၁၁၅ စစ်မှန်သော ဘုရားရှင်၏နှုတ်ကပတ်တော်သည် လွန်စွာတန်ဖိုးရှိလှ
၁ ဘုရားသခင်သည် သမ္မာတရားများစွာ ဖော်ပြရင်း၊ ကမ္ဘာမြေပေါ် လူသားနှင့်အတူ အသက်ရှင်ဖို့ ကြွလာလေပြီ။ ကျွန်ုပ်ကို လမ်းပြဖို့ ဘုရားသခင်၏ နှုတ်ကပတ်တော်များ ကျွန်ုပ် ရှိသည့်အတွက်၊ မရေရာမှုဖြင့် ကျွန်ုပ် မရှာဖွေတော့ပြီ။ နေ့စဉ်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ကျွန်ုပ် ဖတ်ရှုပြီး ဘုရားသခင်၏ ရှေ့မှောက်တွင် ကျွန်ုပ် အသက်ရှင်။ သန့်ရှင်းသော ဝိညာဉ်တော်က ကျွန်ုပ်ကို အသိဉာဏ်ပွင့်လင်းစေကာ အလင်းပေးသည်။ ယခင်ထက် သမ္မာတရားကို ကျွန်ုပ် သာ၍ ရှင်းလင်းစွာ နားလည်ပြီး ကျွန်ုပ်၏ အသက်တာ တဖြည်းဖြည်း ကြီးထွားသည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များက လူသား၏ ဖောက်ပြန်ပျက်စီးခြင်းနှင့်ဆိုင်သည့် မှန်ကန်သော အချက်များကို ဖော်ထုတ်ပြီး ကျွန်ုပ် လုံးဝ ယုံကြည်လက်ခံရသည်။ ဘုရားသခင့် နှုတ်ကပတ်တော်များ၏ တရားစီရင်ခြင်းမှတစ်ဆင့်နှင့် စမ်းသပ်မှုများမှတစ်ဆင့် ဆင်းရဲဒုက္ခခံရင်း၊ ကျွန်ုပ်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ သန့်ရှင်းစေခြင်းခံရသည်။ ဘုရားသခင့် နှုတ်ကပတ်တော်များ၏ ကြွယ်ဝမှုကို မွေ့လျော်ရင်း၊ ကျွန်ုပ် အလွန်များစွာ ရရှိလေပြီ။ ဘုရားသခင့် စိတ်သဘောထား၏ ဖြောင့်မတ်ခြင်းနှင့် သန့်ရှင်းခြင်းတို့ကို တွေ့မြင်ရင်း၊ ကျွန်ုပ်၏ စိတ်နှလုံးသည် လေးစားခြင်းနှင့် ကြည်ညိုကိုင်းရှိုင်းခြင်းတို့ဖြင့် ပြည့်သည်။
၂ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ရှုရင်း၊ သမ္မာတရားကို ကျွန်ုပ် သိနားလည်ကာ ဇာတိပကတိ၏ အကန့်အသတ်များကို ကျော်လွန်သွားသည်။ ကျွန်ုပ်၏ တာဝန်ကို ထမ်းဆောင်သည်နှင့်အမျှ သမ္မာတရားကို မြင်ရင်းနှင့် ဘုရားသခင်ကို နာခံရင်း၊ ရိုးသားသော လူတစ်ဦး၏ အသွင်ကို ကျွန်ုပ် အသက်ရှင်နေထိုင်သည်။ ကျွန်ုပ်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို ခါချရင်း၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များက အလွန် တန်ဖိုးရှိသည်ဟူသော အမှန်တရားကို ကျွန်ုပ် မြင်သည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို လက်တွေ့လုပ်ဆောင်ရင်း၊ သမ္မာတရားနှင့် အသက်ကို ကျွန်ုပ် ရရှိကာ ကျွန်ုပ်၏ စိတ်နှလုံးသည် နောက်ထပ် မည်သည့်အရာကိုမျှ မတောင်းလျှောက်နိုင်လေပြီ။ ဘုရားသခင်၏ ချစ်ခြင်းမေတ္တာ မည်မျှ ကြီးမားသည်၊ မည်မျှ စစ်မှန်သည်ကို တွေ့မြင်ရင်း၊ ကျွန်ုပ်၏ စစ်မှန်သော စိတ်နှလုံးကို ဘုရားသခင်ထံ ကျွန်ုပ် ဝမ်းမြောက်ဝမ်းသာ ပေးသည်။ ရှေ့တွင် မည်သည့် ဒုက္ခများနှင့် အခက်အခဲများ တည်ရှိသည်ဖြစ်စေ၊ အမြင့်ဆုံး ယုံကြည်ခြင်းဖြင့် ကျွန်ုပ် လိုက်လျှောက်သည်။ ဘုရားသခင်ကို ချစ်ရန်နှင့် ဘုရားသခင်ကို ကြောက်ရွံ့ကာ မကောင်းမှုကို ရှောင်ကြဉ်ရန် ကြိုးစားရင်း၊ လမ်းခရီးသည် ယခင်ထက် သာ၍ တောက်ပလေသည်။ တကယ့် အဆုံးထိ ခရစ်တော်နောက်လိုက်ရင်း၊ ဘုရားသခင်ကို သစ္စာရှိရင်း၊ သူ၏ ပြုံးရွှင်နေသော သွင်ပြင်ကို ကျွန်ုပ် ကြိုဆိုသည်။