၎ အနန္တတန်ခိုးရှင်ဘုရား၊ နောက်ဆုံးသောနေ့ရက်ကာလ၏ ခရစ်တော်
၁ အရှေ့အရပ်မှ လျှက်ပြက်ခြင်း လာကာ အနောက်အရပ်သို့ ထွန်းလင်းလေပြီ။ လူသား ပေါ်ထွန်းပြီးဖြစ်ကာ လူသားမျိုးနွယ်ကို တရားစီရင်ဖို့ ဖော်ပြလေသည်- သူသည် အနန္တတန်ခိုးရှင်၊ နောက်ဆုံးသော ကာလ၏ ခရစ်တော် ဖြစ်ပေ။ အနန္တတန်ခိုးရှင် ဘုရားသခင်သည် တံဆိပ်ခုနှစ်ခုကို ဖွင့်လေပြီ။ သူသည် စာစောင်ကို ဖြန့်လေပြီ။ သူ၏ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်ပြီးဖြစ်ကာ နောက်ဆုံးသော ကာလ၏ တရားစီရင်ခြင်း စတင်လေပြီ။ အနန္တတန်ခိုးရှင် ဘုရားသခင်၏ နှုတ်ကပတ်တော်များက သမ္မာတရား ဖြစ်ပေ။ ထိုနှုတ်ကပတ်တော်များက သန်းပေါင်းများစွာ၏ နှလုံးသားများကို သိမ်းပိုက်လေပြီ၊ ဘုရားသခင်၏ အသံတော်ကို ကြားရင်း ပညာသတိရှိသော သတို့သမီးများသည် ဘုရားသခင်၏ ပလ္လင်တော်ရှေ့မှောက်သို့ ပြန်လာကြလေပြီ။ ဘုရားသခင်၏ နှုတ်ကပတ်တော်များသည် လူသားမျိုးနွယ်၏ ဖောက်ပြန်ပျက်စီးခြင်း ဇာစ်မြစ်များနှင့် အမှန်တရားတို့ကို တရားစီရင်ကာ ဖော်ထုတ်လေပြီ။ သူ၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းသည် ဘုရားသခင်၏ ပလ္လင်တော်ရှေ့မှောက်သို့ ချီမခံရသူများကို သန့်စင်စေကာ ကယ်တင်လေပြီ။
၂ အနန္တတန်ခိုးရှင် ဘုရားသခင်သည် လူသားမျိုးနွယ်ကို တရားစရင်၊ သန့်စင်စေပြီး ကယ်တင်သည့် သမ္မာတရားအားလုံးကို ဖော်ပြလေပြီ။ သူသည် သူ၏ ဖြောင့်မတ်သော စိတ်သဘောထားကို သိသာထင်ရှားစေပြီ။ ဘုရားသခင့် နှုတ်ကပတ်တော်များ၏ တရားစီရင်ခြင်းမှတစ်ဆင့်၊ သူ၏ လူတို့သည် မိမိတို့၏ ကိုယ်ပိုင် ဆိုးယုတ်သော သဘာဝတို့ကို တွေ့မြင်လေပြီ။ အခက်အခဲများ၊ စမ်းသပ်မှုများနှင့် စစ်ဆေးခြင်းတို့မှတစ်ဆင့်၊ ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ သန့်စင်ခံရကာ ပြောင်းလဲကြလေပြီ။ လူအသီးသီးသည် ဘုရားသခင်၏ ရှေ့မှောက်တွင် မိမိတို့၏ နှလုံးသားများက ကြောက်ရွံ့မှုဖြင့် ပြည့်လျက် သူ၏ ဖြောင့်မတ်ခြင်းနှင့် သန့်ရှင်းခြင်းတို့ကို ချီးမွမ်းရင်း ဒူးထောက်ကြသည်။ ဘုရားသခင်၏ စိတ်သဘောထားသည် သနားကရုဏာနင့်ပြည့်ကာ ချစ်ခင်တတ်သည်သာမက- ထို့အပြင် ဖြောင့်မတ်ပြီး ဘုန်းအာနုဘော်တော် ဖြစ်ပေ။ အနန္တတန်ခိုးရှင် ဘုရားသခင်သည် လူသားမျိုးနွယ်ကို တရားစီရင်ကာ ကယ်တင်သည့် တစ်ပါးတည်းသော စစ်မှန်သည့် ဘုရားသခင် ဖြစ်ပေ။ ဘုရားသခင်သည် ထာဝရအသက် လမ်းခရီးကို ဆောင်ကြဉ်းလေပြီ၊ သူသည် လူသားမျိုးနွယ်၏ တစ်ခုတည်းသော မျှော်လင့်ချက် ဖြစ်ပေ။
၃ အနန္တတန်ခိုးရှင် ဘုရားသခင်သည် သူ၏ အရာခပ်သိမ်း တတ်စွမ်းနိုင်ခြင်းနှင့် ဉာဏ်ပညာတို့ကို သိသာထင်ရှားစေရင်း တရုတ်နိုင်ငံတွင် အောင်မြင်သောသူများ အုပ်စုတစ်စုကို ဖြစ်ပေါ်စေလေပြီ။ အဆင်းနီသော နဂါးကြီး၏ ဆိုးယုတ်သော အင်အားစုများသည် အချိန်ကြာမြင့်စွာက အရှက်ရကာ ရှုံးနှိမ့်ကြပြီး ဖြစ်သည်။ ၎င်းတို့သည် ဆန့်ငင်ဆန့်ငင် ဖြစ်နေကြသည်။ ဘုရားသခင်သည် စာတန်ကို အနိုင်ယူပြီးဖြစ်ကာ အပြည့်အဝ ဘုန်းထင်ရှားပြီးဖြစ်သည်၊ သူ၏ ကြီးမြတ်သော အမှုသည် ပြီးစီးခြင်းသို့ ရောက်လေပြီ။ အနန္တတန်ခိုးရှင် ဘုရားသခင်သည် ဆိုးယုတ်သော၊ ဖောက်ပြန်ပျက်စီးသည့် လောကကို သူ၏ ဖြောင့်မတ်ခြင်း၊ ဘုန်းအာနုဘော်နှင့် အမျက်ဒေါသတို့ဖြင့် တရားစီရင်သည်။ ကြီးမားသည့် ကပ်ဘေးများသည် ရန်လိုသော အင်အားစုအားလုံးကို ချေဖျက်ပြီး ဘုရားသခင်၏ အလိုတော်ကို ကမ္ဘာမြေပေါ်သို့ ဆောင်ရွက်ခြင်း ရှိလေသည်။ အနန္တတန်ခိုးရှင် ဘုရားသခင်သည် ဘုန်းအသရေ ပလ္လင်တော်ပေါ်တွင် ထိုင်လေပြီဖြစ်ကာ ခရစ်တော်၏ နိုင်ငံတော်သည် ပေါ်ထွန်းလေပြီ။ တိုင်းနိုင်ငံအားလုံးနှင့် လူမျိုးအပေါင်းတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များအားဖြင့် သိမ်းပိုက်ခြင်းခံရပြီး အနန္တတန်ခိုးရှင် ဘုရားသခင်၊ နောက်ဆုံးသော ကာလ၏ ခရစ်တော်ထံသို့ လာကြလေပြီ။