၂၁၉ အို ဘုရားသခင်၊ ကိုယ်တော်၏ ချစ်ခြင်းမေတ္တာနှင့် ကျွန်ုပ် အမှန်တကယ် မထိုက်တန်ပါ

၁ ကျွန်ုပ် ပြန်မတွေးဝံ့သည့် အရာများစွာ လုပ်ဆောင်ခဲ့သည်။ အချိန်များစွာ ကျွန်ုပ် ဖြုန်းခဲ့သည်။ နောင်တနှင့် အကြွေးတင်ရှိမှုခံစားချက် များစွာတို့က ကျွန်ုပ်၏ စိတ်နှလုံးထဲ ပြည့်လျှံလာသည်။ ဘုရားသခင်အတွက် မိမိကိုယ်ကိုယ် အသုံးခံရင်း ဒုက္ခခံစားသည့်အခါ ဆုလာဘ်များကို ကျွန်ုပ် အမြဲ တောင်းဆိုခဲ့သည်။ ကောင်းချီးမင်္ဂလာများကို ရရှိဖို့ ကျွန်ုပ်၏ စိတ်ဆန္ဒက ပိတ်ပင်ခံရချိန်တွင်၊ ဘုရားသခင်ကို စွန့်ခွာဖို့ ကျွန်ုပ် တွေးမိခဲ့၊ သို့သော် ကိုယ်တော်၏ ချစ်ခြင်းမေတ္တာက ကျွန်ုပ် စိတ်ထဲတွင် ပြက်ထင်နေဆဲဖြစ်ပြီး မေ့ဖျောက်ဖို့ မတတ်နိုင်ခဲ့။ ဘုရားသခင်၏ နှုတ်ကပတ်တော်များက ဒုံးရင်းပြန်ဆိုက်ခြင်းနှင့် အပျက်သဘောဆောင်ခြင်းမှ ဖြည်းဖြည်းချင်း ကျွန်ုပ်ကို ဦးဆောင်ရင်း ကျွန်ုပ်၏ စိတ်နှလုံးကို ရိုက်ခတ်ခဲ့သည်။ အန္တရာယ်က ခြိမ်းခြောက်သည့်အခါ၊ ကျွန်ုပ် စိုးရိမ်ကာ၊ ကြောက်ရွံ့ပြီး သူရဲဘောကြောင်ခဲ့သည်။ ကျွန်ုပ် အားနည်းကာ အပျက်သဘောဆောင်ပြီး၊ ဘုရားသခင်ကို စွန့်ခွာဖို့ ကျွန်ုပ် တစ်ဖန်တွေးခဲ့သည်။ ကိုယ်တော်၏ နှုတ်ကပတ်တော်များက ကျွန်ုပ်၏ အရှက်ကို ကွယ်ဝှက်ရန် နေရာမရှိဖြစ်စေလျက် သံလျှပ်တစ်စင်းကဲ့သို့ ကျွန်ုပ်၏ စိတ်နှလုံးကို ခွဲခဲ့သည်။

