ဘုရားသခင်၌ ဝမ်းမြောက်ဖွယ် ယုံကြည်ခြင်း ကျူး
၁
ယနေ့ခေတ် လူငယ်တွေ ပျက်စီးယိုယွင်းကြသည်ဟု
လူအချို့ ဆိုလေသည်
လူငယ်တွေ မိဘ ဆရာသမားများကို ဒုက္ခပေး၊
စိတ်အနှောင့်အယှက်ပေးကြသည်ဟု လူအချို့ ဆိုလေသည်
သို့သော်လည်း ယုံကြည်ခြင်းဖြင့်
ဘုရားသခင်နောက် လိုက်သူ ကျွန်ုပ်တို့ လူငယ်များ..
သမ္မာတရားကို လိုက်စားကာ
နှုတ်ကပတ်တော်ကို လက်တွေ့လုပ်ဆောင်ခြင်းကြောင့်
လင်းလက် တောက်ပြောင်လေပြီ၊
ကျွန်ုပ်တို့်သည် ဘုရားသခင်၏ ချစ်ခြင်းနှင့်ကောင်းချီးမင်္ဂလာကို
ခံစားရသော မျိုးဆက်သစ်ပေတည်း။
၂
နောက်ဆုံးပေါ် ရေပန်းစားမှုတွေနောက် လိုက်ခြင်းကို
ကျွန်ုပ်တို့ နှုတ်ဆက်ကာ နိုက်ကလပ်များ၏
ဆူညံပွက်လောသံတွေကို ကျောခိုင်းခဲ့ပြီ။
ကျော်ကြားမှု နှင့် အခွင့်အလမ်းရဖို့၊
ဇာတိပကတိ၏ အလိုဆန္ဒအတွက်
ကြိုးပမ်း ပြိုင်ဆိုင်ဖို့ ကျွန်ုပ်တို့ စိတ်မပူရာ။
ငွေ၏ လှည့်ဖြားမှု၊
အွန်လိုင်းဂိမ်းတွေ စွဲလန်းမှု ကျွန်ုပ်တို့ မခံရတော့ပေ။
အဓိပ္ပာယ်မဲ့သော အချစ်ဇာတ်လမ်းတွေနောက် လိုက်ခြင်း၊
ရုပ်ခန္ဓာ တပ်မက်ခြင်းထဲ နစ်မွန်းခြင်း မရှိတော့ပေ။
မိမိတို့ကိုယ်ကို မှားသောအသိဖြင့် မဖြည့်တော့ပေ၊
ကျွန်ုပ်တို့ မာနကြီးခြင်း၊
တဇွတ်ထိုးလုပ်ခြင်း နှင့် သောက်စားပျော်ပါးခြင်း မပြုတော့ပေ။
ဘုရားသခင်၏အသံကို ကျွန်ုပ်တို့ ကြားခဲ့ရ၍
အနန္တတန်ခိုးရှင်ဘုရားသခင် ရှေ့မှောက် ပြန်လာခဲ့ပြီ။
ဘုရားသခင်ရဲ့ နှုတ်ကပတ်တော် သမ္မာတရားသည်
ကျွန်ုပ်တို့ရဲ့ စိတ်ကို ရှင်းလင်းစေ၊
ကောင်း မကောင်း၊ လှ မလှကို ကျွန်ုပ်တို့ ပိုင်းခြားနိုင်ပြီ။
ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်သည် ကျွန်ုပ်တို့ကို သန့်စင်စေပြီ၊
ဆိုးယုတ်သော ဦးတည်ရာဘက် ပျက်စီးခြင်းထဲမှ
ကျွန်ုပ်တို့ကို ကယ်ထုတ်လေပြီ။
ဘုရားသခင် ဖော်ပြသော သမ္မာတရားကို
ကျွန်ုပ်တို့ လက်ခံကာ မှန်သော လူ့အသက်တာလမ်းကြောင်းပေါ်
ခြေချခဲ့လေပြီ။
၃
