၈၂၅ ဘုရားသည် လူကို သက်သေခံရန်သာ တိုက်တွန်း၏ကျူး

၁ ငါသည် သင်တို့အပေါ် အမြဲ ပူပန်နေရခြင်း ဖြစ်သည်- မိမိတို့ဘာသာ ဘဝကို ရှင်သန်ခွင့် ရပါက၊ လူသားများသည် ယနေ့ ၎င်းတို့ဖြစ်နေသည်ထက် အမှန်တကယ် သာ၍ အဆင်ပြေကြသလော၊ သို့မဟုတ် ယနေ့ ၎င်းတို့ ဖြစ်နေသည့်အရာနှင့် အလားတူမည်လော။ သင်တို့၏ ကလေးဆန်သည့် ဝိညာဉ်ရင့်ကျက်မှုက သင်တို့ကို ပူပန်စေခြင်း မရှိသလော။ သင်တို့သည်- အချိန်တိုင်းတွင် ငါနှင့် ငါတစ်ဦးတည်းကိုသာ သစ္စာစောင့်သိနိုင်သည့်- အရွေးချယ်ခံ ဣသရေလလူမျိုးကဲ့သို့ ဖြစ်နိုင်သလော။ သင်တို့အထဲ၌ ထုတ်ဖော်ပြသည့်အရာမှာ ၎င်းတို့၏ မိဘများထံမှ လမ်းလွဲသွားကြသည့် ကလေးသူငယ်များ၏ ကျီစယ်တတ်ခြင်း မဟုတ်ဘဲ၊ ၎င်းတို့သခင်၏ ကျာပွတ်များ လက်လှမ်းမမီနိုင်သည့် တိရစ္ဆာန်များမှ ပေါက်ထွက်လာသော ရက်စက်ကြမ်းကြုတ်မှု ဖြစ်သည်။ သင်တို့သည် သင်တို့အားလုံး၌ရှိသည့် အားနည်းချက်လည်း ဖြစ်သည့်၊ သင်တို့၏ သဘာဝကို သိထားသင့်သည်။ ယင်းသည် သင်တို့အားလုံးတွင် ဖြစ်သည့် ဖျားနာမှုဖြစ်သည်။ ယနေ့ သင်တို့အဖို့ ငါ၏ တစ်ခုတည်းသော တိုက်တွန်းချက်မှာ ငါ့အဖို့ သင်တို့၏ သက်သေခံချက်တွင် မြဲမြံစွာ ရပ်တည်ရန် ဖြစ်သည်။ မည်သည့် အခြေအနေတွင်မဆို၊ အနာဟောင်းကို တစ်ဖန်ပြန်၍ ထကြွခွင့် မပြုလေနှင့်။ သက်သေခံခြင်းသည် အရေးကြီးဆုံးသော အရာ ဖြစ်သည်- ယင်းသည် ငါ့အမှု၏ အချက်အချာ ဖြစ်သည်။ မာရိသည် အိပ်မက်တွင် သူမထံ ရောက်လာခဲ့သည့် ယေဟောဝါ၏ ဗျာဒိတ်ကို ယုံကြည်ခြင်းပြီးနောက် နာခံခြင်းအားဖြင့် လက်ခံခဲ့သကဲ့သို့ သင်တို့သည် ငါ၏နှုတ်ကပတ်တော်များကို လက်ခံသင့်ကြသည်။ ဤအရာသည်သာ ဖြူစင်ရာရောက်သည်။

