၂၂၀ ကျွန်ုပ်၏ လမ်းဟောင်းများဆီ ပြန်သွားကာ ဘုရားသခင်ကို တစ်ဖန်မနာကျင်စေလိုပေ

ဘုရားသခင်၏ နေ့ရက် တစ်နေ့ပြီးတစ်နေ့ ပို၍နီးလာ။ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းတို့မှ ထွက်ပြေးခြင်းအားဖြင့်၊ ကျွန်ုပ် မည်သည့်အရာကို ရရှိပြီနည်း။ ကျွန်ုပ် မိမိကိုယ်ကိုယ် လေးလေးနက်နက် ပြန်လည်သုံးသပ်ရမည်၊ ကျွန်ုပ်၏ လမ်းဟောင်းများဆီ ပြန်သွားကာ ဘုရားသခင်ကို နောက်တစ်ကြိမ် နာကျင်စေမည် စိုးရသည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များက ပကတိရှင်းလင်းမှုဖြင့် ပြောဆိုခံရသည်။ ကျွန်ုပ်သည် ဆိုးယုတ်သော စိတ်သဘောထားဖြင့် ပြည့်နှက်နေချိန်တွင်၊ ဘုရားသခင်ကို ကျွန်ုပ် အဘယ်သို့ အမှန်တကယ် ချစ်နိုင်သနည်း။ တရားစီရင်ခြင်းမခံရဘဲ၊ စိတ်သဘောထား၌ ပြောင်းလဲမှုတစ်ခု ကျွန်ုပ် မည်သို့ ရနိုင်သနည်း။ ဘုရားသခင်နှင့်ပတ်သက်၍ အယူအဆများ အစဉ် သိုထားလျက်- ကျွန်ုပ်သည် အလွန် မျက်ကန်းပြီး မိုက်မဲပေ။ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းတို့အားဖြင့်၊ ဘုရားသခင်၏ နက်နဲသော ချစ်ခြင်းမေတ္တာကို ကျွန်ုပ် တွေ့ကြုံခံစားရပေ။ ဘုရားသခင်၏ ကြင်နာသော ရည်ရွယ်ချက်များကို ကျွန်ုပ် နောက်တစ်ဖန် စိတ်ပျက်စေ၍ မဖြစ်ပေ။ လူသားမျိုးနွယ်အတွက် သူ၏နှုတ်ကပတ်တော်များအားလုံးကို ဖော်ပြဖို့ ဘုရားသခင် စွမ်းစွမ်းတမံ ကြိုးစားအားထုတ်လေပြီ။ ဘုရားသခင်၏အလိုတော်ကို သူ၏နှုတ်ကပတ်တော်များ၌ လုံးလုံး ထုတ်ဖော်ပြပြီးဖြစ်သည်။ ဘုရားနှုတ်ကပတ်တော်များကို မဖတ်ရှုသူသည် မဆင်မခြင်သော လူ့တိရစ္ဆာန်တစ်ဦးသာ ဖြစ်ကာ၊ ဘုရားသခင်၏နှုတ်ကပတ်တော်များကို စားသောက်ဖို့ကို လည်းကောင်း၊ သူ့ရှေ့မှောက်တွင် ရှင်သန်ဖို့ကိုလည်းကောင်း မထိုက်တန်ပေ။ ကျွန်ုပ်သည် ဘုရားသခင်၏ချစ်ခြင်းမေတ္တာကို များစွာ ပျော်မွေ့ပေ၊ သို့ဆိုလျှင် ကျွန်ုပ် သူ့အား အဘယ့်ကြောင့် မချစ်နိုင်သနည်း။ ဘုရားသခင်သည် ဖြောင့်မတ်သည်၊ သို့ဆိုလျှင် ကျွန်ုပ်သည် သူ့ကို အဘယ့်ကြောင့် အထင်လွဲမှားသနည်း။ ကျွန်ုပ်သည် အသိစိတ်နှင့် ဆင်ခြင်တုံတရား မည်မျှကင်းမဲ့သည်ကို ကျွန်ုပ်တွေ့သည်။ ကျွန်ုပ်သည် ဘုရားသခင်၏ရှေ့မှောက်၌ လဲကျပေ၊ ကျွန်ုပ်၏စိတ်နှလုံးသည် ဝမ်းနည်းခြင်းဖြင့် ပြည့်နှက်ပေ။ ဘုရားသခင်ကို ချစ်သည့်သူများသည် သူ့အတွက် အမှန်တကယ် သက်သေခံကြသည်။ ကျွန်ုပ်သည် သမ္မာတရားကို လိုက်စားရမည်ဖြစ်ပြီး နောက်ထပ် မလှုပ်မယှက် မစောင့်ဆိုင်းရပေ။ ဘုရားသခင်၏ နေ့ရက် တစ်နေ့ပြီးတစ်နေ့ ပို၍နီးလာ။ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းတို့မှ ထွက်ပြေးခြင်းအားဖြင့်၊ ကျွန်ုပ် မည်သည့်အရာကို ရရှိပြီနည်း။ ကျွန်ုပ် မိမိကိုယ်ကိုယ် လေးလေးနက်နက် ပြန်လည်သုံးသပ်ရမည်၊ ကျွန်ုပ်၏ လမ်းဟောင်းများဆီ ပြန်သွားကာ ဘုရားသခင်ကို နောက်တစ်ကြိမ် နာကျင်စေမည် စိုးရသည်။

အရှေ့သို့- ၂၁၉ အို ဘုရားသခင်၊ ကိုယ်တော်၏ ချစ်ခြင်းမေတ္တာနှင့် ကျွန်ုပ် အမှန်တကယ် မထိုက်တန်ပါ

နောက်တစ်ခုသို့- ၂၂၁ လူသစ်တစ်ဦးဖြစ်လာခြင်း

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

၆၃၂ ဘုရားသခင်၏ဒဏ်ခတ်ခြင်းနှင့် စစ်ကြောခြင်းကို ချစ်ခြင်းမေတ္တာဟူ၍ သိမှတ်ပါ

၁စစ်ကြောခြင်းနဲ့ဆုံးမခြင်းဟာ လူသားရဲ့အပြစ်များ၊ အသွေးအသားကို ဒဏ်ခတ်ဖို့ ရည်ရွယ်သော သန့်စင်ခြင်း၊ ညှာတာမှုကင်းသော ထုတ်ဖော်မှုတွေပါဒီ...

၃၃၀ သင့်အပေါ် ဘုရားရဲ့မျှော်လင့်ချက် သိပြီလား

၁ အဆုံးမဲ့ဒီကမ္ဘာကြီးထဲ ဘယ်သူ့ကို ဘုရားဆန်းစစ်ခဲ့လဲဝိညာဉ်တော်ဘုရားရဲ့စကားများ ကိုယ်တိုင်ဘယ်သူကြားဖူးလဲများစွာသောလူတို့ အမှောင်ထုထဲကို...

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။