၇၅၀ ဘုရား၏ချီးမွမ်းခြင်းကို ယောဘခံရခဲ့သည့် အကြောင်းရင်းများကျူး

၁ ယောဘသည် ဘုရားသခင်၏ အမှုကို ကိုယ်တိုင်ကိုယ်ကျ တွေ့ကြုံခဲ့ဖူးရန်မဆိုထားနှင့်၊ ဘုရားသခင်၏ မျက်နှာကို မြင်ဖူးခဲ့ခြင်း သို့မဟုတ် ဘုရားသခင်ပြောဆိုသော စကားများကို ကြားဖူးခဲ့ခြင်း မရှိပေ၊ သို့သော် သူ၏စမ်းသပ်မှုများအတောအတွင်းတွင် ဘုရားသခင်ကို သူ၏ကြောက်ရွံ့ခြင်းနှင့် သူ၏သက်သေခံချက်ကို အားလုံး မျက်မြင်တွေ့ကြရကာ၊ ယင်းတို့သည် ဘုရားသခင်၏ချစ်ခြင်း၊ နှစ်သက်ခြင်းနှင့် ချီးကျူးခြင်းကို ခံရလေသည်၊ ပြီးလျှင် လူတို့သည် ယင်းတို့ကို အားကျကြပြီး သဘောကျကြကာ၊ ယင်းထက်ပို၍ပင် ၎င်းတို့၏ ချီးမွမ်းခြင်းများကို သီဆိုကြလေသည်။ သူ၏အသက်တာနှင့် ပတ်သက်၍ ကြီးမြတ်သည့်အရာ သို့မဟုတ် သာမန်ထက် လွန်ကဲသည့်အရာ မည်သည့်အရာမျှမရှိခဲ့ပေ။ သာမန်လူ တစ်ဦးတစ်လေကဲ့သို့ပင်၊ သူသည် နေထွက်ချိန် အလုပ်သွားပြီး နေဝင်ချိန် အနားယူရန် အိမ်ပြန်လာရင်း၊ သာမည အသက်တာ တစ်ခုကို အသက်ရှင်ခဲ့သည်။ ကွဲပြားခြားနားမှုမှာ သူ့ဘဝ၏ အချို့သော သာမည ဆယ်စုနှစ်များတစ်လျှောက်လုံးတွင် အခြားမည်သည့်လူကမျှ မရရှိဖူးသကဲ့သို့၊ ဘုရားသခင်၏လမ်းခရီးကို ထိုးထွင်းသိမြင်မှုတစ်ခု သူရရှိခဲ့ပြီး ဘုရားသခင်၏ ကြီးမြတ်သော တန်ခိုးနှင့် အချုပ်အခြာအာဏာကို သဘောပေါက်ကာ နားလည်ခဲ့သည်။

၂ သူသည် မည်သည့်သာမန်လူမျှထက် သာ၍ မလိမ္မာမပါးနပ်ခဲ့ပေ၊ သူ၏အသက်တာသည် အထူးသဖြင့် ဇွဲမကြီးခဲ့သည့်အပြင်၊ သူသည် မမြင်ရသော အထူး ကျွမ်းကျင်မှုများလည်း မရှိခဲ့ပေ။ သို့သော် သူအမှန်တကယ် ပိုင်ဆိုင်ခဲ့သည်မှာ ရိုးသားပြီး ကြင်နာစိတ်ရှိကာ၊ ဖြောင့်မတ်သော လူ့သဘာဝ၊ မျှတမှု၊ ဖြောင့်မတ်ခြင်းတရားနှင့် အပြုသဘောဆောင်သော အရာများကို နှစ်သက်သော လူ့သဘာဝ တစ်ခု ဖြစ်သည်- ဤအရာများထဲမှာ မည်သည့်အရာကိုမျှ သာမန်လူ အများစုက မပိုင်ဆိုင်ကြပေ။ သူသည် ချစ်ခြင်းနှင့် မုန်းခြင်းကြား ပိုင်းခြားသိမြင်ခဲ့သည်၊ တရားသော အသိစိတ်တစ်ခု ရှိခဲ့သည်၊ အလျှော့မပေးတတ်သကဲ့သို့ ဇွဲကောင်းခဲ့ပြီး၊ သူ၏ စဉ်းစားတွေးခေါ်မှုတွင် အသေးစိတ်ကို စေ့စေ့စပ်စပ် အာရုံစိုက်ခဲ့သည်။ ထို့ကြောင့် ကမ္ဘာမြေပေါ်က သူ၏ သာမည အချိန်ကာလ တစ်လျှောက်လုံးတွင် ဘုရားသခင် ပြုခဲ့ပြီးသော သာမန်ထက် လွန်ကဲသည့် အမှုအရာများ အားလုံးကို သူမြင်ခဲ့ရပြီး ဘုရားသခင်၏ ကြီးမြတ်ခြင်း၊ သန့်ရှင်းခြင်းနှင့် ဖြောင့်မတ်ခြင်းတို့ကို မြင်ခဲ့ရသည်၊ ဘုရားသခင်၏ ပူပန်မှု၊ သဘောထားကြီးမှုနှင့် လူသားအတွက် ကွယ်ကာမှုတို့ကို သူမြင်ခဲ့ရပြီး အထွတ်အမြတ်ဖြစ်သော ဘုရားသခင်၏ ဂုဏ်အသရေရှိခြင်းနှင့် ဩဇာအာဏာကို သူမြင်ခဲ့ရလေသည်။

