့ချီးမွမ်းခြင်း ရယူပါ

၁ သန့်ရှင်းသောဝိညာဉ်တော်ရဲ့အမှုကို လိုက်နာတာ လူတွေ ယနေ့ဘုရားအလိုတော်ကို နားလည်၊ ဘုရားရဲ့တောင်းဆိုချက်အတိုင်း ပြုမူ၊ ဘုရားကို နာခံ၊...

၁၀၁၅ လူသားအပေါ် ဘုရား ပေးတဲ့ အကြီးမားဆုံး ကောင်းချီး

၁သခင်ဘုရားနှုတ်တော် စုံခြင်းဖြင့် နိုင်ငံရဲ့ပုံပေါ်ထွက်လာလူပြန်လှည့်ခြင်း အားဖြင့် မူလနေရာကို ဘုရားနိုင်ငံတည်လာဘုရားရဲ့လူတွေ နိုင်ငံထဲ...

၈၈၉ ဘုရားသခင် လူသားကို ကယ်တင် လို့သူလုံးဝ ကယ်တင်မယ်

၁ဘုရား လူသားကို ဖန်ဆင်းလို့ သူ ဦးဆောင်လမ်းပြကာ လူတွေကို ကယ်တင်လို့ သူ့ကို လုံးဝကယ်တင် ရရှိမယ် ဘုရား ဦးဆောင်လို့ လူသားတို့ပန်းတိုင်မှန်ကို...

၈၀၄ ဘုရားသခင်ကို သိကျွမ်းခြင်း အကျိုးရလဒ်

၁ဖန်ဆင်းရှင်ဟာ ပဟေဠိတစ်ပုဒ် မဟုတ်တော့တာ တစ်နေ့ သင်သိလာမယ် သိလာမယ်ဖန်ဆင်းရှင်ဟာ ဘယ်တော့မှ မပုန်းကွယ်၊မျက်နှာတော်လည်း ဘယ်တော့မှ သင့်ဆီက...

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။