၈၂၄ သိမ်းပိုက်ခံရပြီးနောက် လူသားက ပိုင်ဆိုင်သင့်သည့် အသိစိတ်

၁ လူသားတို့သည် ဘုရားသခင်၏ သိမ်းပိုက်ခြင်း ခံရပြီးသည့်နောက်တွင်၊ ၎င်းတို့ အသင့်ရှိသည့် ဆင်ခြင်တုံတရား၏ အသိစိတ်နှင့်သက်ဆိုင်သည့် အခြေခံကျသော ပင်ကိုအရည်အချင်းမှာ မာနထောင်လွှားစွာ စကားမပြောကြောင်း သေချာစေဖို့ဖြစ်သည်။ “မြေပေါ်က မစင်ကဲ့သို့” နိမ့်ကျသည့် အဆင့်အတန်းကို ၎င်းတို့ လက်ခံသင့်ပြီး စစ်မှန်သည့် အမှုအရာအချို့ ပြောဆိုသင့်ကြသည်။ ဤသည်မှာ အကောင်းဆုံး ဖြစ်လိမ့်မည်။ အထူးသဖြင့် ဘုရားသခင်ကို သက်သေခံနေသည့်အခါ၊ အနှစ်မဲ့ သို့မဟုတ် ယုံတမ်းစကား ပြောဆိုမှုမရှိဘဲနှင့် ဖန်တီးထားသော အလိမ်အညာများ မပါဘဲ၊ စိတ်နှလုံးမှ အနှစ်သာရရှိသော တစ်စုံတစ်ရာကို သင် ပြောနိုင်လျှင်၊ သင်၏ စိတ်သဘောထား ပြောင်းလဲပြီးဖြစ်လိမ့်မည်ဖြစ်ပြီး ဤသည်မှာ ဘုရားသခင်၏ သိမ်းပိုက်ခြင်းကို သင်ခံရပြီးသည်နှင့်တစ်ပြိုင်နက် ဖြစ်ပေါ်သင့်သည့် ပြောင်းလဲမှုဖြစ်သည်။ ဤဆင်ခြင်တုံတရား ပမာဏကိုပင် သင် မပိုင်ဆိုင်နိုင်လျှင်၊ သင်သည် အမှန်တကယ် လူသားတစ်ဦးနှင့် ဆင်တူမှုတစ်ခုတစ်လေမျှ မရှိပေ။ ယခုအချိန်မှစ၍၊ မှန်မှန်ကန်ကန် သင် အမြဲ ပြုမူရမည်၊ သင်၏ အဆင့်အတန်းနှင့် ရာထူးတို့ကို သတိပြုရမည်ဖြစ်ပြီး သင်၏ လမ်းဟောင်းများထဲသို့ ပြန်မသွားရပေ။

၂ စာတန်၏ ပုံသဏ္ဌာန်သည် လူသား၏ မာနထောင်လွှားမှုနှင့် စိတ်ကြီးဝင်မှုတို့တွင် အထူးအထင်ရှားဆုံးဖြစ်သည်။ သင်ကိုယ်တိုင်၏ ဤရှုထောင့်ကို သင် မပြောင်းလဲပါက၊ လူးသား၏ပုံသဏ္ဌာန် သင် ဘယ်သောအခါမျှ ရှိလိမ့်မည် မဟုတ်သကဲ့သို့၊ စာတန်၏ မျက်နှာကို အမြဲပိုင်ဆိုင်ရလိမ့်မည်။ ဤနယ်ပယ်တွင် အသိပညာရှိရုံဖြင့် ပြည့်စုံသော ပြောင်းလဲမှုကို ရရှိဖို့ လုံလောက်မည်မဟုတ်။ စစ်ဆေးမှုများ ပေါင်းစုံ သည်းခံဖို့ သင် လိုအပ်လိမ့်ဦးမည်။ ကိုင်တွယ်ဖြေရှင်းခံရခြင်းနှင့် ပြုပြင်ခံရခြင်းမရှိဘဲနှင့်၊ ရေရှည်တွင်၊ သင် အန္တရာယ် ရှိလိမ့်ဦးမည်။ သင်၏ လမ်းဟောင်းများထဲသို့ ပြန်လျှောကျသွားခြင်းမှ ထိန်းသိမ်းဖို့ရန်၊ ပထမဦးစွာ သင်၏ စိတ်သဘောထား မပြောင်းလဲသေးကြောင်းနှင့် သင်၏ ဘုရားသခင်ကို သစ္စာဖောက်တတ်သည့် သဘာဝက သင်၏ အတွင်းတွင် နက်နက်ရှိုင်းရှိုင်း အမြစ်တွယ်ဆဲဖြစ်သည်ကို သင် သတိပြုရမည်။ ဘုရားသခင်ကို သစ္စာဖောက်ဖို့ ကြီးမားသည် အန္တရာယ် သင်၌ ရှိနေဆဲဖြစ်ပြီး ထာဝရပြစ်ဒဏ်ခံရဖို့ စဉ်ဆက်မပြတ် ဖြစ်နိုင်ချေရှိခြင်းကို သင် ရင်ဆိုင်ရပေသည်။

