ယောဘ၏သက်သေခံချက်သည် စာတန်ကို အနိုင်ယူခဲ့သည်ကျူး
၁ ယောဘသည် သူ၏ စမ်းသပ်မှုများကို ခံရစဉ် သူ၏ ဥစ္စာပစ္စည်းနှင့် သားသမီး အားလုံး သိမ်းယူခြင်းကို ခံခဲ့ရသော်လည်း ရလဒ်အနေဖြင့် သူသည် လဲကျခဲ့ခြင်း သို့မဟုတ် ဘုရားသခင်ကို ပြစ်မှားသည့်အရာ တစ်စုံတစ်ခုကိုမျှ မဆိုခဲ့ပေ။ သူသည် စာတန်၏ စုံစမ်းနှောင့်ယှက်မှုများကို အောင်မြင်ခဲ့ပြီး သူ၏ ရုပ်ဝတ္ထု ပစ္စည်းများနှင့် သားသမီးများကို အောင်မြင်ခဲ့သည့်အပြင် သူ၏လောကပိုင်ဆိုင်မှု အားလုံး ဆုံးရှုံးသည့် စမ်းသပ်မှုကို အောင်မြင်ခဲ့သည်၊ တစ်နည်းအားဖြင့်ဆိုသော် သူသည် သူ့ထံမှ ဘုရားသခင်၏ ရုပ်သိမ်းခြင်းကို နာခံခဲ့နိုင်ပြီး ယင်းအဖြစ်ကြောင့် ဘုရားသခင်ကို ကျေးဇူးတင်ပြီး ချီးမွမ်းနိုင်ခဲ့သည်။ ယင်းမှာ စာတန်၏ ပထမအကြိမ် စုံစမ်းနှောင့်ယှက်မှုကာလအတွင်း ယောဘ၏ပြုမူပုံဖြစ်ခဲ့ပြီး ယင်းမှာ ဘုရားသခင်၏ ပထမအကြိမ် စမ်းသပ်မှုကာလအတွင်း ယောဘ၏ သက်သေခံချက်လည်း ဖြစ်ခဲ့သည်။
၂ ဒုတိယအကြိမ် စမ်းသပ်မှု၌ စာတန်သည် ၎င်း၏လက်ကိုဆန့်၍ ယောဘကို ထိုခိုက်ခဲ့သည်၊ ယောဘသည် သူယခင်က ခံစားခဲ့ရသည်ထက် ပို၍ နာကျင်မှုကို ခံစားခဲ့ရသော်လည်း သူ၏သက်သေခံချက်သည် လူတို့ကို အံ့အားသင့်စေခဲ့သည်။ သူသည် သူ၏ခံနိုင်ရည်၊ ခံယူချက်နှင့် ဘုရားသခင်ကို နာခံမှုတို့ကို သာမက ဘုရားသခင်ကို သူ၏ ကြောက်ရွံ့ခြင်းတို့ကို အသုံးပြုကာ စာတန်အား နောက်ထပ်တစ်ကြိမ် အနိုင်ယူခဲ့ပြီး သူ၏ ပြုမူပုံနှင့် သက်သေခံချက်သည် ဘုရားသခင်၏ ထောက်ခံခြင်းနှင့် မျက်နှာသာပေးခြင်းကို နောက်တစ်ကြိမ် ခံခဲ့ရသည်။ ဤစုံစမ်းနှောင့်ယှက်မှု ကာလအတွင်း ယောဘသည် သူ၏လက်တွေ့ပြုမူပုံကို အသုံးပြု၍ ခန္ဓာကိုယ် နာကျင်မှုသည် ဘုရားသခင်အပေါ် သူ၏ယုံကြည်ခြင်းနှင့် နာခံခြင်းတို့ကို မပြောင်းလဲစေနိုင်ကြောင်း သို့မဟုတ် ဘုရားသခင်အပေါ် သူ၏ ဆက်ကပ်မှုနှင့် ဘုရားသခင်အား ကြောက်ရွံ့မှုကို မနုတ်ယူနိုင်ကြောင်း၊ သေခြင်းကို သူရင်ဆိုင်ခဲ့ရခြင်းကြောင့် သူ၏စုံလင်ခြင်းနှင့် ဖြောင့်မတ်ခြင်းကို စွန့်လွှတ်မည် သို့မဟုတ် ဘုရားသခင်အား စွန့်ပစ်မည် မဟုတ်ကြောင်း စာတန်အား ကြေငြာခဲ့သည်။ ယောဘ၏ စိတ်ပိုင်းဖြတ်ချက်သည် စာတန်အား သူရဲဘောကြောင် ဖြစ်စေခဲ့သည်၊ သူ၏ယုံကြည်ခြင်းသည် စာတန်အား အသည်းငယ်စေပြီး တုန်လှုပ်စေခဲ့သည်၊ စာတန်နှင့် သူ၏ရှင်ခြင်းနှင့် သေခြင်းတိုက်ပွဲ၏ တွန်းအားသည် စာတန်ထဲတွင် နက်နဲသော မုန်းတီးမှုနှင့် မကျေမချမ်းမှုကို ပေါက်ဖွားစေခဲ့သည်၊ သူ၏စုံလင်ခြင်းနှင့် ဖြောင့်မတ်ခြင်းကြောင့် စာတန်သည် သူ့အား ဆက်၍ မည်သို့မျှ မပြုနိုင်ခဲ့တော့သဖြင့် စာတန်သည် ယောဘအပေါ် ၎င်း၏ တိုက်ခိုက်မှုများကို စွန့်ပစ်ကာ ယေဟောဝါဘုရားသခင်ရှေ့တွင် သူ့အား စွပ်စွဲချက်များကိုလည်း စွန့်လွှတ်ခဲ့လေသည်။
၃ ယောဘ၏ စိတ်ပိုင်းဖြတ်ချက်သည် စာတန်အား သူရဲဘောကြောင် ဖြစ်စေခဲ့သည်၊ သူ၏ယုံကြည်ခြင်းသည် စာတန်အား အသည်းငယ်စေပြီး တုန်လှုပ်စေခဲ့သည်၊ စာတန်နှင့် သူ၏ရှင်ခြင်းနှင့် သေခြင်းတိုက်ပွဲ၏ တွန်းအားသည် စာတန်ထဲတွင် နက်နဲသော မုန်းတီးမှုနှင့် မကျေမချမ်းမှုကို ပေါက်ဖွားစေခဲ့သည်၊ သူ၏စုံလင်ခြင်းနှင့် ဖြောင့်မတ်ခြင်းကြောင့် စာတန်သည် သူ့အား ဆက်၍ မည်သို့မျှ မပြုနိုင်ခဲ့တော့သဖြင့် စာတန်သည် ယောဘအပေါ် ၎င်း၏ တိုက်ခိုက်မှုများကို စွန့်ပစ်ကာ ယေဟောဝါဘုရားသခင်ရှေ့တွင် သူ့အား စွပ်စွဲချက်များကိုလည်း စွန့်လွှတ်ခဲ့လေသည်။ ယောဘသည် လောကကြီးကို အောင်မြင်ခဲ့ကြောင်း၊ ဇာတိပကတိကို အောင်မြင်ခဲ့ကြောင်း၊ စာတန်ကို အောင်မြင်ခဲ့ကြောင်းနှင့် သေခြင်းကို အောင်မြင်ခဲ့ကြောင်းကို ဤအရာက ဆိုလိုခဲ့ခြင်း ဖြစ်သည်၊ သူသည် ဘုရားသခင် ပိုင်ဆိုင်သော လူသားတစ်ဦး အကြွင်းမဲ့နှင့် လုံးလုံးလျားလျား ဖြစ်ခဲ့သည်။ ဤစမ်းသပ်မှုနှစ်ခု ကာလအတွင်း ယောဘသည် သူ၏ သက်သေခံချက်အပေါ် မြဲမြံစွာ ရပ်တည်ခဲ့ပြီး သူ၏ စုံလင်ခြင်းနှင့် ဖြောင့်မတ်ခြင်းတို့ကို အမှန်တကယ် အသက်ရှင်ပြခဲ့သည်၊ ထို့အပြင် ဘုရားသခင်ကို ကြောက်ရွံ့ခြင်းနှင့် မကောင်းမှုကို ရှောင်ခြင်းနှင့်ဆိုင်သော သူ၏ အသက်ရှင်မှု နိယာမများ၏ အတိုင်းအတာကို ချဲ့ထွင်ခဲ့သည်။
နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဘုရားသခင်၏ အမှုတော်၊ ဘုရားသခင်၏ စိတ်သဘောထားနှင့် ဘုရားသခင် ကိုယ်တော်တိုင် (၂)” ကို ကောက်နုတ်၍ ဆီလျော်စွာ ပြုပြင်ထားသည်။