၆၂ ဘုရားသခင်ရှေ့တော်၌ မိမိကိုယ်ကိုယ် ငြိမ်သက်စေခြင်း

ရှေ့တော်၌ မိမိကိုယ်ကိုယ် ငြိမ်သက်စေ၊

ကိုယ်တော့်ထံ၌ ကျွန်ုပ် ရင်ဖွင့်ဆုတောင်း။

ကျွန်ုပ် ရှင်းလင်းရိုးသားစွာ ဖွင့်ဟ၊

စိတ်နှလုံးထဲက ပြောဆို။

ကျွန်ုပ်အခက်အခဲများနှင့် အားနည်းချက်များ

ဘုရားထံ အပ်နှံကာ သူ့အား မျှော်ကိုး။

အလိုတော်ကို နားလည်ရန်

ကျွန်ုပ်ကို အသိဉာဏ်ပွင့်စေကာ အလင်းပေးပါ


စစ်မှန်သော ရှာဖွေခြင်းမှတစ်ဆင့်၊

ကျွန်ုပ်အထဲ၌ သန့်ရှင်းသော ဝိညာဉ်တော်အလင်း ရရှိ။

သမ္မာတရားကို နားလည်ရင်း

ပိုင်းခြားသိမြင်မှုနှင့် လက်တွေ့လမ်းစဉ်ကို ရ၏။

ဘုရား၏ လမ်းပြမှုဖြင့် ကျွန်ုပ် အလင်း၌ နေ၏၊

ကျွန်ုပ်စိတ်နှလုံး ရွှင်လန်းခြင်းနှင့် ချိုမြိန်ခြင်းပြည့်။

ရှေ့တော်၌ မိမိကိုယ်ကိုယ် ငြိမ်သက်


ရှေ့တော်၌ ငြိမ်သက်ကာ၊ နှုတ်ကပတ်တော်ကို ကျွန်ုပ် ဆင်ခြင်။

နက်ရှိုင်းသည့် ကျွန်ုပ်၏ ဖောက်ပြန်ပျက်စီးခြင်း

လူသားသဏ္ဌာန် ဆုံးရှုံးခဲ့ပုံကို ကျွန်ုပ် တွေ့၏။

ဘုရား၏နှုတ်ကပတ်တော် ဖွင့်ပြချက်နှင့် စီရင်ခြင်းကြောင့်

မိမိကိုယ်ကိုယ် ကျွန်ုပ်ဆင်ခြင်၊

စေ့ဆော်မှုများ မိမိစကားနောက်ကွယ်မှာ၊ ကျွန်ုပ် ညာလွန်းပြီ။

မိမိတာဝန်တွင် ကျွန်ုပ်သည် ‌သမ္မာတရားကိုမရှာ‌‌ဖွေ

မိမိလုပ်ဆောင်ချက်တို့၌ စည်းမျဉ်းများ လိုက်နာသည်။

ညီအစ်ကို မောင်နှမများအပေါ် ချစ်ခြင်းမေတ္တာမရှိ၊

ကျွန်ုပ် ထောင်လွှား၊ တစ်ကိုယ်ကောင်းလည်း ဆန်သည်။

ဘုရား၏ စီရင်ခြင်း၊ စမ်းသပ်ခြင်းနှင့် သန့်ရှင်းခြင်းများ

ကျွန်ုပ် ပိုလက်ခံရန် လိုသေးသည်။

ရှေ့တော်၌ မိမိကိုယ်ကိုယ် ငြိမ်သက်


ရှေ့တော်၌ မိမိကိုယ်ကိုယ် ငြိမ်သက်စေကာ

သမ္မာတရားကို ရှာရင်း

ကျွန်ုပ်အသက်တာ၌ တဖြည်းဖြည်း ကျွန်ုပ် ကြီးထွား

ရှေ့တော်၌ မိမိကိုယ်ကိုယ် ငြိမ်သက်စေကာ

မိမိကိုယ်ကိုယ် ဆင်ခြင်ရင်း

စစ်မှန်သော နောင်တ ရသည်။

ရှေ့တော်၌ မိမိကိုယ်ကိုယ် ငြိမ်သက်စေ၍

ကိုယ်တော်၌ ရင်းနှီးစွာ ပြောဆိုမည်။

ဘုရားကို ကြောက်ရွံ့ပြီး ဒုစရိုက်ကို ရှောင်ကာ

ရှေ့တော်၌ နေခွင့်ပေးသည်။

အရာရာ၌ ဘုရား၏ စစ်ဆေးခြင်းကို ကျွန်ုပ် လက်ခံသည်၊

အလင်း၌ ကျွန်ုပ် နေထိုင်။

ကျွန်ုပ်အထဲ၌ သန့်ရှင်းခြင်းရှိ

စစ်မှန်သော အသက်တာကို ကျွန်ုပ် ရှင်သန်။

ရှေ့တော်၌ မိမိကိုယ်ကိုယ် ငြိမ်သက်


