၉၄၈ နောက်ဆုံးသောကာလရှိ လူတို့သည် ဘုရား၏ အမျက်ဒေါသကို လုံးဝမမြင်ဖူးကြကျူး

၁ ဖန်ဆင်းခြင်း အချိန်မှသည် ယနေ့ထိတိုင် မည်သည့်အုပ်စုမျှ ဤနောက်ဆုံး အုပ်စုလောက် ဘုရားသခင်၏ ကျေးဇူးတော် သို့မဟုတ် သနားကရုဏာနှင့် ချစ်ခင်ကြင်နာခြင်းကို များစွာပျော်မွေ့ခံစားခဲ့ရခြင်း မရှိပေ။ နောက်ဆုံးသော အဆင့်တွင် ဘုရားသခင်သည် တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းအမှုကို လုပ်ဆောင်ပြီးဖြစ်ကာ သူ၏ အမှုကို ဘုန်းအာနုဘော်နှင့် အမျက်ဒေါသတို့ဖြင့် လုပ်ဆောင်ပြီး ဖြစ်သော်လည်း ဘုရားသခင်သည် သူ၏အမှုကို ပြီးမြောက်ရန် နှုတ်ကပတ်တော်များကိုသာ အချိန်အများစု၌ အသုံးပြုပေသည်။ သူသည် သွန်သင်ကာ ရေလောင်းပေးဖို့၊ ထောက်ပံ့ကာ ကျွေးမွေးဖို့ နှုတ်ကပတ်တော်များကို အသုံးပြုသည်။ ထိုအချိန်အတောအတွင်းတွင် ဘုရားသခင်၏ အမျက်သည် အမြဲတစေ ကွယ်ဝှက်ထားပြီး ဘုရားသခင်၏ အမျက်ဒေါသ စိတ်သဘောထားကို သူ၏ နှုတ်ကပတ်တော်များထဲတွင် တွေ့ကြုံရခြင်းမှလွဲ၍ အလွန်နည်းပါးသော လူများသည် သူ၏အမျက်ကို လူကိုယ်တိုင် တွေ့ကြုံကြရပြီး ဖြစ်သည်။

၂ ဘုရားသခင်၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းအမှု အတောအတွင်းတွင်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များ၌ ထုတ်ဖော်ပြထားသော အမျက်သည် လူတို့အား ဘုရားသခင်၏ ဘုန်းအာနုဘော်နှင့် သူ၏ ပုန်ကန်ပြစ်မှားမှု သည်းမခံခြင်းတို့ကို တွေ့ကြုံခွင့်ပေးသော်လည်း၊ ဤအမျက်သည် သူ၏ နှုတ်ကပတ်တော်များကို ကျော်လွန်ခြင်း မရှိပေ။ တစ်နည်းအားဖြင့်၊ ဘုရားသခင်သည် လူကို ပြစ်တင်ဖို့၊ ဖော်ထုတ်ဖို့၊ တရားစီရင်ဖို့၊ ပြစ်တင်ဆုံးမဖို့နှင့် လူကို ရှုတ်ချဖို့ပင် နှုတ်ကပတ်တော်များကို အသုံးပြုသော်လည်း- ဘုရားသခင်သည် လူသားအပေါ် အပြင်းအထန် အမျက်မထွက် ရသကဲ့သို့ သူ၏ နှုတ်ကပတ်တော်များမှအပ လူသားအပေါ် သူ၏အမျက်ကို လွှတ်ရုံမျှပင် မရှိသေးချေ။ ထို့ကြောင့် ဤခေတ်၌ လူက တွေ့ကြုံခံစားရသော ဘုရားသခင်၏ သနားကရုဏာနှင့် ချစ်ခင်ကြင်နာခြင်းသည် ဘုရားသခင်၏ စစ်မှန်သော စိတ်သဘောထား၏ ဖွင့်ပြခြင်းဖြစ်သော်လည်း၊ လူက တွေ့ကြုံခံစားရသည့် ဘုရားသခင်၏ အမျက်သည် သူ၏ မိန့်မြွက်ချက်များ၏ သဘောလက္ခဏာနှင့် အထိအတွေ့ သက်ရောက်မှုမျှသာ ဖြစ်သည်။ လူများစွာက ဤသက်ရောက်မှုကို ဘုရားသခင်၏ အမျက်ဒေါသနှင့်သက်ဆိုင်သည့် စစ်မှန်သော တွေ့ကြုံခံစားမှုနှင့် စစ်မှန်သော အသိအဖြစ် တလွဲယူတတ်ကြသည်။

