ဘုရားကို ဘယ်တော့မှ ကျောခိုင်းသွားတော့မည် မဟုတ်ပါ
၁
ကျွန်ုပ် ယုံကြည်သူတစ်ယောက်ဖြစ်လာပြီးနောက်၊
ငွေကြေးနှင့် ကြွယ်ဝချမ်းသာမှုများနောက် စလိုက်ခဲ့သောအချိန်တစ်ခုရှိခဲ့သည်၊
ဘုရားကို ကျောခိုင်းပြီး ပြင်ပလောကဆီု ပြန်လှည့်ခဲ့သောအချိန်ပေါ့
ဇာတိပကတိနောက်ကို အလောတကြီးလိုက်ရင်း
စိတ်ရောကိုယ်ပါ ပင်ပန်းကာ နေ့ရက်များ ကုန်ဆုံးခဲ့သည်
ဘုရားမရှိတဲ့ထိုနေ့ရက်တွေဟာ နာကျင်ရသောနေ့တွေပါ
ကျွန်ုပ်ဟာ အမှောင်ထုထဲကို ကျရောက်ကာ နှလုံးသားထဲမှာ အကြောက်တရားနှင့် ပြည့်နေခဲ့တာ
ဘုရားရဲ့ တင်းကျပ်စွာ ပြစ်တင်ဆုံးမခြင်းနှင့်
စည်းကမ်းပေးခြင်းခံရပြီးနောက် ကျွန်ုပ်ကိုယ် ကျွန်ုပ် စတင်သုံးသပ်ခဲ့တာ
ကျွန်ုပ်ဟာ ဘုရားနောက်ကို ဘယ်(သော)အခါမှစစ်မှန်စွာ မလိုက်ခဲ့ပါ၊
(ဘုရားရဲ့)နှုတ်ကပတ်တော်များကို ဘယ်တော့မှ တန်ဖိုးမထားခဲ့ပါ
ကျွန်ုပ်ရဲ့ယုံကြည်ခြင်းအား ကျောခိုင်းကာ ဖြောင့်မတ်မှုကို စွန့်လွှတ်သောအခါ
ဘုရားရဲ့နှလုံးသားကို ကြေကွဲစေခဲ့သည်၊
ကျွုန်ုပ်ကို ကျွန်ပ် ပြန်မေးခဲ့သည်- ကျွန်ပ်ရဲ့အသိစိတ်ဘယ်မှာလဲ
ကျွန်ုပ်သည် ဘုရားကို ကြောက်ခြင်းမရှိ၊
သူ့စိတ်သဘောထားကို စော်ကားခဲ့သည်၊
သို့တိုင် ကျွန်ပ်မှာ သတိမူခြင်းမရှိသေးပါ
၂
ဘုရားရဲ့ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းက ကျွန်ပ်ကို ကယ်တင်သောအခါမှသာ ကျွန်ပ်သည်
ကျွန်ပ်ရဲ့ဘုရားအပေါ် သစ္စာဖောက်မှုကို သတိမူမိလာသည်
ကျွန်ပ်သည် ဘုရားအရှေ့ ဦးညွှတ်ကာ၊ နောင်တတရားနှင့်၊
နှလုံးသားထဲမှာ ကိုယ့်အပြစ်ကိုသိရှိခံစားရသည်
ကျွန်ပ်ရဲ့စိတ်မာမှုနှင့် ဆန့်ကျင်မှုက ဘုရားရဲ့နှလုံးသားကို ကြေကွဲစေသည်၊ ကျွန်ုပ်လုပ်ဆောင်ခဲ့တဲ့ ရှက်ဖွယ်အရာများကို ဘယ်လိုဖျက်ပစ်နိုင်မလဲ
ဘုရားရဲ့မေတ္တာနှင့် ချစ်ခင် ကြင်နာခြင်းက ကျွန်ပ်အား နောင်တရူရန် အခွင့်အရေးပေးခဲ့သည်၊
ဘုရားရဲ့အိမ်ဆီု ပြန်လှည့်လာစေကာ ကျွန်ုပ်တာဝန်ကို ပြန်လည်ထမ်းဆောင်စေခဲ့တာ
ဘုရားရဲ့စစ်မှန်သောချစ်ခြင်းကို ခံစားခဲ့ရပါသည်၊
ကျွန်ုပ်နှလုံးသားထဲမှာ သူ့အား ဘယ်လောက်အကြွေးတင်နေမှန်း ခံစားမိခဲ့ပါသည်
သူ့ရဲ့စိတ်သဘောထား၌ ဖြောင့်မတ်ခြင်းနှင့်ဘုန်းအာနုဘော်ရှိမှုကိုသာမက
သနားကြင်နာခြင်းကိုပါ ခံစားရပါသည်
ကျွန်ပ် အသစ်ပြန်စတင်ရန်၊ ဘုရားရဲ့ အချစ်ကို ပြန်ဆပ်ရန်နှင့်
သူ့အတွက်သက်သေခံရန်ရည်မှန်းချက်အသစ်တခုထားခဲ့ပါသည်