၇၄၄ စာတန်အပေါ် ယောဘအနိုင်ရခြင်း၏ သက်သေကျူး
၁ ယောဘ ပြောခဲ့သော သမားရိုးကျ စကားများက စာတန်ကို သူ အောင်နိုင်ခဲ့ပြီးဖြစ်သည့် သက်သေဖြစ်သည်။ သူက၊ “ငါသည် အမိဝမ်းထဲက အဝတ်အချည်းစည်း ထွက်လာရ၏၊ အဝတ်အချည်းစည်းဖြင့်ပင် ငါပြန်သွားရမည်။” ဟု ဆိုခဲ့သည်။ ဤသည်မှာ ဘုရားသခင်အပေါ် ယောဘ၏ နာခံမှုရှိသော သဘောထား ဖြစ်သည်။ ဆက်လက်၍၊ သူက၊ “ယေဟောဝါသည် ပေးတော်မူ၏၊ ပြီးလျှင် ယေဟောဝါသည် ပြန်နုတ်သိမ်းတော်မူ၏၊ ယေဟောဝါ၏ နာမတော်သည် မင်္ဂလာရှိပါစေ။” ဟု ဆိုလေ၏။ ယောဘ ပြောခဲ့သော ဤစကားများက ဘုရားသခင်သည် လူသား၏ စိတ်နှလုံး အတိမ်အနက်တို့ကို လေ့လာကြောင်း၊ သူသည် လူသား၏ စိတ်ထဲကို မြင်နိုင်ကြောင်း သက်သေပြသကဲ့သို့၊ ယောဘနှင့်သက်ဆိုင်သည့် သူ၏ ထောက်ခံမှုမှာ အမှားအယွင်း မရှိကြောင်း၊ ဘုရားသခင်၏ ထောက်ခံခြင်း ခံခဲ့ရသော ဤလူသည် ဖြောင့်မတ်ခဲ့ကြောင်းကို သက်သေပြပေသည်။
၂ “ယေဟောဝါသည် ပေးတော်မူ၏၊ ပြီးလျှင် ယေဟောဝါသည် ပြန်နုတ်သိမ်းတော်မူ၏၊ ယေဟောဝါ၏ နာမတော်သည် မင်္ဂလာရှိပါစေ။” ဤစကားများမှာ ဘုရားသခင်အတွက် ယောဘ၏ သက်သေခံချက် ဖြစ်သည်။ စာတန်ကို ချိုးနှိမ်သည်မှာ၊ ၎င်းကို အရှက်ရစေခဲ့ပြီး ထိတ်လန့်မှုဖြင့် ထွက်ပြေးစေခဲ့သည့်အပြင်၊ စာတန်အား ချုပ်နှောင်ပြီး အားကိုးမရှိ ဖြစ်ကျန်ရစ်စေခဲ့သည်မှာ ဤသာမန်စကားများ ဖြစ်ခဲ့သည်။ ထို့ကြောင့် ဤစကားများက စာတန်အား ယေဟောဝါဘုရားသခင်၏ လုပ်ဆောင်ချက်များ၏ အံ့ဖွယ်ဖြစ်ခြင်းနှင့် တန်ခိုးကြီးမားမှုတို့ကို ခံစားစေပြီး၊ ဘုရားသခင်၏ လမ်းခရီးအားဖြင့် အုပ်စိုးခြင်းခံရသည့် စိတ်နှလုံးရှိသော သူတစ်ဦး၏ သာမန်ထက် လွန်ကဲသော သြဇာတိက္ကမနှင့် ပြည့်စုံခြင်းကို သိမြင်ခွင့်ပေးခဲ့သည်။ ထို့အပြင် ၎င်းတို့သည် ဘုရားသခင်ကို ကြောက်ရွံ့ခြင်းနှင့် မကောင်းမှုကို ရှောင်ကြဉ်ခြင်း လမ်းခရီးကို စောင့်ထိန်းရာ၌ သေးနုပ်ပြီး အရေးမပါသော လူသားတစ်ဦးက ပြသခဲ့သည့် အားကောင်းသော အသက်ပါမှုကို စာတန်အား အထင်အရှားပြခဲ့သည်။
နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဘုရားသခင်၏ အမှုတော်၊ ဘုရားသခင်၏ စိတ်သဘောထားနှင့် ဘုရားသခင် ကိုယ်တော်တိုင် (၂)” ကို ကောက်နုတ်၍ ဆီလျော်စွာ ပြုပြင်ထားသည်