ဘုရားသခင်၏ နှုတ်ကပတ်တော်ကို နေ့စဉ် ဖတ်ရှုပြီး သမ္မာတရားနှင့်
မိတ်သဟာယဖွဲ့ကာ အသင်းတော် အသက်တာဖြင့်
ကျွန်ုပ် အသက်ရှင်ပြီ။
ကျွန်ုပ် ကြီးထွားရင့်ကျက်လာသည်နှင့်အမျှ
ကျွန်ုပ်နှင့်အတူ ဘုရားသခင်၏ နှုတ်ကပတ်တော်အားဖြင့်
တရားစီရင်ခြင်း၊ ပြစ်တင်ဆုံးမခြင်း၊ ပြုပြင်ခြင်း နှင့်
ရိုက်နှက်ဆုံးမခြင်း တို့ ရှိခဲ့ပေ
ကျွန်ုပ် မျက်လုံးများ၌ မျက်ရည်များအပြင် ပူဆွေးခြင်း၊
ကျရှုံးခြင်းများ နှင့် လဲကျခြင်းများ ရှိခဲ့သော်လည်း
ဘုရားသခင်ရဲ့ နှုတ်ကပတ်တော် အလင်းဖွင့်ပြခြင်း နှင့်
ထွန်းလင်းခြင်းအတွက် ကျေးဇူးတော်ချီးမွမ်းပြီ၊
သမ္မာတရားကို အကျွန်ုပ် နားလည်ခဲ့ရပြီး လွတ်မြောက်ခဲ့ပေပြီ။
ညီအစ်ကိုမောင်နှမတို့ အတူတကွ စုဝေးလျက်
ဘုရားသခင်အား ကြွေးကြော် ရွှင်လန်းခြင်း နှင့်
ရယ်သံတို့ဖြင့် ချီးမွမ်းကြပါစို့။
ဘုရားသခင် ရှေ့မှောက်၌ အသက်ရှင်ရခြင်း နှင့်
ဘုရားသခင်နှင့် မိတ်သဟာယဖွဲ့ခြင်းသည်
အကျွန်ုပ် စိတ်နှလုံးကို သာယာပျော်ရွှင်မှုဖြင့် ပြည့်ဝစေပြီ။
ဘုရားသခင် ချစ်သော ရိုးသားတည်ကြည်သောလူများထဲမှ
တစ်ဦးဖြစ်ဖို့ ကြိုးစားလျက် ကျွန်ုပ်သည် မာယာကင်းသူ၊
သွက်လက်သူ၊ သောကကင်းသူ ဖြစ်လေတကား။
ကျွန်ုပ်တို့ အတူတကွ ဘုရားသခင်ကို
သက်သေခံ၍ ကြေညာကြမည်၊
ကျွန်ုပ်တို့ စိတ်နှလုံးများ ဝမ်းမြောက်ကာ လွတ်လပ်လျှက်ရှိပေ
ဘုရားသခင်ကို မျက်နှာချင်းဆိုင် ဖူးမျှော်ကာ
ကိုယ်တော်ရဲ့ စစ်မှန်သောချစ်ခြင်းကို ကျွန်ုပ်တို့ ခံစားခဲ့ရလေပြီ။
သမ္မာတရားကို သိရခြင်းမှာ အဖိုးထိုက်လှပေ
ကျွန်ုပ် အသက်တာ၌ အသစ်သော ရည်မှန်းချက်ကို ပေးလေပြီ။
အနန္တတန်ခိုးရှင် ဘုရားသခင်ကို ကျေးဇူးတော်ချီးမွမ်း၊
သမ္မာတရား၊ လမ်းခရီး နှင့် အသက်ကို ပေးခြင်းကြောင့်တည်း။
အနန္တတန်ခိုးရှင် ဘုရားသခင်ထက် သာ၍ ချစ်မြတ်နိုးဖွယ်ရာ မရှိ၊
ကျွန်ုပ်တို့ ပျိုရွယ်သောမျိုးဆက်များ
ဘုရားသခင်ကို အစဉ် ချီးမွမ်းကြပါမည်