၈၇၅ လူသားကိုယ်စား ဆင်းရဲဒုက္ခခံဖို့ ဘုရားသခင် လူ့ဇာတိခံယူခြင်း၏ အရေးပါမှု

၁ လူသားမျိုးနွယ်ကိုယ်စား ဆင်းရဲဒုက္ခခံဖို့ရန်အလို့ငှာ ဘုရားသခင် လူ့ဇာတိခံယူပေသည်၊ ထိုသို့ လုပ်ဆောင်ပြီးနောက် သူသည် လူသားမျိုးနွယ်၏ ရောက်လာမည့် နှစ်သက်ပျော်ရွှင်ဖွယ် ခရီးပန်းတိုင်ကို ဖြစ်ပေါ်စေလိမ့်မည်။ ယေရှုအားဖြင့် ပြည့်စုံစေခဲ့သည့် ယင်းအမှုတော်အဆင့်သည် သူ၏ အပြစ်နှင့်ပြည့်သော ဇာတိပကတိ ပုံသဏ္ဍာန်ဖြစ်လာခြင်းနှင့် ကားစင်တင်ခံရခြင်းအပြင် လူသားမျိုးနွယ်အားလုံးအတွက် အပြစ်ဖြေရာယဇ်နှင့် ရွေးနုတ်ခြင်းအနေဖြင့် သူ၏ အစေခံခြင်းတစ်ခုအဖြစ်သာ အသုံးတော်ခံခဲ့ပေသည်။ ဤအရာက နှစ်သက်ပျော်ရွှင်ဖွယ် ခရီးပန်းတိုင်ထဲသို့ လူသားမျိုးနွယ်၏ အနာဂတ်ဝင်ရောက်မှုအတွက် အခြေခံအုတ်မြစ်တစ်ခုကို ချခဲ့သည်။ သူသည် လူတို့၏ အပြစ်များကို မိမိဘာသာ တာ၀န်ယူခဲ့ပြီး ကားစင်တင်ခံခဲ့ကာ အပြစ်ဖြေရာယဇ်ဖြစ်လာခဲ့သည်၊ ယင်းနောက်တွင် လူသားမျိုးနွယ်သည် ရွေးနုတ်ခံခဲ့ရပေသည်။ ယင်းမှာ လူသားတို့သည် ၎င်းတို့၏ အပြစ်များ ခွင့်လွှတ်ခံခဲ့ရပြီး ဘုရားသခင်ရှေ့မှောက် လာနိုင်ဖို့ သက်သေတစ်ခုအဖြစ် အသုံးတော်ခံခဲ့သည့်အပြင် စာတန်ကို ဆန့်ကျင်သည့် စစ်ပွဲတွင် တန်ပြန်လှုပ်ရှားမှုတစ်ခု ဖြစ်ခဲ့သည်။

၂ နောက်ဆုံးသော ကာလအတွင်းတွင်၊ ဘုရားသခင်သည် သူ၏ အမှုတော်ကို ပြည့်စုံစေလိမ့်မည်ဖြစ်ပြီး ခေတ်ဟောင်းကို အဆုံးသတ်ကာ၊ ကျန်ရှိသူ လူသားများကို မိမိတို့၏ နှစ်သက်ပျော်ရွှင်ဖွယ် ခရီးပန်းတိုင်တွင် ခေါ်ယူလာလိမ့်မည်။ ထိုသို့ဖြင့်၊ ဘုရားသခင်သည် တစ်ဖန် လူ့ဇာတိခံယူခဲ့ပြီး၊ လူသားမျိုးနွယ်ကို သိမ်းပိုက်ခြင်းအပြင်၊ လူတို့ကိုယ်စား ဆင်းရဲဒုက္ခအချို့ကို သည်းခံဖို့ ကြွလာပြီးဖြစ်သည်။ ဘုရားသခင်၏ မိမိကိုယ်ကိုယ်အတွက် သက်သေခံခြင်းနှင့် စာတန်ကို အနိုင်ယူဖို့၊ နတ်ဆိုးကို အရှက်ရစေဖို့ နှင့် လူသားမျိုးနွယ်၏ နှစ်သက်ပျော်ရွှင်ဖွယ် ခရီးပန်းတိုင်ကို ဖြစ်ပေါ်စေဖို့ရန် ဤသက်သေနှင့် သက်သေခံချက်ကို အသုံးပြုခြင်းတို့ ပါဝင်မည့် ဤသက်သေ၊ ဤလုပ်ရပ်အားဖြင့် လူသားမျိုးနွယ်၏ ဆင်းရဲဒုက္ခအားလုံး ဖယ်ရှားခံရလိမ့်မည်။

