ဘုရားကို နာခံခြင်းအတွက် သော့ချက်မှာ အသစ်ဆုံးသော အလင်းကို လက်ခံခြင်းတည်းကျူး
၁ သင်သည် ဘုရားသခင်၏ အလင်းအသစ်ကို လက်မခံနိုင်ဘဲ၊ ဘုရားသခင်ယနေ့လုပ်သည့် အရာအားလုံးကို နားမလည် နိုင်ဘဲ၊ ရှာလည်းမရှာပါက သို့မဟုတ် သံသယဖြစ်ပါက၊ ဝေဖန်ဆုံးဖြတ်ပါက သို့မဟုတ် စေ့စပ်စွာ ကြည့်ရှုစစ်ဆေး၍ ပိုင်းခြားစိတ်ဖြာပါက၊ သင်သည် ဘုရားသခင်ကို နာခံရန် စိတ်မရှိပါ။ အကယ်၍ လက်ရှိအချိန်၏အလင်းပေါ်လာ သောအခါ၊ သင်သည် ယမန် နေ့က အလင်းကို တန်ဖိုးထားပြီး၊ ဘုရားသခင်၏ အလုပ်အသစ်ကို ဆန့်ကျင်နေသေးပါက သင်သည် ရယ်ရွှင်ဖွယ်တစ်ခုသာ ဖြစ်ကာ ဘုရားသခင်ကို တမင်ဆန့်ကျင်သည့် သူများထဲကတဦး ဖြစ်သည်။ ဘုရားသခင်ကို နာခံခြင်း၏ အဓိကသော့ချက်မှာ အလင်းသစ်ကို အသိအမှတ်ပြုခြင်း၊ ၎င်းကို လက်ခံနိုင်ခြင်းနှင့် ၎င်းကို လက်တွေ့ကျင့်သုံးနိုင်ခြင်းဖြစ်သည်။ ဤသည်သာလျှင် စစ်မှန်သည့် နာခံခြင်း ဖြစ်သည်။
၂ ဘုရားသခင်အား ဆာလောင်မွတ်သိပ်ခြင်းရှိရန် ဆန္ဒမရှိသူများသည် ဘုရားသခင်ကို နာခံရန် စိတ်ဆန္ဒ မရှိနိုင်ကြပေ။ ထိုသူတို့သည် ၎င်းတို့ ၏ လက်ရှိအခြေအနေကို ကျေနပ်နှစ်သိမ့်နေခြင်းကြောင့်၊ ဘုရားသခင်ကို ဆန့်ကျင်နိုင်ခြင်းသာ ရှိသည်။ ဘုရားသခင်ကို အနည်းငယ်မျှပင် နာခံခြင်း မရှိသူများ၊ ဘုရားသခင်၏ အမည်ကို အသိအမှတ်ပြုရုံပြုသူများနှင့် ဘုရားသခင်၏ ချစ်ခင်နှစ်လိုဖွယ်ကောင်းခြင်းကို သိသော်လည်း သန့်ရှင်းသောဝိညာဉ်တော်၏ ခြေလှမ်းများကို အမီမလိုက်ဘဲ၊ သန့်ရှင်းသောဝိညာဉ်တော်၏ လက်ရှိအလုပ်များနှင့် နှုတ်ကပတ်တော်ကို နာခံခြင်း မပြုသူတို့သည် ဘုရားသခင်၏ ကျေးဇူးတော်အကြားတွင် အသက်ရှင်လျက်ရှိကြကာ ၎င်းတို့သည် ဘုရားသခင်၏ ရယူခြင်းနှင့် စုံလင်စေခြင်းကို ခံရမည်မဟုတ်ပေ။
နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “သင်သည် ဘုရားသခင်ကို ယုံကြည်ရာတွင် ဘုရားသခင်ကို နာခံသင့်သည်” ကို ကောက်နုတ်၍ ဆီလျော်စွာ ပြုပြင်ထားသည်။