၃ အကျိုးဆက်အနေဖြင့် လူအများစုက ၎င်းတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များထဲက ဘုရားသခင်၏ သနားကရုဏာနှင့် ချစ်ခင်ကြင်နာခြင်းတို့ကို မြင်ခဲ့ဖူးကြပြီ၊ လူ၏ ပုန်ကန်ပြစ်မှားခြင်းအပေါ် ဘုရားသခင်၏ သည်းမခံခြင်းကိုလည်း ရှုမြင်ကြရပြီးဖြစ်သည်ဟု ယုံကြည်ကြပြီး ၎င်းတို့ထဲမှ အများစုသည် လူသားအပေါ် ဘုရားသခင်၏ သနားကရုဏာနှင့် သည်းခံခြင်းကို အသိအမှတ်ပင်ပြု လာကြပြီးဖြစ်သည်။ သို့သော်လည်း လူ၏အပြုအမူ မည်မျှ ဆိုးသည်ဖြစ်စေ၊ သို့မဟုတ် သူ၏ စိတ်သဘောထား မည်မျှ ဖောက်ပြန်ပျက်စီးသည်ဖြစ်စေ၊ ဘုရားသခင်သည် အမြဲ သည်းခံပြီးဖြစ်သည်။ သည်းခံရာတွင် သူ၏ရည်မှန်းချက်မှာ သူပြောဆိုခဲ့သော နှုတ်ကပတ်တော်များ၊ သူပြုပြီးသော အားထုတ်မှုများနှင့် သူပေးပြီးဖြစ်သည့် အဖိုးအခက သူရယူလိုသော သူများ၌ သက်ရောက်မှု တစ်ခုရရှိဖို့ စောင့်ဆိုင်းရန် ဖြစ်သည်။

“နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ ဘုရားသခင်၏ အမှုတော်၊ ဘုရားသခင်၏ စိတ်သဘောထားနှင့် ဘုရားသခင် ကိုယ်တော်တိုင် (၂)” ကို ကောက်နုတ်၍ ဆီလျော်စွာ ပြုပြင်ထားသည်

အရှေ့သို့- ၉၄၇ သောဒုံမြို့ကို ဘုရားဖျက်ဆီးခြင်းက လူသားမျိုးနွယ်ကိုပေးသော သတိပေးချက်ကျူး

နောက်တစ်ခုသို့- ၉၄၉ ဘုရားသခင့်အမျက်တော်၏ အဓိပ္ပါယ်သင်္ကေတ

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

၅၀၁ ဇာတိပကတိအား စွန့်လွှတ်ခြင်း

၁ဆင်းရဲဒုက္ခရင်ဆိုင်ဖို့ လိုအပ်တဲ့ အခြေအနေတစ်ခု ဖြစ်လာ ရင်ထိုအချိန် ဘုရား၏အလိုတော်ကို သိရှိ နားလည်ပါကိုယ့်ကိုယ်ကို ကျေနပ်မနေပါနဲ့၊...

၄၇၄ သမ္မာတရားအတွက် အရာအားလုံးကို စွန့်လွှတ်သင့်

၁သမ္မာတရားကိုဦးတည်ရာလမ်းကြောင်းမှာ ခက်ခဲကြမ်းတမ်းမှု ခံစားရမယ်သင့်ကိုယ်သင် အပြည့်အဝပေးဆပ်ထားအောက်ကျနောက်ကျခြင်းနဲ့ ဒုက္ခဆင်းရဲခြင်း...

၁၀၁၈ ဘုရားရဲ့ အောင်နိုင်မှုသင်္ကေတများ

၁လူတို့ကို နဂိုပုံစံအတိုင်းပြန်ဖြစ်စေတယ်သူတို့တာဝန် သူတို့ကျေပွန်ပြီး ကိုယ့်နေရာမှာကိုယ်နေဘုရားရဲ့အစီအစဉ်အားလုံးကို နာခံမယ်ဘုရားသည်...

၂၁၇ သန့်ရှင်းသောဝိညာဉ်တော်ရဲ့ အမှုတော်သစ်အတိုင်းလိုက်နာ၍ ဘုရားရဲ့ချီးမွမ်းခြင်း ရယူပါ

၁ သန့်ရှင်းသောဝိညာဉ်တော်ရဲ့အမှုကို လိုက်နာတာ လူတွေ ယနေ့ဘုရားအလိုတော်ကို နားလည်၊ ဘုရားရဲ့တောင်းဆိုချက်အတိုင်း ပြုမူ၊ ဘုရားကို နာခံ၊...

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။