၄၀၇ နှစ်ချီယုံကြည်ချက်မှ တစ်စုံတစ်ရာကို သင်ရရှိခဲ့သလောကျူး
အဘယ်သူအတွက်နှင့် အဘယ်ကြောင့် အမှုတော် ငါဆောင်ရွက်သည်ကို သင်သိသင့်သည်။ သင်၏ ချစ်ခြင်းမေတ္တာအားဖြင့် ဤအရာသည် ကောင်းသလား၊ ဆိုးညစ်ပါသလား။ သင်သည် ဒါဝိဒ်နှင့် မောရှေက ငါ့ကိုသိသကဲ့သို့ အမှန်တကယ် သိပါသလား။ အာဗြံဟံက ငါ့ကိုအစေခံခဲ့သကဲ့သို့ သင်သည် အမှန်တကယ် ငါ့ကိုအစေခံနေလား။ ငါ့အားဖြင့် သင်တို့ကို ပြည့်စုံစေပြီးကြောင်းသည် အမှန်တရားဖြစ်သော်လည်း သင်သည် အဘယ်သူကို ကိုယ်စားပြုမည်ကို သိသင့်ပါသည်။ မည်သူနှင့် တူညီသည့်အကျိုးရလဒ် သင်ရရှိလိမ့်မည်နည်း။ ငါ့အမှုကို တွေ့ကြုံခံစားခြင်းအားဖြင့် သင့်ဘဝတွင် ပျော်ရွှင်အားရဖွယ်နှင့် ကြွယ်ဝသော ရိတ်သိမ်းရခြင်း ရှိပါသလား။ ယင်းအရာသည် ပေါများကြွယ်ဝပြီး အကျိုးကျေးဇူး ရှိပါသလား။ သင့်ကိုသင် ဆန်းစစ်သင့်ပါသည်။ နှစ်ပေါင်းများစွာ ငါ့နာမအတွက် သင် ပင်ပင်ပန်းပန်း လုပ်ဆောင်ခဲ့ပြီ ဖြစ်သောကြောင့် သင်သည် အဘယ်အရာ တစ်ခုခုကို ရရှိဖူးပါသနည်း။ မည်သည့် အရာတစ်ခုခုကို သင်ပြောင်းလဲစေပြီး မည်သည့်အကျိုးအမြတ် ရရှိခဲ့ပါသနည်း။ သင်တွေ့ကြုံရသော ဆင်းရဲဒုက္ခအတွက် အပြန်အလှန်အဖြစ် ကားစင်တင်ခံရသော ပေတရုကဲ့သို့ သို့မဟုတ် တိုက်ချခြင်းခံရပြီး ကြီးစွာသော အလင်းကိုရရှိသော ပေါလုကဲ့သို့ သင်ဖြစ်လာပါသလား။ ဤအရာများကို သင်နားလည် သဘောပေါက်သင့်ပါသည်။
“နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ လူ၏ အနှစ်သာရနှင့် ပင်ကိုလက္ခဏာ” ကို ကောက်နုတ်၍ ဆီလျော်စွာ ပြုပြင်ထားသည်