၃ မည်သည့် ပုံမှန်လူကိုမဆို ကျော်လွန်သည့် ဤအရာများကို ယောဘရနိုင်ခဲ့သည့် ပထမဆုံး အကြောင်းရင်းမှာ သူသည် ဖြူစင်သော စိတ်နှလုံးရှိခဲ့ပြီး၊ သူ၏ စိတ်နှလုံးသည် ဘုရားသခင်နှင့် သက်ဆိုင်ကာ ဖန်ဆင်းရှင်၏ ဦးဆောင်မှုကို ခံခဲ့ရသောကြောင့် ဖြစ်သည်။ ဒုတိယ အကြောင်းရင်းမှာ သူ၏လိုက်စားမှုဖြစ်သည်- အပြစ်အနာအဆာကင်းကာ စုံလင်ခြင်းနှင့် ကောင်းကင်ဘုံ၏အလိုနှင့် ကိုက်ညီသည့်၊ ဘုရားသခင်၏ ချစ်ခြင်းကိုခံရကာ မကောင်းမှုကို ရှောင်ကြဉ်သည့် လူတစ်ဦးဖြစ်ခြင်းနှင့်သက်ဆိုင်သော သူ၏ လိုက်စားခြင်း ဖြစ်သည်။ အကယ်၍ လူတို့သည် ယောဘကဲ့သို့ အလားတူ လူ့သဘာဝနှင့် လိုက်စားမှုရှိပါက၊ ယောဘကဲ့သို့ အလားတူ သဘောပေါက်ခြင်းနှင့် အသိပညာကို ရရှိနိုင်ပြီး၊ အရာခပ်သိမ်းအပေါ် ဘုရားသခင်၏ အချုပ်အခြာ အာဏာနှင့်သက်ဆိုင်သည့် အလားတူ သိနားလည်မှုနှင့် အသိပညာတို့ကို ယောဘကဲ့သို့ ရရှိနိုင်သည်ကို သင်တို့ မြင်ရပေသည်။

“နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ ဘုရားသခင်၏ အမှုတော်၊ ဘုရားသခင်၏ စိတ်သဘောထားနှင့် ဘုရားသခင် ကိုယ်တော်တိုင် (၂)” ကို ကောက်နုတ်၍ ဆီလျော်စွာ ပြုပြင်ထားသည်

အရှေ့သို့- ၇၄၉ ဘုရားရဲ့ ကောင်းချီးအပေါ်ထားတဲ့ ယောဘရဲ့ သဘောထား

နောက်တစ်ခုသို့- ၇၅၁ ယောဘသည် ဘုရားကို သိကျွမ်းရန် ကြိုးစားခြင်းဖြင့် သူ့တစ်ဘဝလုံးကို ကုန်လွန်စေခဲ့၏ကျူး

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

၂၅၆ အရာခပ်သိမ်းကို ဘုရားဘယ်လိုအုပ်စိုးကြောင်း

၁ ဤလောကထဲသို့ ငိုကြွေးခြင်းနှင့် သင်ရောက်လာသင်လုပ်ငန်းတို့ကိုစတင်လုပ်ဆောင်ဘုရားရဲ့ဘိသိက်ပေးခြင်းနှင့် အကြံတော် ကိုယ့်တာဝန်ကိုယ်ယူသင့်ဘဝခရီး...

၁၀၂၀ ဘုရား၏လူအားလုံး စိတ်ခံစားချက်တို့ကို ရင်ဖွင့်

၁အရာခပ်သိမ်းကို ဘုရားသခင် အုပ်စိုးသောနေရာ ဘုရား၏နိုင်ငံတော်ကို မျှော်ကြည့်ပါ ဖန်ဆင်းခြင်းစတင်ခဲ့ချိန်မှ ယခုနေ့ရက်တိုင်၊ ဘုရား လမ်းပြခဲ့သော...

၁၀၁၈ ဘုရားရဲ့ အောင်နိုင်မှုသင်္ကေတများ

၁လူတို့ကို နဂိုပုံစံအတိုင်းပြန်ဖြစ်စေတယ်သူတို့တာဝန် သူတို့ကျေပွန်ပြီး ကိုယ့်နေရာမှာကိုယ်နေဘုရားရဲ့အစီအစဉ်အားလုံးကို နာခံမယ်ဘုရားသည်...

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။