၂၇၂ လူတစ်ယောက်အသက်ရှင်ဖို့သမ္မာတရားရှိရမည်
၁
ယုံကြည်သူတစ်ယောက်ဟာ
ထိုင်းမှိုင်းတဲ့အသက်တာကိုရှောင်ကြဉ်ရန်
နှုတ်ကပတ်တော်ရှိရမယ်
နှုတ်ကပတ်တော်မှအလင်းရောင်တောက်
နှုတ်ကပတ်တော် မရှိပဲ ကိုယ်ဘယ်သူမှန်း တောင်မသိ
ကျွန်ုပ်တို့ စိတ်နှလုံးဘုရားနှင့်နီးကပ်စွာထားဖို့
နှုတ်ကပတ်ကိုဖတ်ကာ သမ္မာတရားအကြောင်းမကြာခဏဆွေးနွေးရမယ်
ပြဿနာများနှင့်ရင်ဆိုင်ရတဲ့အခါ
ကျွန်ုပ်တို့ဘုရားကိုရှာပြီးဆုတောင်းသင့်ပါတယ်။
သန့်ရှင်းသောဝိညာဉ်တော်နှင့်အတူရှိတာပျော်စရာပါ
ခရစ်တော်၏ဦးဆောင်ခြင်း၊ နှုတ်ကပတ်တော်၏လမ်းပြခြင်းဖြင့်
သမ္မာတရားကိုရရှိနိုင်ပါသည်။ ခရစ်တော်၌ယုံကြည်ခြင်းခိုင်မြဲကာ
သမ္မာတရားကိုခိုင်မြဲစွာဆွဲကိုင်လို့ နောင်တရမည်မဟုတ်
ဘုရားရဲ့ထောက်ခံမှုရရှိဖို့သမ္မာတရား ရှာရမယ်
ဘဝခရီးလမ်းကျွန်ုပ်ခြေအောက်မှာ
အံ့သြ လောက်အောင်ကြီးထွားလာတယ်
ကျွန်ုပ်ရဲ့ပြောင်းလဲတဲ့စိတ်သဘောထားကို
ဘုရားလက်ခံပါလိမ့်မယ်
ဆက်ပြီးကြိုးစားလုပ်ဆောင်ပြီး ရှေ့ဆီသို့ဆက်ကာတိုးပါမယ်
အောင်မြင်ခြင်းသည်ကျွန်ုပ်ကိုလှမ်းခေါ်နေသည်
၂
လေးနက်သောဘဝဖြစ်ဖို့သမ္မာတရားရှိရမယ်
သမ္မာတရားမရှိသောဘဝဝေဒနာဘဝပါ
ကံတရားအပေါ်ယုံကြည်လို့ပြဿနာမပြေလည်ပါ
သမ္မာတရားကိုရရှိမှသာစစ်မှန်သောဘဝကို
စစ်မှန်သောဘဝကိုပိုင်ဆိုင်နိုင်မှာ
ဘုရားရဲ့အလုပ်သည်ဖြောင့်မတ်တယ်ဆိုတာသိပါ
လူ့ဉာဏ်နီဉာဏ်နက်သည်ဘုရားကိုမလှည့်ဖြားနိုင်ပါ
ဘုရားရဲ့ထောက်ခံမှုရရှိဖို့သမ္မာတရားရှာရမယ်
ဘဝခရီးလမ်းကျွန်ုပ်ခြေအောက်မှာ
အံ့သြ လောက်အောင်ကြီးထွားလာတယ်
ကျွန်ုပ်ရဲ့ပြောင်းလဲတဲ့စိတ်သဘောထားကို ဘုရားလက်ခံပါလိမ့်မယ်
ဆက်ပြီးကြိုးစားလုပ်ဆောင်ပြီး ရှေ့ဆီသို့ဆက်ကာတိုးပါမယ်
အောင်မြင်ခြင်းသည်ကျွန်ုပ်ကိုလှမ်းခေါ်နေသည်
၃