၃ နောက်တစ်ခုမှာ ဘုရားသခင်၏ သက်သေခံတစ်ဦး၏ နေရာကို ဘယ်သောအခါမျှ မယူဖို့ဖြစ်သည်။ ကိုယ်ပိုင် အတွေ့အကြုံကိုသာ သင် ပြောဆိုနိုင်သည်။ ဘုရားသခင်က သင်တို့ကို မည်သို့ ကယ်တင်ခဲ့သည့်အကြောင်း သင်တို့ ပြောဆိုနိုင်သည်၊ သင်တို့ ဘုရားသခင်၏ သိမ်းပိုက်ခြင်းကို မည်သို့ခံခဲ့ရကြောင်း မိတ်သဟာယပြုနိုင်ပြီး၊ သင်တို့အပေါ် သူက မည်သည့် ကျေးဇူးတော် အပ်နှင်းခဲ့ကြောင်း ပြောဆိုနိုင်သည်။ သင်တို့သည် လူတို့ထဲမှ အကြီးအကျယ် အပျက်စီးဆုံးသောသူများ ဖြစ်သည်ဆိုသည်နှင့် ဘုရားသခင်အားဖြင့်သာ သင် ချီးမြှောက်ခံခဲ့ရသည်ကို ဘယ်သောအခါမျှ မမေ့နှင့်။ သင်တို့သည် အဖောက်ပြန်ဆုံးနှင့် အညစ်ညမ်းဆုံးသောသူများ ဖြစ်သောကြောင့်၊ လူ့ဇာတိခံ ဘုရားသခင်၏ ကယ်တင်ခြင်းကို ခံကြရပြီးဖြစ်ကာ၊ ထိုသို့ အလွန်ကြီးမားသော ကျေးဇူးတော်ကို သင်တို့အား သူ ပေးအပ်ပြီးဖြစ်သည်။ ထို့ကြောင့် သင်တို့သည် ကြွားထိုက်သည့်အရာ ဘာမျှမရှိကြသကဲ့သို့၊ ဘုရားသခင်ကိုသာ ချီးမွမ်းပြီး ကျေးဇူးတင်နိုင်သည်။ သင်တို့၏ ကယ်တင်ခြင်းသည် ဘုရားသခင်၏ ကျေးဇူးတော် သက်သက်ကြောင့် ဖြစ်ပေသည်။

“နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ၊ သမ္မာတရားအား လိုက်စားခြင်းအားဖြင့်သာ စိတ်သဘောထား ပြောင်းလဲမှုတစ်ခုကို ရရှိနိုင်သည်” ကို ကောက်နုတ်၍ ဆီလျော်စွာ ပြုပြင်ထားသည်

အရှေ့သို့- ၈၂၃ ဘုရားသခင်၏ လုပ်ဆောင်မှုများကို သိခြင်းဖြင့်သာ သူ့အား စစ်မှန်သော သက်သေခံခြင်းကို ပေးနိုင်သည်

နောက်တစ်ခုသို့- ၈၂၅ ဘုရားသည် လူကို သက်သေခံရန်သာ တိုက်တွန်း၏ကျူး

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

၄၃ အရာအားလုံး ဘုရား၏လက်ထဲမှာ

၁ တစ်ချိန်ကဘုရားသခင် က ဒီလိုပြောခဲ့တယ်ဘုရားသခင်ပြောသမျှသည် အတည်ဖြစ်ပြီး၊ ဖြစ်လာလိမ့်မယ်။ဘယ်သူမှ ပြောင်းလဲလို့မရပါ။ပြောခဲ့တဲ့စကားဖြစ်ဖြစ်...

၂၉၅ မူလလူသားသည် ဝိညာဉ်ပိုင်ဆိုင်သော သက်ရှိသတ္တဝါများဖြစ်ကြ

၁အစအဦး၌ ဘုရားသခင် လူကို ဖန်ဆင်းတော်မူဘုရားက ဘဝရဲ့အခရာ လူသားတွေရဲ့ ဘိုး၊ ဘင်ရုပ်သွင်အပြည့်နဲ့ အာဒံကို ဖန်ဆင်းဘုရားသခင် ဘုန်းတော်ဝန်းရံလျက်...

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။