၁၀၂ ကျွန်ုပ်တို့၏ဝိညာဉ်များကို နောက်တဖန်လှုပ်ရှားစေတော်မူပါ ဘုရားသခင်
၁ အို ဘုရားသခင်၊ ကျွန်ုပ်၏နှလုံးသား ကိုယ်တော်ထံသို့ အပြည့်အဝ လှည့်နိုင်ရန်အလို့ငှာ၊ ကျွန်ုပ်၏ဝိညာဉ်သည် ကိုယ်တော်၏ တို့ထိခြင်း ခံရနိုင်ဖို့အလို့ငှာ၊ ကျွန်ုပ်၏ စိတ်နှလုံးနှင့် ကျွန်ုပ်၏ စိတ်ဝိညာဉ်ထဲတွင် ကိုယ်တော်၏ ချစ်ခင်ဖွယ်ကောင်းခြင်းကို တွေ့မြင်နိုင်ရန်အလို့ငှာနှင့် ကမ္ဘာမြေပေါ် ရှိသောသူတို့သည် ကိုယ်တော်၏ လှပမှုကို မြင်တွေ့ဖို့ ကောင်းချီးမင်္ဂလာ ခံစားနိုင်ကြဖို့အလို့ငှာ၊ ကောင်းကင်ဘုံက ကိုယ်တော်၏ဝိညာဉ်တော်သည် ကမ္ဘာမြေပေါ်က လူတို့အပေါ် ကျေးဇူးတော် အပ်နှင်းစေတော်မူပါ။ ဘုရားသခင်။ ကျွန်ုပ်တို့၏ ချစ်ခြင်းသည် အမြဲတည်တံ့ကာ မပြောင်းလဲနိုင်ဖို့အလို့ငှာ ကိုယ်တော်၏ ဝိညာဉ်တော်သည် ကျွန်ုပ်တို့၏ စိတ်ဝိညာဉ်များကို တစ်ဖန် တို့ထိစေတော်မူပါ။
၂ ငါတို့အားလုံး အထဲ၌၊ ဘုရားသခင်သည် ငါတို့၏ နှလုံးသားများကို ဦးစွာ စစ်ဆေးပြီး-ငါတို့၏ နှလုံးသားများကို သူ့ထံ ဖွင့်ဟပြီးသည်နှင့်တစ်ပြိုင်နက်၊ ငါတို့၏ ဝိညာဉ်များကို သူစတင် တို့ထိလေသည်။ ဘုရားသခင်၏ ချစ်ဖွယ်ကောင်းခြင်း၊ သာလွန်ကြီးစိုးခြင်းနှင့် ကြီးမြတ်ခြင်းတို့ကို ငါတို့ မြင်နိုင်သည်မှာ ငါတို့၏ ဝိညာဉ်များထဲ၌သာ ဖြစ်သည်။ ဤသည်မှာ လူသားများထဲက သန့်ရှင်းသော ဝိညာဉ်တော်၏ လမ်းကြောင်း ဖြစ်သည်။