စုံလင်စေခြင်းကိုခံရန် သင်၌ သံန္နိဋ္ဌာန်နှင့် ရဲရင့်ခြင်းရှိရမည်ကျူး
၁ ယနေ့၊ သင်မည်သို့ သိမ်းပိုက်ခံရကြောင်းကိုသာ ကျေနပ်အားရနေ၍မဖြစ်၊ အနာဂတ်တွင် သင်လျှောက်လှမ်းမည့် လမ်းကြောင်းကိုလည်း သင်စဉ်းစားရမည်။ သင့်တွင် စုံလင်အောင်ပြုခံရခြင်းငှာ ရည်မှန်းချက်များနှင့် ရဲရင့်ခြင်းရှိရမည်။ သင့်ကိုယ်သင် မစွမ်းဆောင်နိုင်သူဟု အမြဲမတွေးသင့်။ သမ္မာတရားတွင် မျက်နှာသာပေးခြင်းများ ရှိသလော။ သမ္မာတရားသည် လူများကို တမင်ရည်ရွယ်ကာ ဆန့်ကျင်နိုင်ပါသလော။ သမ္မာတရားနောက်သို့ သင်လိုက်လျှင် ယင်းက သင့်အား ဒုက္ခပေးနိုင်သလော။ တရားမျှတမှုအတွက် သင်ရပ်တည်လျှင် ယင်းက သင့်ကို လဲပြိုစေမည်လော။ အသက် နောက်သို့လိုက်ရန် သင့်တွင် ရည်မှန်းချက် အမှန်ရှိပါက အသက်က သင့်ကို တိမ်းရှောင်မည်လော။
၂ သင်သည် သမ္မာတရားနှင့်အတူ မရှိလျှင် ယင်းမှာ သမ္မာတရားက သင့်ကို မသိကျိုးကျွန်ပြုခြင်း မဟုတ်ဘဲ သင်က သမ္မာတရားနှင့်ဝေးရာမှာ နေသောကြောင့်သာဖြစ်သည်။ တရားမျှတမှုအတွက် သင်ခိုင်မြဲစွာ မရပ်တည်နိုင်လျှင် ယင်းမှာ တရားမျှတမှုတွင် တစ်စုံတစ်ခု မှားယွင်းနေခြင်းမဟုတ်ဘဲ အချက်အလက်များနှင့်မညီဟု သင်ထင်သောကြောင့်ဖြစ်သည်။ နှစ်ပေါင်းများစွာ သင်ရှာဖွေသော်လည်း အသက်ကို သင်မရသေးလျှင် ယင်းမှာ အသက်တာက သင်အပေါ် စောင့်သိမှုမရှိခြင်း မဟုတ်ဘဲ သင်က အသက်တာအပေါ် မစောင့်သိဘဲ အသက်ကို မောင်းထုတ်ထားခြင်းတို့ကြောင့် ဖြစ်သည်။ သင်သည် အလင်းထဲ၌နေပြီး အလင်းကိုရယူရန် မစွမ်းဆောင်နိုင်ခဲ့ပါက သင့်အပေါ်သို့ အလင်းထွန်းတောက်ရန် မဖြစ်နိုင်ခြင်း မဟုတ်ဘဲ အလင်းတည်ရှိခြင်းကို သင်အာရုံမစိုက်သောကြောင့် အလင်းသည် သင့်ထံမှ တိတ်ဆိတ်စွာ ဖယ်ခွာသွားခြင်းသာဖြစ်သည်။
၃ သင်ရှာမှီးခြင်း မရှိပါက သင်သည် အဖိုးမတန်သော အမှိုက်ဖြစ်သည်၊ သင့်အသက်တာတွင် ရဲရင့်ခြင်းမရှိ၊ အမှောင်စွမ်းအားကို ခုခံရန် စွမ်းအားမရှိဟုသာ ပြောနိုင်သည်။ သင်သည် ပျော့ညံ့လွန်းသည်။ သင့်ကိုဝိုင်းထားသော စာတန်၏ စွမ်းအားများမှ လွတ်မြောက်နိုင်ခြင်းမရှိဘဲ ဤသို့သော လုံခြုံဘေးကင်းသောဘဝကို ဦးဆောင်ပြီး မသိနားမလည်မှုများဖြင့် သေဆုံးသွားရန်သာ သင်အလိုရှိသည်။ သင်လုပ်ဆောင်ရမည်မှာ သိမ်းပိုက်ခြင်း ခံရဖို့ဖြစ်သည်၊ ယင်းသည် သင်၏ အလေးအနက်ထားရမည့် တာဝန်ဖြစ်သည်။ အကယ်၍ သင်သည် သိမ်းပိုက်ခံရမှုကို ကျေနပ်နေပါက အလင်းတည်ရှိမှုကို သင်မောင်းထုတ်ခြင်းဖြစ်သည်။
နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ပေတရု၏ အတွေ့အကြုံများ- သူသိသော ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းအကြောင်း” ကို ကောက်နုတ်၍ ဆီလျော်စွာ ပြုပြင်ထားသည်။