၉၄၇ သောဒုံမြို့ကို ဘုရားဖျက်ဆီးခြင်းက လူသားမျိုးနွယ်ကိုပေးသော သတိပေးချက်ကျူး
အတွဲအဖက်- သောဒုံမြို့သားတို့ ကျူးလွန်ခဲ့ကြသည့် ဆိုးသွမ်းလုပ်ရပ်အားလုံးနှင့်ပတ်သက်လာလျှင် ဘုရားသခင်၏အစေခံတို့ကို အန္တရာယ်ပြုခြင်းက ပြဿနာထုထည်ကြီး၏ တစ်စွန်းတစ်စမျှသာ ရှိသေးသည်။ ထို့ပြင် ထိုနည်းဖြင့် သူတို့ဖွင့်ပြခဲ့သည့် သူတို့၏ဆိုးယုတ်သော သဘာဝသည် စင်စစ်အားဖြင့် အပြောကျယ်သော ပင်လယ်ပြင်ကြီးထဲမှ ရေတစ်စက်မျှလောက်သာ ရှိသေးသည်။ ထို့ကြောင့် ဘုရားသခင်သည် သူတို့ကို မီးနှင့်ဖျက်ဆီးဖို့ ရွေးချယ်ခဲ့ခြင်းဖြစ်သည်။
၁ ဘုရားသခင်အနေဖြင့် မြို့ကိုဖျက်ဆီးရန် ရေလွှမ်းမိုးခြင်းကို အသုံးမပြုသကဲ့သို့ ဟာရီကိန်းမုန်တိုင်း၊ ငလျင်၊ ဆူနာမီ၊ သို့မဟုတ် အခြားနည်းလမ်းတို့ကိုလည်း အသုံးမပြုခဲ့ပေ။ ဤမြို့ကို ဖျက်ဆီးဖို့ရန် ဘုရားသခင်က မီးကိုအသုံးပြုခဲ့ခြင်းသည် အဘယ်အရာကိုညွှန်ပြသနည်း။ ၎င်းသည် မြို့၏အကြွင်းမဲ့ပျက်စီးခြင်းကို ဆိုလိုသည်။ မြို့သည် ကမ္ဘာပေါ်မှ၊ ထို့ပြင် တည်ရှိခြင်းမှ လုံးဝပျောက်ကွယ်သွားသည်ဟု ဆိုလိုသည်။ ဤနေရာတွင် “ဖျက်ဆီးခြင်း” ဆိုသည်မှာ မြို့၏အသွင်သဏ္ဌာန်နှင့် ဖွဲ့စည်းတည်ဆောက်ပုံ၊ သို့မဟုတ် အပြင်ပိုင်းအသွင်အပြင်ကိုသာ ရည်ညွှန်းခြင်း မဟုတ်ဘဲ မြို့ထဲရှိ လူတို့၏ဝိညာဉ်များသည် လုံးလုံးလျားလျား အမြစ်ဖြတ်သုတ်သင်ခံရပြီး ဆက်လက်မတည်ရှိတော့ဟု ရည်ညွှန်းသည်။ မြို့နှင့်ဆက်စပ်နေသည့် လူအားလုံး၊ အဖြစ်အပျက်အားလုံးနှင့် အကြောင်းအရာအားလုံးက ဖျက်ဆီးခံခဲ့ရသည်။ ထိုမြို့သားတို့အတွက် နောက်ဘဝ၊ သို့မဟုတ် ပြန်လည်မွေးဖွားလာခြင်း ရှိမည်မဟုတ်ပေ။ ဘုရားသခင်သည် သူ၏ဖန်ဆင်းရာဖြစ်သည့် လူသားမျိုးနွယ်မှ သူတို့ကို ထာဝရကာလတိုင် အမြစ်ဖြတ်သုတ်သင်ခဲ့သည်။
၂ မီးကိုအသုံးပြုခြင်းက ဤနေရာ၌ အပြစ်တရား၏ အဆုံးသတ်ကို ရည်ညွှန်းပြီး ထိုအရပ်၌ အပြစ်တရားကို ဟန့်တားလိုက်ကြောင်း ရည်ညွှန်းသည်။ ဤအပြစ်တရားက ဆက်တည်ရှိတော့မည် မဟုတ်သကဲ့သို့၊ ဆက်ပျံ့နှံ့တော့မည်လည်း မဟုတ်ပေ။ စာတန်၏ဆိုးယုတ်မှုက သူ့ကိုပြုစုပျိုးထောင်ပေးနေသည့် မြေဆီလွှာအပြင် သူနေဖို့နှင့် အသက်ရှင်ဖို့ နေရာတစ်နေရာကို ပေးအပ်ခဲ့သည့် သင်္ချိုင်းလည်း ပျောက်ဆုံးသွားပြီဟု ဆိုလိုသည်။ ဘုရားသခင်နှင့် စာတန်၏စစ်ပွဲ၌ မီးကို ဘုရားသခင်အသုံးပြုခြင်းက စာတန်ကို အမှတ်အသားလုပ်ခဲ့သည့် သူ၏အောင်ပွဲအမှတ်တံဆိပ်ပင် ဖြစ်သည်။ သောဒုံမြို့၏ ပျက်စီးခြင်းသည် လူသားကို ဖောက်ပြန်ပျက်စီးစေပြီး ဝါးမျိုခြင်းအားဖြင့် ဘုရားသခင်ကို ဆန့်ကျင်ရန်ဖြစ်သော စာတန်၏ရည်မှန်းချက်ရှိ ကြီးကျယ်သည့် ခြေလှမ်းမှားတစ်ခုဖြစ်သည်။ ထိုနည်းတူစွာပင် ၎င်းသည် လူသားမျိုးနွယ်၏ ကြီးထွားရင့်သန်လာမှု၌ လူသားအနေဖြင့် ဘုရားသခင်၏ လမ်းညွှန်မှုကို ငြင်းဆန်ပြီး မကောင်းမှုဒုစရိုက်ကို စိတ်လွတ်ကိုယ်လွတ် မွေ့လျော်ခဲ့သောအချိန်၏ ရှက်စရာကောင်းသည့် သင်္ကေတတစ်ခုလည်း ဖြစ်သည်။ ထို့အပြင် ၎င်းသည် ဘုရားသခင်၏ ဖြောင့်မတ်သော စိတ်သဘောထား၏ စစ်မှန်သော ထုတ်ဖော်ပြချက်ဆိုင်ရာ မှတ်တမ်းတစ်ခုဖြစ်သည်။
နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၂)” ကို ကောက်နုတ်၍ ဆီလျော်စွာ ပြုပြင်ထားသည်