၃ လူ့ဇာတိခံ ဘုရားသခင်သည် သူ၏ အမှုကို ပြုဖို့ရန်နှင့် လောက၏ နာကျင်မှုကို တွေ့ကြုံဖို့ရန် ကြွလာပြီးဖြစ်သည်။ ဤအမှုကို ဘုရားသခင် ပြုသည်မှာ အရေးကြီးပြီး၊ လူသားမျိုးနွယ်နှင့် လူသားမျိုးနွယ်၏ အနာဂတ်ခရီးပန်းတိုင် နှစ်ခုလုံးအတွက် အလွန်ပဓာနကျလေသည်။ လူသားမျိုးနွယ်ထံ ကယ်တင်ခြင်းကို ဆောင်ကြဉ်းဖို့နှင့် လူသားများကို ရရှိဖို့ ဤအရာအားလုံး လုပ်ဆောင်နေခြင်းဖြစ်သည်။ လူသားမျိုးနွယ်၏ နှစ်သက်ပျော်ရွှင်ဖွယ် ခရီးပန်းတိုင်အတွက် ဤလုပ်ရပ်များ လုပ်ဆောင်နေခြင်းဖြစ်ပြီး ဤအားထုတ်မှုကို သုံးစွဲနေခြင်း ဖြစ်သည်။

“နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ၊ လောကီဆင်းရဲဒုက္ခကို ဘုရားသခင် မြည်းစမ်းခြင်း၏ အဓိပ္ပာယ်” ကို ကောက်နုတ်၍ ဆီလျော်စွာ ပြုပြင်ထားသည်

အရှေ့သို့- ၈၇၄ လူသားအတွက် ဘုရားသခင် လုပ်ဆောင်သမျှတိုင်းသည် စိတ်ရင်းမှန်ဖြင့် လုပ်ဆောင်ခြင်းဖြစ်၏

နောက်တစ်ခုသို့- ၈၇၆ လူသား၏ နာကျင်မှုကို ဘုရားသခင် တွေ့ကြုံခြင်းသည် နက်ရှိုင်းစွာ အဓိပ္ပါယ်ရှိသည်

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

၂၆၆ အသင်းတော် ဓမ္မတေးသီချင်း

ဘုရားအပေါ် ပေတရု၏ချစ်ခြင်း၁အို ဘုရား၊အချိန်၊ နေရာမရွေး ကိုယ်တော်ကို သတိရနေမှာပါဘယ်အချိန်နေရာမဆို ကိုယ်တော်ကို ချစ်လိုပါ၏သို့သော်...

၆၅၉ ဆင်းရဲဒုက္ခရောက်ချိန် ခံနိုင်ရည်ရှိသူများသာ အောင်နိုင်သူများဖြစ်သည်

၁နိုင်ငံတော်ခေတ်တွင်လူသားမျိုးနွယ် တွေ ကို ပြီးပြည့်စုံစေမည်။နိုင်ငံတော်ခေတ်တွင် လုံးဝပြီးပြည့်စုံစေမည်။ရယူခြင်းအလုပ် တွေ ပြီးသည့်အခါသူတို့...

၈၁ နောက်ဆုံးသောကာလ၌ စီရင်ခြင်းသည် ခေတ်ကို အဆုံးသတ်စေမည်

၁ နောက်ဆုံးသောကာလသည် ကျေးဇူးတော်ခေတ်၊ ပညတ်တော်ခေတ်တို့နှင့် အလွန်ကွဲပြားခြားနား။နောက်ဆုံးသောကာလ၏ အမှုတော်ကို အစ္စရေးပြည်မှာ မပြု၊...

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။