၁၀၄ ဘုရားရှေ့တော်၌ ကျွန်ုပ်အသက်ရှင်
ဘုရားရှေ့တော်၌ ကျွန်ုပ်အသက်ရှင်
သူ့အား ကြည်ညို၍ ကျွန်ုပ်ယုံကြည်ကိုးစား
ကျွန်ုပ်မြင်တွေ့သောသူနှင့် အရာတိုင်းသည်
ဘုရားလက်တော်ဖြင့် ဖန်ဆင်းထားသည်
ဘုရားရှေ့တော်၌ ကျွန်ုပ်အသက်ရှင်၊
နေ့ရက်စဉ်တိုင်း သူ့နှုတ်ကပတ်တော်ဖတ်ရှုရင်း၊
မိမိလက်တွေ့အခြေအနေအတွင်း၌ ရှိသော
သမ္မာတရားကို အောက်မေ့ကာ ဆင်ခြင်ရင်း
မိမိပုံရိပ်အမှန်ကို သိရှိနိုင်သည်
မာနထောင်လွှားတစ်ကိုယ်ကောင်းဆန်ခြင်း
နှင့်ကောက်ကျစ်ခြင်းတွေ လူမဆန်ဘူး
ဤအချက်အားလုံး မိမိကို စာတန်ကဲ့သို့ဖြစ်စေသည်
မိမိအကျင့်ပျက်မှု ရွံမုန်း၊ စီရင်ချက်ကို လက်သင့်ခံပြီး
မိမိစိတ်သဘောထား ပြောင်းလဲရန် ကျွန်ုပ်ကြိုးစား
ဘုရားရဲ့နှုတ်ကပတ်တော်သည် မိမိ
လမ်းမှန်သို့ ပို့ဆောင်၊ ဘုရား၏ကျေးဇူးတော်ပဲ
ဘုရားရှေ့တော်၌ ကျွန်ုပ်အသက်ရှင်၊
ခပ်သိမ်းသောအရာ၌ သူ့အလိုတော်ရှာဖွေ
လူတို့သဘောထားကိုက်ညီမှု နည်းလေ၊
သမ္မာတရားတွေ့မြင်ဖို့ ပိုများလေပဲ
ဘုရားရှေ့တော်၌ အသက်ရှင် ဘုရားရှေ့တော်၌ အသက်ရှင်
ကျွန်ုပ်တို့သည် စောဒကတက်၍ လိုက်နာမှုမရှိပါက
သစ္စာမရှိသူအဖြစ် ဖော်ထုတ်ခံရမည်
သမ္မာတရားနှင့်ဘုရားအလိုတော်ရှာခြင်းဖြင့်သာ
ကျွန်ုပ်တို့ ဘုရားနှင့်ထိပ်တိုက်တွေ့နိုင်
ဘုရားရှေ့တော်၌ သူ့အစဉ်ကြည့်ရှုမှုအောက်တွင် ကျွန်ုပ်အသက်ရှင်
သူ့စကားများသည် ကျွန်ုပ်လုပ်ရပ်နှင့်စိတ်ထားကို မြင်စေသည်
ဘုရားရှေ့တော်၌ ကျွန်ုပ်အသက်ရှင် ဘုရားရှေ့တော်၌ ကျွန်ုပ်အသက်ရှင်
ကျွန်ုပ်စိတ် ကြည်ညိုမှုနှင့်အတူ
ဘုရား၏ကွယ်ကာမှု ကျွန်ုပ်ရရှိ၊ သူ့ကို စိတ်အနှောင့်အယှက်မပေးတော့
ဘုရားကို ကြောက်၍မကောင်းမှုရှောင်သူသည် ပညာရှိဖြစ်၏
ဘုရား၏သန့်စင်မှုဖြင့်
သူ၏ဖြောင့်မတ်ခြင်းကို ကျွန်ုပ်မြည်းစမ်း၍ နှစ်သက်ဖွယ်ဖြစ်သည်
ကျွန်ုပ်သည် ဘုရား၏နှုတ်ကပတ်တော် ကျင့်ကြံ၊
သမ္မာတရား၊ ချစ်ခြင်းနဲ့ နာခံမှုကို အမှီပြု
ကျွန်ုပ်သည် ကယ်တင်ခြင်းလမ်းကို လိုက်၍
ဘုရားရှေ့တော်၌အသက်ရှင်
စိတ်သဘောထားများပြောင်းလဲခဲ့သော
အကြီးမားဆုံးသောကောင်းကြီးမင်္ဂလာ
ဘုရား၏ရှေ့တော်၌ သူ့အစဉ်ကြည့်ရှုမှုအောက်တွင် ကျွန်ုပ်အသက်ရှင်
စီရင်ချက် နာကျင်ပေမဲ့ ကျွန်ုပ်အပြစ်ဆိုးနှင့်အတွေးဆိုးများ ချေမှုန်း
ဘုရားရှေ့တော်၌ ကျွန်ုပ်အသက်ရှင် ရေ
ဘုရားရှေ့တော်၌ ကျွန်ုပ်အသက်ရှင် ရေ
ဘုရားရှေ့တော်၌ ကျွန်ုပ်အသက်ရှင်
ဘုရားရှေ့တော်၌ ကျွန်ုပ်အသက်ရှင်