၇၂၂ စုံလင်စေခြင်းခံရရန် လူ့ဇာတိခံဘုရားကို နာခံလော့ကျူး
၁ ယနေ့ လူ့ဇာတိခံ ဘုရားသခင် ရယူချင်သော လူစုမှာ သူ၏ အလိုနှင့်ကိုက်ညီသောသူများ ဖြစ်သည်။ ၎င်းတို့သည် သူ၏ အမှုကို ကျိုးနွံနာခံဖို့နှင့် မရေရာမှုတွင် အသက်ရှင်ရင်းနှင့် အမှုအရာများကို လူ့ဇာတိ၌ရှိသည့် ဘုရားသခင်အတွက် ခက်ခဲစေရင်း၊ ကောင်းကင်ဘုံရှိ ဘုရားသခင်၏ စိတ်ကူးများကို စဉ်ဆက်မပြတ် စိတ်ဝင်စားခြင်းအား ရပ်တန့်ဖို့သာ လိုအပ်ပေသည်။ သူ့ကိုနာခံနိုင်သောသူများသည် သူ့နှုတ်ကပတ်တော်များကို အကြွင်းမဲ့ နားထောင်သူများနှင့် သူ့အစီအစဉ်များကို ကျိုးနွံနာခံသောသူများ ဖြစ်သည်။ ထိုသို့သော လူများသည် ကောင်းကင်ဘုံရှိဘုရားသခင်သည် မည်သည့်အရာနှင့် အမှန်တကယ်တူမည် သို့မဟုတ် ကောင်းကင်ဘုံရှိဘုရားသခင်သည် လူသားမျိုးနွယ်အလယ်တွင် လတ်တလော မည်သည့်အမှုမျိုး လုပ်ဆောင်နေမည်ဆိုသည်တို့ကို လုံးဝ ဂရုမထားကြပေ။ ၎င်းတို့သည် မြေကြီးပေါ်ရှိ ဘုရားသခင်အား ၎င်းတို့၏ နှလုံးသားများကို အပြည့်အဝပေးပြီး သူ၏ရှေ့မှောက်တွင် ၎င်းတို့၏ ဖြစ်တည်ခြင်း တစ်ခုလုံးကို ထားရှိကြလေသည်။ ၎င်းတို့သည် မိမိတို့ကိုယ်တိုင်၏လုံခြုံမှုကို လုံးဝ မည်သို့မျှ ထည့်သွင်းမစဉ်းစားကြသကဲ့သို့၊ လူ့ဇာတိ၌ရှိသည့် ဘုရားသခင်၏ ပုံမှန်ဖြစ်ခြင်းနှင့် လက်တွေ့ကျခြင်းတို့ကို မည်သည့်အခါမျှ ရေးကြီးခွင်ကျယ်လုပ်ခြင်း မရှိကြပေ။
၂ လူ့ဇာတိ၌ရှိသည့် ဘုရားသခင်ကို ကျိုးနွံနာခံသောသူများသည် သူ၏ စုံလင်စေခြင်းခံရနိုင်သည်။ ကောင်းကင်ဘုံရှိဘုရားသခင်ကို ယုံကြည်သောသူများသည် မည်သည့်အရာမျှ ရရှိကြလိမ့်မည်မဟုတ်ပေ။ ဤသည်မှာ အဘယ့်ကြောင့်ဆိုသော် လူတို့အပေါ် ကတိတော်များနှင့် ကောင်းကြီးမင်္ဂလာများ အပ်နှင်းသူမှာ ကောင်းကင်ဘုံရှိ ဘုရားသခင် မဟုတ်ဘဲ မြေကြီးပေါ်ရှိဘုရားသခင် ဖြစ်သောကြောင့် ဖြစ်သည်။ လူတို့သည် မြေကြီးပေါ်ရှိ ဘုရားသခင်ကို သာမန်လူတစ်ဦးမျှအဖြစ် မြင်နေကြစဉ်တွင်၊ ကောင်းကင်ဘုံရှိဘုရားသခင်အား အမြဲ ချဲ့ကားပြောဆိုခြင်း မပြုသင့်ပေ။ ဤသည်မှာ မတရားပေ။ ကောင်းကင်ဘုံရှိ ဘုရားသခင်သည် ကြီးမြတ်ပြီး အံ့ဩဖွယ်ကောင်းသော ဉာဏ်ပညာဖြင့် ချီးကျူးလောက်စရာဖြစ်သော်လည်း၊ ဤသည်မှာ လုံးဝ မတည်ရှိပေ။ မြေကြီးပေါ်ရှိ ဘုရားသခင်သည် အလွန်သာမန်ဖြစ်ပြီး အရေးမပါသကဲ့သို့၊ သူသည် အလွန်လည်း ပုံမှန်ဖြစ်ပေသည်။ သူသည် သာမန်ထက်လွန်ကဲသော ဉာဏ် မရှိပေ၊ သို့မဟုတ် မြေကြီးကို တုန်လှုပ်စေသော လုပ်ဆောင်မှုများ မဆောင်ရွက်ပေ။ သူသည် အလွန်ပုံမှန်ဖြစ်ကာ လက်တွေ့ကျသော နည်းလမ်းဖြင့်သာ အမှုပြုကာ စကားပြောဆိုရုံလေသည်။ သူသည် မိုးချုန်းသံမှတစ်ဆင့် စကားမပြောသော်လည်း၊ သို့မဟုတ် လေနှင့်မိုးတို့အား ခေါ်ဖိတ်ခြင်း မပြုသော်လည်း၊ သူသည် ကောင်းကင်ဘုံရှိဘုရားသခင်၏ လူ့ဇာတိခံယူခြင်း အမှန်တကယ် ဖြစ်ကာ လူသားများအလယ် အသက်ရှင်နေသည့် ဘုရားသခင် အမှန်တကယ်ဖြစ်ပေသည်။
နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဘုရားသခင်အား အမှန်တကယ်ချစ်သောသူများသည် ဘုရားသခင်၏ လက်တွေ့ကျခြင်းကို အကြွင်းမဲ့ ကျိုးနွံနာခံနိုင်သောသူများ ဖြစ်သည်” ကို ကောက်နုတ်၍ ဆီလျော်စွာ ပြုပြင်ထားသည်