၂ သင်တို့သည် ငါ၏ နှုတ်ကပတ်တော်များကို အကြားနာရဆုံးသောသူများ ဖြစ်သည့်အတွက်၊ ငါ၏ ကောင်းချီးမင်္ဂလာ ခံစားရဆုံးသူများ ဖြစ်သည်။ ငါသည် သင်တို့ကို ငါ၏ အဖိုးတန် ပိုင်ဆိုင်မှုများအားလုံးကို ပေးထားပြီးဖြစ်သည်၊ သင်တို့အပေါ် အရာရာကို ငါ အပ်နှင်းပြီးဖြစ်သည်၊ သို့ရာတွင် သင်တို့သည် ဣသရေလလူမျိုးတို့နှင့် အင်မတန် အလွန့်အလွန် ကွာခြားသည့် အဆင့်အတန်း ရှိကြသည်။ သင်တို့သည် လုံးဝခြားနား၏။ သို့ရာတွင် ၎င်းတို့နှင့် နှိုင်းယှဉ်ပါက၊ သင်တို့သည် များစွာပို၍ ရရှိကြပြီးဖြစ်သည်။ ၎င်းတို့သည် ငါ၏ ပေါ်ထွန်းခြင်းကို အသည်းအသန် စောင့်ဆိုင်းစဉ်တွင်၊ သင်တို့သည် ငါ၏ ရက်ရောမှုကို မျှဝေခံစားရင်း၊ သာယာသော နေ့ရက်များကို ငါနှင့်အတူ ဖြတ်သန်းကြရသည်။ ဤခြားနားမှုကို ထည့်သွင်းစဉ်းစားပါက၊ ငါနှင့်ပတ်သက်၍ မြည်တွန်တောက်တီးကာ စကားများပြီး ငါ၏ ပိုင်ဆိုင်မှုများထဲမှ သင်တို့၏ ဝေစုကို တောင်းဆိုရန် အခွင့်ကို မည်သည့်အရာက သင်တို့အား ပေးသနည်း။ သင်တို့သည် များစွာ ရရှိပြီးဖြစ်သည် မဟုတ်လော။ ငါသည် သင်တို့ကို များစွာပေးသော်လည်း အပြန်အလှန်အားဖြင့် သင်တို့ ငါ့ကို ပေးသည်မှာ ငါ့ကို အသည်းကွဲစေသည့် ဝမ်းနည်းမှုနှင့် စိုးရိမ်သော‌က၊ ထိန်းချုပ်မရသည့် မကျေချမ်းမှုနှင့် မကျေနပ်မှုတို့သာ ဖြစ်၏။ သင်တို့သည် အလွန် မနှစ်မြို့စရာ ဖြစ်သည်- သို့သော် သနားကရုဏာသက်စရာလည်း ဖြစ်၏၊ ထို့ကြောင့် ငါသည် ငါ၏ မကျေချမ်းမှုကို မျိုသိပ်ကာ ငါ၏ ကန့်ကွက်ချက်များကို သင်တို့ထံ အဖန်ဖန် ဖွင့်ဟဖို့မှလွဲ၍ အခြားရွေးချယ်စရာ မရှိပေ။‌

“နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်နှင့် ပတ်သက်သည့် သင်၏ သိနားလည်မှုသည် အဘယ်နည်း” ကို ကောက်နုတ်၍ ဆီလျော်စွာ ပြုပြင်ထားသည်

အရှေ့သို့- ၈၂၄ သိမ်းပိုက်ခံရပြီးနောက် လူသားက ပိုင်ဆိုင်သင့်သည့် အသိစိတ်

နောက်တစ်ခုသို့- ၈၂၆ ယုံကြည်သူတစ်ဦးအနေနှင့် သင်၏တာဝန်မှာ ဘုရားအတွက် သက်သေခံရန်ဖြစ်၏ကျူး

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

၈၅၃ အားလုံးအတွက် ဘုရားသခင်ရဲ့ ပြည့်စုံသော စောင့်ရှောက်မှု

၁ကြီးမြတ်ခြင်း၊ သန့်ရှင်းခြင်း၊ အာဏာနှင့်မေတ္တာဘုရားသခင်ရဲ့အနှစ်သာရနှင့် ပင်ကိုစိတ်အလုံးစုံကိုအမှုတော်ဆောင်ရွက်ချိန်တိုင်း...

၄၃ အရာအားလုံး ဘုရား၏လက်ထဲမှာ

၁ တစ်ချိန်ကဘုရားသခင် က ဒီလိုပြောခဲ့တယ်ဘုရားသခင်ပြောသမျှသည် အတည်ဖြစ်ပြီး၊ ဖြစ်လာလိမ့်မယ်။ဘယ်သူမှ ပြောင်းလဲလို့မရပါ။ပြောခဲ့တဲ့စကားဖြစ်ဖြစ်...

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။