၄၁ အနန္တတန်ခိုးရှင်ဘုရားသခင်ကို ချီးမွမ်းဆုံးမည်မဟုတ်
၁ လူ့ဇာတိခံခရစ်တော်၊ အနန္တတန်ခိုးရှင်ဘုရား သမ္မာတရားကို ဖော်ပြပြီး ဘုန်းတန်ခိုးနှင့်ပြည့်လျှံလျက် အရှေ့အရပ်တွင် ပေါ်ထွန်းလာခဲ့ပြီ။ ဘုရား၏နှုတ်ကပတ်တော်သည် ကောင်းကင်တစ်ခွင်လုံးနှင့် စကြာဝဠာတစ်ခုလုံးတွင် တောက်ပစွာလင်းလက်။ ဘုရားသခင်၏တရားစီရင်ခြင်းကို လက်ခံပြီး အလင်းထဲ၌ ကျွန်ုပ်တို့ ရှင်သန်လိမ့်မည်။ ညီအစ်ကိုတို့ မြန်မြန်လာ၍ကြည့်ကြပါ။ နိုင်ငံတော်သည် ကမ္ဘာမြေပေါ်တွင် ဖြစ်တည်လာသည်။ ညီအစ်မတို့ မြန်မြန်လာ၍ နေရာအနှံ့ရှိ ချီးမွမ်းသံများကို နားထောင်ကြည့်ပါ။ ဘုရားသခင်၏လူတို ကယ်တင်ရှင်ပြန်လာခြင်းကို ဝမ်းမြောကစွာ ကြိုဆိုကြသည်။
၂ နောက်ဆုံးစစ်ကြောစီရင်ခြင်းသည် ဘုရား၏မိသားစုတွင် စတင်ပြီ။ ဘုရားရှင်သည် ပေါ်ထွန်းလာခဲ့ပြီး ကျွန်ုပ်တို့အတွက် ထာဝရအသက်လမ်းကို ယူဆောင်လာခဲ့ပြီ။ သူ၏ သိုးတို့သည် သူ့အသံကိုကြားပြီး သူ့အထံတော်သို့ ပြန်လာကြပြီ သိုးသူငယ်၏ မင်္ဂလာဆောင်ပွဲတွင် နှုတ်ကပတ်တော်ကို ခံယူကြသည်။ ညီအစ်ကိုတို့ မြန်မြန်လာ၍ကြည့်ကြပါ။ နိုင်ငံတော်၏ စားသောက်ပွဲသည် စုံလင်ပြည့်လျှံလှပေသည် ညီအစ်မတို့ မြန်မြန်လာ၍ နားထောင်ကြပါ။ နှုတ်ကပတ်တော်တွင် သြဇာအာဏာရှိသည်။ နှုတ်ကပတ်တော်သည် သန်းပေါင်းများစွာသော နှလုံးသားများကို။ လွှမ်းမိုးသိမ်းယူခဲ့လေပြီ။
၃ ကျွန်ုပ်တို့ ညီအစ်ကိုမောင်နှမများ ဘကြောင့် ဝမ်းမြောက်စွာချီးမွမ်းခြင်ဖြင့် သီဆိုရသနည်း။ ဒါဟာ အနန္တတန်ခိုးရှင်ဘုရားသခင် ကျွန်ုပ်တို့ကို စာတီ၏လက်မှ ကယ်တင်ခဲ့သောကြောင့်ပင်။ နှုတ်ကပတ်တော်၏စစ်ကြောစီရင်ခြင်းသည် ကျွန်ုပ်တို့ကို သန့်ရှင်းစေကာ ကယ်တင်ခဲ့ပြီ။ ဘုရားသခင်၏နှုတ်ကပတ်တော်များအတွင်း၌ ရှင်သန်လျက်၊ ကျွန်ုပ်တို့ ဘယ်သောအခါမှ ဝမ်းနည်းခြင်း၊ နာကျင်ခြင်းကို ခံစားရတော့မည်မဟုတ်ပါ။ ညီအစ်ကိုတို့ မြန်မြန် နိုးထကြလော့။ ကျွန်ုပ်တို့အားလုံး ဘုရားသခငအတွက် သက်သေခံကြပါစို့ ညီအစ်မတို့၊ မရပ်နဲ့။ ဘုရားစိတ်ကျေနပ်စေဖို့ ကျွန်ပ်တို့၏စိတ်နှလုံးသားများကို ပေးအပ်ကြပါစို့။ ကျွန်ုပ်တို့တာဝန်ကိုကျေပွန်စွာထမ်းရွက်ဖို့ ကျွန်ုပ်တို့ရှိသမျှကို ဆပ်ကပ်ကြပါစို့။
၎ ညီအစ်ကိုမောင်နှမတို့ ကျွန်ုပ်တို့စိတ်ကျေနပ်သည်အထိ ကခုန်ကြပါစို့။ အနန္တတန်ခိုးရှင် သူ ရရှိသော ဘုန်းတန်ခိုးတော်အတွက် ချီးမွမ်းကြစို့။ ဘုရားသည် စာတန်ကိုအောင်နိုင်သောသူများ ကို ရရှိခဲ့ပြီ။ ဘုရားသခင်၏အောင်မြင်ခြင်းအတွက် ကျွန်ုပ်တို့ ဝမ်းမြောက်စွာ သီဆိုကြသည်။ ညီအစ်ကိုတို့ အသစ်သောသီချင်းကို သီဆိုကြ နေရာတိုင်းတွင် ကျွန်ုပ်တို့အသံ ပဲ့တင်ထပ်စေကြပါစို့။ ညီအစ်မတို့ ကျွန်ုပ်တို့စိတ်နှလုံးသားကိုဖွင့်လျက် ချီးမွမ်းကြ အနန္တတန်ခိုးရှငအား အဆုံးမရှိသော ချီးမွမ်းခြင်းကို သီဆိုကြပါစို့။