ခရစ်တော်၏နိုင်ငံတော်သည် မြေကြီးပေါ်တွင်ု့ ရောက်ရှိလာခဲ့ပြီ
၁
ခရစ်တော်၏နိုင်ငံတော်သည် မြေပေါ်တွင် ရောက်ရှိလာခဲ့ပြီ
နှုတ်ကပတ်တော်သည် အရာအားလုံးကို လွှမ်းမိုးအနိုင်ယူပြီး လောက၌အုပ်စိုးပြီ
ဘုရားသခင်သည် အရာအားလုံးကို သူ့နှုတ်ကပတ်တော်အားဖြင့် ဖန်ဆင်းကြောင်း
ကျွန်ုပ်တို့မျက်စိဖြင့် ယခုမြင်နိုင်ပြီ
ယေရုရှလင်မြို့သစ်သည် အထက်ကောင်းကင်မှ ဆင်းသက်လာခဲ့ပြီ
ခရစ်တော်၏နိုင်ငံတော်သည် မြေကြီးပေါ်တွင်ု့ တည်နေပြီဖြစ်သည်
နှုတ်ကပတ်တော်သည် ကျွန်ုပ်တို့ထဲတွင် အသက်ရှင်နေသည်
ကျွန်ုပ်တို့တွေးတော လုပ်ဆောင်သည့်အရာတိုင်းတွင် ကျွန်ုပ်တို့နှင့် အတူပါရှိသည်
ကျွန်ုပ်တို့သြဘာပေး၊ ကျွန်ုပ်တို့ချီးမွမ်းကြ၊ မြေကြီးပေါ်တွင် ခရစ်တော်၏နိုင်ငံတော်တည်ခြင်းကို ကျွန်ုပ်တို့ အောင်ပွဲခံ
ကျွန်ုပ်တို့သြဘာပေး၊ ကျွန်ုပ်တို့ချီးမွမ်းကြ၊ မြေကြီးပေါ်တွင် နှုတ်ကပတ်တော် စိုးမိုးခြင်းကို အောင်ပွဲခံ
၂
အနန္တတန်ခိုးရှင်စစ်မှန်သော၊ ထာဝရတည်မြဲ၍ တုနှိုင်း၍မရသော ဘုရား၊
နှုတ်ကပတ်တော်သည် လူ့ဇာတိခံယူပြီး အားလုံးမြင်ရန် အသက်ရှင်
ခေတ်ကာလအဆက်ဆက်တွင် ကိုယ်တော်မြွက်ဆိုခဲ့သော နှုတ်ကပတ်တော်များသည်
ယခုအခါ တစ်ခုပြီးတစ်ခုပြီပြည့်စုံခဲ့ပြီ
အနန္တတန်ခိုးရှင်၊ စစ်မှန်သောဘုရား၊ ကိုယ်တော်၏နှုတ်ကပတ်တော်သည်မြေကြီးပေါ်တွင် စိုးမိုး
နှုတ်ကပတ်တော်သည် လွှမ်းမိုးပိုင်စွမ်းနှင့် သြဇာတန်ခိုးရှိကြောင်းကို ထင်ရှားပြသပြီးဖြစ်သည်
လူတို့၏စိတ်နှလုံးကို အာဟာရဖြစ်စေရန်နှင့် နိုးကြားစေသော
အစဉ်စီးဆင်းနေသည့် နှုတ်ကပတ်တော်သည်သက်စမ်းရေဖြစ်သည်
ကျွန်ုပ်တို့သြဘာပေး၊ ကျွန်ုပ်တို့ချီးမွမ်းကြ၊ မြေကြီးပေါ်တွင် ခရစ်တော်၏နိုင်ငံတော်တည်ခြင်းကို ကျွန်ုပ်တို့ အောင်ပွဲခံ
ကျွန်ုပ်တို့သြဘာပေး၊ ကျွန်ုပ်တို့ချီးမွမ်းကြ၊ မြေကြီးပေါ်တွင် နှုတ်ကပတ်တော် စိုးမိုးခြင်းကို အောင်ပွဲခံ
၃
ဘုရားသခင်၏ စစ်ကြောစီရင်ခြင်းနှင့် သူ၏သွန်သင်ဆုံးမခြင်းအားဖြင့်
ကျွန်ုပ်တို့၏ ဆိုးညစ်ဖောက်ပြန်သော စိတ်သဘောထားများသည် ပြောင်းလဲပြီး စင်ကြယ်ခဲ့ပါပြီ
ဘုရားသခင်ကို ကျွန်ုပ်တို့ ချစ်ကြောက် ကိုးကွယ်လျက်
ကျိုးနွံနာခံပါ၏
ဘုရား၏ကယ်တင်ခြင်းကြောင့် ကျွန်ုပ်တို့ လူကဲ့သို့အသက်ရှင်၊
သူ၏ရှေ့တော်သို့ဒူးထောက်ကာ ထာဝရအစဉ် ကိုးကွယ်ပါ
သန့်ရှင်းပြီး၊ ကျွန်ုပ််တို့သည် အလင်းထဲ၌အသက်ရှင်ကာ သူမေတ္တာခံစားကြရ
ထာဝရသူ့ကို ချီးမွမ်းသီဆိုမည်
ကျွန်ုပ်တို့သြဘာပေး၊ ကျွန်ုပ်တို့ချီးမွမ်းကြ၊ မြေကြီးပေါ်တွင် ခရစ်တော်၏နိုင်ငံတော်တည်ခြင်းကို ကျွန်ုပ်တို့ အောင်ပွဲခံ
ကျွန်ုပ်တို့သြဘာပေး၊ ကျွန်ုပ်တို့ချီးမွမ်းကြ၊ မြေကြီးပေါ်တွင် နှုတ်ကပတ်တော် စိုးမိုးခြင်းကို အောင်ပွဲခံ
၄
နိုင်ငံတော်၏ လှပခြင်းသည် အဆုံးမရှိနိုင်အောင်တောက်ပ
လောက၌ရှိသောသူမှန်သမျှ ဘုရားသခင်၏နှုတ်ကပတ်တော်ကို ကြားပြောကြသည်
သူ့၏နှုတ်ကပတ်တော်၌တည်ကာ သူ့ကို ကိုးကွယ်ကြသည်
စကြာဝဠာ၌ ဝမ်းမြောက်ခြင်းရှိ
သူ၏ကြီးမားသော အမှုပြီးမြောက်သည့်အတွက် ကျွန်ုပ်တို့အောင်ပွဲခံ
သူသည်သန့်ရှင်း၊ အနန္တတန််ခိုးရှင်၊ ဖြေင့်မတ်ခြင်းနှင့် ညာဏ်ပညာ
ဘုရားသခင်သည် ကျွန်ုပ်တို့ကို ခါနန်ပြည်သို့ သူကိုယ်တိုင်ဦးဆောင်ပေး
ထို့ကြောင့် သူ၏ကြွယ်ဝခြင်းနှင့် ချမ်းသာခြင်းအတွက် ကျွန်ုပ်တို့ဝမ်းမြောက်ကြ
ကျွန်ုပ်တို့သြဘာပေး၊ ကျွန်ုပ်တို့ချီးမွမ်းကြ၊ မြေကြီးပေါ်တွင် ခရစ်တော်၏နိုင်ငံတော်တည်ခြင်းကို ေ် ကျွန်ုပ်တို့ အောင်ပွဲခံ