ခေတ်သစ်၏ ပညတ်တော်များသည် အလွန်နက်နဲလှပေ၏ကျူး
၁ ခေတ်သစ်ကာလရှိ ပညတ်တော်၏ အနက်အဓိပ္ပါယ်သည် အတော်ထူးခြားလာသည်။ မြေကြီးပေါ်တွင် ဘုရားသခင်အမှန်တကယ် ပေါ် ထွန်းလာမည်၊ မြေကြီးတစ်ပြင်လုံးကို အစိုးရလိမ့်မည်၊ လူတို့ထဲ၌ ဘုန်းတော် ထင်ရှား စေလိမ့်မည်ဟု သူတို့ဆိုကြသည်။ လက်တွေ့ကျသောဘုရားသခင်သည် ဒီကမ္ဘာပေါ်၌ သူရွေး ချယ်ထားသည့်အရာအားလုံးကို ပြီးပြည့်စုံစေဖို့အလို့ငှာ ပိုမိုလက်တွေ့ကျသောအရာများကို ဆောင်ရွက် တော့မည်ဟုလည်း သူတို့ဆိုကြသေးသည်။ ထို့အပြင်၊ ဘုရားသခင်သည် နှုတ်ကပတ်တော်အားဖြင့် ကမ္ဘာပေါ်ရှိအရာခပ်သိမ်းကို ပြည့်စုံစေလိမ့် မည်။ “ကြီးမြတ်တော်မူသောသူကို လူမျိုးတကာဒူးထောက်ပြပ်ဝပ်ကိုးကွယ်လိမ့်မည်၊ လူသားခံယူသော ဘုရားသခင်သည် အမြင့်ဆုံးချီးမြှောက်ခြင်းခံပြီ” ဆိုသည်ကို ဖော်ပြလိမ့်မည်။ ခေတ်သစ်ကာလ၏ ပညတ်တော်သည် လူသားများ တာဝန်အရစောင့်ထိန်းရန်၊ သူ့ရဲ့တာဝန်ကိုပြည့်စုံစေရန်ဖြစ်သော် လည်း သူတို့ပုံဆောင်သည့်အနက်အဓိပ္ပါယ်သည် စကားလုံး တစ်လုံး (သို့) နှစ်လုံးဖြင့် ပြည့်စုံစွာ ဖော် ပြရန် အလွန်နက်ရှိုုင်းသည်။ ကာလသစ်၏ပညတ်တော်သည် ဓမ္မဟောင်းကျမ်းဥပဒေသနှင့် ဓမ္မသစ်ကျမ်း၏ စည်းမျဉ်းတို့ကို ယေရှုနှင့် ယေယောဝါဘုရားသခင် မိန့်တော်မူသည့်အတိုင်း အစားထိုးလာပြီ။ ထိုအရာသည် လူတို့ စိတ်ကူးထားသကဲ့သို့ ရိုးရှင်းသည့်အကြောင်းအရာမဟုတ်၊ ပိုမိုလေးနက်သော အဓိပ္ပါယ်ရှိသည်။
၂ ခေတ်သစ်ကာလ၏ ပညတ်တော်တွင် လက်တွေ့အနက် အဓိပ္ပါယ်ရှိသည့်အပိုင်းပါဝင်သည်။ ထိုပညတ်တော်တို့သည် ဘုရားသခင်နိုင်ငံတော်နှင့် ကျေးဇူးတော် ကာလနှစ်ခုကို ဆက်သွယ်ပေးသည်။ ခေတ်သစ်ပညတ်တော်သည် ကာလဟောင်းထဲက ဥပဒေသ များ၊ လုပ်ထုံးလုပ်နည်းများကိုအဆုံးသတ်စေသည်၊ ယေရှုခေတ်ကာလရဲ့လုပ်ထုံးလုပ်နည်းများ၊ ထိုခေတ် မတိုင်ခင်ရှိသည့် လုပ်ထုံးဓလေ့အားလုံးကို အဆုံးသတ်စေသည်။ သူတို့သည် လက်တွေ့ ကျသောဘုရားသခင်ထံ လူသားများကိုခေါ်ဆောင်လာပြီး၊ ပြီးပြည့်စုံခြင်းအလုံးစုံရဲ့ လမ်းစဖြစ်သည့် ဘုရားသခင်၏ပြည့်စုံခြင်းကို စတင်လက်ခံ ရရှိစေသည်။ ထို့ကြောင့် သင်တို့သည် ခေတ်သစ်ပညတ် တော်အပေါ် မှန်ကန်သည့်စိတ်နေသဘောထားရှိပြီး၊ အထင်အမြင်သေး (သို့) ပေါ့ပေါ့တန်တန်ဖြင့် နောက်မလိုက်သင့်ပေ။ ခေတ်သစ်ပညတ်တော် အလေးပေးသည့်ဖော်ပြချက်တစ်ခုမှာ- ယနေ့ လက်တွေ့ကျသော ဘုရားသခင်ကို လူသားများကိုးကွယ်ရမည်၊ ဆိုလိုသည်မှာ ဝိညာဉ်တော်အနှစ်သာရထံသို့ ပိုမိုလက် တွေ့ကျစွာ နာခံအပ်နှံရမည်ဖြစ်သည်။ ဖြောင့်မတ်ခြင်းနေဝန်းပမာ ဘုရားသခင်ပေါ်ထွက်လာပြီးနောက်တွင် အဘယ်သူသည်ဖြောင့်မတ်၍ အဘယ်သူသည်အပြစ် ရှိကြောင်း ဘုရားသခင်မှလူသားတို့ကို စီရင်မည့် ထိုပညတ်တော်ထုံးထမ်းတို့ကိုလည်း ခေတ်သစ်ပညတ်တော်တို့ကအလေးအနက်ထား ဖော်ပြထားသည်။
Chorus:ခေတ်သစ်ကာလ၏ ပညတ်ချက်သည် လူသားနှင့်ဘုရားသခင်တို့ ကောင်းကင်သစ်နှင့် မြေကြီးသစ်သို့ဝင်စားသည်ကို ပုံဆောင်ကာ၊ ဣသရေလလူမျိုးများကြား ယေယောဝါဘုရားသခင် လုပ်ဆောင်ခဲ့သကဲ့သို့၎င်း၊ ဂျူးလူမျိုးများကြား ယေရှုလုပ်ဆောင်သကဲ့သို့၎င်း ဘုရားသခင်သည် မြေကြီးပေါ်တွင် ပိုမိုကြီးမြတ်သောအရာ၊ ပိုမိုလက်တွေ့ကျသောအရာ၊ ပိုမိုများစွာ သောအရာတို့ကို လုပ်ဆောင်လိမ့်မည်။
နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ပညတ်တော်များစောင့်ထိန်းခြင်းနှင့် သမ္မာတရားအတိုင်း လိုက်လျှောက်ခြင်း” ကို ကောက်နုတ်၍ ဆီလျော်စွာ ပြုပြင်ထားသည်။