၇၂၃ ဘုရားသခင်အပေါ် လူသား၏ နာခံမှုအတွက် စံများ
၁ ဘုရားသခင်ကို လူတို့ နာခံနိုင်သည် မနာခံနိုင်သည်ကို တိုင်းတာရာတွင်၊ ကြည့်ရှုရမည့် အဓိကအရာမှာ ဘုရားသခင်ထံမှ တစ်ခုခုကို ၎င်းတို့ အလွန်အကျွံ လိုချင်၊ မလိုချင် ဆိုသည်နှင့် ၎င်းတို့တွင် ဖုံးကွယ်ထားသော ရည်ရွယ်ချက်များ ရှိ၊ မရှိဆိုသည့်အရာ ဖြစ်သည်။ ဘုရားသခင်ကို လူတို့ အမြဲ တောင်းဆိုမှုများ ပြုလျှင်၊ ယင်းက သူ့ကို ၎င်းတို့ မနာခံသည်ကို သက်သေပြ၏။ သင်သည် ဘုရားသခင်အပေါ် တောင်းဆိုမှုများပြုလျှင်၊ ဤအရာက သင်သည် ဘုရားသခင်နှင့် အပေးအယူလုပ်သည်၊ သင်၏ ကိုယ်ပိုင် အတွေးများကို သင်ရွေးချယ်နေပြီး သင်၏ ကိုယ်ပိုင် အတွေးအများအတိုင်း သင် ပြုမူသည်ကို သက်သေပြ၏။ ဤတွင်၊ ဘုရားသခင်ကို သင် သစ္စာဖောက်ပြီး နာခံမှုမရှိပေ။ ဘုရားသခင်ကို တောင်းဆိုမှုများပြုခြင်းသည် ဆင်ခြင်တုံတရားမရှိချေ၊ သူက ဘုရားသခင် ဖြစ်သည်ကို သင် အမှန်တကယ် ယုံကြည်လျှင်၊ သူ့အပေါ် တောင်းဆိုမှုများကို သင် လုပ်ဝံ့လိမ့်မည်မဟုတ်သကဲ့သို့၊ ထိုတောင်းဆိုမှုများက ကျိုးကြောင်းဆီလျော်သည်ဖြစ်စေ မဆီလျော်သည်ဖြစ်စေ၊ သူ့အပေါ် တောင်းဆိုမှုများပြုဖို့ သင် အရည်အချင်းရှိလိမ့်မည်လည်း မဟုတ်ပေ။ သင်သည် စစ်မှန်သော ယုံကြည်ခြင်းရှိပြီး သူက ဘုရားသခင်ဖြစ်သည်ကို ယုံကြည်လျှင်၊ သူ့ကို ကိုးကွယ်ပြီး နားခံဖို့မှတစ်ပါး ရွေးချယ်စရာ ရှိလိမ့်မည်မဟုတ်။
၂ ယနေ့ လူတို့သည် ရွေးချယ်မှုတစ်ခု ရှိသည်သာမက၊ ၎င်းတို့၏ ကိုယ်ပိုင်အတွေးများကို ရွေးချယ်လျက် ဘုရားသခင်အနေဖြင့် ၎င်းတို့အဆိုအရ ပြုမူရန် တောင်းဆိုကြကာ၊ မိမိတို့ကိုယ်ကိုယ် ဘုရားသခင်၏ အကြံအစည်များအတိုင်း ပြုမူရန် တာဝန်ရှိသည်ဟု မသတ်မှတ်ချေ။ ထို့ကြောင့်၊ ၎င်းတို့အတွင်းတွင် စစ်မှန်သော ယုံကြည်ခြင်း မရှိသကဲ့သို့၊ ၎င်းတို့၏ ယုံကြည်ခြင်းအဖို့ မည်သည့် အနှစ်သာရမျှ မရှိပေ။ ဘုရားသခင်ကို သင် သာ၍နည်းပါးသော တောင်းဆိုမှုများ ပြုလုပ်နိုင်သည့်အခါ၊ သင်၏ စစ်မှန်သော ယုံကြည်ခြင်းနှင့် နာခံခြင်းတို့ ကြီးထွားကြလိမ့်မည်ဖြစ်ပြီး၊ သင်၏ ဆင်ခြင်တုံတရား အသိစိတ်သည်လည်း အတော်အတန် ပုံမှန်ဖြစ်လာလိမ့်မည်။ သင်သည် အမှန်တကယ် နာခံနိုင်ပါက၊ သင့်ကို သူ အသုံးပြုသည်၊ မပြုသည်ကို ပဓာနမထားဘဲ၊ သင်သည် သူ့နောက် စိတ်နှလုံးတစ်လုံးတစ်ဝတည်းဖြင့် လိုက်လျှောက်မည်ဖြစ်ပြီး၊ သင်သည် အဆင့်အတန်း တစ်ခုတစ်လေ ရှိသည်၊ မရှိသည်ကို ပဓာနမထားဘဲ သူ့အတွက် သင် အသုံးတော်ခံနိုင်လိမ့်မည်။ ထိုအခါမှသာ သင်သည် အသိစိတ် ပိုင်ဆိုင်လိမ့်မည်ဖြစ်ပြီး ဘုရားသခင်ကို နာခံသူတစ်ဦး ဖြစ်လိမ့်မည်။
နောက်ဆုံးသောကာလ ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “လူတို့သည် ဘုရားသခင်ကို အလွန်မြောက်မြားစွာ တောင်းဆိုကြသည်” ကို ကောက်နုတ်၍ ဆီလျော်စွာ ပြုပြင်ထားသည်