ဘုရားသခင်၏ တရားစီရင်ခြင်းက ကောင်းချီးမင်္ဂလာတစ်ပါးပေ
၁
အို ဘုရားသခင်။ ကိုယ်တော်၏ မေတ္တာကို ထုတ်ဖော်ပြရင်း၊ လူသားမျိုးနွယ်ကို တရားစီရင်ကာ သန့်စင်စေဖို့ သမ္မာတရားကို ကိုယ်တော် ဖော်ပြပေ။
လူသား သဘာဝကို တင်းကျပ်သော နှုတ်ကပတ်တော်များဖြင့် ကိုယ်တော် ဖော်ထုတ်သည့်အခါ၊ ကိုယ်တော်၏ စိတ်နှလုံးကို ကျွန်ုပ် နားမလည်နိုင်ခဲ့။
ကိုယ်တော့်ကို ကျွန်ုပ် နားလည်မှုလွဲခဲ့၊ သံသယထားခဲ့ကာ ကိုယ်တော့်ကို ကျွန်ုပ် သတိထားခဲ့သည်၊ ယင်းက ကိုယ်တော်၏ စိတ်နှလုံးကို ကြေကွဲစေခဲ့။
ကိုယ်တော့် နှုတ်ကပတ်တော်များအတွင်းရှိ အသက်က တန်ဖိုးရှိသည်ကို မသိနိုင်လောက်အောင် ကျွန်ုပ် အလွန် မိုက်မဲကာ မသိနားမလည်ဖြစ်ခဲ့ပေ။
ကျွန်ုပ် အားနည်းကာ အပျက်သဘော ခံစားရသည့် အကြိမ်များစွာတွင်၊ ကိုယ်တော်၏ နှုတ်ကပတ်တော်များက ကျွန်ုပ်ကို ယုံကြည်ခြင်းနှင့် ခွန်အားပေးခဲ့။
ကျွန်ုပ် ကျရှုံးကာ ခလုတ်တိုက်လဲသည့် အကြိမ်များစွာတွင်၊ ကိုယ်တော်၏ နှုတ်ကပတ်တော်များက ကျွန်ုပ်ကို ချီမခဲ့။
ကျွန်ုပ် မာနထောင်လွှားကာ မနာခံခဲ့သည့် အကြိမ်များစွာတွင်၊ ကိုယ်တော်၏ နှုတ်ကပတ်တော်များက ကျွန်ုပ်၏ စိတ်နှလုံးကို တရားစီရင်ကာ နိုးထစေခဲ့။
ကိုယ်တော်၏ နှုတ်ကပတ်တော်များက တန်ဖိုးရှိပြီး ယင်းတို့သည် ကျွန်ုပ် ဘဝ၏ အထောက်အပံ့ဖြစ်သည်ကို ယခုတွင်မှ ကျွန်ုပ် မြင်ရပေ။
၂
လူသားမျိုးနွယ်ကို သမ္မာတရား၊ လမ်းခရီးနှင့် အသက်တို့ကို နှင်းအပ်ရင်း နှုတ်ကပတ်တော်များကို ကိုယ်တော် မိန့်မြွက်သည်။
လူတို့ကို အသက်ရဖို့အခွင့်ပေးရင်း၊ လူသားမျိုးနွယ်ကို ကိုယ်တော် တရားစီရင်ကာ သန့်စင်စေသည်၊ ဤအရာအားလုံးက ကိုယ်တော်၏ ကောင်းချီးမင်္ဂလာဖြစ်ပေ။
သမ္မာတရားကို နားလည်ကာ ကျွန်ုပ်တို့၏ ဖောက်ပြန်ပျက်စီးမှုကို စွန့်ပစ်ရင်း၊ အလင်းတွင် ကျွန်ုပ်တို့ အသက်ရှင်နိုင်ကြပေ။
