၃၅ ဘုရားအတွက် ထ၍ ကခုန်ပါ
၁
ပွဲတော်ကိုတက်ရန် ကျွန်ုပ်တို့ ဘုရားရဲ့အသံကြားရပြီး
ဘုရားရှေ့မှောက်မှာ ချီးမြှောက်ခံရပြီးပြီ။
ကျွန်ုပ်တို့ နှုတ်ကပတ်တော်ကိုစားသုံးပြီး ဆုတောင်းကြတာ၊
ဘုရားရှေ့တော်မှာအသက်ရှင်ရတာပျော်မွေ့ စရာကောင်း
ကျွန်ုပ်တို့ ဘုရားကိုဘာသာတရားထဲမှာဘဲ ယုံကြည်ခဲ့စဉ်
စိတ်နှလုံးတွေမှောင်မိုက်ပြီး လမ်းစမရှိခဲ့။
ယခု ကျွန်ုပ်တို့ နှုတ်ကပတ်တော်ကို စားသုံး၊
အမှန်တရားကို အကျွမ်းတဝင်ဖြစ်။
သန့်ရှင်းတဲ့ဝိဉာဉ်ရဲ့ အမှုတော်၌ မွေ့လျော်ခြင်းဟာ ပျော်ရွှင်မှုပါဘဲ။
ညီအစ်ကိုမောင်နှမတို့၊ နိုးထ၍ ဘုရားသခင်ကို ချီးမွမ်းလော့
ကကွက်အသစ်များနှင့် ချီးမွမ်းလော့
ကျွန်ုပ်တို့ ဘာသာရေးထုံးတမ်း အချုပ်အနှောင်များမှလွတ်မြောက်ခဲ့ပြီ၊
သမ္မာတရားကိုနားလည်ခဲ့ပြီးပြီ
ကျွန်ုပ်တို့ဝိညာဉ်တွေဟာ လွတ်မြောက်ခဲ့ပြီ။
ဘုရားစကားအားလုံးဟာ သမ္မာတရား၊
ကျွန်ုပ်တို့အား ဘဝလမ်းကြောင်းကိုညွှန်ပြတယ်။
ကိုယ့်အတွက် မဟုတ်မမှန်တာကို
ဘယ်တော့မှ မကြံစည်တော့၊ ဘုရားရဲ့စည်းမျဉ်းနှင့်
အစီအစဉ်များကို လုံးဝ နာခံမယ်။
၂
ကျွန်ုပ်တို့ဘုရားရဲ့စီရင်ခြင်းစကားကို ကြားနာခံခဲ့ပြီ၊
ကျွန်ုပ်တို့အကျင့်ပျက်မှုဟာ စင်ကြယ်ခဲ့ပြီး အသွင်ပြောင်းခဲ့ပြီ။
ကျွန်ုပ်တို့အပြစ်ကင်းတဲ့ကလေးတွေလိုနေပြီး
ဘုရားကို နာမ်ဝိညာဉ်နှင့် သစ္စာဖြင့် ကိုးကွယ်ကြ။
ကျွန်ုပ်တို့ကိုလမ်းပြတဲ့ ဘုရားရဲ့စကားတွေနှင့်၊
ဖိနှိပ်မှုနှင့် ဒုက္ခတွေအားလုံးကို
ကျွန်ုပ်တို့ခြေဖဝါးအောက်မှာ နင်းခြေပစ်တယ်။
စာတန်ဘယ်လိုဘဲနှောက်ယှက်စေကာမူ
ကျွန်ုပ်တို့ဟာခရစ်တော်နောက်လိုက်ပြီး အဆုံးတိုင်သစ္စာရှိ ကြမှာ။
ညီအစ်ကိုမောင်နှမတို့၊ နိုးထ၍ ဘုရားသခင်ကို ချီးမွမ်းလော့
ကကွက်အသစ်များနှင့် ချီးမွမ်းလော့
ခရစ်တော်နောက်လိုက်ခြင်းဟာ အမှန်ပင်ပျော်ရွှင်စရာ၊
ထိုလမ်းကြောင်းဟာလင်းသထက်ပိုလင်းတာ။
ဘုရားရဲ့ဖြောင့်မတ်ခြင်းနှင့် သန့်ရှင်းခြင်းကို
သိနေလို့ ကျွန်ုပ်စိတ်နှလုံးဟာ ဘုရားကိုချီးကျူးဖို့သာ ဆန္ဒရှိ
ဘုရားကိုချီးကျူးခြင်းဟာ ပျော်ရွှင်စရာ၊
ကျွန်ုပ်တို့ဘုရားနှင့် အတူရှိနေခြင်းဟာ အမှန်ပျော်စရာပါ။
ဘုရားအတွက် သက်သေခံခြင်းဟာ ဂုဏ်ယူစရာ ဖြစ်သည်။
ကျွန်ုပ်ဝိညာဉ်ဟာ တကယ့်ကိုလွတ်မြောက်တာ။
စာတန်ကို အနိုင်ယူတာဖြစ်လို့ ဘုရားကိုချီးမွမ်းပါ၊
ဘုရားသာဘုန်းအသရေအားလုံးရရှိပြီ။