၂ တစ်ချိန်က စာတန်၏ စုံစမ်းနှောင့်ယှက်ခြင်းကို မဆန့်ကျင်နိုင်ဘဲ ကျော်ကြားမှု၊ အခွင့်အလမ်းနှင့် အဆင့်အတန်းတို့ကို ရှာဖွေခြင်းငှာ ကျွန်ုပ် ပြေးလွှားခဲ့သည်။ အကြိမ်အနည်းငယ် ကျွန်ုပ် စိုးရိမ်ပူပန်ခဲ့သည်၊ တွန့်ဆုတ်ခဲ့ပြီး ဘဝတွင် ကျွန်ုပ်၏ ဦးတည်ချက် ပျောက်ဆုံးခဲ့သည်။ ပြန်လှည့်ဖို့ မသိဘဲ၊ အပြစ်ထဲတွင် ကျွန်ုပ် နာကျင်စွာ ရုန်းကန်ခဲ့သည်။ အို ဘုရားသခင်၊ ကျွန်ုပ်သည် အလွန်ပုန်ကန်တတ်ပြီး ကိုယ်တော့်ကို နာကျင်စေပြီ။ အလွန် ဖောက်ပြန်ပျက်စီးလျက်၊ ကျွန်ုပ်သည် ကိုယ်တော်၏ ကယ်တင်ခြင်းနှင့် အမှန်တကယ် မထိုက်တန်ပေ။ အို ဘုရားသခင်၊ ကျွန်ုပ်ကို အစဉ်အမြဲ ဦးဆောင်ပြီး လမ်းပြသည်မှာ ကိုယ်တော်၏ နှုတ်ကပတ်တော်ဖြစ်ပေ၊ သို့မဟုတ်လျှင် စုံစမ်းသွေးဆောင်ခြင်းထဲ ကျွန်ုပ် လဲကျကာ အသေးဆုံးသော ခြေလှမ်းကို လှမ်းရန် ရုန်းကန်ခဲ့ရပေမည်။ အို ဘုရားသခင်။ ကျွန်ုပ် ဘယ်သောအခါမျှ အပျက်သဘောဆောင်တော့မည်မဟုတ်ပါ သို့မဟုတ် နောက်ပြန်ဆုတ်တော့မည်မဟုတ်ပါ။ ကျွန်ုပ်ကို မစွန့်ပစ်ပါနှင့်၊ ကိုယ်တော် မရှိဘဲ ကျွန်ုပ် အသက်မရှင်နိုင်ပါ။ အို ဘုရားသခင်၊ ကျွန်ုပ်၏ ဖောက်ပြန်ပျက်စီးခြင်း သန့်စင်ခံရနိုင်ပြီး လူသားတစ်ဦးကဲ့သို့ ကျွန်ုပ် အသက်ရှင်နိုင်ဖို့အလို့ငှာ၊ ကိုယ်တော်၏ ပြစ်တင်ဆုံးမခြင်း၊ တရားစီရင်ခြင်းနှင့် စစ်ဆေးခြင်းတို့ကို ကျွန်ုပ်အား ပေးဖို့ရန် ကျွန်ုပ် တောင်းလျှောက်ပါ၏။

အရှေ့သို့- ၂၁၈ ပျောက်သောသား၏ ပြန်လာခြင်း သီချင်း

နောက်တစ်ခုသို့- ၂၂၀ ကျွန်ုပ်၏ လမ်းဟောင်းများဆီ ပြန်သွားကာ ဘုရားသခင်ကို တစ်ဖန်မနာကျင်စေလိုပေ

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

၁၄ ဘုရားသခင်သည် အရှေ့ရပ်၌ဘုန်းတော်နဲ့ ထင်ရှား

၁ စကြဝဠာတစ်ခုလုံး ၌ ဘုရားသခင် အမူတော် ဆောင်ရွက်နေ အရှေ့ဘက်က မိုးခြိမ်းသံများ မရပ် ဂိုဏ်းအယူဝါဒ အသင်းခွဲအားလုံး တုန်လှုပ်စေသူတို့အားလုံးကို...

၉၃၆ ခပ်သိမ်းသောအရာတို့ တည်ရှိသည့် နိယာမများကို ဘုရားသခင် အုပ်စိုး၏

၁ လူသားတို့က ဘုရားသခင် တည်ရှိသည်ကို ဝန်မခံသကဲ့သို့၊ ဖန်ဆင်းရှင်က အရာအားလုံးကို ပြုလုပ်ပြီး အုပ်စိုးသည်ဆိုသည့်အချက်ကို လက်မခံသော်လည်း၊...

၁၈၃ လူ့ဇာတိခံဘုရားတွင် ထင်ရှားနေသည့် ဘုရား၏ သြဇာအာဏာနှင့် တန်ခိုး

၁ဘုရားသည် နှုတ်ကပတ်တော်ကို ပြည့်စုံစေဖို့ကမ္ဘာပေါ်သို့ကြွလာပြီ နှုတ်ကပတ်တော်သည် လူ့ဇာတိကိုခံသည်သူ၏လူ့ဇာတိအားဖြင့် နှုတ်ကပတ်တော်...

၂၀၆ ဘုရားသခင်၌သာ အသက်လမ်းရှိ

၁ အသက်လမ်းဟာ လူတိုင်းပိုင်သောအရာမဟုတ်ဘူးလူတိုင်း အလွယ်အကူ ရယူနိုင်သော အရာမဟုတ်ဘူးအသက်မှာ ဘုရားဆီကသာ လာသည်မို့ဘုရားသခင်၌သာ အသက်၏အခြေအမြစ်...

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။