ယောဘသည် ဘုရားကို သိကျွမ်းရန် ကြိုးစားခြင်းဖြင့် သူ့တစ်ဘဝလုံးကို ကုန်လွန်စေခဲ့၏ကျူး
၁ ဘုရားသခင်ကို မမြင်နိုင် သို့မဟုတ် ဘုရားသခင်၏ စကားများကို မကြားနိုင်သော်လည်း ယောဘသည် ဤအရာများကို ပိုင်ဆိုင်ပြီး လိုက်စားခဲ့သည်၊ သူသည် ဘုရားသခင်ကို တစ်ကြိမ်တစ်ခါမျှ မမြင်ခဲ့ဖူးသော်လည်း အရာခပ်သိမ်းအပေါ် ဘုရားသခင် အုပ်စိုးသော နည်းလမ်းများကို သူသိလာခဲ့ပြီး ထိုသို့ဘုရားသခင်ပြုသော ဉာဏ်ပညာကို နားလည်ခဲ့သည်။ ယောဘသည် ဘုရားသခင် ပြောသော စကားများကို တစ်ကြိမ်တစ်ခါမျှ မကြားခဲ့ဖူးသော်လည်း သူသည် ဆုချီးမြှင့်သော လုပ်ဆောင်ချက်များနှင့် လူသားထံမှ သိမ်းရုပ်ခြင်း အားလုံးများမှာ ဘုရားသခင်ထံမှ လာကြောင်းကို သိခဲ့သည်။ သူ၏ အသက်တာ နှစ်များမှာ အခြားသော သာမန်လူ တစ်စုံတစ်ဦးနှင့် မကွာခြားဘဲ သူ၏ အသက်တာ သာမည ဖြစ်ခြင်းကို အရာခပ်သိမ်းပေါ်၌ရှိသော ဘုရားသခင်၏ အာဏာနှင့်ပတ်သက်သည့် သူ၏အသိပညာ သို့မဟုတ် ဘုရားသခင်ကို ကြောက်ရွံ့ပြီး မကောင်းမှုကို ရှောင်သည့် နည်းလမ်းနောက် သူလိုက်လျှောက်ခြင်းအပေါ် အကျိုးသက်ရောက်စေရန် အခွင့်မပေးခဲ့ပေ။
၂ သူ၏အမြင်တွင် အရာခပ်သိမ်း၏ နိယာမများသည် ဘုရားသခင်၏ လုပ်ဆောင်ချက်များဖြင့် ပြည့်လျက်နေပြီး ဘုရားသခင်၏ အချုပ်အခြာအာဏာကို လူပုဂ္ဂိုလ်တစ်ဦး၏ အသက်တာထဲမှ မည်သည့် အစိတ်အပိုင်း၌မဆို မြင်နိုင်ခဲ့ပေသည်။ သူသည် ဘုရားသခင်ကို မြင်ခဲ့ဖူးခြင်း မရှိသော်လည်း ဘုရားသခင်၏ လုပ်ဆောင်ချက်များသည် နေရာတကာ၌ ရှိကြောင်းကို သူသဘောပေါက်နိုင်ခဲ့ပြီး ကမ္ဘာမြေကြီးပေါ်၌ သူ၏ သာမည အချိန်အတောအတွင်း သူ၏ အသက်တာ၏ ထောင့်စွန်းတိုင်းတွင် ဘုရားသခင်၏ သာမန်ထက် လွန်ကဲပြီး အံ့သြဖွယ်ကောင်းသော လုပ်ဆောင်ချက်များကို မြင်၍ သဘောပေါက်နိုင်ခဲ့သည့်အပြင် ဘုရားသခင်၏ အံ့သြဖွယ်ကောင်းသော အစီအစဉ်များကို မြင်နိုင်ခဲ့သည်။ ဘုရားသခင်၏ ပုန်းကွယ်ခြင်းနှင့် နှုတ်ဆိတ်ခြင်းသည် ဘုရားသခင်၏ လုပ်ဆောင်ချက်များအပေါ် ယောဘ၏ နားလည်သဘောပေါက်ခြင်းကို တားဆီးခဲ့ခြင်း မရှိသကဲ့သို့ ၎င်းတို့သည် အရာခပ်သိမ်းအပေါ်၌ရှိသော ဘုရားသခင်၏ အချုပ်အခြာအာဏာအကြောင်း သူ၏ အသိပညာအပေါ် အကျိုးသက်ရောက်စေခဲ့ခြင်း မရှိပေ။
၃ သူ၏ နေ့စဉ် အသက်တာ ကာလတစ်လျှောက်လုံးတွင် သူ၏ ဘဝသည် ခပ်သိမ်းသောအရာတို့၏ အလယ်၌ ပုန်းကွယ်နေသော ဘုရားသခင်၏ အချုပ်အခြာအာဏာနှင့် အစီအစဉ်များ ဖြစ်မြောက်ခဲ့ခြင်းပင် ဖြစ်သည်။ သူ၏ နေ့စဉ် အသက်တာထဲတွင် အရာခပ်သိမ်းအလယ်၌ နှုတ်ဆိတ်၍ နေသော်လည်း အရာခပ်သိမ်း၏ ဥပဒေသများကို စိုးမိုးခြင်းဖြင့် သူ၏ စိတ်နှလုံးအသံနှင့် သူ၏ နှုတ်ကပတ်တော်များကို ထုတ်ဖော်သော ဘုရားသခင်၏ စိတ်နှလုံးအသံနှင့် ဘုရားသခင်၏ နှုတ်ကပတ်တော်များကိုလည်း ကြားပြီး နားလည်ခဲ့သည်။ အကယ်၍ လူတို့သည် ယောဘကဲ့သို့ တူညီသော လူ့သဘာဝနှင့် လိုက်စားမှုရှိပါက ၎င်းတို့သည် ယောဘကဲ့သို့ တူညီသော ဖြစ်မြောက်မှုနှင့် အသိပညာကို ရနိုင်ပြီး ယောဘကဲ့သို့ အရာခပ်သိမ်းအပေါ်၌ရှိသော ဘုရားသခင်၏ အချုပ်အခြာအာဏာအကြောင်း တူညီသော နားလည်မှုနှင့် အသိပညာကို ရရှိနိုင်ကြောင်းကို သင်မြင်ရပေမည်။
နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဘုရားသခင်၏ အမှုတော်၊ ဘုရားသခင်၏ စိတ်သဘောထားနှင့် ဘုရားသခင် ကိုယ်တော်တိုင် (၂)” ကို ကောက်နုတ်၍ ဆီလျော်စွာ ပြုပြင်ထားသည်။