ကိုယ်တော်၏ နှုတ်ကပတ်တော်များအပေါ် မှီခိုရင်း၊ နှိပ်စက်ညှင်းပန်းခြင်း၊ ဆင်းရဲဒုက္ခများ၊ စမ်းသပ်မှုများနှင့် စစ်ဆေးမှုများတစ်လျှောက် ကျွန်ုပ်တို့ ခိုင်ခိုင်မာမာ ရပ်တည်။
ကျွန်ုပ်တို့ ကျရှုံးကာ ခလုတ်တိုက်လဲချိန် ကျွန်ုပ်တို့ ငိုကြွေးကြသော်လည်း ကိုယ်တော်၏ နှုတ်ကပတ်တော်များက ကျွန်ုပ်တို့ကို နှစ်သိမ့်ကာ လမ်းပြသည်။
ကိုယ်တော့်နောက်လိုက်ရင်း၊ ဆင်းရဲဒုက္ခများနှင့် စမ်းသပ်မှုများကို ကြုံရင်း၊ ကျွန်ုပ်တို့ ဒုက္ခခံစားရသော်လည်း သမ္မာတရားကို ရရှိကြလေပြီ။
ကျွန်ုပ်တို့ စိတ်သဘောထား အနည်းငယ် ပြောင်းလဲပြီ၊ ကိုယ်တော်၏ ကျေးဇူးတော် သက်သက်ကြောင့် လူသားပုံသဏ္ဍာန်အနည်းငယ် ကျွန်ုပ်တို့ အသက်ရှင်နေထိုင်ကြပေ။
အသက်နှင့်ဆိုင်သော ကိုယ်တော်၏ နှုတ်ကပတ်တော်များသည် ကျွန်ုပ်တို့ ဖြစ်တည်မှု၏ အခြေခံအုတ်မြစ် ဖြစ်ပေ။
၃
ကိုယ်တော်သည် သမ္မာတရား၊ လမ်းခရီးနှင့် အသက်ဖြစ်ပေ၊ အရာခပ်သိမ်းကို ကိုယ်တော် လွှမ်းခြုံကာ အရာရာတိုင်းကို ကိုယ်တော် ထောက်ပံ့ပေ။
ကိုယ်တော်၏ နှုတ်ကပတ်တော်များအားလုံး သမ္မာတရား ဖြစ်ပေ၊ ယင်းတို့အားလုံးသည် ကျွန်ုပ်တို့ အသက်တာများတွင် လိုအပ်လေ။
ကျွန်ုပ်တို့ကို သန့်စင်ကာ စုံလင်စေဖို့ မည်သည့်အဖိုးအခကိုမဆို ကိုယ်တော်ပေးသည်။
နှိမ့်ချကာ ကွယ်ဝှက်လျက် လူတို့ကြား ကိုယ်တော် အမှုပြုသည်၊ လူသားမျိုးနွယ်အတွက် ကိုယ်တော်၏ ချစ်ခြင်းမေတ္တာ အလွန်နက်နဲလှပေ။
ကိုယ်တော်၏ တရားစီရင်ခြင်းက ကောင်းချီးမင်္ဂလာတစ်ခု ဖြစ်ပေ၊ ဤအရာကို ကျွန်ုပ်တို့ နက်ရှိုင်းစွာ မြည်းစမ်းပြီးလေပြီ။
ကျွန်ုပ်တို့ ဘယ်သောအခါမျှ ပြန်ပေးဆပ်နိုင်မည်မဟုတ်သည့် ကိုယ်တော်၏ ချစ်ခြင်းမေတ္တာကို ကျွန်ုပ်တို့ ပျော်မွေ့ကြလေပြီ။
ကိုယ်တော့်နောက်လိုက်ရာတွင် ဆင်းရဲဒုက္ခခံခြင်းရှိသော်လည်း၊ ကျွန်ုပ်တို့ အလွန်များစွာ ရရှိကြပေပြီ။
ကိုယ်တော့်ထံမှ သမ္မာတရားနှင့် အသက်ကို ကျွန်ုပ်တို့ ရရှိပြီ၊ ကိုယ်တော့်ကို ထာဝရ ကျွန်ုပ်တို့ ချစ်ကာ သက်သေခံကြမည်။