၃၆ အနန္တတန်ခိုးရှင် ဘုရားသခင်အား ဟစ်ကြွေးချီးမွမ်းကြ
၁ အနန္တတန်ခိုးရှင်ဘုရား၊ နောက်ဆုံးသောကာလ၏ ခရစ်တော်သည် လောက၏ အရှေ့အရပ်တွင် ပေါ်ထွန်း။ လူသားမျိုးနွယ်ကို ကယ်တင်ဖို့ သူသည် သမ္မာတရားကို မြွက်ဆို သူသည် ကယ်တင်ရှင်၏ သွင်ပြင်လက္ခဏာဖြစ်သည်။ ဘုရားသခင်၏ လူမျိုးတို့သည် သူ့အသံတော်ကိုကြားပြီး သူ့ပလ္လင်တော်သို့်ချီဆောင်ခြင်းခံကြရ။ ကျွန်ုပ်တို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်ကို စားသုံးကြပြီး သမ္မာတရားနှင့် နက်နဲဆန်းကြယ်မှုများကို သိကြသည်။ ကျွန်ုပ်တို့သည်နှုတ်ကပတ်တော်အားဖြင့် လွှမ်းမိုးသိမ်းယူခြင်းကို ခံကရသည်။ စုံစမ်းခြင်းများနှင့် စစ်ကြောခြင်းများကိုခံရ၍ ကျွန်ုပ်တို့သည် ပြင်းပြသောနာကျင်မှုကိုခံစားကာ ကျွန်ုပ်တို့၏ ဖောက်ပြန်ဆိုးညစ်မှုသည်လည်း စင်ကြယ်ခဲ့ပြီ။ စုံစမ်းခြင်းများနှင့် ညှင်းပန်းနှိပ်စက်ခြင်းများကို ကြုံတွေ့ခြင်းအားဖြင့် မာရ်နတ်၏ စက်ဆုပ်ရွံရှာဖွယ်ကောင်းခြင်းကို ကျွန်ုပ်တို့မြင်တွေ့ရသည်။ ဘုရားသခင်သည် အစေခံမှုအတွက် စာတန်ကို အသုံးချပေ၊ ပြီးလျှင် စမ်းသပ်မှုများမှတစ်ဆင့် လူ၏ယုံကြည်မှုကို စုံလင်စေ။ ကျွန်ုပ်တို့သည် စာတန်ကိုရွံမုန်းကာ အဆုံးတိုင်အောင် ဘုရားနောက် လိုက်ပါမည်။ နိုင်ငံတော်၏ လေ့ကျင်ထိန်းကွပ်ပေးခြင်းကို လက်ခံခြင်းအားဖြင့် ကျွန်ုပ်တို့သည် အသက်နှင့် သမ္မာတရားကိုရရှိကြသည်။ အနန္တတန်ခိုးရှင်ဘုရားသခင်ကို ကျွန်ုပ်တို့ ကျယ်လောင်စွာချီးမွမ်း သူသည်ကျွန်ုပ်တို့ကို စင်ကြယ်စေပြီးကျွန်ုပ်တို့အသက်ကို ကယ်တင့်သောကြောင့်ဖြစ်သည်။
၂ ဆိုးယုတ်ခြင်းသည် နက်ရှိုင်းသော်လည်း ဘုရားသည် လူသားမျိုးနွယ်ကို သမ္မာတရားအား ဟောပြောပြီး လွှမ်းမိုးသိမ်းယူသည်။ နှုတ်ကပတ်တော်သည် ကြီးမားတဲ့နဂါးနီ၏ သားကောင်များကို စစ်ကြောပြီး စင်ကြယ်စေဲ့သည်။ ကြီးမားတဲ့နဂါးနီကြီးရဲ့နယ်မြေတွင် အောင်နိုင်သောသူများကို ဖြစ်ပေါ်စေ့သည်။ ဘုရားသခင်သည် စာတန်ကို လုံးဝအနိုင်ယူကာ ဘုန်တန်ခိုးအပြည့်အဝကိုဘုရားရရှိလေပြီ။ ခရစ်တော်၏စကားသည် အသက်၊ သမ္မာတရားနှင့် လမ်းခရီးဖြစ်သည်ကို ငြင်းပယ်၍မရ။ လူသည် ဘုရား၏ နှိမ့်ချခြင်းကိုချစ်မြတ်နိုးသင့်ပါသည်။ ဘုရားသခင်၏ စိတ်သဘောထားသည် ဖြောင့်မတ်ပြီး ကျွန်ုပ်တို့သည် သူ့ကို ချစ်ကြောက်သောစိတ်ဖြင့်မျှော်ကြည့်ကြသည်။ သူ၏ ဆောင်ရွက်မှုများသည် အံ့ဖွယ်ဖြစ်ကာ၊ တိုင်းထွာ၍ မရပါ ကျွန်ုပ်တို့ သူ့ကို အဆုံးမရှိ ချီးမွမ်းကြသည်။ ဘုရားသခင်၏တန်ခိုးတော်သည် နိုင်ငံအားလုံးအား သူ့ကိုနာခံစေကာ ချီးမြှောက်စေ့သည်။ ထာဝရအသက်လမ်းကို ကျွန်ုပ်တို့ရရှိ၍ အမြင့်ဆုံးသောအသံများဖြင့် ဘုရားကို ကျွန်ုပ်တို့ချီးမွမ်း။