သင့်ယုံကြည်ခြင်းမှာ အတိအကျဆိုလျှင် မည်သို့ရှိသနည်းကျူး
၁ သင်တို့၏ နှုတ်ခမ်းများမှာ လိမ်ညာမှုနှင့် ညစ်ညမ်းရိုင်းစိုင်းသော စကားလုံးများသာမက သစ္စာဖောက်ဖျက်ပြီး မာန်မာနကြီးထွားနေသည့် စကားလုံးများဖြင့်သာ ပြည့်ဝနေကြသည်။ သင်တို့သည် ငါ့အား ရိုးသားသော စကားလုံးများဖြင့် မည်သည့်အခါမျှ မပြောဆိုကြ၊ သန့်ရှင်းစင်ကြယ်သော စကားလုံး တစ်လုံးမျှ မထွက်ကြ၊ ငါ၏ နှုတ်ကပတ်တော်ကို တွေ့ကြုံခံစားပြီးသည့်နောက် ငါ့ကို ကျိုးနွံနာခံသော စကားလုံး တစ်လုံးမျှ မပြောကြပေ။ နောက်ဆုံး၌ သင်တို့၏ ယုံကြည်ခြင်းမှာ အဘယ်ကဲ့သို့နည်း။ သင်တို့၏ စိတ်နှလုံးများမှာ လိုချင်တပ်မက်မှုနှင့် ချမ်းသာကြွယ်ဝမှုများနှင့်သာ ပြည့်နေပြီး သင်တို့၏ စိတ်ထဲ၌ ရုပ်ဝတ္ထုပစ္စည်းများနှင့်သာ ပြည့်နေကြသည်။ ငါ့ထံမှ တစ်စုံတစ်ခု မည်သို့ ရနိုင်မည်၊ ချမ်းသာကြွယ်ဝမှုနှင့် ရုပ်ဝတ္ထုပစ္စည်းများ ငါ့ထံမှ မည်မျှ ရရှိမည် စသဖြင့် သင်တို့ နေ့စဉ်နေ့တိုင်း တွက်ချက်နေကြသည်။ သင်တို့ ခံစားနိုင်ရန်အလို့ငှာ ကောင်းချီးမင်္ဂလာများ သင်တို့အပေါ်သို့ ပိုမိုသက်ရောက်ရန် သင်တို့ နေ့တိုင်း စောင့်မျှော်နေကြသည်။ ခံစားနိုင်မည့် အရာများသည် ပို၍များလေလေ ပို၍ကောင်းလေလေပင် ဖြစ်သည်။
၂ သင်တို့၏ စိတ်ကူးအတွေးထဲ၌ အချိန်တိုင်း စက္ကန့်တိုင်း ရှိနေသည်မှာ ငါမဟုတ်ပေ၊ ငါ့ထံမှလာသည့် သမ္မာတရားလည်းမဟုတ်၊ သို့သော် သင်တို့၏ ခင်ပွန်း (ဇနီး)၊ သားများ၊ သမီးများ အကြောင်း၊ သင်တို့ ဘာစားမည် ဘာဝတ်မည် ဟူသည့်အကြောင်းနှင့် သင်တို့အတွက် ဝမ်းမြောက်ပျော်ရွှင်မှု မည်ကဲ့သို့ ရရှိမည်၊ မည်ကဲ့သို့ ပို၍ကောင်းမွန်လာမည် စသည့် အကြောင်းအရာများသာ သင်တို့ စိတ်ထဲ၌ လွှမ်းမိုးနေသည်။ သင်တို့၏ ဝမ်းဗိုက်ထဲသို့ တင်းကြပ်ပြည့်လျှံစွာ ဖိသိပ်ထည့်သော်လည်း သင်တို့သည် အလောင်းကောင်နှင့်သာ တူကြသည် မဟုတ်သလော။ သင်တို့၏ ရုပ်ပိုင်းဆိုင်ရာ အပြင်ပန်းကို ပိုမိုတောက်ပ ခံ့ညားလာအောင် တန်ဆာဆင်နေကြသော်လည်း သင်တို့သည် အသက်မရှိပဲ လမ်းလျှောက်နေသည့် အသေကောင်သာ ဖြစ်သည်မဟုတ်လော။ သင်တို့၏ဆံပင်များသည် အဖြူရောင် အကွက်များအဖြစ် ပြောင်းသွားသည့်တိုင်အောင် သင်တို့၏ ဝမ်းရေးအတွက် အလုပ်ကို ပင်ပင်ပန်းပန်း အားသွန်ခွန်စိုက် လုပ်နေကြသော်လည်း ငါ့အမှုအတွက်ကိုမူ မည်သူကမှ ဆံပင်တစ်ချောင်းစာမျှပင် ကိုယ်ကျိုးစွန့် မလုပ်ဆောင်ပေးကြချေ။ သင်တို့၏ သွေးသားတပ်မက်မှု၊ သင်တို့၏ သားသမီးများအတွက် ကိုယ်ခန္ဓာ ပင်ပန်းဆင်းရဲခံပြီး ဦးနှောက်ခြောက်အောင် စဉ်းစားကာ အဆက်မပြတ် မနားမနေ ကြိုးစားအားထုတ်ကြသော်လည်း ငါ၏အလိုတော်အတွက် မည်သူ တစ်ဦးတစ်ယောက်ကမျှ စိုးရိမ်ပူပန်သည့် ဟန်ပန်အမူအရာ မဖော်ပြကြပေ။ သင်တို့သည် ငါ့ထံမှ မည်သည့်အရာကို ရနိုင်ရန် ဆက်လက် မျှော်လင့်နေကြသနည်း။
နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ခေါ်ခြင်းခံရသူ များသော်လည်း ရွေးကောက်ခံရသူ နည်းပါး၏” ကို ကောက်နုတ်၍ ဆီလျော်စွာ ပြုပြင်ထားသည်။