နှုတ်ကပတ်တော်ကို မကြာခဏ အောက်မေ့လျက်

ကျွန်ုပ် ကြီးစွာ ရိတ်သိမ်းခဲ့။

သမ္မာတရားကို ပိုနားလည်ရန်

ကျွန်ုပ်ကို သန့်ရှင်းသော ဝိညာဉ်တော် အလင်းပေး

တာဝန်ကျေပွန်စွာ ဆောင်ရွက်ရင်း

ကျွန်ုပ် ငြိမ်ဝပ်၍ ပျော်ရွှင်မှု ခံစားရ။

နှုတ်ကပတ်‌တော် လက်တွေ့ကျင့်သုံးကာ

ကျွန်ုပ် သူ၏ကောင်းချီးနှင့် ချစ်ခြင်းကို ရရှိ။


စစ်မှန်သော ရှာဖွေခြင်းမှတစ်ဆင့်၊

ကျွန်ုပ်အထဲ၌ သန့်ရှင်းသော ဝိညာဉ်တော်အလင်း ရရှိ။

သမ္မာတရားကို နားလည်ရင်း

ပိုင်းခြားသိမြင်မှုနှင့် လက်တွေ့လမ်းစဉ်ကို ရ၏။

ဘုရား၏ လမ်းပြမှုဖြင့် ကျွန်ုပ် အလင်း၌ နေ၏၊

ကျွန်ုပ်စိတ်နှလုံး ရွှင်လန်းခြင်းနှင့် ချိုမြိန်ခြင်းပြည့်။

ကျွန်ုပ်စိတ်နှလုံး ရွှင်လန်းခြင်းနှင့် ချိုမြိန်ခြင်းပြည့်။

ရှေ့တော်၌ မိမိကိုယ်ကိုယ် ငြိမ်သက်စေသည်။

ကျွန်ုပ်စိတ်နှလုံး ရွှင်လန်း ချိုမြိန်ခြင်းနှင့်ပြည့်။

ရှေ့တော်၌ မိမိကိုယ်ကိုယ် ငြိမ်သက်စေသည်။

ရှေ့တော်၌ မိမိကိုယ်ကိုယ် ငြိမ်သက်။

အရှေ့သို့- ၆၁ ဘုရားချစ်ခြင်းမေတ္တာ၏ အားပေးမှု

နောက်တစ်ခုသို့- ၆၃ ဘုရားရှေ့မှာ ကျွန်ုပ်တို့ အမြဲတမ်း ငြိမ်သက်နေရပါမည်

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

၉၃၆ ခပ်သိမ်းသောအရာတို့ တည်ရှိသည့် နိယာမများကို ဘုရားသခင် အုပ်စိုး၏

၁ လူသားတို့က ဘုရားသခင် တည်ရှိသည်ကို ဝန်မခံသကဲ့သို့၊ ဖန်ဆင်းရှင်က အရာအားလုံးကို ပြုလုပ်ပြီး အုပ်စိုးသည်ဆိုသည့်အချက်ကို လက်မခံသော်လည်း၊...

၇၉၉ ဘုရားအမှုတော်၏ ရည်ရွယ်ချက်ပန်းတိုင်

၁ဘုရားရဲ့အမှုတော်များစွာထဲမှာစစ်မှန်သောကိုယ်တွေ့ ရှိသူတိုင်း ဘုရားကို ချစ်ကြောက်ကြသည်ဘုရားရဲ့စစ်ကြောခြင်းနှင့်ဆုံးမခြင်းက လူသားတို့ကို...

၂၀၇ ထာဝရအသက်၏မူလအရင်းအမြစ် ကို သင်သိပါသလား

၁ ဘုရားဟာ လူ့အသက်ရဲ့အရင်းအမြစ်၊ဘုရားရဲ့တန်ခိုးတော်ကြောင့် ကောင်းကင်နဲ့မြေကြီး တည်ရှိဘယ်သက်ရှိအရာမျှ ဘုရားရဲ့အုပ်စိုးခြင်း၊အခွင့်တန်ခိုးနဲ့...

၁၆၅ ဘုရား၏ဆင်းကြွခြင်းကို ဘယ်သူမျှ သတိမပြုမိ

၁လူ့သား၏ဘဝသည် မပြောင်းမလဲ ဆက်လက်ရှိနေ လူသား၏နှလုံးသားလည်း ထိုနည်းအတိုင်းပင် ထုံးစံအတိုင်း နေ့ရက်တို့ ကုန်ဆုံး ဘုရားသည် ကျွန်ုပ်တို့ထဲ၌...

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။